← Chapters

ရှဲ့လင်ဖုန်းအား သင်ကြားပေးခြင်း၊ စီနီယာအကို တစ်ယောက်၏ တာဝန်(၂)

Vol. 18 Ch. 263

ရှဲ့လင်ဖုန်းအား သင်ကြားပေးခြင်း၊ စီနီယာအကို တစ်ယောက်၏ တာဝန်(၂)

Vol. 18 Ch. 263

လီရွှမ်က မနေနိုင်ဘဲ နောက်ထပ် ပြဿနာတစ်ခုကို စဉ်းစားသည်။ သူသာ စတုတ္ထမြောက် သို့မဟုတ် ပဥ္စမမြောက် တပည့်ကို လက်ခံပါက သူတို့တွင် သိုင်းပညာကျင့်ကြံပြီး ဖြစ်နေလျှင် ကျင့်ကြံထားသည့် သိုင်းပညာအား သူဖန်တီးထားသည့် သိုင်းပညာသို့ မည်ကဲ့သို့ ပြောင်းလဲရမည်နည်း။

သိုင်းခွန်အား အားလုံးတို့ကို စွန့်လွှတ်ကာ အစမှ  ပြန်လည် ကျင့်ကြံရမည်လား။ ထိုသို့ဆိုပါက အစောပိုင်းအဆင့်များမှသာ တဖြည်းဖြည်းနှင့် မြင့်မားအောင် ကျင့်ကြံနိုင်ပြီး သူ့အတွက် တန်ပြန် အကျိုးပြုမှုများက မည်ကဲ့သို့ ရရှိနိုင်မည်နည်း။

'အဲ့လိုဆိုရင် ငါဖန်တီးမယ့် စတုတ္ထမြောက် သိုင်းလမ်းစဉ်မှာ ပြောင်းလဲမှုအချို့ လုပ်သင့်တယ်။ အဲ့လိုဆိုမှ သိုင်းပညာကို ကျင့်ကြံပြီး ဖြစ်ရင်တောင် သူတို့ရဲ့ လက်ရှိ သိုင်းပညာ အတတ်တွေကို အခြေခံပြီး ငါဖန်တီးတဲ့ သိုင်းပညာကို ပြောင်းလဲကျင့်ကြံနိုင်မှာ..'

'အဲ့လိုမှပဲ တပည့်အသစ်ရဲ့ သိုင်းအဆင့်က အရမ်းကြီး နိမ့်ပါး မနေမှာ။ ဒါပေမယ့် ကျင့်ကြံမှုစနစ်ကို ဘယ်လိုအလွယ်တကူ ပြောင်းလဲလို့ ရမလဲ..'

ယခုအချိန်၌ ထိုမေးခွန်းအတွက် လီရွှမ်တွင် ကောင်းမွန်သည့် အဖြေတစ်ခု ရှိမနေပါ။

'အခုတော့ တပည့်အသစ်လက်ခံဖို့ အချိန်မကျသေးဘူး။ စတုတ္ထမြောက် သိုင်းစနစ်လည်း မပြည့်စုံသေးဘူး။ ဒါကြောင့်မို့လို့ အလျှင်မလိုဘူး။ ငါကိုယ်တိုင် စတုတ္ထမြောက် သိုင်းပညာအဆင့်ကို ချိုးဖျက်ပြီး ရွှေလက်ချောင်းကို ကောင်းကောင်း မြင်နိုင်မှပဲ အဲ့ဒါကို အသုံးပြုပြီး သင့်တော်တဲ့ ကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်လောက်တယ်..'

သူသည် သိုင်းပညာစနစ်အသစ် အတွက် ရွှေလက်ချောင်းကို နားလည်မှု ရလာပြီးမှသာလျှင်  ဆက်လက် ဖန်တီးရန် စီစဉ်ထားသည်။

သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ထုံးရွှမ်အဆင့်၏ အထက်တွင် ရွှေလက်ချောင်းကို ကောင်းမွန်စွာ တွေ့မြင်လာနိုင်ပြီး အသုံးပြုလာနိုင်မှာ ဖြစ်၏။

လက်ဖက်ရည်ကို သောက်ပြီးနောက် သူက ရှဲ့လင်ဖုန်းကို ကြည့်ပြီး ပြောသည်။

"မင်းက အရမ်းကို ခေါင်းမာလွန်းတယ်။ ဘာလို့ စစ်မှန်တဲ့ သိုင်းပညာဆိုပြီး တယူသန်နေမှာလဲ။ အခုအစစ်အမှန်ချီကို စုစည်းပြီးပြီ ဆိုကတည်းက မူလသိုင်းပညာ လမ်းစဉ်အတိုင်းပဲ ဆက်ပြီး ကျင့်ကြံပေါ့။ မင်းလုပ်ဖို့လိုတာက အတွင်းအားချီကို အစစ်အမှန်ချီအဖြစ် ဆက်ပြီးတော့ ပြောင်းလဲနေဖို့ပဲ.."

"မူလအဆင့်ရဲ့ အထက်က အဆင့်ကတော့ မင်းအတွက် ခရီးရှည်ကြီး လိုသေးတယ်။ ဘာလို့ အများကြီး တွေးနေမှာလဲ။ ခြေတစ်လှမ်းချင်းစီသာ ကျင့်ကြံလိုက်။ ပိုပြီးတော့ စဉ်းစားလေလေ ပိုပြီးတော့ ကြောင်တောင်လာလေဖြစ်ပြီး ယုံကြည်ချက်တွေ ကင်းမဲ့လာလေပဲ။ မင်းက ပါရမီရှင် တစ်ယောက်ပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်သင့်တယ်။ သိုင်းပညာလမ်းစဉ်က အဆုံးမသတ်ဘူး။ အစစ်အမှန်တွေ အတုအယောင်တွေကို ဘာလို့ စွဲလမ်းနေမှာလဲ။ မင်းရဲ့ ယုံကြည်ချက်အပေါ်ကိုသာ သစ္စာရှိပြီး ရှေ့ကို အားမလျော့ဘဲ ဆက်ပြီးတော့ ကြိုးစားကျင့်ကြံ.."

ရှဲ့လင်ဖုန်းက မှင်သက်သွား၏။

'ဆရာကြီးကလည်း ငါ့ကို ပါရမီရှင် တစ်ယောက်လို့ ပြောတယ်။ ဆိုလိုတာက ငါ့ရဲ့ပါရမီကို သူအသိအမှတ်ပြုတယ်လို့ ဆိုလိုတာပဲ.. ငါဒီတလျှောက်လုံး အရမ်းကြီး ခေါင်းမာနေခဲ့မိတာလား..'

'ညီလေးရွှီရဲ့ ခွန်အားက အံ့သြဖို့ကောင်းလွန်းပြီး ငါ့ကို အားနည်းတယ်လို့ အမြဲခံစားရစေတယ်။ ဒါပေမယ့် တကယ်တော့ ငါက အားနည်းတာ မဟုတ်ဘူး။ အချို့လူတွေက ပိုပြီးသန်မာနေရုံပဲ..'

'ငါ့ထပ်ပိုပြီး လူဘယ်နှစ်ယောက်က သန်မာနိုင်မှာလဲ'

ထိုအချိန်၌ ရှဲ့လင်ဖုန်းသည် ရုတ်တရက် ဉာဏ်အလင်းတစ်ခုကို ရလာသည်ဟု ခံစားရ၏။ သူ၏ စိတ်ခွန်အားတို့ နိုးကြွလာပြီး သူကျင့်ကြံမည့် လမ်းကြောင်းအား ရှင်းလင်းလာသည်ဟု ခံစားရသည်။ ခြေတလှမ်းချင်းစီ ဆက်လက် ကျင့်ကြံကာ အထွတ်အထိပ် သိုင်းသခင်အဆင့်သို့ ချိုးဖျက်ပြီးနောက် စစ်ဘုရင်အဆင့်သို့ တက်လှမ်းရပေမည်။

သူသာ စစ်ဘုရင်တစ်ယောက် ဖြစ်လာပါက စစ်မှန်သည့် သိုင်းပညာလမ်းစဉ်ကို ဆက်လက် ကျင့်ကြံနိုင်လောက်သည်။ စစ်ဘုရင်အဆင့်၏ အလွန်သို့ ရောက်ရှိပြီးလျှင်တော့ ဖြစ်နိုင်သည်မှာ သူ၏ ကျင့်ကြံမှုစနစ်ကို အမှန်တကယ် ပြောင်းလဲနိုင်မည့် အခွင့်အရေးတို့ ပေါ်လာနိုင်ပါသည်။

"ကျွန်တော့်ကို ညွှန်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး... ကျွန်တော်နားလည်ပါပြီ.."

ရှဲ့လင်ဖုန်းက လေးစားစွာ ပြောသည်။

လီရွှမ်က ခေါင်းငြိမ့်၏။ ဘာပဲဖြစ်ဖြစ် ရှဲ့လင်ဖုန်းကို ပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်၏။ ရွှီယန်လောက် ထူးချွန်ခြင်း မရှိလျှင်တောင် ဓားသခင်ချောက်ကမ်းပါး၏ နှစ်ပေါင်းတစ်ထောင်တွင် တစ်ယောက်ပေါ်ထွန်းသည့် နံပါတ်တစ်ပါရမီရှင်ဟု သတ်မှတ်ခြင်းခံထားရခြင်းမှာ အလကားသက်သက် ဂုဏ်သတင်းတော့ မဟုတ်လောက်ပါ။

သူ၏ ပြဿနာမှာ ယုံကြည်ချက်တို့ ပြိုလဲသွားခြင်းသာရှိ၏။ ဤသည်က သူ့ကို လမ်းပျောက်စွာ ခံစားရစေသည်။ ယခုအချိန်၌ ပြုလုပ်ရမည်မှာ သူရှဲ့လင်ဖုန်း၏ ပါရမီကို အသိအမှတ်ပြုပြီး ယုံကြည်ချက်တို့ကို  ပြန်လည် စုစည်းရန် ဖြစ်သည်။

"သိုင်းပညာလမ်းစဉ်က ခြားနားလိမ့်မယ်။ ဒါပေမယ့် ဆုံမှတ်တစ်ခုတော့ သေချာပေါက် ရှိနေမှာ။ ဒါ့ကြောင့် အရမ်းကြီး တရားသေ မသတ်မှတ်နဲ့။ ပိုပြီးတော့ လေ့လာ.. ပိုပြီးတော့ နားလည်အောင်လုပ်။ စစ်မှန်တဲ့ သိုင်းပညာရှင် တစ်ယောက်က သူတို့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့နိုင်မှာပဲ.."

လီရွှမ်က ဒီအခွင့်အရေးကို ယူကာ ညွှန်ကြားမှုအချို့အား ဆက်လက်ပေးသည်။ သူသည် သိုင်းပညာ အားလုံးတို့ကို တူညီသည့် အဆုံးသတ်တစ်ခုတည်းသို့ ဦးတည်နေသည်ဟု ပြောဆိုခြင်း မရှိပါ။

အဲ့ဒီ့အစား ဆုံမှတ်တစ်ခု အမြဲတမ်း ရှိနေမှာဟုသာ ဆိုခဲ့၏။ ဤသည်က ရေရာခြင်းမရှိဘဲ မှားယွင်းပါက အရှက်ရစရာမလိုပေ။

ထို့အပြင် သူသည် သိုင်းပညာများကို ဖန်တီးရာတွင် အတွင်းဘက်နယ်မြေမှ သိုင်းစနစ်အား ကိုးကားချက်ယူခဲ့၏။ ထိုသို့ဆိုပါက ဆုံချက်အချို့ ရှိနေမည်မှာ ပုံမှန်သာဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး.."

ရှဲ့လင်ဖုန်းက မှင်သက်သွား၏။ ထိုသို့ဆိုပါက စစ်မှန်သော သိုင်းပညာရှင်တစ်ယောက်သည် ကိုယ်ပိုင်နည်းလမ်းကို ရှာဖွေရန် လိုအပ်သည်လား။

ဆရာကြီးသည် အမှန်တကယ်ကို အနှိုင်းမဲ့လှပါသည်။ သူ၏ အမြင်တွင် ကိုယ်ပိုင်လမ်းစဉ်တစ်ခုကို ရှာတွေ့နိုင်ခြင်း မရှိသည့် သိုင်းသမားများအား စစ်မှန်သည့် သိုင်းသမားများဟု သတ်မှတ်နိုင်ခြင်း မရှိပေ။

နားမလည်မှုတို့ ရှင်းလင်းသွားပြီးနောက် ရှဲ့လင်ဖုန်းလည်း ကြိုးစားစွာဖြင့် စတင်ကျင့်ကြံ၏။ သူသည် အလယ်အလတ် သိုင်းသခင်အဆင့်သို့ အမြန်ဆုံး  ချိုးဖျက်ရန် မျှော်လင့်သည်။ သူ့အနေနှင့် နောက်တွင် အရမ်းကြီး ကျန်ရစ်ခဲ့လိုခြင်း မရှိပါ။

ရွှီယန်သည် အိမ်သို့ပြန်ပြီးနောက် မိဘများနှင့် ရက်အနည်းငယ်ကို ကုန်ဆုံးသည်။ ထို့နောက် ချီနိုင်ငံ၏ မြို့တော်သို့ သွားရောက်ကာ အဘိုးဆီသို့ လည်ပတ်ပြီး စိတ်ဝိဉာဉ်ဆေးလုံးအချို့အား ပေး၏။

လဝက်နီးပါး အလုပ်ရှုပ်ပြီးနောက် နောက်ဆုံးတွင် ပြန်လာခဲ့သည်။ ထိုနေ့တွင် စုလင်းရှုံသည် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်သွားခဲ့၏။

"သင်၏တပည့် စုလင်းရှူံသည် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသည်။ သင်၏ ဒန်ဆေးသိုင်းပညာလမ်းစဉ်သည် ပြီးပြည့်စုံခြင်း(မူလအဆင့်)သို့ ရောက်ရှိသည်.."

ထိုကိစ္စအတွက် လီရွှမ်က အံ့သြခြင်း မရှိပါ။ သို့ပေမယ့် ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းကို ရောက်ရှိပြီးနောက် စုလင်းရှုံအနေနှင့် မူလအဆင့်သို့ ဆက်လက် ချိုးဖျက်ခြင်း မရှိခဲ့ပါ။

ဒန်ဆေးသိုင်းပညာ လမ်းစဉ်သည် ပင်ယင်းသိုင်းပညာလမ်းစဉ်နှင့် အလွန်တူညီ၏။ မူလအဆင့်၏ ကျင့်ကြံမှုနှင့် အဆင့်ချိုးဖျက်မှုတို့မှာ တော်တော်လေး ဆင်တူကြသည်။

သူမသည် မူလအဆင့်သို့ ချိုးဖျက်မည့် နည်းလမ်းအား နားလည်ပြီးတာ ကြာပြီဖြစ်၏။ သို့ပေမယ့် အခြေခံက လိုအပ်နေသေးရာ အားဖြည့်ရန် အချိန်အချို့အား လိုအပ်နေပါသည်။

ဥပမာအားဖြင့် သဘာဝတရားရှစ်ပါးပုံကြမ်းမှ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်ကို နားမလည်သေးပေ။ ထို့အပြင် မူလအဆင့်၏ နက်နဲမှုများအတွက် ရွှီယန်၏ ရှင်းပြမှုတို့ လိုအပ်သေး၏။

"ဂျူနီယာညီတွေ ညီမတွေကို ညွှန်ကြားပေးဖို့က စီနီယာအကိုတစ်ယောက်ရဲ့ တာဝန်ပဲ..."

လီရွှမ်က ပြုံးသည်။ သူသည် တပည့်များကို ထပ်မံလက်ခံပါက သိုင်းပညာစနစ် ကွဲပြားနေစေကာမူ ရွှီယန်အနေနှင့် သူတို့ကို နားလည်မှုရအောင် ကူညီပေးနိုင်ဆဲ ရှိသည်။

ရွှီယန်၏ သန့်စင်သည့် သိုင်းပညာလမ်းစဉ်ကြောင့်  သိုင်းပညာအပေါ် နားလည်သဘောပေါက်မှုက ထူးကဲနက်နဲလှသည်။

လီရွှမ်အနေနှင့် ရွှီယန်အား သိုင်းပညာစနစ် အားလုံးတို့ကို  စုပ်ယူကာ နောက်ဆုံးတွင် တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး သူ၏ကိုယ်ပိုင် တစ်သီးတစ်သန့်ဆန်ကာ သန့်စင်သည့် သိုင်းပညာစနစ်ကို အမှန်တကယ် ဖန်တီးနိုင်ရန် မျှော်လင့်သည်။

ဤသည်မှာ အဓိကတပည့်ဖြစ်သူ ရွှီယန်အတွက် သူ၏ မြင့်မားသည့် မျှော်လင့်ချက်ဖြစ်၏။ သိုင်းပညာတွင် သူသာလျှင် ထိုကဲ့သို့သော လမ်းစဉ်ကို လျှောက်လှမ်းနိုင်မည်ဟုလည်း ယုံကြည်သည်။

ရွှီယန်က ပြန်လာပြီးနောက် စုလင်းရှုံကို ကူညီကာ သဘာဝတရားရှစ်ပါး ပုံကြမ်းကို နားလည်စေသည်။

ပါးနပ်ကာ သွက်လက်သည့် မိန်းကလေးတစ်ယောက်အနေနှင့် သူမကျင့်ကြံမည့် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်သည် ကောင်းကင်လျှပ်စီးအလင်း သို့မဟုတ် ဒေါသမိုးကြိုးတို့နှင့် သင့်တော်ခြင်း မရှိပါ။

ထို့အပြင် သူမ၏ ဒန်ဆေးသန့်စင်ခြင်းနှင့် သိုင်းပညာပေါင်းစပ်ထားခြင်းမှာ အလွန်ထူးကဲလှ၏။ လေ့လာရာတွင် ရွှီယန်၏ အကူအညီဖြင့် စုလင်းရှုံသည် ဉာဏ်အလင်းအချို့ကို ရရှိခဲ့ပြီး ဖြစ်သည်။

သူမသည် ကိုယ်ပိုင် ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်  သို့မဟုတ် ပြည့်စုံသည့် ကျင့်စဉ်တစ်ခုကို နားလည်သဘောပေါက်ရန်ပင် ဝေးကွာခြင်း မရှိတော့ပါ။

ထိုအချိန်၌ ဟူရှန်းက ပြန်လာခဲ့၏။ သူ၏ ကျောပေါ်တွင် တောင်တစ်ခုကဲ့သို့ ကြီးမားသည့် အထုပ်တစ်ခုကို သယ်ဆောင်ထားသည်။ ကြည့်လိုက်သည်နှင့် အလွန်လေးလံပုံပေါ်၏။

သို့ပေမယ့် သိုင်းသခင်တစ်ယောက် ဖြစ်သည့် သူ့အတွက်  ထိုကဲ့သို့သော အလေးအပင်မှာ ဘာမှမဟုတ်ပါ။

"သခင်မလေးစု...‌ ဒါက ဆေးပေါင်းအိုးပါ.."

ဟူရှန်းက ဆေးပေါင်းအိုးတစ်ခုကို ထုတ်ကာ စုလင်းရှုံကို ပေးသည်။

ဆေးပေါင်းအိုးကို ထိပ်တန်းအဆင့် ကုန်ကြမ်းများဖြင့် ပြုလုပ်ထား၏။ ထိပ်တန်းရတနာ တစ်ခုဟု ယူဆနိုင်ကာ အလွန်အဖိုးတန်လှသည်။

"ကျေးဇူးအများကြီး တင်ပါတယ်... ဒီဆေးပေါင်းအိုးရဲ့ ပထမဆုံး ဆေးလုံးတွေအဖြစ် ရှင့်ကို ကူညီပြီး ချီစုဆောင်ခြင်း ဆေးလုံးတစ်သုတ်ကို သန့်စင်ပေးမယ်.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ဆေးပေါင်းအိုးကို ယူကာ ဆို၏။

"ဒါဆိုရင်လည်း သခင်မလေးစုကို ကျေးဇူးတင်ပါတယ်.."

ဟူရှန်းမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နက်နေ၏။ ကြီးမားသည့် အိတ်ကြီးကိုဖွင့်ကာ အတွင်းထဲမှ ပစ္စည်းတစ်ခုပြီးတစ်ခုကို ထုတ်သည်။

အားလုံးတို့သည် စုလင်းရှုံ၏ အဆင့်လိုက် ဒန်ဆေးသန့်စင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများဖြစ်ကြ၏။

ဆေးပေါင်းအိုးများလည်း ပါရှိလေသည်။

သို့ရာတွင် အဆင့်လိုက် ဒန်ဆေးသန့်စင်မှုအတွက် လူတစ်ယောက်သည် တစ်ဆင့်ကို တာဝန်ယူရမည် ဖြစ်ရာ ဆေးပေါင်အိုးမှာလည်း အနည်းငယ် ခြားနားပြီး ဆေးသန့်စင်ရာတွင် ထိန်းချုပ်မှု ပိုမိုလွယ်ကူစေရန် ပြုလုပ်ထားသည်။

အလွန်ဝမ်းသာနေသည့် စုလင်းရှုံက အဆင့်လိုက် ဒန်ဆေးသန့်စင်ခြင်း ပစ္စည်းများကို တစ်ခုချင်းစီ စတင်တပ်ဆင်သည်။

လီရွှမ်က သိလိုစွာဖြင့် ကြည့်လိုက်၏။ မနေနိုင်ဘဲ စုလင်းရှုံ၏ ဖန်တီးနိုင်စွမ်း အတွက် ချီးကျူးမိသည်။ စိတ်ကူးမှုတစ်ခုနှင့် ထိုအရာအားလုံးတို့ကို တပ်ဆင်နိုင်ခဲ့၏။

အဆင့်လိုက် ဒန်ဆေးသန့်စင်ခြင်း ပစ္စည်းများကို တပ်ဆင်ပြီးနောက် ၎င်းတို့သည် ခြံဝန်း၏ နေရာတစ်ဝက်ကျော်လောက်ကို သိမ်းပိုက်သွားသည်။ အဆင့်တစ်ခုချင်းစီတိုင်းတွင် တစ်ယောက်ထက်ပိုသည့် လူများက စိတ်ဝိဉာဉ်ဆေးပင်များကို တစ်ပြိုင်နက် သန့်စင်နိုင်ကြသည်။

နောက်တစ်ဆင့်အတွက် အလျှင်မှီနိုင်ခြင်း မရှိပါက တဝက်တစ်ပြက် ပြီးမြောက်ထားသည့် ပစ္စည်းများကို  သိုလှောင်ထားပြီး တဖြည်းဖြည်းချင်း ဆက်လက် သန့်စင်လို့ ရသည်။

ထို့အပြင် သူမသည် တစ်ဝက်ပြီးမြောက်ထားသည့် ပစ္စည်းများအား အာနိသင်တို့ လွင့်ပါးခြင်း မရှိစေရန် ချိတ်ပိတ်မှုများကိုလည်း ပြုလုပ်ထား၏။

"ဂျူနီယာညီမလေး... ဒန်ဆေးသန့်စင်မှုအတွက် ဒီအဆင့်အလိုက် တပ်ဆင်မှုက တော်တော်လေး  ကောင်းပုံပဲ။ ဒါပေမယ် ဆေးသန့်စင်မှုတော့ ဘယ်လောက်အထိ အရှိန်မြင့်လာမလဲ မသိဘူး.."

ရွှီယန်က စီတန်းထားသည့် ဆေးပေါင်အိုးများကို  ကြည့်ကာ အံ့ဩစွာပြော၏။

"ဒန်ဆေးသန့်စင်မှုအတွက် လူတွေကို လေ့ကျင့်ပေးရတာ လွယ်မှာတော့ မဟုတ်ဘူး.."

မုန့်ချုံက စဉ်းစားပြီးနောက် ခေါင်းကိုကုပ်သည်။

"ပြဿနာကြီး မဟုတ်ပါဘူး.. တစ်ဆင့်ထဲကို သင်ယူရတာက အများကြီး ပိုပြီးတော့ လွယ်ကူမှာ။ ပြီးတော့ လေ့ကျင့်တာ များရင်လည်း ပိုပြီးတော့ ပြည့်စုံလာမှာပေါ့.."

"အခက်ခဲဆုံး အဆင့်က နောက်ဆုံးအဆင့်ပဲ ဖြစ်လိမ့်မယ်.."

စုလင်းရှုံမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။

ချန်ချင်းစံအိမ်ကို စတင်အသုံးပြုလို့ ရပေတော့မည်။

"ရှီအာ... ခုံရော့ကျစ်ကို လူအချို့ ခေါ်လာခိုင်းဖို့  အကြောင်းကြားလိုက်။ ငါတို့တွေ စံအိမ်ရဲ့ အပြင်ဘက်မှာ ဒန်ဆေးသန့်စင်မှုအတွက် အဆင့်ဆင့်ကို တည်ဆောက်မယ်။ အဲ့ဒီ့အပြင် လူတစ်စုကို ရွေးချယ်ပြီး ဒန်ဆေးသန့်စင်ခြင်း ပညာကို လေ့ကျင့်ပေးဖို့ ငါစီစဉ်ထားတယ်။ သူ့ကို ဆေးကုန်ကြမ်းတွေနဲ့ စိတ်ဝိဉာဉ်မီးကျောက်တုံးတွေ ပိုပြီးတော့ ပြင်ဆင်ထားဖို့ ပြောလိုက်.."

စုလင်းရှုံက ခေါင်းကိုလှည့်ကာ ရှီအာကို အမိန့်ပေး၏။

"ကောင်းပါပြီ.."

ရှီအာက တာဝန်ကို လုပ်ဆောင်ရန် ချက်ချင်းပင် ထွက်ခွာသွားသည်။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့မှာ ဒန်ဆေးသန့်စင်မှုအတွက် တပ်ဆင်ထားမှုများအား နှစ်ဦးစလုံး စိတ်ဝင်စားနေပါသည်။ ဒန်ဆေးသန့်စင်မှုမှာ မည်မျှ မှော်ဆန်လိုက်သနည်း။

"ငါဒီဆေးပေါင်းအိုး အသစ်ကို စမ်းကြည့်နေပြီ.."

ဆေးပေါင်းအိုးအသစ်ကို ကိုင်ထားရင်းက စုလင်းရှုံမှာ စိတ်လှုပ်ရှားမှုတို့ကို ဖုံးဖိနိုင်ခြင်းမရှိဘဲ ဖြစ်နေပါသည်။

ချီစုဆောင်းခြင်း ဆေးလုံးများကို စတင်သန့်စင်ရန်ပြင်ဆင်၏။

"သခင်မလေးစု... ဒါတွေက ကျွန်တော့်ရဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေပါ.."

ဟူရှန်းက စိတ်ဝိဉာဉ်ဆေးပင်တစ်ထုပ်ကို ထုပ်ပေးသည်။

"ဒီဆေးသန့်စင်ပေးတဲ့ ဝန်ဆောင်မှုအတွက် ရှင့်ဆီက ပိုက်ဆံ မယူတော့ဘူး။ ဘယ်လို ဆေးလုံးမျိုး လိုချင်တယ်ဆိုတာကိုပဲ တစ်ခါတည်း ပြောလိုက်.."

စုလင်းရှုံက ဆေးပင်များကို ယူရင်းက မေးသည်။

ဟူရှန်းက ခဏတာ စဉ်းစား၏။ ထို့နောက် ရှဲ့လင်ဖုန်းကို ကြည့်ကာ မေးသည်။

"သခင်လေး... ဘယ်လိုဆေးလုံးမျိုးက သန့်စင်ဖို့အကောင်းဆုံးဖြစ်မလဲ.."

ရှဲ့လင်ဖုန်းက ခဏတာတုံ့ဆိုင်းနေပြီးနောက် ပြော၏..။

"ကျင့်ကြံမှုကို အရှိန်မြှင့်တင်ပေးမယ့် ဆေးမျိုးပေါ့။ ပြီးတော့ ဒဏ်ရာကုသခြင်းနဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးတဲ့ ဆေးလုံးတွေရောပဲ"

"အဲ့ဒီ့ဆေးလုံးကို အရင်ဆုံး သန့်စင်တာပေါ့"

ထိုပစ္စည်းများမှာ သူ၏ လက်ရှိကျင့်ကြံမှုအတွက်  လိုအပ်သည့် အရာများဖြစ်၏။

သူသည် မုန့်ချုံ၏ စွမ်းအားကြီးမားသည့် ခန္ဓာကိုယ်ကို အလွန်အားကျပါသည်။ မဟုတ်ပေ။ ရွှီယန်၏ ခန္ဓာကိုယ်မှာလည်း အံ့သြစရာ ကောင်းလောက်အောင် သန်မာလှ၏။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ကိုလည်း အားဖြည့်ရန်  ဆုံးဖြတ်လိုက်လေသည်။

All Chapters