အသက်ချမ်းသာပေးပါ
Vol. 20 Ch. 270
အာချိုင်း၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးများနှင့် ပြည့်နှက်နေသော်လည်း သူမ၏ မျက်လုံးများထဲတွင် ပြင်းထန်သော ဆုံးရှုံးမှုများစွာ ရှိနေခဲ့သည်။
ရှောင်ပန်က ခက်ထန်စွာ ကြည့်ပြီး ပြောသည်- "ဘာလို့ ဒီလိုလုပ်ရတာလဲ? သူလည်း အသက်နဲ့ ပြန်ပေးဆပ်ခဲ့ရတာပဲ!"
"ငါလည်း သေခဲ့ရတာပဲ။ ဘာကြောင့် ငါသေပြီးတဲ့နောက် ကန်ထဲမှာ သစ်သားချောင်းနဲ့ အစိုက်ခံထားရတာလဲ၊ နှစ်ပေါင်းဆယ်ချီတောင် အနံ့ဆိုးထွက်နေတဲ့ ရွှံ့တွေနဲ့ပဲ နေခဲ့ရတယ်? သူသိခဲ့တယ်၊ ငါအသက်ရှင်နေတုန်းက ငါက အသန့်အကြိုက်ဆုံးလူ ဆိုတာ သူသိခဲ့တယ်!"
အာချိုင်း ပြောသမျှကို ရှောင်ပန် အနေနဲ့ ငြင်းဆိုဖို့ စကားလုံးတစ်လုံးတောင် မရှိတော့ပေ။
"မင်းကိုတောင်မှ ငါမင်းကို သတ်ချင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့တယ်။ ဒါပေမယ့် အပြစ်ဆိုတာ ကိုယ့်အပြစ်နဲ့ကိုယ် ရှိရမယ်ဆိုတာ ငါသိတယ်။ အခုဆိုရင် မင်းအဖေလည်း သေပြီ၊ ဦးကြီးထန်လည်း သေပြီ၊ သူတို့ဆီက ငါ့အပေါ် ကျူးလွန်ခဲ့တဲ့အရာတွေကို ငါပြန်သိမ်းယူပြီးပြီ"
အာချိုင်း ပြောပြီး နောက်လှည့်လိုက်သည်၊ သူမ၏နောက်ကျောမှာ သာမန်အတိုင်းပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။
ရွှင်းအာတောင်တစ်ခုလုံး အေးစက်သော လေများ တိုက်ခတ်နေသည်။ ခုနက လှည့်လိုက်သော အာချိုင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။
ရှောင်ပန် ရှိရာနေရာမှ ငရဲက အငွေ့အသက်ကို သူမ ခံစားမိလိုက်သည်။
နောက်ပြန်လှည့်ကြည့်သောအခါ သူမ၏ မျက်လုံးများက နောက်ဆုံးတွင် ကျန်းရီအား ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ကြည့်လိုက်မိသည်။
"ဘယ်ကို သွားမလို့လဲ" ကျန်းရီက သူမအား မေးသည်။
အာချိုင်း ထိတ်လန့်သောမျက်လုံးများဖြင့် ကြည့်ကာ- "ငါ ပြန်လည်မွေးဖွားဖို့ သွားမလို့"
"ကိစ္စတွေက မပြီးဆုံးသေးဘူး။ မင်း ပြန်လည်မွေးဖွားဖို့ သွားတော့မယ်ဆိုတာ ဘယ်လိုလုပ် သေချာနေတာလဲ"
"အဖိုးထန်ကရော?"
"ဦးကြီးထန်က ပြန်လည်မွေးဖွားဖို့ သွားပြီ" အာချိုင်း ပြောလိုက်သည်။
ကျန်းရီ ခဏရပ်ကာ - "အဲဒီနေ့ မိုးထဲမှာ ပြဇာတ်ကြည့်တဲ့သူတွေထဲမှာ မင်းအပြင် အခြား တစ်ယောက်ယောက် ရှိခဲ့သေးလား? ဘီးကရော မင်းဟာလား?"
"ငါ့ဟာပါ။ သူ့မှာ ငါ့အကြောင်း မှတ်ဉာဏ် အနည်းငယ် ကျန်ရှိနေသေးတယ်ဆိုရင်၊ ပစ်မှတ်က သူမဟုတ်ဘူးဆိုတာ သူ သိမှာပါ" အာချိုင်း ပြောပြီး ခါးခါးသီးသီး ရယ်မောလိုက်သည်။
"မင်း ငါမေးတဲ့မေးခွန်းကို မဖြေရသေးဘူး။ အဲဒီနေ့ ပြဇာတ်ကြည့်တဲ့သူတွေထဲမှာ မင်းအပြင် ဘယ်သူတွေ ရှိသေးလဲ?"
အာချိုင်း ခေါင်းခါလိုက်ကာ "ငါတစ်ယောက်တည်းပါ" ဟု ဆိုခဲ့သည်။
"ရှောင်ပန်၊ ငါနောက်မေးမယ့် မေးခွန်းကို မင်း အလေးအနက်ထား ဖြေရမယ်"
ကျန်းရီ၏ မျက်နှာအမူအရာသည် ပြတ်သားလာကာ ဖြူဖတ်ဖြူရော် ဖြစ်နေသော ရှောင်ပန်က ကျန်းရီအား မရေမရာစွာ ကြည့်နေခဲ့သည်။
သားတစ်ယောက်အနေနဲ့ ကျန်းရီအား အာချိုင်းကို ကိုင်တွယ်ဖြေရှင်းပေးပါလို့ ဘယ်လောက်တောင်မှ တောင်းဆိုချင်းမှန်း သူကိုယ်တိုင်ပဲ သိသည်။
ဒါပေမယ့် ဘာကြောင့်မှန်းမသိ၊ သူဆန္ဒရှိသည့်အတိုင်း ထိုစကားလုံးများကို မပြောနိုင်ခဲ့ပေ။
ထို့ကြောင့် သူသည် မျက်ရည်ဝဲကာ တိတ်တဆိတ်သာ ခေါင်းညိတ်နိုင်ခဲ့သည်။
"မင်းအဲဒီနေ့ ကန်ထဲ ရေကစားဖို့သွားတုန်းက အဖိုးထန်ကို မြင်ခဲ့လား"
ကျန်းရီ၏ မေးခွန်းကြောင့် ရှောင်ပန် ခဏတစ်ဖြုတ် ငေးငိုင်သွားပြီး ဘေးနားက အာချိုင်းလည်း မျက်မှောင်ကျုံ့သွားခဲ့သည်။
"ငါ၊ ငါ မြင်ခဲ့တယ်။
အဲဒီနေ့ အဖိုးကယထန်က ကျွန်တော်တို့ရွာထဲမှာ ရှိနေခဲ့တယ်။
ဘာလို့လဲဆိုတော့ တာရှန်းကျောင်းတော်က ကျွန်တော်တို့ရွာတွေ အတူတူ ကိုးကွယ်ကြတာ ဆိုတော့၊ သူက သူအိုမင်းနေပြီဖြစ်တဲ့အတွက် သူ့ဈာပန�ိစ္စအတွက် ရွာထဲက လူတွေနဲ့ တိုင်ပင်ဖို့ လာခဲ့ပုံရတယ်။
သူက အခုဆို အသက်ကြီးနေပြီ၊
သူ့မှာက ဆွေမျိုးတွေ လည်း မရှိဘူး။
သူ့ဈာပနကိစ္စနဲ့ ပတ်သက်ပြီးလာတာ ဖြစ်နိုင်တယ်။
သူ့ဘဝတစ်လျှောက်လုံး အနားက ရွာတွေအတွက် ကျောင်းတော်ကို စောင့်ရှောက်ခဲ့သူ ဖြစ်တဲ့အတွက် သူအိုမင်းလာတဲ့အခါ ဒီအနား ကျေးရွာက လူတချို့က သူ့ဈာပနကိစ္စကို တာဝန်ယူကြမယ်လို့ ထင်ခဲ့တယ်"
"ဒါဆို မင်းသူ့ကို တွေ့ခဲ့သလား"
"တွေ့ခဲ့တယ်”
ရွာကော်မတီကနေ ထွက်လာတဲ့အခါ သူ့ကို တွေ့လို့ နှုတ်ဆက်ခဲ့တယ်။
သူက ငါ့ကို ဘယ်ကိုသွားမလဲလို့ မေးတော့ ငါ ရေကစားဖို့ အပြင်ထွက်မလို့ ပြန်ဖြေခဲ့တယ်။
သူက ဒီလို ပူပြင်းတဲ့နေ့လည်ခင်းမှာ ရေထဲ သွားကစားမလို့လားလို့လည်း မေးတယ်။ ပြောရရင် ထူးဆန်းတယ်၊ အဖိုးထန်က ဒါကိုပြောတဲ့အခါ ကျန်တဲ့သူတွေကလည်း ဟုတ်တယ်လို့ ပြောကြတယ်။
ငါတို့ ရေကစားဖို့ သွားခဲ့ရင် အဖိုးထန်က ရေနက်တဲ့နေရာကို မသွားကြဖို့တောင် သတိပေးခဲ့တယ်။
ဒီလိုပူပြင်းတဲ့နေ့မှာ မတော်တဆမှုတွေ ဖြစ်တတ်တယ်ဆိုပြီး"
"စတွင်မာ၊ အခုတွေးကြည့်မယ်ဆိုရင် အဖိုးထန်က ငါတို့ကို အဲ့ရေကန်ကို သွားအောင် တမင်တကာ လမ်းညွှန်နေတာလို့ ဘာကြောင့် ထင်နေရတာလဲ? သူ.. သူက ငါတို့ကို တမင်တကာ အဲ့ရေကန်နားကို သွားစေချင်တာလား... သူမကို လွှတ်ပေးဖို့လား?"
ရှောင်ပန်က ရုတ်တရက် နားလည်သွားသလို ဖြစ်သွားခဲ့တယ် ။ ကျန်းရီက ဒါကို ကြားပြီးနောက် - "သူက တမင်တကာ လမ်းညွှန်ဖို့ မလိုဘူး၊ ဟုတ်တယ်မလား? မင်းအဖေက ကျေးရွာတချို့က လူတွေရဲ့ သူ့ဈာပနကိစ္စကို တာဝန်ယူဖို့ကို ဆန့်ကျင်နေတာမလား?"
ကျန်းရီ စကားပြောလို့ မပြီးသေးခင်မှာပဲ ရှောင်ပန်က ချက်ချင်းပဲ- "ဒါ မဖြစ်နိုင်ဘူး၊ အဖေက အဖိုးထန်ကို အမြဲတမ်း လေးစားခဲ့တာ။ တစ်ခါတစ်လေ ငါက အဖိုးထန်ကို လှောင်ပြောင်မိရင် အဖေက ငါ့ကို ဆူလေ့ရှိတယ်။
ဒါကြောင့် အဖေက သူ့ကို မတရားတာလုပ်ဖို့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် အဲဒီနေ့က အဖိုးထန် ငါ့ကိုပြောတဲ့စကားက တကယ်ပဲ ငါ့ကို လမ်းညွှန်နေသလိုပဲ"
အဖိုးထန်က သူ့ကို လမ်းညွှန်ခဲ့တာလားဆိုတာ ရှောင်ပန် သေချာမပြောနိုင်ခဲ့ပေ၊ အဓိကကတော့ လမ်းညွှန်ဖို့ အကြောင်းပြချက် မရှိခဲ့ပေ။
ပြီးတော့ အာချိုင်းကလည်း အဖိုးထန်ကို ဘာမှမလုပ်ခဲ့ပေ၊ ဘာကြောင့်လဲဆိုတော့ သူမရဲ့ အတွင်းစိတ်ထဲမှာ အဖိုးထန်က အပြစ်အရှိဆုံးလူ မဟုတ်ခဲ့ပေ။ တကယ် အပြစ်ရှိသူက ရှောင်ပန် အဖေဖြစ်သည်။
ကျန်းရီ စဉ်းစားနေခဲ့သည်၊ ပြီးတော့ ရုတ်တရက် တစ်ခုခုကို စဥ်းစားမိသွားသလို- "ရှောင်ပန်၊ အဖိုးထန် အသက်ဘယ်လောက်ရှိပြီလဲ"
"အသက် ခြောက်ဆယ်ကျော်ပြီ"
"အသက်က ခြောက်ဆယ်ကျော်ပဲ ရှိသေးတယ်၊ သူ့ဈာပနကိစ္စကို ဘာကြောင့် စဉ်းစားနေရတာလဲ?"
"အဖိုးထန်က ရောဂါဖြစ်နေတာ၊ ကင်ဆာရောဂါဖြစ်နေပြီး အသက်ရှင်ဖို့ အချိန်မရှိတော့ဘူး။ လူတိုင်းက အဖိုးထန်က အဲ့ဒီကျောင်းထဲမှာပဲ ရောဂါနဲ့သေမယ်လို့ ထင်ခဲ့ကြတာ၊ ဒါပေမယ့် နောက်ဆုံးမှာ သူဆွဲကြိုးချသေသွားမယ်လို့တော့ မထင်ခဲ့ကြဘူး"
ရှောင်ပန် ပြောပြီးနောက် ကျန်းရီက ကိစ္စတစ်ခုလုံးကို နားလည်သလို ဖြစ်နေပြီး ညင်သာစွာ လက်ကို ဝှေ့ယမ်းလိုက်သည်။
မကြာမီမှာပဲ ရွှင်းအာတောင်ပေါ်တွင် လူတစ်ယောက် ပေါ်လာသည်။
ရှောင်ပန် မြင်လိုက်ရတာက အဖိုးထန် ဖြစ်နေသည်။
သူ၏ ပုပြီး ပိန်လှီနေသော ကိုယ်ခန္ဓာသည် အသက်၆၀ကျော်သာ ရှိသေးသော်လည်း အလွန်ကို အိုမင်းနေပုံရသည်။
သူ့ကို ဒီနေရာကို ခေါ်ဆောင်လာသောအခါ သူ၏မျက်လုံးထဲတွင် ထိတ်လန့်မှုတစ်ခု လျှပ်တစ်ပြက်ပဲ ထင်ဟပ်သွားခဲ့သည်။
သူ့ကို ငရဲကနေ ခေါ်ထုတ်လိုက်တာက ဘယ်သူလဲဆိုတာ ချက်ချင်းသိသွားတယ်။
" ဆရာ့ကို နှုတ်ဆက်ပါတယ်"
အဖိုးထန်က ကျန်းရီအား ဦးညွှတ် ကန်တော့လိုက်သည်၊ ကျန်းရီက- "အဖိုးထန်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါပြောပြဖို့ မလိုတော့ဘူးလား? အခု မင်းကို မေးမယ်၊ ရှောင်ပန် ကို သစ်သားချောင်တွေနဲ့ စိုက်ထားတဲ့ အာချိုင်း ဝိဉာဉ်တိုင်ကို ဆွဲထုတ်ဖို့ ဘာကြောင့် မင်းက လမ်းညွှန်ခဲ့တာလဲ?"
"ရှောင်ပန် စိုက်ထားတဲ့ သစ်သားချောင်းတွေကို ဆွဲထုတ်ခဲ့တာလား" အဖိုးထန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်၊ သူ၏မျက်နှာက တကယ်ကို ဘာမှမသိချင်ယောင် ဆောင်နေခဲ့သည်။
ကျန်းရီ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပြီး- "မင်းကို နောက်ထပ်အခွင့်အရေးတစ်ခု ပေးမယ်၊ ဒါဟာ နောက်ဆုံးအခွင့်အရေးဆိုတာ မှတ်ထားပါ"
အဖိုးထန်၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ့အား ကြည့်နေသော အာချိုင်း၏ အေးဆေး တည်ငြိမ်နေသော မျက်လုံးများလည်း ထိုအချိန်မှစကာ ပြောင်းလဲသွားသည်။
"အဖိုးထန်က သူသေပြီး ငရဲရောက်တဲ့အခါ ငရဲမင်းက သူမကို ကန်အောက်ခြေမှာ သစ်ချောင်းတွေနဲ့ စိုက်ထားတယ်ဆိုတာ သိသွားမှာစိုးလို့ သူမကို လွှတ်ပေးဖို့ မင်းက တမင်တကာ သူ့ကို လမ်းညွှန်ခဲ့မလား?"
"ဒီလိုပြစ်မှုမျိုးကို ငရဲမှာ တင်ပြလိုက်ရင် နောက်ဘဝမှာ အပေါ့ဆုံး အပြစ်ဒက်က တိရစ္ဆာန်ဘဝကို ရောက်သွားတာပဲ။
အဖိုးထန် မင်းက ယင်ယန် ကိစ္စရပ်တွေကို သိနားလည်သူလို့ သတ်မှတ်နိုင်တယ်။
ဒါ့အပြင် မင်းငယ်ငယ်တုန်းက အာချိုင်းနဲ့ တွေ့ဖူးတဲ့အတွက် ဒီကမ္ဘာမှာ ငရဲ ရှိတယ်ဆိုတာ မင်းသိတယ်။
ပန်ဖိန်က မင်းဆီလာတဲ့အခါ မင်းက မတွန့်ဆုတ်ဘဲ သဘောတူခဲ့တယ်။
ပထမဆုံးအနေနဲ့ မင်းရဲ့အသက်ကို စွန့်လွှတ်ဖို့ ကြောက်နေခဲ့တယ်။
ဒုတိယအနေနဲ့ အာချိုင်းနဲ့ များများစားစား ပတ်သက်ချင်တဲ့ ဆန္ဒမရှိတော့ဘူး။
တစ်ခါတည်း အပြီးသတ်လိုက်တာက ပိုကောင်းတယ်။
သူမက ဒီလောက်ကြာတာတောင် မပျောက်ပျက်သေးဘဲ ဝိညာဥ်အဖြစ် ရှိနေသေးတယ်ဆိုတာ မင်းသိနေသေးတယ် ငါပြောတာ မှန်တယ်မလား?"
"ဒါပေမယ့် မင်းလုပ်ခဲ့တယ်။
မင်းငရဲကို ရောက်သွားခဲ့ရင်၊ ပန်ဖိန်ရဲ့ ဝိဉာဉ်က တစ်နေ့မှာ ငရဲကို ရောက်လာရမှာပဲ။ အောက်က လူတွေက မင်းလောကီမှာလုပ်ခဲ့တဲ့ မကောင်းမှုတွေကို သေချာပေါက် သိသွားကြလိမ့်မယ်။
ဒါကြောင့် မင်းက အာချိုင်းကို ပြန်ထွက်လာအောင် လုပ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားခဲ့တယ်။
သူ့ကို လွှတ်လိုက်ဖို့ပဲ။
မင်းသိနေတယ်၊ အာချိုင်း ထွက်လာပြီဆိုရင် မင်းနဲ့ ပန်ဖိန်ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး၊ အထူးသဖြင့် ပန်ဖိန်ကို ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် သတ်လိမ့်မယ် ဟုတ်တယ်မ?"
ကျန်းရီက စကားပြောနေရင်းနဲ့ အဖိုးထန်ကို တိုက်ရိုက်ကြည့်နေခဲ့သည်။ အဖိုးထန်ကလည်း သူ့ကို စက္ကန့်အနည်းငယ်လောက် ကြည့်နေခဲ့ကာ နောက်ဆုံး မနေနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ကာ "အသက်ချမ်းသာ ပေးပါ၊ ဆရာ အသက်ကို ချမ်းသာပေးပါ" ဟု အော်ဟစ်လိုက်သည်။