← Chapters

ရွှီယန်၏ပြန်လာမှု၊ နုပျိုခြင်းဆေးအားသန့်စင်ခြင်း

Vol. 18 Ch. 260

ရွှီယန်၏ပြန်လာမှု၊ နုပျိုခြင်းဆေးအားသန့်စင်ခြင်း

Vol. 18 Ch. 260

ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ပြီးနောက် လီရွှမ်သည် စိတ်အခြေအနေ တက်ကြွစွာ ရှိနေ၏။ ခွန်အားကြီးထွားလာမှုမှာ စစ်မှန်သည့် ပျော်ရွှင်မှု အရင်းအမြစ် ဖြစ်သည်။

ယခုအချိန်၌ ရွှီယန်က ထုံးရွှမ်အဆင့်၏ ဆန်းကြယ်မှုများကို နားလည်သဘောပေါက်လာခဲ့ပြီ ဖြစ်ရာ အခွင့်အရေးတစ်ခုရှာကာ ထုံးရွှမ်အဆင့်၏ အထက်ရှိ ကျင့်စဉ်ကို သင်ကြားပေးရန် အချိန်သို့ ရောက်ရှိခဲ့ပါပြီ။

ကြိုတင် သိရှိထားပါက ဉာဏ်အလင်းတို့လည်း ကြိုတင်ရလာနိုင်၏။

ထုံးရွှမ်အဆင့်၏ အထက်ရှိ စတုတ္ထအဆင့် ကျင့်စဉ်အတွက် ဖန်တီးရာတွင် ပြီးမြောက်လုနီးပါး ရှိနေပါပြီ။

ထိုအဆင့်နှင့် ထုံးရွှမ်အဆင့်၏ ဆက်နွယ်မှုမှာလည်း တော်တော်လေး ကောင်းမွန်၏။ ရွှီယန်၏ ပါရမီနှင့် ၄င်းကို လေ့လာရန် ပြဿနာမရှိပါ။

လီရွှမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ၏ အာရုံကို စူးစိုက်လိုက်၏။ ရွှေလက်ချောင်း၏ အရင်းအမြစ်ကို  ရှာဖွေလိုလေသည်။

ယခုအချိန်၌ သူသည် ထုံးရွှမ်အဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကာ ခွန်အားက မြင့်တက်လာခဲ့ပြန်၏။ သူ၏ ရွှေလက်ချောင်းမှာ မည်သည်ဟူသည်ကို ထပ်မံကြည့်ရှု့ရန် အချိန်သို့ ရောက်ရှိပါပြီ။

လီရွှမ်၏ အသိစိတ်က နက်ရှိုင်းသွားပြီး ယခုအချိန်၌ သူသည် မူလအဆင့်က စူးစမ်းနိုင်ခြင်း မရှိခဲ့သည့် ရွှေလက်ချောင်းမှ ရေးတေးတေး ရွှေရောင်အလင်း တစ်ခုကို မြင်တွေ့နိုင်လာ၏။

သို့ပေမယ့် ထိုမျှလောက်သာ ရှိသည်။ အလွန် မှိန်ဖျသည့် ရွှေရောင်အလင်းမှ လွဲ၍ အခြား မည်သည့်အသွင်သဏ္ဍာန်ကိုမှ ရှာတွေ့နိုင်ခြင်း မရှိပါ။ သူသည် ရွှေလက်ချောင်း၏ အသွင်အပြင်ကို စိတ်ကူးနိုင်ခြင်းမရှိဆဲ ဖြစ်နေ၏။

လီရွှမ်က လေပူများကို မှုတ်ထုတ်သည်။ ဤသည်မှာ ကောင်းမွန်သည့် လက္ခဏာတစ်ခု ဖြစ်၏။ လက်ရှိအချိန်၌ သူ၏ ရွှေလက်ချောင်းကို  တွေ့မြင်နိုင်မှု မရှိခြင်းနှင့် ကောင်းမွန်စွာ အသုံးမပြုနိုင်ခြင်းမှာ ခွန်အားအဆင့် နိမ့်ပါးနေသောကြောင့်သာ ဖြစ်သည်။

ခွန်အားအဆင့်တို့ ဆက်လက် မြင့်တက်နေပါက မကြာခင်တွင် ရွှေလက်ချောင်းကို ပြည့်စုံစွာ အာရုံခံနိုင်လာပြီး မည်ကဲ့သို့ ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်မည်ကို နားလည်လာမှာ အသေအချာ ဖြစ်သည်။

ထုံးရွှမ်အဆင့်တွင် ရွှေလက်ချောင်းကို ပြီးပြည့်စုံစွာ  တွေ့မြင်နိုင်ခြင်း မရှိသေးပေ။ သို့ပေမယ့် အနည်းငယ် အာရုံခံနိုင်လာပြီး ဖြစ်၏။ ရွှေရောင်အလင်း အနည်းငယ်ကိုပင် တွေ့မြင်လာနိုင်သည်။ ထို့ကြောင့် ပြီးခဲ့တုန်းက သူ၏ သုံးသပ်ချက်များက မှားယွင်းခြင်း မရှိပါ။

"အဲ့လိုဆိုရင်... ထုံးရွှမ်အဆင့်ရဲ့ အထက်က အဆင့်၄ သိုင်းပညာအဆင့်မှာ ရွှေလက်ချောင်းကို ပိုပြီးတော့ ကောင်းကောင်း မြင်လာနိုင်မှာပေါ့.."

လီရွှမ်မှာ အလွန် စိတ်လှုပ်ရှားလာခဲ့၏။ သို့ရာတွင် ရွှေလက်ချောင်း ပေါ်လာနိုင်သည့် လိုအပ်ချက်များမှာ အမှန်တကယ်ကို ပြင်းထန်လှသည်ဟုလည်း ခံစားရ၏။

ထို့အပြင် ပေါ်လာပြီးလျှင်လည်း သူ့အနေနှင့် ပြည့်စုံစွာ မြင်တွေ့နိုင်ခြင်း မရှိပေ။ အသုံးချရန်ဆိုလျှင် ပိုတောင် ဝေးသေး၏။

'ရွှီယန်သာ တောင်ရွာလေးကို ရောက်လာပြီး ငါ့ကိုဆရာအဖြစ် မတင်မြှောက်ခဲ့ရင် ကျင့်စဉ် တစ်ခုကို ကျပန်းဖန်တီးပေးခဲ့မှာ မဟုတ်ဘူး။ အဲ့ဒါဆိုရင် ငါလည်း တောင်ရွာလေးမှာပဲ ပုန်းအောင်းနေရဦးမှာ..'

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ ဒီရွှေလက်ချောင်းမှာ အနည်းနှင့်အများ ခက်ခဲလှပါသည်။

အချက်ပေးချက် ပေါ်လာရန် လိုအပ်ချက်မှာ ကြီးမားပြီး ရွှေလက်ချောင်းကို တွေ့မြင်နိုင်ရန် အတွက်လည်း သက်ဆိုင်ရာ ခွန်အားအဆင့် လိုအပ်ချက်တစ်ခု ရှိနေပါသည်။

ကံကောင်းစွာပင် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်လာခဲ့၏။ သူသာ ခြေတစ်လှမ်းချင်းစီ ဆက်လက်သွားပါက စတုတ္ထအဆင့် သိုင်းပညာကို ပြည့်စုံအောင်လုပ်ပြီး ရွှီယန်ကို လေ့လာခိုင်းကာ စတုတ္ထအဆင့်အတွင်းသို့ ဝင်ရောက်ပြီးလျှင် ရွှေလက်ချောင်းကို ပြည့်စုံစွာ တွေ့မြင်လာနိုင်လောက်ပါသည်။

ဒီရွှေလက်ချောင်းသည် အမှန်တကယ် မည်သည်တို့  အသုံးဝင်နေသနည်း။ နောက်ဆက်တွဲ သိုင်းပညာဖန်တီးမှုများတွင် မည်သည့် အခန်းဂဏ္ဍတို့ ပေါ်လာမည်နည်း...

လီရွှမ်က တိတ်တဆိတ် စဉ်းစားသည်။

ဒီရွှေလက်ချောင်းသည် သိုင်းပညာလမ်းစဉ်အသစ်ဖန်တီးမှုနှင့် သက်ဆိုင်နေမည်ဟု လီရွှမ်အနေနှင့် ခန့်မှန်းမိပါသည်။ သိုင်းပညာဖန်တီးမှု၏ အကျိုးဖြစ်ထွန်းမှုအပေါ် အားဖြည့်ပေးနိုင်မည်လား ဟုသည်မှာတော့ သူ့အနေနှင့် သေချာခြင်း မရှိပေ။

'အဆင့်၄ သိုင်းပညာအဆင့်က အချိန်အချို့ ယူလိုက်ဦးမယ်။ ငါဖန်တီးထားတဲ့ ကျင့်စဉ်ကို ရွှီယန်ကို လက်ဆင့်ကမ်းပေး ပြီးရင်တောင် သူ့အတွက် ပြည့်ပြည့်စုံစုံ နားလည်ဖို့အတွက် ကြာလောက်ဦးမှာ..'

'ကြည့်ရတာ ရွှီယန် ထုံးရွှမ်အဆင့်ကို ချိုးဖျက်ပြီးတဲ့အချိန်အထိ စောင့်သင့်တယ်ထင်တယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကို ရေရွတ်သည်။

'ရွှီယန် မူလအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီးပြီ။ ပြီပြည့်စုံခြင်းကို ရောက်ဖို့ မဝေးတော့ဘူး။ ဒန်ဆေးလုံးတွေရဲ့ အကူအညီနဲ့ဆိုရင် မကြာခင်မှာ မူလအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်သွားလောက်တယ်... ဒါပေမယ့်...'

လီရွှမ်က မုန့်ချုံကို စဉ်းစား၏။ မုန့်ချုံသည် ရွှေခန္ဓာဆေးလုံးများကို စားသုံးနေပေမယ့် ၎င်းကို သူ၏ ရွှေခန္ဓာ မရီတျန်များအား ပျိုးထောင်ရာတွင်သာ အသုံးပြုသည်။

ကျင့်ကြံမှုအတွက် ခိုင်မာသည့် အခြေခံကို ချမှတ်၏။

သူ၏ ရွှေခန္ဓာအား အဆင့်မြှင့်တင်ရန် အလျှင်လိုခြင်း မရှိပါ။ ထိုသို့ဆိုလျှင်တောင် ခွန်အားက သိသာစွာ တိုးမြင့်လာခဲ့၏။

မုန့်ချုံသည် ဆေးလုံးများကို အသုံးပြုကာ ကျင့်ကြံပေမယ့် ၎င်းတို့အပေါ်တွင် မှီခိုခြင်း မပြုပါ။ အဲ့ဒီ့အစား ထိုဆေးလုံးများကို သူ၏ ရွှေခန္ဓာ မရီတျန်များအတွက် အားဖြည့်ဆေးလုံးများဟု သတ်မှတ်ပြီး အခြေခံကို ဆက်တိုက် သိပ်သည်းအောင် လုပ်၏။

မုန့်ချုံ ထိုကဲ့သို့ လုပ်ပါက ရွှီယန်လည်း တူညီစွာ လုပ်ဆောင်လောက်ပါသည်။ နှစ်ယောက်စလုံးသည် ဆေးလုံးများနှင့် သူတို့၏ အခြေခံများအား အားဖြည့်ရာတွင်သာ အဓိကထား လုပ်ဆောင်ကြပြီး မှန်ကန်သည့် အချိန်သို့ ရောက်မှသာလျှင် အဆင့်ချိုးဖျက်မည်ဖြစ်သည်။ ဤသည်က အခြေခံကို ဖြည့်တင်းခြင်းဖြင့် ခွန်အားအဆင့်ကို ဖိနှိပ့်ထားခြင်းနှင့် တူညီ၏။

စုလင်းရှုံမှာ  ဒန်ဆေးသိုင်းပညာစနစ်ကို ကျင့်ကြံ၏။

ဒန်ဆေးလုံးများကို စားသုံးခြင်းက သူမ၏ အခြေခံကို ထိပါးခြင်း မပြုပါ။ အဲ့ဒီ့အစား ခွန်အားအဆင့်ကို မြှင့်တင်ပေး၏။ ထာဝရစိမ်းလန်းခြင်း အရိုးကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်ပါသည်။

သို့ပေမယ့် ဒန်ဆေးသိုင်းပညာ စနစ်မှာ တိုက်ခိုက်မှုခွန်အားဖြင့် နာမည်ကျော်ကြားခြင်း မရှိပေ။ စုလင်းရှုံ၏ ခွန်အားက မုန့်ချုံ သို့မဟုတ် ရွှီယန်နှင့်  နှိုင်းယှဉ်နိုင်မည် မဟုတ်ပါ။

သို့ပေမယ့် သေချာပေါက် အားနည်းခြင်း မရှိပေ။ သူမသည် အတွင်းဘက်နယ်မြေရှိ သိုင်းပညာစနစ်မှ အဆင့်တူများကို အလွယ်တကူ နင်းချေနိုင်ပါသည်။

ရှီအာမှာ ဒန်ဆေးလုံးပမာဏ တော်တော်များများကို စားသုံးခဲ့၏။ ဤသည်က သူ၏ခွန်အားကို အနည်းငယ် ဖောင်းပွလာစေသည်။ ဒီအတောအတွင်းတွင် သူသည် သိုင်းပညာအခြေခံကို အားဖြည့်ရင်းနှင့် အလုပ်ရှုပ်နေ၏။

ဆန့်ကျင်စွာပင် ကျိုးယင်မှာတော့ ဒန်ဆေးလုံးများအား မည်ကဲ့သို့ မှန်ကန်စွာ အသုံးပြုရမည်ကို သိရှိ၏။ သူမ၏ ကျင့်ကြံမှုအခြေခံက သိပ်သည်းကာ ဖောင်းပွနေခြင်း မရှိပေ။

ထို့အပြင် ခွန်အားအဆင့်က တစ်စတစ်စ လျှင်မြန်စွာ မြင့်တက်လာပြီး ရှီအာကို လိုက်မှီနိုင်ပြီး ဖြစ်၏။

မုန့်ချုံ သင်ပေးထားသည့် ဓားသိုင်းကို အသုံးပြုပင်လျှင် ရှီအာသည် ကျိုးယင်ကို အနိုင်ရနိုင်ခြင်း မရှိတော့ပေ။

ဤသည်က သူ့ကို အလွန်အကူညီမဲ့စွာ ခံစားရစေ၏။ ထို့ကြောင့် ယာယီအချိန်အတွင်း ဆေးလုံးများနှင့် အဆင့်မြှင့်တင်မှုကို ရပ်တန့်ကာ အခြေခံကို ပိုမို အဓိကထား အားဖြည့်နေသည်။

ကြောင်နီ၏ ခန္ဓာကိုယ်က မျက်စိဖြင့် တွေ့မြင်နိုင်သည့် အမြန်နှုန်းဖြင့် ကြီးထွားလာနေ၏။ များပြားလှသည့် ကျရှုံး ဆေးလုံးများကို စားခဲ့သည့်ကစား မည်သည့် ဆိုးကျိုးများကိုမှ ပြသခြင်း မရှိပါ။ အဲ့ဒီ့အစား ပိုမိုပိုမိုကာ ထည်ဝါလာပြီး နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာမည့် လက္ခဏာရပ်တို့  ပြသလာ၏။

သူ၏ ကြီးမားလှသည့် ခန္ဓာကိုယ်အတွင်းတွင် များပြားလှသည့် အသက်ဓာတ်တို့ ပုန်းအောင်းနေပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ပိုမို ကြီးထွားလာနေ၏။

တိုက်ခိုက်ပါက ထုတ်လွှတ်နိုင်သည့် စွမ်းအားက မူလအဆင့်နှင့် နှိုင်းယှဉ်နိုင်လုနီးပါး ရှိနေပါသည်။ အတွင်းဘက်နယ်မြေမှ သာမန် သိုင်းသခင်တစ်ယောက် သူ့ကို အနိုင်ယူနိုင်မည် မဟုတ်လောက်ပါ။

ဒီကြောင်နီကြီးသည် အမှန်တကယ်ကို နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ပြောင်းလဲမည်လား။

လီရွှမ်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။

ကြောင်နီသည် အရွယ်အစား ကြီးမားလာပေမယ့် ချစ်ဖို့ကောင်းသည့် အသွင်အပြင်မျိုးစုံတို့ကို ပိုမို တတ်မြောက်လာခဲ့သည်။ စုလင်းရှုံ၏ ဘေးတွင် ရစ်ဝဲနေပြီး မကြာခဏ သူမကို စိတ်ကျေနပ်စေရန် ချစ်ဖို့ကောင်းအောင် လုပ်ပြ၏။

သူသည် အမှန်တကယ်ကို လက်တွေ့ဘဝရှိ ကြောင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲလာခဲ့သည်။

စုလင်းရှုံက စိတ်ပျော်သည့် အခါတိုင်းတွင် သူ့ကို ကောင်းမွန်သည့် ဒန်ဆေးလုံး တစ်လုံးဖြင့် ဆုပေးလေ့ရှိ၏။ ကြောင်နီ၏ အရွယ်အစားက တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးထွားလာနေပြီး စံအိမ်၏ တံခါးဝနှင့်ပင် မဆံ့တော့ပေ။ သူသည် အပြင်ဘက်၌သာ လဲလျောင်းနိုင်၏။

"ဆရာ.. ကြောင်နီ တကယ်ပဲ နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ကျင့်ကြံနိုင်မှာလား.."

ကြောင်နီအား ဒန်ဆေးလုံးတစ်လုံးကို ကျွေးပြီးနောက် စုလင်းရှုံက အပြေးရောက်လာပြီး လီရွှမ်၏ ပုခုံးကို နှိပ်ကာ မေးသည်။

All Chapters