← Chapters

ရွှီယန်၏ ပြန်လာမှု၊ နုပျိုခြင်းဆေးအားသန့်စင်ခြင်း(၂)

Vol. 18 Ch. 261

ရွှီယန်၏ ပြန်လာမှု၊ နုပျိုခြင်းဆေးအားသန့်စင်ခြင်း(၂)

Vol. 18 Ch. 261

"အဲ့ဒါက စောပါသေးတယ်.."

လီရွှမ်က ခေါင်းကိုရမ်းသည်။ ကြောင်နီသာ နတ်ဆိုးသားရဲကျင့်စဉ်ကို အမှန်တကယ် အောင်မြင်စွာ ကျင့်ကြံနိုင်ပါက ရွှေလက်ချောင်းက တန်ပြန်အကျိုးပြုမှု အချို့ ပေးလာလောက်ပါသည်။

ကြောင်နီ၏ အရွယ်အစားက ပိုမိုပိုမိုကာ ကြီးထွားလာပေမယ့် မဟာနတ်ဆိုးသားရဲ ကျင့်စဉ်ကို ကျင့်ကြံနိုင်ဖို့ရာ ဝေးကွာနေသေး၏။

"ကြောင်နီ.. သူ့ရဲ့အရွယ်အစားကို လွတ်လွတ်လပ်လပ် ပြောင်းလဲနိုင်မယ်ဆိုရင် မဟာနတ်ဆိုးအဆင့်ကို အကြမ်းဖျင်း ဝင်ရောက်ပြီလို့ ပြောလို့ရတယ်.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ပြော၏။

"ဆရာဆိုလိုတာက ကြောင်နီသူ့ရဲ့ အရွယ်အစားကို ပြန်သေးအောင် လုပ်နိုင်ပြီဆိုရင် မဟာနတ်ဆိုးသားရဲအဆင့်ထဲကို အကြမ်းဖျင်း ဝင်ရောက်ပြီလို့လား.."

စုလင်းရှုံတစ်ယောက် မယုံကြည်နိုင်စွာ ခံစားရ၏။ ကြောင်နီ၏ အရွယ်အစားမှာ အလွန်ကြီးမားနေပြီးဖြစ်သည်။ ပုံမှန်ဆိုပါက စွမ်းအားကြီးထွားလာမှုက အရွယ်အစားကို ကြီးထွားလာစေ၏။ ထိုသို့ဆိုပါက မည်ကဲ့သို့ ကျုံ့လာနိုင်မည်နည်း။

လီရွှမ်က ခေါင်းငြိမ့်သည်။

"အဲ့ဒါဆိုရင်... ကြောင်နီက ကြောင်လေးတစ်ကောင်ရဲ့ အရွယ်အစားအတိုင်း ဖြစ်လာနိုင်တာပေါ့.."

စုလင်းရှုံ၏ မျက်နှာက မျှော်လင့်ချက် အပြည့်ဖြင့် မေး၏။

"နတ်ဆိုးသားရဲတစ်ကောင် အဖြစ် အောင်မြင်မြင် ကျင့်ကြံနိုင်ရင်တော့ လုပ်နိုင်မှာပေါ့.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်သည်။

"ဒါဆိုကောင်းတယ်... အကောင်သေးလာရင် ကြောင်နီသေချာပေါက် အရမ်းကို ချစ်ဖို့ကောင်းမှာ.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာ ပြောသည်။

လီရွှမ်က စံအိမ်၏ အပြင်ဘက်ရှိ ကြောင်နီကို ကြည့်သည်။ အသွင်အပြင်က ဝက်ကျားတစ်ကောင်နှင့် တူညီလုနီးပါး ရှိနေ၏။ အရွယ်အစားသာ သေးငယ်ကာ ကြောင်တစ်ကောင်လောက်သာ ရှိတော့ပါက ဝတုတ်ကြောင်တစ်ကောင် ဖြစ်လောက်မှာပါ။

ရွှီယန် ပြန်လာခဲ့၏။ သူနှင့်အတူ ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့လည်း ပါလာခဲ့သည်။ အထုပ်ကြီး၂ထုတ်နှင့် သေတ္တာနှစ်ခုတို့က သူတို့၏ ပစ္စည်းများပြားစွာ ယူဆောင်လာမှုကို ပြသနေ၏။

ထိုပုံကို တွေ့ရပြီးနောက် လီရွှမ်က သက်ပြင်းချသည်။ သိုလှောင်အိတ်တစ်အိတ်သည် အမှန်တကယ်ကို အဖိုးတန်လှ၏။ ဓားသခင် ချောက်ကမ်းပါး၏ နံပါတ်တစ် ပါရမီရှင် ရှဲ့လင်ဖုန်း၌ပင်လျှင် ပိုင်ဆိုင်ထားခြင်း မရှိပေ။

ရွှီယန်သည် အတွင်းဘက်နယ်မြေတွင် တော်တော်လေး အဆင်ပြေခဲ့ဟန် တူသည်။ သို့ပေမယ့် သိုလှောင်အိတ်ကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးပါ။ စတုတ္ထအဆင့် သိုင်းပညာကျင့်စဉ်က သူ၏ခေါင်းထဲသို့ ထပ်မံ ရောက်ရှိလာပြန်၏။

"ဆရာ.. ကျွန်တော်ပြန်လာပြီ.."

ရွှီယန်က အထုတ်များကိုချကာ လေးစားစွာ ဦးညွှတ်သည်။

"ကောင်းတယ်... ပြန်လာတာ ကောင်းတယ်.."

လီရွှမ်က ဝမ်းသာသွား၏။ ဘာပဲဖြစ်ဖြစ် သူ၏ အကြီးဆုံးတပည့်မှာ သိုင်းပညာ၏ အဓိက ထောက်တိုင်ဖြစ်သည်။

"မင်္ဂလာပါ ဆရာကြီး.."

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ နှစ်ယောက်စလုံးကလည်း လေးစားစွာ ဦးညွှတ်ကြ၏။

"အာ... ရှဲ့လေးနဲ့ ဟူလေးကို.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်သည်။

"အစ်ကိုကြီး.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာ ပြေးလာ၏။ အစ်ကိုကြီးက ပြန်လာခဲ့ပြီး အထုပ်ကြီးများကို ယူဆောင်လာခဲ့လေသည်။ စိတ်ဝိဉာဉ်ဆေးပင် အမြောက်အများတို့ ပါရှိလောက်မှာပါ။

များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များနှင့် သူမတွင် ဒန်ဆေးလုံးများ သို့မဟုတ် ဆေးသန့်စင်မှု ကျင့်ကြံရန်အတွက် စိတ်ဝိဉာဥ်ဆေးပင်များ လိုအပ်ခြင်း မရှိတော့ပါ။

"ညီမလေး.."

ရွှီယန်က ပြုံးသည်။

သန့်စင်ကာ သွက်လက်သည့် အငွေ့အသက်တို့နှင့်  ဖြူစင်သည့် စုလင်းရှုံကို ကြည့်ကာ ရှဲ့လင်ဖုန်းက မနေနိုင်ဘဲ သက်ပြင်းချသည်။

သူမသည် နောက်ထပ် ပါရမီရှင်တစ်ယောက် ဖြစ်ရပေလိမ့်မည်။ မဟုတ်ပါက ဆရာကြီး၏ မျက်စိထဲသို့ ဘယ်လိုလုပ်ပြီး ဝင်မည်လဲ။

"ညီမလေး... ဒါတွေအားလုံးက စိတ်ဝိဉာဥ်ဆေးပင်တွေပဲ။ နင်ပေးထားတဲ့ စာရင်းထဲက ဆေးပင်တွေ အားလုံးကို ငါဝယ်လာခဲ့တယ်.."

ရွှီယန်က စိတ်ဝိဉာဉ်ဆေးပင် အိတ်ကြီး နှစ်အိတ်တို့ကို ညင်သာစွာ ပုတ်ပြရင်းက အပြုံးတစ်ခုဖြင့် ပြောသည်။

သူသည် အတွင်းဘက်နယ်‌မြေသို့ ပထမဆုံး  သွားရောက်ခဲ့စဉ်က စိတ်ဝိဉာဥ်ဆေးပင် အိတ်ကြီးတစ်အိတ်ကို ပြန်လည် ယူဆောင်ခဲ့မည်ဟု ပြောခဲ့၏။ ယခုအချိန်၌ နောက်ဆုံးတွင် အမှန်တကယ် လုပ်ဆောင်နိုင်ခဲ့ပါပြီ။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး.."

စူလင်းရှုံ၏ မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် နီရဲလာ၏။ သူမ၏ မျက်လုံးများက ကြယ်ပွင့်လေးများနှယ် တောက်ပနေပါသည်။

မုန့်ချုံလည်းပဲ ပြန်လာခဲ့၏။

"အကိုရှဲ့.. အကိုဟူရှန်း... မင်းတို့လည်း လာလည်တာလား.."

သူက ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကို ဝမ်းသာစွာ နှုတ်ဆက်သည်။

သူ၏ပုံကို တွေ့ရပြီးနောက် ရှဲ့လင်ဖုန်းက အတွင်းဘက်နယ်မြေရှိ ကောလဟာလများကို ပြန်လည်စဉ်းစားမိ၏။

"အစ်ကိုကြီး သူတို့က ဘယ်သူတွေလဲ.."

စုလင်းရှုံက ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကို ကြည့်သည်။

"ညီမလေး... နင့်ကိုမိတ်ဆက်ပေးမယ်... ဒါက ရှဲ့လင်ဖုန်း။ ဟိုဘက်ကတော့ ဟူရှန်း။ ဓားသခင်ချောက်ကမ်းပါးက လူတွေ.."

ရှဲ့လင်ဖုန်းကို စုလင်းရှုံအား မိတ်ဆက်ပေး၏။

"ရှင်က ရှဲ့လင်ဖုန်းလား.."

စုလင်းရှုံက အံ့ဩသွားသည်။

"ဒါကငါ့ရဲ့ ဂျူနီယာညီမလေး စုလင်းရှုံ.."

ရွှီယန်က သူမကို ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့အား မိတ်ဆက်ပေး၏။

"မိန်းကလေး စုလင်းရှုံ.. တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ရှဲ့လင်ဖုန်းပါ.."

ရှဲ့လင်ဖုန်းသည် အနည်းငယ် မရေမရာ ဖြစ်သွားသည်။ စုလင်းရှုံက သူ့ကို သိနေသည်လား။ သူ၏ ဂုဏ်သတင်းမှာ သေချာပေါက် စွန့်ပစ်ဒေသသို့  ရောက်ရှိနိုင်မည် မဟုတ်ပေ။

"ဓားသခင် ချောက်ကမ်းပါးမှာ နှစ်တစ်ထောင်အတွင်း တစ်ယောက်သာ ပေါ်ထွန်းတဲ့ နံပါတ်တစ် ပါရမီရှင်လို့ လူသိများပြီး အတွင်းဘက်နယ်မြေရဲ့ အငယ်ဆုံးသိုင်းသခင် သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရှဲ့လင်ဖုန်းမလား.."

"ရှင့်ကို.. ကျွန်မအစ်ကိုကြီးနဲ့ သိမယ်လို့ ထင်မထားဘူး.." စုလင်းရှုံက သက်ပြင်းချသည်။

ရှဲ့လင်ဖုန်း၏ ပါရမီရှင်ဟူသည့် ဂုဏ်သတင်းသည် အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် မိုးခြိမ်းသကဲ့သို့ ကျယ်လောင်လှ၏။

ယနေ့တွင် တွေ့ဆုံပြီးနောက် သူ၏ ဂုဏ်သတင်းနှင့် အမှန်တကယ်ကို ထိုက်တန်ကြောင်းအား တွေ့လိုက်ရသည်။

သို့ရာတွင် သူမ၏ အကိုများနှင့် နှိုင်းယှဉ်လျှင်တော့ အဝေးကြီး လိုအပ်သေး၏။

"ကျွန်တော့်ကို တကယ် သိတာလား.."

ရှဲ့လင်ဖုန်းက ပိုမိုကာပင် အံ့သြသွား၏။

"ဒါပေါ့.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။

ရှဲ့လင်ဖုန်း ရုတ်တရက် နားလည်လိုက်၏။ ဝတ်စုံနက်နှင့် လူများသည် စုလင်းရှုံကို ရှာနေသည် မဟုတ်ပါလား။

"ခင်ဗျားက အတွင်းဘက်နယ်မြေကလား.."

"ဟုတ်တယ်... ကိစ္စအချို့ကြောင့် စွန့်ပစ်ဒေသကို ထွက်ပြေးလာခဲ့တာ... ပြီးတော့ ကံကောင်းပြီးတော့ ဆရာနဲ့ တွေ့ခဲ့တယ် ဟီး ဟီး... အခုဆိုရင် ကျွန်မရဲ့ ခွန်အားက အရမ်းသန်မာနေပြီ။ မကြာခင် ရှင်လည်း ကျွန်မကို နိုင်တော့မှာ မဟုတ်ဘူး.."

စုလင်းရှုံက မေးလေးကိုပင့်ကာ ပြော၏။

ရှဲ့လင်ဖုန်း၏ မျက်နှာက အားကျမှုတို့ဖြင့် ပြည့်နက်နေပါသည်။ ဆရာကြီး၏ တပည့်အဖြစ် ခေါ်ယူမှုကို ခံခဲ့ရခြင်းမှာ ကြီးမားလှသည့် ကံကောင်းမှု ဖြစ်၏။ အမှန်တကယ်ကို မဟာအခွင့်အလမ်းကြီး ဖြစ်သည်။

"ဆရာ... ဒါက တိမ်မြူ စိတ်ဝိဉာဉ်လက်ဖက်ရည်ပါ.."

ရွှီယန်က သေတ္တာကိုဖွင့်ကာ တိမ်မြူ စိတ်ဝိဉာဉ်လက်ဖက်ရည်ဘူးကို ထုတ်ပြီး စားပွဲပေါ်တွင် တင်လိုက်သည်။

"အင်း.. မဆိုးဘူး.."

လီရွှမ်က အသာခေါင်းငြိမ့်၏။ သို့ပေမယ့် သူ၏ စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားနေပါသည်။

စိတ်ဝိဉာဉ်လက်ဖက်ရည်...

သူ့အနေနဲ့ ဤသည်ကို ဘယ်တုန်းကမှ မြည်းစမ်းဖူးခြင်း မရှိပါ။ တပည့်များရှိနေတာ အမှန်တကယ်ကို ကောင်းမွန်လှ၏။ နောက်ဆုံးတွင် စိတ်ဝိဉာဉ် လက်ဖက်ရည်ကို  မြည်းစမ်းနိုင်ပေတော့မည်။

"တိမ်မြူ စိတ်ဝိဉာဉ်လက်ဖက်ရည်... ဒါက ဘုရင်ခံသုစံအိမ်ရဲ့ အထူးထုတ်ကုန် မဟုတ်ဘူးလား.."

စုလင်းရှုံက အံ့သြသွား၏။

"ဆရာကြီး... ကျွန်မ လက်ဖက်ရည် စပ်ပေးမယ်.."

လီရွှမ်၏ဘေးတွင် ကျိုးယင်က လက်ဖက်ရည်တစ်အိုး၊ ဖန်ခွက်များနှင့် ရေတို့ကို ပြင်ဆင်ပြီး ဖြစ်သည်။

စုလင်းရှုံက ဘူးကိုဖွင့်ကာ တိမ်မြူစိတ်ဝိဉာဉ်လက်ဖတ်ရွက်အား ထုတ်ပြီး အိုးအတွင်းသို့ ထည့်၏။ သူမ၏ လက်ဝါးအတွင်း၌ စွမ်းအင်တို့ စုစည်းလာကာ ဒန်ဆေးမီးတောက်အဖြစ် ပြောင်းလဲပြီး ရေကို အပူပေးသည်။

ချက်ချင်းပင် မွှေးပျံသည့် ရနံ့က လေထဲတွင် ပျံလွင့်လာပြီး နှလုံးသားနှင့် သရက်ရွက်တို့ တိုင်အောင် ထိုးဖောက်သွားသည်။

"ဆရာ... ကျေးဇူးပြုပြီး သုံးဆောင်ပါဦး.."

စုလင်းရှုံက ဖန်ခွက်အတွင်းသို့ လက်ဖက်ရည်ကို ငှဲ့ကာ လီရွှမ်ကို ပေးသည်။

လီရွှမ်က မြည်းစမ်းကြည့်၏။ သူသည် ဒီစိတ်ဝိဉာဉ်လက်ဖက်ရည်အား အလွန် နှစ်သက်သွားလေသည်။ စိတ်ထဲတွင် ချီးကျူးစွာ သက်ပြင်းချမိ၏။

အမှန်တကယ်ကို စိတ်ဝိဉာဉ်လက်ဖက်ရည် ပီသလှသည်။ ဒီလက်ဖက်ရည်ကို သောက်သုံးပြီးပါက နောင်တွင် သာမန် လက်ဖက်ရည်များအား သူ့အနေနှင့် အရသာခံနိုင်မည် မဟုတ်တော့ပေ။

"မဆိုးဘူး.."

လီရွှမ်သည် စိတ်ထဲတွင် အလွန် စိတ်လှုပ်ရှားနေပေမယ့် အပြင်ပန်းတွင်တော့ တည်ငြိမ်စွာသာ ရှိနေပါသည်။ စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သာမန်အတိုင်းသာ သတ်မှတ်သကဲ့သို့ ရှိ၏။

ထိုပုံကို တွေ့ရပြီးနောက် ရွှီယန်က ဝမ်းသာသွားသည်။

ဆရာသာ သဘောကျပါက လုံလောက်၏။

"တိမ်မြူ စိတ်ဝိဉာဉ်လက်ဖက်ရွက်ရဲ့ ထုတ်လုပ်မှု ပမာဏက တော်တော်လေးကောင်းတယ်။ နောင်မှာ သခင်မလေးသုဆီက များများလေးဝယ်ပြီး ဆရာ့ကို ပေးလို့ရတယ်.."

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။

ရှဲ့လင်ဖုန်းက အနည်းငယ် နေရခက်သွား၏။ သူသည် ဆရာကြီးကို ပေးရန်အတွက် ဓားသခင် ချောက်ကမ်းပါးမှ  အထူးထုတ်ကုန် အချို့ကို ယူဆောင်လာရန် မေ့လျော့ခဲ့၏။ တကယ့်ကို ညံ့ဖျင်းသည်ပင်။

သေတ္တာကို ကြည့်လိုက်ပြီးနောက် စိတ်ဝိဉာဉ်လက်ဖက်ရွက်များမှာ တစ်ဘူးထက် ပိုမို ပါဝင်နေကြောင်းကို လီရွှမ် သတိထားမိလိုက်သည်။ ခဏတာအတွင်း လုံလောက်လောက်၏။

"အခုမှ အတွင်းဘက်နယ်မြေက ပြန်လာတာဆိုတော့ နည်းနည်းလောက် အနားယူသင့်တယ်။ မိသားစုကို အချိန်နည်းနည်း ပေးပေါ့။ ပြီးရင် သူတို့အတွက်လည်း လက်ဆောင်လေးဘာလေး ယူသွားလိုက်ဦး.."

လီရွှမ်က တိမ်မြူ စိတ်ဝိဉာဉ်လက်ဖက်ရွက်ဘူးကို ညွှန်ပြကာ ပြောသည်။

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်က ခေါင်းငြိမ့်သည်။

သူသည် အိမ်သို့ပြန်ကာ မိဘများကို အလွန် တွေ့ချင်နေပေမယ့် ပြန်လာပြီးနောက် ချက်ချင်းသွားရောက်ခြင်း မပြုသေးပါ။ စံအိမ်မှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နက်နေ၏။ ရွှီယန် ပြန်လာပြီးနောက် မောင်နှမသုံးယောက်တို့ ပြီးခဲ့သည့် အဖြစ်အပျက်များကို ဝိုင်းဖွဲ့ကာ ပြန်လည် ပြောကြားကြသည်။ စုလင်းရှုံလည်း ရှဲ့လင်ဖုန်းနှင့် ပိုမိုကာ ရင်းနှီးလာခဲ့၏။

ဟူရှန်းမှာတော့ လူငယ်တစ်ယောက် မဟုတ်ရာ ကျိုးယင်၊ ရှီအာတို့နှင့်အတူ သွားလာတာ များသည်။

တစ်နေ့အပြီးတွင် စုလင်းရှုံက ဆေးပေါင်းအိုးဖြင့် ဒန်ဆေးလုံးအချို့ကို ပြုလုပ်ရန် စတင်ပြင်ဆင်သည်။ ရွှီယန်၏ အပြန်ခရီးတွင် တစ်ခါတည်း ယူဆောင်နိုင်ရန်လည်း ပြင်ဆင်၏။

"အစ်ကိုကြီး... ဒီတစ်ခေါက် ဆေးပင်တွေ ယူလာအပြီးမှာ နုပျိုခြင်းဆေးအတွက် ဆေးညွှန်းကို ပြန်ပြီးတော့ မွမ်းမံပြီးပြီ။ အဲ့ဒီဆေးလုံးကို စားပြီးရင် လူတစ်ယောက်ရဲ့ ရုပ်ရည်က ဘယ်တော့မှ အသက်ကြီးတော့မှာ မဟုတ်ဘူး.."

စုလင်းရှုံက ဒန်ဆေးလုံးများကို စတင် သန့်စင်ရင်းက ပြော၏။

"ကောင်းတယ်.."

ရွှီယန်က ဝမ်းသာသွား၏။ သူ၏မိခင်သည် ဤသည်ကို သေချာပေါက် နှစ်သက်မှာပါ။

"နောက်ပြီးတော့ ငယ်ရွယ်မှုကို ထိန်းသိမ်းတာက ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုလည်း တိုးတက်မှုတွေ ဖြစ်ပွားစေတယ်.."

သူမက အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် တစ်ခုကို တစ်ဝက်ပိုင်းကာ တစ်ဝက်အား အိတ်ထဲတွင် သေသေချာချာ ပြန်လည်ချိတ်ပိတ်သည်။ ဒီတစ်ကြိမ်တွင် သူမပြုလုပ်မည့် နုပျိုခြင်းဆေးမှာ အရင်ကထက် ပိုမို အဆင့်မြင့်မား၏။

ထို့ကြောင့် အာနိသင်ကလည်း ပိုမိုသန်မာကာ ငယ်ရွယ်မှုကို ထိန်းသိမ်းသည့်အပြင် အခြား အာနိသင်များလည်း ပေးစွမ်းနိုင်လာသည်။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့က ဘေးမှ မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်နေ၏။ ဤသည်မှာ ဒန်ဆေးလုံး သန့်စင်သည်လား။

ဒန်ဆေးလုံးများမှာ အံ့ဖွယ်ကောင်းကာ စွမ်းအားကြီးမားလှသည်။ ၎င်းတို့သည် ဖန်တီးမှု၏ ဆန်းကြယ်သည့် စွမ်းအားတို့အား ပိုင်ဆိုင်ထား၏။

မနေ့က ဒန်ဆေးလုံးတစ်လုံးကို သောက်သုံးပြီး နောက်နှစ်ယောက်သားတို့ ဆေးလုံးများ၏ အံ့ဖွယ်ကောင်းမှုကို ချက်ချင်း နားလည်လိုက်ကြသည်။

အထူးသဖြင့် ဟူရှန်းဖြစ်သည်။ သူ၏ သိုင်းပညာအတွင်းအားချီက အစစ်အမှန်ချီအဖြစ် ပြီးပြည့်စုံစွာ စုစည်းပြီးခြင်း မရှိသေးပေ။ ချီစုဆောင်းခြင်း ဆေးလုံးတစ်လုံးကို သောက်သုံးပြီးနောက် ၎င်းသည် အစစ်အမှန်ချီအဖြစ် လျှင်မြန်စွာ ပြောင်းလဲလာခဲ့၏။

အတွင်းဘက်နယ်မြေ တစ်ခုလုံးတွင် ယခုကဲ့သို့ အံ့ဩစရာကောင်းလှသည့် ဆေးလုံးမျိုးကို မြင်ဖူးကြားဖူးခြင်း မရှိသေးပေ။

အတွင်းဘက်နယ်မြေမှ ဆေးလုံးပြုလုပ်သည့် နည်းလမ်းများမှာ ဒီဒန်ဆေးလုံးများနှင့် နှိုင်းယှဉ်ပါက အမှိုက်များ ဖြစ်၏။ ဤသည်မှာ စိတ်ဝိဉာဉ်ဆေးပင်များကို လုံးဝဖြုန်းတီးခြင်း ဖြစ်သည်။ နှစ်ယောက်စလုံးသည် ရုတ်တရက် အတွေးအမြင်တို့ ပိုမို ကျယ်ပြန့်လာခဲ့၏။

သူတို့သည် အတွင်းဘက်နယ်မြေမှ ဆေးလုံးများအပေါ် ဂရုစိုက်ခြင်း မရှိတော့ပေ။ အဆင့်၆စိတ်ဝိဉာဉ်ဆေးပင်များနှင့် ပြုလုပ်ထားလျှင်တောင် ဖြစ်၏။ ၎င်းတို့ကို အမှိုက်များကဲ့သို့သာ သတ်မှတ်လေသည်။

စုလင်းရှုံ၏ ပုံစံက လေးနက်စွာ ရှိနေ၏။ အနည်းငယ်မှ စိတ်ပျံ့လွင့်ခြင်း မရှိရဲပေ။ ဤသည်မှာ သူမ၏ ပထမဆုံးအကြိမ် နုပျိုခြင်း ဆေးကို သန့်စင်ခြင်း ဖြစ်၏။ အသုံးပြုသည့် စိတ်ဝိဉာဉ်ဆေးပညာ၏ အဆင့်မှာ နိမ့်ပါးခြင်း မရှိပေ။ တစ်ကြိမ်ကျရှုံးပါက ကြီးမားသည့် ဆုံးရှုံးမှုတို့ကို ဖြစ်ပွားစေမှာပါ။

ယခုအချိန်၌ သူမတို့တွင် များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များ ရှိနေပေမယ့် ယခုကဲ့သို့ ဖြုန်းတီးပစ်လို့မရပေ။

ကျရှုံးပြီးသည့် ဒန်ဆေးလုံးများကို ကြောင်နီကိုပေးကာ စားခိုင်းနိုင်လျှင်တောင် အရမ်းကြီး ဖြုန်းတီးရာ မကျပေမယ့် နှလုံးသားကို နာကျင်စေဆဲ ရှိ၏။

စုလင်းရှုံ၏ လက်ထဲတွင် ဆေးပေါင်းအိုးက လည်ပတ်နေ၏။ သူမ၏ ချီနှင့်သွေးက ဒန်မီးတောက်သဖွယ် ပြောင်းလဲပြီး လောင်ကျွမ်းသည်။ သန့်စင်နေစဉ် အတွင်းတွင် သူမ၏ စွမ်းအင်နှင့် စိတ်စွမ်းအင်တို့က ကုန်ဆုံးနေပြီး စုလင်းရှုံ၏ နဖူးမှ ချွေးစေးများ ကျဆင်းလာခဲ့၏။

ရွှီယန်နှင့် အခြားသူများမှာ အသက်ကိုပင် ကျယ်လောင်စွာ ရှူရဲခြင်း မရှိကြပေ။ သူမကို အနှောင့်အယှက် ဖြစ်စေမည်အား စိုးရိမ်နေကြ၏။

"ပုန့်.."

နောက်ဆုံးတွင် ဒန်မီးတောက်က တဖြည်းဖြည်း သေးငယ်လာကာ စုလင်းရှုံက ဆေးပေါင်းအိုး၏ အဖုံးကို ရိုက်လိုက်သည်။

အဖုံးက ပွင့်သွားပြီး ဆေးလုံး၁၂လုံးတို့ ထွက်လာခဲ့၏။ ၎င်းတို့သည် ကျောက်စိမ်းကဲ့သို့ ဖြူစင်သန့်ရှင်းကာ အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေပါသည်။ ဆေး၏ရနံက လေထဲတွင် ပျံလွင့်လာခဲ့၏။

All Chapters