← Chapters

နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်း၊ ချန်းလန်ကျွန်း၌ ဉာဏ်အလင်းပွင့်ခြင်း

Vol. 18 Ch. 256

နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်း၊ ချန်းလန်ကျွန်း၌ ဉာဏ်အလင်းပွင့်ခြင်း

Vol. 18 Ch. 256

ချန်းလန်ကျွန်း၏ အပြင်ဘက်တွင် ကျယ်ပြောသည့်မြစ်ပြင်ပေါ်၌ ကြီးမားသည့် လှိုင်းလုံးကြီးများ ထကြွလာခဲ့သည်။

လေနှင့်တိမ်တို့က အနည်းငယ် အရောင်ပြောင်းသွားကြပြီး စွမ်းအားကြီးမားသည့် ဖိအားက မြင့်တက်လာကာ အရပ်မျက်နှာ အားလုံးတို့ကို တုန်ခါသွားစေသည်။ တိုက်ပွဲပြင်က မုန်တိုင်းတစ်ခုကဲ့သို့ အမှန်တကယ် ကြောက်ဖို့ကောင်းလှ၏။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့မှာ နောက်သို့ အကြိမ်ကြိမ် ဆုတ်နေရသည်။ တိုက်ကွင်းမှ အဝေးသို့ ရှောင်ရှားရ၏။ တိုက်ပွဲပြင်ကို စိုက်ကြည့်နေကာ သူတို့၏ ပုံစံများက လုံးဝ လေးနက်နေပါသည်။

"သခင်လေး... ရွှီယန် အနိုင်ရပါ့မလား.."

ဟူရှန်းက စိုးရိမ်မှုအချို့ဖြင့် မေး၏။

အကြီးစားကျွမ်းကျင်မှုအဆငိ့ စစ်ဘုရင် နှစ်ယောက်၏ စွမ်းအားက အလွန် ကြောက်စရာကောင်းလှသည်။ ပူးပေါင်းတိုက်ခိုက်သည့်အခါ တိုက်ကွက်တိုင်းက ကမ္ဘာပြိုမတတ် မုန်တိုင်းတို့ကို ဖြစ်ပွားစေ၏။

"ရွှီယန်ကို ကြည့်ရတာ ဆုတ်ခွာသွားမယ့်ပုံ လုံးဝ မရှိဘူး။ ကြည့်ရတာ အနိုင်ရဖို့ သူသေချာလို့ ဖြစ်မယ်.."

ရှဲ့လင်ဖုန်းက လေးနက်စွာ ပြောသည်။ ထိုသို့ဆိုလျှင်တောင် သူ့အနေနှင့် စိုးရိမ်မှုအချို့ ရှိနေဆဲ ဖြစ်၏။

"ဒီဝတ်စုံနက်တွေက ဘယ်အင်အားစုကလဲ။ အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်ကို စေလွှတ်နိုင်ပြီး သူတို့ရဲ့ ခွန်အားကလည်း အားနည်းတာ လုံးဝ မရှိဘူး။ သေချာပေါက် အထွတ်အထိပ် စစ်ဘုရင်တွေ ရှိဦးမှာ.."

ဟူရှန်းက သူ၏အတွေးကို ပြော၏။

"သူတို့က အမှောင်အင်အားစု တစ်ခုပဲ။ ဒါပေမယ့် အမှောင်အင်အားစုတွေထဲမှာ ဒီလို ခွန်အားမျိုးကို ပိုင်ဆိုင်နိုင်တာ အများကြီး မရှိဘူး.."

ရှဲ့လင်ဖုန်းက ညှို့မှိုင်းစွာ ကြည့်သည်။

ကျယ်ပြောသည့် အတွင်းဘက်နယ်မြေတွင် အလင်းဘက်၌ ရှိသည့် အဖွဲ့အစည်းများစွာတို့အပြင် အချို့အမှောင် အင်အားစုများလည်း ရှိ၏။

အမှောင်အင်အားစုများသည် အလွန် နှိမ့်ချကြသည်။ သို့မဟုတ် လူမမြင်အောင် လှုပ်ရှားကြသည်။ သူတို့၏ အင်အားစု အမည်ကို ဘယ်တော့မှ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

လူတိုင်းသည် သူတို့၏ တည်ရှိမှုကို သိပေမယ့် အမည်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိပါ။ ထို့ကြောင့် သူတို့ကို အမှောင်အင်အားစုများဟု ခေါ်ဆို၏။

အမှောင်အင်အားစုများ အကြားတွင်ပင်လျှင် သန်မာသူနှင့် အားနည်းသူများ ရှိသည်။ အမှောင်အင်အားစုအားလုံးတို့ သူတို့၏ အမည်များကို  ဖုံးကွယ်ထားတာ မဟုတ်ပေ။

အဖွဲ့အစည်းကြီးများဆီမှ သူတို့၏ အမည်ကို  ဖုံးကွယ်ထားနိုင်သည့် မည်သည့် အမှောင်အင်အားစုမဆိုမှာ အံ့သြစရာကောင်းလှသည့် ခွန်အားကို သက်သေပြနေပြီး ဖြစ်၏။ ဝတ်စုံနက်နှစ်ယောက်၏ အင်အားစုမှာလည်း ထိုကဲ့သို့သော အဖွဲ့အစည်း ဖြစ်သည်။

တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေ၏။ လှိုင်းများက ပိုမိုပိုမိုကာ ပြင်းထန်လာပြီး ၁၀မီတာထိတိုင်အောင် မြင့်တက်လာခဲ့သည်။ ဓားအလင်းများကလည်း မုန်တိုင်းများကဲ့သို့ ဆက်တိုက် ပေါက်ကွဲထွက်နေ၏။ အဝေးမှကြည့်ပါက တိုက်ပွဲပြင်မှာ ကမ္ဘာပျက် ကပ်ဘေးတစ်ခုကဲ့သို့ ရှိနေပါသည်။

ရွှီယန်က မူလ အစစ်အမှန်ချီကို လှည့်လည်ကာ အားရစွာ တိုက်ခိုက်နေပါသည်။ သူ၏ ခန္ဓာကိုယ်အပေါ်တွင် စိတ်ဝိဉာဉ်အလင်း ရေးတေးတေးပင် ထွက်ပေါ်နေ၏။

ဤသည်မှာ နဂါးဟိန်းခြင်း တောင်နှင့်မြစ်၏ ကြမ်းကြုတ်သည့် တစ်ဖက်ခြမ်း ဖြစ်သည်။ တိုက်ပွဲအတွင်းတွင် အသွင်အပြင်ကို ပြသလာခဲ့၏။

လောကကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့က သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ အသုံးပြုလိုက်သည့် အစစ်အမှန်ချီတို့ကို ဆက်တိုက် ဖြည့်တင်းနေပါသည်။

ရွှီယန်သည် တိုက်ပွဲအတွင်းတွင် ပိုမိုပိုမိုကာ  ကြမ်းကြုတ်လာပြီး သူ၏ အရှိန်အဝါက ပိုမိုပိုမိုကာ ကြီးထွားလာခဲ့၏။

တိုက်ခိုက်စဉ်အတွင်းတွင် သူသည် ဝတ်စုံနက်နှစ်ယောက်တို့၏ ကြီးမားသည့် အရှိန်အဝါကြောင့်  ဉာဏ်အလင်းတို့လည်း ရရှိခဲ့၏။ လောကကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ကို လှုံ့ဆော်ကာ ကမ္ဘာပြိုမတတ် ကြီးမားသည့် ဖိအားကို ထုတ်လွှတ်နိုင်သည်။

ဝတ်စုံနက် နှစ်ယောက်တို့မှာ တိုက်ခိုက်လေလေ ပိုမိုထိတ်လန့်လေလေ ဖြစ်လာခဲ့၏။ သူတို့၏ လူသတ်စိတ်များက ပိုမို ခိုင်မာလာခဲ့သည်။

ဒီရွှီယန်က သတ်ရပေမည်။ မဟုတ်ပါက ကြီးမားသည့် အန္တရာယ်ကို သေချာပေါက် ဖြစ်ပွားစေမည် ဖြစ်၏။

သူတို့၏ ဓားကောက်များကို ဝှေ့ရမ်းကာ ဓားစွမ်းအင်က ပိုမို ရက်စက်လာခဲ့သည်။ နောက်ဆုံးတွင် နှစ်ယောက်လုံး၏ စွမ်းအားတို့ ပေါင်းစည်းသွား၏။

ပူးပေါင်းတိုက်ခိုက်မှုတစ်ခု ထုတ်လွှတ်တော့မည့် လက္ခဏာရပ် ဖြစ်သည်။

"ချွမ်.."

လေထဲတွင် ကြီးမားလှသည့် ဓားကောက်အလင်းက ပေါ်လာပြီး အောက်သို့ ဆက်တိုက် ခုတ်ပိုင်းလာ၏။

ကောင်းကင်ကို ပိုင်းဖြတ်လာသည့်အလား အရပ်မျက်နှာအားလုံးတို့ကို ချိတ်ပိတ်ထားသည်။

ဓားအလင်း၏ မာန်ဖီမှုနှင့်အတူ ကြီးမားလှသည့် လှိုင်းများ အငွေ့ပျံကုန်ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့အကြားတွင် ဓားကောက်၏ အလင်းက လွှမ်းခြုံလာသည့်ပုံ ရှိသည်။ ကမ္ဘာပျက်ခြင်း ဓားအလင်းတစ်ခုကို ဖွဲ့စည်းလာခဲ့၏။

ရွှီယန်၏ မျက်လုံးများက စူးစိုက်သွားသည်။ ရန်သူနှစ်ယောက်တို့၏ စွမ်းအားပူးပေါင်းမှုက သူတို့၏ ခွန်အားကို ချက်ချင်းပင် မြင့်တက်သွားစေပြီး ထွက်ပေါက်အားလုံးတို့ ပိတ်ဆို့သွားသည်။ သူ့ကို ထွက်ပြေးရန် အခွင့်အရေး လုံးဝ မပေးပေ။

နှလုံးသားထဲတွင် အေးစက်စွာ ရယ်မိ၏။ သူသာ ထွက်ပြေးမည်ဆိုပါက တားနိုင်မည်လား။

"ဘုန်း.."

ချက်ချင်းပင် ရွှီယန်၏ အရှိန်အဝါက မြင့်တက်လာပြီး သူ၏ ဓားဆန္ဒက ကျယ်ပြန့်လာခဲ့သည်။  သန်မာကာ ရက်စက်သည့် ဓားဆန္ဒက လောကကြီးကို ဖြတ်သန်းသွား၏။ တောင်နှင့်မြစ်တို့ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ချိတ်ပိတ်လိုက်ပြီး ဝတ်စုံနက်နှစ်ယောက်ကို ထွက်ပြေးခြင်းမှ ကာကွယ်လိုက်သည်။

သူ၏ ဘယ်ဘက်လက်ကို ရိုက်ထုတ်လိုက်ပြီးနောက် ရွှေရောင်နဂါးကြီးက ဟိန်းထွက်လာခဲ့၏။ နဂါး၏ မျက်လုံးများက တောက်ပသည့် အလင်းဖြင့် လင်းလက်နေပါသည်။

စွမ်းအားကြီးမားသည့် နဂါး၏ အစစ်အမှန် အဓိပ္ပာယ်က ဒေါသလှိုင်းတစ်ခုကို သယ်ဆောင်ထား၏။ လှိုင်းထန်နေသည့် မြစ်ပြင်ပင်လျှင် ဒီအချိန်၌ တိတ်ဆိတ်သွားသည့်ဟန် ရှိသည်။

"ဝေါင်း.."

ရွှေရောင်နဂါးကြီးက ရုတ်တရက် လှည့်လည်ကာ ဝတ်စုံနက်တစ်ယောက်ကို ပြေးဝင်တိုက်ခိုက်သည်။ ထည်ဝါကြံ့ခိုင်သည့် ခွန်အားက ဓားအလင်းများကို ဆက်တိုက် ရိုက်ချနေပြီး ဖျက်ဆီးပစ်၏။

သို့ပေမယ့် ဝတ်စုံနက်တို့မှာ စွမ်းအားကြီးမားလှသည်။ သူတို့၏ လက်ထဲရှိ ဓားကောက်က လေထဲတွင် ကခုန်နေပြီး ရွှေနဂါးကြီးကို အနားသို့ မရောက်ခင်တွင် ပျက်စီးသွားစေခဲ့၏။

သို့ရာတွင် ရွှီယန်က နောက်ထပ် လက်ဝါးတစ်ချက်ကို ချက်ချင်းပင် ရိုက်ထုတ်လိုက်သည်။ နဂါးနိုင်လက်ဝါးသိုင်း၏ စွမ်းအားက ကြမ်းကြုတ်ကာ အနှိုင်းမဲ့၏။

ဓားအလင်းအလွှာများကို ဆက်လက် ဖျက်ဆီးသွားသည်။ လက်ဝါးချက်တိုင်းက သက်ဆိုင်ရာ အကွာအဝေးတစ်ခုကို ရှေ့သို့ တိုးသွားစေခဲ့၏။

ဒီအချိန်၌ ရွှီယန်သည် သူ၏ခွန်အားကို ပြီးပြည့်စုံစွာ  ပြသနေပါသည်။ ဘယ်လက်က နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုကာ ညာလက်က တောင်နှင့်မြစ်ဓားဆန္ဒကို အသုံးပြုပြီး ဓားချက်များကို တစ်ချက်ပြီး တစ်ချက် ခုတ်ပိုင်းနေ၏။

သူသည် တစ်ယောက်တည်းနှင့် ဝတ်စုံနက်နှစ်ယောက်ကို ရင်ဆိုင်ကာ အသာစီးပင် ရနေပါသည်။ ထို့အပြင် အခြေအနေကို ပြောင်းပြန်လှန်ကာ အရပ်မျက်နှာ အားလုံးတို့ကို ချိတ်ပိတ်ထားပြီး ဝတ်စုံနက်များကို ထွက်ပြေးလို့ မရနိုင်အောင် ဖြစ်စေသည်။

ဓားချက်က ကျဆင်းလာခဲ့၏...

"ဝေါင်း.."

နဂါးဟိန်းသံက ပဲ့တင်ထက်လာကာ တောင်နှင့်မြစ်တို့က အရာအားလုံးကို လွှမ်းခြုံသွားသည်။ ဝတ်စုံနက်နှစ်ယောက်တို့ကို တောင်နှင့်မြစ် အတွင်းသို့ ဆွဲသွင်းပြီး လုံးဝ သုတ်သင်လိုသည် ထင်၏။

နောက်ထပ် ဓားချက်တစ်ချက် သက်ဆင်းလာခဲ့သည်။

"တောင်နှင့်မြစ် အဆုံးမဲ့ပုံရိပ်များ.."

ဓားအလင်းက ကျယ်ပြောကာ ဓားဆန္ဒ မြင့်တက်လာစဉ်အတွင်းတွင် တောင်နှင့်မြစ် နဂါးဟိန်းခြင်းနှင့် သက်ရှိအားလုံးတို့ ချက်ချင်းပင် ထွက်ပေါ်လာကြ၏။ ထို့နောက် တောင်နှင့်မြစ် ဓားချက်က ထွက်ပေါ်လာခဲ့သည်။

နဂါးဟိန်းသံက တောင်နှင့်မြစ်နှင့် အရာအားလုံးနှင့်အတူ တိုက်ခိုက်လာပြန်၏။ ဓားချက်များက တစ်ချက်ပြီးတစ်ချက် ဝင်ရောက်လာကာ ဝတ်စုံနက်များကို လုံးဝ ဖိနှိပ့်ထားသည်။

တောင်နှင့်မြစ်ဓားဆန္ဒက ပိုမိုပိုမိုကာ သန်မာလာပြီး  လောကကြီးလည်း သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ဖြင့် ပြည့်နက်နေပါသည်။ ဤသည်က တိုက်ပွဲပြင်ကို သွေးဆာခြင်းအငွေ့အသက်တို့ဖြင့် ပြည့်နက်နေစေ၏။ လောကကြီးတစ်ခုလုံး ပြိုလဲတော့မည့်ပုံ ရှိသည်။

ဆက်လက် တိုက်ခိုက်နေရင်းမှ ဝတ်စုံနက်နှစ်ယောက်တို့၏ ပုံစံများက ကြီးစွာ ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ကြီးမားသည့် အန္တရာယ်အငွေ့အသက် တစ်ခုကို ခံစားလိုက်ရ၏။ သူတို့၏ လက်ရှိအခြေအနေက အလွန်အန္တရာယ်များလှသည်။

"ဝေါင်း.."

ရွှီယန်က နောက်ထပ် လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်ပြီး ကြီးမားသည့် ရွှေရောင်နဂါးကြီးက နောက်ထပ် ဝတ်စုံနက်ဆီသို့ ပြေးဝင်သွားသည်။

သူက နဂါးကို ဓားဖြင့်ခုတ်ပိုင်းတော့မည့် အချိန်၌ နဂါးကြီးက ရုတ်တရက် သေးငယ်သည့် နဂါး၁၈ကောင်အဖြစ် ခွဲထွက်သွား၏။ အရပ်မျက်နှာ အားလုံးတို့ဆီမှ ဝင်ရောက်လာခဲ့သည်။

တစ်ချိန်တည်းတွင် ရွှီယန်က သူ၏ဓားကို ခုတ်ပိုင်းလိုက်၏။ နဂါးဟိန်းခြင်း တောင်နှင့်မြစ်နှင့် အဆုံးမဲ့ပုံရိပ်များဓားက ရုတ်တရက် အတူတူ ပေါင်းစည်းသွားသည်။ ဝတ်စုံနက်ကို တောင်နှင့်မြစ်ဓားဆန္ဒ အတွင်းသို့ အတူတူ ရောက်ရှိ သွားစေ၏။

"ဒီနေ့မှာ ငါရွှီယန် ချန်းလန်ကျွန်းရဲ့ အပြင်မှာ စစ်ဘုရင်တွေကို ကွပ်မျက်မယ်။ ချန်းလန်ကျွန်းကို လုယူချင်တဲ့ ဘယ်သူမဆို ညှာတာမှုကင်းမဲ့စွာ အသတ်ခံရမယ်.."

ရွှီယန်၏ အသံက မိုးခြိမ်းသကဲ့သို့ ပျံ့နှံ့သွား၏။ အဝေးမှ ကြည့်ရှု့နေကြသည့် သိုင်းသမားများ အားလုံး ထိတ်လန့်သွားကြသည်။

စစ်ဘုရင်ကို ကွပ်မျက်သည်လား။ ထိုအပြင် စစ်ဘုရင်နှစ်ယောက် ဖြစ်လေသည်။ ဓားနတ်ဘုရားရွှီယန်သည် မည်မျှ သန်မာလိုက်သနည်း။

All Chapters