မြို့ထဲက အစွမ်းထက်ဆုံး သရဲ
Vol. 20 Ch. 277
“အစ်ကိုကျန်းရီ၊ တကယ်ကို အစ်ကိုဖြစ်နေတာပဲ!"
ရှောင်ချီရဲ့ ဖုန်းထဲက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ရှောင်ပိုင်က အံ့အားသင့်စွာနဲ့ ကျန်းရီကို ကြည့်နေခဲ့တယ်။
ကျန်းရီကလည်း ပြုံးရင်းနဲ့ ပြောလိုက်တယ် "မင်း ပြန်လည်မမွေးဖွားသေးဘူးဆိုတာ ငါသိလို့ လာခဲ့တာ"
"ဟုတ်တယ်...အမေကနားမထောင်ဘူးလေ၊ သူမကို တမင်တကာ တစ်ယောက်ယောက်နဲ့ ယူသွားအောင်လည်း မလုပ်ပေးနိုင်ဘူး၊ သဘာဝအတိုင်း ထားလို့ပဲရမယ်"
"သဘာဝအတိုင်း ထားလိုက်တာက ပိုကောင်းတယ်၊ ဒါဟာ မင်းကိုယ်တိုင် အစပြုခဲ့တဲ့ အလဲအလှယ်ပဲလေ အခြေအနေတွေ သဘာဝအတိုင်း ပြည့်တဲ့အချိန်ထိ စောင့်ရမယ်" ကျန်းရီက ပြုံးရင်းပြောလိုက်တယ်၊ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေကလည်း သူမကို နှုတ်ဆက်ခဲ့ကြတယ်။
ပထမဆုံးအကြိမ် ရှောင်ပိုင်နဲ့ တွေ့တုန်းက ပရိတ်သတ်တွေက သူမရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်တော့ လန့်သွားခဲ့ကြတယ်၊ ဒါပေမယ့် အခုတော့ သူတို့ကအရင်နှုတ်ဆက်ကြတယ်။
ရှောင်ပိုင်ကလည်း ပြုံးပြီးနှုတ်ဆက်ခဲ့တယ်၊ စိတ်လှုပ်ရှားနေတဲ့ သူတချို့က "ရှောင်ပိုင်ရေ မင်း ငါ့ကို မှတ်မိသေးလား? ငါက ရှောင်ကျန်းလေ၊ အရင်က မင်းဆီ အစားအစာ ပို့ပေးခဲ့တဲ့သူလေ" လို့ ပြောလိုက်တယ်။
"အော်..မင်းလည်း အစ်ကိုကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ရှိနေတာလား။ ဒါဆို ရှောင်ကျန်း မင်းအခုထိ ပစ္စည်းပို့နေတုန်းပဲလား"
"မလုပ်တော့ဘူး၊ ကျွန်တော့်ဇာတိကို ပြန်ပြီး အဖေနဲ့အတူ စီးပွားရေးလေးလုပ်နေတယ်"
"မိဘတွေနဲ့ အတူရှိနေတာ ကောင်းတယ်၊ ကြိုးစားထား!" ရှောင်ပိုင်ရဲ့ စရိုက်က အထူးသဖြင့် အေးချမ်းလှတယ်၊ ပြီးတော့ မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အပြစ်ကင်းစင်တဲ့ စိတ်နဲ့ သွက်လက်ချက်ချာမှုလည်း ရှိတယ်။
ရှောင်ကျန်းနဲ့ စကားပြောပြီးတဲ့နောက် ရှောင်ပိုင်က ကျန်းရီကိုပြန်ကြည့်ပြီး "အစ်ကိုကျန်းရီ၊ ကျွန်မ အစ်ကို့ကို နောက်ဆုံး အကြိမ် မြင်ရမယ်လို့ထင်ခဲ့တာ၊ ဒီတစ်ခါ ပြန်ပေါ်လာတာက ကျင်းဟိုင်မြို့ တစ်နေရာက သရဲကြောင့်လား?"
"သရဲလား?ရှောင်ချီရဲ့ ခန္ဓာကိုယ်ကနေ မသိနိုင်ဘူးလား? ပြီးတော့ သူမ ပွေ့ထားတဲ့ကြောင်ကိုရော"
ဒီစကားကိုပြောပြီးတဲ့နောက် ရှောင်ပိုင်ရဲ့ မျက်လုံးတွေက ချက်ချင်းပဲ ဆီယမ်ကြောင်လေးပေါ်ကို ရောက်သွားတယ်။
ဆီယမ်ကြောင်လေးရဲ့ မျက်လုံးကို အကြာကြီးကြည့်ပြီးနောက် ရှောင်ပိုင်က "အမ်.. ဒီကြောင်က ပုံမှန်မဟုတ်ဘူး၊ သူ့မျက်လုံးတွေက..."
"မင်းကို မြင်နိုင်တယ်"
"အင်း.. ကျွန်မကို မြင်နိုင်တဲ့ ကြောင်နက် တစ်ကောင် ဆိုရင်တော့ အံ့အားသင့်စရာ မရှိပါဘူး၊ ဒါပေမယ့် ဒီကြောင်က ကြောင်နက်မဟုတ်ဘူး၊ သာမန် အိမ်မွေးတိရစ္ဆာန် ကြောင်တစ်ကောင်ပဲ၊ ကျွန်မဆိုလိုတာက သူကကျွန်မကိုမြင်နိုင်တယ်၊ သူ့မျက်လုံးတွေက တမင်တကာ လုပ်ထားတာဖြစ်ရမယ်"
"ကျင်းဟိုင်မြို့ရဲ့ အစွမ်းဆုံး သရဲဖြစ်တဲ့ ရှောင်ပိုင်၊ မင်းတစ်ခုခုနဲ့ ကြုံခဲ့ရဖူးလား?"
ကျန်းရီရဲ့ စကား ထွက်လာတာနဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေ အလွန်ကို အံ့အားသင့်သွားကြတယ်။
ရှောင့်ဘိုင်က ကျင်းဟိုင်မြို့ရဲ့ အစွမ်းထက်ဆုံး သရဲဖြစ်သွားပြီလား?
ကြည့်ရှု့သူ A-"ဖြစ်နိုင်လို့လား?၊ ရှောင်ပိုင်က အရင်အတိုင်းပဲ ဖြစ်နေသေးတယ်"
ကြည့်ရှု့သူ B-"မဟုတ်ဘူး၊ရှောင်ပိုင်က အစွမ်းထက်လာရမယ်၊ မင်းတို့ သိတယ်မလား သူမက ငါတို့ရဲ့ စတွင်မာနဲ့ သိကျွမ်းတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သရဲတစ်ကောင်ပဲလေ၊ သူမက စတွင်မာနဲ့ တွေ့ပြီးနောက် လောကထဲမှာ ကျန်ရှိနေတဲ့ ပထမဆုံးနဲ့ တစ်ယောက်တည်းသော သရဲဖြစ်တယ်လို့ ဆိုနိုင်တယ်"
ကြည့်ရှု့သူ C- "ကံကောင်းတာပဲ၊ ရှောင်ပိုင်မှာ ကုသိုလ်ကောင်းမှုတွေ ရှိရမယ်"
ပရိတ်သတ်တွေက ရယ်မောပြုံးရွှင်ပြီး ပြောနေခဲ့ကြတယ်၊ရှောင်ပိုင်က ရှက်ရွံ့စွာနဲ့ ခေါင်းကုတ်လိုက်ပြီး ပြောလိုက်တယ် "ကျေးဇူးတင်ပါတယ် အစ်ကိုကျန်းရီ၊ အစ်ကို့ကြောင့်သာ မဟုတ်ရင် ကျွန်မက မင်းတို့ ပြောသလို ဖြစ်လာမှာ မဟုတ်ဘူး"
"ကံကြမ္မာဆိုတာက ရှင်းပြလို့မရနိုင်တဲ့အရာပဲ လူတိုင်းမှာ ကိုယ်ပိုင်ကံကြမ္မာရှိတယ်။ မင်းနဲ့ငါ တွေ့ဆုံတာက သဘာဝအတိုင်း ဖြစ်လာခဲ့တာပဲ။ အခု ထပ်တွေ့ဆုံပြီ ဆိုတော့ ဒါက သဘာဝကျပြီး မင်းရဲ့ကံကြမ္မာပါပဲ။
ကောင်းပြီ၊ ရှောင်ပိုင်.. ကျင်းဟိုင်မြို့ရဲ့ အစွမ်းဆုံးသရဲကြီး မင်းငါ့မေးခွန်းကို မဖြေရသေးဘူးနော်"
ရှောင်ပိုင်က ရှောင်ချီကို သူမနေတဲ့အိမ်ဖြစ်တဲ့ သူမသေဆုံးခဲ့တဲ့နေရာကို ဖိတ်ခဲ့တယ်၊ အဲဒီနေရာမှာ အခု ဘယ်သူမှမနေတော့ဘူး။
ရှောင်ချီက အိမ်ထဲဝင်ပြီးတဲ့နောက် သိသိသာသာကို စိုးရိမ်နေခဲ့တယ်။
"ရှောင်ချီ..မင်းကြောင်ကို ရေချိုးခန်း ခေါ်သွားပြီး ရေချိုးပေးလိုက်ပါ၊ အထူးသဖြင့် မျက်လုံးတွေကို ပိုသန့်ရှင်းအောင် ဆေးပေးပါ"
ရှောင်ချီက မသိစိတ်ကနေ ခေါင်းညိမ့်လိုက်မိတယ်၊ သူမ ရေချိုးခန်းထဲ သွားပြီးတဲ့နောက် ရှောင်ပိုင်က ပြောတယ် "အစ်ကိုကျန်းရီ၊ ကျင်းဟိုင်မြို့က တကယ်ပဲ မတည်ငြိမ်ဘူး၊ ဒီကာလအတွင်းမှာ အရင်ကထက် လူသေဆုံးမှုက ပိုများလာတယ်ဆိုတာ ကျွန်မခံစားမိတယ်"
"မင်းအပြင်ထွက်ပြီးကြည့်ဖူးလား"
"ကျွန်မ လန်ဖိန်းအဆောက်အဦးလို့ ခေါ်တဲ့နေရာ၁၀ခုကို သွားဖူးတယ်"
"မင်းဘယ်ကိုသွားဖူးတာလဲ?"
"လန်ဖိန်းအဆောက်အဦး"
"မင်းတကယ်ပဲ လန်ဖိန်းအဆောက်အဦးကို သွားဖူးတာလား"
ရှောင်ပိုင်က ခေါင်းညိမ့်ပြီး "ဟုတ်တယ် အစ်ကိုကျန်းရီ၊ ဒီတစ်ခါဖြစ်တာက အဲဒီနေရာလား"
"အင်း..ရှောင်ချီက လန်ဖိန်းအဆောက်အဦးမှာ အလုပ်လုပ်တာ၊ လန်ဖိန်းအဆောက်အဦးမှာ လူနှစ်ယောက် သေဆုံးခဲ့ပြီးပြီ"
"လူနှစ်ယောက် သေဆုံးခဲ့တာပဲ ပြီးခဲ့တဲ့ လအလယ်လောက်ကတည်းက အဲဒီနေရာမှာ တစ်ခုခုဖြစ်တော့မယ်ဆိုတာကို ကျွန်မ ခံစားမိတယ်။
ဒါပေမယ့် အစ်ကိုကျန်းရီ အစ်ကိုသိလား၊ ကျွန်မက တခြားသူတွေရဲ့ကိစ္စတွေကို စွက်ဖက်ရတာကြိုက်တယ်၊ ဒါပေမယ့် သေခြင်းရှင်ခြင်း၊ အိုခြင်း၊ နာခြင်း ဒါမှမဟုတ် သေဆုံးခြင်းတွေကို ဂရုစိုက်တာတော့ မဟုတ်ဘူး။
ကျွန်မ ဂရုစိုက်တဲ့အရာက တစ်ခုတည်းပဲ ရှိတယ်၊ ဒါကတော့ ဘယ်သူက ကိုယ့်ကိုယ်ကို သတ်သေဖို့ များနေလဲဆိုတာပဲ။
လူတွေက စိတ်ခံစားမှုရှိတဲ့ သတ္တဝါတွေ ဖြစ်တယ်၊ သူတို့ဒေါသထွက်တဲ့အခါ ဒါမှမဟုတ် စိတ်ရှုပ်ထွေးတဲ့အခါမှာ အမှန်ကန်ဆုံးဆုံးဖြတ်ချက်ကို မချနိုင်ကြဘူး။ ကျွန်မရဲ့စွမ်းရည်ကိုသုံးပြီးသူတို့ကို ရွေးချယ်ခွင့်ပေးချင်တယ်။ အခွင့်အရေးပေါ့"
"ပြီးခဲ့တဲ့လအလယ်လောက်က ကျွန်မတို့ အိမ်ရာရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တယ်။
အဲဒီအချိန်တုန်းက လန်ဖိန်း အဆောက်အဦးကို အဝေးကနေကြည့်နေတုန်း တစ်ယောက်ယောက်က ခန္ဓာကိုယ်ပြင်ပရောက်နေတယ်လို့ အမြဲခံစားမိတယ်။
ပြီးတော့ကျွန်မက အဆောက်အဦးထိပ်မှာ အကြာကြီး တိတ်ဆိတ်စွာရပ်နေခဲ့တယ်။
အဲဒီအချိန်တုန်းက ကျွန်မအဲဒီကို သွားချင်တယ်။ ဒါပေမယ့်နောက်ဆုံးတော့ ညအထိစောင့်ပြီးမှ သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ် ပြင်ပရောက်နေတဲ့ ဝိညာဉ်နဲ့ ကျွန်မဆက်သွယ်လို့မရနိုင်လို့ပါ။
ညဘက် ကျွန်မအဲဒီကိုသွားတဲ့အခါ ကောင်လေးတစ်ယောက်က အဆောက်အဦးထိပ်မှာ ရပ်နေတယ်၊ လူတွေကလည်း အောက်ခြေမှာရပ်နေတယ်"
"ကျွန်မအဲဒီကိုရောက်တဲ့အခါသူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲကထွက်နေပြီးသားဖြစ်နေတယ်၊ သူ့မျက်နှာတစ်ခုလုံးက အလွန် စိတ်ဓာတ်ကျနေသလို ဖြစ်နေခဲ့တယ်၊ သေဖို့ဆုံးဖြတ်ထားသလိုပဲ၊ အဲဒီအချိန်တုန်းက ရဲတွေလည်း အများကြီးရှိတယ်၊ လူတိုင်းက သူတို့ ဖျောင်းဖျနေကြတယ်။ စိတ်လိုက်မာန်ပါ မလုပ်ဖို့ကို။ ဒါပေမယ့် ကျွန်မက သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုနေတာ"
"ကျွန်မက သူ့ကိုမေးတယ်၊ ဒီလောက်ငယ်ငယ်လေးနဲ့ ဘာလို့ သေချင်ရတာလဲ? သူက ကျွန်မကိုပြောတယ် သူဆက်မနေချင်တော့ဘူးတဲ့။ သူ့မှာဆွေမျိုးမရှိ၊ ပန်းတိုင်လည်းမရှိ၊ ဒီလောကထဲမှာ ဆက်ရှင်သန်ဖို့ အကြောင်းပြချက် မရှိဘူး။
ကျွန်မအထင် သူက ထူးခြားတဲ့ စရိုက်နဲ့ ပညာတတ်တစ်ယောက်ဖြစ်မယ်ထင်တယ်၊ ဒါပေမယ့် သူ့မျက်လုံးထဲမှာ နက်ရှိုင်းတဲ့ ယုံကြည်ချက်နည်းပါးမှု ရှိနေတယ်။
ကျွန်မက သူနဲ့အများကြီးပြောပြီးတဲ့နောက် သူကပြောတယ် သူ့အမေက သူငယ်ငယ်လေးကတည်းက သူတို့အိမ်ကနေ ထွက်ခွာသွားတယ်။ သူက သူ့အဖေ နဲ့ အစ်မတစ်ယောက်နဲ့အတူ ကြီးပြင်းလာတာ။ နောက်ပိုင်းမှာ အစ်မက အရွယ်ရောက်လာတဲ့အခါ ကီလိုမီတာ နှစ်ထောင်အကွာက မြို့တစ်မြို့မှာ လက်ထပ်သွားတယ်"
"အချိန်ကုန်လွန်လာတာနဲ့အမျှ အစ်မက အိမ်ကို သိပ်ပြီး ပြန်မလာတော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူမမှာ အိမ်အသစ်ရှိလာပြီလေ သူက အဲဒီအချိန်တုန်းက ကျောင်းသားတစ်ယောက်ပဲ ဖြစ်နေသေးတယ်။
သူက အလွန် ယှဉ်ပြိုင်ချင်စိတ် ရှိတယ်၊ ပညာရေးမှာလည်း အောင်မြင်ခဲ့တယ်။ တခြားဘာမှမဖြစ်ခဲ့ရင် သူက အလုပ်တာဝန်တွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်ခဲ့တယ်။
သူ့မှာ အခြားသူတွေ အားကျစေမယ့် အဖွဲ့အစည်းတစ်ခုမှာ အလွန်တည်ငြိမ်တဲ့ အလုပ်လည်းရှိတယ်။
ဒါပေမယ့် သူကောကို စတတ်ပြီးပြီးချင်းမှာပဲ အပြင်မှာ အလုပ်လုပ်နေတဲ့ သူ့အဖေက ကားမတော်တဆမှုမှာ သေဆုံးသွားခဲ့တယ်။
သူက မိန်းကလေးတစ်ယောက်နဲ့ တွေ့တဲ့အခါ ဘဝတစ်လျှောက်လုံး သူမကိုကာကွယ်ပေးဖို့ ကတိပြုတယ်"
"အဲဒီမိန်းကလေးက လန်ဖိန်းအဆောက်အဦးမှာ အလုပ်လုပ်တယ်။
အစ်မမရဲ့ဝေးလံတဲ့အိမ်ထောင်ရေးနဲ့ စိမ်းကားမှု၊ အဖေရဲ့သေဆုံးမှုနဲ့ ငယ်စဉ်က အမေရဲ့ထွက်ပြေးမှုတွေက သူ့ကို ဒီလောကထဲမှာ အမြစ်မရှိတဲ့ သစ်သားလိုမျိုး ဖြစ်သွားစေတယ်လို့ဆိုတယ်။
တခြားသူတွေက သူတို့ရဲ့ ပိတ်ရက်မှာ ကိုယ်ပိုင်ပြဿနာတွေရှိလာရင် ပြန်စရာ အိမ်ရှိတယ်။
ဒါပေမယ့် အဲ့ဒီ မိန်းကလေး မပေါ်လာတဲ့အထိ သူ့မှာ ဘယ်ကိုသွားရမှန်း မသိခဲ့ဘူး၊ သူ့ကို ပန်းတိုင်အသစ်တွေ၊ ကြိုးစားချင်စိတ်တွေ သူမကပဲ ပေးခဲ့တယ်၊ ဒါပေမယ့် အဲ့ဒီ မိန်းကလေးကပဲ သူ့ဘဝကိုဖျက်ဆီးလိုက်တဲ့ နောက်ဆုံး တစ်ယောက် ဖြစ်လာခဲ့တယ်"