လင်းရှုံ၏ မူလအဆင့်သို့ ဝင်ရောက်မှု၊ ချင်းမုစိတ်ဝိဉာဉ်ခန္ဓာ(၂)
Vol. 18 Ch. 269
'စစ်ဘုရင်တစ်ယောက် တိုက်ခိုက်လာရင်တောင် ငါသူ့ကို အနိုင်မယူနိုင်ပေမယ့် ထွက်ပြေးလို့ ရသေးတယ်..'
စုလင်းရှုံက ကိုယ့်ကိုယ်ကို စဉ်းစားသည်။ သို့ပေမယ့် စစ်ဘုရင်တစ်ယောက်သာ အမှန်တကယ် တိုက်ခိုက်လာပါက သူမအနေနှင့် ထွက်ပြေးစရာလိုမည် မဟုတ်ပေ။
ဒီနေရာတွင် ဆရာဖြစ်သူကိုယ်တိုင် ရှိနေသည်ကို အသာထားဦး... စီနီယာအစ်ကို နှစ်ယောက်နှင့်ပင်လျှင် စစ်ဘုရင်ကို ကိုင်တွယ်ရန် လုံလောက်ပါသည်။
"ဘုန်း.."
အခိုက်အတန့်တစ်ခုတွင် စုလင်းရှုံ၏ ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတစ်ခု ပွင့်လန်းလာပြီး မြက်ပင်နှင့် သစ်ပင်များ ကြီးထွားလာကာ အရွက်များက ပိုမိုစိမ်းလန်းလာကြသည်။
သူမသည် မူလအဆင့်သို့ ချိုးဖျက်ခဲ့ပါပြီ။ ခန္ဓာကိုယ်တည်ဆောက်မှုမှာလည်း ပြီးပြည့်စုံစွာ အဆင့်မြင့်တက်ကာ ပြောင်းလဲခဲ့၏။
"သင်၏တပည့် စုလင်းရှုံသည် မူလအဆင့်သို့ ချိုးဖျက်သွားသည်။ သင်၏ ဒန်ဆေးသိုင်းပညာသည် ထုံးရွှမ်အဆင့်သို့ မြင့်တက်သွားသည်.."
ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှု ရောက်လာခဲ့၏။ စုလင်းရှုံ၏ အဆင့်မြင့်တက်မှုနှင့် အတူ လီရွှမ်၏ ဒန်ဆေးသိုင်းပညာက ထုံးရွှမ်အဆင့်သို့ ရောက်ရှိသွားပြီး သူ၏ခွန်အားက ထပ်မံ ကြီးထွားလာခဲ့ပြန်၏။
"သင်၏တပည့် စုလင်းရှုံသည် မူလအဆင့်သို့ ချိုးဖျက်စဥ်တွင် သစ်စိမ်းစိတ်ဝိဉာဉ်ခန္ဓာအား ရရှိလာခဲ့သည်။ သင်သည် မူလစိတ်ဝိဉာဉ်ခန္ဓာအား ရရှိလာခဲ့သည်.."
'သစ်စိမ်းစိတ်ဝိဉာဉ်ခန္ဓာလား...'
သူမ၏ အထူးခန္ဓာကိုယ် တည်ဆောက်မှု အဆင့်မြင့်တက်ကာ ပြောင်းလဲပြီးနောက် စုလင်းရှုံသည် သစ်စိမ်းစိတ်ဝိဉာဉ်ခန္ဓာအား ရရှိလာခဲ့သည်။
'မူလစိတ်ဝိဉာဉ်ခန္ဓာလား...'
လီရွှမ်က သူ၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ခံစား၏။ မူလစိတ်ဝိဉာဉ်ခန္ဓာအား ရရှိပြီးနောက် မဖျက်စီးနိုင်သော မူလစိတ်ဝိဉာဉ်အရိုးနှင့် ပိုမိုကာ သဟဇာတဖြစ်လာကြောင်းကို ခံစားရသည်။ ဤသည်က သူ၏ခန္ဓာကိုယ်ကို ပိုမိုကာပင် သန်မာလာစေ၏။
သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်နှင့် သဟဇာတဖြစ်မှုမှာလည်း ကြီးစွာ တိုးမြင့်လာခဲ့ပြန်၏။ စိတ်ဝိဉာဉ်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက် ဝင်ရောက်ကာ မူလအစစ်အမှန်ယွမ်သို့ လျှပ်တပြက်အတွင်း ပြောင်းလဲသွားကြသည်။
ထိုဝင်ရောက်မှုက အလွန်ညင်သာကာ တိတ်ဆိတ်လှပြီး အခြားလူများအနေနှင့် မည်သည့် ထူးခြားမှုကိုမှ အာရုံခံနိုင်ခြင်း မရှိပေ။ သူနှင့် နီးကပ်နေပါက စိတ်ဝိဉာဉ်စွမ်းအင်တို့ အနည်းငယ် ပိုမို ကြွယ်ဝလာသည်ဟုသာ ခံစားရ၏။
နဂါးမြင့်တက်ခြင်း စိတ်ဝိဉာဉ်ခန္ဓာက မူလစိတ်ဝိဉာဉ်ခန္ဓာအဖြစ် ပြောင်းလဲသွားခဲ့၏။ ၎င်းသည် နဂါးမြင့်တက်ခြင်း စိတ်ဝိဉာဉ်ခန္ဓာ၏ ဂုဏ်သတ္တိအားလုံးတို့ကို လက်ခံရရှိပြီး ပိုမိုကာပင် စွမ်းအားကြီးမားသေး၏။
'ငါ့ရဲ့ခွန်အားက ထပ်ပြီးတော့ မြင့်တက်လာပြန်ပြီ..'
လီရွှမ်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ ခွန်အားမြင့်တက်ခြင်း ဟူသည်မှာ စစ်မှန်သော ပျော်ရွှင်မှု၏ အရင်းအမြစ်ဖြစ်သည်။
'ဒီကောင်မလေးက တကယ့်ကို တော်တာပဲ... သူမကို တပည့်အဖြစ် လက်ခံပြီး စစ်ဘုရင်တစ်ယောက်ကိုတောင် သတ်ဖြတ်ပေးခဲ့ရတာ အလကား မဖြစ်ဘူး..'
လီရွှမ်က အလွန် ကျေနပ်သွားသည်။ တပည့်၃ယောက်တို့တွင် တစ်ယောက်ချင်းစီတိုင်း၌ ကိုယ်ပိုင်ခွန်အားတို့ ရှိနေ၏။ သူတို့၏ ခွန်အားတို့ တိုးမြင့်လာသည်နှင့်အမျှ သူလည်းပဲ တန်ပြန်အကျိုးပြုမှုများကို ရရှိနိုင်သည်။ ထိုတပည့်၃ယောက်တို့ အကြားတွင် ရွှီယန်မှာတော့ အဓိကဖြစ်၏။
'ရွှီယန်သာ ထုံးရွှမ်အဆင့်ကို ချိုးဖျက်ပြီးရင် ငါဘယ်လို တန်ပြန်အကျိုးပြုမှုများ ရလာမလဲမသိဘူး။ နောက်ထပ် ပြောင်းလဲမှုတစ်ခုများ ဖြစ်ပေါ်လာမလား။ စိတ်ဝိဉာဉ်အရိုးနဲ့ စိတ်ဝိဉာဉ်ခန္ဓာကိုယ်တွေ ထက်တောင် ကျော်လွန်သွားမလား..'
လီရွှမ်က မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။
ရွှီယန်မှာ ထုံးရွှမ်အဆင့်သို့ ရောက်ရှိရန် ဝေးကွာခြင်းမရှိတော့ပါ။ ယခုအချိန်၌ သူသည် အခြေခံကို စုစည်းနေပြီး မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်ရန် ပြင်ဆင်နေ၏။
စုလင်းရှုံက အဆင့်ချိုးဖျက်မှု အပြီးတွင် ခွန်အားအဆင့်အား တည်ငြိမ်နေအောင် လုပ်နေပါသည်။ ရွှီယန်နှင့် မုန့်ချုံတို့က ကိုယ့်ကိုယ်ကို ဆက်လက် မြှင့်တင်ကြ၏။
အခြေခံကို စုစည်းကာ ဝှက်ဖဲများကို မြှင့်တင်ခြင်းဖြင့် အဆင့်ချိုးဖျက်ရန် ပြင်ဆင်ကြသည်။
ရှဲ့လင်ဖုန်းလည်း ကြီးစွာ လှုံ့ဆော်ခြင်း ခံလိုက်ရသည်ဟု ခံစားရ၏။ သူ့အနေနှင့် စုလင်းရှုံကို အနိုင်ယူနိုင်လောက်မည် မဟုတ်ဟု တွေးမိသည်။ ထို့ကြောင့် အနည်းငယ်မျှပင် ပေါ့လျော့ရဲခြင်း မရှိဘဲ ကြိုးကြိုးစားစားဖြင့် ကျင့်ကြံ၏။ အမြန်ဆုံး အဆင့်ချိုးဖျက်နိုင်ရန် မျှော်လင့်သည်။
တစ်ဖက်ရှိ ဟူရှန်းမှာ ပိုမိုကာပင် စိတ်ဓာတ်ကျလာခဲ့၏။
စုလင်းရှုံ အဆင့်ချိုးဖျက်စဉ်က သူသည် သူမနှင့် သိုင်းပညာဖလှယ်မှုအချို့ ပြုခဲ့ဖူးသည်။ ရွှေအပ်များကို တားဆီးနိုင်ခြင်း မရှိဘဲ အကြိမ်ပေါင်းများစွာ အစိုက်ခံခဲ့ရ၏။
ယခုအချိန်၌ စုလင်းရှုံမှာ အဆင့်ချိုးဖျက်သွားလေပြီ။ သူသည် ဖြူကောင်တစ်ကောင် အဖြစ်နှင့် အဆုံးသတ်ရတော့မှာ ဖြစ်၏။
'ငါ့ကိုယ်ငါ ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လို့ မဖြစ်ဘူး။ အတွင်းဘက်နယ်မြေက သိုင်းသခင်တွေနဲ့ပဲ နှိုင်းယှဉ်ရမယ်။ ဘာပဲဖြစ်ဖြစ် အဆင့်တူတွေအကြားမှာ ငါက အရမ်းကို သန်မာသေးတယ်..'
ထိုကဲ့သို့ တွေးမိပြီးနောက် ဟူရှန်းတစ်ယောက် စိတ်သက်သာရာ ရသွား၏။ ကျိုးယင်မှာ အလွန် စိတ်လှုပ်ရှားနေပါသည်။
သခင်မလေးသည် အစက သူမ၏ အကာအကွယ်ကို လိုအပ်ခဲ့၏။ ယခုအချိန်တွင်တော့ သူမ၏ ခွန်အားထက် ကျော်လွန်သွားခဲ့ပါပြီ။
'ငါလည်းပဲ မူလအဆင့်ကို အမြန်ဆုံး ချိုးဖျက်ချင်တယ်..'
ကျိုးယင်လည်း ကြိုးကြိုးစားစားဖြင့် စတင်ကျင့်ကြံ၏။
သူမသည် ချီနှင့်သွေးအဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။
အဆင့်ချိုးဖျက်ပြီးနောက် စုလင်းရှုံမှာ အလွန်စိတ်လှုပ်ရှားနေ၏။ နောက်ဆုံးတော့ မူလအဆင့်သို့ ချိုးဖျက်ခဲ့၏။ ခန္ဓာကိုယ်မှာလည်း အလွန် ထူးကဲသည့်ပုံ ရှိသည်။
"ဆရာ... ကျွန်မရဲ့ ခန္ဓာကိုယ် တည်ဆောက်မှုက ဘယ်လိုအမျိုးအစားလဲ.."
ပြန်လာပြီးနောက် စုလင်းရှုံက ဆရာဖြစ်သူ၏ ပုခုံးကို ပျော်ရွှင်စွာ နှိပ်ပေးရင်းက မေး၏။
"သစ်စိမ်းစိတ်ဝိဉာဉ်ခန္ဓာ.."
လီရွှမ်က မထူးမခြားနားစွာ ပြောသည်။
"ဒါဆိုရင် တပည့်က အရမ်း ပါရမီမြင့်တာပေါ့.."
စုလင်းရှုံက ပိုမိုကာပင် အားတက်လာခဲ့၏။
"သစ်စိမ်းစိတ်ဝိဉာဉ်ခန္ဓာက ဘာမှမဟုတ်ဘူး။ အားရကျေနပ်မနေနဲ့။ ရည်မှန်းချက် မြင့်မြင့်ထားပြီး ကိုယ့်ကိုယ်ကို ဆက်ပြီးတော့ ကြိုးစားမြှင့်တင်.."
လီရွှမ်က လေးနက်စွာ ပြောသည်။
"သိပါပြီဆရာ.."
စုလင်းရှုံက မြူးတူးစွာဖြင့် လျှာထုတ်ပြကာ ဆို၏။
မူလအဆင့်သို့ ချိုးဖျက်ပြီး သစ်စိမ်းစိတ်ဝိဉာဉ်ခန္ဓာကို ရင်းနှီးမှု ရပြီးနောက် စုလင်းရှုံက သူမ၏ ပထမဆုံး ဒန်ဆေးသန့်စင်မှုကို ပြုလုပ်သည်။
လက်များတွင် ဒန်မီးတောက်များကို စုစည်းလိုက်ပြီး ဆေးလုံးများကို တစ်ခါတည်း သန့်စင်၏။ အမြန်နှုန်းက စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်လှသည်။
မကြာခင် ဆေးလုံးတစ်သုတ်တို့ကို အောင်မြင်စွာ သန့်စင်ပြီး၏။ ၎င်းတို့၏ အရင်အသွေးမှာ ချီနှင့်သွေးအဆင့်တုန်းက ထုတ်လုပ်နိုင်သည်ထက် များစွာ ပိုကောင်းလှသည်။
ပြီးနောက် ဒန်ဆေးလုံးမျိုးစုံတို့ကို အောင်မြင်စွာ ဆက်လက် သန့်စင်ခဲ့၏။ ချီနှင့်သွေးဆေးလုံး၊ ချီစုဆောင်းခြင်းဆေးလုံး၊ ခန္ဓာကိုယ်အားဖြည့်ခြင်းဆေးလုံး အစရှိသည်တို့ဟာ အပုံလိုက်ရလာခဲ့သည်။
မူလအဆင့်သို့ ချိုးဖျက်ပြီးနောက် အတွင်းဘက်နယ်မြေသို့ ပြန်ရန် ပြင်ဆင်မှုနှင့် သူမသည် ပိုမို အလုပ်ရှုပ်လာခဲ့၏။ ချန်ချင်းစံအိမ်မှ ဒန်ဆေးသန့်စင်ခြင်း သင်တန်းသားများကို ပိုမိုအချိန်ယူကာ သင်ကြားပေးသည်။
စိတ်ဝိဉာဉ်ဆေးပင်များနှင့် ဒန်ဆေးသန့်စင်မှုအား ပြုလုပ်နိုင်ရန် အောင်မြင်နိုင်ခြေအား မြှင့်တင်နိုင်ရန်၊ အရည်အသွေးတို့ ကောင်းမွန်ရန် အထူးကြိုးစား၏။
ကျိုးယင်မှာ ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။ ရှီအာမှာ နောက်တွင်အနည်းငယ် ကျန်ရစ်ခဲ့သဖြင့် အလိုမကျစွာ ရှိနေ၏။
ကြောင်နီက ပိုမိုပိုမိုကာ ကြီးထွက်လာခဲ့သည်။ ဖက်တီးကျားတစ်ကောင်နှင့် ပိုမိုတူလာခဲ့၏။ သို့ရာတွင် သူ၏ အရှိန်အဝါက ဆက်တိုက် ကြီးထွား သန်မာလာနေ၏။
ခန္ဓာကိုယ်က ပိုမိုမာကျောလာကာ စွမ်းအားကြီးမားလှသည်။ သို့ပေမယ့် မဟာနတ်ဆိုး ဖြစ်လာရန်အတွက် အလှမ်းကွာနေသေးသည်ဟု ခံစားရဆဲ ရှိ၏။
ဤနည်းအားဖြင့် အချိန်က တစ်လိမ့်လိမ့် ကုန်ဆုံးသွားသည်။ အဆင့်လိုက် ဒန်ဆေးသန့်စင်ခြင်း နည်းလမ်းမှ ချီနှင့်သွေးဆေးလုံး ပထမတစ်သုတ်ကို ထုတ်လွှတ်နိုင်ခဲ့၏။
ကောင်းမွန်သည့် အရည်အသွေးနှင့် ကျရှုံးနိုင်ခြေက ၃၀%ပင် မရှိပေ။
စုလင်းရှုံက စိတ်သက်သာရာ ရသွား၏။ နိမ့်ပါးသည့် ကျရှုံးနိုင်ခြေအတွက် ကျေးဇူးတင်မိ၏။ ဤသည်က စိတ်ဝိဉာဉ်ဆေးပင်များ၏ ဖြုန်းတီးမှုကို လျော့ကျစေပါသည်။
နောက်တစ်ဆင့်မှာ ချီစုဆောင်းခြင်းဆေးလုံး၊ ခန္ဓာကိုယ်အားဖြည့်ခြင်းဆေးလုံးနှင့် ဒဏ်ရာကုသခြင်းဆေးလုံးတို့ ဖြစ်သည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ကြောင်နီသည် ဆေးများကို အလွန့်အကျွံ သောက်သုံးခဲ့ရ၏။ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ခန္ဓာကိုယ်ကို ရွေ့လျားလိုခြင်းပင် မရှိပေ။
ရှေ့ရှိ ကြီးမားသည့် အစာခွက်ကြီးကို ကြည့်ကာ မျှော်လင့်ချက်မဲ့စွာ ခံစားရ၏။ ထိုထဲတွင် ကျရှုံးဒန်ဆေးလုံး တစ်ဝက်လောက် ပြည့်နက်နေဆဲ ရှိသည်။
"ကြောင်နီ... မြန်မြန်လေးစား... မဖြုန်းတီးနဲ့.."
စုလင်းရှုံက နောက်ထပ် ကျရှုံးဆေးလုံးများကို ယူလာကာ ထပ်ပေါင်းထည့်၏။
"ဝေါင်း.."
ကြောင်နီက ဝမ်းနည်းစွာဖြင့် အသံပြုသည်။ သူသည် ဆက်လက် စားသောက်နိုင်ခြင်း မရှိတော့ပေ။
စုလင်းရှုံက မျက်မှောင်ကျုံ့သွား၏။ သူမ၏ လက်ထဲတွင် ရွှေရောင်အပ်များ ပေါ်လာပြီး ကျရှုံးဒန်ဆေးလုံးများ၏ စွမ်းအားကို လျှင်မြန်စွာ အစာချေနိုင်ရန်အတွက် ကူညီပေးရန် ကြောင်နီ၏ ခန္ဓာကိုယ် ရှေ့ရှိ သင့်တော်သည့် သွေးကြောမှတ်များကို စတင် ရှာဖွေသည်။
သို့ရာတွင် ကြောင်နီ၏ ကြီးမားလှသည့် ခန္ဓာကိုယ်အတွက် သူမ၏ လက်ထဲရှိ အပ်များမှာ တိုတောင်းနေကြောင်းကို သတိထားမိလိုက်၏။
ရှီအာကို ခေါ်ကာ တစ်ပေလောက်ရှည်သည့် ရွှေအပ်တစ်စုံကို ပြင်ဆင်ရန် ခိုင်းလိုက်သည်။ လီရွှမ်သည် စံအိမ်၏ အပြင်ဘက်မှ ကြောင်နီ၏ သနားစရာကောင်းသည့် အော်သံများကို ကြားရ၏။
နှုတ်ခမ်းကို သပ်မိသည်။ စုလင်းရှုံက ရွှေအပ်ရှည်များကို အသုံးပြုပြီး ကြောင်နီ၏ သွေးကြောမှတ်များကို လှုံ့ဆော်ပေး၏။
ခန္ဓာကိုယ်အတွင်းရှိ ဒန်ဆေးလုံးများကို အစာချေရာတွင် ကူညီပေးသည်။ ဒီကျရှူံးဆေးလုံး အစာခွက်ကြီးအား လျှင်မြန်စွာ စားသုံးဖို့ လိုအပ်ပါသည်။
ဖြုန်းတီးလို့ မရပေ။ ပင်ပန်းဆင်းရဲစွာ ရှာဖွေထားရသည့် စိတ်ဝိဉာဉ်ဆေးပင်များကို မဖြုန်းတီးရမည် ဟူသည့် ခံယူချက်ဖြင့် စုလင်းရှုံဟာ ကြောင်နီ၏ အစာချေစနစ်ကို ကူညီပေးရန်သာ တတ်နိုင်တော့သည်။
အပ်များကို ဆက်တိုက် အစိုက်ခံရပြီးနောက် ကြောင်နီဟာ သင်ကြားပေးထားသည့် သွေးကြောမှတ်များကို စတင်အမှတ်ရလာခဲ့၏။
"ဟန်...ကြောင်နီ...ဒီဆေးလုံးတွေကို နင်စားတာများလှချည်လား.."
ရက်အနည်းငယ် ကြာပြီးနောက် စုလင်းရှူံတစ်ယေယကျား ကြောင်နီ၏ ကျရှုံးဆေးလုံးများကို စားသုံးသည့် အမြန်နှုန်းမှာ အလွန် ကြောက်စရာကောင်းလာပုံအား အံ့သြစွာ တွေ့လိုက်ရသည်။
ထပ်မံပင် စားသုံးချင်နေပုံ ပေါ်၏။ လီရွှမ်က ကြောင်နီကို အချိန်အတော်ကြာအောင် ကြည့်နေခဲ့သည်။ ဒီဖက်တီးကျားဟာ နတ်ဆိုးကြီးတစ်ကောင်အဖြစ် ပြောင်းလဲတော့မည်ပုံ ပေါ်၏။
ရှဲ့လင်ဖုန်းလည်း သိုင်းသခင်အဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ အဆင့်ချိုးဖျက်ခဲ့သည်။ သူဟာ အလွန်စိတ်လှုပ်ရှားနေပြီး ရွှီယန်နှင့် ဓားတာအိုအား သွားရောက် ယှဉ်ပြိုင်လေ့ကျင့်၏။
သူ့အနေနှင့် ရွှီယန်၏ ဓားတစ်ချက်ကိုပင် ခံနိုင်ခြင်း မရှိပေမယ့် ဓားပညာကို လေ့လာရာတွင် သိသာသည့် တိုးတက်မှုများ ရရှိနိုင်ဆဲ ဖြစ်သည်။
နောက်ဆုံးတွင် စုလင်းရှုံ၏ အဆင့်လိုက် ဒန်ဆေးသန့်စင်မှုစနစ်မှာ အောင်မြင်မှုရခဲ့၏။ ချီနှင့်သွေးဆေးလုံးများ၏ သန့်စင်မှု အောင်မြင်နှုန်းမှာ ၁၀၀%ဖြစ်လာပြီး ချီစုဆောင်းခြင်း ဆေးလုံးများမှာလည်း ၁၀၀%သို့ နီးကပ်နေပါပြီ။
နေ့စဉ်ထုတ်လုပ်နိုင်သည့် ပမာဏမှာ တော်တော်လေး မြင့်မား၏။ ဆေးလုံးများ လိုအပ်ခြင်းမရှိရာ ချန်ချင်းစံအိမ်မှ အဖွဲ့ဝင်များ၏ ကျင့်ကြံမှုအမြန်နှုန်းက ကြီးစွာမြင့်တက်လာခဲ့သည်။
သာမန်ဆေးပင်များနှင့် သန့်စင်သည့် ဒန်ဆေးလုံးများဟာ စွန့်ပစ်ဒေသတွင် စတင်လှည့်လည်လာကြ၏။
သိုင်းသမားများ၏ ကျင့်ကြံမှုအမြန်နှုန်းက သိသာစွာ တိုးတက်လာခဲ့သည်။ စုလင်းရှုံဟာ အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်ဖြစ်သည့် ကောင်းကင်ဝတ်ရည်နှင်းစက်အား မည်ကဲ့သို့ သန့်စင်နိုင်မည်ကို စတင်လေ့လာ၏။
ကောင်းကင်ဝတ်ရည်နှင်းစက်ကို သန့်စင်ရန်မှာ သတိကြီးမားစွာ လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျရှုံးပါက ဆုံးရှုံးမှုက ကြီးမားလှမှာပါ။
အဆင့်၅ စိတ်ဝိဉာဉ်ဆေးပင်မှာ ရှာတွေ့ရန် အလွန်ခက်ခဲလှ၏။ ကောင်းကင်ဝတ်ရည်နှင်းစက်ကဲ့သို့ ရှားပါးသည့် ဆေးပင်မျိုးဆိုလျှင် ပိုဆိုးသေးသည်။
"သင်၏တပည့် ရွှီယန်သည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။ သင်၏ အစစ်အမှန်ယွမ်က နှစ်ဆဖြစ်သွားသည်.."
ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့ပြီး ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှုကို ပေးသည်။ ရွှီယန်သည် မူလအဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်သို့ ချိုးဖျက်ခဲ့ပါပြီ။
လီရွှမ်မှာ အလွန် စိတ်လှုပ်ရှားနေ၏။ ရွှီယန်က ထုံးရွှမ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ပါသည်။ သူသာ အဆင့်ချိုးဖျက်ပြီးပါက လီရွှမ်အနေနှင့် ထုံးရွှမ်အဆင့်၏ အထက်ရှိ ကျင့်စဉ်ကို သင်ကြားပို့ချ ပေးနိုင်ပေတော့မည်။
သို့ရာတွင် ရွှီယန်က မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် ထုံးရွှမ်အဆင့်သို့ ချက်ချင်း ချိုးဖျက်မှု မပြုသေးပါ။ အဲ့ဒီ့အစား သူ၏ စွမ်းရည်များကို ဆက်လက် မြှင့်တင်ကာ အခြေခံကို ပိုမိုစုဆောင်း၏။
သူသည် ထုံးရွှမ်အဆင့်သို့ မချိုးဖျက်ခင်တွင် စွမ်းအားကြီးမားသည့် အခြေခံတစ်ခုခုအား ပိုင်ဆိုင်ထားလိုသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် အဆင့်ချိုးဖျက်ပြီးနောက် သူမ၏ ခွန်အားက သိသာစွာ မြင့်တက်လာမှာဖြစ်၏။
လီရွှမ်လည်း ရွှီယန်၏ တိုးတက်မှုနှင့် ပြောင်းလဲမှုများစွာတို့ကို ခံစားရသည်။
'ဒါတွေက ထုံးရွှမ်အဆင့်ကို ချိုးဖျက်တဲ့အချိန်မှာ ပြောင်းလဲမှုနဲ့ အဆင့်မြင့်တက်မှုကို ရရှိဖို့အတွက် အခြေခံတွေကို ရှာနေတာပဲ..'
လီရွှမ်၏ နှလုံးသားထဲတွင် နားလည်၏။ ဤသည်မှာ ရွှီယန်၏ ထုံးရွှမ်အဆင့်သို့ တစ်ခါတည်း မချိုးဖျက်ခြင်း၏ အကြောင်းပြချက် ဖြစ်သည်။
'အဆင့်တစ်ဆင့်ချင်း စီတိုင်းရဲ့ အဆင့်ချိုးဖျက်မှုအပေါ် ပြောင်းလဲမှုကြုံဖို့ စဉ်းစားထားတယ်။ ရွှီယန်က ငါ့ရဲ့စကားတွေကို တကယ်ပဲ နှလုံးသားထဲမှာ မှတ်ထားတာပဲ။ ဒီလိုလုပ်တာက မွေးရာပါ အထူးခန္ဓာကိုယ်တည်ဆောက်မှုနဲ့ ဘယ်ပါရမီရှင်ကိုမဆို နင်းချေချင်လို့ဖြစ်မယ်..'
လီရွှမ်သည် ရွှီယန်၏ ရည်မှန်းချက်နှင့် ပတ်သက်ပြီး အလွန်ကျေနပ်သွား၏။ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် ကြန့်ကြာနေခြင်းမှာ ကိစ္စကြီး မဟုတ်ပေ။
ထို့အပြင် အဆင့်ချိုးဖျက်စဉ် အတွင်းတွင် ပြောင်းလဲမှုတို့ ကြုံတွေ့ရန် အခွင့်အရေး ရှိနေ၏။ ထိုအတွက် ၁နှစ်၂နှစ်လောက် ကြန့်ကြာသည်ကပင် ထိုက်တန်ပါသည်။
သို့ရာတွင် ရွှီယန်သည် သူ၏အခြေခံကို စုဆောင်းရန်အတွက် အလွန်ဆုံး ၁လ၂လလောက်သာ ကြာမှာဖြစ်သည်။ ထို့နောက် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်နိုင်မှာဖြစ်၏။