← Chapters

ခရမ်းသွေးနယ်ပယ်

Vol. 10 Ch. 139

ခရမ်းသွေးနယ်ပယ်

Vol. 10 Ch. 139

ရှီး...။

အအေးစပါးအုံက နှာမှုတ်ကာ ယီယွင်အား တိုက်ခိုက်လိုက်သည်။

အအေးစပါးအုံ၏ ညှစ်ပတ်စွမ်းအားက အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသည်။ အအေးစပါးအုံက လူတစ်ယောက်ကို ညှစ်မိသွားခဲ့ပါက လူတစ်ကိုယ်လုံး ခေါက်ဆွဲဖက်များပမာ တွန့်လိမ်သွားနိုင်သည်။

ယီယွင်က အမြင်အာရုံကို အာရုံထားသည်ဖြစ်ပြီး အအေးစပါးအုံ၏ လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာ မြင်နေရသည်။ အအေးစပါးအုံ အထိနာစေမည့်နေရာကို သူ တိုက်ခိုက်ရမည်။

ယီယွင်၏ ရန်ချီဓားမောက်သည် အအေးစပါးအုံ၏ ဝမ်းဗိုက်အား ဦးတည်ကာ တိုက်ခိုက်လိုက်လေ၏။ ယီယွင် တိုက်ခိုက်လိုက်ချိန်တွင် ကျောဘက်၌ နဂါးနှင့်ကျား ပုံရိပ်ကြီး ပေါ်ထွက်လာသည်။ ယွမ်ချီသဏ္ဌာန်...။

ထန်း...။

ရန်ချီဓားမောက်သည် အအေးစပါးအုံအား ခုတ်မိသွားပြီး သတ္တုချင်းထိခတ်မိသံ ထွက်ပေါ်လာ၏။

အအေးစပါးအုံ၏ အမြန်နှုန်းက အလွန်မြန်ဆန်လှပြီး ယီယွင်ဆီသို့ ဓားတစ်လက်ပမာ တိုးဝင်သွားသည်။ ယီယွင် ချက်ချင်းပင် ခုန်ဆုတ်သွားလေ၏။ သူ ရန်ချီဓားမောက် ရှေ့သို့လွှဲယမ်းလိုက်ရာ ဓားမောက်အလင်းတစ်ခု ဖြစ်ပေါ်လာသည်။

ယင်းက ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်း ဖြစ်လေ၏။ ယီယွင်က ဓားမောက်ကို ဓားသဖွယ် အသုံးပြုနေသည်။ သူသည် လင်ရှင်းထုံနှင့် တောက်ယွင်ရှောင်းတို့၏ ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းကို အတုခိုးထားလေပြီး ရှေ့တွင်ရှိနေသည့် အအေးမြူခိုးများကို ခုတ်ပိုင်းလိုက်သည်။

ရှီး...ရှီး...။

ရန်ချီဓားမောက်အား ရေခဲဖုံးအုပ်သွားလေ၏။ အအေးချီသည် ဓားမောက်အား ကွေ့ပတ်သွားပြီး ယီယွင်၏လက်မောင်းသို့ ရောက်လာလေ၏။ ယီယွင်မှာ လက်မောင်းတစ်ခုလုံး အေးခဲသွားသည်ဟု ခံစားလိုက်ရသည်။

" အံ့ဩဖို့ကောင်းလိုက်တဲ့ အအေးအဆိပ်။ ကြောက်ဖို့ကောင်းလိုက်တဲ့ ခုခံနိုင်စွမ်း "

ယီယွင်သည် အအေးစပါးအုံ၏ ခန္ဓာကိုယ်ပေါ်ရှိ သူ ခုတ်ပိုင်းခဲ့သည့်နေရာအား ကြည့်လိုက်သည်။ ထိုနေရာတွင် အနီရောင်အမှတ်အသားတစ်ခု ရှိနေလေ၏။ ကြေးခွံအနည်းငယ် ကွာကျနေကာ သွေးစို့နေလေ၏။ ယင်းက အပေါ်ယံဒဏ်ရာသာဖြစ်ပြီး အအေးစပါးအုံ၏ အားကောင်းသော အသက်စွမ်းအားအတွက် ဘာမျှပင်မဟုတ်ပေ။

" အအေးစပါးအုံမှာ အရမ်းကိုမာကျောတဲ့ ကြေးခွံတွေရှိတယ်။ အဲ့ဒါတွေက သံမဏိထက်တောင် ပိုမာသေးတယ် " နံဘေးမှ လင်ရှင်းထုံက ဆိုလိုက်သည်။

" နားလည်ပြီ။ ပျက်စီးခြင်းသားရဲဆိုမှတော့ သေချာပေါက်ကို ထူးခြားရမှာပဲလေ " ယီယွင် တွေးလိုက်သည်။ အအေးစပါးအုံက ဟစ်အော်လိုက်ပြီး ကြီးမားသော အမြီးကြီးက ယီယွင်ဆီသို့ တိုးဝင်လာလေ၏။

ဘုန်း...။

ယီယွင် ခုန်ထွက်သွားလေပြီး မြေပြင်ကွဲအက်သွားရသည်။

ရန်ချီဓားမောက်အား တစ်ချက်ခါလိုက်ရာ ရေခဲများ ကွာကျသွားလေ၏။ ရေခဲများကို လက်နက်သဖွယ် အသုံးပြုကာ အအေးစပါးအုံ၏ မျက်လုံး တိုက်ခိုက်လိုက်လေသည်။

သို့သော် အအေးစပါးအုံက အအေးငွေ့များ မှုတ်ထုတ်ကာ ရေခဲအပိုင်းအးများကို အေးခဲပစ်လိုက်လေ၏။ ထို့နောက် အအေးစပါးအုံက ပါးစပ်ဟကာ အအေးချီများကို ပြန်မျိုချလိုက်လေ၏။

" အိုး...အအေးစပါးအုံက ခန္ဓာကိုယ်က ထွက်လာလာတဲ့ အအေးချီတွေကို ပြန်မျိုချနိုင်တာပဲ " ယီယွင် ကြီးစွာပင် အံ့အားသင့်သွား၏။ ပျက်စီးခြင်းသားရဲများက သားရဲရိုင်းများအပေါ်တွင် အဘယ့်ကြောင့် အုပ်စိုးနိုင်ကြောင်းကို ယီယွင် သိရှိသွားရလေ၏။

အအေးစပါးအုံက ရေ​ခဲသလင်းများ ပြန်အန်ထုတ်လိုက်သည်။ ရေခဲသလင်းများက လေထဲတွင် ခဲသွားကာ ဓားမောက်တစ်ချောင်းအဖြစ် ဖွဲ့စည်းသွားလေ၏။ ထိုသည်က ယီယွင်ကို တုပထားခြင်း ဖြစ်လေသည်။

ရွတ်...။

ရေခဲဓားမောက်က ယီယွင်ကို ခုတ်ပိုင်းလာသည်။ ယီယွင် ဓားမောက်ကို မြှောက်ကာ ခံပေးလိုက်သည်။

လက်မောင်းတလျှောက် ပြင်းထန်စွာတုန်ခါသွားရပြီး လက်မောင်းတစ်ခုလုံး ထုံကျဥ်သွားသည်ဟု သူ ခံစားလိုက်ရသည်။

ပျက်စီးခြင်းသားရဲက သားရဲရိုင်းထက် အကြီးမားဆုံး အားသာချက်မှာ မိုးမြေစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းရှိခြင်းပင်။ စစ်သည်များ၏ ယွမ်ချီသဏ္ဌာန်ကဲ့သို့ပင်ဖြစ်ပြီး ပျက်စီးခြင်းသားရဲက ရန်သူကို တိုက်ခိုက်ရန်အတွက် သူတို့၏လှုပ်ရှားမှုများထဲတွင် မိုးမြေစွမ်းအင်များကို ထိန်းချုပ်နိုင်လေသည်။ ရေခဲဓားမောက်က ထိုသို့အရာမျိုး ဖြစ်လေ၏။

" ပျက်စီးခြင်းသားရဲက ထင်ထားသလိုပါပဲလား " ယီယွင်၏မျက်ဝန်းများ တောက်ပသွားသည်။ ဤအအေးစပါအုံက သူ ကြုံတွေ့ဖူးသည့် ပြိုင်ဘက်များထဲတွင် အသန်မာဆုံး ဖြစ်ချေသည်။ သူ၏လက်ထဲတွင် ရန်ချီဓားမောက်အား ကိုင်ထားလျက်ဖြင့်

ယီယွင်က နဂါးနံရိုး ကျားအရိုးလက်သီးသိုင်းနှင့် ဆန်းကြယ်မှုကိုးပါး ဓားကောင်းကင်သိုင်းတို့ကို အပြန်အလှန်သုံးနေ၏။ အစပိုင်းတွင် ယီယွင်က တိုက်ပွဲတွင် အခက်ကြုံခဲ့ရသော်လည်း အချိန်ကြာချိန်၌ အအေးစပါးအုံ၏ တိုက်ခိုက်မှုများကို သူ အကျွမ်းဝင်လာခဲ့သည်။

ပျက်စီးခြင်းသားရဲသည်လည်း သားရဲတစ်ကောင်သာ ဖြစ်ချေသည်။ ပျက်စီးခြင်းသားရဲတွင် အသိဥာဏ်ရှိသော်လည်း လူသားတစ်ဦးကို ယှဥ်မရပေ။ ယီယွင်က အအေးစပါးအုံ၏ တိုက်ခိုက်မှုများကို တဖြည်းဖြည်းချင်း မြင်လာရသည်။

မကြာမီတွင် ယီယွင်က ကိုယ်ပိုင်စည်းချက်ကို ရှာတွေ့သွားကာ ပိုမိုတည်ငြိမ်လာခဲ့၏။ သူ တဒင်္ဂလှုပ်ရှားမှုကို ထပ်မံထုတ်ဖော်ခံသည်။ တစ်ခါတစ်ရံ၌ သူ ရှေ့သို့တက်ခြင်း ၊ နောက်သို့ဆုတ်ခြင်း ၊ အမြင့်သို့ခုန်ခြင်း ၊ ဘေးဘက်သို့ရွေ့ခြင်းများ လုပ်နေခဲ့သည်။ အအေးစပါးအုံနှင့် တိုက်ခိုက်နေရင်းဖြင့် ယီယွင်၏လှုပ်ရှားမှုများ ပိုမိုကျွမ်းကျင်လာခဲ့သည်။

" သိပ်ကောင်းတယ်... ထပ်လာခဲ့ " ယီယွင်၏ မျက်ဝန်းများ တောက်ပနေသည်။

တိုက်ပွဲသည် လူတစ်ဦး၏ခွန်အားများ တိုးတက်လာစေသည့် အကောင်းဆုံးနည်းလမ်း ဖြစ်လေ၏။ သူနှင့်လက်ရည်တူသည့် ပြိုင်ဘက်တစ်ဦးကို တွေ့ရခဲလေသောကြောင့် သူက အအေးစပါးအုံနှင့် တိုက်ခိုက်ရင်း လေ့ကျင့်ရပေမည်။

" နည်းနည်းလေးပဲ။ အမြန်နှုန်းက ပိုမြန်ဖို့လိုတယ် "

ယီယွင်က တိုက်ခိုက်မှုများကို တဖြည်းဖြည်းချင်း လျော့ချလာကာ အအေးစပါးအုံ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေခဲ့၏။

အအေးစပါးအုံမှာ ပျက်စီးခြင်းစွမ်းအင်များ တိုးမြင့်လာသော်လည်း ယီယွင်အား သတ်နိုင်ခြင်းမရှိလေသောကြောင့် ဒေါသထွက်လာသည်။ ထိုလူသားကို အနိုင်မယူနိုင်လျှင် သူ သေရလိမ့်မည်ကို သိလေသည်။

" ကောင်းသွားပြီ " လက်ရှိအခြေအနေက အကန့်အသတ်ဖြစ်သည်ဟု ယီယွင် ခံစားမိသည်။ ရေခဲများ ပျံသန်းလာသည်ကို မြင်သောအခါတွင် ယီယွင်က ရန်ချီဓားမောက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ခုတ်လိုက်သည်။

ဂါး...။

ကျားနဂါး ဟိန်းဟောက်သံတစ်ခုနှင့်အတူ ​ရွှေခရမ်းနဂါးတစ်ကောင် ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် လင်ရှင်းထုံ ချိတ်ပိတ်ပေးထားသည့် စပါးအုံအလောင်းများထံမှ ရေခဲပြာရောင် အလင်းစက်များ ပေါ်ထွက်လာသည်။

အလင်းစက်များ ပေါ်ထွက်လာသည်နှင့် ယီယွင်ထံတွင် ဝဲကတော့တစ်ခု ရှိနေသည့်အလား စုပ်ယူခံလိုက်ရသည်။ မြောက်မြားစွာသော အလင်းစက်များသည် ယီယွင်၏ အရေပြား ၊ အရွတ်အကြောများ ၊ အသားများ ၊ ကိုယ်တွင်းအင်္ဂါများ ၊ သွေးကြောများ ၊ ချဥ်ဆီများထဲသို့ ဝင်ရောက်သွားကြလေ၏။

ထိုစွမ်းအင်များက ယီယွင်၏ ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာကြသည်။ ထိုစွမ်းအင်များကို ချေဖျက်နိုင်ခြင်းမရှိလျှင် ခန္ဓာကိုယ်ပေါက်ကွဲရလိမ့်မည်ဟု ယီယွင် ခံစားနေရသည်။

ရား...။

ယီယွင် ဟစ်အော်လိုက်ပြီး ထိုစွမ်းအင်များကို သွေးကြောများထဲတွင် စီးဆင်းစေလိုက်သည်။ သူက ကြောက်မက်ဖွယ်ရာ ထိုစွမ်းအားများကို ရန်ချီဓားမောက်တွင် ထည့်သွင်းကာ ခုတ်ပိုင်းလိုက်သည်။

ဖောင်း...။

မြည်ဟီးသံတစ်ခုနှင့်အတူ အအေးစပါးအုံ အန်ထုတ်လိုက်သည့် ရေခဲများမှာ ရန်ချီဓားမောက်ကြောင့် ပြိုကွဲသွားရလေ၏။ ရန်ချီဓားမောက်၏ အရှိန်အဟုန်များ လျော့နည်းမသွားဘဲ အအေးစပါးအုံ၏ ဦးခေါင်းအား ရက်စက်စွာ ခုတ်မိလေသည်။ ဓားမောက်သည် အအေးစပါးအုံ၏ဦးခေါင်းကို နှစ်ခြမ်းခွဲသွားလေ၏။

ယီယွင် အားပိုထုတ်လိုက်လေရာ ဓားမောက်သည် အအေးစပါးအုံ၏ လည်ချောင်းမှ တောက်လျောက်ထိုးဖောက်သွားကာ ဝမ်းဗိုက်အထိ ဆင်းသွားခဲ့ပြီး ယီယွင်အား သွေးများစိုရွှဲသွားသည်။

အအေးစပါးအုံ၏သွေးက ဆောင်းရာသီ ရေခဲရေကဲ့သို့ပင် အေးစက်လှသည်။ အအေးစပါးအုံ၏ သွေးများ စိုရွှဲသွားလေသောကြောင့် ယီယွ​င်၏ တိုက်ခိုက်လိုစိတ်များ ပိုမိုတောက်လောင်လာရသည်။ သူ၏လက်တွင် အားပိုသုံးလိုက်လေ၏။

ရွှတ်.,။

ရန်ချီဓားမောက်သာမက ယီယွင်၏လက်ပင် အအေးစပါးအုံ၏ ပါးစပ်ထဲ ရောက်သွားရလေသည်။ အ​အေးစပါးအုံ၏ ခန္ဓာကိုယ်သည် တုတ်ခိုင်သော ကျာပွတ်တစ်ချောင်းပမာ တွန့်လိမ်နေလေ၏။

သို့သော် ကြောက်မက်ဖွယ်ရာ ဓားမောက်ချီက အအေးစပါးအုံ၏ ကိုယ်တွင်းအင်္ဂါအားလုံးကို ဖျက်ဆီးသွားခဲ့လေ၏။ အအေးစပါးအုံ သေဆုံးသွားခဲ့သည်။

အအေးစပါးအုံ သေဆုံးပြီးနောက် စွမ်းအင်များက အလင်းစက်များပမာ ပေါ်ထွက်လာသည်။ ထိုတိုက်ကွက် အသုံးပြုသည့်နောက် ယီယွင်မှာ သူ၏ခန္ဓာကိုယ်က အကန့်အသတ်မဲ့သော တွင်းတစ်ခုပမာ ခံစားလိုက်ရလေ၏။ သူ အလွန်တရာပင် ဆာလောင်နေသည်။ သူ ပထမဆုံး တွေးမိသည့်အရာမှာ အအေးစပါးအုံ၏ စွမ်းအင်များကို စုပ်ယူပစ်ရန်ပင်။

" လာကြစမ်း "

ခရမ်းရောင်သလင်းကျောက် ကျုံ့လိုက်ပွလိုက် ဖြစ်လာပြီး အအေးစပါးအုံထံမှ မြောက်မြားစွာသော အလင်းစက်များက ယီယွင်ဆီသို့ တိုးဝင်လာကြသည်။

သူ၏ စိတ် ၊ ခန္ဓာကိုယ် ၊ သွေးကြောများ လောင်ကျွမ်းနေသည်ဟု ယီယွင် ခံစားမိနေသည်။ မီးတောက်များ မြင့်တက်လာကာ သူ၏တစ်ကိုယ်လုံးကို လင်းထိန်သွားစေသည်။ ရုတ်ခြည်းမှာပင် ယီယွင် သူ့တွင်ရှိနေသည့် သွေးကြောများအားလုံးကို မြင်လိုက်ရလေ၏။

သွေးပြောင်းလဲခြင်း...။

သွေးများခဲသွားကာ လေးလံသွား​သော်လည်း အားကောင်းလှသော အသက်စွမ်းအင်တစ်ခု ရှိနေဆဲပင်။ သွေးတစ်စက်ချင်းစီတိုင်းက အသက်ရှိနေသည့်အလားပင်။ သွေးများက စွမ်းအင်များနှင့် အာဟာရများ သယ်ဆောင်ကာ လျင်မြန်စွာစီးဆင်းနေ၏။ မီးအလင်းအောက်တွင် ထိုသွေးများက ခရမ်းရောင်သဲ့သဲ့ သမ်းနေလေ၏။

လက်ရှိအချိန်၌ သွေးများ၏ ပျိုးထောင်ပေးမှုအောက်တွင် ယီယွင် ခြင်ဆီများ အလွန်သန့်စင်လာခဲ့သည်။ ခြင်ဆီများက ပြဒါးသွန်းလောင်းထားသည့်အလား ငွေရောင်တောက်ပနေသည်။

" ခရမ်းသွေးနယ်ပယ်...ဒါ ခရမ်းသွေးနယ်ပယ်ပဲ "

တစ်ကိုယ်လုံး၏သွေးများ ပြောင်းလဲသွားပြီး ခရမ်းရောင်တောက်ပနေကာ ခြင်ဆီများလည်း ငွေသားပမာ မာကျောနေ၏။ ယင်းသည် အရိုင်းနယ်မြေထဲမှ သိုင်းသမားများစွာ အိပ်မက်မက်နေခဲ့သည့် ခရမ်းသွေးနယ်ပယ် ဖြစ်လေ၏။

ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ပြီးနောက်တွင် ယီယွင် အလွန်တရာပင် သက်တောင့်သက်သာ ခံစားလိုက်ရပြီး ထိန်းမရစွာပင် အော်လိုက်သည်။ ထိုအော်သံ နဂါးဟိန်းသံနှင့် ဆင်တူလှပြီး တိမ်စိုင်များကို ထိုးဖောက်ကာ ကျောက်ဆောင်များကို ကွဲကြေသွားစေခဲ့သည်။

လင်ရှင်းထုံ မှင်တက်မိနေသည်။

" ခရမ်းသွေးနယ်ပယ်... သူ ခရမ်းသွေးနယ်ပယ်ကို ချိုးဖျက်သွားပြီ " လင်ရှင်းထုံက ယီယွင် ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် ဤနေရာသို့ ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။

ယီယွင် ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်သွားခြင်းသည် လင်ရှင်းထုံအတွက် အထူးတလည်မဖြစ်ခဲ့သော်လည်း ယီယွင်က အအေးစပါးအုံကို အစွမ်းကုန်သုံးပြီးမှသာ သတ်နိုင်လိမ့်မည်ဟု သူမ မူလက ထင်ထားခဲ့သည်။ ထို့နောက်မှသာ သူမက ယီယွင် အအေးစပါးအုံ၏ ပျက်စီးခြင်းအရိုး ရရှိစေရန် ကူညီပေးပြီး ပျက်စီးခြင်းအရိုးအမတေ ရရှိစေရန် ကူညီပေးမည်ဖြစ်သည်။ ယီယွင်က ပျက်စီးခြင်းအရိုးအမတေကို စားပြီးမှသာ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်နိုင်လိမ့်မည်။

သို့သော် အဖြစ်မှန် လင်ရှင်းထုံ ထင်ထားသည်ထက် ကျော်လွန်နေသည်။ နောက်ဆုံးတိုက်ကွက်က ယီယွင်၏ အစွမ်းကုန်တိုက်ကွက်ဖြစ်ပြီး အဆင့်ချိုးဖျက်ရန် နိဒါန်းတစ်ခုလည်း ဖြစ်နေသည်။

ယီယွင်၏လက်ချက်ဖြင့် နှစ်ခြမ်းဖြစ်နေသည် အအေးစပါးအုံကို ကြည့်လိုက်လေ၏။ ယင်းက ကြောက်မက်ဖွယ်ရာ တိုက်ကွက်တစ်ခုပင်။

ယီယွင်က အအေးစပါးအုံ၏ မြင်သာသော ပျော့ကွက်ကိုသာ တိုက်ခိုက်လိမ့်မည်ဟု လင်ရှင်းထုံ မူလက ထင်ထားခဲ့သည်။ အအေးစပါးအုံ အားကုန်ချိန်မှသာ ယီယွင်က သတ်နိုင်ပေလိမ့်မည်။ သို့သော် ယီယွင်က အအေးစပါးအုံကို တစ်ချက်တည်း အပြတ်ရှင်းသွားခဲ့၏။ တိုက်ပွဲရလဒ်ကြောင့် လင်ရှင်းထုံ ထိတ်လန့်မိသည်။

ခရမ်းသွေးနယ်ပယ်က သိုင်းပညာလမ်းကြောင်း၏ အစပျိုးအဆင့် ဖြစ်လေ၏။

ပုံမှန်ဆိုလျှင် လင်ရှင်းထုံက အခြားသူများ ခရမ်းသွေးနယ်ပယ်သို့ ချိုးဖျက်နိုင်လျှင် မည်သို့မျှမခံစားရပေ။ ထို့အပြင် လူအများစု၏ အဆင့်ချိုးဖျက်မှုများက အံ့ဩစရာမရှိပေ။ ၎င်းတို့က ပျက်စီးခြင်းအရိုးအမတေ အသုံးပြုခြင်း ၊ ကာလရှည် သမထထိုင်ရင်းဖြင့် သဘာဝအတိုင်း အဆင့်ချိုးဖျက်ကြခြင်းများသာ ဖြစ်လေ၏။

ယီယွင်ကဲ့သို့ ကမ္ဘာတုန်ခါစေနိုင်သည့် ရလဒ်မျိုးဖြင့် အဆင့်ချိုးဖျက်နိုင်သူများကမူ ရှားပါးလှလေသည်။

ယီယွင်က ချည်ကြမ်းဝတ်စုံ ဝတ်ဆင်ထားပြီး သူ၏ဆံနွယ်ရှည်များက လေနှင့်အတူ လွင့်နေလေ၏။ သူ၏ခန္ဓာကိုယ်တွင် အအေးစပါးအုံ၏ သွေးများဖုံးလွှမ်းနေပြီး သူ့အား အရိုင်းဆန်နေစေသည်။

ဒဏ္ဍာရီများထဲတွင် စစ်သည်များက စပါးအုံကို သတ်ပြီးလျှင် စပါးအုံ၏သွေးနှင့် ရေချိုးရသည်။ ယီယွင်က ထိုဒဏ္ဍာရီအတိုင်း အမှန်ဖြစ်လာချေသည်။

" နင်က တိုက်ခိုက်ရင်းနဲ့ ခရမ်းသွေးနယ်ပယ်ကို တကယ်ကြီး ချိုးဖျက်နိုင်သွားခဲ့တယ်။ အစတုန်းက ငါက နင့်အတွက် ပျက်စီးခြင်းအရိုးအမတေကို ပြင်ဆင်ပေးမလို့ပဲ။ အခုတော့ မလိုအပ်တော့ပုံပဲ " လင်ရှင်းထုံက ယီယွင်ကိုကြည့်ကာ ရေရွတ်လိုက်သည်။

All Chapters