← Chapters

ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ခြင်း(၂)

Vol. 18 Ch. 259

ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ခြင်း(၂)

Vol. 18 Ch. 259

ဟူရှန်း၏ ပါးစပ်က တွန့်ကွေးသွားသည်။

ရွှီယန်သည် စိတ်ဝိဉာဉ်စာရွက် အားလုံးနီးပါးတို့ကို အသုံးပြုခဲ့ရပြီး ယခုအချိန်၌ ဆင်းရဲမှုဖြင့် ငမွဲဇာတ်ခင်းတော့မည်ဟု သူထင်မိ၏။ လူအများကို ဓားမြလာတိုက်အောင် မြှားခေါ်ကာ စိတ်ဝိဉာဉ်ပုံဆောင်ခဲအချို့ကို ရှာမည် ဖြစ်သည်။

၃ယောက်သား လန်းဖင်စီရင်စုမှ ထွက်ခွာပြီးနောက် ဟူရှန်းက သိုင်းသခင်တစ်ယောက်၏ အရှိန်အဝါကို ထုတ်ဖော်ကာ အမှောင်အတွင်းမှ ကြည့်ရှု့နေသူများကို ချက်ချင်းပင် ဟန့်တားလိုက်သည်။ ထိုသူများသည် ဆုတ်ခွာသွားကြပြီး လုယက်မည့် စိတ်ကူးကို ဖျောက်ဖျက်လိုက်ကြ၏။

လမ်းတလျှောက်တွင် သိုင်းသခင်အဆင့် အောက်ရှိ လူများအားလုံးကို ဖယ်ထုတ်လိုက်ပါပြီ။ ယခုအချိန်၌ သူတို့၃ယောက်ကို လုယူရဲမည့်လူမှာ သိုင်းသခင်များသာ ကျန်ရှိတော့၏။

"တစ်ယောက်ယောက်သာ ငါတို့ကိုလာလုရင် သူတို့ရဲ့ပိုက်ဆံအိတ်ကို နာနာခံခံ ပေးလာတာနဲ့ လွှတ်ပေးလိုက်မယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က သူတို့တွေ လောဘကြီးအောင် တမင် ဆွဲဆောင်ခဲ့တာပဲ။ ဒါကြောင့်မို့လို့ သတ်ဖြတ်ဖို့ မလိုဘူး။ ငါက သွေးဆာတဲ့ လူတစ်ယောက်မဟုတ်ဘူး.."

ရွှီယန်က ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကို ကြည့်ကာ ပြော၏။

ရှဲ့လင်ဖုန်းက နားလည်ကြောင်း ခေါင်းငြိမ့်သည်။ ဟူရှန်းက မျက်ဆံလှည့်၏။ ကိုယ့်ကိုယ်ကို ရေရွတ်သည်။

'မသိရင် လူကောင်းတယောက်ပုံနဲ့ ပြောနေပုံက..'

ချမ်းသာကြွယ်ဝမှုက နှလုံးသားကို ရွေ့လျားစေ၏။

၃ယောက်သား စီရင်စုမှ ထွက်ခွာခဲ့တာ မကြာသေးပေ။ သိုင်းသမားတစ်စု၏ တားဆီးခြင်းကို ခံရ၏။

ထို့အပြင် တစ်ဖက်လူတို့မှာ သိုင်းသခင်၆ယောက်တို့ ဖြစ်ပါသည်။ အားလုံးတို့၏ မျက်နှာများတွင် မျက်နှာဖုံးများ ဝတ်ဆင်ထားပြီး မှတ်မိသွားမှာကို စိုးရိမ်နေပုံ ရှိ၏။

သူတို့သည် လန်းဖင်စီရင်စု၌ ဂုဏ်သတင်းရှိသည့် သိုင်းသခင်များ ဖြစ်ပေလိမ့်မည်။

"သိုင်းသခင်အဆင့် သိုင်းသမားတွေတောင် ဒီလောက် ငတ်မွတ်ခေါင်းပါးပြီး လုယက်ဖို့ ထွက်လာရတာလား.."

ရွှီယန်က ဝမ်းနည်းစွာဖြင့် အသံပြု၏။

"ညီလေးရွှီ... ငါတို့ရဲ့ ကိုယ်ပေါ်မှာ စိတ်ဝိဉာဉ်ဆေးပင်တွေက အရမ်းကို များပြားလွန်းတယ်။ ငါတို့ကို လုယက်တာက သူတို့အတွက် ဆယ်စုနှစ်တစ်စုစာကျော် အထောက်အပံ့တွေ စိုးရိမ်စရာလိုမှာ မဟုတ်တော့ဘူး။ သိုင်းသခင်တွေ အားလုံးက ချမ်းသာကြွယ်ဝနေတာ မဟုတ်ဘူး.."

ရှဲ့လင်ဖုန်းက အကူအညီမဲ့စွာ ပြော၏။

အစတုန်းက အတွင်းဘက်နယ်မြေတွင် သိုင်းသခင်များကို ထိပ်တန်းရှိ သိုင်းသမားများ ဖြစ်ကြသည်ဟု သူကမိတ်ဆက်ပေးခဲ့၍ ရွှီယန်အနေနှင့် အထင်မှားကာ သိုင်းသခင်များအားလုံးကို မြင့်မားထည်ဝါကာ ချမ်းသာကြမည်ဟု ယုံကြည်စေခဲ့တာ ဖြစ်ပေလိမ့်မည်။

"၆ယောက်နဲ့ ၃ယောက် ငါတို့ဘက်က အင်အားအများကြီးသာတယ်။ မင်းတို့၃ယောက် ဘာကို ရွေးချယ်ရမယ်ဆိုတာကို သိတယ်မလား။ ပစ္စည်းတွေကို ဒီမှာထားခဲ့။ အဲ့ဒါဆိုရင် ငါတို့မင်းကို ခက်ခဲအောင် မလုပ်ဘူး.."

သိုင်းသခင်တစ်ယောက်က လေးနက်သည့် လေသံဖြင့် ပြော၏။

ရွှီယန်က လက်ကိုမြှောက်ကာ ရိုက်ထုတ်လိုက်သည်။

ရွှေရောင်နဂါးကြီးက ထွက်ပေါ်လာပြီး သိုင်းသခင် ၆ယောက်တို့အား လှည့်ပတ်နေ၏။ သူက ရယ်မောစွာ ပြောသည်။

"ငါ့ကိုလုတာလား... တကယ့်ကို ကံကောင်းတာပဲ... မင်းတို့ရဲ့ ပိုက်ဆံအိတ်တွေကိုပေး မဟုတ်ရင်သေရမယ်.."

လုယက်ကြသည့် သိုင်းသခင်များမှာ ဝိဉာဉ်လွင့်မတတ် ထိတ်လန့်သွားကြ၏။ လက်ဝါးချက် တစ်ချက်ဖြင့် ရွှေရောင်နဂါးကြီးတစ်ကောင်ကို ထုပ်ဖော်နိုင်သည်လား။

ဤသည်မှာ ရွှီယန်ဖြစ်သည်။ ဓားနတ်ဘုရား ရွှီယန်၏ အမှတ်သင်္ကေတ သိုင်းပညာ ဖြစ်၏။

သူတို့သည် ထပ်မံ ကြည့်လိုက်ပြန်ပြီးနောက် ကြီးမားသည့် အထုပ်ကြီးကို သယ်ဆောင်ထားသည်မှာ လူငယ်တစ်ယောက် ဖြစ်ကြောင်းကို နားလည်လိုက်သည်။

"ဓားနတ်ဘုရားရွှီယန် ကျွန်တော်တို့ကို ချမ်းသာပေးပါ.."

ချက်ချင်းပင် ဒူးထောက်ကြ၏။

သူတို့သည် ရွှီယန်ကို လုယက်ရန် ကြံစည်ခဲ့သည်လား...

ရွှီယန်က ပိုက်ဆံအိတ်၆ခုတို့ကို စုစည်းကာ ခြောက်ယောက်သားကို ကြည့်ပြီးနောက် ခေါင်းငြိမ့်၏။

"သွားကြတော့... မှတ်ထားကြ။ ငါဘယ်သူလဲ ဆိုတာကို လျှောက်မပြောမိစေနဲ့.."

ရွှီယန်က သတိပေးသည်။

"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ.."

သိုင်းသခင်၆ယောက်တို့မှာ မျှော်လင့်ချက်ပဲစွာဖြင့် ထွက်ခွာသွားရ၏။ ရွှီယန်အကြောင်းကို ထုတ်ဖော်ပြောကြားရန် ကိစ္စမှာတော့ သေချာပေါက် ပြောမည် မဟုတ်ပေ။

မည်သူက သူတို့၏ ဓားနတ်ဘုရား ရွှီယန်ကို လုယက်လိုသည့် ဦးနှောက်မရှိမှုကို ကြေငြာကြမည်နည်း။ နောက်ဆုံးတွင် သူတို့ ကိုယ်တိုင်သာလျှင် အရူးဖြစ်ခဲ့လေသည်။

ထို့အပြင် အခြားလူများသာ တူညီစွာ လုယက်ကြပါက  သတင်းထွက်ပေါ်လာသည့်အခါ လှောင်ပြောင်ရယ်မောခြင်း ခံရမှာ သူတို့ချည်း မဟုတ်တော့ပေ။

သိုင်းသခင်၆ယောက်တို့သည် ပါးစပ်ကို ပိတ်ထားကြပြီး သူတို့အနေနှင့် ရွှီယန်ကို လုယက်ခဲ့သည်ဟု ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ။

ဂုဏ်သိက္ခာရှိသည့် သိုင်းသခင်များအနေနှင့် လမ်းပေါ်တွင် လုယက်ခြင်းကဲ့သို့ ကိစ္စမျိုးကို မည်ကဲ့သို့ လုပ်ဆောင်မည်နည်း။

ရွှီယန်တို့ ၃ယောက်သားသည် လုယက်သူ တစ်လှိုင်းပြီးတစ်လှိုင်းကို ကြုံတွေ့ခဲ့ရ၏။ သို့ရာတွင် လန်းဖင်စီရင်စုမှ အကွာအဝေးတစ်ခုသို့ ရောက်လာပြီးနောက် သိုင်းသခင်အဆင့် လုယက်သူများကို ထပ်မံကြုံတွေ့ရခြင်း မရှိတော့ပေ။

ဘာပဲဖြစ်ဖြစ် သိုင်းသခင်များ၏ အရေအတွက်မှာ အကန့်အသတ်ရှိ၏။ ထို့အပြင် သိုင်းသခင်များ အားလုံးမှာ လုယက်ကြမည့် သူများ မဟုတ်ကြပေ။

"ညီလေးရွှီ... စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီးကို ဘာလို့ ဝယ်ခဲ့တာလဲ.."

ရှဲ့လင်ဖုန်းက သိလိုစွာမေးသည်။

ရွှီယန်သည် စိတ်ဝိဉာဉ်ဆေးပင်များကို အထူး နှစ်သက်ပုံပေါ်၏။ သူသည် စိတ်ဝိဉာဉ် ပုံဆောင်ခဲများကို အသဲအသန် ရှာဖွေခဲ့ပြီး စိတ်ဝိဉာဉ်ဆေးပင်များအတွက် အသုံးပြုခဲ့၏။

"ဂျူနီယာညီမလေးအတွက် ဒန်ဆေးသန့်စင်ရာမှာ  အသုံးပြုဖို့ ဝယ်တာ.."

ရွှီယန်က ဖုံးကွယ်မနေပါ။

"ဂျူနီယာညီမလေး.."

ရှဲ့လင်ဖုန်း၏ မျက်လုံးများက ပြူးကျယ်သွား၏။ ဆရာကြီးသည် နောက်ထပ်တပည့် တစ်ယောက်ကို လက်ခံခဲ့သည်လား။

သူသည် အမှန်တကယ်ကို မနာလို ဖြစ်မိသည်။

"ဒန်ဆေးပညာက ဘာလဲ.."

ရှဲ့လင်ဖုန်းက ချက်ချင်းပင် ပဟေဠိ ဖြစ်သွားပြီး မေးသည်။

"ဆေးလုံးတွေပဲ... အဲ့ဒါက ဆရာ ဂျူနီယာညီမလေးကို လက်ဆင့်ကမ်းပေးတဲ့ နည်းပညာပဲ။ မင်းရောက်ပြီးရင် သိလိမ့်မယ်။ အဲ့ဒီ့ ဒန်ဆေးလုံးတွေက အတွင်းဘက်နယ်မြေက ဆေးလုံးတွေ နှိုင်းယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး.."

ရွှီယန်က အားတက်သရော ပြော၏။

၃ယောက်သားက ပိုမိုပိုမိုကာ မြန်ဆန်လာကြသည်။ သဲလွန်စများကို ဖျောက်ဖျက်ပြီး နောက်မှ မည်သူမှ လိုက်မလာစေရန် သေချာအောင် လုပ်၏။ ဒီတောင်ကို ကျော်လွန်ပြီးပါက စွန့်ပစ်ဒေသသို့ ဝင်ရောက်သွားမှာ ဖြစ်သည်။

စုလင်းရှုံက ဒန်ဆေးပညာအား စာရွက်ပေါ်တွင် ဇယားခွဲကာ ရေးသည်။ တစ်ဆင့်ချင်းစီကို မှတ်သားထား၏။ ဒန်ဆေးသန့်စင်မှု ဖြစ်စဉ် တစ်ခုလုံးတွင် အရေးအကြီးဆုံးနှင့် အခက်အခဲဆုံးမှာ နောက်ဆုံး ဆေးလုံးများအဖြစ် ပေါင်းစည်းခြင်း ဖြစ်သည်။

"ဆရာ... ဘယ်လိုထင်လဲ.."

စုလင်းရှုံက ရေးဆွဲထားသည့် ပုံကြမ်းကို ဖြန့်ကာ ဆရာဖြစ်သူကို ပြသည်။

လီရွှမ်က ကြည့်လိုက်ပြီးနောက် နှလုံးသားထဲတွင် တိတ်တဆိတ် ချီးကျူးမိ၏။ ဒီတပည့် စုလင်းရှုံသည် အမှန်တကယ်ကို ဆေးပညာအတွက် အထူး ပါရမီရှိ၏။

သူက အကြံပေးချက်အချို့ကို အသာပြုခဲ့ရုံသာ ရှိသည်။

သို့ပေမယ့် တဖက်လူက အကောင်အထည် ဖော်ခဲ့ပြီးဖြစ်၏။

"ပြဿနာမရှိလောက်ဘူး... စမ်းပြီးတော့ အကြိမ်အနည်းငယ်လောက် လုပ်ကြည့်လိုက်။ တစ်ခုခု လိုအပ်တာရှိရင် နည်းနည်းပါးပါး ပြင်ဆင်လိုက်ပေါ့.."

လီရွှမ်က ချီးကျူးစွာ ခေါင်းငြိမ့်သည်။

"ဒါဆိုရင် တပည့်အခုပဲ သွားပြီးတော့ ပြင်ဆင်လိုက်မယ်။ ဒီအဆင့်တွေကို ပါရမီရှိတဲ့ လူတွေကို ရွေးချယ်ပြီး လေ့ကျင့်ခိုင်းရမယ်.."

စုလင်းရှုံမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ အတွင်းဘက်နယ်မြေကို ဝင်ရောက်ရန်အတွက် ကြိုတင်ပြင်ဆင်ရန်မှာ မရှိမဖြစ် လိုအပ်ပါသည်။

ချန်ချင်းစံအိမ်အတွက် ဒန်ဆေးလုံးများမှာ အခြေခံဖြစ်၏။ သူမသည် ခုံရော့ကျစ်ကို ချက်ချင်းပင် အကြောင်းကြားပြီး လူတစ်စုကို ရွေးချယ်သည်။

အားလပ်ပါက သူတို့ကို ဆေးပညာ၏ အဆင့်များအား သင်ကြားပေး၏။ ချန်ချင်းစံအိမ်မှ အဖွဲ့ဝင်များကို အသုံးပြုကာ ဆေးလုံး ထုတ်ဖော်ခြင်းအား  အကောင်အထည် ဖော်မည် ဖြစ်သည်။

ထိုအခါ လိုအပ်သည့် စိတ်ဝိဉာဉ်ဆေးပင်များနှင့် ဒန်ဆေးလုံးများ ရှားပါးမည် မဟုတ်တော့ပေ။ ဒန်ဆေးလုံးများ၏ အကူအညီ ရှိပါက ကျင့်ကြံမှု အမြန်နှုန်းက တိုးတက်လာမှာ ဖြစ်၏။

သို့ရာတွင် သဘာဝတရား ရှစ်ပါးပုံကြမ်းမှ မည်သည့်ဉာဏ်အလင်းကိုမှ ရရှိခြင်း မရှိသေးရာ စုလင်းရှုံမှာ  စိတ်အနှောင့်အယှက် ဖြစ်စွာ ခံစားနေရသည်။ သူမတွင် ကောင်းမွန်သည့် ခန္ဓာကိုယ် လှုပ်ရှားမှုအတတ် တစ်ခုအား လိုအပ်နေ၏။

"စီနီယာအစ်ကိုကြီး ပြန်လာတာကို စောင့်ပြီး သူ့ဆီကနေ မေးရမယ်.."

စုလင်းရှုံက ကိုယ့်ကိုယ်ကို စဉ်းစားသည်။ သူမသည် ရွှေခန္ဓာ ဆေးလုံးတစ်သုတ်ကို ပြင်ဆင်ကာ စံအိမ်၏ အပြင်ဘက်ရှိ တောင်စောင်းငယ်တစ်ခု အပေါ်သို့ ရောက်ရှိလာ၏။

"ဒုတိယစီနီယာအကို... ဒါက ရွှေခန္ဓာဆေးလုံး.."

မုန့်ချုံက ရွှေခန္ဓာ ဆေးလုံးတို့ကို ယူကာ ပြောသည်။

"ဂျူနီယာညီမလေး... ငါတို့မှာ ယာယီအချိန်အတွင်း ဆေးလုံးတွေ လုံလောက်တယ်။ ရွှေခန္ဓာဆေးလုံးတွေကို ထပ်ပြီးတော့ ပြင်ဆင်စရာ မလိုတော့ဘူး။ နင့်ရဲ့ ကျင့်ကြံမှုကို ပိုပြီးတော့ အာရုံစိုက်.."

"ဒုတိယစီနီယာအကို... ဒန်ဆေးသန့်စင်တာကလည်း  ကျွန်မအတွက် ကျင့်ကြံခြင်း တစ်မျိုးပါပဲ.."

စုလင်းရှုံက အပြုံးတစ်ခုဖြင့် ပြော၏။

မုန့်ချုံက စဉ်းစားပြီးနောက် ခေါင်းငြိမ့်သည်။ သူ၏ ဂျူနီယာညီမသည် ဒန်ဆေးသန့်စင်ခြင်း လမ်းစဉ်ကို  ကျင့်ကြံ၏။ ဒန်ဆေးသန့်စင်ခြင်းမှာ အမှန်တကယ်ကို သူမ၏ ကျင့်ကြံမှု တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

"ဒုတိယစီနီယာအကို... နင်အဆင့်ချိုးဖျက်ဖို့ အတွက် အချိန်ဘယ်လောက် ကြာအုံးမှာလဲ.."

စုလင်းရှုံက သိလိုစွာမေး၏။

"မကြာတော့လောက်ဘူး.."

မုန့်ချုံက ရယ်၏။

သူသည် ရွှေခန္ဓာဆေးလုံးများကို အသုံးပြုပြီး  သွေးကြောမှတ်များကို အားဖြည့်၏။ သွေးကြောမှတ် တစ်ခုချင်းစီတိုင်းတွင် ဆန်းကြယ်မှု တစ်ခုကို သယ်ဆောင်ထားလောက်သည်။

သွေးကြောမှတ်များထဲမှ တစ်ခုတွင် သူသည် ဆေဘာဆန္ဒကို ပျိုးထောင်ထားပြီး အရေးကြီးသည့် အခိုက်အတန့်တွင် သူ၏ အကန့်အသတ်ထက် ကျော်လွန်သည့် တိုက်ခိုက်မှုအား ထုတ်လွှတ်နိုင်သည့် ဝှက်ဖဲတစ်ခုအဖြစ် ထားရှိမည် ဖြစ်သည်။

လီရွှမ်မှာ အမြဲတမ်းလိုလို ဝတုတ်ကို ကိုင်ပြီး ကြောင်နီ၏ သွေးကြောမှတ်များကို ထောက်ပြ၏။ နတ်ဆိုးသားရဲများ၏ ကျင့်စဉ်ကို အကြိမ်ကြိမ် ညွှန်ကြားသည်။

ကြောင်နီက နားထောင်ပြီးနောက် နားလည်မှုရှိသည့်အသွင်နှင့် ထွက်ခွာသွား၏။ စံအိမ်၏ အဝင်ဝတွင် လဲလျောင်းကာ အတွေးနက်နေပုံ ပေါ်သည်။

စိတ်ဝိဉာဉ်ဆေးပင်များမှ ရရှိသည့် ကျရှုံးဆေးလုံးများမှာ အံ့သြစရာကောင်းလောက်အောင် အာနိသင် ကောင်းလှသည်။ ကြောင်နီ၏ ခန္ဓာကိုယ်ကို ထပ်မံကြီးထွားလာခဲ့ပြန်စေ၏။ ဤသည်က ရှီအာကို နောက်ထပ် ရွှေကြိုးတစ်ချောင်းအား အစားထိုးရစေသည်။

"သင်၏တပည့် ရွှီယန်သည် စစ်ဘုရင်တစ်ယောက်ကို ဓားဖြင့် ခုတ်ပိုင်းသတ်ဖြတ်ခဲ့သည်။ သင်၏ ဓားတာအို အတွေ့အကြုံက မြင့်တက်လာပြီး ဓားဆန္ဒအပေါ် နားလည်သဘောပေါက်မှုက တိုးမြင့်လာခဲ့သည်.."

ရုတ်တရက် ရွှေရောင်အလင်းက ပေါ်လာခဲ့၏။

လီရွှမ်က မှင်သက်သွားသည်။ ရွှီယန်သည် နောက်ထပ် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်လား။

"သင်၏တပည့် ရွှီယန်သည် စစ်ဘုရင်တစ်ယောက်ကို လက်ဝါးချက်ဖြင့် ရိုက်သတ်ခဲ့သည်။ သင်၏ နဂါးနိုင်လက်ဝါးသိုင်း ကျွမ်းကျင်မှုတို့ တိုးမြင့်လာပြီး နဂါးစွမ်းအား၏ အစစ်အမှန် အဓိပ္ပါယ်အပေါ် နားလည်မှုတို့ မြင့်တက်လာခဲ့သည်.."

ရွှေရောင်အလင်းက ထပ်မံပေါ်လာခဲ့ပြန်၏။ လီရွှမ်က အသက်ကို ရှူသွင်းမိသည်။

ရွှီယန် ချောင်းမြောင်းတိုက်ခိုက်ခြင်း ခံခဲ့ရသည်လား။

"ကြည့်ရတာ ဝတ်စုံနက်တွေရဲ့ နောက်က အဖွဲ့အစည်းများလား.."

လက်ရှိအချိန်၌ ရွှီယန်ကို လုပ်ကြံတိုက်ခိုက်မည့် လူများမှာ ဝတ်စုံနက်များ၏ အဖွဲ့မှ သို့မဟုတ် နတ်ဆိုးအရှင်သခင် ဟော်ထူ၏ အဖွဲ့မှသာ ဖြစ်ပေလိမ့်မည်။

အချိန်ခဏ စောင့်စားပြီးနောက် ရွှေလက်ချောင်းမှ မည်သည့် တန်ပြန်အကျိုးပြုမှုမှ ထပ်မံရောက်မလာတော့ပေ။

'ဒါဆိုရင်... စစ်ဘုရင်နှစ်ယောက် သူ့ကို လာပြီးတော့  တိုက်ခိုက်တာပေါ့..'

လီရွှမ်က ခေါင်းကို ရမ်းသည်။

စစ်ဘုရင်နှစ်ယောက်နှင့် ရွှီယန်ကို လာရောက် တိုက်ခိုက်နေ၏။ အသက်ရှင်ရတာ ပင်ပန်းနေသည်ပင်။

'ရွှီယန်လည်း... ပြန်လာဖို့ အချိန်ရောက်လောက်ပြီး မလား..'

အခုဆိုလျှင် မုန့်ချုံ ပြန်လာခဲ့သည်မှာ တစ်လနီးပါး ရှိနေပါပြီ။

နောက်တစ်နေ့တွင် လီရွှမ်က စုလင်းရှုံ၏ သဘာဝတရားရှစ်ပါးပုံကြမ်းအား လေ့လာမှုအတွက် ညွှန်ကြားမှု ပြုပေးရန် ပြင်ဆင်ထား၏။ ရုတ်တရက် ရွှေရောင်အလင်းက ပေါ်လာခဲ့သည်။

"သင်၏တပည့် ရွှီယန်သည် သင်ဖန်တီးခဲ့သည့် ထုံးရွှမ်အဆင့်၏ ကျင့်ကြံမှုအတတ်ကို နားလည်လာခဲ့သည်။ သင်သည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သွားသည်.."

ရွှီယန်သည် ထုံးရွှမ်အဆင့်၏ ကျင့်စဉ်ကို အမှန်တကယ် နားလည်မှု ရခဲ့လေသည်။

"အုန်း.."

လီရွှမ်တစ်ယောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး၌ ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာကြောင်းကို ခံစားလိုက်ရသည်။ ကျယ်ပြောသည့် အစစ်အမှန်ချီက အစစ်အမှန်ယွမ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာနေ၏။ ခွန်အားက ဒီတစ်ကြိမ်၌ အံ့သြစရာကောင်းလောက်အောင် မြင့်တက်လာခဲ့သည်။

ထို့အပြင် ယခုအချိန်၌ သူ၏ အစစ်အမှန်ယွမ်က သဘာဝ၏ စိတ်ဝိဉာဥ်စွမ်းအင်နှင့် စိတ်ကြိုက် ပေါင်းစပ်နိုင်ပြီး စိတ်ဝိဉာဉ်စွမ်းအင်ကို ထိန်းချုပ်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးမားသည့် စွမ်းအားကို ထုတ်ဖော်နိုင်သည်ဟု ခံစားလာရသည်။

သူသည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ခဲ့၏။ ချီပင်လယ်ဒန်တျန်က ယခုဆိုလျှင် အတိုင်းမသိအောင် ကျယ်ပြောလာပြီး သမုဒ္ဒရာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။ ကျယ်ပြောလှသည့် အစစ်အမှန်ချီက အစစ်အမှန်ယွမ် ဖြစ်လာပြီး ဒန်တန်အတွင်းတွင် လှိုင်းများအဖြစ် ရိုက်ခတ်နေ၏။

လှည့်လည်လိုက်သည်နှင့် ခန္ဓာကိုယ်၌ မြစ်တစ်ခုသဖွယ် စီးဆင်းသွားသည်။

'ဒါဆိုရင် ဒါက ထုံးရွှမ်အဆင့်ပေါ့။ တကယ့်ကို စွမ်းအားကြီးတာပဲ..'

လီရွှမ်က မနေနိုင်ဘဲ အသံပြု၏။ သူဖန်တီးခဲ့သည့် သိုင်းပညာ စနစ်မှာ အမှန်တကယ်ကို စွမ်းအားကြီးမားလှသည်။ တတိယအဆင့်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမားသည့် စွမ်းအားကို စတင် ထိန်းချုပ်နိုင်ဟန် ရှိ၏။

ချက်ချင်းပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ စံအိမ်၏ အထက်တွင် စုစည်းလာကာ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ လေထဲတွင် ထည်ဝါစွာရှိနေပြီး ကြောက်စရာကောင်းသည့် အရှိန်အဝါတို့ကို ပိုင်ဆိုင်ထား၏။

၎င်းတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားအား ထည့်သွင်းထားသည့်နှယ် ရှိသည်။

'ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးမားတဲ့စွမ်းအားနဲ့ စတင် ထိတွေ့လာခဲ့တယ်... ဒါက ထုံးရွှမ်အဆင့်ပဲ..'

လီရွှမ်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။ အတွေးတစ်ချက်နှင့်အတူ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စိတ်ဝိဉာဉ်စွမ်းအင်တို့ ပျောက်ကွယ်သွားခဲ့သည်။

စံအိမ်၏ အထက်ရှိ ကောင်းကင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မည်သည်မှ မဖြစ်ခဲ့သည့်ပုံ ရှိ၏။

All Chapters