အိပ်ရာကို နွေးအောင်လုပ်ဖို့ လိုသေးတာလား? သခင် ဒီအစေခံက ကလေးပဲရှိသေးတာ
Vol. 4 Ch. 47
"မင်း သူရဲဘောကြောင်သွားပြီလား? မင်းရဲ့ ပုန်ကန်တဲ့ဘက်ကို ငါ ပိုကြိုက်နေတုန်းပဲ"
ချင်းယန် ခေါင်းယမ်းပြီး မြေခွေးဖြူကို ဖြည်းညှင်းစွာ ချထားလိုက်သည်။
လည်ပင်းနောက်ကို ဆုပ်ကိုင်ထားသည့်လက်အား ဖြေလျော့ပေးလိုက်သောအခါ မြေခွေးဖြူသည် မြေပြင်ပေါ်သို့ တရွေ့ရွေ့ ရွေ့လျားကာ တုန်တုန်ယင်ယင်ဖြင့် ချင်းယန် ၏ခြေထောက်များကို လှည့်ပတ်ကာ သူ့ဘောင်းဘီခြေထောက်များကို အမွေးများဖြင့် ပွတ်တိုက်လိုက်သည်။
"သခင်က တကယ် တန်ခိုးကြီးပါတယ်... ဒီအစေခံက မျက်စိကန်းပြီး အဲဒါကို မမြင်လိုက်မိဘူး... အခုကစပြီး သခင့်ကို ကောင်းကောင်းမွန်မွန် အလုပ်အကျွေး ပြုပါ့မယ်"
"ဟားဟား"
ဒါကိုကြားတော့ ချင်းယန် ပြုံးပြုံးရွှင်ရွှင်နဲ့ မြေခွေးဖြူကို စိုက်ကြည့်လိုက်သည်။
"ဟုတ်လို့လား မင်းတို့ရဲ့ပါးစပ်က အရမ်းချိုပြီး စကားလုံးတစ်လုံးမှ မယုံရဘူးလို့ အင်တာနက်ကလူတွေတော့ ပြောထားတယ်.. "
"ဆဲတာ!! အဲဒါ ကျွန်မတို့မြေခွေးမျိုးနွယ်ကို ဆဲတာပဲ!"
မြေခွေးဖြူက အံကြိတ်ကာ ဒေါသတကြီးဖြင့် : "သခင် သူတို့ပြောတာကို မယုံနဲ့!"
"အဲဒါက ကျိန်ဆဲတာ ဟုတ်လား မဟုတ်လား ငါမသိပေမယ့် ငါ တစ်ခုတည်းကိုပဲ ဂရုစိုက်တယ်.. စာချုပ်တစ်ခု ချုပ်ဆိုပြီးမှ ငါ လုံး၀ သက်တောင့်သက်သာ ဖြစ်သွားမယ်လို့ ခံစားနေရတယ်..."
စကားပြောနေစဉ် ချင်းယန်သည် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး မြေခွေးဖြူ၏ မျက်ခုံးကြားရှိ နေရာကို လက်ညိုးဖြင့် ထိုးလိုက်သည်။ ထို့နောက် သူသည် မြေခွေးလေး၏ ရှေ့ခြေဖဝါးကို ဖြတ်၍ ချက်ချင်း သွေးထွက် ဒဏ်ရာငယ်လေးတစ်ခု ပေးလိုက်သည်။
"ဟစ်..."
မြေခွေးဖြူသည် နာကျင်မှုကို တောင့်ခံရင်း အလိုလို မောဟိုက်လာသည်။ နောက်အခိုက်အတန့်တွင် သူမခြေသည်းများမှ သန့်စင်သော သွေးများက မြေပြင်ပေါ်သို့ ယိုစီးကျလာသည်။
ဒါကိုမြင်တော့ ချင်းယန် စာကြည့်တိုက်ထဲမှာ သူဖတ်ဖူးတဲ့ စာချုပ်စကားလုံးတွေကို ပြန်သတိရသွားပြီး ဘယ်လိုစာချုပ်မျိုးက သင့်တော်မလဲ ဆိုတာကို စဉ်းစားလိုက်သည်။
သို့သော် အခုသူတို့က သခင်နဲ့ ကျွန်ဖြစ်နေပြီ...
အသက်နှင့်သေခြင်း စာချုပ်က အရက်စက်ဆုံး ဖြစ်နိုင်လား။
သူစိတ်ထဲ ထည့်ထားပြီးနောက် ချင်းယန်သည် စာချုပ်ပါ စကားလုံးများကို ရွတ်ဆိုရင်း သူ့မှတ်ဥာဏ်ကို ပြန်လည်စဉ်းစားနေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ကောင်းကင်နှင့်မြေကြီး၏ နိယာမများနှင့် တိုက်ရိုက် ဆက်သွယ်ကာ အတွင်းစိတ်စွမ်းအင်ကို ဖြန့်ကျက်လိုက်သည်။
ဗုန်း!
တေးဂီတသံလို အသံ တိုးတိုးလေးက စင်္ကြံလမ်းပေါ် လွှမ်းသွားသည်။ မြေပြင်ပေါ်ရှိ သွေးများသည် မြေခွေးဖြူ၏ နီဝမ်သွေးကြောနှင့် ချိတ်ဆက်ကာ နိယာမစွမ်းအင်များကို တုံ့ပြန်လေသည်။ ထို့နောက် သူမအတွက် အသက်နှင့်သေခြင်းဆိုင်ရာ နှောင်ကြိုးကို ချက်ချင်း ဖွဲ့စည်းကာ လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
"ဟူး.... ပြီးပြီ"
ချင်းယန်လည်း စာချုပ်ပြီးမြောက်သည်ကို မြင်သောအခါမှ သက်ပြင်းတစ်ချက် ချလိုက်သည်။
ယခု လက်ထဲတွင် သွေးစာချုပ်နှင့်အတူ သူသည် မြေခွေးဖြူ၏ အသက်နှင့် သေဆုံးခြင်းအပေါ် သြဇာအာဏာကို ထိထိရောက်ရောက် ဆုပ်ကိုင်ထားနိုင်ကြောင်း ခံစားလိုက်ရသည်။
မြေခွေးဖြူက သူ့ကို သစ္စာဖောက်ရဲရင် ဘယ်လောက်ပဲ ဝေးဝေးသွားနေပါစေ သူဟာ သူမရဲ့ အသိစိတ်ကို အဝေးကနေ ချေမှုန်းပြီး ဟင်းချိုဖြစ်သွားအောင် ချက်ချင်း လုပ်ပစ်နိုင်ပြီ။
ဒီလိုမျိုး ကြိုတင်ကာကွယ်မှုတွေနဲ့ဆို စာချုပ်က အမှန်တကယ် ပြီးသွားပါပြီ။
"သခင်..."
မြေခွေးဖြူသည် ၎င်း၏ခန္ဓာကိုယ်အတွင်းက အပြောင်းအလဲများကို ခံစားကြည့်ပြီးနောက် စာချုပ်၏ မရေရာသော ခံစားချက်ကို နားလည်ကာ ရှုံးနိမ့်မှုကို တွန့်ဆုတ်စွာ လက်ခံလိုက်ရသည်။
ဒါပေမယ့် မကြာခင်မှာပဲ စိတ်ဓာတ်တွေက ပြန်တက်လာ၏။ အမှန်တော့ သူမဟာ ဤကမ္ဘာမှာ အားနည်းသူသာ ဖြစ်သည်။
မိမိက တခြားသူလို မကျွမ်းကျင်ဘူးလေ၊ ဒါဆို ငါဘာလုပ်နိုင်ဦးမှာလဲ။
ချင်းယန်၏ လက်ဖဝါးရိုက်ခတ်မှုကို အခုလေးတင် စားထားရတာကြောင့် မြေခွေးဖြူသည် တောင်နှင့်ပင်လယ်ကို ဖြတ်ကျော်ရင်တောင် ချင်းယန်ကို ကျော်လွှားဖို့ မဖြစ်နိုင်ကြောင်း၊ စွမ်းအားကွာဟချက်၏ ပြင်းအားကိုလည်း နားလည်လာခဲ့သည်။
ထိုကဲ့သို့ ကြောက်စရာကောင်းသော စွမ်းအား၏ ဖိစီးမှုအောက်တွင် သေးငယ်သော သိမ်ငယ်မှု ပမာဏသည် မည်သည့်အရာမျှ အသုံးမဝင်ပေ။
"ကောင်းပြီ အခု မင်းပြောတာကို ငါ ယုံလို့ရပြီ"
ချင်းယန်က လက်ဖျောက်တီးရင်း စိတ်သက်သာရာ ရသွားသည်။ မြေခွေးများက မွေးရာပါ လိမ္မာပါးနပ်သည်။ ဤအသက်နှင့်သေခြင်း သွေးစာချုပ်၏ ကန့်သတ်ချက်များသာ မရှိဘဲ ၎င်းတို့ စကားလုံးများသည် မုသာများသာ ပြည့်နေပေလိမ့်မည်။
ဒီလိုလုပ်ပြီးတဲ့အခါ အတတ်နိုင်ဆုံး သတိထားဖို့ လိုပါလိမ့်မည်။
ဒါကို စဉ်းစားရင်း ချင်းယန် မြေပြင်ပေါ်မှာ သတိလစ်နေတဲ့ သက်လတ်ပိုင်း အမျိုးသမီးကို ကြည့်ပြီး မြေခွေးဖြူဘက် လှည့်မေးလိုက်သည်။
"ပြော... မင်းက ဘာလို့ဒီလောက် လျှို့ဝှက်ဆန်းကြယ် နေတာလဲ ဒီဒဏ်ရာရတဲ့ အမျိုးသမီးကရော ဘယ်လိုလဲ"
"ကျွန်မ သူ့ကို နာကျင်အောင် မလုပ်ပါဘူး"
မြေခွေးဖြူသည် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ဖြင့် အမျိုးသမီးထံသို့ ချဉ်းကပ်လာပြီး: "ကျွန်မက သူ့ဆီကနေ ဝိညာဉ်စွမ်းအင်အချို့ကို ချေးယူလိုက်ရုံပါပဲ.. ကြီးကြီးမားမား ထိခိုက်မှုတော့ မဖြစ်ပါဘူး... အများဆုံး ဒီလူသားက အဆင့်နိမ့်ဖျားမယ်... ပြီးရင် မကြာခင် ပြန်ကောင်းလာမှာပါ! "
"ကောင်းပြီ"
ချင်းယန် ခေါင်းညိတ်ကာ အနည်းငယ် တွေးလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရပ်ကွက်သည် မတည်မငြိမ် ဖြစ်ခဲ့သော်လည်း လူသေဆုံးမှုမျိုး မရှိခဲ့ပေ။ မြေခွေးဖြူက တိုက်ခန်း အဆောက်အဦးထဲတွင် ထူးထူးခြားခြား သရုပ်ဆောင်နေခဲ့တာ ဖြစ်မည်။
ထို့နောက် သူသည် လူများကို သတိလစ်သွားစေရန် လှည့်စားမှုများစွာကို အသုံးပြုကာ ကျင့်ကြံဖို့အတွက် ၎င်းတို့၏ အနှစ်သာရကို ထုတ်ယူခဲ့သော်လည်း သာမန်ထက် ဘာမှ မလုပ်ခဲ့ပေ။
"ဒါပေမယ့် မင်းတော်တော် ရဲရင့်တယ်... လူသားနယ်မြေကို ကျူးကျော်တာတွေတောင် လုပ်ရဲနေတယ်"
ချင်းယန် အံ့အားသင့်စွာဖြင့် :"မင်းတို့ မြို့ရဲ့သခင်တွေဆီက ဝိုင်းရံခံရမှာကို မကြောက်ဘူးလား"
"ကြောက်တာပေါ့"
မြေခွေးဖြူက သူ့ဘေးမှာ လှဲအိပ်နေပြီး နူးညံ့တဲ့ အမွေးတွေ ပေါ်ထွက်ပြီး ပင်ပန်းတဲ့ အမူအရာနဲ့ ပြောလာသည်။
"အဲဒါကြောင့် တိုက်ခန်း အဆောက်အဦးမှာ ပုန်းအောင်းဖို့ ဒီစိတ်ကူးတွေကို အားကိုးနေရတာ...မြို့လယ်ခေါင်ကိုတောင် ရှောင်ပြီး ဝေးလံခေါင်သီပြီး ဆင်းရဲတဲ့ ရပ်ကွက်ကို ရွေးခဲ့တာ... ဒါပေမယ့် ဒီမှာသခင့်လိုလူကို တွေ့ရလိမ့်မယ်လို့ ဘယ်သူက တွေးနိုင်မှာလဲ..."
မြေခွေးဖြူသည် ချင်းယန်ကို ကြည့်ကာ သူ့မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။ အရာရာကို ရှောင်နိုင်ခဲ့တယ်ထင်ပြီး အရာအားလုံးကို သေချာ တွက်ချက်ခဲ့၏။
ဒါပေမယ့် သခင်တွေ ရှိနေလိမ့်မယ်လို့တော့ သူလည်း မမျှော်လင့်ထားခဲ့။
ချင်းယန် သူ့လက်ကို ဝှေ့ယမ်းပြီး :"မင်းတို့ လူကြီးတွေက ဘယ်မှာလဲ မင်းရဲ့ မြေခွေးမျိုးရိုးက ဒီလိုအမှိုက်သရိုက်လေးတွေလည်း မွေးတာလား... မင်းရဲ့ မျိုးနွယ်စုထဲက တခြားအကောင်တွေရော တခြား တိုက်ခန်းတွေ မရှိတော့ဘူးလား"
"မရှိပါဘူး သခင်... ဒီမှာ ဒီအစေခံ တစ်ယောက်တည်းပါ..."
ထိုအချိန်တွင် မြေခွေးဖြူသည် မြေပြင်ပေါ်တွင် လှဲနေကာ ၎င်း၏ ရင်ဘတ်ပေါ်မှ ယက်ရင်း :"နောက်ဆုံးသားရဲ ဒီရေတက်ချိန်တုန်းက မိသားစုနဲ့ ခွဲခွာပြီးကတည်းက ကျွန်မ တစ်ယောက်တည်း နေထိုင်လာခဲ့တာ... စွမ်းအင်စုဆောင်းပြီး ကျင့်ကြံမှုကို တတ်နိုင်သလောက် ဖြတ်ကျော်ခဲ့တယ်..."
ဒါကိုကြားတော့ ချင်းယန် တစ်ခုခုကို သတိရသွားတော့သည်။ သားရဲဒီရေလို့ ခေါ်တဲ့ ဒီရေဟာ အနှစ်နှစ်ဆယ်မှာ တစ်ကြိမ်သာ ဖြစ်ပေါ်ပါသည်။ တစ်ချိန်တုန်းက ကြယ်သားရဲများသည် လူသားမြို့များကို ဝိုင်းရံကာ လူများကို ဖျက်ဆီးပစ်လိုက်သည်။
ဒါပေမယ့် သူ့ရှေ့မှာ ဒီမြေခွေးဖြူကတော့ အဲဒီ ရက်စက်တဲ့ အကောင်တွေနဲ့ သိသိသာသာ ကွဲပြားနေ၏။ သူမက ပို၍ သက်တောင့်သက်သာ ရှိနေသည်။
ပြီးတော့ သူမဟာ မြို့ထဲမှာ အချိန်အတော်ကြာအောင် ရှင်သန်နိုင်ခဲ့တဲ့အတွက်ကြောင့် အတော်လေးကို ဉာဏ်ကောင်းတယ်လို့ ဆိုလိုပါသည်။ အနာဂတ်မှာ သူ့ကို ကူညီပေးနိုင်တာတွေ ရှိလာလောက်သည်။
"မဆိုးပါဘူး မဆိုးပါဘူး... ငါ အမြီးကိုးချောင်း မြေခွေးတစ်ကောင်ကို အလကား ကောက်ယူလိုက်တာ အရမ်းကောင်းသွားတာပေါ့"
ချင်းယန် ကျေနပ်စွာ ခေါင်းညိတ်ပြပြီး မြေခွေးဖြူကို ငုံ့ကြည့်လိုက်သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ"
"ပိုင်... ပိုင်လီပါ သခင်"
သူမရဲ့ အမည်ရင်းကို ရှက်ရွံ့စွာ အရိပ်အမြွက်ပြောခဲ့ပါ၏။
"အခုကစပြီး ရှောင်ပိုင်လို့ပဲ ခေါ်မယ်...."
မျိုးနွယ်စုထဲက တစ်ယောက်ယောက်သာ သိရင် လူသားတစ်ဦးကို အမည်ရင်းကို ပြောပြသည့်အတွက် ညီအစ်မများဆီက လှောင်ပြောင်ခံရမှာ သေချာပါသည်။
ယခုမူ သူမအသက်သည် ချင်းယန်လက်ထဲတွင် ရှိနေသဖြင့် လက်ခံရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။
"ရှောင်ပိုင်က နာမည်ကောင်းသားပဲ..."
ချင်းယန် သူမြင်ဖူးတဲ့ တစ္ဆေမိန်းကလေးကို သတိရပြီး ခေါင်းညိတ်လိုက်ရင်း စိတ်ဝင်တစားနဲ့ ဆက်မေးလိုက်သည်။
"အဲဒါ မင်းရဲ့ရုပ်ရည်အစစ်လား"
"မဟုတ်ပါဘူး သခင်... ကျွန်မ လူသားတွေကို ခြောက်ဖို့ ဟန်ဆောင်ထားတာ"
ရှောင်ပိုင်သည် ချင်းယန်တစ်ဝိုက်တွင် ပျော်ရွှင်စွာ လှည့်ပတ်ကာ သူမ၏ လျှာကို ထုတ်ကာ: "ကျွန်မက ဘယ်လိုပုံစံလဲဆိုတာ ပြပါရစေ"
သူမ စကားပြောပြီးတာနဲ့ အစိမ်းရောင် မီးခိုးတွေ ပေါက်ကွဲသွားသည်။ ရှောင်ပိုင်၏ မြေခွေးပုံစံသည် ပျောက်ကွယ်သွားပြီး အသစ်တစ်ခုအဖြစ် လျင်မြန်စွာ ပေါင်းစည်းသွားသည်။
ပထမတစ်ချက်တွင် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်သာရှိသော ကလေးမလေးအရွယ် ဖြစ်ကာ သူမ၏ဦးခေါင်းပေါ်တွင် ကျစ်ဆံမြီး ရှိသည်။ အစိမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သည်။ သူမ၏ မျက်လုံးများသည် အမှောင်ထဲတွင် တဖျပ်ဖျပ် ခတ်သွားကာ အနည်းငယ် အပြစ်ကင်းစင်းသော အကြည့်ကို ပေးစွမ်းသည်။
ချင်းယန် ငုံ့ကြည့်လိုက်သည်။
ကောင်းပြီ၊ ဒါ ကောင်းတဲ့ ဟန်ပန်ပဲ။
"ဘယ်လိုလဲ သခင်"
ရှောင်ပိုင် လှည့်ပတ်ပြီး ပေါ်လာသည်။
"အဟမ်း မဆိုးပါဘူး.."
ချင်းယန် ပေါ့ပေါ့ပါးပါး ချောင်းဆိုးပြီး ခဏရပ်ကာ။
"မင်းက ငါ့အိမ်မွေးတိရစ္ဆာန် ဆိုတော့ အိမ်မှုကိစ္စအားလုံးကို ငါ့အစား ဂရုစိုက်ရတော့မယ်... သန့်ရှင်းရေး၊ ရေချိုး၊ ချက်ပြုတ်၊ အိပ်ယာနွေးအောင် အဲဒါတွေ မင်းလုပ်ရလိမ့်မယ်။"
"ဟင်?"
ရှောင်ပိုင် အံ့သြသွားသည်။
"အိပ်ရာကို နွေးအောင်လုပ်ဖို့ လိုသေးတာလား? သခင် ဒီအစေခံက ကလေးပဲရှိသေးတာ!"