ကြေကွဲဖွယ်ဖြစ်ရပ်
Vol. 20 Ch. 278
ရှောင်ပိုင်ရဲ့ ပြောပြချက်တွေအရ ကျန်းရီဟာ အဲဒီလူငယ်လေး စိတ်ဓာတ်ကျရတဲ့ အကြောင်းရင်းကို ခန့်မှန်းမိသွားတယ်။
ခေတ်သစ်ကမ္ဘာရဲ့ မြို့တိုင်းလိုလိုမှာကို ဒီလို ဇာတ်လမ်းတွေဟာ မကြာခဏ ဖြစ်ပျက်လျက်ရှိပါတယ်။ စိတ်ထိခိုက်စရာကောင်းပြီး ရက်စက်လှတဲ့ အဖြစ်အပျက်တွေပါ။
ဒါပေမယ့်ကျန်းရီ မျှော်လင့်မထားမိတာက ရှောင်ပိုင်က " အစ်ကိုကျန်းရီ ထင်သလို မဟုတ်နေဘူး။ တကယ်တော့ အစ်ကိုထင်တာထက် ပိုဆိုးနေတာပဲ။ ကောင်မလေး လုပ်ရပ်က ပိုပြီးဆိုးရွားတယ်" လို့ ပြောလိုက်တာပါပဲ။
"ဘယ်လိုမျိုးလဲ?"
"အဲဒီအမျိုးသားနဲ့ အမျိုးသမီးက ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ကြတယ်။
သူတို့ကုမ္ပဏီမှာ ဆုကြေးစနစ်ရှိတယ်၊ ဘယ်သူမဆို လုပ်ဖို့ နီးနီးလောက် မဖြစ်နိုင်တဲ့ အလုပ်တစ်ခုခုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရင် အလွန် လိုချင်လောက်မဲ့ ဆုကြေးတစ်ခု ရမယ်။
အဲ့ဒီဆုကြေးက ယွမ်သုံးသိန်းပဲ။
အပြင်မှာအလုပ်လုပ်နေကြတဲ့ လူတွေ အတွက်ကတော့ ဒီဆုကြေးဟာ သိပ်ကို ဆွဲဆောင်မှုရှိတဲ့ ဆုတစ်ခုပါပဲ၊ ပြီးတော့ အလွန်တောက်ပတဲ့ ကိုယ်ရေးတအကျဥ်း တစ်ခုလည်းရရှိလိမ့်မယ်။
အဲဒီအမျိုးသားလေးက ဒါကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်၊ လူတိုင်းရဲ့ မျက်မှောက်မှာပဲ သူဟာ တကယ်ပဲ အောင်မြင်သွားခဲ့တယ်။
သူဟာဒီပိုက်ဆံနဲ့၊ သူစုထားတဲ့ ပိုက်ဆံတွေနဲ့၊ သူ့အဖေ မတော်တဆမှုရဲ့ လျော်ကြေး ငွေတွေကိုတောင် သုံးပြီး သူနဲ့ သူ့ရဲ့ ကောင်မလေးအတွက် အိမ်တစ်လုံးဝယ်ဖို့ တွေးခဲ့တယ်"
"ဒါပေမယ့် ကုမ္ပဏီက နောက်ဆုံး ရလဒ်တွေကို ကြေညာတဲ့အခါမှာတော့ ဆုရရှိသူဟာ အဲဒီကောင်မလေးဖြစ်နေခဲ့ပြီး ဒီတောက်ပတဲ့ ကိုယ်ရေးအကျဥ်းဟာလည်း အဲဒီကောင်မလေးရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့တယ်။
ကောင်မလေးဟာအဲဒီကိုယ်ရေးရာဇဝင်နဲ့ပဲ ပိုကြီးတဲ့ ကုမ္ပဏီတစ်ခုကို အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့ပြီး ပိုကောင်းတဲ့ ရလဒ်တွေရခဲ့တယ်။
ဒါပေမယ့်အဲဒီအချိန်တုန်းက သူတို့ဟာ ချစ်သူရည်းစားတွေအဖြစ် ဆက်ဆံရေးကို ထိန်းသိမ်းထားကြတုန်းပါပဲ။ ကောင်မလေးက သူ့ကိုပိုပိုပြီး မထီမဲ့မြင်ပြုလာတဲ့အထိ၊ တခြားသူရဲ့ ရင်ခွင်ထဲ ရောက်သွားတဲ့ အခါမှသာ သူတို့တွေ ပြတ်ဆဲသွားခဲ့ကြတယ်။
ဒီလိုနဲ့ပဲ သူ့ကို အမှောင်ထုကနေ ဆွဲထုတ်ပေးခဲ့တဲ့ ချစ်သူဟာ နောက်ဆုံးမှာတော့ သူ့ကို ဖျက်ဆီးတဲ့သူ ဖြစ်လာတယ်ဆိုတာ သူနားလည်သွားခဲ့တယ်"
"အစ်ကိုကျန်းရီ၊ အဲ့ဒီဇာတ်လမ်းကို ကျွန်မ ကြားလိုက်ရတဲ့အခါ ကျွန်မ ဘယ်လို ခံစားခဲ့ရမှန်း သိလား? သူသိပ်ကို သနားစရာကောင်းတယ်လို့ ထင်မိတယ်။ သူငယ်ငယ်တုန်းက သူ့အမေက ထွက်သွားခဲ့တယ်။ နောက်ပိုင်းမှာသူ့ရဲ့ ဆွေမျိုးတွေ၊ ညီအစ်ကိုမောင်နှမတွေကလည်း ဝေးရာကို သွားကြတယ်၊ သူအောင်မြင်ခါနီးမှာ သူ့အဖေလည်း ဆုံးသွားတယ်။ တစ်ခါတစ်လေကျရင် လူတစ်ယောက်ဟာ ဘာလို့ ဒီလောက်ထိ ဆိုးဆိုးဝါးဝါး ဖြစ်ရတာလဲဆိုတာ သူနားမလည်ခဲ့ဘူး။ သူ့ရဲ့ စိတ်အားထက်သန်မှုအားလုံးဟာ သူ့ရဲ့ ဆွေမျိုးတွေကို ကောင်းမွန်တဲ့ ဘဝတစ်ခုပေးနိုင်ဖို့ပါပဲ၊ ဒါကြောင့် သူဟာ ကြိုးစားပြီး စာကျက်ခဲ့တယ်၊ တစ်နေ့မှာ သူ့အဖေကို ဂုဏ်ယူစေရမယ်လို့ အိပ်မက်မက်ခဲ့တယ်"
"သူ ဘာမှ မမှားခဲ့ဘူး။ သူဟာသူနေတဲ့ ခရိုင်မှာရော မြို့မှာပါ ထိပ်တန်းအဆင့် ကျောင်းသားတစ်ယောက်ပါ။ သူ့ဘဝဟာ အောက်ဆုံးထိ ရောက်သွားပြီလို့ သူထင်မိတဲ့အချိန်မှာ၊ မျှော်လင့်မထားတဲ့ မျှော်လင့်ချက်သစ်တစ်ခုကို သူတွေ့ရှိခဲ့တယ်။
ဒါပေမယ့်နောက်ဆုံးမှာတော့ ဒီမျှော်လင့်ချက်ကြီးက သူ့ကို ပိုပြီး စိတ်ဓာတ်ကျစေခဲ့တယ်။ အဲဒီအချိန်က သူက ကျွန်မကိုပြောခဲ့တယ်- အစ်မရှောင်ပိုင်၊ တကယ်ပါ...ကျွန်တော်ဘဝမှာ ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့ဘူး။ တခြားသူတွေက ကျွန်တော့်ကို ထိခိုက်စေတဲ့ အခါမှာတောင် ကျွန်တော် ပြန်ရန်မဖြစ်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ သည်းခံလို့မရဘူး…
အခုလိုမျိုး ကိုယ်ရေးအကျဥ်းတစ်ခုက ကျွန်တော်တို့ လုပ်ငန်းခွင်မှာ ရွှေရောင် အမှတ်တံဆိပ်တစ်ခုပဲ။
ရှောင်လန့်ရဲ့အတွေးကို ကျွန်တော် နားလည်တယ်၊ ဘာလို့လဲဆိုတော့ သူဟာ သိပ်ကို ဂုဏ်ယူတတ်ပြီး အောင်မြင်ချင်စိတ်က အပြင်းအထန်ကို ရှိလို့ပဲ။ အဲဒီတုန်းက သူမ အောင်မြင်ဖို့ကို အစွဲအလမ်းကြီးနေတယ်လို့ ကျွန်တော် ထင်မိခဲ့တာ"
"ဒါပေမယ့် ဘာလို့များ သူက ကျွန်တော့်ရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ခိုးယူပြီး ပိုမြင့်တဲ့ နေရာကို ဝင်ရောက်နိုင်ခဲ့ရတာလဲ၊ ဒါပေမယ့် နောက်ပိုင်းကျ ကျွန်တော့်ကို ဘာလို့ အထင်သေးလာရတာလဲ? အစ်မရှောင်ပိုင် ဘာလို့လဲဆိုတာ ပြောပြနိုင်မလား?"
"အစ်ကိုကျန်းရီ၊ သူက တစ်ခါပြီးတစ်ခါ ကျွန်မကို မေးခွန်းတွေမေးနေတဲ့အခါ ကျွန်မ ဘယ်လောက်စိတ်ဆိုးခဲ့မိမှန်းတောင် မသိဘူး!
အဲဒီအမျိုးသမီးကို ဆွဲခေါ်ပြီး မျက်နှာကို ရိုက်ပြီး သူ့နှလုံးသားက သားရေနဲ့ လုပ်ထားတာလားလို့ မေးချင်ခဲ့တယ်။
ဒါပေမယ့် သူရယ်လိုက်မယ်လို့တော့ မျှော်လင့် မထားမိဘူး။ အဲ့ဒီတုန်းက သူက အရူးလို ရယ်မောပြီး ပြောခဲ့တယ်- အစ်မရှောင်ပိုင်၊ အစ်မသိလား ကျွန်တော် ဘာလို့ ဒီမှာရပ်နေတာလဲဆိုတာ? ကျွန်တော်က သူမကို ခုနကလေးပဲ သတ်ခဲ့လို့ပဲ၊ အိုး...မဟုတ်သေးဘူး... သူမကို လှီးဖြတ်ပစ်လိုက်တာ။ ကျွန်တော်က သူမကို တစ်စစီ လှီးဖြတ်ခဲ့တယ်၊ ချက်ပြုတ်ပြီး ခွေးတွေကို ကျွေးခဲ့လိုက်တယ်"
"ကျွန်တော်ဟာ ရိုးရိုးသားသားနဲ့ ရိုးအတဲ့ လူတစ်ယောက်ပါ၊ လူအများကလည်း ကျွန်တော့်ကို သစ္စာရှိတဲ့ ခွေးကြီးလို့ လှောင်ပြောင်ကြတယ်။
ဒါနဲ့...ကျွန်တော်က ရိုးသားတဲ့သူပါ၊ ဒါပေမယ့် ရိုးသားခြင်းရဲ့ အကြောင်းပြချက်က ကျွန်တော်က လူသားတစ်ယောက် ဖြစ်နေလို့ပါပဲ။
ကျွန်တော် ဘာမှမမှားခဲ့ဘူး၊ ကျွန်တော့် အဖေလည်း ဘာမှမမှားခဲ့ဘူး၊ ဘာလို့များ ကံကြမ္မာက ကျွန်တော်တို့ကို ဒီလိုမျိုး ရက်စက်ရတာလဲ?"
"သူက ကျွန်မကို ဒီလိုမေးတဲ့အခါ ကျွန်မက သူ့ကို မကယ်တင်နိုင်တော့မှန်း သိလိုက်ရတယ်။
သူက သေကိုသေရမှာ၊ ဘယ်သူမှ သူ့ကို မတားဆီးနိုင်တော့ဘူး။
သူက ခေါင်မိုး ပေါ်မှာ ထိုင်နေတယ်၊ ဒါပေမယ့် တဖြည်းဖြည်းချင်း ထလာတယ်။
သူက အဲဒီ ခေါင်မိုးပေါ်မှာ အကြာကြီး ရပ်နေခဲ့တယ်။
သူထလာတဲ့အခါ အောက်က လူတွေက ရယ်ကြ၊ အားပေးကြတယ်- မင်း ဘာလို့ ခုန်မချသေးတာလဲ၊ အချိန်တွေ ကြာနေပြီ?"
"မြန်မြန်ခုန်ချ၊ မြန်မြန်ခုန်ချ၊ မင်းခုန်ချပြီးရင် ဒါကို ဖို့ရမ်မှာ တင်ဖို့ ငါစောင့်နေတာ!"
"အဲဒီလူတွေက အသံကျယ်ကျယ်နဲ့ အော်နေကြတယ်၊ အားလုံးက သူတို့ရဲ့ ဖုန်းတွေကို ကိုင်ထားကြတယ်။ ရဲတွေက ဆူလိုက်တာတောင် ဘာမှအကျိုးမရှိခဲ့ဘူး။
အမျိုးသားလေးက အောက်က လူတွေကို ကြည့်လိုက်တယ်၊ သူ့ဝိညာဉ်ဟာ သူ့ခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားတော့ သူက နောက်ပြန်လှည့်ပြီး ကျွန်မကို ပြုံးပြရင်း ပြောတယ်- အစ်မရှောင်ပိုင် အစ်မမြင်လား? ဒါက လူသားတွေပဲ"
"ဒါပြောပြီးတဲ့နောက် သူ ခုန်ချလိုက်တယ်။ သူခုန်ချတဲ့အခါ ထူးဆန်းစွာပဲ ဘေးတစောင်း လှဲနေတယ်။ သူ့မျက်လုံးတွေက ပွင့်နေပြီး သူ့ကို ကြည့်ရှုနေတဲ့ လူအုပ်ရဲ့ ဦးတည်ရာဘက်ကို ကြည့်နေတယ်။ ကျွန်မက သူ့ကြည့်ရှုနေတဲ့ပုံစံကို မြင်လိုက်ရတဲ့အခါ သူသေပြီးနောက် အလွယ်တကူ ပြန်လည်မွေးဖွားမှာ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။
သူက အဲဒီအကျည်းတန်တဲ့ မျက်နှာတွေကို မှတ်ထားခဲ့တယ်။
မျှော်လင့်ထားသလိုပဲ၊ လန်ဖိန်းအဆောက်အဦးမှာ လူတွေ စပြီး သေဆုံးလာတယ်။
ရှောင်ပိုင်က သူမသိထားတာတွေကို ပြောပြခဲ့တယ်၊ တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲက တစ်ယောက်ယောက်က သူမကို မေးလိုက်တယ်- "အစ်မရှောင်ပိုင်၊ အစ်မသိလျက်နဲ့ ဘာလို့ မတားဆီးခဲတာလဲ?"
ပရိတ်သတ်ရဲ့ စူးစမ်းတဲ့ မေးခွန်းကို တွေ့ရတဲ့အခါ ရှောင်ပိုင်က နှုတ်ခမ်းကို သပ်ရင်း ပြောလိုက်တယ်- "ဘာလို့ တားရမှာလဲ? လူတစ်ယောက်အနေနဲ့ ကိုယ်ပြောခဲ့တဲ့စကား၊ ကိုယ်လုပ်ခဲ့တဲ့ အပြုအမူတွေအတွက် တာဝန်ယူရမှာပဲ..."
"ဒါဆိုရင် အစ်ကိုလီရဲ့ သေဆုံးမှုက သူ အဲ့ဒါကို ကြည့်ခဲ့လိုက်တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုလိုတာလား?"
"အဲဒီတုန်းက မြန်မြန်ခုန်ချ၊ မင်းခုန်ချပြီးရင် ဖို့ရမ်မှာ တင်ဖို့ကို ငါစောင့်နေတာလို့ ပြောတဲ့သူက အဆောက်အဦးထဲက ရုံးဝန်ထမ်း တစ်ယောက်လို့ ထင်ရတယ်။ ကျွန်မ မှတ်မိတာမှန်ရင် သူ့လည်ပင်းမှာ မှဲ့တစ်လုံး ရှိတယ်"
ရှောင်ပိုင်က ပြောပြီးရှောင်ချီကို ကြည့်လိုက်တယ်၊ သူ့မျက်နှာက လုံးဝကို ဖြူရော်သွားပြီး ခန္ဓာကိုယ်က ထိန်းချုပ်လို့ မရအောင် တုန်ရီနေတယ်။
"ဘာလဲ၊ ရှောင်ချီ၊ မင်းလည်း ဒီစကားတွေ ပြောခဲ့တာလား?" ကျန်းရီက မျက်လုံးတွေ ကျဉ်းမြောင်းသွားရင်း မေးလိုက်တယ်။
ရှောင်ချီက အလျင်အမြန်ကို ခေါင်းခါလိုက်တယ်- "မဟုတ်ဘူး၊ ကျွန်မ မပြောခဲ့ဘူး။ ဒါပေမယ့် ကျွန်မ က အစ်ကိုလီတို့နားမှာ ရပ်နေခဲ့တာ။ အစ်ကိုလီတို့နဲ့ ကျွန်မလည်း အစတုန်းက စိတ်မရှည်ခဲ့ဘူး၊ ဒါပေမယ့် မကြာခင်မှာပဲ အဲဒီလူက ဘာမှမလုပ်ဘူးဆိုတာ တွေ့ရတယ်။
အဲဒီအချိန်တုန်းက အစ်ကိုလီတို့က အဲဒီကောင်က လူတွေ သနားတာ လိုချင်လို့ ဟန်ဆောင်နေတာပဲလို့ ပြောကြတယ်။
ဘာလို့လဲဆိုတော့ လူအများက ဒီလိုလုပ်ပြီး ရည်မှန်းချက်တွေ အောင်မြင်ဖို့ ခုန်ချချင်ဟန် ဟန်ဆောင်ကြတယ်လေ။
ဒါပေမယ့် သူတကယ် ခုန်ချမယ်ဆိုတာကိုတော့ ကျွန်မတို့ တကယ်ကို မျှော်လင့်မထားမိဘူး။
ပြီးတော့...ပြီးတော့ သူ့ကို ကျွန်မ တွေ့တဲ့အခါ ကျွန်မက ပထမဆုံး ရဲကို ခေါ်တာပါ။
ကျွန်မ တကယ်ကို အဲ့ဒီလောက် မရက်စက်ပါဘူး!"
ရှောင်ချီက ပြောရင်း�နဲ့ ငိုချခဲ့တယ်။
ကျန်းရီလည်း သက်ပြင်းချလိုက်မိတယ်။ အကူအညီတောင်းဖို့ သူ့ဆီလာတဲ့ ရှောင်ချီဟာ အဲဒီလို လူမျိုးဆိုရင် ကျန်းရီအနေနဲ့ ဘာမှပြောလို့တော့ မရနိုင်ပါဘူး၊ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ စက်ဆုပ်ရွံရှာမိမှာပါပဲ။
"ခုန်ချသွားတဲ့လူက မင်းတို့အနီးက ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းလား?"
"ဟုတ်တယ်၊ သူပါပဲ”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ရှောင်ပိုင်ကို ဆက်ကြည့်ပြီး ပြောလိုက်တယ်- "ဒါဆိုရင် အဲဒီကုမ္ပဏီရဲ့ သူဌေး၊ အစ်ကိုလီ၊ ပြီးတော့ သူကိုယ်တိုင်အပါအဝင် လန်ဖိန်း အဆောက်အဦးနဲ့ ဆက်စပ်နေတဲ့ လူသုံးယောက် သေဆုံးသွားပြီ၊ သုံးယောက်တောင်မှ ကျော်နေနိုင်အုံးမယ်။
“ရှောင်ပိုင်ရေ၊ မင်း အစ်ကို့အတွက် ပြေးပေးဖို့ ဝန်မလေးဘူးမလား?"
ရှောင်ပိုင်က အကြိမ်ကြိမ် ခေါင်းညိတ်ပြရင်းနဲ့- "အစ်ကိုကျန်းရီ၊ ကျွန်မကို လန်ဖိန်းအဆောက်အဦးကို သွားခိုင်းတာလား?"
"အင်း၊ ရှောင်ချီကိုပါ ခေါ်သွားပါ။ အစ်ကို အဲဒီလူကို တွေ့ချင်တယ်"
"ပြဿနာမရှိပါဘူး၊ ဒါပေမယ့် အစ်ကိုကျန်းရီ၊ အဲ့ဒီအချိန်ရောက်ရင် မပေါ်အောင်နေနော်။ တစ္ဆေတစ်ကောင်အနေနဲ့ ကျွန်မ ကောင်းကောင်းသိတယ်၊ အစ်ကို့ကို သူခံစားမိပြီဆိုရင် ချက်ချင်းပဲ ထွက်ပြေးဖို့ တွေးမိမှာ။ ကျွန်မတစ်ယောက်တည်း ရှိမယ်ဆိုရင်၊ သူက ပထမဆုံးအကြိမ် လာကောင်းလာနိုင်တယ်"