လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ပြီးပြည့်စုံခြင်း၊ တစ်သိန်းအထိ တိုးလာသော နတ်အာရုံ!
Vol. 27 Ch. 373
စုရှင်းသည် နဂါးစောင့်ရှောက်သူ ရောက်နေမည့် နေရာအား နေရာနှစ်ခုထဲမှ တစ်ခု ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။
ပထမတစ်ခုမှာ ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက် ဖြစ်သည်။
မည်သို့ဆိုစေ နဂါးစောင့်ရှောက်သူသည် ဆင်းသက်ဂိုဏ်း၏ ဘဏ္ဍာတိုက်ကို စောင့်ရှောက်သူ ဖြစ်သည်။
သို့သော် ဤအချိန်တွင် ဆင်းသက်ဂိုဏ်းသည် စုရှင်းတစ်ဦးတည်း၏ လက်ချက်ဖြင့် လုံးဝ ချေမှုန်းထားခံရပြီး ဖြစ်သည်။
စုရှင်းသည် ဂိုဏ်းသား အများစုကို လှည့်စားပြီး နတ်ဆိုးနှိမ်နင်းရေး စခန်းတွင် စစ်မှုထမ်းခိုင်းထားသည်။
စောင့်ရှောက်သူများနှင့် ခေါင်းဆောင်များပင်လျှင် စုရှင်း၏ လက်ချက်ကြောင့် အသတ်ခံခဲ့ရသည်။
ဆင်းသက်ဂိုဏ်းသည် နာမည်သာ ကျန်တော့ပြီး သူ၏ ဘဏ္ဍာတိုက်ပင် ရှိသေးရဲ့လား ဟူသည်ကို စုရှင်း သေချာ မသိပါ။
“ဆင်းသက်ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကလွဲရင်...နဂါးစောင့်ရှောက်သူ ပုန်းနေနိုင်မယ့် နောက်ထပ် နေရာတစ်ခုက သွေးနတ်ဆိုးဂူ ဖြစ်နိုင်တယ်!”
စုရှင်းသည် အစီအစဉ်တစ်ခု ချကာ သူ့ကိုယ်သူ တွေးလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများသည် သရုပ်ပြခြင်း ဖန်သားပြင်စီသို့ ရောက်သွားသည်။
[၂၀၄၅ခုနှစ်၊ သင်သည် သင်၏ကျင့်ကြံမှုကို လေ့ကျင့်နေစဉ် လွတ်မြောက်ခြင်း ပိုင်နက်မှ ဝိညာဉ်များကို ဆက်လက် အမဲလိုက်ရန် ကြိုးစားနေသည်။]
[ဤနှစ်တွင် သင်၏ နတ်အာရုံသည် ၉၈,၀၀၀ ပေအထိ ရောက်ရှိသွားသည်။]
[၂၀၄၆ခုနှစ်၊ သင်၏ နတ်အာရုံသည် ၁၀၀,၀၀၀ ပေအထိ ကျယ်ပြန့်လာသည်!]
[၂၀၄၇ခုနှစ်၊ သင်သည် အမြဲလိုပင် ကျင့်ကြံမှု အတွက် ပြန်လည်မွေးဖွားခြင်း ဆေးလုံးများကို စားသုံးနေသည်။]
[တစ်နေ့၌ သင့်ခန္ဓာကိုယ် တစ်ခုလုံးတွင် မကြာခင်မှာ ဖောက်ထွက်နိုင်တော့မည့် ခံစားချက်နှင့်အတူ သင်၏ ချီနှင့်သွေးသည် အထွတ်အထိပ်ကို ရောက်နေသည်ဟု ခံစားမိခဲ့သည်။]
[သင်သည် ထိုအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပြီး လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ ကြီးမြတ်သော ပြီးပြည့်စုံမှု အဆင့်သို့ ဖောက်ထွက်ရန် စတင်လိုက်သည်။]
[ဤသို့ဖြင့် သုံးလအကြာ၌ နောက်ဆုံးတွင် အောင်မြင်ခဲ့ပြီး လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ ကြီးမြတ်သော ပြီးပြည့်စုံမှု အဆင့်သို့ ရောက်ရှိလာသည့် ကျင့်ကြံသူတစ်ဦး ဖြစ်လာသည်!]
[၂၀၄၈ခုနှစ်၊ သရုပ်ပြခြင်း ၂၅နှစ်မြောက်တွင် နတ်ဆိုး နှိမ်နှင်းရေး စခန်းသည် ယခင်ကလို တည်ငြိမ်နေသည်။]
[သုံးနှစ်အကြာတွင် နတ်ဆိုးနှိမ်နင်းရေး စခန်းကို နတ်ဆိုး သူတော်စင် ကျူးကျော်မည် ဖြစ်ကြောင်း သိသည့်အတွက် သင်သည် နောက်ဆုံးအကြိမ် အဖြစ် စူးစမ်းဖို့ အချိန်ယူရန် ပြင်ဆင်လိုက်သည်။]
[သင်သည် မသေမျိုး စစ်သည်တော်ခေတ် အကျဉ်းခန်းသို့ ဦးစွာ သွားခဲ့သည်။ အခက်အခဲ နိမ့်သည့်အတွက် သင်သည် ငါးဆင့်ဂိုဏ်း၏ အပျက်အစီးများထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။]
[ငါးဆင့်ဂိုဏ်း၏ အပျက်အစီးများ အတွင်းတွင် သင်သည် ဖုတ်ကောင်ကဲ့သို့ ဖြစ်နေသော ဒြပ်စင်ငါးမျိုး ကျင့်ကြံသူနှင့် တွေ့ဆုံခဲ့သည်။]
[အမြန်နှုန်း စွမ်းအားဖြင့် အားဖြည့်ထားသည့် မြေဓားကို ကိုင်စွဲပြီး သင်သည် ဒြပ်စင်ငါးမျိုး ကျင့်ကြံသူကို ခြောက်ကြိမ်လောက် တိုက်ခိုက်ရုံဖြင့် သုတ်သင်နိုင်ခဲ့သည်။ ထို့နောက် သင်သည် ကြေးခေါင်းတလားထဲမှ သိုလှောင်လက်စွပ်ကို ယူခဲ့သည်။]
[နောက်ပိုင်းတွင် သင်သည် ဒြပ်စင်ငါးမျိုး ကျင့်ကြံသူကို ဖုန်းရွှေ ဘဏ္ဍာမြေမှာ မြှုပ်နှံခဲ့သည်။]
စုရှင်းသည် ဤအရာကို မြင်သည့်အခါ ခေါင်းညိတ်လိုက်သည်။
“လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ကြီးမြတ်သော ပြီးပြည့်စုံမှု အဆင့်နဲ့ မြေဓားကို ကျွမ်းကျင်ထားတဲ့ ငါ့အတွက်က ငါးဆင့်ဂိုဏ်းရဲ့ အပျက်အစီးတွေကို စူးစမ်းဖို့က အန္တရာယ် သိပ်မများဘူး...”
“ဒီသရုပ်ပြခြင်းပြီးရင် ငါ ငါးဆင့်ဂိုဏ်းရဲ့ အပျက်အစီးတွေစီ သွားပြီး ဒြပ်စင်ငါးမျိုး ပေါင်းစည်းခြင်း နည်းစနစ်နဲ့ တာအို အစီအရင် ပညာကို ထုတ်ယူနိုင်မယ် ထင်တယ်...”
စုရှင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ ယင်းကျောက်ပြား နှစ်ချပ်သည် သူ့အတွက် အလွန် အသုံးဝင်လိမ့်မည်။
ထို့အပြင် သူသည် ယင်းသိုလှောင်လက်စွပ် အတွင်းရှိ ဘဏ္ဍာများနှင့် ပစ္စည်းအချို့ကို ရယူရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
“နောက်တစ်ခုကတော့ နဂါးစောင့်ရှောက်သူနဲ့ ရင်ဆိုင်ရမယ့် အချိန်ပဲ...”
“ဒါပေမဲ့ လုံခြုံရေးအတွက် ငါ့ရဲ့ နတ်အာရုံကို ထပ်မြှင့်တင်ပြီးမှ သွားရင်လည်း နောက်ကျမှာ မဟုတ်ဘူး!”
စုရှင်း၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်စီသို့ ပြန်လည် ရောက်ရှိသွားသည်။
[၂၀၄၉ခုနှစ်၊ သင်၏ဝိညာဉ်သည် လွတ်မြောက်ခြင်း ပိုင်နက်တွင် လှည့်လည်နေပြီး သင်၏ နတ်အာရုံကို ဆက်လက် မြှင့်တင်ရန် ကြိုးစားနေသည်။]
[ဤသို့ဖြင့် နောက်ထပ် နှစ်နှစ် ကုန်လွန်သွားသည်...]
[သင်၏ နတ်အာရုံသည် ၁၁၀,၀၀၀ ပေအထိ ကျယ်ပြန့်လာသည်!]
[၂၀၅၁ခုနှစ်၊ သရုပ်ပြခြင်း ၂၈ နှစ်မြောက်တွင် နတ်ဆိုးနှိမ်နင်းရေး စခန်းသို့ နတ်ဆိုး သူတော်စင် ရောက်ရှိလာမည် ဖြစ်ကြောင်း သင် သိသည်။]
[ထို့ကြောင့် သင်သည် သွေးနတ်ဆိုးဂူဆီသို့ သွားရန် ပြင်ဆင်ခဲ့သည်။]
[သွေးနတ်ဆိုးဂူ အကျဉ်းခန်း၏ တည်နေရာသည် ရှားနိုင်ငံ၏ အနောက်တောင်ဘက် နယ်စပ်တွင် ရှိသည်။]
[သင်သည် ဓားပျံကိုစီးကာ အကျဉ်းခန်း၏ နေရာကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။]
[ထို့နောက် သင်ဟာ အကျဉ်းခန်း အတွင်းသို့ ဝင်ရောက်သည်။]
[အကျဉ်းခန်း အတွင်းသို့ ဝင်ဝင်ချင်း နတ်အာရုံ အချို့သည် သင့် တည်နေရာကို ဝန်းရံပြီး အတိအကျ သိရှိနေကြောင်းကို သင် ခံစားလိုက်မိသည်။]
[သို့သော် သင် ထိတ်လန့်မသွားပါ။ ဤကျင့်ကြံသူများ၏ နတ်အာရုံ စွမ်းအားများသည် ပေရာပေါင်း အနည်းငယ် သို့မဟုတ် ပေတစ်ထောင်လောက်သာ ရှိသည်...သန္ဓေတည် ဝိညာဉ်နှင့် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတွေသာ ဖြစ်သည်!]
[သင်သည် စိုးရိမ်မပူပန်ခဲ့ပါ။ သင့်အတွက် စိုးစဉ်းမျှပင် အနှောင့်အယှက် မဖြစ်ခဲ့ဘဲ သင်သည် သာသာယာယာပင် လက်ဖက်ရည်တောင် စတင် သောက်လိုက်သေးသည်။]
[သင်၏တည်ရှိမှုကို ခံစားမိပြီးနောက် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံများသည် သူတို့ကိုယ်သူတို့ ဖော်ထုတ်ရန် အလျင်စလို မလုပ်ကြပါ။ ယင်းအစား အုတ်မြစ်တည်ထောင်ခြင်း အဆင့်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အချို့ကိုသာ သင့်အား စုံစမ်းရန် စေလွှတ်ခဲ့သည်။]
[သင်သည် သူတို့ကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။ သင်၏ဓားကို ဝှေ့ယမ်းကာ ဓားချီကို ထုတ်လွှတ်လိုက်သည်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ အားလုံးကို သုတ်သင်နိုင်လိုက်သည်။]
[ယင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ အလောင်းများအပေါ် သင်၏ နတ်အာရုံ ဖုံးလွှမ်းလိုက်သည်နှင့် အမှားအယွင်း တစ်ခုကို သင် ချက်ချင်း သတိပြုမိသွားသည်။]
[ဤရွှေအမြုတေ ကျင့်ကြံသူများ သေဆုံးသွားပြီးနောက် သူတို့၏ ကိုယ်ခန္ဓာများသည် လျင်မြန်စွာ ပုပ်ဆွေးသွားပြီး ယင်းတို့၏ အလောင်းများ ပတ်လည်တွင် အနက်ရောင် ဓာတ်ငွေ့များ လုံးထွေးနေသည်။]
[ယင်းအနက်ရောင် ဓာတ်ငွေ့သည် ဝိညာဉ်စွမ်းအင်နှင့် အလွန် ဆင်တူသော်လည်း ဝိညာဉ်စွမ်းအင် မဟုတ်ပါ။... ယင်းအစား ကြီးမားသော အမြတ်ဒေါသနှင့် မကောင်းမှုများသာ အပြည့် ပါဝင်နေသည်!]
သရုပ်ပြခြင်း စာသားကို မြင်သည့်အခါ လက်တွေ့ကမ္ဘာမှ စုရှင်းသည် မျက်ခုံးပင့်လိုက်သည်။
“တစ်ခုခုတော့ မှားနေပြီ၊ ဒါက အရမ်း ထူးဆန်းနေတယ်...”
စုရှင်းသည် တီးတိုးရွတ်လိုက်သည်။
ပုံမှန်ဆိုလျှင် ရွှေအမြုတေ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် သေဆုံးပြီးနောက် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်များစွာ ကြာသည်အထိ ပျက်စီးလေ့ မရှိပါ။
စုရှင်း သတ်လိုက်သည့် ရွှေအမြုတေ ကျင့်ကြံသူများ၏ ကိုယ်ခန္ဓာသည် အဘယ့်ကြောင့် ချက်ချင်း ပုပ်ဆွေးကာ သူတို့၏ ပတ်လည်တွင်လည်း အနက်ရောင် ဓာတ်ငွေ့များ ရှိနေရသနည်း?
“ဖြစ်နိုင်တာက... ဒီကျင့်ကြံသူတွေ ဒီလောက် အားကောင်းနေရတဲ့ အကြောင်းရင်းက ဒီအနက်ရောင် ဓာတ်ငွေ့ကြောင့်လား?”
ထိုသို့သော အတွေးတစ်ခု စုရှင်း၏ စိတ်ထဲတွင် ပေါ်လာသည်။ ထို့နောက် သူသည် ပိုမိုနက်ရှိုင်းစွာ စူးစမ်းချင်လာပြီး သိချင်စိတ် ပိုမို ပြင်းပြလာသည်။
သူ၏အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဘက်သို့ ပြန်ရောက်သွားသည်။
[သင်သည် သေဆုံးသွားသည့် ကျင့်ကြံသူများ၏ သိုလှောင်အိတ်များကို မွှေနှောက်ကြည့်လိုက်သည်။ ထိုအခါ ယင်းအိတ်များထဲတွင် ရက်စက်ကြမ်းတမ်းသည့် မှော်ပစ္စည်းအချို့နှင့် ကျင့်ကြံမှု နည်းစနစ် အစိတ်အပိုင်း တစ်ခုကို တွေ့ရှိခဲ့သည်။]
[ဤနည်းစနစ်အား သွေးနတ်ကျမ်းစာဟု နာမည် ပေးထားသည်!]
[သင်သည် ဤနည်းစနစ်ကို သေသေချာချာ ဖတ်ရှုကြည့်လိုက်သည်။ ထိုအခါ ဤနည်းစနစ်ကို ကျင့်ကြံသူက သူ့ကိုယ်သူ သွေးနတ်ဟု ကြွေးကြော်ထားကြောင်း တွေ့ရှိခဲ့သည်။]
[သွေးနတ်ကျမ်းစာ အတွင်းရှိ ကျင့်ကြံမှု နည်းလမ်းသည် သာမန် ကျင့်ကြံသူများ၏ နည်းလမ်းနှင့် လွန်စွာ ကွဲပြားသည်။]
[သွေးနတ်ကျမ်းစာကို လေ့ကျင့်သူများသည် ဝိညာဉ်အမြစ်များရော၊ ဝိညာဉ်စွမ်းအင်များပါ မလိုအပ်ပါ။၎င်းတို့သည် နတ်ဘုရား ဖြစ်ရန် ကျင့်ကြံကြခြင်းလည်း မဟုတ်ပါ... သူတို့သည် သွေးသစ္စာပွဲ၏ စွမ်းအားကိုသာ အားကိုးပြီး နတ်ဘဝကို ရနိုင်သည်...]
[သင်သည် သွေးနတ်ကျမ်းစာ အတွင်းရှိ အကြောင်းအရာကို လှောင်ပြောင်လိုက်သည်။ အနည်းငယ် ကြည့်လိုက်ရုံနှင့် ယင်းသည် ယုတ်မာသော နည်းစနစ်ဖြစ်ကြောင်း သင် သဘောပေါက်လိုက်သည်။]
[သို့သော် သင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ဤသွေးနတ်ကျမ်းစာသည် သာမန် လူတစ်ယောက်ကိုပင် ကျင့်ကြံသူအဖြစ် ပြောင်းလဲပေးနိုင်သောကြောင့် ဖြစ်သည်။]
[ဤ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ထုတ်လွှတ်လိုက်သည့် စွမ်းအားသည် ဝိညာဉ်စွမ်းအင်နှင့် ဆင်တူသော်လည်း ဝိညာဉ်စွမ်းအင် မဟုတ်ပါ။ သို့သော် ဝိညာဉ်စွမ်းအင်ထပ် ပို၍ အဆိပ်ပြင်းကာ ရန်လိုတတ်သည်...]
[သင် နောင်တရမိသည့် တစ်ခုတည်းသော အရာမှာ ယင်းသွေးနတ်ကျမ်းစာ၏ ပထမတစ်ဝက်ဖြင့်ပင် နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်သည့် အချက်ပင်။]
[ယင်းသွေးနတ်ကျမ်းစာနှင့် ဤနယ်ပယ်၏ လျှို့ဝှက်ချက်များကို နားလည်နိုင်ရန် အတွက်... သင်သည် ပို၍ နက်ရှိုင်းစွာ စူးစမ်းရန် ဆုံးဖြတ်လိုက်သည်!]
…