← Chapters

စိတ်စွမ်းအား လျှို့ဝှက်အတတ်- ခရမ်းနေရောင်ကို ပုံဖော်ခြင်း

Vol. 4 Ch. 48

စိတ်စွမ်းအား လျှို့ဝှက်အတတ်- ခရမ်းနေရောင်ကို ပုံဖော်ခြင်း

Vol. 4 Ch. 48

"မင်းက အရမ်းငယ်သေးတာလား"

ထိုစကားကို ကြားပြီးနောက် ချင်းယန် သူ့ရှေ့မှ ရှောင်ပိုင်ကို စိုက်ကြည့်လိုက်သည်။

ရှောင်ပိုင်သည် သေးသွယ်သော ခြေဗလာဖြင့် ရပ်နေ၏။ သူမ၏ ရှည်လျားသော နှင်းဖြူဆံပင်များက မြေပြင်ကို ထိတော့မည်ဖြစ်ကာ တိရစ္ဆာန် နားရွက်နှစ်ခုက သူမ၏ ခေါင်းမှာ ပေါ်ထွက်နေသည်။ သူမကို ကြည့်လိုက်လျှင် စက္ကူအရုပ်လေးတစ်ရုပ်လို သနားစရာကောင်းလှသည်။

ဒါပေမယ့် သူမဟာ ကျန်းဟိုင်မြို့မှာ အနှစ်နှစ်ဆယ်ကြာ နေခဲ့ပြီဆိုကတည်းက အတော်လေးကို အသက်ကြီးနေပြီလို့ ဆိုရတော့မည်။

"သခင် မယုံဘူးလား... ကျွန်မ မလိမ်ပါဘူး!"

ရှောင်ပိုင်က သူမ လက်သီးကို မြှောက်လိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။ ချင်းယန် ပြုံးပြီး ခေါင်းသာယမ်းလိုက်တော့၏။ ဒါပေါ့။ သူမကို မယုံပါ။ မြေခွေးတွေဟာ မွေးရာပါ လိမ္မာပါးနပ်တယ် ဆိုတာ သူမသိတာ မဟုတ်။

သူတို့၏ ကနဦးနိုးထမှုပြီးနောက် သူတို့သက်တမ်းသည်လည်း ရှည်လျားလာသည်။ နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ အသက်ရှင်နေထိုင်ခြင်းက အဆန်းမဟုတ်ပေ။

ဒါက လူသားတို့တွေရဲ့ အသိဉာဏ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဒါပေမယ့် ဒီလောက်ရှည်တဲ့ သက်တမ်းနဲ့တောင် လူသားအသွင်အဖြစ် ပြောင်းလဲလိုလျှင် အချိန်အတော်အတန်ကြာသော လုံ့လဝီရိယဖြင့် ကျင့်ကြံရမည် ဖြစ်သည်။

အနည်းဆုံး နှစ်ရာ၊ အများဆုံး နှစ်ထောင်။

တစ်နည်းပြောရရင်တော့ ရှောင်ပိုင်သည် သနားစရာကောင်းပြီး ငယ်ရွယ်သော မိန်းကလေးတစ်ဦးနှင့် တူသော်လည်း သူမသည် ချင်းယန်ထက် အသက်ပိုကြီးနေပေလိမ့်မည်။

"ဒါဆို မင်းက ငါနဲ့ ငယ်ချင်ယောင်ဆောင်နေတာလား"

အသက်ရှင်နေသေးသော မြေခွေးတစ်ကောင် သူ့ကို ဘယ်လောက် ကြာအောင် ငယ်ဟန်ဆောင်နေဦးမလဲ မသိ။

ရှက်စရာကောင်းလိုက်တာ။

ဒါကိုစဉ်းစားရင်း ချင်းယန် ရှောင်ပိုင်ကို ပြုံးပြလိုက်သည်။ သူမကို ဖော်ထုတ်မယ့်အစား သူက လက်ဆွဲပြီး ခေါင်းကို ပွတ်ပေးလိုက်သည်။

"အိမ်ပြန်ရအောင်"

"ကောင်းပါပြီ သခင်!"

ရှောင်ပိုင်လည်း ခေါင်းညိတ်ပြလိုက်သည်။ ချင်းယန် သူမကို တကယ်ယုံကြည်သွားပြီ ထင်ပါရဲ့။ သူမ လျှို့ဝှက်စွာ ကြည်နူးနေပြီး နှုတ်ခမ်းထောင့်တွင် ချစ်စရာ အစွယ်တစ်ခုက လင်းလက်နေသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ဆွဲခေါ်ရင်း ပျောက်သွားပြီး မကြာခင်မှာပဲ ချင်းယန်၏ အိမ်သို့ ပြန်​ရောက်လာခဲ့သည်။ ချင်းယန် ငှားထားသော တိုက်ခန်းသည် ကြီးကြီးမားမားမဟုတ်ပဲ ရိုးရိုးအိပ်ခန်း တစ်ခန်းသာဖြစ်သည်။ တစ်ကိုယ်တည်း နေထိုင်ဖူးသူဖြစ်ပြီး မကြာခဏ သူ့အခန်းကို သပ်သပ်ရပ်ရပ် မရှင်းတတ်သောကြောင့် အနည်းငယ် ရှုပ်ပွနေသည်။

"ရှောင်ပိုင် အိမ်မှုကိစ္စလုပ်ရင်းနဲ့ အခုချိန်ကစပြီး ငါ အများကြီး အဆင်ပြေသွားလိမ့်မယ်"

ဒါကို သူတွေးနေတုန်း သူ့နဖူးကို ရိုက်လိုက်ကာ ရုတ်တရက် နောက်ထပ် အရေးကြီးတာကို သတိရသွားသည်..။

ခွေးစနစ်ရဲ့ ဆုလာဘ်က ဘယ်မှာလဲ ။

ယုတ္တိဗေဒအရ သူသည် ကြယ်သားရဲတစ်ကောင်ကို ယဉ်ပါးလာ​စေသောကြောင့် ယခုအချိန်တွင် ဆုလာဘ်ကို ထုတ်ဖော်သင့်သော်လည်း စနစ်က ဘာကြောင့် တိတ်ဆိတ်နေသလဲ

ဆုလာဘ်ကို မျိုချခဲ့တာလား။

ဒီအတွေးကြောင့် ချင်းယန် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သူ့ခေါင်းထဲမှာ အော်ဟစ်လိုက်သည်။

"စနစ်? မင်းဘယ်ရောက်နေတာလဲ ထွက်လာခဲ့စမ်း! မင်း ကစား​ပြီး သေနေတာလား..."

သူအော်လိုက်တာနဲ့ သူ့စိတ်ထဲက စနစ်က မြန်မြန်ဆန်ဆန် ပြန်ဖြေသည်။

"တင်း! host စိတ်ရှည်ပါ...ဒီစနစ်က အမြဲရှိနေပါတယ် ဒါပေမယ့် စနစ် အံ့သြနေလို့ပါ... hostက သားရဲဧကရာဇ်ကို တစ်ချက်တည်းနဲ့ အနိုင်ယူသွားပါပြီ!"

"ဒီစနစ်က လုံးဝ သဘောကျသွားပါပြီ!"

ချင်းယန်သည် စနစ်၏ မြှောက်ပင့်ပြောဆိုမှုကို မျက်စောင်းထိုးကာ။

"အပို စကားတွေ ရပ်လိုက်စမ်း! မင်း ငါ့ရဲ့ ဆုလာဘ်ကို ယူဖို့ ကြိုးစားနေတာလား"

"Host အတွေးလွန်နေတာပါ... ဒီစနစ်က အဲဒီလိုစနစ်မျိုး မဟုတ်တာ သေချာပါတယ်!"

စနစ်က တုန်တုန်ယင်ယင်ဖြင့် တုံ့ပြန်လိုက်သည်၊ ၎င်း၏လေသံသည် ချင်းယန်စိတ်ဆိုးသွားလျှင် ဖျက်ဆီးပစ်ခံရမည်ကို ကြောက်သလို နက်နဲသော ကြောက်ရွံ့မှုကို ထင်ရှားစေသည်။

ချင်းယန်ရဲ့ တိုက်ခိုက်မှုကို တိတ်တဆိတ် မှတ်တမ်းတင်နေခဲ့သည်။ သူ့လက်တစ်ချက်လှုပ်ရုံဖြင့် သားရဲဘုရင်ကို အလွယ်တကူ အနိုင်ယူပြီး ချေမှုန်းနိုင်ခဲ့သည်။ တကယ်ကို ကြောက်စရာကောင်းလေ၏။

"hostက တကယ့်ကို ကြောက်စရာကောင်းပါတယ်... စနစ်က ဆုလာဘ်ကို ချက်ချင်းထုတ်ပေးပါလိမ့်မယ်..."

စနစ်က ကြေညာပြီးတာနဲ့ ဖြေရှင်းမှု လုပ်ငန်းစဉ်ကို စတင်ခဲ့ပါသည်။

"တင်း! hostက သားရဲဧကရာဇ် တစ်ကောင်ကို ယဉ်ပါးသွား​​​အောင် လုပ်နိုင်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်... ဆုကြေးက အဆနှစ်ဆယ်တိုးလာပါပြီ...."

"စိတ်စွမ်းအားလျှို့ဝှက်အတတ် - ခရမ်းရောင်နေရောင်ကို ပုံဖော်ခြင်း နည်းလမ်းကို ရရှိခဲ့ပါတယ်"

"ကျင့်ကြံမှု အနှစ်နှစ်ဆယ်ကို ရသွားပါပြီ!"

"..."

ဆုလာဘ်ကို ကြားပြီးနောက် ချင်းယန် နောက်ဆုံးတွင် စိတ်သက်သာရာရသွားသည်။ သူ ရှောင်ပိုင်ကို ဖယ်ထုတ်လိုက်သည်။

"သွားတော့... ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ထား!"

"အိုး... သိပါပြီ သခင်..."

ရှောင်ပိုင်မှာ တုံ့ဆိုင်းနေသည့်ပုံ ပေါက်သော်လည်း နောက်ဆုံးတွင် နာခံပြီး မီးဖိုချောင်သို့ လှမ်းထွက်ကာ တံမြက်စည်းကို ကိုင်ရင်း သန့်ရှင်းရေး စလုပ်​တော့သည်။

"ငါ မင်း အချောင်ခိုနေတာကို ဖမ်းမမိစေနဲ့!"

ချင်းယန် သူမကို လှမ်းအော်လိုက်ပြီး ကုတင်ပေါ်သို့ ပြန်တက်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူအခု စနစ်၏ဆုလာဘ်ကို စစ်ဆေးရန် စိတ်အားထက်သန်နေလေ​ပြီ။

ပထမအချက်က အနှစ်နှစ်ဆယ် ကျင့်ကြံမှုစွမ်းအင်ကို စုဆောင်းရမည်။

၎င်းကို စုပ်ယူပြီးနောက် သူသည် ကျင့်ကြံနေဖို့အတွက် အချိန်ကုန်သက်သာပြီး ကျင့်​ကြံမှုတွင် သိသာထင်ရှားသော ခြေလှမ်းတစ်လှမ်းကို ခုန်တက်ကာ ဂိုဏ်းဆရာနယ်ပယ် အစောပိုင်း အဆင့်သို့ ချက်ချင်း ရောက်ရှိနိုင်သည်။

"မဆိုးပါဘူး... မဆိုးပါဘူး အိပ်ရင်း ကျင့်ကြံနိုင်တော့ အိပ်နေရတာကိုတောင် သဘောကျလာပြီ!"

ချင်းယန် ကုတင်ပေါ်တွင် ထိုင်ကာ တွေးတောလိုက်သည်။ သူ့မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး သူ၏ ကြီးထွားမှုအားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ လောင်းထည့်လိုက်သည်။

ဗုန်း!

ခဏအတွင်း။

စစ်မှန်သော ချီအနှစ်သာရများ စီးဆင်းလာသည်။ နှစ်နှစ်ဆယ်ကြာ စုဆောင်းထားသော ကြယ်စွမ်းအားသည် ခြေလက်နှင့် အရိုးများတစ်လျှောက် စီးဆင်းကာ မူလအသားကို သန့်စင်ပေးသည်။ ကြယ်စွမ်းအား၏ မရေမတွက်နိုင်သော နားလည်မှုများကို ယူဆောင်လာခဲ့သည်။

အနှစ်နှစ်ဆယ်ရဲ့ ဘဝအမှတ်တရတွေက သူ့စိတ်ထဲ စီးဆင်းသွားကာ တစ်ခုတည်းသော အတွေးက အရာအားလုံးကို ထုတ်ဖော်ပြသလိုက်သလိုပင်။

ချင်းယန် သူ့မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့အခါ သူ့အတွင်းက တကယ့် ချီအနှစ်သာရဟာ စီးဆင်းနေတဲ့ မြစ်တစ်စင်းလို လွင့်စင်လာပြီး အရင်ကထက် သိသိသာသာ တိုးလာပါ၏။

"ဒါက ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့်ရဲ့ အထွတ်အထိပ်ပဲလား... အရမ်း အဆင်ပြေပါတယ်!"

ချင်းယန် သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်တဲ့အခါ သူ့ခွန်အားများ ပြည့်လျှံနေပြီး ကြယ်အလင်း၏ မှုန်မှိုင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

သာမန် ဂိုဏ်းဆရာ အစောပိုင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ မရေမတွက်နိုင်တဲ့ ရုန်းကန်မှုတွေ လိုအပ်ပေမယ့် သူ့အတွက်ကတော့ ကိတ်မုန့်တစ်ခု စားလိုက်ရသလောက်သာ ရှိသည်။

ဘယ်လိုလုပ် ကျင့်ကြံမှုလမ်းကြောင်းမှာ ပိတ်ဆို့နေကြတာလဲ?

"ကောင်းပြီ ဆက်ကြရအောင်... စိတ်စွမ်းအားလျှို့ဝှက်အတတ် ....."

ချင်းယန်သည် မျက်လုံးများကို မှိတ်ထားပြီး ယခင်စုပ်ယူမှု အခြေအနေသို့ ပြန်ဝင်သွားခဲ့သည်။ သူ့စိတ်ထဲတွင် ခရမ်းရောင်နေရောင် ပုံဖော်နည်း ပေါ်လာသည်။

နာမည် အတိုင်းပင်။ မျက်လုံးများကို မှိတ်ထားပြီးသည်နှင့် စိတ်ထဲတွင် နေကို နေရောင်အဖြစ်ပုံဖော်ကာ ခမ်းနားသော ခရမ်းရောင်အလင်းများ ဖြာထွက်နေသည့် နေရောင်ကို ဖန်တီးနေသည်။ စိတ်စွမ်းအားကို ဖန်တီးနိုင်ဖို့အတွက် ၎င်းကို အသုံးပြုနိုင်သည်။

အလင်းတန်း​တွေက ကောင်းကင်မှာ တောက်လောင်နေတဲ့ နေမင်းကြီးလို အဆုံးမသတ်နိုင်ချေ။

"မဆိုးပါဘူး... ဒီစိတ်ကူးပုံဖော်နည်းက တော်တော်ကောင်းတယ် ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားက အခု နည်းနည်းတော့ တိုးတက်လာသလိုပဲ..."

ချင်းယန် သူ့စိတ်ထဲက နည်းစနစ်များကို သတိရကာ အလွန်ကျေနပ်သွားသည်။ တကယ်တော့ စိတ်စွမ်းအားကို စတင် ကျင့်ကြံတဲ့အခါ အလွန်ခက်ခဲပါသည်။ အခက်ခဲဆုံးအပိုင်းမှာ သင့်လျော်သော စိတ်ကူးပုံဖော်နည်း မရှိခြင်းပင်။

စာကြည့်တိုက်တွင် စိတ်ကူးပုံဖော်ခြင်း နည်းလမ်းများ ရှိသော်လည်း ၎င်းတို့က အလွန်ညံ့ဖျင်းသော ဗားရှင်းများသာ ဖြစ်ပြီး ၎င်းတို့ကို လေ့ကျင့်ရာမှ ရရှိသည့် အကျိုးကျေးဇူးများမှာလည်း အနည်းငယ်မျှသာ ဖြစ်တာကြောင့် ပုံးတစ်ပုံးထဲက ရေတစ်စက်လောက်သာ။

တစ်နေ့တွင် စိတ်စွမ်းအားကို မွေးမြူနိုင်မည့် မျှော်လင့်လျက် ၎င်းထဲက အကြောင်းအရာများကို ဖတ်ရှုရန် နေ့စဉ် ထောင်နှင့်ချီသောလူတို့င စာကြည့်တိုက်ကို လာခဲ့ကြသည်။ ဒါက စိတ်စွမ်းအားက ဘယ်လောက် အဖိုးတန်ကြောင်း၊ ခက်ခဲကြောင်း ပြသ​နေပါသည်။

ယခုလည်း ချင်းယန်၏လက်ရှိ "ခရမ်းနေရောင်ပုံဖော်ခြင်း နည်းလမ်း" သည် အပြည့်အဝဖွဲ့စည်းထားရုံသာမက ဝိညာဉ်စွမ်းအားကိုလည်း လျင်မြန်စွာ မြှင့်တင်နိုင်သည်။

"မဆိုးဘူး... မဆိုးဘူး... ဒါက ငါ မွေးမြူသင့်တဲ့ နည်းလမ်းပဲ"

ဒါကိုတွေးရင်း ချင်းယန် စိတ်သက်သာရာရသွားကာ ခရမ်းရောင်နေကို ချက်ချင်း မြင်ယောင်လာသည်။

မျက်စိမှိတ်ထားလိုက်တဲ့အခါ အမှောင်ထုက သူ့ကို လွှမ်းခြုံသွားသည်။ ချင်းယန် ခရမ်းရောင်နေ၏ ကောက်ကြောင်းကို တိတ်တဆိတ် တွေးတောလိုက်သည်။ မီးရှူးတိုင်တစ်ခုကဲ့သို့ ခရမ်းရွှေရောင်အလင်းတန်းသည် သူ့စိတ်ထဲက အဆုံးမဲ့အမှောင်ထုကို ချေမှုန်းပစ်လိုက်သည်။

ခရမ်းရောင်နေ၏ ကောက်ကြောင်း ပိုကျယ်လာသည်နှင့်အမျှ ဖရိုဖရဲ အမှောင်ထုသည်လည်း ပျောက်ကွယ်သွားကာ အလင်းရောင်သည် စိတ်စွမ်းအား၏ သင်္ကေတဖြစ်လာသည်။

နောက်အခိုက်အတန့်တွင် အခန်းတစ်ခုလုံး ပျံ့နှံ့ပြီး ဖုံးလွှမ်းသွားသည်။

တစ်ချိန်တည်းမှာပဲ ထောင့်တစ်နေရာမှာ ရှောင်ပိုင်ဟာ အခန်းထဲကို သန့်ရှင်းရေးလုပ်ရင်း သည်းမခံနိုင်ဘဲ တစ်ယောက်တည်း ရေရွတ်နေလိုက်သည်။

"ဟမ့် နင်ကငါ့ကို ဝေယျာဝစ္စ လုပ်ခိုင်းရအောင် ဘယ်လောက်တောင် သတ္တိရှိ​နေလို့လဲ"

သူမလက်ထဲက တံမြက်စည်းကို ကြည့်ရင်း ချင်းယန်ရဲ့ ကရုဏာကြောင့် ဒီတံမြက်စည်းလို ဖြစ်လာမယ့် သူမရဲ့အနာဂတ်ကို တွေးနေခဲ့သည်။

သူမသည် အမြီးကိုးချောင်း မြေခွေးမျိုးနွယ်က ဆင်းသက်လာသူ ဖြစ်သည်။

ဒါကို သူမ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ!

"လူမိုက်..."

ရှောင်ပိုင် အံကြိတ်ကာ မျက်တောင်မခတ်တော့ပေ။ ရုတ်​တရက်​ပင်​ ပြင်းထန်​သည့်​ စိတ်​လှိုင်းတစ်​ခု ​ပေါ်လာပြီး သူမအာရုံကို ဆွဲ​ဆောင်​သွားသည်​။

"ဟင်? ဘာ​ကြီးလဲ?"

အခန်းထဲရှိ စိတ်စွမ်းအင်ကို စစ်တမ်းကောက်ရင်း ကုတင်ပေါ်ရှိ ချင်းယန်ကို ချာကနဲ လှမ်းကြည့်လိုက်မိသည်။

All Chapters