← Chapters

စုလင်းရှုံ၏ ခန္ဓာကိုယ်

Vol. 18 Ch. 266

စုလင်းရှုံ၏ ခန္ဓာကိုယ်

Vol. 18 Ch. 266

စုလင်းရှုံ၏ ရွှေအပ်မှာ မြန်ဆန်ကာ စွမ်းအားကြီးမားပြီး သေးငယ်ကာ ခုခံရန် ခက်ခဲလှသည်။ ၎င်းသည် အလွန်အားကောင်းသည့် ဖောက်ထွင်းနိုင်စွမ်း ကိုလည်း ပိုင်ဆိုင်ထားပြီး သာမန် သိုင်းသမားများ၏ ချီနှင့်သွေးနှင့် စိတ်ချလက်ချ ခုခံနိုင်ရန် ခက်ခဲလှပါသည်။

ထို့အပြင် ရွှေအပ်များမှာ အမြဲတမ်း ပြောင်းလဲနေ၏။ တစ်ချောင်းတည်းကို ကာကွယ်ရပါက ဖြစ်နိုင်ပေလိမ့်မည်။ သို့ပေမယ့် ၈ချောင်း၊ ၁၀ချောင်း သို့မဟုတ် အချောင်းရာနှင့်ချီ၊ ထောင်နှင့်ချီကာ ရှိလာပါက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

သို့ရာတွင် ရွှီယန်နှင့် မုန့်ချုံတို့အတွက်မူ ၎င်းတို့တွင် သေးငယ်သည့် ခြိမ်းခြောက်နိုင်စွမ်းသာ ရှိပါသည်။

ဘာပဲဖြစ်ဖြစ် စုလင်းရှုံ၏ ရွှေအပ်သိုင်းပညာအပေါ် နားလည်သဘောပေါက်ခဲ့ခြင်းမှာ သူတို့နှစ်ယောက်၏ အကျိုးပြုမှုတို့ များစွာ ပါဝင်နေ၏။ သူတို့သည် ရွှေအပ်အတတ်နှင့် ပတ်သက်ပြီး နားလည်မှုအချို့ ရရှိပြီးဖြစ်သည်။

မုန့်ချုံ၏ ကြီးမြတ်သောနေ ရွှေခန္ဓာဆိုလျှင် ၎င်းတို့ကို တမင် ခုခံနေစရာပင် မလိုပေ။ ရွှေအပ်များက သူ၏ခံနိုင်ရည်ကို ချိုးဖောက်နိုင်စွမ်း မရှိပါ။

ရွှီယန်မှာတော့.. သူ့အနေနှင့် စုလင်းရှုံ၏ ရွှေအပ်ချောင်းများကို အသိအမှတ်ပြုစရာဟု ဆိုနိုင်ပေမယ့် တူညီသည့် အဆင့်တွင် မည်သည့် အန္တရာယ်မှ ပေးစွမ်းနိုင်ခြင်း မရှိပါ။

စုလင်းရှုံက ချောင်းမြောင်းတိုက်ခိုက် လာလျှင်တောင် အခြေအနေများက တူညီစွာပင် ရှိနေမှာ ဖြစ်သည်။

"နင့်ရဲ့ ရွှေအပ်ပညာက အခြားသိုင်းသမားတွေကို တိုက်ခိုက်ရင် အားအများကြီး စိုက်စရာမလိုဘဲ အသုံးဝင်မှာ.."

ရွှီယန်က ပြုံးကာ ရွှေအပ်များကို ပြန်ပေးလိုက်သည်။

"စီနီယာအကို... နင့်ခွန်အားက အရမ်းကို သန်မာတာပဲ.."

စုလင်းရှုံမှာ စိတ်ဓာတ်ကျစွာ ရှိနေ၏။ သူမ၏ ရွှေအပ်ချောင်းကို အလွန် အစွမ်းအားကြီးလှပြီဟု ခံစားခဲ့ရသည်။ သို့ပေမယ့် ၎င်းတို့သည် မည်သည့် အားစိုက်ထုတ်မှုပင် မလိုအပ်ပဲ ပြိုလဲသွားခဲ့၏။

'ငါ့ရဲ့ ရွှေအပ်အတတ်ကို ရွှမ်လေနတ်ဘုရားအပ်လို့ ခေါ်မယ်..

စုလင်းရှုံမှာ ပြန်လည် စိတ်လှုပ်ရှားလာ၏။ သူမ၏ ကိုယ်ပိုင်ဂေါ်ပြားကို ကောက်ယူပြီး ပြောသည်။

"နောင်မှာ...ဂေါ်ပြားကို အထူးပြုတဲ့ သိုင်းပညာတစ်ခုကို လေ့လာရမယ်။ လူတွေကို မြေမြှုပ်ဖို့ပေါ့.."

ရုတ်တရက် သူမသည် တစ်ခုခုကို တွေးမိလိုက်ပုံ ပေါ်ပြီး အလျှင်အမြန် ထွက်ခွာသွားသည်။

"ရွှေအပ်တွေကို ဟူရှန်းနဲ့သွားပြီး စမ်းသပ်ရမယ်.."

ရွှီယန်က ခေါင်းကိုရမ်းသည်။ ဟူရှန်းသာ ဆိုပါက ခက်ခဲမှုအချို့ ရှိနေမှာပါ။ စုလင်းရှုံသည် မူလအဆင့်သို့ ချိုးဖျက်ပြီးခြင်း မရှိသေးပေမယ့် သူမ၏ ခွန်အားမှာ သာမန်သိုင်းသမားများထက် များစွာ သာလွန်လှသည်။သိုင်းသခင်အများစုတို့သည် သူမ၏ ပြိုင်ဘက် မဟုတ်ပါ။

သဘာဝတရားရှစ်ပါး ပုံကြမ်း၏ လေ့လာမှုမှာ အဆုံးသတ်ခဲ့၏။ ပြီးလျှင် ကိုယ့်ကိုယ်ကို ကိုယ်ရည်သွေးကာ အခြေခံကို မြှင့်တင်ပြီး အမြန်ဆုံး အဆင့်ချိုးဖျက်အောင် လုပ်ရပေမည်။

မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် အထွတ်အထိပ် စစ်ဘုရင်များကိုပင်လျှင် အလွယ်တကူ သတ်ဖြတ်နိုင်၏။ မုန့်ချုံမှာ တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်နက်နေပါသည်။

သူသည် ကြီးမြတ်သောနေ ရွှေခန္ဓာအား အဆင့်ချိုးဖျက်ရန် ပြင်ဆင်နေပါသည်။ အဆင့်ချိုးဖျက်နိုင်ပါက စစ်ဘုရင်များကို ကြောက်ရွံ့စရာ မလိုတော့ပေ။

ဝတ်စုံနက်နှင့် စစ်ဘုရင်၏ အချိန်အတော်ကြာအောင် လိုက်လံသတ်ဖြတ်ခြင်း ခံရပြီးနောက် သူ၏ ဒေါသများကို မနည်း ထိန်းချုပ်ထားရ၏။ အဆင့်ချိုးဖျက်ပြီးပါက ထိုသူများကို သွားရောက် လက်စားချေမည် ဖြစ်သည်။

သူ၏ လေမိုးကြိုး ဗာဂျရာလက်သီးက အဆင့်ချိုးဖျက်ခဲ့ပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အုပ်စိုးခြင်း ဆေဘာမှာလည်း အဆင့်ချိုးဖျက်ဖို့ နီးနေပါပြီ။ သဘာဝတရားရှစ်ပါး ပုံကြမ်းမှလည်း ဉာဏ်အလင်းများစွာတို့ ရရှိခဲ့၏။ ၎င်းတို့ကို စစ်ဘုရင်တစ်ယောက် ရှာပြီး စမ်းသပ်လို့ ရသည်။

သူလည်းပဲ စစ်ဘုရင်တစ်ယောက်ကို လက်သီးတစ်ချက်ဖြင့် ပေါက်ခွဲပစ်လို၏။ စီနီယာအစ်ကိုကြီးသည် အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ပြီးနောက် အလွန် ကြီးစိုးစွာ ပြုမူခဲ့၏။ လမ်းတလျှောက်ရှိ သိုင်းသခင်များနှင့် စစ်ဘုရင်များကို နင်းချေခဲ့သည်။

မုန့်ချုံသည် အတွင်းဘက်နယ်မြေသို့ သူ၏ ကိုယ်ပိုင် ခရီးစဉ်ကို ပြန်လည် တွေးတောမိသည်။ အစပိုင်းတွင် သိုင်းသခင်များကို ကြက်ကလေး ငှက်ကလေးများ ကဲ့သို့ သတ်ဖြတ်နိုင်ခဲ့ပေမယ့် ဝတ်စုံနက် စစ်ဘုရင်၏ လိုက်လံသတ်ဖြတ်ခြင်းနှင့် အဆုံးသတ်ခဲ့ရ၏။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ များစွာလည်း ရှာဖွေနိုင်ခြင်းမရှိခဲ့ပေ။

ကံကောင်းစွာပင် စိတ်ဝိဉာဉ်ဆေးပင် ရတနာနယ်မြေတွင် များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များ ရှိနေပြီး အတွင်းဘက်နယ်မြေ၏ ခရီးစဉ်ကို အလကား မဖြစ်စေခဲ့ပေ။

"သင်၏တပည့် စုလင်းရှုံသည် သဘာဝတရားရှစ်ပါးရှိ ရွှမ်မှ လေနတ်ဘုရားအပ် အတတ်ကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ရွှမ်လေနတ်ဘုရားအပ်အတတ်အား ပြည့်စုံစွာ တတ်မြောက်သွားခဲ့သည်.."

ရွှေရောင်အလင်းက ထွက်ပေါ်လာပြီး လီရွှမ်မှာ တည်ငြိမ်စွာသာ ရှိနေပါသည်။ ထိုလေနတ်ဘုရားအပ် အတတ်အတွက် သူသည် မည်သည့် စိတ်ခံစားချက် တစ်စုံတရာမှ ခံစားရခြင်း မရှိပါ။ အသုံးပြုရန်ပင် စိတ်ကူးမိခြင်း မရှိပေ။

အရွယ်ရောက်ပြီးသည့် ယောက်ျားတစ်ယောက် အနေနှင့် ရွှေအပ်များကို ကိုင်ဆောင်ခြင်းမှာ မလိုက်ဖက်လှပေ။

သူ၏ စွမ်းအားကြီးမားသည့် ပညာရှင်ကြီး တစ်ယောက်၏ အသွင်အပြင်နှင့်လည်း သင့်တော်ခြင်း မရှိပါ။

စိတ်ထဲတွင် မနေနိုင်ဘဲ သုံးဖန်းပုပိုက် ဟူသည့် လူတစ်ယောက်၏ အမည်ကို တွေးမိလိုက်သည်။ လက်ထဲတွင် ချုည်အပ်များက ပြန့်ဝဲနေ၏။

စုလင်းရှူံသည် ဒန်ဆေးသန့်စင်မှုတွင် လူငယ်နှင့် မိန်းကလေးတစ်စုတို့ကို စတင်ညွှန်ကြားမှု ပြုသည်။

အကောင်းဆုံးသော ပါရမီရှင်များကို ရွေးချယ်ကာ ဒန်ဆေးလုံးအဖြစ် စုစည်းသည့် နောက်ဆုံးအဆင့်ကို သင်ကြားပေး၏။

ဒန်ဆေးသန့်စင်မှုတွင် အဆင့်ဆင့် ပိုင်းခြားပြီး အဆင့်တစ်ခုထဲကို သင်ယူကြလျှင်တောင် အကြိမ်ကြိမ် ကျင့်ကြံမှုများအား လိုအပ်ပါသည်။ ဤသည်က များပြားလှသည့် ဆေးပင်များကို  လိုအပ်စေ၏။

ကျင့်ကြံသည့် အဆင့်အတွင်းတွင် သာမန် ဆေးပင်များကိုသာ အသုံးပြုပါသည်။ ကျွမ်းကျင်မှုရှိမှသာ အဖိုးတန်သည့် ဆေးပင်များကို အသုံးပြု၏။ နောက်ဆုံးမှ စိတ်ဝိဉာဉ်ဆေးပင်များကို အသုံးပြုမည် ဖြစ်သည်။

ထိုအခါ ကျရှုံးနိုင်ခြေကို လျော့ချပြီး အောင်မြင်နိုင်ခြေကို မြင့်တက်စေမှာ ဖြစ်သည်။ ထိုအရာအားလုံးတို့အတွက် အချိန် လိုအပ်၏။

ချီနှင့်သွေးဒန်ဆေးလုံး၊ စွမ်းအင်ဖြည့်တင်းခြင်း ဒန်ဆေးလုံးနှင့် ဒဏ်ရာကုသခြင်း ဒန်ဆေးလုံးတို့ကို ထုတ်လုပ်သည့် နည်းလမ်းများ၌ပင်လျှင် အဆင့်တိုင်း၌ အနည်းငယ် ခြားနားချက်များ ရှိနေ၏။

သို့ရာတွင် ခြားနာချက်က အရမ်းကြီး သိသာခြင်း မရှိပါ။ ဒန်ဆေးဖော်မြူလာ တစ်ခုကို ဖမ်းဆုပ်နိုင်ပါက အခြားဖော်မြူလာ များမှာလည်း ဖမ်းဆုပ်နိုင်ရန် လွယ်ကူ၏။

ပထမဆုံး အဆင့်နိမ့် ဒန်ဆေးလုံးများကို  ပြုလုပ်သည်။ ဥပမာအားဖြင့် အရိုးသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း သို့မဟုတ် သွေးချီကို အာရုံခံခြင်းတို့၌ အထောက်အကူဖြစ်သည့် ဆေးများဖြစ်၏။

နေ့စဉ်နေ့တိုင်း ဒန်ဆေးခန်းမဆောင် အတွင်းတွင် အဆင့်နိမ့်သည့် ဒန်ဆေးလုံး များစွာတို့ကို ထုတ်လုပ်နိုင်လာခဲ့သည်။ ကျရှုံးဆေးလုံး ပမာဏတစ်ခုလည်း ရှိ၏။

သို့ပေမယ့် ဒန်ဆေးသန့်စင်သည့် ကျွမ်းကျင်မှု တိုးတက်လာသည်နှင့်အမျှ ကျရှုံးဆေးလုံးများ၏ ပမာဏက စတင် လျော့နည်းလာခဲ့သည်။

သန့်စင်ပြီးသည့် ဒန်ဆေးလုံးများကို ချန်ချင်းစံအိမ်မှ အဖွဲ့ဝင်များ ကျင့်ကြံရာတွင် ကူညီရန် အသုံးပြု၏။ သို့မဟုတ် စွန့်ပစ်ဒေသမှ သိုင်းသမားများနှင့် ဆေးကုန်ကြမ်းများကို အသုံးပြုကာ လဲလှယ်သည်။

ချန်ချင်းစံအိမ်သို့ ဝင်ရောက်ကာ အမြဲတမ်း အဖွဲ့ဝင် ဖြစ်လာရန် သင့်တော်သည့် သိုင်းသမား အချို့ကိုလည်း ရရှိနိုင်၏။

ဒန်ဆေးလုံးများ၏ စွမ်းအားကြီးမားသည့် ဆွဲဆောင်မှုအောက်တွင် သိုင်းပညာကျင့်ကြံနေပြီး ဖြစ်သည့် သိုင်းသမားများစွာတို့ ချန်ချင်းစံအိမ်ဆီသို့ ဝင်ရောက်လာကြသည်။

သို့ပေမယ့် ချန်ချင်းစံအိမ်၏ လိုအပ်ချက်များမှာ မြင့်မားလှ၏။ အသက် အကန့်အသတ်၊ ပါရမီအကန့်အသတ်နှင့် ရွေးချယ်မှုက တင်းကြပ်လှသည်။

ကျရှုံးဆေးလုံးများကိုတော့ ဖြုန်းတီးမှု မဖြစ်စေရန် ကြောင်နီကိုသာ အားလုံးအား ကျွေးလိုက်၏။ သူသည် အနည်းငယ် ဂျီးများ၏။ ဘာပဲဖြစ်ဖြစ် စိတ်ဝိဉာဉ်ဆေးပင်များနှင့် သန့်စင်ထားသည့် ကျရှုံးဆေးလုံးများကို မြည်းစမ်းပြီးဖြစ်ရာ သာမန် ကျရှုံးဆေးလုံးများကို ဂရုမစိုက်တော့ပေ။

သို့ပေမယ့် စုလင်းရှုံက ပေးလာခြင်း ဖြစ်ရာ လျစ်လျူရှု့ထားလို့ မရပေ။ သူမကို ကျေနပ်မှုရစေရန် အတွက် ကြောင်နီက ချက်ချင်းပင် အားလုံးတို့ကို စားသုံးလိုက်၏။

ဒန်ဆေးလုံး တစ်မျိုးစီတိုင်းအတွက် အောင်မြင်နိုင်ခြေ ၁၀၀% ရှိမှသာလျှင် ဒန်ဆေးလုံးအသစ်ကို စတင်လေ့ကျင့်သည်။ ဤနည်းအားဖြင့်သာ ဒန်ဆေးလုံးအသစ်များကို သန့်စင်ချိန်၌ ကျရှုံးဆေးလုံးအရေအတွက်တို့ လျော့ကျစေမှာ ဖြစ်သည်။

စိတ်ဝိဉာဉ်ဆေးပင်များမှာ အများအပြား ရှိပုံပေါ်ပေမယ့် အနည်းငယ်မှ ဖြုန်းတီးနိုင်ခြင်း မရှိပေ။ ထိုဆေးပင်များအတွက် စီနီယာအကိုတို့သည် အချိန်များစွာတို့ကို ကုန်ဆုံးခဲ့ရ၏။

ထို့ကြောင့် စိတ်ဝိဉာဉ်ဆေးပင်များအား သန့်စင်ချိန်တွင် ကျရှုံးနိုင်ခြေကို လျော့ချရန်အတွက် စုလင်းရှုံက ဒန်ဆေးလုံးများ၏ အောင်မြင်မှုနှုန်းတွင် လိုအပ်ချက်တို့ မြင့်မားစွာ ထားထားပါသည်။

ခုံရော့ကျစ်တစ်‌ယောက် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီး ချီနှင့်သွေးအဆင့်သို့ ချိုးဖျက်ခဲ့၏။ သူသည် အလွန့်အလွန် စိတ်လှုပ်ရှားနေပါသည်။နောက်ဆုံးတွင် စစ်မှန်သည့် သိုင်းသမားတစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်၏။

All Chapters