← Chapters

ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ခြင်း

Vol. 18 Ch. 258

ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ခြင်း

Vol. 18 Ch. 258

ရွှီယန်သည် အစစ်အမှန်ချီအား ပိုင်းခြားမှုကို အောင်မြင်ခဲ့ပြီး ၎င်း၏ ဆန်းကြယ်မှုများကို နားလည်မှုရလာပြီးနောက် ထုံးရွှမ်အဆင့်၏ ကျင့်စဉ်အား ဉာဏ်အလင်းရရန် နီးကပ်နေပြီး ဖြစ်သည်။

ဒီအချိန်၌ ထုံးရွှမ်အဆင့်၏ ကျင့်ကြံမှုနည်းလမ်းများက သူ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာနေ၏။

အစစ်အမှန်ယွမ်အား မည်ကဲ့သို့ သန့်စင်ရန်၊ သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်နဲ့ မည်ကဲ့သို့ ပေါင်းစပ်ရန်၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန်းကြယ်မှုများနှင့် မည်ကဲ့သို့ ဆက်သွယ်ရန်တို့ ဖြစ်၏။

ထိုအရာအားလုံးတို့က စတင် ရှင်းလင်းလာကြသည်။ ရွှီယန်၏ စိတ်ထဲ၌ ပြည့်စုံသည့် ထုံးရွှမ်အဆင့်၏ စစ်မှန်သည့် ကျင့်စဉ်က ထွက်ပေါ်လာပြီး ထုံးရွှမ်အဆင့်သို့ လမ်းကြောင်းက ပွင့်လန်းလာခဲ့၏။

သူသည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန်သာ လိုအပ်တော့၏။

သိုင်းပညာ၏ တတိယအဆင့် ထုံးရွှမ်အဆင့်...

"ဒါဆိုဒါက ထုံးရွှမ်အဆင့်ပေါ့။ နောက်ဆုံးတော့ ဆရာသင်ပေးတဲ့ ထုံးရွှမ်အဆင့်ရဲ့ ကျင့်စဉ်ကို နားလည်မှုရလာခဲ့ပြီ.."

ရွှီယန်က အလွန် စိတ်လှုပ်ရှားလာခဲ့၏။ ထုံးရွှမ်အဆင့်ကို နားလည်လာပြီးနောက် သိုင်းပညာ၏ တတိယအဆင့်တံခါးမှာ သူ့အတွက် ဖွင့်လှစ်ပြီး ဖြစ်သည်။ ထိုတံခါးဆီသို့ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းကာ ဝင်ရောက်သွားဖို့သာ လိုအပ်တော့၏။

'ငါမူလအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို အမြန်ဆုံး ရောက်ရှိအောင် လုပ်ရမယ်။ ပြီးရင် ထုံးရွှမ်အဆင့်ကို ချိုးဖျက်လို့ရပြီ။ ထုံးရွှမ်အဆင့်ကို ရောက်ပြီးတာနဲ့ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်ကိုတောင် အလွယ်တကူ သတ်လို့ရနိုင်တယ်..'

ရွှီယန်က စိတ်အားထက်သန်စွာ စဉ်းစားသည်။

"ပြန်ဖို့ အချိန်ရောက်ပြီ.."

ချန်းလန်ကျွန်းမှာ သူ၏ပိုင်နက် ဖြစ်နေပြီးဖြစ်၏။

အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်တို့ကို သတ်ဖြတ်ပြီးနောက် မည်သူမှ ချန်းလန်ကျွန်းကို လာရောက်လုယက်ရဲခြင်း မရှိတော့ပါ။

အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် ပင်လျှင်  အကျိုးအမြတ်ကို ချိန်ဆရမည် ဖြစ်၏။

'ဂျူနီယာညီမလေး လိုအပ်တဲ့ စိတ်ဝိဉာဉ်ဆေးပင် စာရင်းကို အတူတူစုပြီးတော့ ဝယ်ရမယ်။ ဒါတွေဝယ်ပြီးသာ ပြန်သွားပြီးရင် ဆေးလုံးတွေ သန့်စင်နိုင်ပြီး ငါ့မိဘတွေရဲ့ ကျင့်ကြံမှုလည်း လျှင်လျှင်မြန်မြန် တိုးတက်လာမှာ..'

'အထူးသဖြင့် အဘိုးပဲ။ သူက အသက်တော်တော်လေး ကြီးနေပြီ။ ဒီဆေးလုံးတွေက သူ့ရဲ့ခန္ဓာကိုယ်ကို ထိရောက်အောင် အားဖြည့်ပေးပြီး ခွန်အားကို တည်တည်ငြိမ်ငြိမ် တိုးတက်လာစေနိုင်မှာ..'

ရွှီယန်သည် သူ၏မိဘများနှင့် မိသားစုအနေနှင့် စွန့်ပစ်ဒေသကဲ့လို အစွန်အဖျားလေး၌ အမြဲတမ်း နေနိုင်မည် မဟုတ်ကြောင်းကို နားလည်ပါသည်။ အတွင်းဘက်နယ်မြေမှာ ကျယ်ပြောပြီး အရင်းအမြစ်တို့ဖြင့် ကြွယ်ဝ၏။ စွန့်ပစ်ဒေသထက် များစွာ ပိုမို သာလွန်သည်။

ထိုအချိန်၌ ခွန်အားတို့ မြင့်တက်လာမှသာလျှင် ကိုယ့်ကိုယ်ကို ကောင်းကောင်း ကာကွယ်နိုင်မည် ဖြစ်၏။ သူသည် မိဘများ၏ ဘေးတွင် အမြဲတမ်း နေထိုင်နိုင်မည် မဟုတ်ပါ။

'ဂျူနီယာညီမလေးရဲ့ ရန်သူက တော်တော်လေး  စွမ်းအားကြီးတယ်။ ငါသူတို့ကို စုံစမ်းဖို့အတွက် နည်းလမ်းတစ်ခုကို ရှာသင့်တယ်။ သူတို့ကို ကြည့်ရတာ ဂျူနီယာညီမလေးအပေါ် တော်တော်လေး တန်ဖိုးထားပြီး ဖမ်းဆီးချင်နေပုံပဲ..'

ရွှီယန်က နှလုံးသားထဲတွင် စဉ်းစား၏။ သူသည် ဝတ်စုံနက်၏ နောက်ရှိ အင်အားစုနှင့် ရန်သူကြီးများ ဖြစ်နေပြီးဖြစ်၏။ ရန်သူဖြစ်ပြီးမှတော့ ထိုသူများကို အပြီးတိုင် ဖျက်ဆီးရပေမည်။

သို့ပေမယ့် ဝတ်စုံနက်များ၏ အဖွဲ့မှာ လျှို့ဝှက်ဆန်းကြယ်ပြီး သူတို့၏ စခန်းကို စုံစမ်းရန်မှာ လွယ်ကူခြင်း မရှိပေ။

သို့ပေမယ့် စုလင်းရှုံ အတွင်းဘက်နယ်မြေသို့ ရောက်ရှိလာပြီး သူမကိုယ်သူမ ထုတ်ဖော်ပြလိုက်လျှင်တော့ အများကြီး စုံစမ်းနေစရာလိုမည် မဟုတ်တော့ပေ။ ကိုယ်တိုင် ရောက်ရှိလာကြမှာ ဖြစ်၏။

ထို့ကြောင့် ဝတ်စုံနက်များ၏ အင်အားစုကို ရင်ဆိုင်ရန်အတွက်  ကောင်းမွန်သည့် ခွန်အားတစ်ခုကို ပြင်ဆင်ထားရန် လိုအပ်သည်။

ဆရာမှာတော့... ရွှီယန်အနေနှင့် ဆရာ၏ အပေါ်ကို မှီခိုပြီး ဝတ်စုံနက်များကို ရင်ဆိုင်ရန် စဉ်းစားထားခြင်း မရှိပါ။ ဆရာကဲ့သို့ မြင့်မားသည့် ဂုဏ်သ‌ရေနှင့် လူတစ်ယောက်က ဝတ်စုံနက်များကို အဘယ်ကြောင့် ကိုယ်တိုင်ရင်ဆိုင်နေရမည်နည်း။ ဤသည်က သူ၏ သိက္ခာကို ချသည်နှင့် တူမှာပါ။

တပည့်တစ်ယောက်အနေနှင့် ကိုယ့်ကြောင့် ဖြစ်ပွားစေခဲ့သည့် အရှုပ်ထုပ်များကို ဆရာ့အား ရှင်းလင်းခိုင်းလို့ မဖြစ်ပေ။ သူရွှီယန်သည် သူ့ပြဿနာကို သူ့ဘာသာ ဖြေရှင်းမည့်လူ ဖြစ်၏။

ဆရာသည် လောကကြီးမှ တံခါးပိတ်နေထိုင်ပြီးနောက် သူ့ကြောင့် ပြန်လည်ထွက်ပေါ်လာခဲ့ရ၏။ ယခုကဲ့သို့ အမှိုက်များကြောင့် ဆရာ၏ ငြိမ်းချမ်းမှုကို နှောက်ယှက်လိုခြင်း မရှိပါ။

'ငါသာ ထုံးရွှမ်အဆင့်ကို ဝင်ပြီးရင် အထွတ်အထိပ်စစ်ဘုရင်တွေ ဘယ်လောက်များများလာလာ စိတ်ကြိုက်သတ်လို့ရပြီ။ မင်းတို့မှာ အထွတ်အထိပ်စစ်ဘုရင် ဘယ်နှစ်ယောက်ရှိလဲ ဆိုတာကို ကြည့်ရတာပေါ့..'

ရွှီယန်က နှလုံးသားထဲတွင် နှာခေါင်းရှုံ့၏။ သူသည်တောင်ပေါ်မှ ဆင်းလာခဲ့သည်။

"အကိုရှဲ့... ဟူရှန်း... သွားကြရအောင်... ထွက်ခွာဖို့အချိန်တန်ပြီ.."

ရွှီယန်က သူတို့ကို ခေါ်လိုက်၏။

"ညီလေးရွှီ... မင်းရဲ့ခွန်အား ထပ်ပြီးတော့ မြင့်တက်သွားပြန်ပြီး

မလား.."

ရှဲ့လင်ဖုန်းက မေးသည်။

"အဲ့လောက် ဘယ်လွယ်ကူမလဲ.."

ရွှီယန်က ခေါင်းကိုရမ်း၏။

ဟူရှန်းက သေတ္တာတစ်ခုကို သယ်ဆောင်ကာ ၃ယောက်သား ချန်းလန်ကျွန်းဆီမှ ထွက်ခဲ့ကြသည်။

ချန်းလန်ကျွန်းမှ ထွက်ခွာပြီးနောက် ရွှီယန်သည် စွန့်ပစ်ဒေသသို့ ချက်ချင်း ပြန်ရောက်ခြင်း မပြုပါ။ အဲ့ဒီ့အစား ထန်ပေါင်စံအိမ်၌ သိုလှောင်ထားသည့် စိတ်ဝိဉာဉ် ဆေးပင်များကို သွားရောက်ထုတ်ယူ၏။

စုလင်းရှုံ မှာကြားလိုက်သည့် စိတ်ဝိဉာဉ်ဆေးပင်များ အားလုံးကိုလည်း ဝယ်ယူသည်။ သူဝယ်ယူမည့် ပမာဏမှာ များပြားလှရာ မြို့ငယ်လေးများမှာ ရနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် လန်းဖင်စီရင်စု မြို့တော်ရှိ ထန်းပေါင်စံအိမ်သို့ သွားရောက်ဝယ်ယူ၏။

ပြီးခဲ့တုန်းက သိုလှောင်ထားသည့် ဆေးပင်များမှာလည်း လန်းဖင်စီရင်စုမြို့၏ ထန်းပေါင်စံအိမ်တွင် ရှိနေပါသည်။ စိတ်ဝိဉာဉ်ဆေးပင် အိတ်ကြီးနှစ်အိတ်နှင့်... ရွှီယန်က တစ်ခုကို သယ်ဆောင်ပြီး ရှဲ့လင်ဖုန်းက  နောက်တစ်ခုကို ကူညီ သယ်ဆောင်ပေးသည်။

သူတို့၏ ကျောပေါ်တွင် တောင်ကုန်းငယ်တစ်ခု ရှိနေသကဲ့သို့ ရှိ၏။

"စိတ်ဝိဉာဉ် ပုံဆောင်ခဲတွေ... ဒါတွေကလည်း သုံးရတာမြန်လိုက်တာ.."

ရွှီယန်က လေးလံစွာ သက်ပြင်းချသည်။ ဒီခရီးစဉ်က သူ၏ စိတ်ဝိဉာဉ်စာရွက် အားလုံးနီးပါးကို ကုန်ဆုံးသွားစေခဲ့၏။ စိတ်ဝိဉာဉ်ဆေးပင် နှစ်အိတ်သာလျှင် ရခဲ့လေသည်။

သူသည် စာရင်းထဲမှ ပါရှိသည့် ဆေးများအတွက် တစ်မျိုးလျှင် ဆယ်စုံစာလောက်ကို ဝယ်ယူခဲ့သည်။

စုလင်းရှုံ၏ စာရင်းထဲရှိ ဆေးပင် အများစုတို့မှာ အဆင့်၉နှင့် အဆင့်၈များ ဖြစ်ကြ၏။ အဆင့်၇ အနည်းငယ်သာ ပါဝင်ပြီး အဆင့်၆ဆိုလျှင် တစ်ခုမှ မပါရှိပေ။

သိသာစွာပင် သူမသည် စာရင်းကို ပြုလုပ်ချိန်၌  အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်များ၏ ရှားပါးမှုကို တွေးဆကာ သူတို့ကို ဝန်ပိစေမှာ စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်များပင်လျှင် အနည်းငယ်သာလျှင် ပါဝင်၏။

ထိုကဲ့သို့ စိတ်ဝိဉာဉ်ဆေးပင်များ၏ အဆင့်နိမ့်ကျနေခြင်းကြောင့်သာ သူလည်း ယခုကဲ့သို့ အိတ်ကြီးနှစ်အိတ်ကို ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ရွှီယန်၏ လက်ရှိ ပိုင်ဆိုင်ထားသည့် စိတ်ဝိဉာဉ် ပုံဆောင်ခဲများနှင့် ယခုမျှ များပြားသည့် ပမာဏကို ဝယ်ယူနိုင်မည် မဟုတ်ပေ။

ဟူရှန်းက သေတ္တာတစ်ခုကိုသာ သယ်ဆောင်ထား၏။ သူတို့ အထဲတွင် အနည်းဆုံး ဖြစ်သည်။  ရွှီယန်နှင့် ရှဲ့လင်ဖုန်းတို့က ကြီးမားလှသည့် အထုပ်ကြီးများကို သယ်ဆောင်ထားပြီး ထိုအထုပ်များက ပိုမိုမြင့်မား၏။

လန်းဖင်စီရင်စု၏ လမ်းပေါ်တွင် လျှောက်လှမ်းရင်းက အကြည့်များစွာကို ဆွဲဆောင်သွားသည်။ အထူးသဖြင့် ထန်းပေါင်စံအိမ်မှ ထွက်လာချိန်၌ ဖြစ်၏။ သူတို့သည် ထိုနေရာမှ ပစ္စည်းများစွာတို့ကို ဝယ်ယူခဲ့တာ သိသာလှပါသည်။

"ကြည့်ရတာ တော်တော်လေး အာရုံစိုက်ခံရမယ့် ပုံပဲ.."

ဟူရှန်းက သက်ပြင်းချသည်။

ထန်းပေါင်စံအိမ်၏ မန်နေဂျာက ရွှီယန်ကို အာရုံစိုက်ခံရမှုအား ရှောင်ရှားစေရန် ဘေးတံခါးမှ ထွက်သွားမည်လားဟု မေးခဲ့သေး၏။ ရွှီယန်ကတော့ မလိုအပ်ဟုဆိုကာ အဓိက ဝင်ပေါက်မှသာလျှင် ပြန်ထွက်ခဲ့သည်။ သူတို့အနေနှင့် အာရုံစိုက်ခြင်းကို မခံရပါက ထူးဆန်းနေပေလိမ့်မည်။

"ငါတို့ကို မကောင်းကြံတဲ့လူတွေ မဆင်းရဲဖို့ပဲ မျှော်လင့်တယ်.."

ရွှီယန်က သက်ပြင်းချ၏။

သူသည် ကြီးမားလှသည့် စိတ်ဝိဉာဉ်ဆေးပင် အိတ်ကြီးကို သယ်ဆောင်ထားပေမယ့် စစ်ဘုရင်တစ်ယောက်သာ တိုက်ခိုက်ခြင်း မပြုပါက ဆေးပင်များအား ထိခိုက်မည်ကို စိုးရိမ်စရာ လုံးဝမရှိပေ။

မည်သည့် သိုင်းသခင်မဆို မျက်စိတမှိတ် အတွင်းတွင် အသက်ပျောက်သွားနိုင်၏။

All Chapters