← Chapters

တန်ကြေး

Vol. 20 Ch. 269

တန်ကြေး

Vol. 20 Ch. 269

ပြောင်းလဲသွားတဲ့ မြင်ကွင်းက ကျန်းရီနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲက လူတိုင်းကို လွန်စွာ အံ့အားသင့်စေခဲ့သည်၊ အတွင်းမှာ ရှိနေတဲ့ ရှောင်ပန် ကိုတော့ ပြောစရာတောင် မလိုတော့ဘူး။

ဒီမြင်ကွင်းထဲ ပေါ်လာတဲ့ ယောင်္ကျားနဲ့ မိန်းမဟာ သူ့အဖေနဲ့ အာချိုင်း ဖြစ်တယ်ဆိုတာ သူကိုယ်တိုင် ကောင်းကောင်းကြီး သိထား​တယ်။

ဒါပေမယ့် သူ့အဖေနဲ့ အဖိုးထန်တို့က အာချိုင်းကို ထက်မြတဲ့ သစ်သားချောင်းတွေနဲ့ ဘာလို့ ထိုးနှက်ခဲ့ရတာလဲ။

အာချိုင်းကလည်း သူတို့ကို ဘာအကာကွယ်မှ မပြုလုပ်ခဲ့သလို၊ သူတို့ကို တွေ့တဲ့အခါ မျက်လုံးထဲမှာ အပြစ်ရှိတယ်ဆိုတဲ့ သဘောတင် မကဘဲ ပျော်ရွှင်မှု အနည်းငယ်ကိုတောင် မြင်နေရတယ်။

ထက်မြတဲ့ သစ်သားချောင်းနှစ်ချောင်းထဲက တစ်ချောင်းက အာချိုင်းရဲ့ ရင်ဘတ်ကို ဖောက်ထွင်းဝင်သွားပြီး၊ နောက်တစ်ချောင်းက သူ့ဦးခေါင်းကို ဖောက်ထွင်းဝင်သွားတဲ့အခါ သူ့ရဲ့ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့တယ်။

သူ့ရဲ့ လှုပ်ရှားမှုတွေက "ဒါက ဘယ်လိုဖြစ်နိုင်တာလဲ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" လို့ ပြောနေသလိုမျိုးပါပဲ။

မြင်ကွင်းထဲက အရာရာတိုင်းက ဆက်လက် ဖြစ်ပျက်နေဆဲပါ၊ သစ်သားချောင်းနဲ့ ထိုးသွင်းခံထားရတဲ့ အာချိုင်းမှာ လှုပ်ရှားနိုင်တဲ့ စွမ်းရည်လုံးဝမရှိတော့ပါဘူး။

အဖိုးထန်နဲ့ ရှောင်ပန်ရဲ့ အဖေတို့က သူမကို ရေကန်ထဲဆွဲချသွားကြတယ်၊ ရေထဲမှာ သူတို့လုပ်ခဲ့တဲ့ အရာရာတိုင်းကို မြင်တွေ့နေရဆဲပါ။ သူတို့က အာချိုင်းကို ရွှံ့ထဲမှာ မြဲမြံစွာ သစ်သားချောင်းနဲ့ စိုက်ချထားလိုက်ကြတယ်။

မြင်ကွင်းက နှစ်ပေါင်းများစွာ ကုန်လွန်သွားသလိုခံစားရပြီး ဆယ်ကျော်သက် လေးယောက်က ရေကန်ထဲမှာ ကစားနေကြတယ်။ မကြာခင်မှာပဲ ဆယ်ကျော်သက်တစ်ယောက်က ရေကန်အောက်ကို ငုပ်ဆင်းသွားတယ်။ သူက သစ်သားချောင်းနှစ်ချောင်းကို တွေ့ရှိခဲ့ပြီး ဆွဲနှုတ်လိုက်တယ်။

ထို ဆယ်ကျော်သက်လေးက သူ့နောက်က ရေအောက်မှာ ပုံရိပ်တစ်ခု မျောပါလာတာကို မမြင်မိခဲ့ဘူး။

သူမကတော့ အာချိုင်းပါပဲ!

"ဘာ...ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ..."

ရှောင်ပန်က သဘောပေါက်သွားပုံ ရပေမယ့် သဘောပေါက်သွားတဲ့အခါမှာတော့ တကယ့် အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ပါဘူး။

သူ့အဖေနဲ့ အဖိုးထန်တို့က ဘာလို့... ဘာလို့ အာချိုင်းသေဆုံးပြီးနောက် သူမရဲ့ဝိညာဉ်ကို အဲဒီရေကန်ထဲမှာ သစ်သားချောင်းနဲ့ စိုက်ထားခဲ့ရတာလဲ။

"ဒီလိုမျိုးက မဖြစ်နိုင်ဘူး။ ကျွန်တော့်အဖေက တစ်သက်လုံး မတရားတဲ့အလုပ် တစ်ခုမှ မလုပ်ခဲ့ဖူးဘူး။ သူ့တစ်သက်လုံး ရိုးရိုးသားသားနဲ့ ကြိုးစားပြီး အလုပ်လုပ်ခဲ့တာ။ ဒီလိုမျိုး အလုပ်ကို ဘယ်လိုလုပ်နိုင်မှာလဲ”

"အဒေါ်အာချိုင်း၊ အဒေါ် ဒီနားမှာ ရှိနေတယ် ဆိုတာ ကျွန်​တော် သိတယ်၊ ထွက်လာခဲ့၊ ကျွန်တော့် အဖေက မင်းထင်နေတဲ့ လူမျိုးမဟုတ်ဘူး။

ဒါတွေအားလုံးက မင်းဖန်တီးထားတဲ့ မျက်လှည့်ပဲ။

မင်းက အဖိုးထန် မင်းကို မကယ်တင်ခဲ့လို့ အပြစ်တင်နေမယ်ဆိုရင်၊ ဒီကိစ္စက မင်းအတွက် မတရားဘူးဆိုတာ ငါဝန်ခံတယ်။

ဒါပေမယ့် အဲဒီအခြေအနေမှာ တစ်ယောက်ယောက်က သေဆုံးဖို့က ကျိန်းသေနေတာပဲ။ ဒီလောက်ကြာပြီးမှ မင်းက မဆင်မခြင် အကုန်လုံးကို သတ်ပြစ်ချင်နေတာလား?!"

ရှောင်ပန်ရဲ့ ဟစ်အော်သံတွေကြားထဲမှာ အာချိုင်း ပြန်ပေါ်လာခဲ့တယ်။ သူမက ရှောင်ပန်ကို ကြည့်ရင်း ပြောလိုက်တယ်- "မင်းအဖေ သေပြီးနောက် မင်းတို့အိမ်မှာ ဘာလို့ငိုနေတယ်ဆိုတာ မင်းသိလား?"

"ငါမသိဘူး"

"မင်းမသိဘူးဆိုရင် ငါပြောပြမယ်၊ သူ့မှာ အပြစ်ရှိနေလို့ပဲ...

အဲဒီရေစီးထဲမှာ ငါ့ဘက်က ဦးကြီးထန်ရဲ့ လက်ကို လွှတ်လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။

အဲဒီချိန်တုန်းက မိန်းကလေးတစ်ယောက်က သူ့ကိုချစ်တဲ့ ယောင်္ကျားလေးတစ်ယောက်နဲ့ တွေ့တဲ့အခါ၊ အထူးသဖြင့် ယောင်္ကျားလေးနဲ့ မိန်းကလေးက အတူတူကြီးပြင်းလာခဲ့ကြရင်၊ မိန်းကလေးက သူ့ကို လက်ခံယုံကြည်မိတတ်ကြတယ်။

ဒါကြောင့် အဲဒီတုန်းက ငါ့ဘက်က လက်လွှတ်လိုက်ပြီး မင်းအဖေ့ကို အသက်ရှင်ခွင့်ပေးဖို့ တွေးမိခဲ့တယ်"

"ဒါပေမယ့် မင်းသိလား? ငါ လက်မလွှတ်ခင်မှာပဲ မင်းအဖေက ငါ့ကို ကန်ထုတ်လိုက်တယ်"

ဒါကိုပြော​ပြီးတဲ့အခါ အာချိုင်းက ရယ်လိုက်မိတယ်။

ဒါပေမယ့် တခြားသူတွေ ဒါကို ကြားတဲ့ အခါမှာတော့ အံသြသွားခဲ့ကြတယ်။ အစက ဒီစကားကိုသာ မကြားဖူးခဲ့ရင်၊ တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲက ပရိသတ်တွေက သူတို့ရဲ့ ကံကြမ္မာကို ဝမ်းနည်းကြေကွဲပေးရုံသာ တက်နိုင်ပေလိမ့်မယ်။

အဲဒီလို အခြေအနေမျိုးမှာ ရွေးချယ်မှုတစ်ခု လုပ်ဖို့ဆိုတာ အလွန်ကို ခက်ခဲတယ်။

သေဆုံးသွားရတဲ့ အာချိုင်းအတွက် သူတို့ဝမ်းနည်းပေမယ့် ရှောင်ပန်အဖေ့ကို အပြစ်တင်လို့မရဘူး။

ဒါပေမယ့် အာချိုင်းကို ရှောင်ပန်အဖေက ကန်ထုတ်ခဲ့တယ်ဆိုတာကို သူတို့တွေ မျှော်လင့်မထားခဲ့ကြဘူး!

လူတိုင်းမှာ အသက်ရှင်ခွင့်ရှိတယ်၊ ပြီးတော့ ရွေးချယ်ပိုင်ခွင့် ရှိတဲ့ တစ်ဦးတည်းသောသူက ဦးကြီးထန်ဖြစ်တယ်။

သူဘယ်သူ့ကိုရွေးရွေး၊ ဘယ်သူမှ အပြစ်တင်လို့မရဘူး၊ ဒါပေမယ့် ရှောင်ပန်ရဲ့ အဖေက ဒီလိုမျိုးလုပ်ခဲ့တယ်!

အဲဒီ မြင်ကွင်းထဲမှာ၊ သူတို့တွေ အားလုံး အသက်ရှင်မယ်လို့ သူ ပြောနေခဲ့တာ မဟုတ်ဘူးလား? အာချိုင်းကို ကောင်းကောင်းကာကွယ်ပေးမယ်လို့ သူမပြောခဲ့ဘူးလား?

ဒီလိုအချိန်အနည်းငယ်လောက်နဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာအောင် မလုပ်နိုင်တာလား?

အာချိုင်းရဲ့ အသံက နည်းနည်း တုန်ယင်လာခဲ့တယ်- "ဒီရွှံ့တွေနဲ့ ရေစီးထဲ ဖြတ်သန်းရတာ ဘယ်လိုခံစားရလဲဆိုတာ မင်းသိလား? ငါရေထဲမှာ အကြာကြီး မျောပါနေခဲ့ရတယ်၊ နောက်ဆုံးတော့လည်း အသက်မရှင်နိုင်ခဲ့ဘူး။

ငါမသေခင်မှာ စိတ်သက်သာရာ ရနိုင်တယ်လို့ ထင်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ငါ့ဘက်က မင်းအဖေကို အသက်ရှင်ခွင့်ပေးဖို့ ကြိုတင်စဉ်းစားထားခဲ့လို့ပဲ။

ဒါပေမယ့် တကယ့် သေလုနီးပါး ဖြစ်တဲ့အချိန်မှပဲ သူ့ကို မုန်းတီးမိတာကို သိလိုက်ရတယ်။

ဘာလို့ သူဒီလို ကန်ထုတ်ခဲ့ရတာလဲ!"

"ငါ့ဘက်က သူ့ကို အသက်ရှင်ခွင့်ပေးဖို့ အဆင်သင့်ဖြစ်နေပြီးသားနဲ့။ ငါတကယ်ကို သူ့ကို အသက်ဆက်ရှင်စေချင်ခဲ့တာ!"

အာချိုင်းက အော်ဟစ်ခဲ့လိုက်သည်၊ သူမရဲ့အသံက တုန်ရီနေခဲ့တယ်!

ရှောင်ပန်က အံကို ကြိတ်လိုက်ပြီး ပြောစရာ မရှိခဲ့ဘူး။ အာချိုင်းရဲ့ဝိညာဉ်က တုန်ယင်နေပြီး- "ငါသေဆုံးချိန်မှာ ငါစဉ်းစားနေမိတာက ငါဘယ်လောက်ပဲ အပြစ်ပေးခံရခံရ၊ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်လာမယ်။ သူ့ကို ဘာလို့ ဒီလောက်ကြမ်းကြမ်းတမ်းတမ်း လုပ်ခဲ့တာလဲလို့ မေးမြန်းချင်တယ်"

"ငါအောင်မြင်သွားတယ်၊ ဒါပေမယ့် တန်ဖိုးအနေနဲ့ လူသားအားလုံးထဲမှာ အဆိုးရွားဆုံး သရဲ ဖြစ်သွားရတာပဲ။

ဒါကြောင့် ငါ့ခန္ဓာကိုယ်ပေါ်က အသားအားလုံးကို ဆုံးရှုံးသွားရပြီး အားလုံးကို ရေစီးဆီ ပေးဆပ်လိုက်ရတယ်။

ငါသရဲဖြစ်သွားပေမယ့် ချက်ချင်းပဲ သူ့ကို ဘာမှမလုပ်ခဲ့ဘူး။

ဒီလိုနဲ့ပဲ ငါက အမှောင်ထဲမှာ သူ့ကိုကြည့်နေခဲ့တယ်။

အဲဒီနေ့တွေမှာ သူစိတ်ဓာတ်ကျနေခဲ့ပြီး တစ်ယောက်တည်း ငိုနေခဲ့တယ်။

ငါထင်တယ် သူနောင်တရနေလောက်တယ်ပေါ့။

တကယ်တမ်းကျတော့ သူ့ကိုဒီလိုမြင်ရတဲ့အခါ ငါ့စိတ်ထဲက

ဒေါသတွေ ပြေလျော့သွားခဲ့တယ်။

အဲဒီအခြေအနေမှာ ပြောရရင် သူက ငါ့ကို သစ္စာဖောက်ခဲ့တာပဲ၊ ဒါပေမယ့် သူကြောက်နေမယ်ဆိုရင်၊ ငါ့ဘက်က သူ့ကိုကာကွယ်ပေးချင်တယ်၊ ဒါကြောင့် သူ့ကို အပြစ်မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်"

"ဒါပေမယ့် ငါ့ဝိညာဉ်က သူ့ရှေ့မှာ ပေါ်လာတဲ့အခါ သူအရမ်းကြောက်သွားတယ်။

ငါ့ဘက်က သူ့ကိုစကားပြောချင်ယုံပါပဲ၊ ဒါပေမယ့် သူကရော? သူထွက်ပြေးသွားတယ်! ငါအရမ်း စိတ်ဆိုးသွားတယ်၊ ဒါကြောင့် သူ့ကိုတမင်တကာ ခြောက်လှန့်ပြီး သူအေးဆေးတည်ငြိမ်သွားတဲ့အထိ စောင့်ခဲ့တယ်။

အချိန်ကျရင် သူနဲ့ ကောင်းကောင်းပြောဆိုပြီး ငါ့ကိုမကြောက်တော့ဖို့၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်တော့ဖို့ လုပ်မယ်ပေါ့။

ဘာဖြစ်လို့လဲဆိုတော့ ငါက သေသွားပြီ၊ သူကအသက်ရှင်နေတုန်းပဲလေ။

ငါသူ့ကို ကောင်းကောင်းနေစေချင်တယ်၊ နောက်ထပ် သူအရမ်းချစ်ရတဲ့ မိန်းကလေးတစ်ယောက်ကို ထပ်ရှာစေချင်တယ်။

"ဒါပေမယ့် ငါတစ်ခါမှ မထင်မိခဲ့တာက၊ သူဘာလို့ ဒီလိုရက်စက်ရမှာလဲ? သူက ဦးကြီးထန်ဆီသွားပြီး ငါ့ကို ငရဲမရောက်စေဖို့ နည်းလမ်းရှာခိုင်းတယ်! ဘာလို့လဲဆိုတော့ သူက ငါ့ကိုသတ်ခဲ့တာဖြစ်ပြီး အခုငါက သရဲဖြစ်နေပြီး သူတို့ အသက်ကို ယူဖို့အတွက် လာနေတာလို့ ဆိုပြီးတော့ပေါ့! ဦးကြီးထန်ကလည်း ငါက သူ့အသက်ကိုပါ တောင်းမယ်ဆိုတာကို ကြောက်တဲ့အတွက် ဝိညာဉ်သစ်သားချောင်းရှာဖို့ နည်းလမ်းတွေးခဲ့တယ်၊ မင်းအဖေကလည်း ငါ့ကိုမကြောက်သလိုမျိုး ဟန်ဆောင်ခဲ့တယ်။

ငါ့ကိုလွမ်းတဲ့ပုံစံနဲ့ ငါ့ကိုများခေါ်ခဲ့တယ်၊ ပြီးတော့ ငါလုံးဝမပြင်ဆင်ထားတဲ့အချိန်မှာ ဝိညာဉ်သစ်သားချောင်းနဲ့ ငါ့ကိုရေကန်ထဲ စိုက်ထည့်လိုက်တယ်!"

"အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ ဒီလောက် အချိန်အကြာကြီး၊ ငါ့ဝိညာဉ်က အဲဒီရွှံ့နွံထဲမှာ သစ်သားချောင်းနဲ့ အစိုက်ခံနေရတာ ငါ ဘယ်လိုခံစားရလဲဆိုတာ မင်းသိလား? အဲ့နေ့က မင်း ဘုရားကျောင်းမှာ ငါ့ကိုတွေ့တဲ့အခါ မင်းအဖေပြောတာက ငါ့ကို ထွက်သွားစေချင်တာလို့ပဲ မင်းထင်ခဲ့တယ်လား? သူကြောက်နေတာ၊ မင်းသိလား? သူအရင်က လုပ်ခဲ့တဲ့အရာကို မင်း သိသွားမှာကို ကြောက်နေတာ၊ ငါတကယ်ပဲ သူ့အသက်ကို ယူမှာကို ကြောက်နေတာ။

ဦးကြီးထန်က အရင်တုန်းကတော့ သူ့ကို ကူညီပေးနိုင်သေးတယ်

အခုတော့ ဘယ်သူမှ သူ့ကို မကူညီနိုင်တော့ဘူး!"

ဒါတွေကိုပြောတဲ့အခါ အာချိုင်းက အလွန် ရက်စက်ယုတ်မာနေပြီး ရှောင်ပန်ကတော့ မျက်နှာဖြူရော်နေခဲ့တယ်။

"ငါသူ့ကို အစိတ်စိတ်မြွှာမြွှာဖြစ်အောင် လုပ်လိုက်တယ်။ သူကငါ့ကိုသတ်ပြီး ငါ့ကို ပြန်လည်မွေးဖွားခွင့်မရအောင် လုပ်ခဲ့တယ်၊ သူ့ကို နောက်ထပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက် ကောင်းကောင်းမွန်မွန် နေခွင့်ပေးခဲ့တယ်။ ဒါက ငါသူ့ကို သတ်ဖို့ ပေးရတဲ့ တန်ကြေးဆိုရင် သိပ်မများဘူးမလား?"

All Chapters