လူတစ်ဦး၏ လမ်းစဉ်အတွက် လောကတစ်ခုလုံး၏ ကျင့်ကြံမှုအဆင့်ကို စတေးခြင်း!
Vol. 27 Ch. 378
မကြာမီတွင် မြှုပ်နှံသရုပ်ပြခြင်း အချိန်ကာလ ကုန်ဆုံးသွားပြီး စုရှင်းသည် လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။
လက်တွေ့ကမ္ဘာတွင် စုရှင်းသည် အသက်ကို ပြင်းပြင်းရှုသွင်းလိုက်သည်။ သူ၏ မျက်လုံးများတွင် အံ့ဩမှုများသည် ပြတ်သားစွာ ပေါ်လွင်နေသည်။
“ဒီ သွေးနတ်ဆိုးကျမ်းစာက… တကယ်ကြီး နတ်ဘုရားအဆင့် အမြင့်ဆုံး ကျင့်စဉ်ပဲဟ!”
“ထာဝရ မသေနိုင်ခြင်းရဲ့ လမ်းကြောင်းကိုတောင် အရိပ်အမြွက် ဖော်ပြထားသေးတယ်… ဒီသွေးနတ်ဆိုးက ပုံမှန်လူတော့ မဟုတ်လောက်ဘူး!”
စုရှင်းသည် သွေးနတ်ဆိုး ကျမ်းစာကို လေ့ကျင့်ဖို့ရန် စိတ်ကူးမရှိပါ။
သို့သော်လည်း သွေးနတ်ဆိုးဂိုဏ်းမှ အလျင်စလို ထွက်ခွာခြင်း မပြုဘဲ သွေးနဂါး အကြီးအကဲဟု ခေါ်ဝေါ်ခံရသူနှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။
“ဒီသရုပ်ပြခြင်းထဲမှာ နဂါးစောင့်ရှောက်သူ ရောက်လာဖို့ ခြောက်လလောက် ကျန်သေးတယ်…”
“ငါ ဒီအချိန်ကို ကောင်းကောင်းအသုံးချရမယ်!”
စုရှင်းသည် ထိုသို့ တွေးတောရင် သရုပ်ပြခြင်း ဖန်သားပြင်စီသို့ အကြည့်လွှဲလိုက်သည်။
[သင်သည် သွေးနတ်ဆိုးဂူ အကျဉ်းခန်းမှ အလျင်စလို မထွက်ခွာဘဲ သွေးနတ်ဆိုးဂိုဏ်းတွင် ဆက်လက် နေထိုင်ရန် ရွေးချယ်ခဲ့သည်။]
[နောက်တစ်လတွင် သင်သည် ဝိညာဉ်စိုက်ခင်းဂူသို့ ဝင်ရောက်ကာ မဟာဉာဏ်ပညာ အခြေအနေကို သုံးရက်စာ စုဆောင်းခဲ့သည်။]
[မဟာညာဏ်ပညာ အခြေအနေကို စုဆောင်းပြီးနောက် စိတ်ဝိဉာဉ် ရှာဖွေခြင်း ပညာရပ်ကို ကျင့်ကြံရန် ပြင်ဆင်ခဲ့သည်။]
စုရှင်းသည် ထိုစာများကို မြင်သောအခါ အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
“သုံးရက်ဆိုတဲ့ အချိန်က စိတ်ဝိဉာဉ်ရှာဖွေခြင်း ပညာရပ်ကို လေ့ကျင့်ဖို့ လုံလောက်တယ်!”
စိတ်ဝိဉာဉ် ရှာဖွေခြင်း ပညာရပ်အား ရွှေအမြုတေအဆင့်နှင့် သန္ဓေတည်ဝိညာဥ်အဆင့် ကျင့်ကြံသူများ လေ့ကျင့်နိုင်သည်။
စုရှင်း၏ လက်ရှိ ကျင့်ကြံမှုအဆင့်အရ ထိုကဲ့သို့သော သာမန်ပညာရပ်မျိုးကို ကျင့်ကြံရန်မှာ လွယ်ကူနေသည်။
ထပ်ဆောင်း ပါဝင်သော ဉာဏ်ရည်ထက်မြက်ခြင်း အပိုဆုကြောင့် သုံးရက်သည် အမှန်တကယ်ပင် လုံလောက်သည်။
ဤသို့ တွေးပြီး စုရှင်းက တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။
“မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို ဖွင့်ပါ၊ အချိန် ၇၂ နာရီ!”
[ဒင်… သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။ စွမ်းအင် ၇.၂ သန်း ကုန်ကျပါမည်။ စုစုပေါင်း စွမ်းအင် ၁.၀၄ ဘီလျံ ကျန်ရှိသည်။]
သရုပ်ပြစက်၏ အသံ ပျောက်ကွယ်သွားသည်နှင့်အမျှ စုရှင်း၏ အမြင်အာရုံသည်လည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။
ထို့နောက် စုရှင်းသည် သူ့လက်ထဲရှိ စိတ်ဝိဉာဉ် ရှာဖွေခြင်းပညာရပ်အား မှတ်တမ်း တင်ထားသော ကျောက်စိမ်းပြားကို ကြည့်၍ စတင် လေ့လာရန် ပြင်ဆင်လိုက်သည်။
မဟာညာဏ်ပညာ အခြေအနေ၏ ဉာဏ်ရည်ထက်မြက်ခြင်း အပိုဆုကို ဖွင့်လိုက်သည်…
မျက်စိတစ်မှိတ် အတွင်းမှာပင် သုံးရက်တာ အချိန်သည် ကုန်ဆုံးသွားသည်။ ထိုသုံးရက်တာ ကာလအတွင်း စုရှင်းသည် စိတ်ဝိဉာဉ် ရှာဖွေခြင်းပညာရပ်ကို အဆက်မပြတ် လေ့လာခဲ့သည်။
သုံးရက် ကြာပြီးနောက် စုရှင်း၏ မျက်နှာတွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် စွမ်းရည်ပြသမှု ဖန်သားပြင်ကို လှမ်းကြည့်လိုက်သည်။
အမှန်ပင်၊ အရည်အချင်းများ စာရင်းတွင် စိတ်ဝိဉာဉ်ရှာဖွေခြင်း ပညာရပ်ဟူသော မှတ်တမ်း အသစ်တစ်ခု ပေါ်လာခဲ့သည်။
၎င်းသည် မဟာယာနအဆင့်သို့ တိုက်ရိုက် ရောက်ရှိနေခဲ့သည်။
“အာ… ကျင့်ကြံမှုအဆင့် မြင့်လာပြီးတော့ ဒီလို လျှို့ဝှက်ပညာရပ်တွေကို ကျင့်ကြံရတာက အရမ်း လွယ်ကူလာတာပဲ…”
စုရှင်းသည် သူ့မေးစေ့ကို ပွတ်သပ်ရင်း ကျေနပ်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒီ စိတ်ဝိဉာဉ် ရှာဖွေခြင်း ပညာရပ်က အနည်းငယ် ဆိုးရွားတယ်ဆိုပေမဲ့… ငါ့အတွက်တော့ အသုံးဝင်တယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး!”
အရေးအကြီးဆုံး အချက်မှာ စုရှင်းသည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသုံးပြုပြီး လက်တွေ့တွင် စိတ်ဝိဉာဉ် ရှာဖွေခြင်း ပညာရပ်ကို တိုက်ရိုက် သင်ယူနိုင်ခြင်း ဖြစ်သည်။
“တွေးကြည့်ရင် စိတ်ဝိဉာဉ် ရှာဖွေခြင်းပညာရပ် တစ်ခုအတွက် စွမ်းအင်ခုနစ်သိန်း သုံးတယ်ဆိုတာက ဆုံးရှုံးတာ မဟုတ်ဘူး! လဲလှယ်ခွင့်ကိုတောင် သက်သာစေသေး…”
ထိုသို့ တွေးရင်း စုရှင်းသည် ဝိညာဉ်စိုက်ခင်းဂူမှ ထွက်ခွာကာ သွေးနတ်ဆိုးဂိုဏ်း အတွင်းသို့ ပြန်ပေါ်လာခဲ့သည်။
သွေးနတ်ဆိုးဂိုဏ်းမှ ကျင့်ကြံသူ အားလုံးကို စုရှင်း မသတ်ပစ်ရခြင်း၏ အကြောင်းရင်းမှာ ယခု စိတ်ဝိဉာဉ် ရှာဖွေခြင်း ပညာရပ်ကို အသုံးပြုကာ သတင်းအချက်အလက် ပိုမိုစုဆောင်း လိုသောကြောင့်ပင်။
ထိုအကြောင်းကြောင့်ပင် စုရှင်းသည် သွေးနတ်ဆိုးဂိုဏ်း အတွင်းရှိ ကျင့်ကြံသူများကို ယာယီ ထိန်းချုပ်ထားရန် ဆုံးဖြတ်ခဲ့သည်။
“အချိန်တန်ပြီ…”
စုရှင်းသည် ထိုသို့ ရေရွတ်လိုက်ပြီး သူ စိတ်ဖြင့် တွေးလိုက်သည်နှင့် သူ့၏ နတ်အာရုံသည် သွေးနတ်ဆိုး ဂိုဏ်းတစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။
မမျှော်လင့်ဘဲ ကျန်ရှိနေသေးသော ကျင့်ကြံသူ အနည်းငယ်သည် သွေးနတ်ဆိုးဂိုဏ်း အတွင်း၌ အမှန်တကယ် ဆက်နေပြီး ထွက်ပြေးဖို့ရန် ရွေးချယ်ခြင်း မပြုခဲ့ကြချေ။
သေချာစွာ တွေးကြည့်သောအခါ ဤသည်မှာ ဆင်ခြင်တုံတရားရှိသည်။
အဘယ်ကြောင့်ဆိုသော် စုရှင်းသည် သူတို့ကို မသတ်ခဲ့ဘဲ တစ်လလုံး ငြိမ်းချမ်းစွာ ရှိနေခဲ့သောကြောင့်ပင်။
ထိုကျင့်ကြံသူများ၏ မျက်လုံးတွင် ထွက်ပြေးရန် မလိုအပ်ဟု ယူဆပုံရသည်။ ၎င်းတို့က စုရှင်းသည် သွေးနတ်ဆိုးဂ််ိုဏ်းသို့ ဝင်ရောက်ရန် ရည်ရွယ်သည်ဟုပင် ထင်ခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် စုရှင်းကဲ့သို့ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း အမြင့်ဆုံး ကျင့်ကြံသူ တစ်ဦးအနေဖြင့် စိတ်ဝိဉာဉ် ရှာဖွေခြင်း ပညာရပ်ကို မသင်ယူရသေးလောက်ဘူး ဟူ၍ ဘယ်လိုမှ မတွေးထားခဲ့ကြပေ။
စုရှင်းသည် မကြာမီ ဂိုဏ်း၏ ပင်မခန်းမသို့ ရောက်ရှိလာသည်။ သူသည် အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူများကို တွေ့ရှိခဲ့သည်။
စုရှင်းကို မြင်သောအခါ ထိုကျင့်ကြံသူများသည် လေးစားစွာဖြင့် ရပ်လိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
“ဓားနတ်အကြီးအကဲ… ဘာကိစ္စရှိလို့ပါလဲ?”
သူတို့၏ ခေါ်ဝေါ်ပုံကို ကြားသောအခါ စုရှင်း၏ မျက်နှာတွင် ထူးခြားသော အမူအရာတစ်ခု ပေါ်လာသည်။
“ဓားနတ်အကြီးအကဲ?”
စုရှင်း၏ စိတ်ရှုပ်ထွေးမှုကို မြင်သောအခါ ထိုကျင့်ကြံသူများက ပြောလိုက်သည်။
“ဟားဟား…အကြီးအကဲက ခုထိ မသိသေးဘူးကို!”
“ပြီးခဲ့တဲ့ တစ်လကတည်းက ဆရာ့ရဲ့ သူရဲကောင်းဆန်တဲ့ ဟန်ပန်က သွေးနတ်ဆိုးဂိုဏ်း တစ်ခွင်မှာရှိတဲ့ လူတိုင်းရဲ့ စိတ်နှလုံးထဲမှာ စွဲထင်နေတာ!”
“ကျွန်တော်တို့က ဆရာ့အတွက် ရုပ်ထုတည်ဖို့တောင် ပြင်ဆင်နေတာ၊ ဆရာက ကျွန်တော်တို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ ဒုတိယမြောက် အကြီးအကဲ ဖြစ်လာမှာဗျ!”
ဤစကားကို ကြားသောအခါ စုရှင်း၏ မျက်နှာသည် မှောင်မိုက်သွားသည်။ သွေးနတ်ဆိုးဂိုဏ်းမှ ဤလူများသည် အမှန်တကယ်ပင် ထူးဆန်းနေသည်။
သို့သော်လည်း စုရှင်းသည် “ဓားနတ် အကြီးအကဲ” ဟူသော ဂုဏ်ပုဒ် တစ်ခုတည်းကြောင့် ဤကျင့်ကြံသူများအား သတ်ဖြတ်ခြင်းကို စွန့်လွှတ်မည် မဟုတ်ပေ။
စုရှင်း၏ ပုံရိပ်သည် လျှပ်တပြက်ပင် ရွေ့လျားသွားသည်။ နောက်တစ်စက္ကန့် အကြာတွင် သူသည် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး၏ ဘေးသို့ ရောက်ရှိလာသည်။
ဤကျင့်ကြံသူကို ဆွဲကိုင်လိုက်ပြီး စုရှင်း၏ နတ်အာရုံသည် ထိုကျင့်ကြံသူ၏ ဝိဉာဉ်ထဲသို့ ပြင်းထန်စွာ ထိုးဖောက် ဝင်ရောက်သွားသည်။
ပန်းများကို မုန်တိုင်းက တိုက်ခတ်သကဲ့သို့ စုရှင်းသည် ထိုသူ၏ စိတ်ဝိဉာဉ်ကို အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လိုက်သည်။
ခဏအကြာတွင် စုရှင်းသည် သူလိုချင်သော သတင်း အချက်အလက်ကို ရရှိခဲ့သည်။
သူ့ဝိဉာဉ်အား ရှာဖွေခံလိုက်ရပြီးနောက် ထိုနတ်ဘုရား အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူသည် ချက်ချင်းပင် သတိမေ့သွားပြီး သူ့ဝိဉာဉ်သည် ပြင်းထန်စွာ ပျက်စီးသွားသည်။
ထိုအခိုက်အတန့်တွင် ကျန်ရှိနေသေးသော ကျင့်ကြံသူများသည် လုံးဝ ထိတ်လန့် တုန်လှုပ်နေကြသည်။
“ဆရာကြီး… ဘာ၊ ဘာလုပ်နေတာလဲ?”
စုရှင်းသည် သူရရှိထားသော သတင်းအချက်အလက်များကို ဆန်းစစ်ရင်း သူ့မျက်ခုံးကို ပွတ်လိုက်သည်။ ထို့နောက် အနည်းငယ် ပြုံးပြလိုက်သည်။
ပြီးနောက် သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ဟေ့၊ ငါ့စိတ် ပြောင်းသွားပြီ… သွေးနဂါး အကြီးအကဲနဲ့ တွေ့ဖို့ မလိုအပ်တော့ဘူးလို့ ငါ ခံစားရတယ်…”
“မင်းတို့ကို သတ်လိုက်ရင်လည်း ငါလိုချင်တာ ရနိုင်တာပဲ!”
ဤသို့ပြောပြီးနောက် စုရှင်းသည် တစ်ဖန်ပြန်၍ ပေါက်ကွဲထွက်လာသည်။ သူသည် မှင်ရေခဲဓားကို ကိုင်စွဲကာ ကျန်ရှိနေသေးသော နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်တော့သည်။
ကျင့်ကြံသူများသည် ချက်ချင်းပင် အရပ်မျက်နှာအားလုံးသို့ ပြန့်ကျဲသွားကြသည်။
သို့သော်လည်း စုရှင်းကဲ့သို့ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်း အမြင့်ဆုံးအဆင့် ကျင့်ကြံသူ တစ်ဦးထံမှ သူတို့ မည်သို့ ထွက်ပြေးနိုင်မည်နည်း။
စုရှင်း၏ ဓားချက် တစ်ချက်စီတိုင်းတွင် နတ်ဘုရား အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများ သေဆုံးသွားသည်။
မိနစ်အနည်းငယ် အတွင်းတွင် ဤနတ်ဘုရား အသွက်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ အားလုံးကို စုရှင်းက သတ်ပစ်ခဲ့သည်။ လွတ်မြောက်ခြင်း ပြန်လည်ရောက်ရှိခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးသာ ဝေးရာသို့ ထွက်ပြေး ကျန်ရစ်ခဲ့တော့သည်။
…