← Chapters

စုလင်းရှုံ၏ မူလအဆင့်သို့ ဝင်ရောက်မှု၊ ချင်းမုစိတ်ဝိဉာဉ်ခန္ဓာ

Vol. 18 Ch. 268

စုလင်းရှုံ၏ မူလအဆင့်သို့ ဝင်ရောက်မှု၊ ချင်းမုစိတ်ဝိဉာဉ်ခန္ဓာ

Vol. 18 Ch. 268

လီရွှမ်၏ ပေါ်လာပုံကို တွေ့ရပြီးနောက် ရွှီယန်က အမြန် အလျှင်အမြန် မေးသည်။

"ဆရာ ဂျူနီယာညီမလေးက ဘာဖြစ်တာလဲ.."

"ဒါက ကိစ္စလေးပါ.."

လီရွှမ်၏ ပုံစံက ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲရှိသည်။ လက်ထဲတွင် ကျောက်စိမ်းအဆောင်ကို အသာ ကစားနေပြီး အရာအားလုံးကို သိမြင်နိုင်ပြီးဖြစ်သည့် ဆရာသခင်တစ်ယောက်၏ အသွင်အပြင်ကို ပြသထား၏။

"သူမရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ဒီလိုမျိုးဖြစ်လာတာပဲ။ ဒီကောင်မလေးရဲ့ အတွင်းခန္ဓာကိုယ်က ပတ်ဝန်းကျင်ရဲ့ ကန့်သတ်မှုနဲ့ မွေးဖွားရာမှာ စွမ်းအင်မလုံလောက်မှုတို့ကြောင့် ဒီအချိန်မှာ ပြန်ပြီးတော့ အားဖြည့်နေရတာ.."

လီရွှမ်က အသာဖြေ၏။ အရာအားလုံးတို့ကို အစမှ အဆုံးအထိ နားလည်ပြီးဖြစ်သည့်ဟန် ရှိသည်။

"ဒီမူလအဆင့်ကို အဆင့်ချိုးဖျက်ဖို့အတွက် သူမ ပြင်ဆင်ပြီး နေခဲ့ပြီ။ ဒါ့ကြောင့်မလို့ ဒီအချိန်မှာ  ခန္ဓာကိုယ်က လိုအပ်မှုတွေကို အားဖြည့်ပေးပြီး အထူးခန္ဓာကိုယ်တည်ဆောက်မှုကို အသက်သွင်းနိုင်ရုံ မကပဲ အဆင့်မြင့်တက်မှုလည်း ဖြစ်ပေါ်ပြီး ပိုသန်မာတဲ့ ခန္ဓာကိုယ်ကို ရလာခဲ့တယ်.."

လီရွှမ်က အဆင့်ချိုးဖျက်မှုကို ပြီးမြောက်လုနီးပါး ရှိနေသည့် စုလင်းရှုံကို ကြည့်၏။ နူးညံ့သည့် အစိမ်းရောင်အလင်းက ဝန်းရံနေပြီး သူမ၏ နံဘေးရှိ သစ်ပင်ကြီးမှာ အသက်ဓာတ်တို့ဖြင့် ပြည့်နက်နေပုံ ပေါ်သည်။ စုလင်းရှုံ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွား၏။

"လက်စသတ်တော့ ဒီလိုကို.."

ရွှီယန်က နားလည်သွားသည့်အသွင်ဖြင့်  ရေရွတ်၏။

ထင်ထားသည့် အတိုင်းပင်။ အရာအားလုံးတို့သည် ဆရာ၏ ထိန်းချုပ်မှုအောက်၌သာ ရှိနေပါသည်။

"ဆရာ... အဆင့်ချိုးဖျက်ပြီးတဲ့ အခါကျရင် ဂျူနီယာညီမလေးမှာ ဘယ်လိုခန္ဓာကိုယ်မျိုး ရလာနိုင်မလဲ.."

ရွှီယန်က သိလိုစွာမေး၏။

သူ၏ ကိုယ်ပိုင် အဆင့်ချိုးဖျက်မှု အပြီးတွင်ကျောက်စိမ်းအရိုးများ၌ ကြီးမားသည့် ပြောင်းလဲမှုတို့ကို ကြုံတွေ့ခဲ့ပြီး စိတ်ဝိဉာဉ်အရိုးများ ဖြစ်လာခဲ့၏။

ကျောက်စိမ်းအရိုးကို အခြေခံသည့် စိတ်ဝိဉာဉ်အရိုးက အလွန် စွမ်းအားကြီးမားလှပါသည်။ သူနှင့် ခံနိုင်ရည် သက်လုံတို့ကို ယှဉ်ပြိုင်ကြသည့် မည်သည့် သိုင်းသမားမဆို သံသယဝင်စရာ မကောင်းလောက်အောင် လိုက်မီနိုင်ခြင်း မရှိကြပေ။

လီရွှမ်က အသာပြုံး၏။ စုလင်းရှုံ၏ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ပတ်သက်ပြီး ရွှီယန်၏ မေးခွန်းအား ဖြေကြားမှု မပြုပါ။

သူ့အနေနှင့် ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုကို လက်ခံပြီးခြင်း မရှိသေးရာ ဒီအချိန်၌ မည်သည်ဖြစ်သည်ကို အတိအကျ ပြောနိုင်ခြင်း မရှိပေ။

ထို့ကြောင့် ဆို၏။

"ငါတပည့်... ခန္ဓာကိုယ်တည်ဆောက်မှုကို အရမ်းကြီး စိတ်ထဲမထားနဲ့။ လူတစ်ယောက်က ခွန်အားအဆင့်ကို မြှင့်တင်ရင်းနဲ့ တစ်ဆင့်ချင်းစီတိုင်းမှာ ပြောင်းလဲနိုင်မယ်ဆိုရင် သိပ်သည်းတဲ့ အခြေခံနဲ့  ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး ပိုသန်မာ ပိုပြီးတော့ မာကျောကျစ်လစ် လာလိမ့်မယ်.."

"ဒီလိုမျိုး ရှေ့ဆက်လျှောက်လာတဲ့အခါ မွေးရာပါ အထူးခန္ဓာကိုယ် ပါရမီရှိတဲ့ လူတွေနဲ့အတူ ယှဉ်တွဲနေရင်တောင် မင်းက ခွန်အားအရာမှာ သူတို့ထက် ကျော်လွန်ပြီး မဖျက်စီးနိုင်အောင် ပိုပြီးတော့ ခိုင်မာနေလိမ့်မယ်.."

လီရွှမ်၏ စကားက ရွှီယန်ကို ပိုမို ကြိုးစားအားထုတ်မှု ပြုကာ အဆင့် တစ်ဆင့်ချင်းစီတိုင်းတွင် မြှင့်တင်နေရန်အတွက် အားပေးဖို့ ရည်ရွယ်၏။

အခြားလူများအနေနှင့် လုပ်ဆောင်နိုင်ခြင်း မရှိလျှင်တောင် ရွှီယန်အနေနှင့် အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။

'ဆရာက ငါ့ကို မွေးရာပါ ခန္ဓာကိုယ်တည်ဆောက်မှုနဲ့ လူတွေက စွမ်းအားကြီးပေမယ့် ငါ့မှာ မွေးရာပါအထူးခန္ဓာကိုယ်တည်ဆောက်မှု ပါရမီ မပိုင်ဆိုင်ထားရင်တောင် ဆက်တိုက် ပြောင်းလဲမှုတွေ လုပ်လာပြီး သူတို့ကို ဖြတ်ကျော်နိုင်မှာလို့ သတိပေးနေတာပဲ..'

'သူတို့ရဲ့ အထူးခန္ဓာကိုယ် တည်ဆောက်မှုတွေက သူတို့ကို ဆက်ပြီးတော့ အဆင့်မြှင့်တင်ဖို့အတွက် ခက်ခဲအောင် ကန့်သတ်ထားတယ်။ ငါကတော့ သေမျိုးဖုန်မှုန့်အဖြစ်ကနေ မြင့်တက်လာပြီး ကျယ်ပြောပြီးတော့ အကန့်အသတ်မရှိဘူး..'

ရွှီယန်၏ နှလုံးသားက အခုန်မြန်လာခဲ့၏။ သူ၏ သွေးများက စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်လာခဲ့သည်။

'ဆရာပြောချင်တာက ငါ့ရဲ့ပါရမီနဲ့ ဆက်တိုက် ဆင့်ကဲပြောင်းလဲနိုင်ပြီး အကန့်အသတ်ကို ဆက်တိုက် ချိုးဖျက်နိုင်တယ်လို့ပဲ... အဲ့ဒါကိုက  အထူးခန္ဓာကိုယ်တည်ဆောက်မှုတစ်မျိုး မဟုတ်ဘူးလား..'

'အဲ့ဒီ့အပြင် ဒါက အကန့်အသတ်မဲ့ပြီး ချည်နှောင်မှုတွေကနေ အမှန်တကယ် လွတ်ကင်းနိုင်တယ်..'

ရွှီယန်သည် သူ၏ စိတ်ကူးများအတွင်းတွင် ဆက်လက် ခြေဆန့်နေ၏။ စဉ်းစားလေလေ ပိုမို စိတ်လှုပ်ရှားလေ ဖြစ်လာခဲ့သည်။ ဆရာဖြစ်သူ၏ နက်ရှိုင်းလှသည့် ဉာဏ်ပညာတို့အတွက် လေးစားမှုတို့ ပိုမို နက်ရှိုင်းလာလေဖြစ်သည်။

ဆရာဖြစ်သူ၏ စကားလုံးတိုင်း ခြေလှမ်းတိုင်းက သူ့ကို သင်ကြားနေ၏။ သိုင်းပညာ၏ အမြင့်မားဆုံးသော အဆင့်အတန်းကို လှည့်ပြနေပါသည်။

လီရွှမ်က ရွှီယန်ကို ကြည့်ကာ တွေးမိသည်။

'ငါ့ရဲ့ ဒီတပည့်... သေချာပေါက် ထပ်ပြီးတော့ စိတ်ကူးယဉ်နေတာ ဖြစ်မယ်..'

'ဒါလည်း ကောင်းပါတယ်။ ပိုပြီးတော့ စိတ်ကူးလေလေ ပိုစွမ်းအားကြီးလေလေ ဖြစ်ပြီး နားလည်သဘောပေါက်လာတဲ့ သိုင်းပညာကလည်း ပိုနက်ရှိုင်းလေ ဖြစ်လာမှာ..'

လီရွှမ်က သူ၏တပည့်အပေါ် တိတ်တဆိတ် အားပေး၏။ သူသည် တပည့်ဖြစ်သူများ၏ တွေးတောမှုကို ကြောက်ရွံ့ခြင်းမရှိပါ။ တွေးတောနိုင်ခြင်း မရှိမည်ကိုသာ ကြောက်ရွံ့ခြင်း ဖြစ်၏။

ယခုအချိန်၌ စုလင်းရှုံ၏ အဆင့်ချိုးဖျက်မှု အတွက် မည်သည့် အတားအဆီးမှ မရှိတော့ပေ။ သူမသည် အဆင့်မြင့်တက်ကာ ပြောင်းလဲသည့် ဖြစ်စဉ်အတွင်းတွင် ရှိနေ၏။ လီရွှမ်သည် သက်တောင့်သက်သာရှိသည့် ခြေလှမ်းများနှင့် စံအိမ်ဆီသို့သာ ပြန်ခဲ့လိုက်သည်။

စုလင်းရှုံတစ်ယောက် ပြောင်းလဲမှုအပြီးတွင် မည်ကဲ့သို့သော ခန္ဓာတည်ဆောက်မှုအား ရရှိလာမည်ဟု သူ့အနေနှင့် စိတ်အားထက်သန်စွာ မျှော်လင့်နေ၏။

ရွှေလက်ချောင်းမှ မည်သည့် တန်ပြန်အကျိုးပြုမှုတို့ကို ယူဆောင်လာမည်နည်း။ ယခုအချိန်တွင် သူ့ဆီ၌ မဖျက်ဆီးနိုင်သည့် မူလစိတ်ဝိဉာဉ် ခန္ဓာနှင့် နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိဉာဉ်ခန္ဓာတို့ကို ပိုင်ဆိုင်ထားပါသည်။

စုလင်းရှုံသာ သူမ၏ အထူးခန္ဓာကိုယ်အား အဆင့်မြင့်တက်စေပါက မည်ကဲ့သို့သော ခန္ဓာကိုယ်မျိုးကို ရရှိလာနိုင်မည်နည်းဟု စဉ်းစားနေမိ၏။

ယခုအချိန်၌ သူ့တွင် မဖျက်စီးနိုင်သော မူလစိတ်ဝိဉာဉ်ခန္ဓာနှင့် နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ်စိတ်ဝိဉာဉ်ခန္ဓာတို့အား ပိုင်ဆိုင်ထားပါသည်။

စုလင်းရှုံသည် သူမ၏ အထူးခန္ဓာကိုယ် တည်ဆောက်မှုအား အဆင့်မြင့်တက်ပြီးပါက မည်ကဲ့သို့သော  ခန္ဓာကိုယ်မျိုးကို ရရှိနိုင်မည်လဲ မသိပေ။

ဤသည်က သူ၏ နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် စိတ်ဝိဉာဉ်ခန္ဓာကို ပိုမိုအဆင့်မြင့်တက်သွားစေမည်လား။

မဖျက်စီးနိုင်သည့် မူလစိတ်ဝိဉာဉ်ခန္ဓာမှာ အလွန် စွမ်းအားကြီးမားနေပြီး ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဤသည်မှာ မူလစိတ်ဝိဉာဉ်ခန္ဓာ ဖြစ်၏။

သူ့အနေနှင့် ရွှီယန်ကို မူလ(မွေးရာပါ) အထူးခန္ဓာကိုယ်တည်ဆောက်မှုမျိုးကို အရမ်းကြီး စွဲလမ်းမနေစေရန် မပြောခဲ့ပေမယ့် တကယ်တော့ မူလခန္ဓာကိုယ်တည်ဆောက်ပုံ တစ်ခုအား ပိုင်ဆိုင်ထားသည့် မည်သူမဆိုတွင် ထူးကဲသည့် ပါရမီများ ရှိကြသည်။

စတင်ခြင်းအဆင့် ကတည်းက သူတို့သည် မရေမတွက်နိုင်သည့် သိုင်းပညာရှင်များကို ကျော်လွန်ပြီး ဖြစ်၏။

မည်သည့် လူငယ်သိုင်းသမားများက သူတို့ကို လိုက်မီနိုင်လို့နည်း။

သို့ပေမယ့် ရွှီယန်မှာ ပုံမှန်သဘောတရားများဖြင့် တွက်ချက်လို့ ရသည့်လူ မဟုတ်ပေ။ လီရွှမ်အနေနှင့် မူလအထူးခန္ဓာကိုယ်နှင့် စွမ်းအားကြီးမားသည့် ပါရမီရှင်တစ်ယောက်ပင်လျှင် ရွှီယန်၏ နောက်တွင် ကျန်ရစ်ခဲ့မှာဟု ယုံကြည်ချက်ရှိ၏။

အထူးသဖြင့် ရွှီယန်သည် သူဖန်တီးထားသည့်  စွမ်းအားကြီးမားသည့် သိုင်းပညာကို ကျင့်ကြံထားပါသည်။ကျောက်စိမ်းအရိုးများနှင့် နဂါးမြင့်တက်ခြင်း တောင်နှင့်မြစ် အရိုးတို့ကို တွေးကြည့်လျှင်လည်း မည်သည်ကမှ မွေးရာပါ အထူးခန္ဓာကိုယ် တည်ဆောက်မှုနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်ခဲ့တာ မရှိပေ။ ၎င်းတို့က ပိုမိုကာပင် သန်မာသေး၏။

'ငါ့ရဲ့ မူလစိတ်ဝိဉာဉ်အရိုးက မွေးရာပါ အထူးခန္ဓာကိုယ်တည်ဆောက်မှုနဲ့ လူတွေ နှိုင်းယှဉ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး..'

လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ စံအိမ်ဆီသို့ ပြန်လည်ရောက်ရှိပြီးနောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုအတွက် အေးဆေးစွာ စောင့်မျှော်နေပါသည်။

စုလင်းရှုံမှာ ပြောင်းလဲမှုအတွင်းတွင် ရှိနေ၏။ သူမကိုယ်သူမ ပိုမိုပိုမိုကာ ပေါ့ပါးလာသည်ဟု ခံစားလာရသည်။

အပင်၊ ပန်းများနှင့် သဘာဝ ရင်းနှီးမှုမှာလည်း ပိုမို မြင့်မားလာခဲ့၏။

စိတ်ဝိဉာဉ်ဆေးပင်များ အပေါ် သူမ၏ အာရုံခံမှုပင်လျှင် ပိုမိုစူးရှလာခဲ့သည်။ ဤသည်က ဆေးပင်များ၏ လက္ခဏာရပ်များနှင့်  သက်တမ်း အစရှိသည်တို့ကို သိမြင်လာနိုင်စေ၏။

မရင်းနှီးသည့် စိတ်ဝိဉာဉ်ဆေးပင်များကိုပင်လျှင် တစ်ချက်ကြည့်သည်နှင့် ၎င်းတို့၏ သဘောသဘာဝနှင့် အသုံးဝင်ပုံတို့ကို ချက်ချင်း သိမြင်နိုင်ပါသည်။

သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်က သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ကာ မူလအစစ်အမှန်ချီသို့  ဆက်တိုက် စုစည်းနေပါသည်။ ၎င်းတို့သည် အဆုံးမသတ်နိုင်အောင် ကြွယ်ဝလှပြီး သူမ၏ အစစ်အမှန်ချီမှာ ညင်သာကာ စွမ်းအင်တို့ ကြွယ်ဝစွာ ရှိနေပါသည်။

လက်ဝါးပေါ်တွင် အစိမ်းရောင်အလင်းနှင့် အစစ်အမှန်ချီ မီးတောက်တစ်ခု ထွက်ပေါ်လာ၏။ ကြမ်းတမ်းစွာဖြင့် စတင်လောင်ကျွမ်းသည်။ သူမ၏ အစစ်အမှန်ချီသည် မီးတောက်အဖြစ်  ပြောင်းလဲနိုင်၏။

"ဘုန်း.."

စုလင်းရှုံက နောက်ထပ် ဆေးလုံးကို စားသုံးလိုက်သည်။

သူမ၏ အဆင့်ချိုးဖျက်မှုနှင့် ခန္ဓာကိုယ် ပြောင်းလဲမှုတို့အား နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားစေ၏။

'ဒါက... ဒန်ဆေးသိုင်းပညာရဲ့ မူလအဆင့်က ခံစားချက်ပေါ့..'

စုလင်းရှုံက သူမ၏ ကိုယ်ပိုင်ပြောင်းလဲမှုများကို ခံစားကြည့်ပြီးနောက် အလွန်ပျော်သွား၏။ စွမ်းအားတို့ လျှင်မြန်စွာ မြင့်တက်လာလေသည်။

သူမသည် မူလအဆင့်၏ စတင်ခြင်းအဆင့်၌သာ ရှိသေးပေမယ့် အထွတ်အထိပ် သိုင်းသခင်များပင်လျှင် သူမ၏ ပြိုင်ဖက်မဟုတ်ပေ။ စွမ်းအားချည်းသက်သက် ဆိုပါက သူမသည် သေချာပေါက် ရွှီယန်နှင့် မုန့်ချုံတို့ကို မှီနိုင်ခြင်းမရှိပေ။ ဘာပဲဖြစ်ဖြစ် ဒန်ဆေးသိုင်းပညာမှာ တိုက်ခိုက်မှုအပေါ်တွင် အထူးပြုခြင်း မဟုတ်ပေ။

သို့ပေမယ့် အတွင်းဘက်နယ်မြေမှ သိုင်းသခင်များကိုတော့ လွှမ်းမိုးနိုင်ဆဲရှိ၏။ သို့ပေမယ့် ဤသည်က လုံလောက်မှု မရှိပါ။ ဝတ်စုံနက်၏ အဖွဲ့အတွင်းတွင် စစ်ဘုရင်များစွာနှင့် အထွတ်အထိပ် စစ်ဘုရင်များ တည်ရှိနေ၏။

သူမအနေနှင့် အထွတ်အထိပ် စစ်ဘုရင်များနှင့် ရင်ဆိုင်လိုပါက မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် လိုအပ်ပါသည်။ သို့ရာတွင် ဘေးတွင် စီနီယာအစ်ကိုနှစ်ယောက်တို့ရှိရာ အများကြီး စိတ်ပူစရာမလိုပါ။

All Chapters