← Chapters

ကျန်းရှောင်ပိုင်နှင့် တစ်ဖန် တွေ့ဆုံခြင်း

Vol. 20 Ch. 276

ကျန်းရှောင်ပိုင်နှင့် တစ်ဖန် တွေ့ဆုံခြင်း

Vol. 20 Ch. 276

အစ်ကိုလီရဲ့ သေဆုံးမှုက ဘယ်လိုမှ အံ့သြစရာ မရှိပါဘူး။ သူ မသေခဲ့ရင် ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်ဘူး။

"အစ်ကိုလီ ဘယ်လိုသေတာလဲ" လို့ ကျန်းရီက မေးလိုက်တယ်။

ရှောင်ချီက "သူအရက်အဆိပ်သင့်ပြီး သေတာလို့ ရဲတွေကပြောတယ်။ သေခါနီးမှာ အရက်အများကြီးသောက်ခဲ့မိတယ်ထင်တယ်"

"ဒါဆို သူသေပြီးနောက်၊ ဘေးက ကုမ္ပဏီ ပိုင်ရှင် သေတယ်​ပေါ့၊ ဒါဆို နံနက် ၂:၂၇ မှာ ကေလေးက တံခါးအကြားကနေ ကြည့်နေတာကလွဲရင် တခြားဘာတွေများ ထပ်ဖြစ်သေးလဲ။ တနည်းအားဖြင့် အစ်ကိုလီနဲ့ အဲ့ဒီ ကုမ္ပဏီ ပိုင်ရှင်ကို ထပ်တွေ့သေးလား?"

"ဟင့်အင်း၊ ကျွန်မသူတို့ကို တစ်ခါမှ မတွေ့ရတော့ဘူး။ ညဘက် အချိန်ပိုလည်း လုံးဝမလုပ်ရဲတော့ဘူး။ ကျွန်မရဲ့ သူဌေးက ခိုင်းရင်တောင်မှ ညဘက် ကွန်ပျူတာကိုယူပြီး အိမ်ပြန်လုပ်တယ်။

ဒါပေမယ့် တစ်ခုကို အမြဲ ထူးဆန်းနေမိတာက လူတိုင်းက ကျွန်မလိုပဲလား။ အစ်ကိုလီမရှိဘဲ ရက်ပေါင်းများစွာကြာနေတာတောင် သူ့မှာ တစ်ခုခုဖြစ်နေမှာကို ဘယ်သူမှ သံသယ မဖြစ်ကြတာလဲ?"

ရှောင်ချီပြောတဲ့အတိုင်းပဲ တကယ့်ကို ထူးဆန်းနေခဲ့တာ ဖြစ်သည်။ လူကောင်းတစ်ယောက်၊ ရုံးဝန်ထမ်း တစ်ယောက် ရက်ဆက်တိုက် အလုပ်ကို မလာတာကို ဘယ်လိုလုပ်ပြီး ဘယ်သူမှ သံသယမဖြစ်ကြတာလဲ။

ဘယ်လောက်ပဲဂရုမစိုက်တဲ့သူဖြစ်ဖြစ်၊ မန်နေဂျာ ဒါမှမဟုတ် ကုမ္ပဏီ ရဲ့ စီမံခန့်ခွဲမှုပိုင်းက သိသင့်တယ်မလား။

"အစ်ကိုလီက ကုမ္ပဏီ မှာ ဘယ်လို ရာထူးမျိုးလဲ"

"သူက ကျွန်မတို့ ဌာန ရဲ့ ခေါင်းဆောင်လိုမျိုးပါ"

"ဒါဆိုပိုပြီး ထူးဆန်းသွားပြီ"

"ဟုတ်တယ်၊ ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်မလည်း နားမလည်ဘူး"

“ဒီကိစ္စရဲ့ ထူးဆန်းမှုကို ခဏလောက် ဘေးဖယ်ထားလိုက်ပါ။ ရှောင်ချီ၊ မူရင်းခေါင်းစဉ်ဆီ ပြန်သွားရအောင်။ ဒီည နောက်ဆုံးအကြိမ် ပြောင်းလဲတာကလွဲရင် ကေလေး နောက်ဆုံးအကြိမ် ပြောင်းတာက ဘယ်တုန်းကလဲ။ အဆင်ပြေရင် အဲ့ဒီအချိန်က ဗီဒီယိုကို ဖွင့်ပြပေးနိုင်မလား"

"ဟုတ်ကဲ့ပါ၊ ဖွင့်ပြပေးနိုင်ပါတယ်။ ဒါပေမယ့် စတွင်မာ့ကို ဒုက္ခရောက်စေမှာစိုးရိမ်တယ်။"

"ဘယ်လိုဒုက္ခရောက်မှာလဲ။ စိတ်ချလက်ချနဲ့ ကျွန်တော့် ဗီဒီယို ခေါ်ဆိုမှုကို လက်ခံလိုက်ပါ"

ကျန်းရီပြောပြီးတာနဲ့ ရှောင်ချီက ဗီဒီယို ခေါ်ဆိုမှု ကို ချိတ်လိုက်တယ်။ အသက်နှစ်ဆယ် အစောပိုင်းရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ဟာ အရမ်းမရှည်ပဲ မျက်ခုံး အနားလောက်ကို ရောက်နေတယ်။ သူ့မျက်နှာက သိပ်ပြီးတော့ အရောင်မတောက်ပေမယ့် မကောင်းဆိုးဝါး စွဲကပ်ခံနေရတဲ့ ပုံမျိုးတော့ မဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း ပြောရရင် ဒီမိန်းကလေးက ကျန်းမာပြီး ဘေးကင်းနေသေးတယ်။

ဗီဒီယိုကို ကြည့်လိုက်တဲ့အခါ အိမ်မွေးကြောင်လေးက ဆီယမ်ကြောင် အမျိုးအစား ဖြစ်နေတာကို လူတိုင်း မြင်လိုက်ရတယ်။

ကြောင်လေးက အခုချိန်မှာ အတော် တိတ်ဆိတ်နေပြီး ခေါင်းကိုစောင်းပြီး ပတ်ပတ်လည်ကို ကြည့်နေတယ်။ ဒီမျိုးစိတ်ကြောင်တွေက ဂဏာမငြိမ်​ နေတက်ပြီးတော့ စူးစမ်းလိုစိတ်များတယ်။

ကျန်းရီက မြင်တဲ့အခါ ရှောင်ချီကို "ကြောင်လေး အနီးကပ် ပြလို့ရမလား" လို့ ပြောလို​က်တယ်။

ရှောင်ချီက ကျန်းရီဘာလို့ ဒီလို တောင်းဆိုတာလဲ ဆိုတာ နည်းနည်း ရှုပ်သွားပေမယ့် ကျန်းရီညွှန်ကြားတဲ့အတိုင်း လုပ်လိုက်တယ်။

သူမက ဆီယမ်ကြောင်လေးကိုကောက်ယူပြီး ကင်မရာနဲ့ သေချာရိုက်ပြလိုက်တယ်။

ဆီယမ်ကြောင်လေးနဲ့ ကျန်းရီရဲ့ မျက်လုံးတွေ တွေ့လိုက်တဲ့အခါ ကြောင်လေးက ကြောက်ရွံ့တဲ့ ပုံပေါက်နေပြီး သူ့အမွေးတွေတောင်မှ တစ်ချောင်းချင်းစီ ထောင်မတ်လာခဲ့တယ်။

"ကေလေးကို ရေချိုးပေးတာ ဘယ်လောက်ကြာပြီလဲ"

"အရင်ကတော့ အမြဲချိုးပေးဖြစ်တယ်။ ဒါပေမယ့် မကြာခင်ကတော့... တစ်လနီးပါးလောက် ရှိသွားပြီ။ စိတ်မပါတော့ဘူး။ ကြောက်စိတ်တွေနဲ့ပဲ နေနေရတာဆိုတော့"

"ဒါဆိုသူဘာလို့ ည ၂:၂၇ မှာ အမြဲ ပေါ်လာနေရတာလဲ သိလား။ အစကတည်းက အချိန်က ဒီလောက်တိကျခဲ့တာလား?"

"ဟုတ်မယ်ထင်တယ်။ အစက အချိန်ကို သိပ်ဂရုမစိုက်မိဘူး။ ဒါပေမယ့် နောက်ထပ် နှစ်ကြိမ်လောက်ထိ ည ၂:၂၇ မှာ အချိန်မှန်မှန် ပေါ်လာတယ်"

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "အရာရာတိုင်းမှာ စိတ်ဝိညာဉ် ရှိတယ်လို့ ပြောကြတယ်။ ဒီအရာတွေကိုဘာလို့ လူတွေက လက်ခံပြီး အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားကြတာလဲ။ တစ်ချို့က တကယ်ကို လှတဲ့အတွက်ပဲ၊ တစ်ချို့ကတော့ တကယ်ကို ထူးဆန်းလို့ ဒါမှမဟုတ် တခြားသော တိရစ္ဆာန်တွေထက် ပိုပြီးဉာဏ်ရှိလို့ဆိုတဲ့ အကြောင်းရင်းတွေရှိတယ်။

ဒါပေမယ့်တိ ရစ္ဆာန်တွေက သဘာဝဘေးအန္တရာယ်တွေကို ပိုပြီး ခံစားသိရှိနိုင်တယ် ဆိုတာကိုတော့ ကျွန်တော် သဘောတူတယ်။ ဒါကိုရှင်းပြနိုင်တဲ့ သိပ္ပံနည်းကျ အခြေခံတွေလည်း ရှိတယ်။

ဒါပေမယ့်တိရစ္ဆာန်တွေက သရဲ ကိစ္စမှာတော့ ဒီလောက်ထက်ပိုပြီး တိကျတဲ့ ခံစားမှု ရှိမယ်လို့ မဆိုနိုင်ဘူး။

တစ်ခါတစ်ရံမှာ မွေးကင်းစ ကလေးတစ်ယောက်ရဲ့ အာရုံခံစားမှုလောက်တောင် မမီဘူး။ ကလေးတွေကသာ အဲဒီအရာတွေ (သရဲ) တွေကို တကယ်မြင်နိုင်တဲ့သူတွေပဲ"

"ဒါပေမယ့် ကေလေး က တကယ်ထူးဆန်းနေတယ်"

"ဟုတ်တယ်၊ ထူးဆန်းတယ်။ ဒါပေမယ့် သူ့မျက်လုံးတွေက ပိုပြီးတောင် ထူးဆန်းနေတယ်။ တစ်ယောက်ယောက်က သူ့မျက်လုံးထဲမှာ တစ်ခုခုခတ်ခဲ့တယ်"

ကျန်းရီကို ဘာမှလှည့်စားလို့မရဘူး။ ဆီယမ်ကြောင် ကေလေး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ပေါ်လာတဲ့အခါ ဒီကြောင်လေးမှာ ပုံမှန်မဟုတ်တဲ့ အချက်တစ်ခုရှိနေတာကို သူချက်ချင်းသိလိုက်ရတယ်။

သူ့သဘာဝအရ ဂနာမငြိမ်နေတက်ပြီး စူးစမ်းလိုစိတ်များပေမယ့်၊ သူ့ကို တစ်ခုခု မြင်နိုင်တဲ့စွမ်းရည် ပေးထားလိုက်မယ် ဆိုရင်ကော။ ဒါဆိုရင် စူးစမ်းလိုစိတ် သိပ်များပြီးသား ဒီလိုကြောင်မျိုးဟာ ပိုပြီး​တော့တောင် ဂနာမငြိမ်ဘဲ စူးစမ်းလိုစိတ်တွေ ဖြစ်လာမယ်။ ဒီလိုနဲ့ သူ့ပိုင်ရှင်ဟာ သူမြင်ရတဲ့ မသိရတဲ့ အရာတွေအပေါ် ပိုပြီး ကြောက်ရွံ့မှုတွေ ဖြစ်လာစေမယ်။

ကျန်းရီရဲ့စကားကို ကြားတဲ့အခါ ရှောင်ချီဟာ အံ့အားသင့်သွားခဲ့တယ်။

ကျန်းရီက ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်တယ်-"ကျွန်တော့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေ သိကြမယ်ထင်တယ်။ တစ်ချို့ အထူး အရာဝတ္ထုတွေကို သုံးပြီး လူသေတွေရဲ့ ဝိညာဉ်ကို မြင်နိုင်တယ်ဆိုတာကို။ ဒါပေမယ့် အဲဒီအရာတွေက ပုံပြင်တွေထဲက ရိုးရိုးရှင်းရှင်း ပြောထားသလောက်တော့ မလွယ်ကူဘူး။

ကြံ့ဦးချိုကို ကြိတ်ပြီး လုပ်ထားတဲ့နံ့သာကို သုံးလို့ရတယ်။ ဒါပေမယ့် အထူးတလယ် ပြုလုပ်ထားဖို့တော့လိုတယ်။

နွားမျက်ရည်ကိုလည်း သုံးလို့ရတယ်။ အဲဒါတွေကိုလည်း အထူးတလယ် ပြုလုပ်ထားဖို့လိုတယ်။

အကယ်၍ အထူးအဆန်းတစ်ခုခုသာ မဖြစ်ခဲ့ရင် ကေလေး မှာ အထူးပြုလုပ်ထားတဲ့ နွားမျက်ရည် ခတ်ခံထားရမယ်ထင်တယ်။ ဒါကြောင့် သူ့မျက်လုံးတွေက ပိုပြီးတော့ စူးရှလာတာ"

ပြောပြပြီးတော့ ကျန်းရီက ခဏရပ်လိုက်ပြီး "ဒီလိုလုပ်ရအောင်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီညမှာ တခြားကိစ္စတွေဖြေရှင်းဖို့ အချိန်က မလောက်တော့ဘူး။ ရှောင်ချီရဲ့ပြဿနာကိုပဲ အာရုံစိုက်ဖြေရှင်းလိုက်ရအောင်။ ရှောင်ချီ၊ မင်းဖုန်းထုတ်ပြီး ကျန်းလန်အိမ်ရာ ကို ရှာလိုက်ပါ"

ရှောင်ချီက မြေပုံ ပေါ်မှာ ကျန်းလန်အိမ်ရာ ကိုရှာလိုက်တယ်။ ဒီနေရာဟာ သူ့အိမ်နဲ့ အတော်နီးပြီး ၁၂ ကီလိုမီတာ လောက်ပဲဝေးတယ်။

"စတွင်မာ၊ စတွင်မာက ကျင်းဟိုင်မြို့ထဲမှာ လား"

"မဟုတ်ဘူး၊ မင်းက ကျန်းလန်အိမ်ရာကို အခုချက်ချင်းသွားပါ။ ကေလေး ကိုလည်း ခေါ်သွားပါ"

ရှောင်ချီက ကျန်းရီပြောတဲ့အတိုင်း လုပ်ခဲ့တယ်။ သူက မြို့လယ်ခေါင်မှာ နေတာဆိုတော့ မနက်အစောကြီး အချိန်မှာတောင် တက္ကစီက ရှိနေသေးတယ်။

၁၂ ကီလိုမီတာလောက်ကို ကားက မြန်မြန်ဆန်ဆန်ပဲ မောင်းသွားခဲ့တယ်။ မကြာခင်မှာပဲ ကျန်းလန်အိမ်ရာ ရဲ့ တံခါးဝကို ရောက်လာခဲ့တယ်။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ အရင်ကတည်းက ရှိခဲ့တဲ့ ပရိသတ်ဟောင်းတွေ အတွက်တော့ ဒီအိမ်ရာက မစိမ်းနေပါဘူး။

ဒီမှာပဲပစ္စည်းပို့သမား ရှောင်ကျန်းက မကောင်းဆိုးဝါးဝိညာဉ် ချီဖေးရဲ့ အော်ဒါနဲ့တွေ့ခဲ့ပြီး အနီရောင် ဖိနပ်တစ်ရံကနေ စတင်ခဲ့တဲ့ သရဲဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်။

ဒီ ကျန်းလန်အိမ်ရာ ထဲမှာ ကျန်းရှောင်ပိုင် လိုမျိုး စောင့်ရှောက်တဲ့ဝိညာဉ် ရှိတယ်ဆိုတာကိုလည်း သိခဲ့ရတယ်။ သူမက ခေါင်းကို အောက်ကိုစိုက်လျက်သာ လမ်းလျှောက်နိုင်ပြီး ကြည့်ရတာ အရမ်းကို ထူးဆန်းပေမယ့်၊ လူကနေ သရဲဖြစ်သွားတဲ့ သူတွေထဲမှာ အလွန်ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ သူမရဲ့နာမည်က ကျန်းရှောင်ပိုင် ပါ။

ရှောင်ချီက ကျန်းရီညွှန်ကြားတဲ့အတိုင်း ကျန်းလန်အိမ်ရာက ကျန်းရှောင်ပိုင်ရဲ့ နေအိမ်ဆီကို သွားခဲ့တယ်။

ဓာတ်လှေခါးထဲက ထွက်လိုက်တဲ့အချိန်မှာ ကျန်းရီက "မင်း ကေလေးကို တံခါးနားမှာ လွတ်​ပေးလို​က်။ သူဘာတွေမြင်ရလဲဆိုတာ ကြည့်ရအောင်" လို့ ပြောတယ်။

ရှောင်ချီက ညွှန်ကြားတဲ့အတိုင်းပဲ လုပ်ဆောင်ခဲ့တယ်၊ တံခါးက နည်းနည်းလေး ပွင့်သွားခဲ့တယ်။ ကေလေးက အပေါက်ကနေတစ်ဆင့် အခန်းထဲကို ဖြည်းဖြည်းချင်းကြည့်လိုက်တယ်၊ သူ့အမွေးတွေက ချက်ချင်းနီးပါးကို ထောင်မတ်သွားခဲ့တယ်။

တံခါးက ချက်ချင်းပွင့်သွားခဲ့တယ်။

"အစ်ကိုကျန်းရီ၊ ထပ်ရောက်လာပြန်ပြီလား"

တံခါးပွင့်သွားတဲ့အခါ ခေါင်းကို အောက်စိုက်ချလျက် လမ်းလျှောက်နေတဲ့ ကျန်းရှောင်ပိုင် က အံ့အားသင့်သွားခဲ့တယ်။

All Chapters