← Chapters

မျက်နှာ

Vol. 20 Ch. 272

မျက်နှာ

Vol. 20 Ch. 272

ဖုန်းရဲ့တစ်ဖက်က ကောင်မလေးက သူ့အိမ်မွေး ကြောင်ရဲ့ ထူးဆန်းတဲ့ အချက်တွေကို ဆက်တိုက်ပြောနေခဲ့တယ်။

ကျန်းရီက နားထောင်ရင်း တိုက်ရိုက် ထုတ်လွှင့်မှု ခန်းထဲက ပရိတ်သတ်တွေလိုပဲ ခံစားမိလိုက်တယ်။

မနက် ၂:၂၇ မှာ အိမ်မွေးကြောင် ကေလေး ရဲ့ အမွေးတွေ ထောင်မတ်လာပြီး တံခါးရဲ့ အက်ကြောင်းကို စိုက်ကြည့်နေတယ်။ ကောင်မလေးပြောတဲ့ အက်ကြောင်းဆိုတာက တံခါးနဲ့ ကြမ်းပြင်ကြားက ဟနေတဲ့ နေရာပါပဲ။

ခဏလောက် တွေးပြီးတဲ့နောက် ကျန်းရီက ပြုံးရင်းပြောလိုက်တယ်- " အခု မင်း ကြောက်နေမှန်း ငါသိတယ်၊ ဒါပေမယ့် အရာရာတိုင်းမှာ အစနဲ့ အဆုံးရှိတာပဲလေ။ ဒါကြောင့် ကောင်မလေး၊ အရင်ဆုံး ဖြည်းဖြည်းချင်း ပြောကြရအောင်လား? ပထမဆုံးအကြိမ် ဖြစ်ခဲ့တဲ့အချိန်ကစပြီး ဘယ်လိုပြောင်းလဲမှုတွေ ရှိခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပေးပါ"

"ဟုတ်ကဲ့၊ ငါ...ငါ ဖြည်းဖြည်းချင်း ပြောပါ့မယ်"

"အင်း မင်းကို ဘယ်လိုခေါ်ရမလဲ?"

"ရှောင်ချီ လို့ ခေါ်လို့ရပါတယ်။ ကျွန်မက ဂူလူခရိုင်၊ ကျင်းဟိုင်မြို့မှာနေတာ"

"ဟုတ်ပြီ ရှောင်ချီရေ၊ အခုအကြောင်းအရာကို အသေးစိတ်ပြောပြပေးပါ"

ဖုန်းရဲ့တစ်ဖက်က ရှောင်ချီက သူ့ရဲ့ စိတ်ခံစားချက်တွေကို ချိန်ညှိလိုက်သည်။ အိမ်မွေးကြောင် ကေလေးက ရူးသွပ်လောက်အောင် အော်နေတာကနေ ရပ်သွားပြီး နူးညံ့စွာ ညည်းနေတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရှောင်ချီဟာ သူ့ကြောင် နဲ့ သိပ်နီးနီးစပ်စပ် မနေရဲခဲ့ဘူး။

ကြောက်လန့်တဲ့ပုံနဲ့ ကြောင်လေးကို ကြည့်ရင်းပြောတယ်- "စတွင်မာ ဒီဖြစ်ရပ်က ပြီးခဲ့တဲ့လကုန်ကစခဲ့တာ"

ကျွန်မက အလုပ်ဝင်ခါစ လပိုင်းပဲရှိသေးတယ်၊ အခု ကျင်းဟိုင်မြို့ လန်ဖန် အဆောက်အအုံထဲက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာ။

ကျွန်မက အမျိုးသမီး ပရိုဂရမ်မာ တစ်ယောက်ပါ။

"အမျိုးသမီး ပရိုဂရမ်မာတွေက တကယ်ကို ရှားတယ်၊ ရှောင်ချီ...ဒါဆို မင်းက ဖလန်ထည်အင်္ကျီတွေ ဝတ်ရတာကြိုက်လား?"

ကျန်းရီက မေးလိုက်တယ်။ ဖုန်းရဲ့တစ်ဖက်က ရှောင်ချီက ခဏ ကြောင်သွားခဲ့ပြီး မနေနိုင်ဘဲ ရယ်မောလိုက်တယ်- "စတွင်မာ၊ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ မသိဘူး၊ စတွင်မာက ကျွန်မကို ရယ်အောင် လုပ်နိုင်ခဲ့တာပဲ။ ဒါပေမယ့် ကျွန်မက ဖလန်ထည်အင်္ကျီ မကြိုက်ဘူးနော်။ ဟုတ်ပြီလား ဆံပင်တွေ ကတော့ ကျွတ်တယ်၊ နှစ်တိုင်း ဆံပင်အတွက်နဲ့ ငွေအများကြီးသုံးရတယ်"

"ဒါဆို ဆံပင်ကို သေချာဂရုစိုက်ဖို့လိုတယ်။ လူဆိုတာ အဝတ်အစားနဲ့ ဆိုင်သလို၊ ပရိုဂရမ်မာဆိုတာ ဆံပင်ထိန်းသိမ်းမှုရဲ့ ရှေ့မှောက်မှာရှိနေရမယ်"

"ဟား..ဟား... စတွင်မာက ရုပ်တည်ကြီးနဲ့ နောက်နေတာပဲ။ ကျွန်မ အရမ်းကို ကြောက်နေတာ၊ ဒါပေမယ့် စတွင်မာရဲ့ စကားကြောင့် မကြောက်တော့ဘူး"

"ဒါကတော့ ငါ့အလုပ်ပဲ​လေ။ ငါက ဖောက်သည်တွေကို ပြဿနာတွေ ဖြေရှင်းပေးရုံတင်မကဘူး၊ သူတို့ မကြောက်ရွံ့တော့အောင်လည်း လုပ်ပေးရတယ်"

"ဟုတ်ကဲ့! စတွင်မာက တကယ် ကောင်းတဲ့သူပဲ!"

ကျန်းရီက ဆန့်ကျင်ဘက်လိင်ကနေ ချီးမွမ်းမှုတစ်ခု ထပ်ရလိုက်တယ်။ ကြည့်စမ်း .. စတွင်မာရဲ့ ပြုံးနေတဲ့အမူအရာက ချီးမွမ်းခံရလိုက်တဲ့အခါ ပိုနူးညံ့သွားတယ်။

"ပြီးခဲ့တဲ့လကုန်တုန်းက ကျွန်မ ပုံမှန်အတိုင်း ကုမ္ပဏီမှာ အချိန်ပိုအလုပ်လုပ်နေခဲ့တာ။

အဲဒီတုန်းက အချိန်ပိုအလုပ်လုပ်တဲ့သူတွေ အများကြီးရှိတယ်၊ ကျွန်မကလည်း သူတို့ထဲက တစ်ယောက်ပါပဲ။

ပြီးတော့ စတွင်မာလည်းသိပါတယ်၊ ကျွန်မတို့အလုပ်မှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုများတယ်။

ဒါကြောင့် ကျွန်မက ကျွန်မတို့ဌာနမှာ အသစ်ဝင်လာတဲ့သူ ဖြစ်ပေမယ့်၊ ကုမ္ပဏီကလူတွေက ကျွန်မကို သိပ်ဂရုစိုက်ကြတယ်။

အခြေခံအားဖြင့် နေ့တိုင်း တစ်ယောက်ယောက်က ကျွန်မကို သူ့အလိုလို ထမင်းမှာပေးမယ့်သူ ရှိတယ်၊ ပြီးတော့ မုန့်တွေလည်း စားမကုန်အောင်ကျွေးတယ်"

"ဒါပေမယ့် တစ်မျိုးတော့ မထင်ပါနဲ့၊ ကျွန်မက လိမ္မာပါးနပ်ပြီး အခြေအနေကောင်းအောင် နေတတ်တဲ့သူ (green tea) မျိုးမဟုတ်ပါဘူး။

သူတို့က ကျွန်မကို အစားအသောက်မှာပေးရင် ကျွန်မက ပိုက်ဆံပြန်ပေးတယ်။

သူတို့က မလိုချင်ဘူးဆိုရင်လည်း ကျွန်မက လက်ခံဖို့ ဇွတ်အတင်းပြောတယ်။

သူတို့က မုန့်ဝယ်ကျွေးရင်လည်း ကျွန်မက သူတို့ကို တခြားအရာတွေ ပြန်ဝယ်ကျွေးတယ်။

ကျွန်မက တစ်စုံတစ်ယောက်ကို ကြွေးတင်ရတာ မကြိုက်ဘူး၊ သူတို့က ကျွန်မကို အထူးဂရုစိုက်မှုပေးတာကိုလည်း မလိုချင်ဘူး။

အများဆုံးကတော့ ကျွန်မကို ကူညီပေးနိုင်ရင်ပဲ လုံလောက်ပါတယ်"

"အဲဒီနေ့ အချိန်ပိုအလုပ်လုပ်နေတုန်း ကျွန်မ ရေနွေးရေသောက်ချင်လာတယ်။

မိန်းကလေးတွေအများစုလိုပဲ ကျွန်မက ရေသောက်ရတာ သိပ်မကြိုက်ပေမယ့် ဒီနေ့တွေအတွက်တော့ ရေနွေးသောက်ရင် ပိုကောင်းမယ်ထင်တယ်၊ ဒါကြောင့် သောက်ချင်ခဲ့တယ်။

ဒါပေမယ့် ကျွန်မထသွားပြီး ရေစက်ဆီသွားတော့ ရေစက်ထဲမှာ ရေကကုန်နေပြီ၊ ရေသန့်ဗူး အသစ်လဲရမယ်။

ကျွန်မက သူတို့ကို ကူညီပေးဖို့ အလိုလိုပဲ ပြောမိချင်နေတယ်၊ ဒါပေမယ့် ကျွန်မ နောက်ပြန်လှည့်ကြည့်လိုက်တော့ လူတိုင်းက အလုပ်ရှုပ်နေတာကို တွေ့ရတယ်၊ ဒါကြောင့် ပါးစပ်ထဲရောက်နေတဲ့စကားကို ပြန်မြိုချလိုက်ရတယ်"

"ကျွန်မကိုယ်တိုင်ပဲ ရေသန့်ဗူးကို မပြီး ရေစက်ပေါ်တင်လိုက်တယ်။

တကယ်တော့ မိန်းကလေးတွေက ကျွန်မ ထင်သလောက် မပျော့ညံ့ပါဘူး။

ကျွန်မကိုယ်တိုင်ပဲ တင်ပြီးတော့ သိပ်မပင်ပန်းခဲ့ဘူး။

ရေ ထွက်လာတာကိုမြင်တော့ အတော်လေး ဂုဏ်ယူမိခဲ့တယ်။

ဒါပေမယ့် ကျွန်မ ဂုဏ်ယူနေတုန်း ရုတ်တရက်ပဲ ရေဗူးထဲက ရေတွေ ထွက်လာပြီး ရေထဲမှာ မျက်နှာတစ်ခု ဖြတ်ခနဲ ပေါ်လာခဲ့တယ်!"

"အဲဒီမျက်နှာက အရမ်းဖြူရော်နေတယ်။

ချက်ချင်း ပျောက်သွားပေမယ့် ကျွန်မက အဲဒီတုန်းက သူ့မျက်နှာအမူအရာကို မှတ်မိသလိုရှိနေခဲ့တယ်။

မျက်ခုံးမွှေးထူထူ၊ မျက်လုံးကြီးကြီး၊ နှာခေါင်းက ဖြောင့်တယ်။

ကြည့်ရတာတော့ အတော်ချောတယ်။

အဲဒီမျက်နှာကို မြင်တဲ့အချိန်မှာ လူတစ်ယောက်ကို သတိရမိတယ်၊ ဌာနထဲက ကျွန်မကို အမြဲကူညီပေးတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပေါ့။

ကျွန်မက သူ့ကို အစ်ကို လီ လို့ခေါ်တယ်။

ရေထဲမှာ မျက်နှာပေါ်လာတာကိုမြင်တော့ သူ့ကို သတိရမိတယ်။

ကျွန်မက ချက်ချင်းပဲ အစ်ကိုလီကို ကြည့်လိုက်တယ်၊ ဒါပေမယ့် ခုနက နောက်ပြန်လှည့်ကြည့်တုန်းက အစ်ကိုလီက သူ့နေရာမှာရှိနေသေးတယ်၊ ဒါပေမယ့် ခဏအတွင်းမှာပဲ သူပျောက်သွားတယ်"

"ကျွန်မက သူ အိမ်သာ သွားတာလားလို့ ထင်မိလိုက်တယ်၊ ခုနက ရေစက်ထဲမှာ ဖြတ်ပေါ်လာတဲ့ မျက်နှာကလည်း တကယ့်ကို မဟုတ်နေဘူးလို့ ခံစားရတယ်။

ကွန်ပျူတာကို ကြည့်တာ များသွားလို့ စိတ်ထဲက ထင်ယောင်ထင်မှားများ ဖြစ်နေတာလားလို့ထင်မိခဲ့တယ်။

သိပ်မတွေးခဲ့တော့ဘူး၊ ရေခွက်နဲ့ ရေကို ခံလိုက်တယ်၊ ရေက ထပ်ပြီး ထွက်လာခဲ့တယ်။

ရုတ်တရက်ပဲ အစ်ကိုလီရဲ့မျက်နှာက ထပ်ပြီး ပေါ်လာတယ်ဆိုတာ သတိထားမိလိုက်တယ်။

အဲဒီတုန်းက ကျွန်မ တကယ်ကို ကြောက်သွားတယ်၊ မနေနိုင်ဘဲ အော်ဟစ်လိုက်မိတယ်"

"ဌာနထဲက ညီအစ်ကိုတွေက ကျွန်မအော်သံကို ကြားတော့ အလုပ်တွေချက်ချင်းရပ်ပြီး ကျွန်မကို ဘာဖြစ်တာလဲလို့မေးကြတယ်။

ကျွန်မက အစကတော့ ပြောပြဖို့ စဉ်းစားမိလိုက်တယ်၊ ဒါပေမယ့် ဒီအချိန်မှာပဲ အစ်ကိုလီက အပြင်ကနေ ဝင်လာတယ်။

သူတို့တွေ ကျွန်မကို ဝိုင်းနေတာကို ကြည့်ပြီး ဟာသလုပ်ရင်းပြောတယ်၊ ရှောင်ချီ ရေသောက်နေတာကို ဒီလိုမျိုး ဝိုင်းကြည့်နေကြတာလားတဲ့။ လူတိုင်းက ဒီလိုမျိုးတွေ ဟာသလုပ်ရတာ ကြိုက်ကြတယ်၊ ကျွန်မလည်း နေ့စဉ်နဲ့အမျှပေါ့၊ ဒါပေမယ့် အဲဒီတုန်းကတော့ အစ်ကိုလီဆီမှာ

တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားမိလိုက်တယ်။

သူပြုံးနေပေမယ့် သူ့မျက်လုံးတွေကတော့ မပြုံးဘဲ ရှိနေတယ်။

သူပြုံးနေတဲ့ပုံကလည်း ထူးဆန်းနေတယ်၊ ပြီးတော့ မျက်နှာကလည်း ဖြူရော်နေတယ်။

"ကျွန်မက သူ့ကိုကြည့်ပြီး သူ့ကို ကျိန်စာတိုက်တယ်လို့ အထင်မှားမှာ စိုးတဲ့အတွက် ရေသန့်ဗူးမတဲ့အခါ လက်ချော်မိလိုက်တာလို့ ပြောလိုက်တယ်။

ဌာနထဲက ညီအစ်ကိုအားလုံးက ဒီလို အလုပ်ကြမ်းမျိုးကို နောက်တစ်ခါဆိုရင် သူတို့ကိုခိုင်းဖို့ပြောကြတယ်။

ကျွန်မက ပြုံးပြီး ကိုယ့်နေရာကို ပြန်ထိုင်လိုက်တယ်။

ကျွန်မမြင်ခဲ့တဲ့အကြောင်းကို ဘာမှ မပြောခဲ့ဘူး။

အလုပ်လုပ်ပြီးတဲ့အခါ ကျွန်မက တက္ကစီနဲ့ အိမ်ပြန်တယ်။

တစ်နေကုန်အလုပ်လုပ်ရတာ တကယ်ကို ပင်ပန်းနေတယ်၊ ရေစက်ထဲမှာ အစ်ကိုလီရဲ့ မျက်နှာ ပေါ်လာတဲ့အကြောင်းကို သိပ်မတွေးမိတော့ဘူး။ အိပ်ရာပေါ်လှဲလိုက်ပြီး မိနစ်ပိုင်းအတွင်းပဲ အိပ်ပျော်သွားတယ်"

"မနက်ခင်း အစောကြီးအချိန်မှာ ကေလေးက စပြီးအော်လာခဲ့တယ်။ ပထမဆုံးအကြိမ် သူဒီလိုအော်နေတာကိုမြင်တော့ ကျွန်မက စိတ်ဆိုးပြီး သူ့ကိုရိုက်မိလိုက်တယ်။ ဒါပေမယ့် ကေလေးက တံခါးဆီကြည့်ပြီး အော်နေတုန်းပဲ။

ကျွန်မက သူ့ကို သိပ်ဂရုမစိုက်ခဲ့ဘူး။

ခဏကြာတော့ သူအော်နေတာ ရပ်သွားတယ်။

ကျွန်မက ဆက်အိပ်နေပြီး နောက်နေ့ အလုပ်သွားတယ်။

သုံးရက်လောက်ကြာခဲ့တယ်၊ ညနေခင်းမှာ ကျွန်မ ထပ်ပြီး အချိန်ပိုအလုပ်လုပ်နေခဲ့တယ်။

ကျွန်မက ရေထပ်သောက်ချင်လာတယ်၊ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ရေစက်နားရောက်တဲ့အခါ စိတ်ထဲမှာ ကြောက်စိတ်တစ်ခုကို ခံစားလိုက်ရတယ်။"

"ဘာကြောင့်ကြောက်ရတာလဲ၊ ဘာကို ကြောက်နေတာလဲဆိုတာ ကျွန်မကိုယ်တိုင်တောင် မသိခဲ့ဘူး။ ရေစက်ဆီရောက်တော့ ကျွန်မရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားတယ်။ အစ်ကိုလီရဲ့ မျက်နှာကို သတိရမိတဲ့အတွက် ရေမခပ်ရဲတော့ဘူး။

ကျွန်မက ရုံးခန်းထဲကို နောက်ပြန် လှည့်ကြည့်လိုက်တယ်၊ ဟုတ်ပါတယ်၊ အစ်ကိုလီက ထပ်ပြီး သူ့နေရာမှာ မရှိနေပြန်ဘူး!"

All Chapters