← Chapters

မြေခွေးလေး

Vol. 4 Ch. 45

မြေခွေးလေး

Vol. 4 Ch. 45

"တကယ် သရဲခြောက်​နေတာလား?"

ချင်းယန်သည် စင်္ကြံလမ်း​ပေါ်တွင် မတ်တပ်ရပ်လျက် အံ့အားသင့်​နေမိသည်။ အေးစက်သောညလေညင်းများက တိုက်ခတ်လာသဖြင့် သူ့ကျောပြင်ပေါ်တွင် အေးစိမ့်စိမ့် အရသာကို ခံစားလိုက်ရသည်။

ကျယ်လောင်သော ရယ်မောသံသည် စင်္ကြံလမ်းတစ်လျှောက်နှင့် နံရံများကြားမှာတောင် အဆုံးမသတ်နိုင် ပဲ့တင်ထပ်နေရာ အမှန်တကယ်ပင် ကြောက်စရာကောင်းနေ၏။

နတ်ဆိုးအချို့ စင်္ကြံတွင် တကယ်ကြီး နေထိုင်နေသကဲ့သို့ပင်။

"မဟုတ်ဘူး... ငါသိပ္ပံပညာကို ယုံရမယ်!"

ချင်းယန် သူ့ကိုယ်သူ ငြိမ်သက်သွားအောင် ထိန်းချုပ်ရင်း ရုတ်တရက် နောင်တရသော ခံစားချက်ကို ခံစားလိုက်ရသည်။ တံစဉ်ဖြစ်ဖြစ် တူဖြစ်ဖြစ် ယူလာခဲ့သင့်သည်။

တစ္ဆေတစ်ကောင် ဖြစ်နေတော့ရော ဘယ်သူက ဂရုစိုက်မှာလဲ။

ရိုက်ချက်တစ်ခုနဲ့ တစ်စက္ကန့်အတွင်း ဇာတ်သိမ်းပေးလိုက်မည်။ ချင်းယန် တွေးနေစဉ်မှာပင် စနစ်ရဲ့ သတိပေးချက်တစ်ခုက သူ့စိတ်ထဲရောက်လာသည်။

"တင်း! ဧကရာဇ်အဆင့် ကြယ်သားရဲ အမြီးကိုးချောင်း မြေခွေးရဲ့ တည်ရှိနေမှုကို တွေ့ရှိထားပါတယ်... host ချက်ချင်း ထွက်သွားပြီး ဧကရီတပည့်ကို ချေမှုန်းခိုင်းပါ!"

"အမြီးကိုးချောင်း မြေခွေး?"

စနစ်သတိပေးချက်ကို ကြားတော့ ချင်းယန် အလွန်ဝမ်းသာသွားသည်။

လာပြီ!

ခွေးစနစ်က ရူးသွပ်သွားပြန်တယ်။

ဒီတစ်ခါတော့ အမြီးကိုးချောင်းတောင်လား?

ဒီသတ္တဝါက ဒဏ္ဍာရီလာ သားရဲ ဖြစ်သည်။

အမြီးကိုးချောင်း ပါရှိပြီး အနှစ်တစ်ထောင် အသက်ရှင်ကာ အရာခပ်သိမ်း၏ ဝိညာဉ်စွမ်းအင်ကို ၎င်းတို့ အကျိုးအတွက် စုဆောင်းနိုင်​ကြသည်။

အဲဒီအကောင်က အခုဒီမှာရှိလား။

"မဟုတ်​သေးဘူး"

ချင်းယန် တွေး​​ကြည့်လိုက်သည်။ ခွေးစနစ်ရဲ့ သဘောသဘာဝအရဆို အရင်တစ်ခါ ပိုးဟပ်နှင့် ပင့်ကူတို့တုန်းကလည်း သားရဲဘုရင်နှင့် သားရဲဧကရာဇ် ဖြစ်လာနိုင်ခဲ့သည်။ ဒါကြောင့် ဒီတစ်ခါ သူကြုံတွေ့ရတဲ့ အမြီးကိုးချောင်း မြေခွေးက နည်းနည်းတော့ သေးနေလိမ့်မလား။

အူကြောင်ကြောင် မြေခွေးတစ်ကောင်သာ ဖြစ်နိုင်သည်။

သို့သော် ယခင်က သွေးနတ်ဆိုးကလည်း တန်ပြန်ဥပမာ တစ်ခုဖြစ်သည်။ အဲဒီအတိုင်းဆို ယခုက အလွန်အန္တရာယ် များလှပါသည်။ ကျန်းဟိုင်မြို့၏ မွေးရာပါနယ်ပယ် သခင်သုံးယောက်၏ ပေါင်းစပ်ကြိုးပမ်းမှုပင်လျှင် ၎င်းကို မနှိမ်နင်းနိုင်ခဲ့။

"သတိထားတာ ပိုကောင်းမယ်"

ဒါကိုတွေးပြီး ချင်းယန် သတိမ​ပေါ့ဝံ့ဘဲ အဆောက်အဦးထဲ သူ့အငွေ့အသက်ကို ဖုံးကွယ်ဖို့ ကြယ်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ခဏအကြာတွင် သူသည် ကြယ်စွမ်းအင် အတက်အကျများ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

သတ္တမထပ်ကနေ လာခဲ့တာပင်။

ပြီးတော့ အငွေ့အသက်က ဒီလောက်ကြီး မဟုတ်ပေ။

ဒီအခြေအနေကနေ အဆုံးအဖြတ်ပေးရင် ပြိုင်ဘက်ရဲ့ အင်အားဟာ ဂိုဏ်းဆရာ အဆင့်ကို အကောင်းဆုံး မကျော်နိုင်ခဲ့သေးတာကြောင့် သူအတွက် လုံးဝ ခြိမ်းခြောက်မှု မရှိပါ။

"ဒါကတော့ သေချာလောက်တယ်"

ဂိုဏ်းဆရာအထက်ဆို သူနဲ့ သရေပွဲ နွှဲလို့ရမည်။ ထိုအောက်ဆိုလျှင် သူ့ကို တိုက်ခိုက်ဖို့ မအောင်မြင်နိုင်ပေ။

ဤအတွေးဖြင့် ချင်းယန် သူ့သံသယတွေကို ဖယ်လိုက်ပြီး လှေကားထစ်ကို ခုန်တက်လိုက်ပြီး ခုနစ်ထပ်ကို ရောက်သွားခဲ့၏။

ခဏအကြာ သတ္တမထပ်ထောင့်မှာ။

မီးခိုးရောင် မျက်နှာကျက် မီးတွေက တဖျပ်ဖျပ်ခတ်ပြီး စင်္ကြံတစ်လျှောက်မှာ ကြောက်စရာကောင်းတဲ့ လေတွေက ဟိန်းဟောက်နေသည်။

အဖြူရောင်သန့်သန့်လေး ဝတ်ထားသော နတ်သမီးလေးသည် အလင်းရောင်အောက်တွင် ရပ်နေကာ သူမ၏ ဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ လွင့်ကျနေသည်။ ကလေးငိုနေသကဲ့သို့ လည်ချောင်းမှ အသံများ ထွက်ပေါ်လာသည်။

မိန်းကလေး ခြေရင်းမှာတော့ ကြောက်ရွံ့ထိတ်လန့်ပြီး သတိလစ်နေတဲ့ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဟာ အဲဒီနေရာမှာပဲ လဲလျောင်းနေသည်။ သူမရဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို မြေပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့ပါ၏။ သူမ မျက်နှာကတော့ ဖြူဖျော့နေလျက်။

"၇ယောက်မြောက်..."

တစ္ဆေမိန်းက​လေးသည် မြေပြင်ပေါ်ရှိ အမျိုးသမီးကို စိုက်ကြည့်ကာ ရေတွက်လိုက်သည်။ ထို့နောက် လေးဘက်ထောက်၍ ငုံ့ထိုင်လိုက်သည်။

နောက်အခိုက်အတန့်၌ အစိမ်းရောင် မီးခိုးငွေ့များ လွင့်ပျံလာသည်။

သူမခန္ဓာကိုယ်သည် ရုတ်တရက် ကျုံ့သွားကာ အဖြူရောင်အဝတ်အစားများ ပျောက်ကွယ်သွားကာ မြေခွေးဖြူကလေးအဖြစ် ပြောင်းလဲသွားသည်။ ၎င်း၏ ပျော့ပျောင်းသော အမွေးများသည် နှင်းပွင့်အလားဖြူစင်ပြီး ၎င်း၏ကြီးမားပြီး ထူထဲသော အမြီးသုံးချောင်းက လွင့်နေပါသည်။

သူမ၏ မျက်လုံးဝိုင်းများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်များ ပေါ်လာပြီး သူမ၏ အကြည့်များက ခံစားချက်အပြည့်ဖြင့်။ တောတွင်းမှာ ကျင်လည်နေရသော မြေခွေးရိုင်းအတွက် လူသားအသွင် ပြောင်းလဲဖို့ အခက်အခဲရှိမှန်း သူမ သိသည်။

ကောင်းကင်က ကြယ်တွေရဲ့ စွမ်းအားကို စုပ်ယူရုံနဲ့ မလုံလောက်ပါ။

တိရစ္ဆာန်အချို့သည် ဝိညာဥ်အသီးအနှံများကို ရပြီး လူသားအဖြစ်သို့ ပြောင်းလဲရန် အခွင့်အလမ်း ရရှိကြသည်။ ဒါပေမယ့် ကံမကောင်းလို့ သူမလို တောရိုင်းသတ္တဝါတွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီလိုအခွင့်အရေးမျိုးကို ဘယ်တော့မှ ကြုံတွေ့ရမှာ မဟုတ်ပါ။ သို့သော် ကံကောင်းထောက်မစွာနဲ့ ကောင်းကင်ဘုံဆင့်ကဲဖြစ်စဉ် လေးဆယ့်ကိုးခုရှိသည်။ ၎င်းတို့ထဲမှ တစ်ခုကို ဖယ်ထုတ်လိုက်လျှင် အရာအားလုံးအတွက် ထွက်ပေါက်တစ်ခု အမြဲရှိနေမည် ဖြစ်သည်။

လူ့ဝိညာဉ်စွမ်းအင်ဖြင့် ကျင့်ကြံခြင်းသည် တာအိုဘာသာကို ပြောင်းလဲခြင်း နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

မြေခွေးများသည် ၎င်းတို့အမြီးများတွင် စွမ်းအင်စုဆောင်းကြပြီး တစ်မှ ကိုးအထိ စုဆောင်းကြရသည်။ အမြီးကိုးချောင်း အထွတ်အထိပ်သို့ ရောက်ရှိပြီး စစ်မှန်သော အမတအဖြစ်သို့ ရောက်သည်အထိ ကျင့်ကြံကြသည်။

ယခုအခါ ၎င်းသည် စင်္ကြံရှိနေထိုင်သူများ၏ အရေးပါသော စွမ်းအင်များကို ခိုးယူလာကာ နောက်ဆုံးတွင် ပန်းတိုင်ကို နီးကပ်လာခဲ့ပြီပဲ ဖြစ်သည်။

"အမြီးလေးခု ရှိလာတော့မယ်....."

မြေခွေးဖြူသည် ကြီးမားပြီး အမွေးထူထူ အမြီးသုံးချောင်းကို ပြန်ကြည့်ကာ မျက်လုံးများက သဘောကျမှုနှင့် ပြည့်နှက်နေသည်။

ရွှင်မြူးသောစိတ်ဖြင့် သက်လတ်ပိုင်းအမျိုးသမီးထံသို့ ချဉ်းကပ်ကာ သူမအတွက် အရေးကြီးသော စွမ်းအင်များကို ဆက်လက်စုပ်ယူရန် ပြင်ဆင်နေစဥ် ရုတ်တရက် စင်္ကြံမှာ ထူးဆန်းတဲ့ အသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။

"တကယ် မြေခွေးငယ်လေးကိုး..."

ရုတ်ချည်းထွက်ပေါ်လာသော ယောက်ျားအသံက ဘယ်က ထွက်ပေါ်လာပုံရမှန်း မသိလိုက်တာကြောင့် မြေခွေးဖြူလည်း လန့်သွားသည်။

စင်္ကြံမှာ တခြားတစ်ယောက် ရှိနေတာလား?

ဘာလို့ သတိမထားခဲ့မိတာလဲ!

သူ့နှလုံးသားက ကြောက်ရွံ့တုန်လှုပ်နေပြီး ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကလည်း တုန်လှုပ်လာသည်။ အသံရဲ့ အရင်းအမြစ်ကို လှည့်ကြည့်ရင်း အံသွား​တွေကို ကြိတ်ထားမိသည်။ ချင်းယန် ပေါ့ပေါ့ပါးပါး ဖြတ်သွားဖြတ်လာ တစ်ယောက်လို သူ့ညအိပ်ဝတ်နှင့် ဖိနပ်တစ်ရံကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး စင်္ကြံလမ်းပေါ် ထွက်လာသည်။

"နောက်ထပ် လူသား?"

မြေခွေးဖြူလည်း အံ့ဩသွားကာ ၎င်း၏ မျက်လုံးဝိုင်းဝိုင်းများက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်လာသည်။ မနက်သုံးနာရီထိုးပြီ။ တစ်ယောက်ယောက်က ဘာလို့ လမ်းလျှောက်ထွက်​နေတာတုန်း။

ငါ အငွေ့အသက်ကိုရော သူဘယ်​လို​လုပ် ရှာတွေ့သွားတာလဲ?

အဖြေမရသေးသော မေးခွန်းများစွာ ရှိနေသော်လည်း မြေခွေးဖြူက ခေါင်းခါပြီး မသိစိတ်ကသာ မှင်တက်သွားသည်။

နောက်အခိုက်အတန့်တွင်....

ဗုန်း!

မီးခိုးငွေ့များသည် ၎င်း၏ပုံစံအမှန်ကို ဖုံးကွယ်ထားလိုက်ပြန်သည်။ စင်္ကြံတစ်လျှောက်တွင် လွင့်မျောနေသော ကြောက်စရာကောင်းသော အမျိုးသမီးတစ္ဆေအဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားခဲ့၏။

ဖြူဖြူစင်စင် ၀တ်ဆင်ထားသော သူမ၏ မျက်နှာသည် နီရဲနေသော အသားများ ဖုံးလွှမ်းနေပြီး အရိုးများပင် ဖျတ်ခနဲ မြင်နေရကာ သူမပါးပြင်မှ သွေးများ အဆက်မပြတ် စိမ့်ထွက်ကျနေသည်။

ခပ်မှိန်မှိန် စင်္ကြံမီး၏ နောက်ခံကို ဆန့်ကျင်၍ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းသော သရဲဇာတ်ကားတစ်ကားမှ တစ္ဆေသရဲတစ်ကောင် ခုန်ထွက်လာတာနဲ့တောင် တူ​နေသည်။

သာမာန်လူသားတိုင်း မထိန်းနိုင်ဘဲ ကြောက်ရွံ့ထိတ်လန့်ကာ နေရာတွင်ပင် သေဆုံးသွားကြပေလိမ့်မည်။

သို့သော် ချင်းယန် မပြေးချေ။ အဲဒီအစား သူကအဲဒီမှာပဲရပ်ပြီး လက်ပိုက်လျက်သာ တစ္ဆေမိန်းကလေးကို စေ့စေ့ကြည့်နေ၏။ သူ့အမူအရာကလည်း ငြိမ်သက်နေသည်။

သူ့မျက်လုံး​တွေက မင်း ဟန်ဆောင်နေတာကို ငါ တိတ်တိတ်လေး စောင့်ကြည့်နေမယ်လို့ ပြောနေသလိုပင်။

"..."

ခဏလောက်​ကြာတော့ လေထုက အဆင်မပြေဖြစ်လာသည်။ မြေခွေးဖြူနှင့် ချင်းယန်တို့သည် မလှုပ်မယှက် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ အချိန်ကြာလာသည်နှင့်အမျှ မြေခွေးဖြူခမျာ ပုတ်ခတ်မှုကို ခံစားလာရသည်..။

ဘာလို့...ဒီလူက မပြေးတာလဲ!

ငါက ကြောက်စရာ မကောင်းဘူးလား။

ဇဝေဇဝါဖြစ်ပြီး သူ့သွားတွေကို အံကြိတ်ကာ သူ့ရဲ့ထင်ယောင်ထင်မှား ပုံရိပ်တွေကို ပြန်ထုတ်လိုက်တော့သည်။ ချင်းယန် မြေခွေးဖြူကို စောင့်ကြည့်နေဆဲ။ ထိုစဥ် ချင်းယန် ပတ်လည်စင်္ကြံရှိ မြင်ကွင်းသည် ရုတ်တရက်ပြောင်းသွားသည်။

နံရံများ ပြိုကျကာ မရေမတွက်နိုင်သော အပေါက်များ ပေါ်လာသည်။ ဖြူဖျော့သော ခြေလက်များက ထိုအပေါက်များမှ ဆန့်ထွက်ကာ ယိမ်းနွဲ့လှုပ်ရမ်းကာ ရှိုက်ကြီးတငင် အော်သံများနှင့်အတူ ပုံပျက်လာသည်။

ဤကြောက်မက်ဖွယ် မြင်ကွင်းများထဲတွင် နှစ်မြှုပ်နေသော ချင်းယန်သည် တည်တည်ငြိမ်ငြိမ်နှင့် ဖွဲ့စည်းထားသည့် ကျောက်တုံးလူသား အလား။ သူက သူ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး အရာအားလုံးကို မြန်မြန်ဆန်ဆန် နားလည်နိုင်ဖို့ သူ့ရဲ့ ချီစွမ်းအင်ကို ထုတ်လွှတ်လိုက်ပါ၏။

ခြေလက်တွေ လုံးဝမရှိခဲ့ပါ။ သူဟာ စင်္ကြံတွင်ရှိနေဆဲ ဖြစ်ပြီး ဘယ်ကိုမှ ထွက်မသွားခဲ့။ အရာအားလုံးဟာ လှည့်စားမှုတစ်ခုသာ။ အမြီးကိုးခုရှိသော ဤမြေခွေးသည် အပြင်ပန်းကသာ အစွမ်းထက်ပုံပေါ်ပေမယ့် လက်တွေ့မှာတော့ အားနည်းသည်၊ ဟန်ဆောင်တတ်သည်။

၎င်း၏ စစ်မှန်သော ခွန်အားသည် ချို့တဲ့နေသောကြောင့် ဆက်လက် ရှင်သန်နိုင်ဖို့ ဤနည်းဗျူဟာများကိုသာ အားကိုးနိုင်ခဲ့တာ ဖြစ်မည်။

ဒါကိုတွေးပြီး ချင်းယန် ငြိမ်ငြိမ်လေးရပ်နေပြီး မြေခွေးဖြူရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်မှုကို တိတ်တဆိတ် သဘောကျနေမိသည်။

ပန်းရောင်အရိုးစုများမှ အလောင်းကောင်များ၊ တောင်တန်းများ နှင့် သွေးပင်လယ်မျးအထိ၊ သန်းခေါင်ယံ နတ်ဆိုးတစ်ရာ၏ ချီတက်ပွဲအထိ ကြောက်စရာကောင်းတဲ့ စိတ်ကူးယဉ် လှည့်ဖြားမှုမျိုးစုံက သူ့အပေါ်ကို လွှမ်းခြုံသွားပြီး ချင်းယန် စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ယ

နှစ်မိနစ်ကြာသော်

မြေခွေးဖြူသည် မလှုပ်မယှက်ဖြစ်နေသော ချင်းယန်ကို ကြည့်ကာ နောက်ဆုံးတွင် ငြိမ်သက်သွားလေသည်။ ၎င်းက အံ့ဩသွားပြီး။

“ဘာလို့ မကြောက်တာလဲ”

ချင်းယန်လည်း ချက်ချင်းပင် အံ့သြသွားသည်။

"ဒါဆို မြေခွေးက စကားပြောနေတာလား"

All Chapters