← Chapters

ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဥ်စားပိုးကောင်၊ လီကျစ်ရွှမ်းရဲ့ အောင်မြင်မှု။

Vol. 4 Ch. 56

ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဥ်စားပိုးကောင်၊ လီကျစ်ရွှမ်းရဲ့ အောင်မြင်မှု။

Vol. 4 Ch. 56

အေးမြသော လရောင်က မြေကြီးတစ်ခွင် ဖြာကျနေသည်။ သစ်ကိုင်းအခေါက်သည် ဟောင်းနွမ်းကာ ကွဲကြေနေပြီး အကိုင်းအခက်က လျှိုမြောင်များပေါ် ဖုံးအုပ်ထားသည်။

ပွင့်လင်းမြင်သာသော အနှီပိုးကောင်သည် ၎င်း၏မျက်နှာပြင်တွင် တွယ်ကပ်နေ၏။ လမ်းဘေးရှိ သစ်သားပင်များနှင့် ချောမွေ့စွာ ရောစပ်နေပုံရတာကြောင့် အလွယ်တကူ သတိမထားမိလောက်ချေ။

"ကြယ်တွေရဲ့ စွမ်းအား အတက်အကျတောင် မရှိဘူးလား?"

ချင်းယန် အနီးကပ်ကြည့်ရင်း အံ့အားသင့်သွားသည်။ ဤဝိညာဥ်စားပိုးကောင်ဟာ သစ်ပင်အောက်တွင် နေ့တိုင်းပုန်းနေပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုများကို လုပ်ဆောင်သည့် ကျင့်ဝတ်မူများ လုပ်ခဲ့သည်။

ပကတိမျက်စိဖြင့် ကြည့်ရှုလျှင် ၎င်း၏ နေရာကို လုံးဝ ရှာမတွေ့နိုင်လောက်။ စိတ်စွမ်းအားကသာ ၎င်းကို သိရှိနိုင်သည်။

"အကြာကြီး ရှာဖွေတာတောင် ကြယ်သိုင်းရဲစခန်းက ရှာမတွေ့တာ အံ့သြစရာ မရှိပါဘူး!"

ချင်းယန် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိပြီးနောက် စိတ်ဝိညာဥ်စားပိုးကောင်၏ လှုပ်ရှားမှုများကို ဂရုတစိုက် သတိထားကြည့်လိုက်သည်။ ယခု အရေးကြီးသည်မှာ ပိုးကောင်၏ လက္ခဏာများကို နားလည်ရန်ဖြစ်သည်။

"ဆရာကြီးရဲ ဓားစွမ်းအင်ကို အရင်ပြပါရစေ"

ချင်းယန်သည် နောက်ပြန်နှစ်လှမ်း ဆုတ်ကာ သူ၏ ကြယ်ခုနစ်ပွင့် နဂါးခြေလှမ်းများကို အချိန်မရွေး ထွက်ပြေးရန် ပြင်ဆင်ထားသည်။ ထို့နောက် လက်နှစ်ချောင်းကို မြှောက်ကာ ဓားစွမ်းအင်ကို စုစည်း၍ ပိုးကောင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပစ်လိုက်သည်။

ဆွံ!

ချွန်ထက်သော ဓားစွမ်းအင်က သူ့လက်ချောင်းထိပ်များမှ ပျံထွက်လာကာ စိတ်ဝိညာဥ်စားပိုးကောင်၏ အူလမ်းကြောင်းကို ချက်ချင်း ရိုက်ခတ်သွားသည်။ သို့သော်လည်း နောက်ဆက်တွဲ အဖြစ်အပျက်က ချင်းယန်ကို အံ့အားသင့်သွားစေ၏။

ဓားစွမ်းအင်က ပိုးကောင်၏ အူလမ်းကြောင်းကို ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။ ၎င်းသည် ဂျယ်လီတုံးလို ချော်ထွက်ပြီး ၎င်း၏အခွံကို ဖြတ်သွားကာ အောက်ရှိ သစ်သားအခေါက်ကိုသာ ထိမှန်သည်။

တိုက်ခိုက်မှု မအောင်မြင်ပါ။

"???"

ဒါကိုမြင်တော့ ချင်းယန် သူ့ကိုယ်သူ ကျိန်ဆဲမိ၏။

ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေကိုတောင် ခံနိုင်ရည်ရှိတယ်တဲ့လား။

ဒီလို ဖောက်ပြန်ပျက်စီးနေတဲ့ ကိုယ်ခံစွမ်းအားကို ဘယ်လိုတိုက်ထုတ်ရမလဲ။

"ကြယ်စွမ်းအင်နဲ့ တိုက်ခိုက်ကြည့်ရအောင်"

ချင်းသည် သူ့အတွင်းစိတ်အနှစ်သာရကို အာရုံစိုက်ကာ ကြီးမားသောအခေါက်ကို ဖုံးအုပ်ထားသည့် ကြီးမားသောကြယ်စွမ်းအားကို ထုတ်ပေးရန်အတွက် ကျယ်ပြောသောကောင်းကင်ကြီးကို ဆင့်ခေါ်လိုက်သည်။

ဒါပေမယ့် ရလဒ်က အသုံးမဝင်သေးချေ။

တဟုန်ထိုး တက်လာသော ကြယ်စွမ်းအားသည် သစ်ပင်အခေါက်ကို ဖြတ်၍ လှည့်ပတ်ကာ ထပ်ခါတလဲလဲ လှုပ်သွားသော်လည်း စိတ်ဝိညာဥ်စားပိုးကောင်ကို မသတ်နိုင်ပေ။

"အိုး... ဒီနေ့တော့ ခက်ခက်ခဲခဲ ပြိုင်ဘက်ကို လာတွေ့နေပြီ"

ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ နည်းလမ်းနှစ်ခုလုံး ထိရောက်မှု မရှိသဖြင့် တစ်ခုတည်းသော ကျန်နည်းလမ်းမှာ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

ဒါကိုတွေးပြီးနောက် ချင်းယန် မတွန့်ဆုတ်တော့ဘဲ စိတ်ဝိညာဉ်စားပိုးကောင်ကို သေချာ အာရုံစိုက်လိုက်သည်။

ဗုန်း!

ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားသည် ပိုးကောင်၏ ခန္ဓာကိုယ်အပေါ်သို့ ကျဆင်းသွားစဥ် ပိုးကောင်အရေပြားက ရုတ်တရက် ကျုံ့သွားကာ ၎င်းခွံအပေါ် ဖိအားအားလုံးကို လွှတ်ထုတ်လိုက်သည်။ အသံက တဖြည်းဖြည်း ကျယ်လာသည်။

စိမ့်စမ်း မိုးရွာခြင်းမှ သဲသဲမဲမဲရွာသည့်အထိ မရေမတွက်နိုင်သော သံမဏိဆေးထိုးအပ်များက ၎င်း၏ခန္ဓာကိုယ်ကို ဖောက်ပစ်သည်။

နောက်အခိုက်အတန့်တွင်တော့ စိတ်ဝိညာဥ်စားပိုးကောင်၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားကာ နောက်ဆုံးတွင် တိုက်ခိုက်မှုများကို တုံ့ပြန်ပြီး ဘောလုံးအဖြစ် ကွေးကောက်သွားခဲ့သည်။

"အလုပ်ဖြစ်ပြီ!"

ချင်းယန်သည် ပိုးကောင်၏ တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားသည်။ ဒီသတ္တဝါလေးဟာ စိတ်စွမ်းအား တိုက်ခိုက်မှုတွေကိုပဲ ကြောက်လန့်ပုံပင်။

ပြင်းထန်သော စိတ်စွမ်းအားအောက်တွင် စိတ်ဝိညာဥ်စားပိုးကောင် သည် အခေါက်ပေါ်တွင် ရင်တထိတ်ထိတ် ဖြစ်လာကာ နာကျင်မှုကို သိသိသာသာ ခံစားလာခဲ့ရသဖြင့် အိပ်​နေရာမှ ချက်ချင်း နိုးလာခဲ့သည်။

ရုတ်တရက်!

စူးရှတဲ့ ဝေဒနာက ချင်းယန် စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ သူ့စိတ်သည် တွင်းနက်ထဲသို့ လျင်မြန်စွာ ကျသွားသကဲ့သို့ သူ၏ စိတ်စွမ်းအင်အားလုံး သူ့ခန္ဓာကိုယ်မှ ဆုတ်ခွာသွားသည်။

"မကောင်းတော့ဘူး!"

သူ့ခန္ဓာကိုယ်တွင်းရှိ အခြေအနေကို သတိပြုမိသောအခါ ချင်းယန် ချက်ချင်းပင် ထိတ်လန့်သွားသည်။

ဒီပိုးကောင်ငယ်လေးက စိတ်စွမ်းအင်ကိုတောင် ဝါးမြိုနိုင်တာလား။

ဤအရေးကြီးသော အခိုက်အတန့်တွင် စနစ်၏သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။

"အန္တရာယ်သတိပေးချက်... hostရဲ့ လက်ရှိ စိတ်စွမ်းအင်က လျင်မြန်စွာ ကျဆင်းနေပါတယ်... ကျေးဇူးပြုပြီး အခင်းဖြစ်ပွားရာနေရာက ချက်ချင်း ထွက်ပြေးပါ!!!"

"ဒီမှာဆက်ရှိနေရင် ဆယ်စက္ကန့်အတွင်း အရူးတစ်ယောက် ဖြစ်လာဖို့ အလားအလာ ရှိပါတယ်!"

စနစ်၏ သတိပေးချက်များသည်လည်း သူ့နားထဲတွင် ထပ်ခါထပ်ခါ ပဲ့တင်ထပ်နေသည်။ ထိုစကားကို ကြားသောအခါ ချင်းယန်သည် ပြတ်ပြတ်သားသား ပြုမူကာ စိတ်စွမ်းအား ထုတ်လွှတ်မှုကို ရပ်တန့်ကာ စိတ်ဝိညာဉ်စားပိုးကောင်နှင့် အဆက်အသွယ်ကို ချက်ချင်း ဖြတ်ပစ်လိုက်​လေသည်။

ဗုန်း!

ချက်ချင်းဆိုသလိုပဲ သူ့ခေါင်းထဲက ပြင်းထန်တဲ့ နာကျင်မှုတွေလည်း ပျောက်သွား၏။

နောက်အခိုက်အတန့်တွင် အခေါက်ပေါ်ရှိ စိတ်ဝိညာဉ်စား ပိုးကောင်ဟာ ပြောင်းလဲသွားပြီး ပိုမိုပွင့်လင်းလာသည်။ ၎င်းသည် အခေါက်အောက်တွင် တိုက်ရိုက် နစ်မြုပ်သွားပြီး ချင်းယန်၏မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

"ဟင်?"

ချင်းယန် ဤအရာကို မြင်လိုက်ရသောအခါ ပြောစရာ စကားလုံးများ ပျောက်ရှသွားသည်။

ဒီအကောင်က အရမ်းကြောက်ဖို့ ကောင်းတာပဲ။

ထိုအချိန်တွင် သစ်ပင်တစ်ဝိုက်ရှိ ဧရိယာသည် တိတ်ဆိတ် ငြိမ်သက်နေပြီး စိတ်ဝိညာဉ်စားပိုးကောင်၏ ခြေရာလက်ရာ မရှိ​တော့ပေ။

"မဟုတ်ဘူး... သူ ထွက်ပြေးသွားပြီ..."

ချင်းယန် စိတ်ဝိညာဉ်ကို ကိုက်စားတတ်သော အင်းဆက်ပိုး အမှန်တကယ် ပျောက်ကွယ်သွားသလား စစ်ဆေးကြည့်ရှုခဲ့သည်။ ထို့နောက် လှည့်ထွက်ကာ သူ့ဟင်းသီးဟင်းရွက် အိတ်ကို ကောက်ယူလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ အလျင်လိုမနေပါ။

ဝိညာဉ်စားသော ဤပိုးကောင်သည် ပထမနေ့တွင် လွတ်မြောက်ခဲ့တယ် ဆိုရင်တောင် နောက်နေ့တွေမှာ လွတ်မြောက်နိုင်ပါ့ဦးမလား။

သိပ်မကြာခင်မှာပဲ ငတ်မွတ်မှုဟာ သူ့ကို ပြန်မောင်းထုတ်လာနိုင်ဖွယ် ရှိပါသည်။

ဒီကြားထဲမှာ သူလုပ်စရာရှိတာက အခြေအနေကို စောင့်ကြည့်မယ်၊ အလုပ်ပြီးရင် လာစစ်မည်။ ပြန်တွေ့မှာ သေချာပါ၏။

အခုထိတော့…

"ဘာမှမဖြစ်​ဘူး.... အိမ်​ပြန်​ရ​အောင်​!"

………………….

ထိုအချိန်တွင် လီကျစ်ရွှမ်း၏ အိမ်တွင်။

နှင်းဖြူ ကုလားကာများသည် လေထဲတွင် လှုပ်ခါနေပြီး နူးညံ့သော လရောင်က မှန်ပြတင်းပေါက်များမှ စိမ့်ဝင်နေသည်။

လီကျစ်ရွှမ်းသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လရောင်က အဖြူရောင် ကျောက်စိမ်းကဲ့သို့ တောက်ပနေသော သူမ၏ ခရင်မ်အသားအရေပေါ် ဖြာကျနေသည်။ သူမသည် လရောင်အောက်တွင် နှင်းဆီပန်းကဲ့သို့ ငြိမ်သက်ပြီး လှပနေသည်။

ပြီးတော့ သူမရှေ့မှာ မှောင်မဲ၍ မထင်မှတ်စရာ ကျောက်တုံးတစ်တုံး ချထားသည်။

၎င်း၏ မျက်နှာပြင်ပေါ်တွင် "ငြိမ်သက်ခြင်း" ဟူသော စကားလုံး၏ ပုံစံသည် ရိုးရှင်းသော်လည်း ပြေပြစ်သော စကားရပ်ဖြစ်သည်။ စာလုံးပုံသဏ္ဌာန်မှ ဝိညာဉ်စွမ်းအား ကြိုးတန်းများ ထွက်လာပြီး သူမစိတ်ကို တည်ငြိမ်အောင် ထိန်းပေးနိုင်သည်။

"ဆရာပေးတဲ့ သင်္ကေတက တကယ်ကို အစွမ်းထက်တာပဲ... ငါ့အတွေးတွေ ပိုရှင်းလာပြီ"

လီကျစ်ရွှမ်းသည် ၎င်းအတွင်း​တွင် နှစ်မြုပ်နေသော ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရပြီး သူမ တစ်ကိုယ်လုံး ငြိမ်သက်သွားသည်။ ကျောက်တုံးရဲ့ ကူညီ ပံ့ပိုးမှုအောက်မှာ သူမစိတ်တွေ ပိုကြည်လင်လာ၏။ စိုးရိမ်ပူပန်မှုတွေထဲက ကင်းလွတ်ကာ အတွေးများကို လွတ်လွတ်လပ်လပ် ခံစားလာခဲ့ရသည်။

ဗုဒ္ဓဘာသာကျမ်းဂန်များတွင် ဖော်ပြထားသည့်အတိုင်း ရုတ်တရက် ဗောဓိသဏ္ဌာန်သို့ ဝင်ရောက်လာခဲ့သကဲ့သို့ သူမ၏ အတိဒုက္ခသုံးထောင်သည် လုံး၀ ပျောက်ကွယ်သွားခဲ့သည်။

တခဏချင်းမှာပဲ စိတ်ကူးယဉ်မှုတွေ အားလုံး ပျောက်ကွယ်သွားကာ သူမရဲ့ အစစ်အမှန် ကိုယ့်ကိုယ်ကို ထုတ်ဖော်မိလာသည်။ လီကျစ်ရွှမ်း မျက်လုံးများကို မှိတ်ထားပြီး အာရုံစူးစိုက်မှုပြုကာ သူမ၏ ရင်ဘတ်သည် ညီညီညာညာ အသက် ရှူရှိုက်လာသည်နှင့် သူမ၏ အငွေ့အသက်သည်လည်း သစ်ခွရနံ့လေးလို မွှေးပျံ့လာသည်။

ကြည်လင်သော ရေများ စီးဆင်းသွားသလိုမျိုး အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

ထို့နောက် သမျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်း၌ အသွင်ပြောင်းမှု အသစ်တစ်ခု ဖြစ်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် ချီသည် ကြယ်စွမ်းအင်ကို အပြည့်အဝ သယ်ဆောင်လာခဲ့ပြီး သွေးကြောများ တစ်လျှောက် ညင်သာစွာ စီးဆင်းသွားသည်။ စိတ်ဝိညာဉ်ပင်လယ်တောင် ယခင်ထက်​တောင် ပို၍ ကျယ်ဝန်းလာသလိုပင်။

"ဟင်?"

လီကျစ်ရွှမ်းသည် သူမခန္ဓာကိုယ်က အခြေအနေကို ခံစားလိုက်ရတာကြောင့် အံ့အားသင့်မှု လှိုင်းလုံးများ ဖြတ်ပြေးသွားခဲ့သည်။ ပြီးနောက် သူမ၏ လှပသော မျက်နှာပေါ်၌ ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့၏။

"နောက်ဖွားနယ်ပယ် အဆင့်၉?"

"ငါ တကယ်... ထိုးဖောက်သွားတာလား!?"

အဲဒီလောက်တောင် ရိုးရှင်းလား။

လီကျစ်ရွှမ်းမှာ မယုံ​ကြည်နိုင်လောက်အောင် ဖြစ်နေပြီး သူမမျက်စိရှေ့က အဖြစ်မှန်များကို ယုံကြည်ရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေသော်လည်း ခန္ဓာကိုယ်အတွင်းမှ ချီများ စီးဆင်းနေသည့် ခံစားချက်ကြောင့် မငြင်းနိုင်ပေ။

စစ်မှန်သော ချီအနှစ်သာရများ စီးဆင်းလာတဲ့အခါ ကြယ်စွမ်းအားသည် သူမ၏ ယခင်အခြေအနေထက် အဆတစ်ရာ ပိုမိုအားကောင်းလာသည်။

ဤသည်မှာ နောက်ဖွားနယ်ပယ် နဝမအဆင့် အခြေအနေပဲ ဖြစ်​လေသည်။

အဲဒီမှာထိုင်နေရုံနဲ့ ဒီအောင်မြင်မှုတွေကို ရခဲ့တာလား။

"မဟုတ်​သေးဘူး... ဒါတွေအားလုံးက ဆရာ့ရဲ့အကူအညီကြောင့်ပဲ"

လီကျစ်ရွှမ်းသည် ကျေးဇူးတင်စိတ်များဖြင့် သူမရှေ့မှ တိတ်ဆိတ်နေသော ကျောက်တုံးကို မျှော်ကြည့်ကာ မျှော်လင့်ချက်တွေက အားကောင်းလာခဲ့​ပြန်သည်။

ဆရာ့ထံမှ ကျောက်တုံးတစ်တုံးသည် သူမအား ဉာဏ်အလင်းရရှိရန် ကူညီပေးခဲ့သလို နောက်ဖွားနယ်ပယ် အဆင့်၉ သို့ တက်လှမ်းနိုင်အောင်လည်း ကူညီပေးနိုင်ပါသည်။

ဒါဆို ဆရာ့ရဲ့ စစ်မှန်တဲ့ နယ်ပယ်က ဘယ်လောက်တောင် မြင့်နေပြီလံ?

"ဆရာခြေရာကို လိုက်နင်းနိုင်ပါ့မလား"

ဤအတွေးတစ်ချက်ဖြင့် လီကျစ်ရွှမ်း၏ လှပသော မျက်လုံးများပေါ်တွင် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တစ်ခု လင်းလက်လာသည်။ သူမသည် မျက်လုံးများကို မှိတ်ကာ ကမ္ပည်းထိုးထားသည့် စာလုံးပေါ်က ဓားစွမ်းအင်ကို အာရုံစူးစိုက်လိုက်၏။

ယခု ဤကျောက်ပြား၏ အကူအညီဖြင့် ဓားတစ်ချောင်းနဲ့ ကောင်းကင်တံခါးဖွင့် ဓားပညာအပေါ် သူမ၏ နားလည်မှုမှာလည်း နက်ရှိုင်းလာခဲ့သည်။

ဒီလိုတိုးတက်မှုနှုန်းအတိုင်းဆို သူမသည် ကောင်းကင်တံခါးဖွင့် ဓားပညာကို အောင်မြင်မှုကြီး အဆင့်သို့ မကြာမီအချိန်အတွင်း ရောက်ရှိလိမ့်မည်။

All Chapters