ဒီသားရဲကျွန်လေးက တကယ် မဆိုးဘူး!
Vol. 4 Ch. 49
"တကယ် သူလား?!"
ရှောင်ပိုင်သည် ကုတင်ပေါ်ရှိ ချင်းယန်ကို ပြူးကျယ်လာသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူမမျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ကျယ်ပြောသော ဝိညာဉ်စွမ်းအားသည် အခန်းတစ်ဝိုက်တွင် ပျံ့နှံ့သွားပြီး အရာအားလုံးက ချင်းယန်၏ ခံယူချက်အတွင်း၌ ရှိနေသကဲ့သို့ လေထဲကို စိမ့်ဝင်ကာ ဖြည့်သွင်းသည်။
"သန်မာလိုက်တဲ့ ဝိညာဉ်စွမ်းအား!"
"သေပြီ! ငါပြောလိုက်တဲ့ စကားတွေကို သူ သိသွားလောက်လား"
ရှောင်ပိုင်၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူမ၏ အမြီးသည် လျှပ်စစ်ရှော့တိုက်ခံရသကဲ့သို့ ထောင်သွားကာ သူမ အလိုလို နောက်သို့ ခြေနှစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။
ဒီလူက... ကြောက်စရာကြီး!
လုံလုံလောက်လောက် ခိုင်ခံ့ပေမယ့် ဒီလို စွမ်းအားကြီးတဲ့ ဝိညာဉ်စွမ်းအားကိုပါ ပိုင်ဆိုင်ထားရလား။
အဲ့လိုမှတော့ သူမဘယ်လိုလုပ် လွတ်မြောက်နိုင်တော့မှာလဲ?
"သွားပြီ... ဒီလူလက်ထဲမှာ တစ်သက်လုံး ပိတ်မိနေရတော့မှာလား..."
ရှောင်ပိုင် သက်ပြင်းချရင်း ခေါင်းငုံ့ကာ တိရစ္ဆာန်နားရွက်များက ကုပ်လာသည်။ သူမ၏ စိတ်ခံစားချက်သည် အလွန် စိတ်ပျက်စရာကောင်းလာပြီး နာခံမှုရှိရှိ တံမြက်စည်းကို ကောက်ကိုင်ကာ သန့်ရှင်းရေး ပြန်လုပ်ရတော့သည်။
မကြာပါ။
အခန်းတွင်းရှိ ဝိညာဉ်စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ချင်းယန်၏ စိတ်ကူးဉာဏ်ကလည်း အောင်မြင်ဖို့ နီးကပ်လာခဲ့သည်။
ဒီအချိန်မှာ သူ့စိတ်က ဖရိုဖရဲ ဖြစ်နေတာမျိုး မဟုတ်ဘဲ တောက်ပ၊ နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်နေသည်။ ကြီးမားသော ခရမ်းရွှေရောင်နေလုံးသည် ကောင်းကင်ယံ၌ မြင့်မားလာကာ အရုဏ်ဦးကဲ့သို့ အမှောင်ထုကို တွန်းထုတ်နေသည်။
"ပြီးပြီ!"
ဖြည်းညှင်းစွာ အသက်ရှူသွင်းရင်း ချင်းယန် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူ့ရှေ့က ကမ္ဘာကြီးက ကြည်လင်လန်းဆန်းနေခဲ့၏။ တစ်ညလုံး မအိပ်ခဲ့ရင်တောင် အိပ်ပျော်နေခဲ့သလို ခံစားရသည်။
"ဟုတ်တယ်... စိတ်စွမ်းအားတွေ တိုးလာတာက တကယ့်ကို ကြောက်စရာ ကောင်းတယ်"
စိတ်စွမ်းအားများ တိုးလာသည်နှင့်အမျှ ချင်းယန်သည် အပြောင်းအလဲများကိုလည်း ခံစားခဲ့ရပြီး အတွင်းစိတ်လောကရဲ့ ဉာဏ်အလင်းကို အသုံးချရာတွင် ပိုမိုကျွမ်းကျင်လာကြောင်း တွေ့လာရသည်။ သူ၏ ကျင့်စဥ်များအပေါ် နားလည်မှုအရှိန်ကလည်း သိသိသာသာ တိုးလာခဲ့သည်။
"စိတ်စွမ်းအားတွေ တိုးလာလို့များလား"
ချင်းယန်သည် သူ့ရဲ့ အတွင်းစိတ်လောကမှာလည်း ခွန်အားတွေ ရနေသလို ခံစားရလေ၏။ အကယ်၍များ ထိုကြယ်စစ်သည်များသာဆိုလျှင် သူတို့ ထိုနေရာတွင် လေ့ကျင့်ဖို့ စိတ်အားထက်သန်နေပေလိမ့်မည်။ အတွင်းစိတ်လောကဟာ ခွန်အားကြီးသော စိတ်စွမ်းအားဖြင့် ကောင်းချီးပေးနိုင်သည်လေ။
သူတို့သည် ကြယ်စွမ်းအားများကို နေ့ရောညပါ မမောမပန်း ဆွဲယူကြပြီး ကျင့်ကြံမှုတွေ လျင်မြန်စွာ တိုးတက်ကောင်းမွန် လာကြနိုင်သည်။
ဒါပေမယ့် သူကတော့ မတူပါ။
သူက သူတို့နဲ့ ယှဥ်ပြိုင်နေမည့်သူ မဟုတ်ပေ။
"ဒီအကြောင်းကိုသာ တခြားသူတွေ သိသွားရင် သဘာဝသယံဇာတတွေကို ဖြုန်းတီးလို့ ငါ့ကို ကျိန်ဆဲပြီး ဒေါသထွက်ရင်း သေကုန်ကြလိမ့်မယ် ဟားဟား.. "
ဒီလိုတွေးနေပြီးနောက် ချင်းယန် ကျေနပ်စွာဖြင့်ထိုင်နေရာမှ ထွက်သွားပြီးနောက် သူ့လက်ကို မြှောက်ကာ ရှောင်ပိုင်ကို ဆုပ်ကိုင်လိုက်သည်။
ဗုန်း!
စွမ်းအင်များ ပေါက်ကွဲထွက်လာတဲ့အခါ ကြောက်မက်ဖွယ်ကောင်းသော ကြယ်စွမ်းအားများသည် အခန်းတစ်ဝိုက်တွင် ပျံ့နှံ့သွားပြီး လေစီးကြောင်း အဖြစ် ပြေးထွက်သွားကာ ရှောင်ပိုင်ကို အတွင်းသို့ ချက်ချင်းဆွဲသွင်းလိုက်သည်။
"အား.. သခင် ဘာလုပ်နေတာလဲ!"
ရှောင်ပိုင် ကြမ်းပြင်ကို သုတ်ရင်း သူ့လက်ကို ဖမ်းဆုပ်လိုက်သည်။ သူမသည် သူမ၏ သေးငယ်လှသော ခန္ဓာကိုယ်ကို အားကိုးရာမဲ့ လှည့်ပတ်ကာ ရုန်းကန်နေရသော်လည်း ဘယ်လိုပဲ လှုပ်ရှားစေကာမူ ချင်းယန်၏ ဆုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်ပေ။
နောက်အခိုက်အတန့်၌ ချင်းယန်သည် သူမလည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က သူမ၏ နူးညံ့သိမ်မွေ့၊ သွယ်လျသော ပါးပြင်များကို ပေါ့ပေါ့ဆဆ ဆုပ်နယ်ကာ ဆော့ကစားနေလိုက်သည်။
"မင်းပြောတာ ငါမကြားဘူးများ ထင်လား"
ချင်းယန် ပြုံးပြီး ခြိမ်းခြောက်လိုက်သည်။
"မင်းငါ့နောက်ကွယ်မှာ ငါ့ကို စော်ကားနေတာ... မင်း ပြစ်ဒဏ်ခံထိုက်တယ်!"
"ငါ့ကို အပြစ်ပေးမလို့လား?"
ရှောင်ပိုင်၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် စကားလုံးများကြောင့် တုန်လှုပ်သွားပြီး မျက်ရည်များ လိမ့်ဆင်းကျလာသည်။
"ဝူးဝူး.... တောင်းပန်ပါတယ်လို့... မှားသွားပါတယ် ထပ်မညည်းရဲတော့ပါဘူး..."
သူမစကားမဆုံးခင် ချင်းယန်လက်ထဲမှာ ဖိအားတွေတိုးလာပြီး ရှောင်ပိုင်ရဲ့မျက်နှာကို ပိုကြမ်းတမ်းစွာ ပွတ်သပ်ရင်း ငိုရှိုက်အောင် လုပ်ပစ်သည်။
"ပျော့လိုက်တာ!"
လက်ထဲက နူးညံ့တဲ့ အထိအတွေ့က မယုံနိုင်လောက်အောင်ကို ကြည်နူးစရာ ကောင်းနေသည်။ တောင်းပန်မှုများက အရာမဝင်ဘဲ နူးညံ့တဲ့ အထိအတွေ့က တကယ်ကို အံ့သြစရာကောင်းလေသည်။
"အင်း!"
ရှောင်ပိုင် မျက်နှာကို ပွတ်ကာ စကားကျယ်ကျယ် မပြောရဲဘဲ တိုးတိုးလေးသာ ပြောသည်။ သူမသည် သနားစရာကောင်း ပုံပေါက်သော်လည်း အတွင်းစိတ်က ကျိန်ဆဲနေပြီးသား ဖြစ်သည်။
"စိတ်ဆိုးလိုက်တာ! ဒီလူက ငါ့ကို ဒီလိုအနိုင်ကျင့်ဖို့ သတ္တိရှိနေတယ်ပေါ့!"
"ဒါကို ငါလက်စားချေမယ်! မဟုတ်ရင် ငါဘယ်တော့မှ မြေခွေး မလုပ်တော့ဘူး!"
ရှောင်ပိုင်ရဲ့ ဒေါသစိတ်တွေ ဆူပွက်နေချိန်မှာ ချင်းယန်ရဲ့ အသံက ရုတ်တရက် သူမဆီ ထပ်ရောက်လာသည်။
"မင်းရဲ့ ညာဖက်ပါးကို ရွှေ့လိုက်... အရမ်းဝေးနေရင် ညှစ်ရခက်တယ်...."
"အော်..."
"အဆင်မပြေသေးဘူး... ထပ်နီးဦး!"
"..."
ရှောင်ပိုင်ခမျာ နာခံမှုဖြင့် ခေါင်းကို လှည့်ကာ ဒေါသတကြီးနှင့် သူမ၏ ညာဖက်ပါးကို ချင်းယန်ဘက်သို့ နာခံစွာ လှည့်ကာ နောက်တစ်ကြိမ် ဆုပ်နယ်ခိုင်းရုံသာ တတ်နိုင်တော့၏။
အချိန်ဘယ်လောက် ကြာသွားလဲတောင် မသိ။
နောက်ဆုံးတွင်တော့ ချင်းယန် နှိပ်နယ်ရန် စိတ်မဝင်စားတော့ဘဲ မီးဖိုချောင်ဘက်သို့ ညွှန်ပြကာ လွှတ်လိုက်လေသည်။
"ငါဗိုက်ဆာပြီ...သွား... ဟင်းသုံးမျိုးနဲ့ ဟင်းချိုတစ်ခွက် ချက်ပေး!"
"မင်းငါ့ကို လှည့်စားရဲရင် မင်း ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်"
"နင်!"
နောက်တစ်ကြိမ် နှိပ်နယ်ခံရမည့် ချင်းယန်ကို အရှက်တကွဲ ဒေါသတကြီးဖြင့် စိုက်ကြည့်နေတော့သည်။ သူမ၏ အမြီးသည် ဒေါသတကြီး အမူအရာကြောင့် တင်းတင်းမာမာ ဖြစ်နေသည်။
"ဘာလဲ?"
ချင်းယန် သူမဘက်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး။
"ကန့်ကွက်စရာရှိလို့လား?"
မုန်တိုင်းတိမ်တိုက်ကဲ့သို့ အခန်းတွင်းသို့ ပျံ့နှံ့သွားသော ကြောက်မက်ဖွယ်ရာ ကြယ်စွမ်းအားများနှင့်အတူ ဤငြိမ်သက်လှသော စကားများက ရှောင်ပိုင်၏ ဒေါသထွက်နေသော အရှိန်အဟုန်ကို ချက်ချင်း မျိုသိပ်ထားစေလိုက်သည်။
သူမ ချင်းယန်ကို ကြည့်ကာ သူမ၏အမြီးကို တွန့်ပြလိုက်ပြီး အသံကို တိုးညှင်းသော လေသံဖြင့် ပြောင်းလဲလိုက်သည်။
"နင်... ဒီမြေခွေးရဲ့ သခင်အနေနဲ့ ဟင်းသုံးမျိုးနဲ့ စွပ်ပြုတ်တစ်ခွက်က ဘယ်လိုလုပ် လုံလောက်နိုင်မှာလဲ... ကျွန်မ သဘောမတူဘူး ဟင်းနည်းနည်း ထပ်ထည့်ချင်တယ်"
ချင်းယန် : "..."
ဒီမြေခွေးလေးဟာ သူမရဲ့အမူအရာတွေကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်လေသည်။
"ထားလိုက်တော့.. ဟင်းသုံးမျိုးနဲ့ စွပ်ပြုတ်တစ်ခွက်ပဲ ကောင်းကောင်းချက်!"
"သိပါပြီ သခင်!"
ရှောင်ပိုင် ခေါင်းညိတ်လိုက်ပြီး ချင်းယန်လက်ကနေ အမြန်လွတ်ဖို့အရေး မီးဖိုချောင်ထဲကို ပြေးသွားတော့သည်။ မီးဖိုထဲ ရောက်မှ စိတ်သက်သာရာရသွား၏။
မကြာမီတွင် အိုးများနှင့် ဒယ်အိုးများတို့ အော်ဟစ်သံ၊ ခုတ်ထစ်သံများ၊ ပွက်ပွက်ဆူသံနှင့် အသား၏ စွဲမက်ဖွယ်ကောင်းသော အနံ့များက သွားရည်ယိုချင်စရာ ကောင်းအောင် မွှေးပျံ့လာတော့သည်။
မိနစ်အနည်းငယ် ကြာတော့ ရှောင်ပိုင် ပန်းကန်များကို ချင်းယန်ရှေ့ တစ်လုံးပြီးတစ်လုံး ယူလာခဲ့သည်။
မှိုနှင့် ပါးပါးလှီးထားသော အသားဟင်း၊ ပေါင်းထားသော တို့ဟူး၊ မွှေကြော်၊ ဟင်းပုဇွန်၊ ကလီစာနှင့် ကုံးစွပ်ပြုတ်။ ချင်းယန်က သူ့ထမင်းပန်းကန်ကို ကောက်ယူပြီး မြည်းစမ်းကြည့်လိုက်ရာ တို့ဟူးဟင်းက ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။
"ရှောင်ပိုင်ရဲ့ ဟင်းချက်လက်ရာက တော်တော်ကောင်းတာပဲ..."
ချင်းယန် ဆိုဖာပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းနေပြီး ရှောင်ပိုင် သူ့အတွက် ပန်းကန်များဆေးသည်ကို ကြည့်နေသည်။ သူ့အနာဂတ်က ဘယ်လောက် အံ့သြဖွယ်ကောင်းလိုက်မလဲ သူ စိတ်ကူးကြည့်နိုင်နေပြီ ဖြစ်သည်။
မြေခွေးလေးက အရေးကြီးသော စွမ်းအင်ဖြင့် နေထိုင်ခဲ့သည်။ တကယ့် မွေးရာပါနယ်ပယ် အိမ်အကူရဲ့ သန့်ရှင်းတဲ့ ခန္ဓာကိုယ်က သူ့အနာဂတ်အတွက် အထောက်အကူ ဖြစ်လောက်မည်။
ရှောင်ပိုင် ပန်းကန်ဆေးပြီးတာနဲ့ ချင်းယန်လည်း သူ့ကို နောက်ကျောနှိပ်နယ်ပေးဖို့ အမိန့်ပေးလိုက်သည်။
တကယ့်ကို အားရစရာပါ။
အရင်က စာကြည့်တိုက်ထဲတွင် ရှေးသခင်တွေရဲ့ မှတ်တမ်းတွေကို ဖတ်ပြီး သူတို့ရဲ့ လွန်ကဲမှုကို ကျိန်ဆဲခဲ့ဖူးသည်။ ခြေရောလက်ရောရှိတဲ့ အရွယ်ရောက်ပြီးသူသည် သူ့ကို အလုပ်အကျွေးပြုဖို့ အစေခံတွေ အိမ်ဖော်တွေ လိုအပ်နေသေးတာလား။
ရှောင်ပိုင် ရှိလာပြီးနောက် ချင်းယန် နောက်ဆုံးတော့ သဘောပေါက်သွားသည်။
သခင်ကြီး ငါပဲ မဟုတ်ဘူးလား?!
………
နောက်နေ့။
ချင်းယန် စောစောနိုးပြီး စာကြည့်တိုက်သို့ နာရီကြည့်ရန် သူ့ထုံးစံအတိုင်း လမ်းကြောင်းအတိုင်း လိုက်ခဲ့သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မရေမတွက်နိုင်တဲ့ ဖြတ်သွားဖြတ်လာတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါ၏။
အခြားအကြောင်းကြောင့် မဟုတ်ပါ။
သူ့လက်ထဲတွင် နှင်းဖြူမြေခွေးတစ်ကောင်ကို ကိုင်ဆောင်ထားသောကြောင့်ပင်။ ၎င်းက ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာရေးခြားရှိသောကြောင့် ချစ်စဖွယ်ကောင်းလောက်အောင် သွေးဆူစေခဲ့သည်။ ဖြတ်သွားဖြတ်လာတွေက ခေါင်းတညိတ်ညိတ်နဲ့ အသိအမှတ် ပြုသွားကြ၏။
"မဆိုးပါဘူး... အရမ်းကောင်းတယ်။"
ချင်းယန် စာကြည့်တိုက်ထဲသို့ အေးအေးဆေးဆေး လျှောက်သွားစဉ် မြေခွေးလေး၏ ဦးခေါင်းကို ပွတ်သပ်ကာ သူ့မျက်နှာပေါ်မှ သက်သာရာရသွားလေသည်။
ဒါက ပြကွက်တစ်ခုတော့ မဟုတ်ပါ။ ရှောင်ပိုင်ကိုသာ အိမ်မှာထားခဲ့ရင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေရလိမ့်မည်။
နောက်ဆုံးတော့ သူက အခု ရှောင်ပိုင်ရဲ့ သခင်ဖြစ်နေပြီ။ သူမ ပြဿနာ ရှာရင် သူ့ကိုပါ ငြိစွန်းပြီး ဒုက္ခရောက်လိမ့်မည်။ တခြားလူတွေက အိမ်မွေးခွေးတွေ ကြောင်တွေ ပါပေမယ့် သူကတော့ မြေခွေးတစ်ကောင် ပါလာသည်။
မိုက်တယ်မဟုတ်လား
အရမ်းလည်း ချစ်စရာကောင်းသည်။
ဤမြေခွေးငယ်လေးသည် အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် အိမ်သန့်ရှင်းရေး လုပ်ရုံသာမက အိပ်ယာကိုနွေးထွေးစေပြီး နောက်ကျောကို နှိပ်နယ်ပေးကာ သူကြိုက်သလို သူမပါးကို ပွတ်သပ်ပေးနိုင်သည်။
ဒီသားရဲကျွန်လေးကို ဘယ်မှာများ ရှာတွေ့နိုင်မှာလဲ။