← Chapters

တစ်ယောက်ယောက် သေနေတယ်

Vol. 20 Ch. 274

တစ်ယောက်ယောက် သေနေတယ်

Vol. 20 Ch. 274

"ရှောင်ချီ၊ သူ မင်းကိုပြောခဲ့တာလား။ သူလှဲပြီးတော့ တံခါးကြားထဲကနေ ဘာရှိမှန်း သေချာကြည့်ခဲ့တာလား။ ဒါမှမဟုတ် တံခါးအထဲကနေ အပြင်ကိုကြည့်တာလား။

အကယ်၍ တံခါးအပြင်ဘက်ကနေ အထဲကိုကြည့်မယ်ဆိုရင် အခန်းထဲက ဘယ်နေရာတွေကို မြင်ရမှာလဲ"

ကျန်းရီက မေးခွန်းတစ်ခုပြီးတစ်ခု ဆက်တိုက် မေးလိုက်တယ်။ ရှောင်ချီ သေသေချာချာ စဉ်းစားနေရင်း ဖြည်းဖြည်းချင်း ပြောလိုက်တယ်။

"အစ်ကိုလီ ​ပြောတဲ့အချိန်တုန်းက ကျွန်မ နှလုံးတွေ ခုန်သွားတယ်။ ဘာလို့လဲဆိုတော့ ကေလေးကလည်း အဲ့လိုမျိုးပဲ။ သူက လူတစ်ယောက်လိုမျိုး အလန့်တကြား ရှိနေတယ်၊ အမြဲတမ်း တံခါးနားမှာ လှဲပြီး ကြည့်နေတတ်တယ်။

ကြောင်တွေက အထူးစိတ်ဝင်စားဖို့ကောင်းတဲ့ သတ္တဝါတွေဖြစ်တယ်လို့ လူတွေက ပြောကြတယ်။

လူအများစု မမြင်နိုင်တဲ့အရာတွေကို သူတို့က မြင်နိုင်တယ်။

အစ်ကိုလီကို ရှာနေတဲ့အရာက ငါ့ကိုလည်း ရှာနေခဲ့တာလား"

ရှောင်ချီဟာ သူ့ကြောက်စိတ်ထဲမှာပဲ နှစ်မြုပ်နေသလိုပဲ။ ကျန်းရီက ခဏလောက် တွေးပြီး ပြောလိုက်တယ်။ "ဖြစ်နိုင်ခြေ ရှိ၊ မရှိဆိုတာ အသေအချာ ပြောလို့မရဘူး။ ဖြစ်နိုင်ချေ များတယ်လို့ပဲ ပြောလို့ရမယ်။ ဒါပေမယ့် အစ်ကိုလီကရော တစ်ခုခုမြင်ခဲ့သေးလား"

"ကျွန်မမသိဘူး။ ကျွန်မသူ့ကို မေးခဲ့တယ်။ အဲဒီတုန်းက အစ်ကိုလီ အရမ်း ကြောက်နေခဲ့တယ်၊ စကားတွေတုန်နေတယ်။ သူပြောတာက ဒါကို တစ်ခါမက တွေ့ပြီးတဲ့နောက် သူမနေနိုင်တော့ဘူး။ သူအပြင်ဘက်ကို ကြည့်လိုက်မိတယ်။ တံခါး ပြင်ဘက်မှာဘာရှိမှန်းသိချင်နေခဲ့တာ။ ညတိုင်း အချိန်တစ်ခု​ရောက်ရင် တံခါးအပြင်ဘက်က ဆူညံသံတွေကြားရလို့ ထပြီး လှဲကြည့်မိတယ်လို့ သူပြောတယ်။ သူခေါင်းကို ကြမ်းပြင်ပေါ်လှဲပြီး တံခါး ကြားအက်ကြောင်းကနေ အပြင်ဘက်ကို ကြည့်လိုက်တယ်"

"............"

ရှောင်ချီ ရုတ်တရက် အသက်ကို ပြင်းပြင်းရှူဝင်လိုက်တယ်။

ဖုန်းရဲ့အခြားဘက်ကနေ အသံတွေတောင် ကြားနေရတယ်၊ အဒီအသံတွေကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကြည့်ရှုနေတဲ့ သူတွေက တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားမိလာကြတယ်။ ပြီးတော့ ရှောင်ချီ ငိုကြွေးလာတယ်။

သူမက "အဲ့ဒီတုန်းက အစ်ကိုလီက ငါ့ကို စိုက်ကြည့်နေခဲ့တယ်၊ ပြီးတော့ သူပြောတာက သူက ကြမ်းပြင်ပေါ်လှဲပြီး အပြင်ဘက်ကို ကြည့်လိုက်တယ်၊ ပြီးတော့ ကျွန်မက အပြင်ဘက်မှာလှဲပြီး သူ့မျက်လုံးတွေထဲကို ကြည့်နေတာကို မြင်တယ်ဆိုပြီးပြောတယ်။

ဒါက ဘယ်လိုဖြစ်နိုင်မလဲ?အဲဒီည ကျွန်မက အိမ်မှာ အိပ်နေတာပဲလေ၊ ဘယ်လိုလုပ်ပြီး အစ်ကိုလီရဲ့ အိမ်ကိုရောက်သွားနိုင်မှာလဲ? ပြီးတော့ တံခါးကြား အက်ကြောင်းကနေ အပြင်ဘက်ကနေလှဲပြီး အထဲဘက်ကို ဘာကြောင့် ကြည့်နေရမှာလဲ?

အဲဒါ ကျွန်မမဟုတ်ဘူး၊ ဘယ်တော့မှ ကျွန်မ မဖြစ်နိုင်ဘူး။ ဒါပေမယ့်အဲဒီတုန်းက အစ်ကိုလီက အရမ်းသေချာနေတယ်၊ ရှောင်ချီ တကယ်ကိုပဲ မင်းဖြစ်နေခဲ့တယ်၊ ပြီးတော့ မင်းက ဇောက်ထိုးကြီး လျှောက်နေတယ်တဲ့။

မင်းရဲ့ ခေါင်းက အောက်ကို ငုံ့ထားပြီး ကိုယ်က အပေါ်ကိုထောင်နေတယ်တဲ့။

အဲဒီတုန်း ကငါမင်းကို ဒီလိုမျိုးတွေ့တော့ ငါမင်းကို အရမ်း ကြောက်နေခဲ့တယ်။ မင်းကို နေ့ညမပြတ် စောင့်ကြည့်နေမိတဲ့ အချိန်တွေတောင်မှ၊ မင်းက နေ့ခင်းဘက်တွေမှာရော ညဘက်တွေမှာပါ ကောင်းမွန်နေတဲ့ လူတစ်ယောက်ပါပဲ။ ငါနားမလည်ဘူး။ ဘာကြောင့် မင်းကို အဲ့ဒီလို တွေ့ရတာလဲဆိုတာတကယ်နားမလည်ဘူး!"

"အစ်ကိုလီ ကိုယ်တိုင်တောင် အံ့အားသင့်နေတာ၊ ကျွန်မဆို ပိုဆိုးတာပေါ့။

ဒါပေမယ့်အဲဒီတုန်းက ကျွန်မတို့နှစ်ယောက် သိလိုက်တာက တစ်ခုခုက ပြဿနာရှိနေပြီဆိုတာပဲ၊ ဒါပေမယ့် ဘယ်လိုဖြေရှင်းရမှန်းမသိခဲ့ဘူး။

အချိန်အတော် ကြာပြီးတဲ့နောက် အစ်ကိုလီက ရုတ်တရက် တစ်ခုခု စဉ်းစားမိသွားခဲ့တယ်။

သူကျွန်မလက်ကို ဆုပ်ကိုင်ပြီး ပြောတယ်... ရှောင်ချီ၊ ကုမ္ပဏီက ရေကို မသောက်နဲ့!"

"ကျွန်မ သူ့ကိုဘာလို့လဲမေးတော့ သူက ကုမ္ပဏီက ရေထဲမှာဆေးတွေခတ်ထားလို့ ငါတို့စိတ်တွေ ထင်ယောင်ထင်မှား ဖြစ်ရတာလို့ ပြောတယ်။

ကျွန်မ စဉ်းစားကြည့်တော့ မှန်သလိုလိုပဲ။

ကျွန်မလည်း ကုမ္ပဏီက ရေပုံးထဲကနေ အစ်ကိုလီကို မြင်ဖူးတယ်၊ အစ်ကိုလီလည်း ရေသောက်ပြီးတဲ့နောက် တံခါးကြား အက်ကြောင်းကနေ ကျွန်မကို မြင်ခဲ့တယ်။

ဒါပေမယ့် ကျွန်မထပ်စဉ်းစားကြည့်တော့ မှားနေသလိုလိုပဲ။

ကျွန်မ သူ့ကိုပြောတယ် အစ်ကိုလီ ကျွန်မရဲ့ အခန်းတံခါး အပြင်ဘက်ကနေလည်း ကျွန်မအခန်းထဲကို ကြည့်နေတဲ့သူ ရှိတယ်၊ ပြီးတော့ အဲဒါကို ကေလေးက ရှာတွေ့တာလို့!"

"ဒါပေမယ့် ကေလေးက ကုမ္ပဏီက ရေကို မသောက်ဘူး၊ ဒါပေမယ့် နှစ်ကြိမ်လောက်အဲထိ လိုမျိုးဖြစ်နေတယ်။ အစ်ကိုလီ ထပ်မပြောတော့ဘူး၊ ကျွန်မလည်း မပြောတော့ဘူး။

ကျွန်မတို့နှစ်ယောက် လမ်းကြားထဲမှာ ရပ်နေမိတယ်၊ အဲ့နေရာက အရမ်းကို မှောင်နေခဲ့တယ်။ ဆယ်စက္ကန့်ဆယ်လောက် ကြာတော့ အစ်ကိုလီ ရုတ်တရက်ခေါင်းမော့ပြီး စင်္ကြံလမ်းရဲ့ အဆုံးတစ်ဘက်ကို ကြည့်လိုက်တယ်။

ဘာလို့လဲဆိုတော့ ငါတို့ကုမ္ပဏီက အဲဒီထပ်မှာ အလုပ်ချိန်ပို အလုပ်နေတဲ့ တစ်ခုတည်းသော ကုမ္ပဏီဖြစ်ပြီး စင်္ကြံလမ်းက မီးတွေက အဲဒီနေ့မှာ ဖွင့်မထားလို့ပဲ၊ အစ်ကိုလီက တခြားဘက်အဆုံးက အမှောင်ထုကို ကြည့်ပြီးရှုပ်ထွေးနေတယ်၊ နောက်ပြီးတော့ သူ့မျက်နှာ ပြောင်းသွားခဲ့တယ်။

သူ ကျွန်မကို ကုမ္ပဏီထဲ ဆွဲသွင်းပြီး ပြောတယ်

"အမြန်ဝင်တော့၊ အမြန်... အမြန်ဝင်!"

"သူ စိုးရိမ်တကြီး ပြောလာတယ်၊ ကျွန်မကိုလည်း ကုမ္ပဏီထဲ ဆွဲသွင်းခဲ့တယ်၊ ကျွန်မလက်ကသူ့ကြောင့်နာသွားခဲ့တယ်။

ဒါပေမယ့် ဝင်ပြီးတဲ့နောက် အစ်ကိုလီနဲ့ ကျွန်မ ကြောင်အသွားခဲ့တယ်။

ရုံးခန်းထဲမှာ လူတစ်ယောက်မှ မရှိဘူး။

ကျွန်မ ထွက်လာတဲ့အချိန်တုန်းက ချိန်ပိုလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရှိနေတာလေ၊ အဲဒီအချိန်တုန်းက ကုမ္ပဏီက မပိတ်သေးဘူး။

သူတို့ဘယ်ရောက်သွားတာလဲ?ဘာကြောင့် ရုတ်တရက်ပျောက်သွားရတာလဲ? ရုံးခန်းက တကယ်ကို တိတ်ဆိတ်နေခဲ့တယ်၊ ပြီးတော့ အစ်ကိုလီက သူ့နားကိုပိတ်ထားတယ်။

သူအရမ်းကြောက်နေပြီး တံခါးကိုကြည့်ကာ အဆက်မပြတ်အော်နေတယ်- မလာနဲ့၊ မလာနဲ့၊ ထွက်သွား!"

"အစ်ကိုလီရဲ့ အပြုအမူက ကျွန်မကို ကြောက်သွားစေခဲ့တယ်၊ ကျွန်မအမြန် သူ့ကို ဆွဲကိုင်ပြီးငိုလိုက်တယ်။ ကျွန်မက အစ်ကိုလီ ဘယ်သူလဲ၊ ဘယ်သူလဲလို့မေးလိုက်တယ်။

အစ်ကိုလီက ချက်ချင်း ကျွန်မပါးစပ်ကို ပိတ်ပြီး သူ့ပါးစပ်ကိုလည်း နောက်လက်တစ်ဖက်နဲ့ ပိတ်ပြီး အသံမထွက်ဖို့ ကျွန်မကို မျက်လုံးနဲ့အချက်ပြခဲ့တယ်။

ကျွန်မ ထပ်မပြောရဲတော့ဘူး၊ ပြီးတော့...ပြီးတော့ တံခါးနားကနေ တစ်ခုခုဖြတ်သွားခဲ့တယ်"

"ဘာလဲ?"

"တွန်းလှည်းတစ်စီး၊ ပုံမှန်အားဖြင့် ပစ္စည်းတွေဆွဲဖို့ သုံးတဲ့ အသေးစား လှည်းတစ်မျိုးပဲ။ ရေပို့ကုမ္ပဏီက လူတွေက အဲဒီလှည်းမျိုးနဲ့ ရေပုံးတွေကို အပေါ်ထပ်ကို တင်ပို့လေ့တယ်။ အဲဒီတုန်းက အစ်ကိုလီနဲ့ ငါက လှည်းကို လူတစ်ယောက်က တွန်းနေသလို မြင်လိုက်ရတယ်။ ကြမ်းပြင်ပေါ်မှာ အသံတွေက ဆူညံစွာ မြည်နေခဲ့တယ်။ ပြီးတော့ ငါတို့ကုမ္ပဏီ တံခါးနားရောက်လာပြီး တွန်းသွားခဲ့တယ်"

"အစ်ကိုလီက ငါ့ကိုဆွဲခေါ်ပြီး ကုမ္ပဏီ တံခါးကို တိတ်တဆိတ်ဖွင့်လိုက်တယ်၊ ပြီးတော့... ပြီးတော့ငါတို့မြင်လိုက်ရတာက တွန်းလှည်းက အခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ ၁၉၃ရဲ့ တံခါးနားမှာ ရပ်နေတယ်။ အဲဒီကုမ္ပဏီရဲ့ တံခါးကလည်း ပိတ်မထားဘူး၊ တွန်းလှည်းက ခဏလေးအတွင်းပဲ ပျောက်သွားတယ်။

အဲဒီတုန်းက ကျွန်မစိတ်ထဲ ထူးဆန်းတဲ့ မှော်အစွမ်းသုံးလိုက်သလို စူးစမ်းချင်တဲ့ စိတ်တစ်ခုဖြစ်ပေါ်လာခဲ့တယ်၊ အဲ့ဒီ ကုမ္ပဏီထဲကို ဝင်ကြည့်ချင်စိတ် ဖြစ်လာခဲ့တယ်။

အစ်ကိုလီနဲ့ ကျွန်မ တကယ်ပဲ သွားကြည့်မိလိုက်တယ်၊ ဝင်လိုက်တဲ့အချိန်မှာ အရမ်းကို အေးစက်နေခဲ့တယ်"

"ရုံးခန်းထဲမှာ လူတစ်ယောက်မှမရှိဘူး၊ အဲဒီကုမ္ပဏီကို လူတွေ ရက်အတော်ကြာ မလာဘူးလို့ထင်ရတယ်။ သူတို့သူဌေး ရုံးခန်းရဲ့ တံခါးကလည်း ပွင့်နေတာကို မြင်လိုက်ရတယ်။ အစ်ကိုလီနဲ့ ကျွန်မ ခြေထောက်ကို ဖော့ဖော့ကလေး လျှောက်သွားခဲ့ကြတယ်၊ ကျွန်မ တံခါးနားကို ရောက်တဲ့အခါ နောက်ဆုံး မနေနိုင်တော့ဘဲ အော်လိုက်တယ်"

"အဲဒီရုံးခန်းထဲမှာ လူတစ်ယောက် မှောက်လျက် လဲနေတယ်၊ ဒါပေမယ့် သူက လုံးဝမှောက်နေတာ မဟုတ်ဘူး။ သူ့လည်ပင်း... သူ့လည်ပင်းက ရုံးခန်းထဲကငါးကန်ရဲ့ ​ခြံစည်းရိုးကြားထဲမှာ ညပ်နေတယ်၊ လှုပ်ရှားမှုမရှိတော့ဘဲ လဲနေတယ်!"

"အဲဒီလူသေသွားပြီလား?"

"ဟုတ်တယ်၊သူသေသွားပြီ။ အပေါက်ထဲမှာ ညပ်ပြီး အရှင်လတ်လတ်သေနေတာ။ ခြံစည်းရိုးကြား နေရာက အရမ်းကျဉ်းတယ်၊ အတွင်းကငါးတွေကတော့ ပျော်ပျော်ကြီး ကူးနေတုန်းပဲ။ အဲဒီလူကဝတယ်၊ သူ့လည်ပင်းကလည်း ထူတယ်။ ဘယ်လိုလုပ်ပြီး သူ့လည်ပင်းက အဲဒီထဲ ရောက်သွားတာလဲဆိုတာတော့ မသိဘူး...။

ခြံစည်းရိုးကြား နေရာက လေးငါးစင်တီမီလောက်ပဲ ကျယ်တယ်၊ လူတစ်ယောက်ရဲ့ လည်ပင်းက ဘယ်လိုလုပ် အဲဒီမှာညပ်နေနိုင်မှာလဲ!"

All Chapters