← Chapters

လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ပြီးပြည့်စုံခြင်း၊ တစ်သိန်းအထိ တိုးလာသော နတ်အာရုံ!

Vol. 27 Ch. 372

လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ပြီးပြည့်စုံခြင်း၊ တစ်သိန်းအထိ တိုးလာသော နတ်အာရုံ!

Vol. 27 Ch. 372

[၂၀၄၂ခုနှစ် ၊ သင်၏ကျင့်ကြံမှု အဆင့်သည် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ နဝမအဆင့်တွင် ရှိနေဆဲ ဖြစ်သော်လည်း သင်၏ နတ်အာရုံသည် ၇၅,၀၀၀ ပေအထိ တိုးလာသည်။]

[၂၀၄၃ခုနှစ်၊ သင်သည် နက်နဲသောအဆင့် တစ်ကောင်နှင့် အဝါရောင်အဆင့် နှစ်ကောင်ရှိသော လွတ်မြောက်ခြင်း ဝိညာဉ်များကို အမဲလိုက်ခဲ့ပြီး သင်၏ နတ်အာရုံသည် ၈၀,၀၀၀ ပေအထိ တိုးလာသည်။]

[၂၀၄၄ခုနှစ်၊ သင်၏ ကိုယ်ခန္ဓာ ကျင့်စဉ်အဆင့်သည် တစ်ဖန် ပြန်လည် တိုးတက်လာသည်။]

[နေ့တိုင်း သင်သည် သင်၏အချိန်ကို ကျိုးကြောင်းဆီလျော်စွာ စီစဉ်ပြီး သင်၏ကိုယ်ခန္ဓာ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန် အပြင် လွတ်မြောက်ခြင်း ပိုင်နက် အတွင်းရှိ နဂါးစောင့်ရှောက်သူ၏ ခြေရာများကို ဆက်လက် ရှာဖွေရန် အာရုံစိုက်သည်။]

[ဤသို့ဖြင့် နောက်ထပ် သုံးနှစ် ကုန်လွန်သွားသည်။]

[၂၀၄၇ခုနှစ်၊ သင်၏ နတ်အာရုံသည် ၉၀,၀၀၀ ပေအထိ ကြီးထွားလာသည်။]

[တစ်နေ့တွင် သင်၏မူလဝိညာဥ်သည် ကျယ်ပြောသော လွတ်မြောက်ခြင်း ပိုင်နက်တွင် လှည့်လည်နေစဉ် ရင်းနှီးသော နတ်အာရုံ တည်ရှိမှုကို ခံစားမိသည်။]

[၎င်းသည် သင် နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သော နဂါးစောင့်ရှောက်သူပင် ဖြစ်သည်။]

[သင်သည် နဂါးစောင့်ရှောက်သူနှင့် မမျှော်လင့်ဘဲ တွေ့ဆုံသလို ဟန်ဆောင်လိုက်သည်။ သင်၏ နတ်အာရုံ အတိုင်းအတာကို တွေ့ရှိသောအခါ သူသည် အလွန် အံ့အားသင့်သွားသည်။]

[နောက်ဆုံးတွင် သင်တို့နှစ်ဦး တွေ့ဆုံခဲ့သည်။]

[နဂါးစောင့်ရှောက်သူသည် သင့်ပုံပန်းသဏ္ဌာန်ကို အလွန် သိချင်စိတ် ပြင်းပြနေပြီး သင်၏ဇာစ်မြစ်ကို စတင် စုံစမ်းမေးမြန်းသည်။]

[သင်သည် သူ့ကို လျစ်လျူရှုထားသည်။ သို့သော်လည်း နဂါးစောင့်ရှောက်သူနှင့် စကားပြောဆိုရာမှ အရေးပါသော အချက်အလက် အပိုင်းအစ တစ်ခုကို သင် သိရှိခဲ့သည်။]

[နဂါးစောင့်ရှောက်သူက သူသည် သွေးနတ်ဆိုးဂိုဏ်းမှ ဖြစ်သည်ဟု ပြောဆိုသည်...]

လက်တွေ့ကမ္ဘာတွင် စုရှင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သွေးနတ်ဆိုးဂိုဏ်း ဟူသော အသုံးအနှုန်းကို ကြားသောအခါ သူ၏စိတ်ထဲတွင် အမှတ်ရစရာများ ပြန်ပေါ်လာသည်။

“ငါ မှတ်မိတာသာ မှန်တယ်ဆိုရင်...သွေးနတ်ဆိုးဂိုဏ်းက သွေးနတ်ဆိုးလိုဏ်ဂူ ပုံတူမှာ ရှိသင့်တယ်၊ မဟုတ်လား?”

လွန်ခဲ့သော တစ်နှစ်ခန့်က ကျင့်ကြံသူကမ္ဘာထဲသို့ ပထမဆုံး ဝင်ရောက်ခဲ့စဉ် စုရှင်းသည် ရှားစစ်တပ်မှ ကျင့်ကြံမှုနှင့် ပတ်သက်သော ပုံတူ သုံးခုနှင့် ပတ်သက်သည့် အချက်အလက်များကို ရရှိခဲ့သည်။

၎င်းတို့မှာ လောထျန်း ညီလာခံ၊ သွေးနတ်ဆိုးလိုဏ်ဂူ နှင့် မသေမျိုး စစ်သည်တော်ခေတ် အကျဉ်းခန်းတို့ ဖြစ်သည်! (အသေးစိတ်အတွက် အခန်း ၃၆ ကိုကြည့်ပါ)

၎င်းတို့ထဲမှ သွေးနတ်ဆိုးလိုဏ်ဂူသည် ကြယ်လေးပွင့် အဆင့်ရှိပြီး အခက်ခဲဆုံး အဆင့် ဖြစ်သည်။

၎င်းသည် သွေးနတ်ဆိုးဂိုဏ်း ပုံတူအတွင်းရှိ ကျင့်ကြံသူများ၏ စွမ်းအားကြောင့် သာမကဘဲ ဝင်ရောက်လာသည့် မည်သူ့အပေါ် မဆို လူမဆန်စွာနှင့် ရက်စက်စွာ သတ်ဖြတ်တတ်သော သူတို့၏ သဘောထားကြောင့် စစ်ဧကရာဇ်အဆင့် အောက်ရှိ ကျင့်ကြံသူများ မစွန့်စားသင့်ကြောင်း ဆိုထားသည်။

လွန်ခဲ့သော တစ်နှစ်လုံး စုရှင်းသည် ဆင်းသက်ဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် လော‌ထျန်းညီလာခံ နှင့် ဥပဒေ အဆုံးသတ်ခေတ် ပုံတူများကို စူးစမ်းရန် အလုပ်များနေခဲ့သည်။

သူ စူးစမ်းရန် စောင့်ဆိုင်းနေသော သွေးနတ်ဆိုးလိုဏ်ဂူ နှင့်ပတ်သက်သည့် ပုံတူ၏ တည်ရှိမှုကို မေ့လျော့နေခဲ့သည်။

“ဖြစ်နိုင်တာက ဒီနဂါး‌စောင့်ရှောက်သူက သွေးနတ်ဆိုးလိုဏ်ဂူ ပုံတူကလား?”

“မဟုတ်ဘူး၊ အဲဒါ မဖြစ်နိုင်ဘူး...သွေးနတ်ဆိုးလိုဏ်ဂူ ပုံတူမှာက အဆင့်မြင့် ကျင့်ကြံသူတွေ အပြည့်ရှိနေတာ၊ ဒါဆို သဘာဝပတ်ဝန်းကျင်ရဲ့ ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းနေတဲ့ အချိန်မှာ သူတို့ရဲ့ကျင့်ကြံမှု အဆင့်တွေက ဘယ်လိုလုပ်ပြီး အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်မှာလဲ?”

“သွေးနတ်ဆိုးလိုဏ်ဂူ ပုံတူမှာက ဝိညာဉ်စွမ်းအင် အများအပြား ပါဝင်နေလို့လား?”

စုရှင်း၏ သိချင်စိတ်သည် ချက်ချင်း ထက်သန်လာသည်။

ခဏတာ စဉ်းစားပြီးနောက် စုရှင်းသည် တီးတိုးရွတ်လိုက်သည်။

“ဒီ သွေးနတ်ဆိုးလိုဏ်ဂူ ပုံတူကို စူးစမ်းဖို့ အချိန်ယူသင့်တယ် ထင်တယ်...နဂါးစောင့်ရှောက်သူနဲ့ အထူး ဆက်စပ်မှု ရှိတာပဲဖြစ်ဖြစ်၊ ဒီကျင့်ကြံသူတွေရဲ့ တိုးတက်မှု နောက်ကွယ်က လျှို့ဝှက်ချက်ပဲ ဖြစ်ဖြစ်... အားလုံးက စူးစမ်းထိုက်တဲ့ အရာတွေပဲ!”

ထိုသို့တွေးရင်း စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြန်ရောက်သွားသည်။

[နဂါးစောင့်ရှောက်သူသည် သင့်နှင့် စကားရှည်ကြီး ပြောနေပြီး သင်နှင့် တွေ့ဆုံစဉ် သင်၏ နောက်ခံ အကြောင်းကိုလည်း အဆက်မပြတ် စုံစမ်းနေသည်။]

[သို့သော် သင်သည် နဂါးစောင့်ရှောက်သူ၏ ရည်ရွယ်ချက်မှာ မကောင်းကြောင်း သိသောကြောင့် သတိထားနေခဲ့သည်။]

[မကြာမီ နဂါးစောင့်ရှောက်သူသည် သင်နှင့်အတူ နက်နဲသောအဆင့် လွတ်မြောက်ခြင်း ဝိညာဉ်ကို အမဲလိုက်ရန် အဆိုပြုသည်။]

[သင်သည် မငြင်းဆန်ခဲ့ပါ။ သင်နှင့် ‌နဂါးစောင့်ရှောက်သူသည် လွတ်မြောက်ခြင်း ဝိညာဉ်ရှိရာသို့ ဦးတည်သွားသည်။]

[နက်နဲသောအဆင့် လွတ်မြောက်ခြင်း ဝိညာဉ်သည် သင်တို့နှစ်ဦးကို ယှဉ်နိုင်မည် မဟုတ်ပါ။ သင်တို့ နှစ်ဦးစလုံးသည် သင်တို့၏ စစ်မှန်သော စွမ်းအားများကို ဖုံးကွယ်ထားကြသည်။ နောက်ခံ ရည်ရွယ်ချက်များ ရှိကြသော်လည်း သင်တို့သည် ၎င်းကို သတ်ဖြတ်နိုင်ခဲ့သည်။]

[သင်တို့သည် တိုက်ပွဲ၏ အကျိုးအမြတ်များအား မည်သို့ ခွဲဝေရမည်ကို ဆွေးနွေးနေစဉ် နဂါးစောင့်ရှောက်သူသည် သင့်အား ရုတ်တရက် တိုက်ခိုက်ပြီး သင့်ကို အလစ်အငိုက် ဖမ်းရန် ကြိုးစားသည်။]

[သို့သော် သင်သည် ဤအရာကို မျှော်လင့်ထားပြီး ဖြစ်သောကြောင့် သင်၏ နတ်အာရုံ တိုက်ခိုက်မှု နည်းစနစ်ကို အလျင်အမြန် စတင် အသုံးပြုကာ သင်၏ နတ်အာရုံကို ရွှေရောင်ဒယ်အိုးအဖြစ် ပေါင်းစည်းလိုက်သည်။]

[နဂါးစောင့်ရှောက်သူ၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမှ ထွက်ပြေးခြင်း မရှိဘဲ သင်သည် တည့်တည့် ပြန်လည် တိုက်ခိုက်သည်။]

[သင့်ကို အံ့အားသင့်စေသည်မှာ နဂါးစောင့်ရှောက်သူ၏ နတ်အာရုံ စွမ်းအားသည် သင်၏ အောက်တွင် ရှိနေပြီး၊ သူ၏ နတ်အာရုံ တိုက်ခိုက်မှု နည်းလမ်းသည်လည်း သင်၏ ရွှေဒယ်အိုးထက် အနည်းငယ် နိမ့်ကျနေသည်။]

[နဂါးစောင့်ရှောက်သူ နှင့် အကြိမ်တစ်ရာကျော် တိုက်ခိုက်ပြီးနောက် သင်သည် သူ့ကို လျင်မြန်စွာပင် ပြင်းထန်သော ဒဏ်ရာများ ရရှိစေခဲ့သည်။]

[နောက်ဆုံးတွင် နဂါးစောင့်ရှောက်သူသည် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးသွားပြီး သင်သည် နက်နဲသောအဆင့် လွတ်မြောက်ခြင်း ဝိညာဉ်ကို စားသုံးလိုက်သည်။]

[နက်နဲသောအဆင့် လွတ်မြောက်ခြင်း ဝိညာဉ်ကို စားသုံးပြီးနောက် သင့် နတ်အာရုံ၏ စွမ်းအားသည် တစ်ဖန် ပြန်လည် တိုးတက်လာပြီး ၉၅,၀၀၀ ပေအထိ ရောက်ရှိခဲ့သည်!]

[သင်သည် နဂါးစောင့်ရှောက်သူကို ထွက်မသွားစေဘဲ သူ့အား ပြင်းထန်သော ရိုက်ချက်ပေးရန် မျှော်လင့်ရင်း သူ၏ နတ်အာရုံကို လိုက်လံဖမ်းဆီးခဲ့သည်။]

[နဂါးစောင့်ရှောက်သူသည် နတ်အာရုံဖြင့် တိုက်ခိုက်ရာတွင် သင့်ထက် မသာသော်လည်း သူသည် ထွက်ပြေးရာတွင် အလွန် ကျွမ်းကျင်သည်။]

[လွတ်မြောက်ခြင်း ပိုင်နက်တွင် လပေါင်းများစွာ လိုက်လံခဲ့ရပြီးနောက် သူသည် နောက်ဆုံးတွင် ထွက်ပြေး လွတ်မြောက်သွားသည်...]

[နဂါးစောင့်ရှောက်သူကို သတ်ဖြတ်ရန် မျှော်လင့်ချက် မဲ့သွားသည်ကို မြင်သောအခါ သင်သည် လွတ်မြောက်ခြင်း ပိုင်နက်မှ ယာယီ ထွက်ခွာခဲ့သည်။]

လက်တွေ့ကမ္ဘာတွင် စုရှင်းသည် သူ့ရှေ့မှ စာသားကိုကြည့်ပြီး ထူးဆန်းသော အမူအရာ ဖြစ်နေသည်။

“ချီးဘဲ၊ နဂါးစောင့်ရှောက်သူနဲ့ ကျင့်ကြံသူကျုံးတို့က တစ်မ‌အေတည်းက ထွက်လာတာလား?”

“သူတို့နှစ်ယောက်စလုံးက ဘာလို့ ထွက်ပြေးတာ အရမ်း ကျွမ်းကျင်နေရတာလဲ?”

စုရှင်းသည် အံများကို တင်းတင်း ကြိတ်လိုက်သည်။

သို့သော် သူသည် ဝိညာဉ်စွမ်းအင် ကုန်ခမ်းနေသော ဤခေတ်တွင် ယခုအချိန်အထိ အသက်ရှင် ကျန်ရစ်ခဲ့သော ကျင့်ကြံသူများ အားလုံးသည် သူတို့၏ ကိုယ်ပိုင်အသက်ကို ထိန်းသိမ်းရာတွင် အလွန် ကျွမ်းကျင်ကြောင်း နားလည်ခဲ့သည်။

“ဒါပေမဲ့... နဂါးသောင့်ရှောက်သူရဲ့ နတ်အာရုံ စွမ်းအားက ငါ့ထက် အမှန်တကယ် အားနည်းနေတယ်ဆိုရင်... ဆိုလိုတာက သူက လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း အဆင့်) ရဲ့ ကြီးမြတ်သော ပြီးပြည့်စုံမှုအဆင့်မှာပဲ ရှိနေသေးတယ်လို့ ပြောတာ မဟုတ်လား?”

စုရှင်း၏ မျက်လုံးများ ရုတ်တရက် လင်းလာသည်။

သူသည် ဤအချိန်များ တစ်လျှောက်လုံး နဂါးစောင့်ရှောက်သူ၏ စွမ်းအားကို အလွန်အမင်း အထင်ကြီးခဲ့မိသည်ဟု စတင် တွေးတောမိလာသည်။

အဘယ်ကြောင့်ဆိုသော် စုရှင်း၏ နတ်အာရုံသည် ၉၀,၀၀၀ ပေသာ ရှိသော်လည်း သူ၏ နတ်အာရုံသည် စကြာဝဠာ အသေးစားအဆင့်သို့ ရောက်ရှိခဲ့သော်လည်း ကိုယ်ခန္ဓာ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ၏ နတ်အာရုံထက် ပိုမိုအားကောင်းမည် မဟုတ်ပေ။

သို့သော် နဂါးစောင့်ရှောက်သူသည် ပိုမိုအားနည်းသော နတ်အာရုံ ရှိသည်။ သေချာပေါက် ပေပေါင်း ၁၀၀,၀၀၀ အောက်သာရှိပြီး စကြာဝဠာ အသေးစားအဆင့်သို့ပင် ရောက်သေးမည် မဟုတ်ပေ!

ဤသည်မှာ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း အဆင့်ရှိ ကြီးမြတ်သော ပြီးပြည့်စုံမှု ကျင့်ကြံသူတစ်ဦး၏ နတ်အာရုံ စွမ်းအား ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နဂါးစောင့်ရှောက်သူသည် ကိုယ်ခန္ဓာ ပေါင်းစည်းအဆင့်သို့ ဖောက်ထွက်ခဲ့ပါက သူ၏ နတ်အာရုံသည် ယခုထက် ပိုမိုအားကောင်းနေမည်မှာ သေချာသောကြောင့် ဖြစ်သည်။

“တောက် ... ငါ အရမ်း စဉ်းစားခဲ့မိသွားတယ် ထင်တယ်... နဂါးစောင့်ရှောက်သူမှာ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း အဆင့်ရဲ့ ကြီးမြတ်သော ပြီးပြည့်စုံမှုအဆင့်ရှိတဲ့ စွမ်းအားပဲ ရှိတာဆိုရင်၊ ဘယ်လိုဖြစ်ဖြစ် ငါသူ့ကို သတ်ပစ်ဖို့ ကြိုးစားလို့ရမယ် ထင်တယ်!”

စုရှင်းသည် သူ့ဘာသာ တွေးလိုက်သည်။

…

All Chapters