← Chapters

သစ်သားတုံး

Vol. 20 Ch. 267

သစ်သားတုံး

Vol. 20 Ch. 267

"အဲဒီနေ့က ရွှင်းအာတောင်ကုန်းမှာ ဘယ်တုန်းကမှ အဲ့ဒီလောက်အေးလှတာ မရှိခဲ့ဖူးဘူး။ အမေ့ကိုကြည့်ရတာ ဝိညာဉ်ပျံ့လွင့်သွားသလို မြေပြင်ပေါ် လဲကျသွားတယ်။ ကျွန်တော်က အမေ့ဘေးမှာရပ်ပြီးအဖေ့ခန္ဓာကိုယ်ကို ငေးကြည့်နေမိတယ်။

ခေါင်းထဲမှာ တဝီးဝီးနဲ့ မြည်နေပေမယ့်လည်း လုံးဝကို ဗလာဖြစ်နေပြီး ဘာမှမရှိဘူး။

ကျွန်တော်တို့ အဲ့နေရာမှာ အတော်ကြာ နေခဲ့ကြတယ်၊ နောက်ဆုံးမှာတော့ အမေငိုလာခဲ့တယ်။

ဒါဟာ အရမ်းခံစားရခက်ခဲပြီး ထိတ်လန့်စရာလည်း ကောင်းတယ်၊ ဘာကြောင့်လဲဆိုတော့ အဖေ့လက်ထဲမှာ ဘီးတစ်ချောင်း ကိုင်ထားတာကို မြင်လိုက်ရလို့ပါ"

"ဒါက ကျွန်တော်ကောက်ယူခဲ့တဲ့ ဘီးဖြစ်ပြီး သူ့လက်နဲ့ တင်းတင်းကျပ်ကျပ်ကို ဆုပ်ကိုင်ထားတယ်။ ကျွန်တော်ပါပဲ။ ကျွန်တော် အဘိုးထန် နဲ့ အဖေ့ကို သတ်မိခဲ့တယ်။ ဒီအရာအားလုံးကို စတင်ခဲ့တဲ့ သူက ကျွန်တော်ပါပဲ! ဒါပေမယ့် ဒီအချိန်မှာ ကျွန်တော်ကိုယ်တိုင်က ကျွန်တော့်ကို ကူညီပေးဖို့ ဘယ်သူ့မှ မရှိဘူးလို့ ခံစားလိုက်ရတယ်။

အရင်တုန်းက ကျွန်တော့်မှာ အဖေရှိခဲ့တယ်၊ ကျွန်တော့်မှာ ထောက်ပံ့ကူညီပေးမယ့်သူ ရှိတယ်လို ခံစားရတယ်၊ ဒါပေမယ့် အခု အဖေလည်း သေဆုံးသွားပြီ။ ဒီကိစ္စက ဘယ်တော့ ပြီးဆုံးမယ်ဆိုတာတောင့ မပြောနိုင်ဘူး၊ ဘာလုပ်ရမှန်းလည်း မသိတော့ဘူး"

"ကျွန်တော်နဲ့အမေ ငိုပြီးတဲ့နောက်၊ ကျွန်တော့် အကျီ့ကိုချွတ်ပြီး အဖေ့ကိုယ်ပေါ်မှာ ဝတ်ထားပေးလိုက်တယ်။ လူတွေကို သူ့ရဲ့ ဒီလိုပုံစံကို မမြင်စေချင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတလေမှာ လူတစ်ယောက်က သိသွားရင် တစ်နယ်လုံးက ဘယ်သူမဆို သိသွားမှာမို့လို့ပါ။

ဒီလိုနဲ့ပဲကျွန်တော် ရွှင်းအာတောင်ကုန်း ကနေ အဖေ့ကို ကျောပိုးချီပြီး ဆင်းလာခဲ့တယ်။ သူက အဲ့ဒီအချိန်မှာ အရမ်းပေါ့နေပြီး ကျွန်တော် အတန်အသင့် တွန်းအားပေးပြီး သူ့ကိုကောက်ချီလိုက်တယ်။ တောင်ကနေဆင်းပြီးတဲ့နောက် ရွာထဲက လူတွေက ကျွန်တော်တို့ကိုမြင်ကြတယ်၊ ကျွန်တော့်အဖေ သေဆုံးသွားပြီဆိုတာလည်း သိသွားကြတယ်။

ဒါပေမယ့် မင်းတို့သိလား? ကျွန်တော် သူ့ကိုရွာထဲကို ကျောပိုးချီပြီးဝင်လာတဲ့အခါ ကျွန်တော့်နောက်ကျောက ရုတ်တရက် အရမ်းလေးလာပြီး အားစိုက်ဖို့တောင် အချိန်မမီခဲ့ဘူး၊ ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်လဲကျသွားတယ်၊

ပြီးတော့...ပြီးတော့ သူတို့က ကျွန်တော့် အဖေ့ရဲ့ အသားတွေ မရှိတော့တဲ့ ခန္ဓာကိုယ်ကိုမြင်လိုက်ကြတယ်"

"အဲဒီအချိန်တုန်းက လူအများကြီးက ကူညီဖို့ လာချင်ကြတယ်၊ဒါပေမယ့် ကျွန်တော့် အဖေ ပုံစံကို မြင်တဲ့အခါ အားလုံးက နောက်ပြန်ဆုတ်သွားကြတယ်။ လူတိုင်းက ထိတ်လန့်ကြောက်ရွံ့စွာနဲ့ ကြည့်နေကြတယ်၊ သူတို့က လာချင်ပေမယ့် မဝံ့မရဲ ဖြစ်နေကြတယ်။

ကျွန်တော်ငိုပြီးအဖေ့ကို ထပ်ကျောပိုးပြီး ချီလိုက်တယ်။ ကျွန်တော်ဘယ်သူ့ကိုမှ စကားမပြောခဲ့ဘူး။

သူသေဆုံးပြီးနောက်ကျွန်တော် ဈာပနအတွက် စီစဉ်ခဲ့တယ်။ အရာရာတိုင်းက အေးချမ်းမှုဆီကို ပြန်ရောက်သွားသလိုပဲ၊ ကျွန်တော် ဘီးကိုမီးရှို့လိုက်တယ်"

"အဖေ့ရဲ့ နှစ်ပတ်လည် ရောက်တဲ့အခါ အမေ စိတ်မသက်မသာဖြစ်မှာစိုးရိမ်လို့ အခြားနေရာတစ်ခုကို ခဏတဖြုတ် ခေါ်သွားခဲ့တယ်။ ဒီရက်သတ္တပတ်အတွင်းမှပဲ ပြန်ရောက်လာခဲ့တာ"

"မင်းပြန်ရောက်လာပြီး နောက်ထပ် ဘီးတစ်ချောင်း ထပ်ကောက်မိလား?"

ရှောင်ပန် ပြောပြီးတဲ့နောက် ကျန်းရီက မေးခွန်းထုတ်လိုက်တယ်။ ရှောင်ပန်က သက်ပြင်းရှည်ကြီးချလိုက်ပြီး-"ဟုတ်တယ်၊ ဒီဘီးကို ကျွန်တော်ထပ်မြင်လိုက်ရတယ်။ မနေ့က အမေ့ကို ပြန်ခေါ်လာခဲ့တယ်၊ မထွက်ခွာခင်ကလည်း အိမ်ထဲက ပစ္စည်းတွေ အများကြီးကို စီစဉ်ထားခဲ့တယ်။

အခု ပြန်ရောက်လာပြီဆိုတော့ ပြန်နေထိုင်ဖို့လိုတယ်၊ သန့်ရှင်းရေးလည်း သေချာလုပ်ဖို့လိုတယ်။ ကျွန်တော့် အခန်းကို သန့်ရှင်းရေးလုပ်တယ်၊ စောင်ကို လျှော်ဖို့ ပြင်ဆင်လိုက်တယ်၊ ခေါင်းအုံးစွပ်လည်း ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်လက်က ခေါင်းအုံးအောက်မှာ တစ်ခုခုကို ထိမိသလိုဖြစ်သွားခဲ့တယ်။ ခေါင်းအုံးကို မြောက်လိုက်တဲ့အခါ ခေါင်းအုံးအောက်မှာ ဘီးတစ်ချောင်း ရှိနေတယ်။ ဒါက အနီရောင်ပလတ်စတစ် ဘီးဖြစ်ပြီး သွားတွေကြားထဲမှာ မည်းနက်ပေကျံနေတဲ့အရာတွေရှိနေတယ်။ ဒါက ကျွန်တော် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတဲ့ဘီးနဲ့ အတူတူပဲ"

"ဒီဘီးကိုမြင်လိုက်ရတဲ့အချိန် ကျွန်တော့် နှလုံးခုန်သံက အရမ်းမြန်နေခဲ့တယ်။ ကျွန်တော်က အရာအားလုံး ပြီးဆုံးသွားပြီလို့ ထင်ထားခဲ့တာ၊ ဒါပေမယ့် ဒါက ပြန်ပေါ်လာမယ်လို့ မျှော်လင့်မထားမိဘူး။ အမေ့ကိုပြောပြဖို့ မဝံ့မရဲဖြစ်နေခဲ့တယ်၊ ဒါကြောင့် ဘီးကိုယူပြီး အလျင်အမြန်ပဲ မီးရှို့လိုက်တယ်။

ဒါပေမယ့်ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် အရမ်းကို စိတ်မသက်မသာဖြစ်နေခဲ့တယ်။ ကျွန်တော်ပထမဆုံးအကြိမ် ဘီးကောက်မိပြီး နောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်သတိရမိတယ်၊ ဒါကြောင့် အဲ့ဒီညမှာပဲ မီးရှို့ဖို့ ဆုံးဖြတ်လိုက်တယ်။ အွန်လိုင်းပေါ်မှာ ရှိတဲ့ သဘာဝလွန်အုပ်စုတွေ ဖိုရမ်တွေမှာ ရှာဖွေကြည့်ပြီး အွန်လိုင်းပေါ်က တစ်စုံတစ်ယောက်က ကျွန်တော့်ကို ကူညီနိုင်မလားဆိုတာ ရှာဖွေကြည့်လိုက်တယ်”

"နောက်ပိုင်း ရှာဖွေပြီးတဲ့နောက် ကျွန်တော် စတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ ​ရောက်လာခဲ့တယ်။ ကျွန်တော်က စမ်းသပ်ကြည့်ရှူလိုတဲ့ စိတ်နဲ့ပဲ စတွင်မာကို ရှာတွေ့ခဲ့တာ"

ရှောင်ပန်က ဖြစ်ရပ်အားလုံးကို နောက်ဆုံးပြောပြီးသွားတဲ့အခါ ကျန်းရီ ကလည်း နားလည်သွားခဲ့တယ်၊ ဒီဖြစ်ရပ်တွေက အချိန်တွေ ကြာသွားလေ မေ့သွားနိုင်မယ့် ကိစ္စ မဟုတ်ခဲ့ဘူး။

အဖိုးထန် ဟာဘီးကို ရပြီး စတုတ္ထမြောက်နေ့မှာ သေဆုံးသွားတယ်။ ရှောင်ပန် ရဲ့အဖေကတော့ အဖိုးထန် သေဆုံးပြီး ရက်အနည်းငယ်အကြာမှာ သေဆုံးသွားတာ ဖြစ်နိုင်တယ်။

အရေးအကြီးဆုံးကတော့ သူ့ရဲ့ သေဆုံးပုံက ရှောင်ပန် သိရှိထားတဲ့ အာချိုင်း သေဆုံးပုံနဲ့ အတူတူပါပဲ။ ဦးခေါင်းက မပျက်စီးဘဲ ကျန်ရစ်ပြီးတော့ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အပိုင်းတွေကတော့ အရိုးဖြူဖြူတွေပဲ ကျန်နေခဲ့တယ် "

မင်းအဖေသေဆုံးမှုက အာချိုင်း နဲ့ ဘာများဆက်စပ်မှုရှိနေသလဲ" လို့ Jiang Ye က မေးလိုက်တယ်။

ရှောင်ပန်က "မသိဘူး၊ တကယ်ကို ဘာမှမသိရဘူး" လို့ပြန်ဖြေလိုက်တယ်။

"ဒါဆိုဘီးကိုထပ်မြင်ရတဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်ခဲ့လဲ?"

"ရွာထဲက လူတွေက အမေနဲ့ကျွန်တော် ပြန်ရောက်လာတာကိုမြင်တော့ ပြုံးပြီး နှုတ်ဆက်နေကြတုန်းပဲ။

ဒါပေမယ့် ကျွန်တော်တွေ့ရတာက သူတို့ထဲက တော်တော်များများက အိမ်ကိုလာလည်ပြီး အချိန်မကုန်ဆုံးချင်ကြဘူး၊ အထူးသဖြင့် အိမ်နီးနားချင်းတွေက အိမ်ကိုတောင် မလာချင်ကြဘူး။

ကျွန်တော်တို့က သူတို့နဲ့အတူ အပြင်ကို လိုက်သွားခဲ့ကြတယ်။ အစောပိုင်းမှာတော့ ကျွန်တော်တို့ သတိမထားမိခဲ့ကြဘူး၊ ဒါပေမယ့် နောက်ပိုင်းမှာ ရွာထဲက အခြားလူတွေကို မေးမြန်းကြည့်မိတယ်။

သူတို့က မဝံ့မရဲ မပြောရဲကြဘူး၊ နောက်ဆုံးမှာတော့ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ပြောပြတယ်၊ ကျွန်တော်တို့ အိမ်ကထွက်ခွာပြီး မကြာခင်မှာပဲ ညဘက်တိုင်း ကျွန်တော်တို့အိမ်ကနေ မကြာခဏ ငိုသံတွေကြားရတယ်လို့ပြောတယ်၊ ပြီးတော့ အဲ့ဒီငိုသံတွေက ကျွန်တော့်အဖေ့ရဲ့ အသံတွေလို့လည်း ဆိုကြတယ်"

"ဒီလောက်များပြားတဲ့ အရာတွေကို ကြုံတွေ့ပြီးနောက်ပိုင်းမှာတော့ ကျွန်တော်က အဖေ့ငိုသံတွေကို မကြောက်ရွံ့တော့ဘူး။ သူအခုထိ ပြန်လည်မွေးဖွားခြင်း မရှိသေးဘူးလား၊ အိမ်မှာ ကျွန်တော်တို့ ပြန်လာတာကို စောင့်မျှော်နေတာလား ဆိုတာကိုပဲ သိချင်ခဲ့တယ်။ ဒီဖြစ်နိုင်ချေကို စဉ်းစားမိတဲ့အခါ တကယ်ကို အပြစ်ရှိသလို ခံစားလိုက်ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဖေသေဆုံးပြီးတာနဲ့ ကျွန်တော်က အမေ့ကိုခေါ်ပြီး အိမ်ကနေ ထွက်ခွာသွားခဲ့လို့ပါ။

သူတစ်ယောက်တည်း ဘယ်လောက်ထိ အထီးကျန်နေလိမ့်မလဲ? ဒါကို စဉ်းစားမိတဲ့အခါ ညဘက်မှာ တံခါးဝမှာ စားပွဲတစ်လုံးချထားလိုက်တယ်။ အမေ့ကို အစားအစာတစ်ခုခုချက်ခိုင်းပြီး အဖေအကြိုက်ဆုံး အရက်ကို ဝယ်ထားလိုက်တယ်။ အရက်ကို ခွက်ထဲ လောင်းထည့်ပြီးတဲ့နောက် ကျွန်တော်က 'အဖေ၊ အိမ်မှာရှိနေသေးရင် ထွက်လာပြီး ကျွန်တော့်ကို တွေ့ဖို့နဲ့ အရာအားလုံးကို ရှင်းပြပေးပါ' လို့ပြောလိုက်တယ်"

"ကျွန်တော်က ညနေခင်းကနေ ညသန်းခေါင်အထိ စောင့်ဆိုင်းနေခဲ့တယ်၊ ဒါပေမယ့် သူ့ကို ခေါ်ထုတ်လို့မရခဲ့ဘူး။ အမေက အိပ်ရာဝင်ဖို့ပြောတယ်။ သူလည်း အဖေ့ကို တကယ်ပဲ တွေ့ချင်နေတယ်ဆိုတာ ကျွန်တော်သိတယ်။

သူက ကျွန်​တော်တို့ကို ဘာမှမပြောခဲ့ဘဲ ရုတ်တရက်ဘထွက်ခွာသွားခဲ့တယ်။

ဆွေမျိုးသားချင်း တစ်ယောက်အနေနဲ့ ဒါကို လက်ခံဖို့ ခက်ခဲတယ်။ ဒါ့အပြင်ရွာသားတွေက ညဘက်မှာ အဖေ့ငိုသံကို ကြားရတယ် ဆိုတဲ့အတွက် အမေ့အတွက်လည်း ကျွန်တော့်ထက် စိတ်သက်သာရာ ရနေမှာမဟုတ်ဘူး။

ဒါပေမယ့်ကျွန်တော်အိပ်ရာမဝင်ခဲ့ဘူး၊ စားပွဲပေါ်မှာပဲ လှဲနေခဲ့တယ်။ အတော်ကြာ စောင့်ဆိုင်းပြီးတဲ့နောက်အိပ်ပျော်သွားခဲ့တယ်၊ ပြီးတော့ ခြေထောက်တွေက သတိမထားမိခင်မှာ တစ်ခုခုကို ကန်မိသလိုခံစားရတယ်။ ကျွန်တော်နိုးလာတဲ့အခါစားပွဲအောက်မှာ သစ်သားတုံးနှစ်တုံးကို တွေ့လိုက်ရတယ်"

"ဒီသစ်သားတုံးနှစ်တုံးရဲ့အောက်ခြေက ချွန်ထက်ပြီး အရမ်းကို ဆွေးမြေ့နေတယ်။ ဒီသစ်သားတုံး နှစ်တုံးကို ဘာကြောင့်များ ရင်းနှီးကျွမ်းဝင်သလိုခံစားရမှန်း ကျွန်တော်မသိဘူး။ ကျွန်တော် အကြာကြီး စဉ်းစားနေမိတယ်။

နောက်ဆုံးမှာတော့ဘယ်နေရာမှာ မြင်ဖူးခဲ့တယ်ဆိုတာ သတိရလာတယ်။ ဟုတ်တယ်၊ဒါက ကျွန်တော်တို့ တာရှန်းကျောင်း ကနေ ဆင်းပြီးနောက် အဖေနဲ့ ကျွန်တော်သွားခဲ့တဲ့ ရေကန်ထဲမှာပါ။

ကျွန်တော် အဲ့ဒီဘီးကို မကောက်မိခင် ရွာထဲက သူငယ်ချင်းတွေနဲ့အတူ ရေကန်ထဲမှာ ရေသွား ကူးခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ရေအနက်ကြီးထဲ ငုပ်ပြီး အဲ့ဒီ သစ်သားတုံး နှစ်တုံးကို ဆွဲနုတ်လိုက်တယ်။ စားပွဲအောက်မှာ ကျွန်တော်တွေ့လိုက်ရတာက အဲ့ဒီ သစ်သားတုံးနှစ်တုံးပါပဲ!"

ဒါကိုကြားပြီးတဲ့နောက် ကျန်းရီက "ဒီသစ်သားတုံးတွေ အခုထိရှိနေသေးလား? !" လို့ မေးလိုက်တယ်။

All Chapters