← Chapters

နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်း၊ ချန်းလန်ကျွန်း၌ ဉာဏ်အလင်းပွင့်ခြင်း(၂)

Vol. 18 Ch. 257

နှစ်ယောက်တစ်ယောက် တိုက်ခိုက်ခြင်း၊ ချန်းလန်ကျွန်း၌ ဉာဏ်အလင်းပွင့်ခြင်း(၂)

Vol. 18 Ch. 257

သူက အထွတ်အထိပ် စစ်ဘုရင်တစ်ယောက် များလား...

"ဒီဝတ်စုံနက်နှစ်ကောင်ရဲ့ နောက်က အမှောင်အဖွဲ့အစည်းလည်း လက်စားချေချင်ရင် ငါ့ကို လာရှာလှည့်။ ဓားနတ်ဘုရားရွှီယန်က မင်းတို့ကို စောင့်စားနေတယ်။ ဒါပေမယ့် စိတ်ဝိဉာဉ် ပုံဆောင်ခဲတွေတော့ လုံလောက်အောင် ယူလာခဲ့ကြ။ ငဲမွဲငတေကောင်တွေက ငါ့လက်ထဲမှာသေဖို့ မထိုက်တန်ဘူး.."

ရွှီယန်၏ အေးစက်သည့် အသံက ထပ်မံထွက်ပေါ်လာ၏။ လူတိုင်းက အသက်ကို နက်ရှိုင်းစွာ ရှူသွင်းမိကြသည်။ ဤသည်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုအား တိုက်ရိုက် စစ်ကြေငြာခြင်း ဖြစ်၏။

စစ်ဘုရင်နှစ်ယောက်တို့ကို စေလွှတ်နိုင်သည့် အဖွဲ့အစည်းတစ်ခုမှာ သေချာပေါက် ထိပ်တန်း အင်အားကြီး အဖွဲ့အစည်း တစ်ခု ဖြစ်မှာပါ။ အထွတ်အထိပ် စစ်ဘုရင်တို့ ရှိနေနိုင်၏။

ဒီလူသည် တစ်ယောက်တည်းနှင့် ထိပ်တန်းအင်အားစုတစ်ခုလုံးကို ဖိနှိပ့်ချင်သည်လား။

ဝတ်စုံနက်နှစ်ယောက်တို့မှာ ကြီးမားသည့် သေခြင်းရှင်ခြင်းအန္တရာယ်ကို ခံစားလိုက်ရပြီး သူတို့၏ ပုံစံများက ပြောင်းလဲကာ ထိတ်လန့်သွားကြသည်။ ညှိုးမှိုင်းသည့် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ဓားကောက်များ၌ အေးစက်သည့် အငွေ့အသက် အလွှာတစ်ခု လွှမ်းခြုံလာခဲ့သည်။

ရေခဲလွှာတစ်ခု ဖွဲ့စည်းလာသကဲ့သို့ ရှိပြီး  ပတ်ဝန်းကျင်၏ အပူချိန်ကို နိမ့်ဆင်းသွားစေ၏။ ညှို့မှိုင်းသည့် စွမ်းအင်တွင် သေခြင်းအငွေ့အသက်ကို သယ်ဆောင်လာသည့်ဟန် ရှိသည်။

တစ်ဖက်ရန်သူက သူသေကိုယ်သေ တိုက်ခိုက်ရန် ပြင်ဆင်ပြီး စွမ်းအားကြီးမားသည့် သိုင်းပညာ လျှို့ဝှက်အတတ် တစ်ခုကို အသက်သွင်းလိုက်တာ ဖြစ်ပေလိမ့်မည်။

တစ်ချက်ကြည့်သည်နှင့် ထိုလျှို့ဝှက်အတတ်မှာ အရင်အနှီး ကြီးမားမည် ဖြစ်ကြောင်းကို သိသာစွာ တွေ့မြင်နိုင်၏။ သို့ပေမယ့် သေခြင်းရှင်ခြင်း အခြေအနေတွင် ထိုကဲ့သို့သော ပေးဆပ်ရမှုမျိုးမှာ ဘာမှမဟုတ်တော့ပါ။

"သိုင်းပညာ လျှို့ဝှက်အတတ် တစ်ခုလား... ဟန့်.."

ရွှီယန်က နှာခေါင်းရှုံ့သည်။ သူ၏ဓားကို ဝှေ့ရမ်းလိုက်ပြီးနောက် သက်ရှိအားလုံးတို့ တိတ်ဆိတ်သွားသည့်ဟန် ရှိပြီး တောင်နှင့်မြစ်တို့က ပြိုလဲကုန်ကြသည်။

ညှိုးမှိုင်းသည့် အငွေ့အသက် အတွင်းတွင် တုန်ခါမြည်ဟီးနေသည့် တောင်နှင့်မြစ်တို့က အုပ်စိုင်းလာပြီး အရာအားလုံးကို ဖိနှိပ့်လာခဲ့၏။ တောင်နှင့်မြစ်၏ ပျက်စီးမှုနှင့်အတူ ညှို့မှိုင်းသည့် စွမ်းအင်မှာလည်း ဖျက်စီးခြင်း စွမ်းအားဖြင့် ပျောက်ကွယ်သွားရသည်။

"မဟုတ်ဘူး... ဒါကဘာလဲ..."

ဝတ်စုံနက်နှင့် လူများ၏ မျက်လုံးများက မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားကြသည်။ ဤသည်မှာ မည်ကဲ့သို့သော ဓားသိုင်းဖြစ်သနည်း။ အလွန် ထူးဆန်းကာ စွမ်းအားကြီးမားလှသည်။

ဝတ်စုံနက်များ၏ ခန္ဓာကိုယ်က တစ်စတစ်စချင်းစီ ပျက်စီးလာပြီး တောင်နှင့်မြစ်နှင့်အတူ ပြာများအဖြစ် ပြောင်းလဲသွားခဲ့၏။

"ဘုန်း.."

နဂါးနိုင်လက်ဝါးက ကြီးစိုးသည့် ယန်စွမ်းအားတစ်ခုကို ထုတ်လွှတ်လာပြီး ဒေါသကြီးနေသည့် ရွှေနဂါးကဲ့သို့ ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို အမျက်ဒေါသဖြင့် တုန်ဟီးသွားစေသည်။

လျှို့ဝှက်အတတ်ကို အသုံးပြုခဲ့သည့် နောက်ထပ် ဝတ်စုံနက်လည်း သူ၏ ကဒ်ဘေးကို ကြုံတွေ့ရသည့်နှယ် ရှိ၏။ ညှို့မှိုင်းသည့် စွမ်းအင်မှာ ပြင်းထန်သည့် ယန်စွမ်းအားအောက်တွင် စက္ကူကဲ့သို့ ချည့်နဲ့လှပြီး ခုခံနိုင်ခြင်း လုံးဝမရှိပေ။

"ဘယ်လိုဖြစ်နိုင်မှာလဲ.."

ဝတ်စုံနက်မှာ ပေါက်ကွဲထွက်သွား၏။ ကြောက်စရာကောင်းလှသည့် နဂါး၏စွမ်းအားနှင့် တစ်စစီပြိုလဲကာ ပြာများအဖြစ် ပြောင်းလဲသွားခဲ့သည်။

လောကကြီးက ပြန်လည် တိတ်ဆိတ်သွားခဲ့၏။ ချန်းလန်ကျွန်းက ပုံမှန်အတိုင်း စီးဆင်းနေပြီး လောကကြီး အဆုံးသတ်သကဲ့သို့ မုန်တိုင်းလည်း သဲလွန်စရှာမရအောင် ပျောက်ကွယ်သွားခဲ့သည်။

လေထဲတွင် ဓားတစ်လက်နှင့် လူတစ်ယောက်သာလျှင် ဂုဏ်ယူစွာ ရပ်နေ၏။ ထိုမြင်ကွင်းကို မြင်တွေ့သူအားလုံးတို့ တိတ်ဆိတ်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် ဓားနတ်ဘုရားရွှီယန်ဟူသည့် အမည်က တံဆိပ်ရိုက်ခတ် သွားခဲ့၏။

လူငယ်တစ်ယောက်သည် ဓားတစ်ချောင်းကို ကိုင်ဆောင်ပြီး ချန်းလန်ကျွန်း၏ အပြင်ဘက်တွင် အကြီးစားကျွမ်းမှုအဆင့် စစ်ဘုရင်နှစ်ယောက်တို့ကို သတ်ဖြတ်ခဲ့သည်။

"လောကကြီးမှာရှိတဲ့ ပါရမီရှင်တွေ အကြောင်းကို  ပြောရရင်... ရွှီယန်နဲ့ ဘယ်သူမှ မနှိုင်းယှဥ်နိုင်ဘူး.."

"ရွှီယန်က အတွင်းဘက်နယ်မြေရဲ့ ပါရမီရှင် အားလုံးထက် အများကြီး သာလွန်တယ်.."

"ငါတော့ ကြိုမြင်နေတယ်။ နောင်မှာ ဒီလူက အတွင်းဘက်နယ်မြေတစ်ခုလုံးမှာ နံပါတ်တစ် ဖြစ်လာမယ်လို့.."

တိုက်ပွဲကို ကြည့်နေကြသည့် သိုင်းသခင်များက  နက်ရှိုင်းသည့် ခံစားချက်ဖြင့် မှတ်ချက်များကို ပြုကြ၏။

ရွှီယန်သည် ငယ်ရွယ်လှ၏။ သို့ပေမယ့် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်တို့ကို သတ်ဖြတ်ခဲ့သည်။

ဖြစ်နိုင်သည်မှာ သူ့အတွက် အထွက်အထိပ် စစ်ဘုရင်တစ်ယောက်ကို သတ်ဖြတ်နိုင်ရန်မှာ ကြာရှည်မည် မဟုတ်တော့ပေ။

စစ်မှန်စွာ အနှိုင်းမဲ့သည့် ပါရမီရှင်တစ်ယောက် ဖြစ်၏။ မည်သူမှ နှိုင်းယှဉ်နိုင်ခြင်း မရှိပါ။

ရှဲ့လင်ဖုန်းနဲ့ ဟူရှန်းတို့လည်း‌ ဒီအချိန်၌ ကြီးစွာ မှင်သက်နေကြသည်။ ရွှီယန်ပြသခဲ့သည့် စွမ်းအားက သူတို့စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေ၏။

သူသည် မူလအဆင့်၌သာ ရှိပါသေးသည်။ သို့ပေမယ့် တစ်ယောက်တည်းနှင့် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်တို့ကို  သတ်ဖြတ်ခဲ့၏။ ဤသည်မှာ စစ်မှန်သည့် သိုင်းပညာ၏ ကြောက်စရာကောင်းသည့် အချက်လေလား။

ရှဲ့လင်ဖုန်းက  နှလုံးသားထဲတွင် သက်ပြင်းချသည်။

သူ့ကို ဓားသိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည့် နှစ်၁၀၀၀အတွင်းတွင် အသန်မာဆုံး ပါရမီရှင်ဟု လူသိများ၏။ သို့ရာတွင် ရွှီယန်နှင့် နှိုင်းယှဉ်ပါက ခြားနားချက်က အလွန် ကြီးမားလှသည်။

စိတ်သက်သာရာ ရစေသည့် အချက်မှာ အတွင်းဘက်နယ်မြေရှိ ပါရမီရှင်များ အကြားတွင် သူသည် ထိပ်တန်း၌ ရပ်တည်နေဆဲ ရှိ၏။ အခြားပါရမီရှင်များကို ခေါင်းငုံ့ကြည့်နိုင်သည့်  အရည်အချင်းနှင့် ယုံကြည်ချက်တို့အား ပိုင်ဆိုင်ထားရှိသည်။

ရှဲ့လင်ဖုန်းသည် ရွှီယန်၏ စွမ်းအားကို လိုက်မှီနိုင်ရန်အတွက် စိတ်ကူးအား လက်လျှော့လိုက်ပြီး ဖြစ်၏။ သူ၏ အကန့်အသတ်ကို သူသိပါသည်။ ဒီဘဝတွင် အကြီးမားဆုံးဆန္ဒမှာ သန့်စင်သော ဓားနှလုံးသားကို နားလည်ပြီး ဓားတာအိုအတွင်းသို့ စစ်မှန်စွာ ဝင်ရောက်နိုင်ရန်သာ ဖြစ်၏။

"ညီလေးရွှီ... ဒီတိုက်ပွဲက အတွင်းဘက်နယ်မြေကို  အမှန်တကယ် လှုပ်ခါသွားစေခဲ့တယ်.."

ရှဲ့လင်ဖုန်းက လျှောက်လာပြီး ခံစားချက်မြင့်စွာ ပြော၏။

ခုနှစ်စင်ကြယ် အကယ်ဒမီတွင် ရွှီယန်သည် ယင်ဟုန်ကို လက်ဝါးတစ်ချက်ဖြင့် ပေါက်ကွဲပစ်ခဲ့၏။ ဤသည်မှာ လုံလောက်စွာ အံ့သြစရာကောင်းနေပြီး ဖြစ်သည်။

ယခုအချိန်၌ ချန်းလန်ကျွန်၏ အပြင်ဘက်တွင် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်တို့ကို တစ်ယောက်တည်းနှင့် ရင်ဆိုင်ကာ သတ်ဖြတ်ခဲ့၏။

ထိုးခြိမ်းခြောက်နိုင်စွမ်းက ယင်ဟုန်ကို ဖောက်ခွဲခဲ့သည်ထပ်ပင် များစွာ ပိုမို အားကောင်းလှပါသည်။

ဘာပဲဖြစ်ဖြစ် ယင်ဟုန်မှာ စစ်ဘုရင်အဆင့်သို့ ဝင်ရောက်ခါစသာ ရှိသေးပြီး အားလည်း နည်းလွန်းလှသေး၏။

စွမ်းအားကြီးမားသည့် အချို့စစ်ဘုရင်များအနေနှင့် ရွှီယန်သည် ယင်ဟုန်ကို လက်ဝါးတစ်ချက်ဖြင့် ဖောက်ခွဲဖြစ်ခဲ့သည်ဟု ကြားလျှင်တောင် စိတ်ထဲတွင် အများကြီး တွေးမှတထားမည် မဟုတ်ပေ။

လျှို့ဝှက်အတတ်အချို့ကို အသုံးပြုပြီး ခွန်အားကို ယာယီမြှင့်တင်ကာ တစ်ချက်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်မည်ဟုသာ တွေးကြ၏။

သူတို့၏ စွမ်းအားအားလုံးကို အသုံးပြုရင်လည်း တူညီစွာ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြသည်။

ဘာပဲဖြစ်ဖြစ် ယင်ဟုန်၏ တိုက်ခိုက်မှုခွန်အားမှာ လူသစ်တစ်ယောက်လေးသာ ဖြစ်ရာ မည်သူမှ တိကျစွာ မပြောနိုင်ကြပေ။ သို့ပေမယ့် တတိယတန်းစား စစ်ဘုရင်တစ်ယောက် ဖြစ်မည်ဟု ခန့်မှန်းမိကြ၏။

ရွှီယန်က သူ့ကို တစ်ချက်တည်းဖြင့် ဖောက်ခွဲပစ်ခဲ့ခြင်းမှာ အံ့သြစရာကောင်းသည်ဟု ထင်ရပေလိမ့်မည်။

သို့ပေမယ့် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များနှင့် အထွတ်အထိပ် စစ်ဘုရင်များအတွက်မူ အမှန်တကယ် အများကြီး ဂရုစိုက်ခြင်း မရှိပေ။

ယခုအချိန်တွင်တော့ ရွှီယန်သည် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်တို့ကို တစ်ယောက်တည်းနှင့် ရင်ဆိုင် သတ်ဖြတ်ခဲ့၏။ ထိုနှစ်ယောက်လုံး၏ တိုက်ခိုက်မှုအင်အားက ပုံမှန်ထက် ပိုမိုကာပင် မြင့်မားနေသေးသည်။

ထိုခြိမ်းခြောက်နိုင်စွမ်းက ချက်ချင်းပင် နောက်တစ်ဆင့်သို့ ရောက်ရှိသွားစေ၏။ အထွတ်အထိပ် စစ်ဘုရင်များပင်လျှင် သတိကြီးလာကြသည်။

"ဒါက အမည်ခံသက်သက်ပါ။ မပြောပလောက်ပါဘူး.."

ရွှီယန်က လက်ကို ဝှေ့ရမ်းသည်။ ၃ယောက်သားသည် ချန်းလန်ကျွန်းဆီသို့ ပြန်ခဲ့ကြ၏။

"အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်တွေက တကယ့်ကို စွမ်းအားကြီးတယ်လို့ ဆိုနိုင်တယ်။ ငါ့ကို ဒီလောက်အထိ အချိန်ကြာအောင် တိုက်ခိုက်ရစေတာ သူတို့ရဲ့ စွမ်းအားက တကယ့်ကို အံ့သြဖို့ကောင်းတယ်။ အထွတ်အထိပ် စစ်ဘုရင်သာဆိုရင် အများကြီးပိုပြီး စွမ်းအားကြီးလောက်တယ်.."

ရွှီယန်၏အသံက ချီးကျူးမှုတို့ဖြင့် ပြည့်နက်နေ၏။ သူသည် အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်များကို အထင်သေးခဲ့မိသည်။

ထို့ကြောင့် အထွတ်အထိပ် စစ်ဘုရင်များကိုလည်း  အသစ်တစ်ဖန် ပြန်လည်သုံးသပ်ရန် လိုအပ်လာ၏။

အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင် တစ်ယောက်သည် သဘာဝ၏ စိတ်ဝိဉာဉ်စွမ်းအင်ကို နှိုးဆွပြီး မိမိ၏ ကိုယ်ပိုင်အတွက် အသုံးပြုနိုင်အောင် ထိန်းချုပ်နိုင်လုနီးပါး ရှိ၏။

အထွတ်အထိပ် စစ်ဘုရင်သာဆိုပါက သဘာဝ၏  စိတ်ဝိဉာဉ်စွမ်းအင် အချို့ကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်နေပြီး ဖြစ်ကာ မိမိ၏ တိုက်ခိုက်မှုစွမ်းအားကို မြှင့်တင်နိုင်လောက်ပါသည်။ သေချာပေါက် အထင်သေးလို့ မရပေ။

ရွှီယန်သည် သူ၏ လက်ရှိခွန်အားနှင့် အထွတ်အထိပ်စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူနိုင်ခြင်း ရှိမည် မဟုတ်ဟု ခံစားရ၏။ သို့ရာတွင် အထွတ်အထိပ် စစ်ဘုရင်ကလည်း သူ့ကို အနိုင်ယူနိုင်မည် မဟုတ်ပါ။

"ငါ့သာ မူလအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို အဆင့်ချိုးဖျက်သွားရင် အထွက်အထိပ် စစ်ဘုရင်ကိုတောင်မှ သတ်ဖြတ်နိုင်လောက်တယ်.."

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစား၏။

၃ယောက်သားသည် ချန်းလန်ကျွန်းသို့ ရောက်ရှိလာကြ၏။ အဆောက်အအုံ အားလုံးတို့မှာ အကောင်းပကတိ အတိုင်းသာ ရှိနေကြသည်။

ရွှီယန်က ယင်ဟုန်၏ နေအိမ်သို့ တစ်ခါတည်းတည့်မတ်စွာ သွားလိုက်၏။ အိမ်တံခါးတို့ ပွင့်နေကြောင်းကို တွေ့လိုက်ရသည်။ ထင်ထားသည့်အတိုင်းပင်။

သူ၏ သဲကြီးမဲကြီး ရှာဖွေမှုတစ်ခုအပြီးတွင် နောက်ဆုံး၌ လျှို့ဝှက်ခန်းတစ်ခုကို တွေ့လိုက်ရ၏။ လျှို့ဝှက်ခန်းကို ဖွင့်လိုက်ပြီးနောက် ပြည့်နက်နေသည့် စိတ်ဝိဉာဉ်ပုံဆောင်ခဲများ၊ ကျောက်စိမ်းသေတ္တာအတန်းလိုက်များကို တွေ့ရ၏။

သေတ္တာများ၏ အတွင်းတွင် အဆင့်၇စိတ်ဝိဉာဉ်ဆေးပင်တို့ ရှိပါသည်။ အားလုံးပေါင်းလိုက်ပါက အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် ၁၁ခု ရှိ၏။

အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် တစ်ပင်မှ မရှိပေ။ အတွင်းဘက်နယ်မြေတွင် ထိုအဆင့်နှင့် ဆေးပင်က အမှန်တကယ်ကို ရှားပါး၏။

ရွှီယန်က အကြမ်းဖျင်း ရေတွက်ကြည့်သည်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲမှာ ၁၀၀၀၀၀အောက်ရှိပြီး အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် ၁၁ခုနှင့် အခြား စိတ်ဝိဉာဉ်ဆေးပင် စုစုပေါင်း ၃၀တို့ ရှိပါသည်။

ရွှီယန်ကို စိတ်သက်သာရာ ရသွားစေသည်မှာ စိတ်ဝိဉာဉ်စာရွက်များ ထည့်ထားသည့် သေတ္တာတစ်ခု ရှိနေခြင်းဖြစ်၏။ ပမာဏမှာ သိန်းဂဏန်း အနည်းငယ်လောက် ရှိသည်။ ထန်းပေါင်စံအိမ်တွင် သိုလှောင်ထားသည့်  ပစ္စည်းများမှာတော့ ဘာမှ မရှိပေ။

ဒီလျှို့ဝှက်ခန်းသည် အမှန်တကယ်ကို လျှို့ဝှက်လှပြီး ဖွင့်လှစ်ရန်အတွက် သိုင်းသခင်တစ်ယောက်၏ ခွန်အားကို လိုသောကြောင့် မူလအတိုင်း ရှိနေကာ မည်သူမှ အပြောင်ရှင်းခဲ့ခြင်း မရှိပေ။

ရှင်းလင်းစွာပင် သူ့အတွက် တမင် ချန်ထားခဲ့ခြင်း ဖြစ်၏။ ချန်းလန်ကျွန်းမှ ပစ္စည်းများကို ယူဆောင်သူများသည် မည်သည်ကိုမှ ချန်ထားခြင်း မရှိပါက ရွှီယန်ကို ထိပါးမိပြီး ပြဿနာတို့ ဖြစ်စေမည်ကို ကြောက်ရွံ့ခြင်း ဖြစ်ပေလိမ့်မည်။

"ဒီကောင် ယင်ဟုန်က ငမွဲပဲ.."

ရွှီယန်က သက်ပြင်းချ၏။

"သူ့နောက်က ပုဂ္ဂိုလ်ကြီးဆိုတဲ့ လူကတော့ ချမ်းသာလားဘာလား မသိဘူး။ အဲ့ဒီ့လူရော သူ့အတွက် လက်စားချေဦးမှာလား.."

ရွှီယန်သည် ယင်ဟုန်၏နောက်မှ စွမ်းအားကြီး ပုဂ္ဂိုလ်၏ လက်စားချေမှုကို မျှော်လင့်နေမိ၏။ ထိုသူသည် ယင်ဟုန်၏ နောက်ခံအဖြစ် ရှိနေနိုင်ရာ  သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။ အားနည်းမည်လည်း မဟုတ်လောက်ပါ။ ထို့ကြောင့် ချမ်းသာရပေလိမ့်မည်။

လက်စားသာ လာချေပါက ရုတ်တရက် သူ့ကို သူဌေးဖြစ်စေနိုင်လောက်၏။

ရွှီယန်က ခေါင်းကို ရမ်းသည်။ လက်ရှိ အခြေအနေကို ကြည့်ရသည်မှာ ယင်ဟုန်၏ နောက်က်ရှိ ပုဂ္ဂိုလ်သည် သူ့အပေါ်၌ လက်စားချေလိုစိတ် မရှိသည့်ပုံ ရှိ၏။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲက လွဲပြီးတော့ ကျန်တာတွေအားလုံးကို ယူသွားလိုက်မယ်.."

ရွှီယန်က စိတ်ဝိဉာဉ်ဆေးပင်များနှင့် စိတ်ဝိဉာဉ်စာရွက်များကို ယူဆောင်ကာ လျှို့ဝှက်အခန်း၏ တံခါးကို ပိတ်လိုက်၏။ အားလုံးတို့ကို ယွီယင်းက လက်ဆောင်ပေးထားသည့် သေတ္တာအတွင်းသို့ ထည့်ကာ စွန့်ပစ်ဒေသသို့ ပြန်ချိန်၌ ယူဆောင်သွားမည် ဖြစ်သည်။

"အကိုရှဲ့၊ ဟူရှန်း... နေရာတစ်ခု ရှာပြီးတော့ အနားယူကြလေ။ ကျွန်တော် ဉာဏ်အလင်းအချို့ရလို့ ဒီကျွန်းမှာ ရက်အနည်းငယ်လောက် နေဦးမယ်.."

ရွှီယန်က ဆို၏။

"ညီလေးရွှီ...မင်းဝတ်စုံနက်နဲ့ စစ်ဘုရင်တွေ ထပ်လာဦးမှာကို မကြောက်ဘူးလား.."

ရှဲ့လင်ဖုန်းက သတိပေး၏။

"မကြောက်ပါဘူး... သူတို့လာချင်ရင် လာပါလေ့စေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ဘားမှလုပ်နိုင်မှာ မဟုတ်ဘူး.."

ရွှီယန်က မထူးမခြားနားစွာ ပြောသည်။

"ကောင်းပါပြီ.."

"ဟူရှန်းနဲ့ငါနဲ့ ညီလေးရွှီရဲ့ ကျင့်ကြံမှုကို အနှောင့်အယှက်မဖြစ်အောင် အကောင်းဆုံး လုပ်ပေးထားမယ်.."

ရှဲ့လင်ဖုန်းက ခေါင်းငြိမ့်၏။

ရှဲ့လင်ဖုန်းနှင့် ဟူရှန်းတို့ကို မှာကြားပြီးနောက် ရွှီယန်က ချန်းလန်ကျွန်းပေါ်ရှိ သေးငယ်သည့် တောင်ထွတ်တစ်ခုဆီသို့ သွားရောက်ကာ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်၏ အောက်တွင် တင်ပျဉ်ခွေထိုင်သည်။

သူသည် ထုံးရွှမ်အဆင့်၏ နိယာမများကို ချင့်ချိန်စဉ်းစားလို၏။ အကြီးစားကျွမ်းကျင်မှုအဆင့် စစ်ဘုရင်နှစ်ယောက်နှင့် တိုက်ပွဲအပြီးတွင် ဉာဏ်အလင်းတို့ ပိုမိုရလာကာ ထုံးရွှမ်အဆင့်အပေါ် နားလည်သဘောပေါက်ရန်မှာ လက်တစ်ကမ်းအကွာ၌သာ ရှိပါတော့သည်။

'ထုံးရွှမ်အဆင့်က အစစ်အမှန်ချီကို အစစ်အမှန်ယွမ်အဖြစ် ပြောင်းလဲခြင်းပဲ။ အစစ်အမှန်ယွမ်က သဘာဝရဲ့ စိတ်ဝိဉာဉ်စွမ်းအင်နဲ့ ပေါင်းစပ်ပြီး စကြာဝဠာကြီးရဲ့ ဆန်းကျယ်မှုတွေနဲ့ ဆက်သွယ်နိုင်တယ်။ အဲ့ဒါက သဘာဝရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို ထိန်းချုပ်ပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြီးမားတဲ့စွမ်းအားနဲ့ အစောပိုင်းထိတွေ့မှုကို ရရှိစေတယ်..'

'အခုငါ အစစ်အမှန်ချီရဲ့ ဆန်းကြယ်မှုတွေကို နားလည်သဘောပေါက်ခဲ့ပြီး အစစ်အမှန်ယွမ် ဘယ်လိုစုစည်းရမယ် ဆိုတာကို လားရာတစ်ခု ရလာခဲ့ပြီ။ လောကကြီးရဲ့ စိတ်ဝိဉာဉ်စွမ်းအင်နဲ့ ပေါင်းစပ်ဖို့ကတော့...'

ရွှီယန်၏ မျက်လုံးများက အနည်းငယ် မှိတ်သွား၏။ ခေါင်းထဲတွင် ထုံးရွှမ်အဆင့်ကို  လက်ဆင့်ကမ်းပေးစဉ်က ဆရာရှင်းပြခဲ့သည့် အရာအားလုံးတို့ တစ်ဖန်ပြန်ပေါ်လာခဲ့သည်။

တဖြည်းဖြည်းနှင့် ထုံးရွှမ်အဆင့်၏ ကျင့်စဉ်က စိတ်ထဲတွင် ပုံပေါ်လာခဲ့၏။ မူလအဆင့်နှင့် ဆက်သွယ်နေပါသည်။

ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ခြင်း နည်းလမ်းနှင့်  သက်ဆိုင်ရာ ကျင့်ကြံမှုအားလုံးတို့ တစ်စတစ်စ ပိုမိုရှင်းလင်းလာခဲ့သည်။

All Chapters