← Chapters

မန်ပို စွပ်ပြုတ် နောက်တစ်ခွက်ဆိုရင်ကော

Vol. 20 Ch. 280

မန်ပို စွပ်ပြုတ် နောက်တစ်ခွက်ဆိုရင်ကော

Vol. 20 Ch. 280

ကျန်းရီရဲ့ ရှေ့မှာ ချန်းယန်က အရမ်းကို ရိုကျိုးလေးစားစွာနဲ့ နာခံတက်တဲ့ သူလို ပြုမူနေခဲ့တယ်။

"သေပြီးတဲ့နောက် အခြား တစ္ဆေတွေကို ကျွန်ပြုနိုင်တဲ့ အစွမ်းသတ္တိ မင်းမှာရှိနေရတဲ့ အကြောင်းရင်းကို သိလား?"

ချန်းယန်က မသိဘူးလို့ ဝန်ခံတဲ့အနေနဲ့ ခေါင်းခါလိုက်ပေမယ့် ချက်ချင်းပဲ ထပ်ပြောလိုက်တယ်- "ကျွန်တော် မသိပေမယ့် ခန့်မှန်းချက်တစ်ခုတော့ ရှိတယ်၊ ဒါပေမယ့် ဘယ်တော့မှ သေချာပေါက်လို့တော့ မပြောရဲဘူး"

"အိုး?ဒါဆို မင်းရဲ့ခန့်မှန်းချက်ကို ပြောပြစမ်းပါ"

"ကျွန်တော် အသက်ရှင်နေတုန်းက စာဖတ်ရတာကို ကြိုက်တယ်။

ဒီဘဝရဲ့ ကံကြမ္မာကိုပြောင်းလဲချင်ခဲ့တယ်၊ ဒါကြောင့် စာအုပ်အစုံကို ဖတ်ခဲ့တယ်။ နည်းပညာနဲ့ပတ်သက်တာဖြစ်ဖြစ်၊ ဘာသာရေးနဲ့ ပတ်သက်တာဖြစ်ဖြစ် အကုန်လုံးကို ဖတ်ခဲ့တယ်။

တာအို ဘာသာရေး ကျမ်းစာ တစ်အုပ်ထဲမှာ စကားလုံးနှစ်လုံးကို တွေ့ဖူးတယ်၊ အဲဒီစကားလုံးနှစ်လုံးကို ကုသိုလ် လို့ ခေါ်တယ်။

အဲ့ဒါက မမြင်နိုင်ဘူး၊ ထိလို့လည်း မရဘူး၊ ဒါပေမယ့် ကျွန်တော်သေပြီးနောက်မှာ ဒီကောင် (၃)ကောင်ကို ကျွန်ပြုနိုင်တဲ့ အစွမ်းသတ္တိ ရလာတယ်။

ကျွန်တော်ထင်တာက ကျွန်တော့်က အရင်ဘဝတုန်းက ကုသိုလ်ကောင်းမှုတွေ ပြုခဲ့တဲ့သူ တစ်ယောက်လားပေါ့?"

ကျန်းရီရဲ့မျက်လုံးထဲမှာ အလွန်ကို မျှော်လင့်မထားတဲ့ အလင်းတစ်ချက် တောက်ပသွားပြီး ပြုံးရင်းနဲ့ ပြောလိုက်တယ်-

"သိပ်ကို စိတ်မကောင်းစရာပဲ၊ တကယ်ကို စိတ်မကောင်းစရာပဲ။

ဒါပေမယ့် အောက်က လူတွေက ဒီလိုမျိုး အရာတွေကို လုပ်ရတာ ကြိုက်ကြတယ်၊ လူအများစုကို နောက်ဘဝမှာ ဂုဏ်ကျက်သရေနဲ့ ပြည့်စုံအောင် လုပ်ပေးသင့်တယ်ဆိုတာ သူတို့သိကြတယ်၊ ဒါပေမယ့် သူတို့က ဒါကို မလုပ်ပေးကြဘူး။

သူတို့က အဲ့ဒီလူတွေကို ကမ္ဘာမြေပေါ်ကို ထပ်ရောက်လာပြီး ထပ်ပြီးတော့ ဆိုးရွားတဲ့ အတွေ့အကြုံတွေ ကြုံစေချင်တယ်။ သူတို့က ဒါကို'ကြီးမားတဲ့ တာဝန်ယူမှု' လို့ ခေါ်ကြတယ်။

ဒါပေမယ့် သေပြီးတဲ့နောက်၊ ဘာဆက်ဖြစ်မယ်ဆိုတာ မင်းသိလား?"

"တာအိုဘာသာရေး ကျမ်းစာထဲမှာ ရေးထားတယ်၊ လျှို့ဝှက်ချက်တစ်ခုလို့လည်း မထင်မိဘူး။ ပထမဆုံး ငရဲကို သွားရမယ်၊ ပြီးရင် ငရဲတံခါးကို ဖြတ်ရမယ်။

ငရဲတံခါးဖြတ်ပြီးရင် ဝမ်ချွမ်မြစ် ( WangChuan River) နဲ့ အကူအညီမဲ့တံတား ( Naihe Bridge ) ရှိတယ်"

"ပြန်လည်မွေးဖွားခြင်း မစခင်မှာ ဘာရှိလဲ?"

"မန်ပို ကို တွေ့ရမယ်၊ ပြီးရင် မန်ပို စွပ်ပြုတ် ( Meng Po Soup ) ကို သောက်ရမယ်"

"မန်ပိုစွပ်ပြုတ်ကို သောက်ပြီးရင်ကော?"

"အရင်ဘဝက အရာအားလုံး မေ့သွားမယ်"

"ဟုတ်တယ်၊ ဒါဆို နောက်ထပ် တစ်ခွက်သောက်ရင်ကော?"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ပရိသတ်တွေက ကျန်းရီနဲ့ အလွန် ရင်းနှီးကျွမ်းဝင်နေကြပြီဖြစ်သည်။ ကျန်းရီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အများစုဟာ သူတို့အတွက် ထိတ်လန့်ခြောက်ခြားစရာ ကောင်းပေမယ့်၊ သူတို့အတွက်တော့ တိုက်ရိုက်ထုတ်လွှင့်ပြနေတဲ့ ကျန်းရီဟာ အကြီးမားဆုံးသော လုံခြုံမှုဆိုတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။

ကျန်းရီမှာ သာမန်မဟုတ်တဲ့ နောက်ခံရှိတယ်ဆိုတာ အားလုံးသိကြပေမယ့်၊ ကျန်းရီက လုံးဝကြီးကျယ်ခမ်းနားတဲ့ ဟန်ပန်မျိုး မပြုမူနေဘူး။

ယောက်ျားလေးအများစုလိုပဲ၊ မိန်းကလေးတစ်ဦးဦးက အကူအညီ လာတောင်းခဲ့ရင် စနောက်တတ်တယ်။

ပြုံးနေတဲ့ပုံစံကိုပဲ ကျန်းရီက အများဆုံး ပြခဲ့တယ်။

ဒါပေမယ့် ဒီတစ်ခါတော့ ကျန်းရီရဲ့ မျက်လုံးထဲက အပြုံးက လုံးဝကွဲပြားနေတယ်။

သူ့ရဲ့အပြုံးက တကယ်တော့ နည်းနည်းလေး ကြောက်စရာကောင်းနေတယ်!

ချန်းယန်က အလွန်ကို ဉာဏ်ကောင်းတယ်၊ ကျန်းရီ တွေ့ခဲ့ဖူးသမျှထဲမှာ အဉာဏ်အကောင်းဆုံး လို့တောင် ပြောလို့ရတယ်။

သူ့မျက်လုံးထဲမှာ မယုံနိုင်အောင် ခံစားရပြီး ကျန်းရီကိုကြည့်ကာ အော်ဟစ်လိုက်တယ်- "ဒါဆို၊ လုံးဝမရှိတာပေါ့..."

သူစကားမပြီးသေးခင်မှာပဲ ကျန်းရီက စကားဖြတ်ပြီး ပြောလိုက်တယ်- "ဒါက လုံးဝတော့ မဟုတ်ပေမယ့်၊ ငါပြောနိုင်တာကတော့ အလွန့် အလွန်ကို နည်းတယ်ဆိုတော့ သေချာတယ်..."

"...."

"ချန်းယန်၊ မင်းက လိမ္မာပါးနပ်တဲ့လူပဲ၊ မင်းစကားက ထုတ်ဖော်ပြောလိုက်ရင် ဘယ်လောက်ဆိုးဝါးတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်လဲဆိုတာ မင်းသိသင့်တယ်"

"...."

ချန်းယန်ဟာ လက်ကကိုင်ထားတဲ့ တစ္ဆေ (၃)ကောင်အကြောင်းကိုတောင် ဘာမှမသိတော့လောက်အောင်ပင် လန့်သွားခဲ့တယ်။

သူထင်ထားတဲ့ အမှန်တရားတစ်ခုက ရုတ်တရက် ပြိုလဲသွားသလိုခံစားလိုက်ရတယ်။

သူဟာအရုပ်တစ်ရုပ်လို၊ လူတွေရဲ့ လက်ထဲမှာ ဆော့ကစား ခံနေရသလိုပဲ။

ချန်းယန်က"ဆော့ကစားခံရခြင်း" ဆိုတဲ့ စကားကို မုန်းတယ်။

လူသားဘဝတုန်းက သူများရဲ့ ဆော့ကစားခံရခြင်းကို ခံခဲ့ရတယ်၊ ဒါကြောင့် သေပြီးနောက်မှာ ဒီခံစားချက်မျိုးကို အထူးသဖြင့် မုန်းခဲ့တယ်။

"ချန်းယန်၊ မင်းကိုတွေ့ရတာ ငါအရမ်း ဝမ်းသာတယ်။ မင်းရဲ့ ရည်းစား၊ မင်းရဲ့ သူဌေး နဲ့ မင်းရဲ့ရည်းစားရဲ့ လက်ရှိ ရည်းစားတို့ကို ငါ့ကိုပေးပစ်လိုက်မလား?"

ကျန်းရီက ပြုံးရင်းနဲ့ပြောလိုက်ပြီး၊ ချန်းယန်က လှောင်ပြောင်ရင်းနဲ့ ခေါင်းညိတ်ကာ လက်ထဲကကြိုးကို လျှော့ချလိုက်တယ်"

ကျန်းရီက လက်တစ်ချက် ဝှေ့လိုက်တယ်၊ သူ့ရဲ့ တစ္ဆေမိတ်ဆွေတွေ ပေါ်လာပြီး တစ္ဆေ (၃)ကောင်ကို ခေါ်သွားခဲ့တယ်။

ချန်းယန်က ဒီအရာတွေကို ထိတ်လန့်တကြားနဲ့ ကြည့်နေခဲ့တယ်၊ ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ပရိသတ်တွေကတော့ ရှုပ်ထွေးနေခဲ့ကြတယ်။

ကြည့်ရှု့သူ A- "ဘာဖြစ်သွားတာလဲ? ငါ အမြဲ ခံစားမိတာက စတွင်မာနဲ့ ချန်းယန် ပြောနေတဲ့ စကားတွေထဲမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေသလိုပဲ"

ကြည့်ရှု့သူ B- "ဟုတ်တယ်၊ စတွင်မာက ချန်းယန်ကို တွေ့ရတာ အရမ်းဝမ်းသာတယ်လို့ ဘာလို့ ပြောရတာလဲ?"

ကြည့်ရှု့သူ C- " စတွင်မာက ကျွန်တော်တို့ကို သရဲဖြစ်ရပ်တွေ ဖြေရှင်းပေးနေတာထက် ပိုနေသလိုပဲနော်?"

ကြည့်ရှု့သူ D- " ချီး.. မင်း ပေါက်ကရတွေ ပြောနေတာလား? စတွင်မာက အရမ်းကို စွမ်းအားကြီးတဲ့လူ၊ နတ်ဘုရားတွေနဲ့တောင် မိတ်ဆွေဖွဲ့နိုင်တယ်၊ သူက သရဲဖြစ်ရပ်တွေကို ရိုးရိုးရှင်းရှင်းနဲ့ ဖြေရှင်းပေးနေတာမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မလဲ"

ပရိသတ်တွေ ရုတ်တရက် ဆူညံသွားကြတယ်၊ ဒါပေမယ့် တစ္ဆေဖြစ်နေတဲ့ ရှောင်ပိုင်ကတော့ တစ်ခုခုကို နားလည်သလိုရှိနေခဲ့တယ်။

သူမက မယုံကြည်နိုင်တဲ့ အကြည့်နဲ့ ကျန်းရီကို ကြည့်နေခဲ့တယ်၊ ကျန်းရီကလည်း ချက်ချင်းပဲ သူမကိုကြည့်ပြီး ပြုံးပြလိုက်ကာ သူမကို ဘာမှမပြောခဲ့ဘူး။

"ချန်းယန်၊ အစ်ကိုလီက ဘယ်လို သေသွားတာလဲ? တကယ်ပဲ မင်းကို အပေါ်ကနေ ခုန်ချဖို့ ပြောလို့ မင်းက သူ့ကိုသတ်ခဲ့တာလား?"

ဒီတစ္ဆေ(၃)ကောင်ထဲမှာ အစ်ကိုလီ မပါခဲ့ဘူး၊ တစ္ဆေမိန်းမက ချန်းယန်ရဲ့ ရည်းစား၊ ယောက်ျားတစ္ဆေက ကုမ္ပဏီရဲ့ ငါးကန်အနားမှာ သေသွားတဲ့ သူဌေး၊ ဘာလို့လဲဆိုတော့ ဒါဟာ ချန်းယန်ရဲ့ အောင်မြင်မှုဆိုတာကို သိသိကြီးနဲ့ ချန်းယန်ရဲ့ ရည်းစားကို ပေးခဲ့လို့ပဲ။

သူဘာလို့ ဒီလိုလုပ်ခဲ့တာလဲ ဆိုတာတော့ ကျန်းရီက တကယ်ကို ထုတ်ဖော်ပြောချင်စိတ် မရှိဘူး၊ တစ္ဆေရဲ့ အားနည်းချက်တွေကို ထုတ်ဖော်ပြောတာမျိုးဆိုရင် ပိုလို့တောင် ဆိုးသေး။

ကျန်တဲ့တစ်ယောက်ကတော့ ချန်းယန် ရည်းစားရဲ့ လက်ရှိ ရည်းစားလောင်း၊ တိတိကျကျ ပြောရင်တော့ လက်ရှိ ရည်းစားလို့ ပြောလို့မရနိုင်သေးဘူး။

မျှော်လင့်ထားသလိုပဲ၊ ကျန်းရီ တွေးထားခဲ့သလိုပါပဲ၊ ချန်းယန်က ခေါင်းခါလိုက်တယ်။

"သူက အရက်အဆိပ်သင့်ပြီးသေသွားတာ။ သူသေသွားပြီးတဲ့နောက်၊ ကျွန်တော့်ရဲ့ စိတ်ထဲက မကျေနပ်ချက်တွေကို ချက်ချင်း မဖြေသိမ့်နိုင်ခဲ့ဘူး။

အဲဒီတုန်းက အောက်ကို ခုန်ချဖို့ ပြောခဲ့တဲ့ အောက်က လူတွေအားလုံးကို သတ်ချင်ခဲ့တယ်၊ အထူးသဖြင့် ကျွန်တော့်မှာ အစွမ်းတွေ ရှိလာတဲ့အခါမှာပေါ့။

ဒါပေမယ့်နောက်တော့ စဉ်းစားမိတယ်၊ သူတို့က စကားပြောခဲ့တာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူတို့က သူတို့ဘာသာသူတို့ ဟုတ်တယ်၊ မှန်တယ် ထင်နေကြတာပဲဖြစ်ဖြစ်။

ကျွန်တော်တကယ် ခုန်ချတဲ့ အခါမှာ သူတို့တစ်ယောက်ချင်းစီရဲ့ မျက်လုံးထဲမှာ အကြောက်တရားတွေ အများကြီးကို တွေ့ခဲ့ရတယ်၊ ကျွန်တော်ထင်တယ် သူတို့လည်း ကျွန်တော်သူတို့ဆီလာမှာကို စိုးရိမ်နေကြတာလား?"

"သူဘယ်လိုသေသွားတယ် ဆိုတာကိုတော့ သူမက အတော်လေး သိထားသင့်တယ်" ချန်းယန်က ရှောင်ချီကို ကြည့်ရင်းပြောလိုက်တယ်။

ရှောင်ချီရဲ့ မျက်လုံးတွေက ထိတ်လန့်တကြားနဲ့ ပြူးကျယ်သွားခဲ့တယ်၊

ကျန်းရီက - "ရှောင်ချီ၊ အစ်ကိုလီ အလုပ်မလာတဲ့ ရက်တွေမှာ မင်းရဲ့ကုမ္ပဏီက ဘာကြောင့် မေးမြန်းကြတာမျိုး မရှိခဲ့တာကို အမြဲတမ်း သိချင်နေတာမလား? အစ်ကိုလီက ကုမ္ပဏီမှာ ကြီးကြပ်ရေးမှူးအဆင့် ရှိတယ်မလား?"

"ဟုတ်တယ်၊ သူက အငယ်တန်း ကြီးကြပ်ရေးမှူး တစ်ယောက်ပါ"

"သူအရက်သောက်များတက်လား?"

"သူအရက်ကောင်းကောင်း သောက်တတ်တယ်၊ ဒါကြောင့် သူဌေးက ဖောက်သည်တွေနဲ့ အတူ သွားတဲ့အခါ သူ့ကို အမြဲခေါ်တယ်"

ကျန်းရီက ဒီတစ်ခါတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို ကြည့်လိုက်ပြီး၊ မျက်လုံးတွေက ထက်ရှသွားပြီး- "ဒီကိစ္စကို ကျွန်တော် ကျင်းဟိုင်မြို့တော် ရဲတပ်ဖွဲ့ကို လွှဲအပ်လိုက်မယ်၊ ကျွန်တော်တို့တွေက မိတ်ဆွေဟောင်းတွေပဲလေ။ မှုခင်းဖြေရှင်းဖို့ တာဝန်က ကျွန်တော် ကိစ္စမဟုတ်ဘူး။ မစ္စတာလီ ထွက်လာဖို့ အချိန်တန်ပြီ?"

ကျန်းရီရဲ့ တစ္ဆေမိတ်ဆွေတွေ ထပ်ပြီးပေါ်လာခဲ့တယ်၊ ဒီတစ်ခါတော့ အစ်ကိုလီကို ဆွဲထုတ်သွားလိုက်တယ်။

ဒါပေမယ့် ကျန်းရီကိုမြင်တဲ့အခါ ချက်ချင်းပဲ ကြမ်းပြင်ပေါ် လဲကျသွားတယ်။ ဒီအချိန်မှပဲ ပရိသတ်တွေသတိထားမိတာက ချန်းယန်နဲ့ ရှောင်ပိုင်တို့ဟာ မသိမသာနဲ့ ကြမ်းပြင်ပေါ် လဲကျနေပြီး၊ သူတို့ရဲ့ဝိဉာဉ်တွေက အနည်းငယ် တုန်ရီနေခဲ့တယ်။

"သူတို့က တာဝန်ယူရမှာကို ကြောက်တဲ့အတွက်၊ သူတို့က မင်းသေဆုံးသွားတဲ့ အကြောင်းကို လျှို့ဝှက်ထားကြတာ မလား?"

"ဟုတ်တယ်...ဟုတ်ပါတယ်... ကျွန်တော်အစက သေသွားပြီ ဆိုတာကို မယုံနိုင်ခဲ့ဘူး။ ရှောင်ချီရဲ့ အိမ်ဆီကို အပြေးအလွှားသွားခဲ့တယ်၊ ကျွန်တော်..."

ဌာနထဲမှာ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်က ရှောင်ချီတစ်ယောက်ပဲရှိတယ်၊ ရှောင်ချီက ပုံပန်းသွင်ပြင်လည်း သိပ်မဆိုးဘူး။ အစ်ကိုလီ ဘာကိုတွေးနေမှန်း မင်းတို့ မြင်ယောင်ကြည့်လို့ရတယ်။

"လူတစ်ယောက် သေဆုံးပြီးနောက်၊ အထူးသဖြင့် အစ်ကိုလီလို သာမန်လူတစ်ယောက်ဆိုရင်၊ အစောပိုင်း ကာလတွေမှာ စွဲလမ်းမှုတစ်မျိုး ဖြစ်လာတတ်တယ်။ အများစုက သူတို့ သေသွားပြီဆိုတာတောင်မသိကြဘူး။ သူတို့က စိတ်ရှုပ်ထွေးနေတတ်ပြီး၊သူတို့ဘာသာ သူတို့ လုပ်ချင်တာကိုပဲ လုပ်နေတတ်ကြတယ်။ ဒါပေမယ့်ရှောင်ချီ၊ မင်းက မင်းရဲ့ ကုမ္ပဏီထဲက လူတွေကို မင်းဘာဖြစ်နေတယ်ဆိုတာ ပြောပြခဲ့တယ်၊ ဟုတ်တယ်မလား?"

"သူဌေး သိပါတယ်။ ကျွန်မ... သရဲ အခြောက်ခံနေရတယ်လို့ ပြောြပီး ခွင့်ရက်တောင်းခဲ့တယ်၊ ဒါပေမယ့် သူက... ဘယ်တော့မှ ခွင့်မပြုခဲ့ဘူး... ပြီးတော့ ကျွန်မကို ဆူခဲ့သေးတယ်"

ကျန်းရီက ဘာမှ ထပ်ပြီးမပြောတော့ဘူး၊ ရှောင်ချီကို- " ကောင်းပြီ၊ ရဲစခန်းကို မင်းကိုယ်တိုင်သွားပြီး မင်းဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ အကုန်ပြောပြလိုက်။ မစ္စတာလီ၊ မင်းလည်း ပြန်လည်မွေးဖွားဖို့ အချိန်တန်ပြီ။ အိုး၊ ဟုတ်ပြီ၊ ရှောင်ချီ၊ မင်းရဲ့ ကြောင်ကိုပါ ယူသွားဖို့လိုတယ်၊ နားလည်လား?"

ရှောင်ချီက ခေါင်းညိတ်ပြီး ထွက်သွားခဲ့တယ်။ သူမနဲ့ အစ်ကိုလီ ထွက်သွားတာနဲ့တပြိုင်နက် ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲကို ပြောလိုက်တယ်- "အားလုံးပဲ၊ ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ခဏတာ ခေတ္တရပ်နားထားပါရ​စေ။ စိတ်မပူပါနဲ့၊ သိပ်မကြာပါဘူး"

All Chapters