← Chapters

လက်မခံနိုင်ခြင်း

Vol. 10 Ch. 146

လက်မခံနိုင်ခြင်း

Vol. 10 Ch. 146

အသက်လတ်ပိုင်းလူက အနီရောင်ဝတ်ထားသည်။ သူ၏နံဘေးတွင် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ရှိနေသည်။ ထိုလူငယ်က ငါးပျံဝတ်စုံ ဝတ်ဆင်ထားပြီး ခါးတွင် ရန်ချီဓားမောက် ချိတ်ထားလေသည်။ သူ၏ဝတ်စုံက ယီယွင်နှင့် အတူတူပင်ဖြစ်၏။ ထိုသည်မှာ ထိုလူငယ်ကလည်း ပြည်ထောင်မြင်းစစ်သည်တစ်ဦးဟု ဆိုလိုနေခြင်းပင်။

" အိုး...ဗိုလ်ချုပ်ယန်ပါ့လား " ကျန်းတန်က အသက်လတ်ပိုင်းလူကို မြင်မိသွားပြီ။ သူက ဗိုလ်ချုပ်ယန်ကို အလေးပြုမည်ပြင်လိုက်စဥ်တွင် ဗိုလ်ချုပ်ယန်က အလေးမပြုရန် အချက်ပြလိုက်၏။

ကျန်းတန်က ခေါင်းညိတ်ပြခဲ့လေပြီး အသက်လတ်ပိုင်းလူကမူ ဟေးရှားနှင့် ကျိချန်းတို့၏ ပြိုင်ဆိုင်မှုကို ဆက်ကြည့်နေခဲ့သည်။

ဖောင်း...။

အအေးသတ္တုသွေးဘောလုံး တစ်လုံးက ဟေးရှား၏လက်မောင်းအား ထိသွားလေ၏။ အဝတ်ပြဲသံတစ်ခု ထွက်ပေါ်လာကာ တိရိစ္ဆာန်အရေခွံစတစ်ခု လွင့်ပျံသွားသည်။ ဘောလုံး၏ လည်ပတ်မှုထံမှ လေသည် ဟေးရှား၏လက်ဖဝါးကို စုတ်ဖြဲသွားလေ၏။

တိရိစ္ဆာန်သားရေ အဝတ်သည် လေထဲတွင် လုံးဝစုတ်ပြဲသွားခဲ့ပြီး ဟေးရှား၏ နက်မှောင်သော လက်မောင်းတွင် သွေးများယိုစီးလာသည်။

ရိုးရှင်းသော ပွတ်တိုက်မှုတစ်ခုကပင် ထိုရလဒ်မျိုး ဖြစ်စေခဲ့သည်။ အအေးသတ္တုသွေးဘောလုံးများက သိသာထင်ရှားစွာ အားကောင်းလှချေသည်။

အသက်လတ်ပိုင်းလူ အနည်းငယ် မျက်မှောင်ကုတ်လိုက်သည်။ သူ ဟေးရှားအတွက် စိတ်မကောင်းဖြစ်ကာ အသာခေါင်းယမ်းလိုက်၏။

ယီယွင်က ထိုအဖြစ်ကိုမြင်ကာ အနည်းငယ် မျက်မှောင်ကုတ်လိုက်ပြီး..." ဟေးရှားက ကျိချန်းကို အနိုင်မရနိုင်ဘူး။ သူ ခေါင်းဆက်မာနေမယ်ဆိုရင် သေချာပေါက် ဒဏ်ရာရလိမ့်မယ်။ စောစော အရှုံးပေးလိုက်တာက ပိုကောင်းတယ် "

အမှန်တကယ်တွင် မည်သူက ပိုတော်သည်မှာ အရှင်းသားပင်ဖြစ်၏။ အခြေခံအရ ဟေးရှားက ပိုတော်သော်လည်း နည်းစနစ်ပိုင်းတွင်မူ ကျိချန်းထက် များစွာနိမ့်ကျလေသည်။ ဆက်၍ ယှဥ်ပြိုင်နေလျှင်ပင် အဓိပ္ပါယ်မရှိတော့ပေ။

ကျိချန်းက ခက်ခဲမှုအဆင့် ၁၃ အထိပင် ကိုင်တွယ်နိုင်လောက်သည်ဟု ယီယွင် သံသယဝင်မိသည်။

ဟေးရှား ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ မကြာမီတွင် သူ့အား အအေးသတ္တုသွေးဘောလုံး ထိမှန်သည်။

ပုံမှန်ဆိုလျှင် အအေးသတ္တုသွေးဘောလုံးအစီအရင်က စစ်သည်တစ်ဦး တောင့်မခံနိုင်တော့သည်ကို သိရှိသည်နှင့် ရပ်တန့်သွားလေ၏။ ခေါင်းမာနေပါက ကြီးမားသောတန်ကြေး ပေးရပေလိမ့်မည်။

တိုက်ပွဲအစစ်နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲတို့ကို ခံစားမိစေရေးအတွက် ကျင်းလုံဝေ့က သွေးပုလဲများ၏ တိုက်ခိုက်မှုစွမ်းအားကို အလွန်မြင့်မားစွာ ထားရှိထားသည်။ တစ်ချက်ထိသည်နှင့် ပြင်းထန်စွာ ဒဏ်ရာရသော ရလဒ်ကို ဖြစ်စေလေသည်။

ကျင်းလုံဝေ့၏ အလွယ်ဆုံးလေ့ကျင့်ရေးဖြစ်သည့် အအေးသတ္တုသွေးဘောလုံးအစီအရင်တွင်ပင် စစ်သည်တစ်ဦး ကံမကောင်းပါက အသက်သေဆုံးတတ်ရင်။

ဟေးရှားအဖို့ ဒဏ်ရာရသွားခဲ့ပြီး ခေါင်းမာနေသေးသည်မှာ ဓားသွားပေါ်တွင် ကခုန်နေရသည့်ပမာ ဖြစ်သွားလေ၏။ အမှားတစ်ခုကြောင့် သူ၏ခေါင်းနှင့်မျက်လုံးကို အအေးသတ္တုသွေးဘောလုံးများ ထိမှန်သွားပါက အကျိုးဆက်သည် ပျက်စီးကိန်းပင်။

ဖောင်း....။

ဒုတိယမြောက် ​အအေးသတ္တုသွေးဘောလုံးက ဟေးရှား၏ ပခုံးအား ထိမှန်သွားကာ တိရိစ္ဆာန်သားရေ ပျက်စီးသွားလေ၏။ ထိုထိခိုက်မှုက ပြင်းထန်လေပြီး ထိတွေ့မှုကြောင့် အအေးသတ္တုသွေးဘောလုံး လမ်းကြောင်းပြောင်းသွားရသည်။ ဟေးရှား၏ပခုံး ချက်ချင်းပင် စုတ်ပြဲသွားလေ၏။

အရိုင်းနယ်မြေမှ ဟေးရှားနှင့် ရင်းနှီးကြသည့် သားပျိုများမှာ မျက်ရည်အဝဲသား ဖြစ်သွားကြလေ၏။

" ညီနောင်ဟေးရှား " လူငယ်များက ဟေးရှား၏ အကျပ်အတည်းကို မြင်တွေ့သွားကာ လက်သီးများအား တဆတ်ဆတ်တုန်လာသည်အထိ တင်းကျပ်စွာ ဆုပ်လိုက်ကြသည်။

ဟေးရှားက ဒဏ်ရာနှစ်ခု ရထားသည့်တိုင်အောင် အံကျိတ်ကာ တောင့်ခံနေဆဲပင်။ သူက အအေးသတ္တုသွေးဘောလုံးများကို ရှောင်တိမ်းရန်အတွက် စိတ်ဝိညာဥ်အားလုံးကို စုဆောင်းထားနေဆဲပင်။

သူ အရှုံးမပေးလိုပေ။ အရိုင်းနယ်မြေမှ ထွက်လာသော လူများအဖို့ တိုက်ပွဲအတွင်း၌ ရှုံးနိမ့်ခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်၍ရသော်လည်း အရှုံးပေး၍မရပေ။ သူက အရိုင်းနယ်မြေမှ ထွက်ခွာလာကာ ကျင်းလုံဝေ့ထဲသို့ ဝင်ခဲ့သည်။ သူက ကျောက်နက်မျိုးနွယ်မှ လူပေါင်းများစွာ၏ မျှော်လင့်ချက်များကို ထမ်းပိုးထားရ၏။

သူက ကြီးမားသော အကျိုးဆောင်မှုများ လုပ်ဆောင်ကာ ကျောက်နက်မျိုးနွယ်မှ လူများကို ပိုမိုကောင်းမွန်သော ဘဝများ ပေးလိုသည်။ သူက ဤနေရာတွင် အဘယ်သို့များ အရှုံးပေးနိုင်ပါမည်နည်း။

အရှုံးပေးသည်ဟုဆိုကာ အစီအရင်ထဲမှ ခုန်ထွက်သွားရန်မှာ လွယ်ကူသော်လည်း သူ့တွင် ကိုယ်ပိုင်စည်းမျဥ်း ရှိလေ၏။ သူ အရိုင်းနယ်မြေမှ ထွက်လာစဥ်ကတည်းက အထင်သေးခံရကာ ဖိနှိမ်ခံခဲ့ရသည်။

ဤသည်ကား သူ့ကိုယ်သူအား သက်သေပြနိုင်မည့် တိုက်ပွဲတစ်ခု ဖြစ်ချေသည်။ သူက စွမ်းအားနည်းသော်လည်း သတ္တိမနည်းပေ။

အရိုင်းနယ်မြေမှ စစ်သည်များ အလွန်ပင် စိတ်ဆိုးနေကြ၏။ သူတို့ ဗဟိုဒေသသို့ ရောက်လာခြင်းသည် ကျေးလက်ဒေသမှ ကလေးတစ်ဦး မြို့သို့ရောက်သွားသည်နှင့် ဆင်တူနေလေ၏။ မသိမိုက်မဲမှု ၊ တုန့်ဆိုင်းမှု ၊ မျိုးနွယ်များ၏ မျှော်လင့်ချက်များက သူတို့အား အောင်မြင်မှုအိပ်မက်များ ပေးစွမ်းနေလေ၏။ မိသားစုနောက်ခံရှိပြီး သူတို့ထက် စွမ်းအားပိုကြီးသော သခင်လေးများကို သူတို့၏ စွမ်းအားအနည်းငယ်မျှဖြင့် အနိုင်ယူနိုင်သည်။

ဟေးရှား၏ ခေါင်းမာမှုကြောင့် အရိုင်းနယ်မြေမှ သားပျိုများ၏ စိတ်များထဲတွင် စာနာမှုများ ဖြစ်လာရသည်။ သို့သော် အစီအရင်က ရက်စက်လှပြီး လူအများ၏ ဆန္ဒများအတိုင်း ပြောင်းလဲမပေးပေ။

ဖောင်း...။

ဟေးရှား၏ အခြားလက်တစ်ဖက်လည်း စုတ်ပြဲသွားလေ၏။

ယခုတွင် ဟေးရှား ဒဏ်ရာသုံးခု ရထားလေ၏။ ကျိချန်းက ဟေးရှား၏ အကန့်အသတ်ကို သိရှိသွားကာ အေးစက်စက်ပြုံးလိုက်သည်။

ဖောင်း...။

ထိုစဥ် သွေးဘောလုံးထံမှ မြည်ဟီးသံတစ်ခု ထွက်ပေါ်လာကာ ဟေးရှား သွေးအန်လိုက်ရပြီး လွင့်စဥ်သွားလေသည်။ ငါးခုက သွေးဘောလုံးက သူ၏ရင်ဘက်ကြွက်သွားများကို စုတ်ဖြဲသွားကာ နံရိုးများ ကျိုးကြေသွားစေသည်။

ဟေးရှား လွင့်စဥ်သွားချိန်တွင် ဦးခေါင်းအား လက်များနှင့် ကာလိုက်သည်။ သွေးဘောလုံးတစ်လုံးက ဟေးရှား၏ ပေါင်ဆီသို့ ပြေးဝင်သွားကာ ထိုးဖောက်လုနီးပါး ဖြစ်သွားလေသည်။

" ရပ်တော့ " နားရွက်ကြီးလျိုက အော်လိုက်လေရာ အစီအရင် ချက်ချင်းရပ်တန့်သွားလေ၏။

ဟေးရှားကို ကုသပေးရန် သမားတော်အချို့ ပြေးထွက်လာသည်။ ဟေးရှား၏ ဒဏ်ရာများက ပြင်းထန်လှ၏။ အရည်အသွေးမြင့် ဆေးများနှင့် ကုသလျှင်ပင် ဟေးရှားအဖို့ လေးငါးရက်ခန့် အိပ်ယာထဲတွင် လှဲနေရပေလိမ့်မည်။

ကျိချန်က ဟေးရှားကိုကြည့်ကာ နှုတ်ခမ်းမဲ့လိုက်၏။ သူ ခန္ဓာကိုယ်ထဲတွင် ချီများ လည်ပတ်စေလိုက်ရာ နဖူးမှ ချွေးများ အငွေ့ပျံသွားလေ၏။

သူ လက်ကောက်ဝတ်အား ပွတ်ကာ ဆိုသည် ..."အမြန်နှုန်းက နည်းနည်းရှိတယ်။ မင်းမှာ နည်းစနစ်တွေ ချို့တဲ့နေတာက ဆိုးတာပဲ။ အဲ့ဒါက မင်းရဲ့အမှား မဟုတ်ပါဘူးလေ။ အရိုင်းနယ်မြေမှာ အမွေအနှစ်တွေ ချို့တဲ့တော့ မင်းအနေနဲ့ နည်းစနစ်တွေ အများကြီးသင်လို့မရဘူး။ ဒါကြောင့် အချိန်အများစုမှာ မင်းက အကြမ်းထည်ခွန်အားကို အသုံးပြုပြီးတော့ ယှဥ်နေရတာပဲ "

" မင်းအနေနဲ့ ကြမ်းတမ်းသူအချင်းချင်း တိုက်ခိုက်မယ်ဆိုရင် အသာစီးရမှာပဲ။ ဒါပေမဲ့ သိုင်းပညာနည်းစနစ်အချို့ ရှိနေတဲ့သူနဲ့ ရင်ဆိုင်လာရမယ်ဆိုရင် မင်း ခံနိုင်မှာမဟုတ်ဘူး " ကျိချန်းက စကားအချို့ဆိုကာ ထောက်ပြပေးလိုက်သည်။

ကျင်းပြည်နယ် သခင်လေးများအဖွဲ့မှ လူများက စတင်ကာ ချီးကျူးကြသည်။

" သခင်လေးကျိချန်း ထောက်ပြတာတွေ ချက်ကျလက်ကျနိုင်တယ် "

" ဟေးရှားက နည်းစနစ်ပိုင်း ရှုံးနိမ့်သွားတာ အမှန်ပဲ။ ဒါပေမဲ့ အရိုင်းနယ်မြေထဲမှာက အမွေအနှစ်တွေ အများကြီးမရှိဘူးလေ "

" အရိုင်းနယ်မြေရဲ့ သားပျိုတွေထဲက ဘယ်သူလာဦးမလဲ " ကျိချန်းက ယီယွင်ကို တမင်ကြည့်ကာ မေးလိုက်လေသည်။ သူ၏နောက်ဆုံးပစ်မှတ်က ယီယွင် ဖြစ်လေ၏။

ယီယွင်က ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်သည်။ ပြည်ထောင်မြင်းစစ်သည်တစ်ဦးကို တက်နင်းနိုင်ပါက စိတ်ကျေနပ်ရချေမည်။

ယီယွင်ကို ကျိချန်းသာ ကြည့်နေသည်သာမက အရိုင်းနယ်မြေမှ သားပျိုများကလည်း ကြည့်နေကြသည်။ သို့သော် သူတို့က ယီယွင်ကို ကြည့်နေသည်မှာ ကျိချန်းကဲ့သို့ ရန်စနေခြင်း မဟုတ်လေဘဲ မျှော်လင့်နေကြခြင်းသာ ဖြစ်သည်။

သူတို့အားလုံး ရှုံးခဲ့သည်ဖြစ်ပြီး အမြန်ဆုံးဖြစ်သည့် ကျိချန်းပင် ရှုံးခဲ့ရလေရာ သူတို့ မစွမ်းနိုင်တော့ပေ။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က အရိုင်းနယ်မြေမှလာသည့် ယီယွင်သာ ဖြစ်လေသည်။ ပြည်ထောင်မြင်းစစ်သည် ဖြစ်လာခဲ့သည့် ယီယွင်က သာမန်မဟုတ်ဟု ဆိုလိုနေခြင်းသာ ဖြစ်လေသည်။

ဟေးရှားက ရင်ဘက်တွင် ဒဏ်ရာပြင်းထန်စွာရကာ သွေးများစွာ ဆုံးရှုံးထားလေ၏။ သူက အသက်ကို မနည်းရှုနေရသည့်တိုင်အောင် ယီယွင်ကို ခက်ခဲစွာဖြင့် ကြည့်နေဆဲပင်။

ယီယွင်က ဟေးရှား၏ မျက်ဝန်းများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူက ဟေးရှားနှင့် စကားတစ်ခွန်းမျှ မဆိုဖူးသော်လည်း ဟေးရှားအတွက် တစ်ခုခုလုပ်ပေးသင့်သည်ဟု ခံစားမိနေသည်။ ထိုသည်ကား စစ်သည်တစ်ဦးနှင့် ထိုက်တန်သည့် လေးစားမှု ဖြစ်လေ၏။

ထို့အပြင် ယီယွင်က အရိုင်းနယ်မြေမှ လာခဲ့သည်။ သူက အရိုင်းနယ်မြေနှင့် သက်ဆိုင်သူဟု များစွာမခံစားမိသော်လည်း အရိုင်းနယ်မြေမှ သားပျိုများနှင့် ကိုက်ညီမှုအချို့ ရှိလေသည်။ အရိုင်းနယ်​မြေမှလူများ သည်းခံကာ ခံစားနေကြရသည်ကို သူ မြင်လေ၏။

တစ်ရက်တွင် အရိုင်းနယ်မြေမှ လူများအဖို့ နိမ့်ကျသည်ဟု မခံစားရဘဲ ဂုဏ်ရှိသည်ဟု ခံစားရစေရန် သူ လုပ်ဆောင်ရပေမည်။

ယီယွင် အစီအရင်ဆီသို့ လျှောက်သွားလိုက်သည်။

" ငါ မင်းနဲ့ ယှဥ်ပြိုင်မယ် " ယီယွင်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

ကျိချန်းက ရယ်မောကာ..." ဟားဟား... ပြည်ထောင်မြင်းစစ်သည်တစ်ဦးနဲ့ ယှဥ်ပြိုင်ရတာက ဂုဏ်ယူစရာပါပဲ "

ကျင်းပြည်နယ် သခင်လေးများအဖွဲ့ စိတ်လှုပ်ရှားနေကြသည်။ နောက်ဆုံးတွင် အရိုင်းနယ်မြေမှ ပြည်ထောင်မြင်းစစ်သည်က မည်သို့ထူးခြားနေကြောင်းကို သူတို့ မြင်ရပေတော့မည်။ ပြည်ထောင်မြင်းစစ်သည်ကို ချနင်းရသည်မှာ သေချာပေါက်ပင် ခံစားချက်ကောင်းပေလိမ့်မည်။

" မင်း အနားယူဖို့လိုသေးလား " ယီယွင်က ကျိချန်းအား မေးလိုက်သည်။

" စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ပြည်ထောင်မြင်းစစ်သည်။ ဒါပေမဲ့ ဒါက သွေးပူရုံလောက်ပဲဆိုတော့ ငါ နားဖို့မလိုပါဘူး။ ပြည်ထောင်မြင်းစစ်သည်ကရော သွေးပူအောင်လုပ်ချင်လေးလား " ကျိချန်၏ စကားများက အလွန်ပင် ယုံကြည်ချက်ရှိနေသည်။

" စိတ်ဝင်စားစရာပဲ " ထိုစဥ်တွင် ယန်မန်လုံက ရယ်လိုက်သည်။ သူ ရောက်လာသည်ကို ကျင်းလုံဝေ့၏ လူသစ်များထဲမှ မည်သူကမျှ မသိကြပေ။

ထိုအသံကြောင့် ကျိချန်း စကားတန့်သွားရလေ၏။ သူက အဝတ်အစားများကို တွေ့မြင်သွားကာ ယန်မန်လုံ၏ အဆင့်အတန်းကို ချက်ချင်းသိသွားလေ၏။.

သူ လျင်မြန်စွာပင် လက်သီးဆုပ်ကာ..." ငယ်သားကျိချန်းက ဗိုလ်ချုပ်ယန်ကို ဂါရဝပြုပါတယ်။ ကျုပ် လူပုံအလယ်မှာ မဆင်မခြင်လုပ်မိတာကို ဗိုလ်ချုပ်က ခွင့်လွှတ်ပေးပါ "

ယန်မန်လုံက ရယ်မောကာ..." ငယ်ရွယ်ပြီး မဆင်မခြင်လုပ်တတ်တာနဲ့ ယှဥ်ပြိုင်လိုစိတ်များတာတွေက ဆိုးတဲအရာတွေ မဟုတ်ပါဘူးကွာ။ ငါက စစ်တပ်ကို စစ်​မြေပြင်မှာ အကြွင်းမဲ့ နာခံတာကို အလိုရှိတယ်ဆိုပေမဲ့ လေ့ကျင့်ရေးအတွင်းမှာတော့ ဘယ်သူ့ကိုမှ နာခံမှုပြစရာမလိုဘူး။ ယှဥ်ပြိုင်တာဟာ ကောင်းတဲ့အရာပဲ "

" ဒီနေ့ မင်းတို့က ယှဥ်ပြိုင်နေကြတယ်ဆိုတော့ ငါက နည်းနည်းလေး အရှိန်တင်​ပေးမယ်။ ဒီယှဥ်ပြိုင်မှုမှာ ဘယ်သူမဆို ပါဝင်နိုင်တယ်။ အားလုံးကို ဖိနှိမ်ပစ်ပြီး ပထမဆုရတဲ့သူ ဘယ်သူမဆို နတ်မြို့တော်ရဲ့ ထိပ်တန်းအဆင့်လက်နက်တိုက်ထဲ ဝင်ခွင့်ရပြီး လက်နက်နှစ်ခု ရွေးချယ်နိုင်တယ်။ မင်းတို့ ကြိုက်တဲ့ဟာကို ယူသွားနိုင်တယ်။ ဒါ့အပြင် ငါက ပျက်စီးခြင်းအရိုးအမတေနှစ်ခုပါ ပေးမယ် "

ယန်မန်လုံက ထိုစကားများ ဆိုပြီးသည်နှင့် လူငယ်စစ်သည်များ တက်ကြွသွားလေ၏။

နတ်မြို့တော်၏ ထိပ်တန်းအဆင့်လက်နက်တိုက်ထဲ ဝင်ခွင့်ပေးကာ လက်နက်နှစ်ခု ရွေးချယ်နိုင်သည်တဲ့လား။ ပျက်စီးခြင်းအရိုးအမတေနှစ်ခုပါ ပါသည်တဲ့လား။

နတ်မြို့တော်၏ ထိပ်တန်းအဆင့်လက်နက်တိုက်သည် ကောင်းမွန်သော လက်ရာမြောက် လက်နက်များ ပြည့်နှက်နေသည့် အလွန်အဆင့်မြင့်သော လက်နက်တိုက်တစ်ခု ဖြစ်သည်။ လက်နက်များကို တန်ဖိုးကြီးပစ္စည်းများနှင့် ပြုလုပ်ထားပြီး အစီအရင်များ ရေးဆွဲထားလေ​သောကြောင့် တန်ဖိုးမဖြတ်နိုင်ပေ။

ဗိုလ်ချုပ်ယန်၏ နံဘေးမှ လူငယ်သည်ပင် စိတ်ဝင်စားသွားခဲ့ဟန် ရှိလေ၏။ ထိုလူငယ်ကို လူများစွာ သတိပြုမိကြသည်။ ထိုလူငယ်က ဗိုလ်ချုပ်ယန်နှင့် အတူရောက်လာကာ ငါးပျံဝတ်စုံ ဝတ်ဆင်ထားသည်။ လူငယ်က ပြည်ထောင်မြင်းစစ်သည်တစ်ဦး ဖြစ်သည်ဟု ဆိုလိုလေပြီး သူ၏အဆင့်အတန်းကို ထူးခြားသွားစေသည်။

လက်နက်တွေ ၊ ပျက်စီးခြင်းအရိုးအမတေ...။

အစီအရင်ထဲမှ ယီယွင် လက်သီးဖွဖွဆုပ်လိုက်သည်။ ဤသည်က ကြီးမားသော အံ့အားသင့်စရာ ဖြစ်လေ၏။ ရန်ချီဓားမောက်က ကျင်းလုံဝေ့၏ စံလက်နက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဓား၏အရည်အသွေးနှင့် အခြားကဏ္ဍများက အကောင်းဆုံးမဟုတ်ပေ။

All Chapters