← Chapters

စာကြည့်​တိုက်​ရဲ့ ဒုတိယထပ်​ကို ဝင်​သွားပြီ

Vol. 4 Ch. 50

စာကြည့်​တိုက်​ရဲ့ ဒုတိယထပ်​ကို ဝင်​သွားပြီ

Vol. 4 Ch. 50

နာရီကြည့်ပြီးနောက် ချင်းယန်သည် ပိုင်လီကို ပွေ့ချီကာ အလုပ်ခွင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားနေသည်။ ရံဖန်ရံခါ မနာလိုသော အကြည့်များကိုလည်း လက်ခံလိုက်ရသေးသည်။

တစ်ခါတ​လေ ဖြတ်သွားဖြတ်လာများက တအံ့တသြ လှည့်ကြည့်သွားသည်။

"ဝိုး... အဲဒီလူရဲ့ လက်ထဲကို ကြည့်စမ်း ချစ်ဖို့ကောင်းတဲ့ မြေခွေးလေး!!"

"စီမံခန့်ခွဲသူက တကယ်ပဲ သားရဲကျွန်တစ်ယောက် ရှိတယ်တဲ့ အံ့သြစရာပဲ..."

"ဟမ့် သူပိုက်ဆံအများကြီး သုံးလိုက်ရမှာပဲ... သူ့ခွန်အားနဲ့ဆို သားရဲကျွန်တစ်ကောင်ကို အနိုင်ယူဖို့ အများကြီး ကြိုးစားရလိမ့်မယ်။"

မနာလိုခြင်းနှင့် လှောင်ပြောင်ခြင်း ရောထွေးနေသော မှတ်ချက်များ ထွက်ပေါ်လာသည်။

သို့သော် ချင်းယန်က ၎င်းကို သူ့စိတ်ထဲ မထည့်ထားတတ်ပေ။ သူ ပိုင်လီကို သူ့ပုခုံးပေါ် အေးအေးဆေးဆေး တင်ထားလိုက်ပြီး သူ့လည်ပင်းမှာ ၎င်းဘာသာ တွယ်ကပ်ထားစေလိုက်သည်။

ထို့နောက် သူ၏နေ့စဉ်လုပ်ငန်းကို ဆက်လက်လုပ်ဆောင်​နေခဲ့သည်။

မန်နေဂျာဆီက မောင်းထုတ်ခံရမှာကို သူ မစိုးရိမ်ပါဘူး။ စာကြည့်တိုက်တွင် သားရဲကျွန်များနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို အလွန် ဖြေလျှော့ပေးထားသည်။

စာကြည့်တိုက်ထဲသို့ ကြယ်သားရဲများကို ယူဆောင်လာသည့် စစ်သည်များအား တားမြစ်ထားခြင်း မရှိပါ။

နောက်ဆုံးတွင် ဤသားရဲ ကျေးကျွန်များသည် ၎င်းတို့ထိန်းချုပ်ခံရသည့် အချိန်မှစ၍ ဉာဏ်ရည်အဆင့်အချို့ တိုးတက်လာခဲ့ပြီး သာမန်တိရစ္ဆာန်များလိုပင် ရိုင်းစိုင်းမှုမျိုး မရှိတော့ပေ။

ထို့အပြင် တိရစ္ဆာန်ထိန်းကျောင်းခြင်းဆိုင်ရာ အထူးပြု ကြယ်စစ်သည်များအတွက် သားရဲကျွန်များသည် ညီအကိုမောင်နှမများအလား ဖြစ်​နေတတ်ပြီး လွယ်လွယ်နှင့် ခွဲခွာရခက်တတ်သည်။

ဤအချက်ကို စိတ်ထဲမှာ စွဲမှတ်ထားပြီးနောက် စာကြည့်တိုက်ပိုင်ရှင်သည် အတော်လေး ရက်ရောပြီး ကြယ်စစ်သည်များကို ၎င်းတို့၏ သားရဲကျွန်များအား စာကြည့်တိုက်ထဲသို့ ခေါ်ဆောင်ခွင့်​ပြုရန် ခြွင်းချက်တစ်ခု ပြုလုပ်ခဲ့သည်။

ဝန်ထမ်းများပင်လျှင် မိမိတို့ကိုယ်ပိုင် အိမ်မွေးတိရိစ္ဆာန်များကို ယူဆောင်ခွင့် ပေးခဲ့သည်။ လုပ်ငန်းတိုးတက်မှုကို အနှောက်အယှက် မပေးသရွေ့ အားလုံးအဆင်ပြေပါ၏။

"ဟေ့ လောင်ချင်း... ဒီမြေခွေးလေးက အရမ်းချစ်စရာကောင်းတာပဲ ​မင်းရဲ့သားရဲကျွန်အသစ်လား?"

ချင်းယန်၏မြေခွေးကို မြင်ပြီးနောက် ရှဟဲတစ်ယောက် သူ၏သိချင်စိတ်ကို မထိန်းနိုင်ဘဲ ပြေးလာသည်။

"အင်း"

ချင်းယန် ခေါင်းညိတ်လိုက်ပြီး သူ့ပုခုံးပေါ်မှာ လဲလျောင်းနေတဲ့ မြေခွေးလေးကို ထိလိုက်တယ်။ မြေခွေးက အလွန်နူးညံ့သိမ်မွေ့ကာ ၎င်းသည် ၎င်း၏ဦးခေါင်းလေးကို ရှေ့သို့ထောင်၍ သူ့လက်ကို ချစ်ခင်စွာ ပွတ်သပ်​ပေးလာသည်။

ရှဟဲ၏ မျက်လုံးများသည် မြေခွေး၏ ညင်သာမှုနှင့် ချစ်စရာကောင်းသော အသွင်အပြင်ကြောင့် တောက်ပလာသည်။

"ဟ! ဒီကောင်က ဉာဏ်ကောင်းတာပဲကွ! ငါလည်း လိုချင်တယ်"

ရှဟဲသည် ချင်းယန်ရဲ့ ပုခုံးကို ပွတ်သပ်ပြီး လက်မနဲ့ လက်ညိုးကို ပွတ်သပ်ပြကာ။

"ငွေက ပြဿနာမဟုတ်ပါဘူး... လောင်ချင်း.... မင်းဘယ်လိုလုပ်လိုက်တာလဲ?"

"တိုက်ခန်း အဆောက်အဦးရဲ့ စင်္ကြံမှာ ကောက်ရလာတာ!"

ချင်းယန်က အမှန်အတိုင်းပဲ ဖြေသည်။

"ငါ မင်းကို မယုံပါဘူး!"

ရှဟဲ မျက်လုံးပြူးသွားသည်။

"ထားလိုက်ပါတော့... ငါမင်းကိုအတင်းအကြပ် မဖော်တော့ဘူး... ငါလည်း အခုတလော သားရဲကျွန်တစ်ယောက်ရှာဖို့ တွေးနေခဲ့တာ... ငါ တောင်တန်းအရှင် လိုချင်လို့"

"တောင်တန်းအရှင်? ကျားကိုဆိုလိုတာလား"

ချင်းယန် စိတ်ဝင်တစား မေးလိုက်သည်။

"ဟုတ်တယ်... ငါ ကျားအမျိုးအစား ကြယ်သားရဲကို ယူလိုက်မယ်... စိတ်ဝင်စားလား? မင်းရဲ့ မြေခွေးလေးနဲ့ အလဲအလှယ် လုပ်ကြမယ်လေ ဘယ်လိုလဲ"

ရှဟဲသည် ချင်းယန်ပုခုံးပေါ်ရှိ မြေခွေးဖြူကို စိုက်ကြည့်ကာ ဖြည်းညှင်းစွာ ဆက်ပြောသည်။

"မင်းရဲ့မြေခွေးလေးက ချစ်ဖို့ကောင်းပေမယ့် အားနည်းပြီး ကျားတစ်ကောင်လို ကြယ်သားရဲမျိုး မဟုတ်တာတော့ သေချာပါတယ်... ကျားအမျိုးအစား ကြယ်သားရဲဆို ရတယ်မလား?"

ချင်းယန် ခေါင်းယမ်းပြီး လက်ဝှေ့ယမ်းလိုက်သည်။

"မင်းဘာပဲပြောပြော ငါ လဲမှာ မဟုတ်ဘူး"

ကျားအမျိုးအစား ကြယ်သားရဲများက အစွမ်းထက်​ကြသည်။ ဒါပေမယ့် သူတို့မှာလည်း ပြင်းပြင်းထန်ထန် ခံတွင်းတွေ့တတ်တဲ့ စရိုက်ကလည်း ရှိသေး၏။ သူတို့စားတဲ့ အသားပမာဏဟာ တခြားကြယ်သားရဲတွေထက် ဆယ်ဆရှိနိုင်သည်။

ရှဟဲလို ချမ်းသာတဲ့သူတွေကသာ အကင်နဲ့ ဝက်သား နေ့တိုင်းကျွေးနိုင်မှာ ဖြစ်ကာ သာမာန်လူများသည် အစာအနည်းငယ်စားပြီးပါက သားရဲများကို အညစ်အကြေးများကို စားခိုင်းရသည်။

သူ့လို စာကြည့်​တိုက်​က စီမံခန့်ခွဲသူလေးတစ်​​ယောက်​က ကျားကို ဘယ်​လို​လုပ် ထောက်​ပံ့ပေးနိုင်မှာလဲ။ တခြားသားရဲကျွန်က ရှောင်ပိုင်ထက် ပိုကောင်းနိုင်ပါ့မလား။

ထမင်းချက်၊ ကြမ်းပြင်ကို သုတ်သင်နိုင်ပြီး လျော့နေတဲ့ ပုခုံးတွေကိုတောင် နှိပ်နယ်ပေးနိုင်သည်။

"ကောင်းပြီ ညီအစ်ကို... ငါမင်းကို အတင်းအကြပ် မလုပ်ပါဘူး။ မင်းအရမ်းကြိုက်နေရင်တော့ မေ့ထားလိုက်ပါ..."

ချင်းယန်၏ ပြတ်သားသော သဘောထားကို မြင်ပြီးနောက် ရှဟဲ ချက်ချင်းပင် ဒေါသကို ပျော့ပျောင်းသွားသည်။ သူသည် မြေခွေးအား မကျေမနပ်နဲ့ ကြည့်ကာ။

"ဒါပေမယ့် မင်းမြေခွေးလေးက အားနည်းလွန်းတယ် မင်းအခုချိန်ကစပြီး သတိထားရလိမ့်မယ်..."

ထို့နောက် သူပြောပြီးသည်နှင့် ချင်းယန်ပုခုံးပေါ်တွင် မှီနေသော ရှောင်ပိုင်သည် သူမ၏ နားရွက်ကို ထောင်ကာ ကျဉ်းမြောင်းသော မျက်လုံးများဖြင့် ရှဟဲကို စိုက်ကြည့်လိုက်ရာ ရှဟဲ ချက်ချင်း စိတ်မသက်မသာ ဖြစ်သွားသည်။

နင်က ငါ့ကို ပျော့ညံ့တယ်လို့ ခေါ်ရဲတယ်ပေါ့?

"အတင့်ရဲပြနေတာလား? ငါ့သခင်နဲ့ မတိုက်နိုင်ပေမယ့် နင့်ကို မတိုက်နိုင်ဘူး ထင်နေလား?"

ထိုအချိန်တွင် ရှောင်ပိုင် ရုတ်တရက် ခေါင်းမော့ကာ ရှဟဲအကြည့်ကို တုံ့ပြန်လိုက်သည်။ သူတို့မျက်လုံးချင်း ဆုံလိုက်သောအခါတွင် အလင်းတစ်ချောင်းက ရှဟဲ​စိတ်ထဲသို့ ချက်ချင်းဝင်ရောက်လာပြီး ထင်ယောင်ထင်မှားမျိုးစေ့များကို စိုက်ထည့်လိုက်သည်။

"ဟေ့ လောင်ချင်း မင်းနောက်ကိုကြည့်လိုက်! မိန်းမလှလေး တစ်ယောက်ရှိတယ် ပြီးတော့ သူက အနက်ရောင် ခြေအိတ်လည်း ဝတ်ထားတယ်"

ရှဟဲ ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး ချင်းယန်နောက်ကို ညွှန်ပြကာ ဝမ်းသာအားရ အော်ပြောလိုက်သည်။

"ဘယ်မှာလဲ?"

ချင်းယန် အလိုလို လှည့်ကြည့်လိုက်သည်။ သူ့နောက်တွင် လူအနည်းငယ်သာ ရှိကာ စာအုပ်တစ်အုပ်ငှားပြီးသည့် လူလတ်ပိုင်းတစ်ဦးကိုသာ တွေ့လိုက်ရသည်။

သို့သော် ရှဟဲရဲ့ အမြင်မှာတော့ ဒါဟာ လုံးဝခြားနားတဲ့ မြင်ကွင်းတစ်ခုပင်။

သွယ်လျသောခါး၊ ဖောင်းကားနေသော ရင်ဘတ်နှင့် စကတ်တိုဖြင့် လှပသော အမျိုးသမီးတစ်ဦးသည် သူမ၏ ရှည်လျားပြီး နှင်းဖြူခြေထောက်များကို ပေါ်လွင်စေကာ လမ်းလျှောက်လာ​​နေသည်။

"အလန်းလေးကွ... လောင်ချင်း ငါ သူ့ကို အရမ်းကြိုက်သွားပြီ... ငါ သူ့ဖုန်းနံပါတ်ကို သွားယူထားရမယ်"

"ခဏနေ..."

ချင်းယန် အော်ခေါ်ချင်ပေမယ့် ရှဟဲက သူ့လက်ကို ပုတ်ထုတ်ပြီး မြှားတစ်စင်းလို ပြေးထွက်သွားချေပြီ။ ခဏကြာတော့ အဘိုးအိုရှေ့မှာ ရပ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်ပြီး စကားစမြည်ပြောပါတော့သည်။

ခဏလောက်ကြာတော့ အနီးနားက လူတွေကပါ ရှဟဲကို တအံ့တသြနဲ့ စိုက်ကြည့်ရင်း အံ့ဩသွားကြသည်။ ဒါကိုမြင်တော့ ချင်းယန်လည်း တစ်ခုခုလွဲချော်နေတာကို ချက်ချင်း သတိထားမိသွား၏။

ထင်ယောင်ထင်မှား!

ထိုအတွေးကြောင့် သူ ရှောင်ပိုင်ရဲ့ခေါင်းကို ပွတ်သပ်လိုက်သည်။

"ရပ်လိုက်တော့ ရှောင်ပိုင်!"

"ဟမ်... ငါ့ကို လာအော်ဖို့ ဘယ်သူပြောလဲ..."

ရှောင်ပိုင် ညင်ညင်သာသာ ညည်းလိုက်ပြီး သူ့မျက်နှာမှာ တုံ့ဆိုင်းမှုအပြည့်နဲ့။ သို့သော် အဝေးက အဘိုးအိုနှင့် ပရောပရည်လုပ်နေသော ရှဟဲကို ကြည့်လိုက်တော့ သူ့ရည်မှန်းချက် အောင်မြင်ပြီးပြီဟု သိလိုက်ကာ နောက်ဆုံးတွင် ထင်ယောင်ထင်မှား စွမ်းအင်ကို လွှတ်ချလိုက်သည်။

ဗုန်း!

ရှဟဲရဲ့ စိတ်တွေ ကြည်လင်လာပြီး သူ့မျက်လုံးတွေလည်း ကြည်လင်သွားသည်။ ဒါပေမယ့် သူ့ရှေ့မှာ အဘိုးအိုကိုတွေ့တော့ ထိုနေရာမှာတင် အေးခဲသွားတော့၏။

ငါဘယ်သူလဲ? ငါဘယ်မှာလဲ။ ငါဘာလုပ်နေတာလဲ

အလှလေးက ဘယ်မှာလဲ!

မေးခွန်းပေါင်းများစွာက သူ့စိတ်ထဲ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော လူများနှင့်အတူ လူမှုရေး နိဂုံးချုပ်သွားသည့် မြင်ကွင်းတစ်ခု ဖြစ်သွားသည်။

"ရှောင်ပိုင် အခုကစပြီး မင်းငါ့ခွင့်ပြုချက် မရှိဘဲ စိတ်ကူးပုံတွေကို ပုံဖော်ခွင့်မပေးဘူး... မင်းနားလည်လား"

ဒါကိုမြင်တော့ ချင်းယန် တိုးတိုးလေး သတိပေးလိုက်သည်။

"မင်း လှည့်စားရဲရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်!"

"သခင်.... ရှောင်ပိုင် သိပါပြီ နောက်တစ်ခါ မဖြစ်စေရပါဘူး"

ပိုင်လီ ခေါင်းငုံ့ပြီး ရှုပ်ပွနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်သည်။

အဲဒီနောက်မှာတော့ ရှဟဲဟာ လူသိရှင်ကြား အသတ်ခံခဲ့ရပြီး ပုန်းဖို့ ထောင့်တစ်ခုကို ရုတ်ချည်း ထွက်ပြေးသွားရသည်။ ချင်းယန်သည် ရှားရှားပါးပါး ငြိမ်သက်တိတ်ဆိတ်သော အခိုက်အတန့် တစ်ခုနှင့်အတူ ပက်လက်လှန်ကာ စာအုပ်များကို လှန်ကြည့်လိုက်သည်။

ဒီအချိန်မှာတော့ သူသည် ပထမအလွှာက စာအုပ်အားလုံးကို လှန်လှောပြီး​ပြီ ဖြစ်သည်။ ၎င်းတို့က သိပ်အထောက်အကူ မရှိသလို သူလည်း နည်းနည်း ပျင်းလာပြီ။

"ဒုတိယအလွှာကို စစ်ဆေးဖို့ အချိန်တန်ပြီ"

ဒါကိုတွေးပြီးတဲ့အခါ ချင်းယန် သူ့ငါးကို လှမ်းကိုင်ရင်း ဒုတိယထပ်ဝင်ပေါက်ကို အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။

ဝင်ပေါက်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး ရှုပ်ထွေးတဲ့ ပုံစံတစ်ခုကို သူ တွေ့လိုက်ရသည်။ နောက်ဖွားနယ်ပယ် အဆင့်၈နှင့် အဆင့်၉ သခင်အများအပြားသည် သံမျှော်စင်များကဲ့သို့ ဧရိယာကို စောင့်ကြပ်နေကြသည်။

ဒုတိယအလွှာရှိ ကြယ်စွမ်းအင်သည် ပြင်းထန်စွာ ထွက်ပြေးသွားကာ စောင့်ကြည့်ကိရိယာများကို အနှောင့်အယှက်ပေး​နေသည်။ ဤကျွမ်းကျင်သူများသည် အခြေအနေကို စောင့်ကြည့်ရန် လုံး၀ သူတို့လက်ထဲတွင် ရှိနေသည်။

ဒါကိုကြည့်ရင်း ချင်းယန်က ကျန်တဲ့စာကြည့်တိုက်ကို စစ်ဆေးကြည့်လိုက်သည်။

သူ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထုတ်လွှတ်လိုက်တဲ့ စိတ်စွမ်းအင်က စာကြည့်တိုက်တစ်ခုလုံးကို ရေလို စိမ့်ဝင်သွားပြီး အခြေအနေကို အမြန်ကြည့်နေသည်။ စာကြည့်တိုက်ပိုင်ရှင်၏ ခြေရာလက်ရာ မရှိပေ။

ဒါက ဒုတိယထပ်ကို ဝင်ဖို့ ပြီးပြည့်စုံတဲ့ အခွင့်အရေးပဲ။

ရှောင်ပိုင်ရဲ့ မွေးရာပါနယ်ပယ် ထင်ယောင်ထင်မှား စွမ်းရည်နဲ့ဆို ဒီနယ်ပယ်က သခင်များကို လှည့်စားရန်မှာ လွယ်ကူပါသည်။ ချင်းယန် ရှောင်ပိုင်ရဲ့ ပုခုံးကို ညင်သာစွာ ပွတ်သပ်ပြီး။

"ရှောင်ပိုင် မင်းရထားတဲ့ နယ်ပယ်က ဒီသခင်တွေကို လှည့်စားနိုင်လား? သူတို့ ငါ့ကို မမြင်ရအောင် လှည့်စားလိုက်.."

"အိုး လွယ်ပါတယ် သခင်ရယ်..."

ရှောင်ပိုင်သည် ချင်းယန်၏ ပခုံးပေါ်တွင် ကွေးလျက် ခေါင်းညိတ်ကာ သူ့ထင်ယောင်ထင်မှား စွမ်းအင်ကို လွှတ်ပေးလိုက်သည်။

နောက်အခိုက်အတန့်တွင် ငြိမ်သက်နေသော အရိပ်အယောင်တစ်ခုသည် လေထဲသို့ စိမ့်ဝင်သွားပြီး ထိုအစောင့်များရဲ့ စိတ်ထဲအထိ တိတ်တဆိတ် ပျံ့နှံ့သွားသည်။

ဒါကိုမြင်တော့ ချင်းယန် သူ့ထောင့်ကနေ ထွက်လာသည်။ ဖုံးကွယ်ထားစရာ မလိုဘဲ ၎င်းတို့ကို ဖြတ်ကျော်ကာ လေကဲ့သို့ ဖြတ်ကျော်သွားခဲ့သည်။

စာကြည့်တိုက်၏ ဒုတိယထပ်သို့ အောင်မြင်စွာ ဝင်ရောက်ခဲ့​ပြီ။

All Chapters