← Chapters

သရဲနှင့် လေးနာရီကြာ နေခဲ့ခြင်း

Vol. 20 Ch. 275

သရဲနှင့် လေးနာရီကြာ နေခဲ့ခြင်း

Vol. 20 Ch. 275

လည်ပင်းကညပ်နေပြီး အချိန်မီ လွတ်အောင် မလုပ်နိုင်ရင် အသက်ရှုကျပ်ပြီး သေဆုံးတတ်တယ်။

ရှောင်ချီနဲ့ အစ်ကိုလီတို့ အလုပ်လုပ်တဲ့ ကုမ္ပဏီဘေးက အခြားကုမ္ပဏီတစ်ခုမှာ ဒီလူသတ်မှုက ဖြစ်သွားခဲ့တာဖြစ်သည်။

ဒါပေမယ့် ဒီလူသတ်မှုမှာ နောက်ထပ် တစ်ခုက ထက်ရှိနေသေးသည်။

ပစ္စည်းတွေသယ်ဖို့သုံးတဲ့ တွန်းလှည်းတစ်စီး။ ဘယ်သူမှမတွန်းဘဲ ကုမ္ပဏီတံခါးဝမှာ ရပ်နေပြီး နောက်ဆုံးတော့ ပျောက်ကွယ်သွားတဲ့ တွန်းလှည်းတစ်စီး။

ဒီလှည်းကို ထိုအချိန်က တွန်းနေတဲ့သူက သူတို့ကို ဒီမှာတစ်ယောက်သေနေတယ်လို့ ပြောပြချင်တာလား?။

အကြောင်းကိစ္စတွေက ဒီလောက် ရိုးရိုးလေး ဆိုရင် အစ်ကိုလီနဲ့ ရှောင်ချီ ကြုံတွေ့ရတဲ့ အရာတွေက ဒီလှည်းနဲ့တင်ပဲ ပြီးဆုံးလောက်ပြီ။

တကယ်လို့ လူတစ်ယောက်သေပြီး သူ့ရဲ့ ခန္ဓာကိုယ်နေရာကို ပြောပြချင်တယ်ဆိုရင် သူက သူအကူအညီတောင်းချင်တဲ့ သူရဲ့အိမ်အထိ ဇွတ်အတင်းလိုက်ပြီး ဒုက္ခပေးမှာ မဟုတ်ပါဘူး။

သွားလို့ရနိုင်တယ် ဆိုရင်တောင် အဲ့လိုပုံစံနဲ့ ဖော်ပြဖို့က မဖြစ်နိုင်ဘူး။

ကျန်းရီက အကြောင်းရင်းကို ရှာဖွေပြီးသွားပြီ၊ ဒါကို ယင်ယန် အတက်အကျ ပညာရပ်ကို အသုံးချပြီး ရှင်းပြနိုင်တယ်။

ယန်ချီ အားကောင်းရင် သရဲနဲ့ တွေ့ဖို့က ခဲယဉ်းတယ်။ ပြောင်းပြန်အားဖြင့် ယန်ချီ အားနည်းတဲ့အခါ ယင်ချီ မြင့်တက်လာတယ်။ယင်ချီ မြင့်တက်လာမယ်။

ရှောင်လိုနဲ့ ရှောင်ချီနှစ်ယောက်လုံးက သရဲကို တွေ့ခဲ့တာကြောင့် သူတို့ရဲ့ ယန်ချီ လျော့နည်းလာခဲ့တယ်၊ ဒါကြောင့် အဲဒီသရဲကို မြင်ရဖို့ ပိုပြီး လွယ်ကူသွားတယ်။

ဒါပေမယ့်သူတို့က လှည်းတွန်းတဲ့ လူကို မမြင်ခဲ့ကြဘူး။ မဟုတ်ဘူး၊ အစ်ကိုလီကတော့ မြင်ခဲ့လိမ့်မယ်။ လှည်း ပေါ်မလာခင် ကတည်းက အစ်ကိုလီက ရုတ်တရက် ကြောက်သွားခဲ့ပြီး ရှောင်ချီကို ဆွဲပြီး ကုမ္ပဏီထဲ ဝင်သွားခဲ့တယ်။

သူတစ်ခုခုကို မြင်ခဲ့တာပဲ၊ လှည်းကို တွန်းနေတဲ့လူကို မြင်ခဲ့လိမ့်မယ်။

ရှောင်ချီပြောတာက ဒီလိုလှည်းမျိုးကို အဆောက်အဦးတွေမှာ ရေပို့လေ့ရှိတဲ့ ဝန်ထမ်းတွေ သုံးလေ့ရှိတယ်တဲ့။

ရှောင်ချီ ရှင်းမပြနိုင်တဲ့အရာကို ပထမဆုံးအကြိမ် တွေ့ခဲ့တာလည်း ရေသန့်ဘူးထဲမှာပဲ ဖြစ်ခဲ့တယ်။

သူတို့ ကြုံတွေ့ရတဲ့ အရာတိုင်းက ရေသန့်ဗူးဆီကို ညွှန်ပြနေသလိုပဲ။

ရေသန့်ဗူးထဲမှာ လူမျက်နှာတစ်ခုကို တွေ့လိုက်ရတယ်။ ကျန်းရီက အဲဒီမြင်ကွင်းကို တွေးပြီးရှောင်ချီကို မေးလိုက်တယ်- "ဒါဆို မင်းတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့လဲ"

"အစ်ကိုလီနဲ့ ကျွန်မက လူသေအလောင်းကို တွေ့တာနဲ့ ချက်ချင်းဖုန်းထုတ်ပြီး ရဲကိုခေါ်ခဲ့တယ်။ ဒါပေမယ့်... ဖုန်းက ဆက်လို့မရခဲ့ဘူး၊ ဆက်သွယ်ဖို့ လိုင်းမရှိဘူးလို့ပဲ ပြနေတယ်။

ဒါပေမယ့် ကျွန်မတို့ အဲဒီတုန်းက ရှိနေတဲ့ အဆောက်အဦးက ကျင်းဟိုင် မြို့ရဲ့ အချက်အချာ ဧရိယာထဲမှာလေ။ ဘယ်လိုလုပ် လိုင်းက မရှိရမှာလဲ။ အစ်ကိုလီက တစ်ခုခုက မှားယွင်းနေတယ်ဆိုတာ သတိထားမိပြီး သူက ကျွန်မကို အမြန်ဆွဲပြီး အပြင်ကို ထွက်ပြေးခဲ့တယ်။

ဒါပေမယ့် တံခါးဆီရောက်တဲ့အခါ တံခါးက အတွင်းကနေ သော့ခတ်ထားတာကို တွေ့လိုက်ရတယ်။ သော့မပါဘဲအပြင်ထွက်ဖို့ မဖြစ်နိုင်ဘူး။ tempered ဖန်တံခါးကိုလည်း ရိုက်ဖွင့်လို့မရခဲ့ဘူး။

အဲဒီတုန်းက အစ်ကိုလီနဲ့ ကျွန်မ လုံးဝ မျှော်လင့်ချက်ကင်းမဲ့သွားပြီး အကူအညီ တောင်းဖို့ ကြိုးစားပြီး အော်ခေါ်နေပေမယ့် ဘယ်သူမှ မကြားခဲ့ဘူး။

အဲ့ဒါနဲ့ ကျွန်မလည်း အားအင်ကုန်ခမ်းသွားပြီး နံရံမှာမှီပြီးထိုင်လိုက်တဲ့အခါ ကုမ္ပဏီထဲက နံရံက နာရီက မနက် (၁:၃၆) ဖြစ်နေတာကို တွေ့လိုက်ရတယ်!"

"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ကျွန်မတို့ အချိန်ပို လုပ်ရပေမယ့် ပုံမှန်အားဖြင့် ဆယ်နာရီထက် ကျော်လေ့မရှိဘူး။ ကျွန်မ သန့်စင်ခန်းသွားဖို့ ရုံးခန်းက ထွက်လာတဲ့ အချိန်က ကိုးနာရီကျော်ပဲရှိသေးတယ်၊ အစ်ကိုလီနဲ့ စကားစပြောတဲ့ အချိန်တွေပါ ပေါင်းလိုက်ရင် ဘယ်နှစ်နာရီ ကြာနိုင်မှာလဲ?မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး၊ တစ်နေရာရာမှာ တစ်ခုခုက ဖြစ်ခဲ့မှာပဲ"

"ဒါပေမယ့်အဲဒီတုန်းက ကျွန်မ လုပ်ချင်ခဲ့တာက တစ်ခုတည်းပဲရှိတယ်၊ အမြန်ထွက်ပြေးဖို့ပဲ။ ဆယ်မိနစ် ၊ မိနစ်သုံးဆယ်၊ တစ်နာရီ ဒါမှမဟုတ် နှစ်နာရီ ကြာသွားခဲ့ပေမယ့် ကျွန်မတို့ရဲ့ အကူအညီတောင်းသံကို ဘယ်သူမှ မကြားခဲဘူး။ အစ်ကိုလီ စိတ်ဓာတ်ကျသွားပြီ၊ ကျွန်မလည်း စိတ်ဓာတ်ကျသွားခဲ့တယ်။

ဒါပေမယ့် အစ်ကိုလီက ပိုပြီးတော့တောင် ကြောက်နေသေးတယ်။ သူက တံခါးနားမှာ ဒူးထောက်ပြီးထိုင်ကာ ငိုကြွေးရင်း ဘုရားသခင်ကို ကယ်တင်ပါလို့ အော်နေတယ်။

တကယ်တော့ အဲဒီတုန်းက အစ်ကိုလီရဲ့ အခြေအနေကို ကျွန်မ နားလည်နိုင်တယ်၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာတဲ့ သူဖြစ်ဖြစ် သေခြင်းတရားနဲ့ ပတ်သတ်လာရင် ကြောက်စိတ်က ဝင်လာမှာပဲ"

"ကျွန်မကိုယ်ကိုယ်ကို နှစ်သိမ့်နေခဲ့တယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့ အစ်ကိုလီရဲ့ တုံ့ပြန်မှုကို သံသယဝင်မိခဲ့တယ်။

သူကြောက်နေတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်မလို မိန်းကလေးတစ်ယောက်ထက်ကို ပိုပြီးကြောက်နေတာလား? ကျွန်မ သူ့ကို သေသေချာချာကြည့်လိုက်တယ်၊ အရမ်းကို ဂရုတစိုက်ကြည့်တယ်၊ နောက်ဆုံးမှာတော့ တစ်ခုခုကို သတိရမိလိုက်တယ်၊ ကျွန်မက သူ့ကို မေးလိုက်တယ်- 'အစ်ကိုလီ၊ ဒီနေ့တွေမှာ နေ့ခင်းဘက် အလုပ်လာခဲ့တာလား' ဆိုပြီး"

"ဟုတ်တယ်၊ ကျွန်မရုတ်တရက် သတိရလိုက်တာက အစ်ကိုလီက ဒီနေ့တွေမှာ နေ့ခင်းဘက် အလုပ်မလာခဲ့ဘူး! သူပေါ်တဲ့ အခါတိုင်းက ညဘက်မှာပဲ၊ ဒါပေမယ့် ကျွန်မတို့ ဌာနမှာ လူတွေအများကြီးရှိတယ်၊ လူတိုင်းက သူတို့အလုပ်ကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတာ။

အစ်ကိုလီ နေ့ခင်းဘက်တွေ မလာတာကို ကျွန်မသတိထားမိခဲ့ပေမယ့်၊ ကျွန်မတို့ကလည်း စကားများများ မပြောတက်တဲ့သူတွေဆိုတော့ ဒီအကြောင်းကို မပြောဖြစ်ကြဘူး။

ကျွန်မသတိထားမိတာက အစ်ကိုလီ နေ့ခင်းဘက် မလာတာကို ကြီးကြပ်ရေးမှူးကတောင်မှ သတိမထားမိသလိုပဲ။

ဘာပဲဖြစ်ဖြစ် အစ်ကိုလီ အလုပ်မလာတာကို သူ့အတွက် ပြဿနာမရှိသလိုပဲ။

ဒါက အရမ်းထူးဆန်းတယ်၊ဘာလို့...ဘာလို့ အစ်ကိုလီက နေ့ခင်းဘက်တွေမှာ အမြဲလိုလို ပျောက်နေပြီး ညဘက်မှပြန်ပေါ်လာရတာလဲ?"

"သူကသေသွားပြီလား.........?"

"အဲဒီဖြစ်နိုင်ခြေကို ကျွန်မတွေးမိတဲ့အခါ ပထမဆုံးအကြိမ် သူ့ကို လက်နဲ့ ထိကြည့်လိုက်တယ်။ ကျွန်မရဲ့လက်က သူ့လည်ပင်းပေါ် ရောက်တော့ အရမ်း... အရမ်းကို အေးစက်နေတယ်!"

"ဒါဆိုမင်းဘာလုပ်ခဲ့လဲ? သူ့ကိုခေါ်ခဲ့လား? ဒါမှမဟုတ် သေပြီလားလို့မေးခဲ့လား?"

ကျန်းရီက မေးလိုက်တယ်၊ရှောင်ချီက အမြန်ပဲ ဖြေလိုက်တယ်- "မဟုတ်ဘူး၊ အဲဒီတုန်းက ကျွန်မဘာတွေးနေမိမှန်းမသိဘူး။ ကျွန်မက လက်ကို ချက်ချင်း ပြန်ဆွဲလိုက်တယ်။

အစ်ကိုလီကလည်း လှည့်ပြီးကျွန်မကို မေးတယ်၊ 'ရှောင်ချီ၊ မင်းဘာဖြစ်တာလဲ?' ကျွန်မက 'အစ်ကိုလီ ကျွန်မ အရမ်းကြောက်နေတယ်၊ ကျွန်မကို ဖက်ထားပေးလို့ရမလား?' လို့ပြောလိုက်တယ်။

တကယ်တော့ ဒါကို ပြောပြီးတာနဲ့ ကျွန်မ နောင်တရသွားတယ်၊ တကယ်ကို နောင်တရသွားတယ်၊ ဘာလို့လဲဆိုတော့ သူ့အရေပြားကနေ အနွေးဓာတ်ကို ကျွန်မ မခံစားရဘူး။

အဲဒီတုန်းက အစ်ကိုလီရဲ့ အရိပ်... သူ့အရိပ် ဘယ်တုန်းက ပျောက်သွားမှန်းတောင် ကျွန်မ မသိလိုက်ဘူး။

သူက တကယ်ပဲ ကျွန်မကို ဖက်လိုက်တယ်၊ သူ အကြောက်လွန်ကဲနေတဲ့ ပုံစံနဲ့ ဖက်လိုက်တဲ့ အတွက် အားပြင်းနေသလို အားတော်တော် ပါခဲ့တယ်၊ ဒါကြောင့် ကျွန်မ ခန္ဓာကိုယ် နာကျင်သွားခဲ့တယ်"

"ဒါပေမယ့် ကျွန် မလှုပ်မရဲခဲ့ဘူး၊ သူကျွန်မကို ဖက်ထားတဲ့အတိုင်းပဲ နေလိုက်တယ်။ ကျွန်မ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ ကျွန်မက အစ်ကိုလီနဲ့ အတူ လေးနာရီလောက်ထိ အဲဒီမှာနေခဲ့ရတယ်၊ နောက်ဆုံး နေထွက်တက်လာတော့… အစ်ကိုလီ ရုတ်တရက် ပျောက်ကွယ်သွားတယ်။

ကျွန်မတစ်ယောက်တည်း ကုမ္ပဏီရဲ့ ရုံးခန်းထဲမှာနေခဲ့ရတယ်၊ ကျွန်မက ကုမ္ပဏီပိုင်ရှင်ရဲ့အခန်း ဆီကို တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားခဲ့တယ်။

သူ့ခန္ဓာကိုယ်က အဲဒီမှာပဲရှိနေသေးတယ်။ ငါးကန်ရဲ့ ခြံရိုး ကြားထဲမှာညပ်ပြီး လှုပ်ရှားမရဖြစ်နေတယ်၊ ဒါပေမယ့် အပြင်မှာ နေထွက်နေပြီဆိုတာကို ကျွန်မသိလိုက်ရတယ်"

"လူတွေအလုပ်လာတော့ ကျွန်မရဲ့ အော်သံကိုကြားပြီး၊ မီးသတ်ဌာနကိုခေါ်ပြီး တံခါးသော့ကို ဖြတ်ခိုင်းကာ ရဲကိုခေါ်တဲ့ အထိပါပဲ။

အဲဒီလူ၊ သူသေပြီးတာ သုံးရက်ရှိပြီ! ဒါပေမယ့် ကျွန်မ သူ့ကိုမသိဘူး၊ ကျွန်မ စဉ်းစားနေတဲ့အရာက အစ်ကိုလီက တကယ်သေသွားတာလားဆိုတာပဲ။

ကျွန်မက ဖုန်းကိုကောက်ကိုင်ပြီး သူ့ကို အသည်းအသန် ခေါ်ခဲ့တယ်။

သူ့ဖုန်းကို ခေါ်လို့မရခဲ့ဘူး။ ဒါကြောင့် ကျွန်မက ရဲတွေဆီသွားခဲ့လိုက်တယ်။

ကျွန်မက 'နောက်ထပ် တစ်ယောက် သေနေနိုင်တယ်' လို့ပြောလိုက်တယ်!"

"ကျွန်မ ရှင်းပြပြီးတဲ့နောက် ရဲတွေက ချက်ချင်းပဲ အခြားရဲတပ်ဖွဲ့တစ်ဖွဲ့ကို အသိပေးပြီး အစ်ကိုလီကို ရှာဖွေဖို့ ကျွန်မကို ခေါ်သွားခဲ့တယ်။

အစ်ကိုလီရဲ့ နေတဲ့အိမ်ရဲ့ တံခါးကို ဖွင့်လိုက်တဲ့အခါ အစ်ကိုလီက အိပ်ယာပေါ်မှာ လဲနေတယ်။

သူ့အခန်းထဲမှာလည်း အနံ့ဆိုးတွေ ထွက်နေတယ်၊ သူသေပြီးတာ... ရက်ပေါင်းများစွာ ကြာနေခဲ့ပြီ!"

All Chapters