← Chapters

ကောင်းကင်ဝတ်ရည်နှင်းစက်အား သန့်စင်ခြင်း

Vol. 18 Ch. 270

ကောင်းကင်ဝတ်ရည်နှင်းစက်အား သန့်စင်ခြင်း

Vol. 18 Ch. 270

ရွှီယန်သည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်ပြီးနောက် အိမ်သို့ပြန်ကာ မိဘများ၏ ကျင့်ကြံမှုတွင် ကူညီထောက်ပြပေးသည်။ ထို့နောက် ချီနိုင်ငံ၏ မြို့တော်ဆီသို့ သွားရောက်ကာ အဖိုးဖြစ်သူနှင့် အခြားလူများကို ဆက်လက်သင်ကြားပေးမှုများ ပြု၏။

ဒန်ဆေးလုံးများ၏ ကြွယ်ဝသည့် အားဖြည့်ပေးမျုအောက်တွင် ကောရုန်ရှန်၏ ခန္ဓာကိုယ်က ကြီးစွာ တိုးတက်လာခဲ့သည်။ သိုင်းပညာ ကျင့်ကြံမှုမှာ သူ့အတွက် ပိုမို လွယ်ကူလာ၏။

ယခုအချိန်၌ စတင်ခြင်းအဆင့်သို့ ချိုးဖျက်ရန် ဝေးကွာခြင်း မရှိတော့ပါ။

တစ်ချိန်တည်းတွင် ကောယွင်ကိုင်လည်း ချီနှင့်သွေးအဆင့်သို့ ချိုးဖျက်ခဲ့၏။ စွန့်ပစ်ဒေသရှိ သိုင်းပညာ ဖွင့်ဖြိုးမှုက အရှိန်မြင့်တက်လာပြီး မကြာခင်တွင် ပိုမိုများပြားသည့် သိုင်းသမားများ ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

လီရွှမ်မှာ သိုင်းသမား အရေအတွက်တို့ တိုးမြင့်လာပါက ရရှိလာမည့် ဆုကြေးအတွက် မျှော်လင့်နေ၏။

“သင်၏တပည့် မုန့်ချုံ၏ ကြီးမြတ်သောနေ ရွှေခန္ဓာသည် အဆင့် ချိုးဖျက်သွား၏။ သင်၏ ကြီးမြတ်သောနေ ရွှေခန္ဓာမှာ ခွန်အားနှစ်ဆ ဖြစ်လာခဲ့သည်”

မုန့်ချုံက အဆင့်ချိုးဖျက်တစ်ခု လုပ်ဆောင်နိုင်ခဲ့၏။ သို့ရာတွင် ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုမှာ အဆင့်ချိုးဖျက်မှု မဟုတ်ပေ။ အဲ့ဒီအစား ခွန်အားနှစ်ဆ တိုးလာခြင်း ဖြစ်၏။

သူ၏ အခြေအနေက မပြောင်းလဲပေမယ့် ကြီးစွာ ပိုမိုသန်မာလာခဲ့သည်။

ရွှေခန္ဓာ၏ သွေးကြောမှတ်များက ဆန်းကြယ်မှုများကို ကြည့်ရှူကာ လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ မုန်ချုံသည် သွေးကြောမှတ်များ အတွင်းတွင် ဆေဘာကို စတင်ပျိုးထောင် နိုင်ခဲ့ကာ ဝှက်ဖဲအချို့တို့အား ရရှိပြီး ဖြစ်၏။ မုန့်ချုံ တိုးတက်နေသကဲ့သို့ ရွှီယန်မှာလည်း ပိုမိုကာပင် တိုးတက်လောက်မှာပါ။

ရွှီယန်၏ တောင်နှင့်မြစ် ဓါးဆန္ဒတွင် စွမ်းအားကြီးမားသည့် ဝှက်ဖဲတစ်ခု ပါဝင်နေလောက်မှာဟု လီရွှမ် သေချာ၏။ သူ၏ ဓါးဆန္ဒကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် နားလည်လာခဲ့သည်။

“ငါ့ရဲ့ သိုင်းပညာက သန့်စင်တဲ့ ပင်ရင်းသိုင်းပညာစနစ်၊ ခန္ဓာကိုယ် ကျင့်ကြံမှုစနစ်နဲ့ ဒန်ဆေးသိုင်းပညာ စနစ်က တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့တယ်။ ဘာဆန့်ကျင်မှုမှ မရှိပဲ သဟဇာတဖြစ်စွာနဲ့ အပြစ်အနာအဆာ ကင်းမဲ့တယ်။ ဒီလမ်းစဉ်တွေ အားလုံးကို ငါကိုယ်တိုင် ဖန်တီးခဲ့လို့ ဖြစ်မယ်။ ဒါ့ကြောင့် အရင်းအမြစ်က တူညီနေလို့ ရနိုင်တာ”

လီရွှမ်က စဉ်းစားသည်။

ဆိုလိုသည်မှာ သူ့အနေနှင့် သိုင်းပညာစနစ် မည်မျှကို ဖန်တီးစေကာမူ အားလုံးတို့ကို ပေါင်းစည်းနိုင်ကာ ပိုမိုစွမ်းအားကြီးမားသည့် သိုင်းပညာတစ်ခုအဖြစ် ပြောင်းလဲနိုင်မည်လား..

လီရွှမ်မှာ သိလိုစွာ ရှိနေ၏။ သို့ရာတွင် သိုင်းပညာစနစ်တစ်ခုကို ဖန်တီးရန်မှာ လွယ်ကူခြင်း မရှိပေ။ ၎င်းကို နားလည်သဘောပေါက်နိုင်မည့် တပည့်တစ်ယောက်ကို ရှာဖွေရန်မှာ ပိုမိုကာပင် ခက်ခဲသေး၏။

“ရွှေလက်ချောင်းကို အသုံးပြုနိုင်ရင်တော့ သိုင်းပညာစနစ်အသစ် တစ်ခုကို ထပ်ပြီး ဖန်တီးရမယ်”

လီရွှမ်က ဆုံးဖြတ်ချက် ချလိုက်သည်။

သူ၏ စိတ်ကို စုစည်းကာ ကြည့်လိုက်၏။ ရွှေရောင်အလင်းကို ရေးတေးတေး တွေ့မြင်နိုင်ပါသည်။ ဤသည်မှာ ရွှေလက်ချောင်း၏ တည်ရှိရာ ဖြစ်၏။ ယခုအချိန်၌ ရွှေလက်ချောင်းကို ပြည့်စုံစွာ တွေ့မြင်နိုင်ရန် ဝေးကွာခြင်း မရှိတော့ပါ။

သူ၏ ခန့်မှန်းမှုအရ မထင်မှတ်ထားသည့် အဖြစ်အပျက်တို့ ပေါ်မလာပါက သိုင်းပညာ၏ စတုတ္ထအဆင့်ဖြစ်သည့် ထုံးရွှမ်အဆင့်၏ အထက်သို့ ရောက်ရှိပြီးပါက ရွှေလက်ချောင်းကို တွေ့မြင်ကာ အသုံးပြုလာနိုင်လောက်သည်။

ရွှီယန်က အိမ်သို့ ပြန်နေချိန်၌ မုန့်ချုံမှာ ကိုယ်ပိုင်ကျင့်ကြံမှုနှင့် ရှီအာအား ဓါးသိုင်းပညာ သင်ကြားပေးမှုတွင် နှစ်မြှုပ်ထား၏။ ထိုပုံကို တွေ့ရပြီးနောက် ကျိုးယင်လည်း မုန့်ချုံဆီမှ ညွှန်ကြားချက်တို့ကို တောင်းခံသည်။

စုလင်းရှုံမှာ ကောင်းကင်ဝတ်ရည်နှင်းစက်နှင့် ဒန်

ဆေးလုံး သန့်စင်ရန် ဆေးဖော်မြူလာ တစ်ခုကို သုတေသနလုပ် ပြင်ဆင်နေ၏။

ပါရမီနှင့် အရည်အသွေးကို မြှင့်တင်နိုင်မည့် ဒန်ဆေးလုံးမှာ မည်မျှ အဖိုးတန်လိုက် မည်နည်း။ ထူးကဲသန်မာသည့် ပါရမီရှင်များအတွက် ၎င်းသည် အရမ်းကြီး အသုံးမဝင်တာ ဖြစ်ပေလိမ့်မည်။

သူမ၏ သစ်စိမ်းစိတ်ဝိညာဉ် ခန္ဓာ ဆိုပါစို့။ ကောင်းကင်ဝတ်ရည်နှင်းစက်ကို အောင်မြင်စွာ ဒန်ဆေးသန့်စင်နိုင်လျှင်တောင် ဤသည်က သူမ၏ ပါရမီကို မြှင့်တင်ပေးနိုင်မည် မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဝတ်ရည် နှင်းစက်မှာ အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင် တစ်ခုထက် မပိုပေ။ ပါရမီကို မြှင့်တင်ပေးနိုင်သည့် စွမ်းရည်မှာ အကန့်အသတ် ရှိ၏။

သို့ရာတွင် ကျိုးယင်၊ ရှီအာနှင့် အခြားလူများ အတွက်မူ သူတို့၏ ပါရမီကို ကြီးစွာ မြှင့်တင်ပေးနိုင်ပါသည်။

တစ်လက ကုန်ဆုံးသွားသည်။ ကျိုးယင်မှာ ချီနှင့်သွေးအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားပြီး မူလအဆင့်သို့ ချိုးဖျက်နိုင်ရန် မကွာဝေးတော့ပေ။

သို့ရာတွင် ခဏတာအတွင်း အနည်းငယ် အခြေတည်အောင် လုပ်ဖို့ လိုအပ်သေး၏။ ဘာပဲဖြစ်ဖြစ် ယခုမျှ လျှင်မြန်သည့် တိုးတက်မှုတို့သည် ဒန်ဆေးလုံးများအပေါ်တွင် များစွာ မှီခိုနေပြီး အနည်းငယ် ဖောင်းပွမှုတို့ ဖြစ်နေမှာပါ။

ရှီအာမှာ ချီနှင့်သွေးအဆင့်၏ အကြီးစား ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွား၏။ စုလင်းရှုံမှာ မူလအဆင့်၏ အသေးစား ကျွမ်းကျင်မှုသို့ ရောက်ရှိရန် မဝေးကွာတော့ပါ။ ဒီလအတွင်းတွင် သူမသည် ဒန်ဆေးလုံး အသုတ်များစွာတို့ကို သန့်စင်ခဲ့၏။

ကောင်းကင်ဝတ်ရည်နှင်းစက်အတွက် ဖော်မြူလာကိုလည်း ပြင်ဆင်ပြီး ဖြစ်ကာ ကျန်တော့သည်မှာ ဒန်ဆေးသန့်စင်ရန်သာ ရှိပါတော့သည်။

အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင် တစ်ညှာက စုလင်းရှုံ၏ လက်ထဲတွင် ပျော်ဝင်သွားပြီး ၎င်းမှ အဆီအနှစ်တို့ကို ဂရုတစိုက်ဖြင့် ထုတ်ယူ၏။ ထို့နောက် ကျောက်စိမ်းပုလင်းတစ်ခု အတွင်းသို့ ထည့်ကာ ချိတ်ပိတ်လိုက်သည်။

ထို့နောက် နောက်ထပ် အဆင့်ခြောက် စိတ်ဝိညာဉ်ဆေးပင် တစ်ညှာအား ဆက်လက်သန့်စင်သည်။

ကောင်းကင်ဝတ်ရည်နှင်းစက်၏ သန့်စင်မှု ချောမွေ့စေရန် စုလင်းရှုံသည် အကူ ဆေးပင်များကို ကြိုတင် အာနိသင်ထုတ်ထား၏။ ထိုသို့ဆိုပါက သန့်စင်မှု ဖြစ်စဉ်အတွင်းတွင် ကောင်းကင်ဝိညာဉ်နှင်းစက်ကိုသာ အဆီအနှစ်အာနိသင်တို့ ထုတ်ယူရန် လိုအပ်ပြီး ပေါင်းစပ်လိုက်သည်နှင့် ဆေးလုံးအဖြစ် သန့်စင်နိုင်မှာပါ။

ဤသည်က ကျရှုံးနိုင်ချေကို ကြီးစွာ လျှော့ချနိုင်၏။

ဒီရက်များအတွင်း သုတေသနပြုမှုနှင့် လေ့ကျင့်မှုတို့ အပြီးတွင် သူမ၏ ဒန်ဆေးသန့်စင်မှု ပညာက အလွန် သေသပ်နေပါပြီ။

ထိုပုံကို တွေ့ရပြီးနောက် စုလင်းရှုံအား ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်း အတတ်ကို သင်ကြားပေးရန် အချိန် ရောက်တော့မည်ဟု လီရွှမ် ခန့်မှန်းသည်။ သူမသာ ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်း အတတ်ကို တတ်မြောက်ပြီးပါက ၎င်းကို အခြေခံအဖြစ် အသုံးပြုပြီး ပိုမိုအဆင့်မြင့်မားသည့် ဒန်ဆေးသန့်စင်မှု နည်းပညာတို့ကို နားလည်လာနိုင်မှာ ဖြစ်သည်။

စုလင်းရှုံက ကောင်းကင်ဝတ်ရည် နှင်းစက်ကို သန့်စင်တော့မည့် အချိန်က လီရွှမ်က သူမကို ခေါ်လိုက်သည်။

“ဆရာ.. တပည့် ကောင်းကင်ဝတ်ရည် နှင်းစက်ကို အောင်အောင်မြင်မြင် သန့်စင်နိုင်မယ်လို့ ထင်လား”

စုလင်းရှုံက စိုးရိမ်စွာ မေး၏။

အဆင့်ငါး စိတ်ဝိညာဉ်ဆေးပင်မှာ အလွန် အဖိုးတန်လှသည်။ တစ်ခုတည်းသာ ရှိ၏။ ထို့ကြောင့် ဖိအားကို ခံစားရပြီး အနည်းငယ် စိုးထိတ်နေပါသည်။

“ဒန်ဆေးသန့်စင်မှုမှာ.. အထူးသဖြင့် အဆင့်မြင့်အဆင့် ဆေးလုံးတွေနဲ့ ဆေးလုံးအသစ်တွေကို သန့်စင်ရာမှာ စိတ်ကို တည်ငြိမ်အေးဆေးအောင် ထားဖို့ လိုအပ်တယ်။ နင်သာ အာရုံစူးစိုက်ပြီး အကောင်းဆုံးလုပ်ရင် အားလုံးက မခက်ခဲတော့ဘူး”

“ဒန်ဆေးသန့်စင်မှု မစတင်ခင်မှာတင် ယုံကြည်ချက် လစ်ဟင်းနေရင် စိတ်ကို ငြိမ်းချမ်းတည်ငြိမ်အောင် ထားနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိတာက ကျရှုံးနိုင်ချေကို ပိုပြီး မြင့်မားစေတယ်”

လီရွှမ်က တည်ငြိမ်စွာ ပြော၏။

ကောင်းကင်ဝတ်ရည်နှင်းစက်မှာ အဖိုးတန်ကာတ စ်ခုတည်း ရှိ၏။ မုန့်ချုံမှာ ဒီစိတ်ဝိညာဉ်ဆေးပင်ကို ရရှိရန် စစ်ဘုရင်တစ်ယောက်၏ လိုက်လံသတ်ဖြတ်ခြင်းကို အချိန်အတော်ကြာအောင် ခံစားခဲ့သည်။

ထိုအကြောင်းပြချက်များကြောင့် စုလင်းရှုံသည် သန့်စင်မှု ကျရှုံးပြီး စီနီယာအစ်ကို နှစ်ယောက်တို့အား စိတ်ပျက်စေမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် ကြီးမားသည့် ဖိအားကို ခံစားနေရသည်။

“ဆရာ.. တပည့်နားလည်ပါပြီ”

စုလင်းရှုံက လေးနက်စွာ ခေါင်းညှိတ်သည်။ နားလည်မှုအချို့ ရလာခဲ့၏။

“နင့်ရဲ့ ဒန်ဆေးသန့်စင်မှု အရည်အချင်းက ပြည့်စုံနေပြီ။ အခုဆိုရင် နင့်ရဲ့လက်တွေက အသားကျနေပြီးပြီ။ ဒီနေ့မှာ ငါနင့်ကို ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်း အတတ်ကို လက်ဆင့်ကမ်းပေးမယ်”

လီရွှမ်က ခေါင်းညှိတ်ကာ ပြော၏။

စုလင်းရှုံက ဝမ်းသာသွားသည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

"ဟင်းလင်းပြင် ဒန်ဆေးသန့်စင်မှုက ဟင်းလင်းပြင်ကို ဆေးပေါင်းအိုးအဖြစ် အသုံးပြုပြီး ဆေးလုံးတွေကို ဖန်တီးတာပဲ။ အဲ့ဒါက ဆေးပညာ တာအိုရဲ့ အခြေခံဖြစ်တယ်။ နင်က အသုံးချပြီး ဆေးပညာတာအိုကို ဖမ်းဆုပ်နိုင်အောင် ကြိုးစားပါ”

“ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းအတတ်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားနဲ့။ ပိုမိုနက်ရှိုင်းတဲ့အထိ နှစ်မြှုပ်ထား။ ဒန့်ဆေးသန့်စင်မှုမှာ ဆေးလုံးတွေအပြင် တာအိုက အခြားအရာတွေလည်း ဖြစ်နိုင်တယ်..”

စုလင်းရှုံက လေးနက်စွာ ခေါင်းညှိတ်ပြီး ပြန်ကြားသည်။

“တပည့် နားလည်ပါပြီဆရာ။ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားပါဘူး။ ဆရာ သင်ကြားပေးတာက တာအိုဖြစ်ပြီး တပည့်ကိုယ်တိုင် ဉာဏ်အလင်းရအောင် လုပ်ရမယ် ဆိုတာကို နားလည်ပါတယ်..”

All Chapters