ခြေတလှမ်း တစ်ဝက်
Vol. 10 Ch. 149
စုန့်ကျစ်ကျွင်း ၏ခြေထောက်အောက်ရှိ သတ္တဂံအစီအရင်သည် အလင်းများထွက်ပေါ်လာသည်။ သွေးပုလဲဆယ့်လေးလုံးမှလည်း တိုးညှင်းသော အသံများမြည်လာလေသည်။
ဝူး
သွေးပုလဲများသည် နားစည်ဖောက်သံနှင့်အတူ စုန့်ကျစ်ကျွင်း ဆီသို့ ဦးတည်လျှက် ရှိလေ၏ ။
စုန့်ကျစ်ကျွင်း သည် ထိုသွေးပုလဲများကို ကြည့်ကာ ခန္ဓာကိုယ်ကို လှုပ်ရှားမှုများပြုလုပ်နေသည်။ အရိပ်များမှာ ဆက်တိုက် ဖြစ်ပေါ်နေလျက်ရှိသည်။
အရိပ်များမှာ ကိုယ်ခန္ဓာအနှံ ဖုံးလွှမ်းထားသည်။ ထိုအရိပ်များ၏ကာကွယ်မှုအောက်တွင် စုန့်ကျစ်ကျွင်း သည် ခြေတစ်လှမ်းမှမခွာဘဲ ရပ်နေလေသည်။ သွေးပုလဲများမှာ တစ်နေရာတည်းမှာပင် လှည့်ပတ်လျှက်ရှိနေကြသည်။
သွေးပုလဲများအားလုံးကို စုန့်ကျစ်ကျွင်းမှာ အလွယ်တကူပင် ရှောင်ထွက်နိုင်လေ၏
"တဒင်္ဂကလှုပ်ရှားမှု" စုန့်ကျစ်ကျွင်း ၏လှုပ်ရှားမှုများကိုမြင်သောအခါ ကျင်းပြည်နယ်သခင်လေးအဖွဲ့အစည်းမှာ ဝမ်းသာအားရအားပေးနေကြသည်။
"သခင်လေးရဲ့ကျော်ကြားမှုက တဒင်္ဂလှုပ်ရှားမှု ကို ဘယ်လိုလုပ် မသိပဲနေမှာလဲ အအေးသတ္တု သွေးဘောလုံး အစီအရင် မှာ အခက်အခဲအဆင့် ဆယ့်လေးဆင့်ကို ရှောင်လွှဲရတာ အရမ်းလွယ်ပါတယ်"
“ပြီးတော့ စုန့်ကျစ်ကျွင်း ရဲ့ အရှိန်က ဟေးရှား ထက်တောင် ပိုမြန်တယ်”ဟု ကျင်းပြည်နယ်သခင်လေးအဖွဲ့အစည်းမှ အချင်းချင်းပြောနေကြသည်။
ဟေးရှား ၏အရှိန်ကိုကျော်လွန်ကာယီယွင် ၏နည်းစနစ်ကိုလွှမ်းမိုးထားသောကြောင့် စုန့်ကျစ်ကျွင်း သည် ပြီးပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။
နည်းစနစ်နှင့် မြန်နှုန်း နှစ်ခုစလုံး၏ ပံ့ပိုးမှုဖြင့်၊ စုန့်ကျစ်ကျွင်း သည် အအေးသတ္တု သွေးဘောလုံး အစီအရင်အတွင်း လွယ်ကူချောမွေ့စွာ ရွေ့လျားသွားနေသည်။
စုန့်ကျစ်ကျွင်း၏ လှုပ်ရှားမှုများကို မြင်လိုက်ရသော ကျင်း ပြည်နယ် သခင်လေးအဖွဲ့အစည်းမှ မလုံလောက်ဘူးဟု ညည်းတွားနေကြသည်။
စကြာဝဠာတွင် စွမ်းအင်အကန့်အသတ်မရှိပေ။ ကျိချန်းမှာ သန်မာသောလည်း စုန့်ကျစ်ကျွင်း နဲ့ ယှဉ်ပါက အရမ်းဝေးလွန်းလှသည်။
"နောက်ထပ်အခက်အခဲတစ်ခုထပ်ထည့်"
ဆယ့်လေးဆင့်အခက်အခဲက စုန်ကျစ်ကျွင်း အတွက် သွေးပူလေ့ကျင့်ခန်းအဆင့်သာဖြစ်သာ ဖြစ်သည်။ အအေးသတ္တု သွေးဘောလုံး အစီအရင် ကို အသုံးပြုပြီးနောက်၊ စုန့်ကျစ်ကျွင်း သည် ဆယ့်ငါးကြိမ်မြောက် အခက်အခဲအဆင့်ကို ထက်မြင့်ရန် တောင်းတလျှက်ရှိသည်။
ထိုအခက်အခဲအဆင့်မှာ စုန့်ကျစ်ကျွင်း ကို ဒုက္ခမပေးနိုင်သေးပေ။
အခက်အခဲအဆင့်ဆယ့်ငါး သည် ရိုးရှင်းသောကိစ္စမဟုတ်ပေ။ လျင်မြန်စွာ ရွေ့လျားနေသော အအေးသတ္တု သွေးဘောလုံးများသည် လေထဲတွင် လေပွေငယ်တစ်ခုကို ဖန်တီးနေသည်။
ကြီးမားသောဖိအားအောက်တွင်၊ စုန့်ကျစ်ကျွင်း သည် နောက်ဆုံးတွင် ၎င်း၏ခြေထောက်များကို လှုပ်ရှားခဲ့ရသည်။ စုန့်ကျစ်ကျွင်းသည်ပင် အအေးသတ္တု သွေးဘောလုံး များကို ခက်ခဲမှု အဆင့်ဆယ့်ငါး တွင် ရှောင်ရှားရန် နေရာ၌ပင် မနေနိုင်လျှက်ရှိနေပေတော့သည်။
စုန့်ကျစ်ကျွင်း၏ ခြေလှမ်းများမှာ ထူးခြားလှသည်။ လှုပ်ရှားမှု ခြေလှမ်းတိုင်းမှာ တစ်ပေခွဲထက် မကျော်လွန်ပေ။
တိုတောင်းသောခြေလှမ်းများမှာ လမ်းလျှောက်တတ်သည့် ကလေးငယ်နှင့်မခြားပေ။သံကြိုးဖြင့် ချည်ထားသကဲ့သို့ ခြေလှမ်းများကြောင့် စုန်ကျစ်ကျွင်း ၏ခြေထောက်များ မည်သည့်နေရာတွင် ချမည်ကို ပြောရခက်စေသည်။
"ဒါက စုန့် မိသားစု ရဲ့ လျှို့ဝှက်နည်းစနစ်၊ ခြေလှမ်း၀က်နည်းစနစ်" ကျင်း ပြည်နယ်သခင်လေးအဖွဲ့အစည်းမှ ပြောလိုက်သည်။ ကျင်း ပြည်နယ်၏ မိသားစုမျိုးနွယ်စုများ၏ အားသာချက်များမှာ အရင်းအမြစ်များသာမက အမွေအနှစ်များပါ ပါဝင်ပါသည်။ ဤခြေလှမ်း၀က် နည်းစနစ်ကို စုန့် မိသားစုပြင်ပသို့ လက်ဆင့်ကမ်းမျှဝေခြင်းမျိုး မရှိပေ။
ရှေးဟောင်းမိသားစုများတွင် မိသားစု၏အခြေခံအုတ်မြစ် နည်းစနစ်များ အနည်းနှင့်အများ ရှိတတ်သည်။ယင်းတို့မှာ ၎င်းတို့၏ အမွေအနှစ်ဖြစ်လာလေ၏။
"နောက်ထပ် အဆင့်တစ်ခု ထပ်ထည့်" စုန့်ကျစ်ကျွင်း က အစီအရင်အတွင်းမှ လှမ်းပြောလိုက်သည်။
“နောက်တစ်ခုထည့်မယ်” နောက်အဆင့်တစ်ခုထပ်ထည့်လိုက်ပါက ခက်ခဲမှုအဆင့် ဆယ့်ခြောက်အထိရှိသွားမည် ဖြစ်သည်။
ကျင်းပြည်နယ် သခင်လေးများ သို့မဟုတ် ကျယ်ပြောလှသော ကျတ်တီးမြေမှ အဖွဲ့သားများပင်ဖြစ်စေ စုန့်ကျစ်ကျွင်းအား လေးစားမှုအပြည့်ရှိကြသည်။
အစီအရင်ထိန်းချုပ်မှုတာဝန်ခံ လူငယ်သခင်သည် အသက်ပြင်းပြင်းရှူကာ ဆယ့်ခြောက်ခုမြောက် သလင်းကျောက်ကို ဖိလိုက်သည်။
"တွမ်"
အအေးသတ္တု သွေးဘောလုံးများသည် မိုးခြိမ်းသံများပင်ထွက်လာသည်။ စူးရှသောလေထုသည် လူတို့၏နားများကို ထုံကျင်သွားစေသည်။ မီးအလင်းတန်းများမှာ မီးတောက်များအသွင်ပြောင်းလဲ ဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် စုန့်ကျစ်ကျွင်း သည် ဖိအားတချို့ကို ခံစားလိုက်ရသည်။
စုန့်ကျစ်ကျွင်း၏ လှုပ်ရှားမှုများမှာ လျင်မြန်သွက်လက်သေးသော်လည်း တဖြည်းဖြည်း ဟန်ချက်ညီညွှတ်မှုကို ကြာရှည်စွာမထိန်းသိမ်းနိုင်ခဲ့ပေ။
ခြေလှမ်းတ၀က်နည်းစနစ် သည် စုန့် မိသားစု၏ လျှို့ဝှက်နည်းပညာဖြစ်သည်၊ သို့သော် စုန့်ကျစ်ကျွင်း သည် ၎င်းကို လုံးဝ မလွတ်စတမ်း အသုံးမချနိုင်ပေ။ နည်းစနစ်၏စံနှုန်းအတိုင်း သရုပ်ပြရန်မှာ အတော်ခက်ခဲနေလျက်ရှိနေသေးသည်။ နည်းစနစ်သည် ကျစ်ကျွင်း၏ စိတ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ယွမ်ချီစွမ်းအားတို့ကို များစွာ ယုတ်လျော့စေခဲ့သည်။
"တဒင်္ဂလှုပ်ရှားမှု၏ အောင်မြင်မှုအဆင့်ကို ရောက်ခါနီးပြီ ... သူ့အရှိန်က မြန်တယ်။ သူ့အသက်အရွယ်နဲ့ ခြေလှမ်း၀က်နည်းစနစ်ကို အောင်မြင်တော့မယ်၊ စုန့်ကျစ်ကျွင်း ဟာ ကျင်း ပြည်နယ်ရဲ့ ဂုဏ်ဆောင်အောင်လုပ်နိုင်တာပဲ" ယန်မန်လုံ က တိကျသော အကဲဖြတ်ချက်ကို ပေးခဲ့သည်။
ထိုအချိန်တွင် စုန်ကျစ်ကျွင်းမှာ ၎င်း ကန့်သတ်ချက်များကို ကျော်လွန်သွားပြီဖြစ်သည်။
စုန့်ကျစ်ကျွင်း အစီအရင်မှ ထွက်လာလေသည်။ နောက်ဆုံးတွင် ခက်ခဲမှုအဆင့် ဆယ့်ခြောက်အဆင့်ကို စုန့်ကျစ်ကျွင်းမှာ ဆယ့်ငါးမိနစ်ကြာအောင် ထိန်းသိမ်းနိုင်ခဲ့သည်။
အခက်အခဲအဆင့်ဆယ့်ခုနစ် အတွက်မူ စုန့်ကျစ်ကျွင်း စိန်မခေါ်နိုင်ခဲ့ပေ။ ဆယ့်ခြောက်ခုနှင့် ဆယ့်ခုနစ်ကြိမ်မြောက် အခက်အခဲအဆင့်ကြားတွင် သိသာသော ပြောင်းလဲမှုများရှိသည်။ ခရမ်းရောင်သွေးနယ်ပယ်မှ စစ်သည်များအတွက်၊ ၎င်းတို့သည် တဒင်္ဂကလှုပ်ရှားမှုဖြင့် ကြီးမားသောအောင်မြင်မှုများရရှိရင်တောင် ထိုခက်ခဲမှုအဆင့်များကို အရူးအမူးကြိုးစားဝံ့မည်မဟုတ်ပေ။
စုန့်ကျစ်ကျွင်း အစီအရင်ပေါ်မှ ထွက်ခွာသွားပြီးနောက် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
တဒင်္ဂကလှုပ်ရှားမှု ရှိသော လူငယ်တစ်ဦးသည် ၎င်း၏ လှုပ်ရှားမှုနည်းပညာများကို သရုပ်ပြကာ သူရဲကောင်းများစွာကို တုန်လှုပ်ချောက်ချားစေခဲ့သည်။
အထူးသဖြင့် ကျင်း ပြည်နယ် သခင်လူငယ်များကြားတွင် ဖြစ်သည်။ သူတို့၏ မျက်နှာများသည် တောက်ပနေလျက်ရှိသည်။ စုန့်ကျစ်ကျွင်းအား သူတို့ အားကိုးရသောပုဂ္ဂိုလ်အဖြစ်ပါ ရှုမြင်နေကြလေသည်။
စုန့်ကျစ်ကျွင်းမှာ ကျင်း ပြည်နယ်မိသားစု မျိုးနွယ်စုများ ၏ အမွေအနှစ် ဖြစ်သည်။ ကျင်းပြည်နယ် မိသားစု မျိုးနွယ်စုသားများ အနေဖြင့် ၎င်းတို့၏ နှလုံးသားထဲတွင် ဂုဏ်ယူမှု နှင့် ပြည့်နှက် နေသည်။ ကျင်းပြည်နယ်မှ သခင်လေးများသည်လည်း တစ်နေ့တွင် ထိုကဲ့သို့သော ရလဒ်များကို ရရှိနိုင်မည်ဟု ယုံကြည်လျက်ရှိကြသည်။
စုန့်ကျစ်ကျွင်း ပြီးနောက် နောက်တစ်ဦးမှာ ယီယွင်ဖြစ်သည်။
အားလုံး၏ မျက်လုံးများသည် ယီယွင်သို့ ကို စိုက်ကြည့်နေကြသည်။
ဆယ့်ငါးမိနစ်အတွက် အခက်အခဲအဆင့် ဆယ့်ခြောက်ခု။ ထိုရလဒ်မျိုးရရှိရန်မှာ ဖိအားကြီးမားလှသည်။
အမှန်တွင် ကျိချန်း နဲ့ယှဉ်ပြိုင်စဉ်က ယီယွင်၏ကန့်သတ်ချက်ကို အခက်အခဲအဆင့် ဆယ့်လေးဟု ထင်မှတ်ထားကြလေသည်။
ယီယွင်သည် အသက်ရှုလမ်းကြောင်းကို ချိန်ညှိကာ ယွမ်ချီစွမ်းအား ကို သူ့ခန္ဓာကိုယ်အတွင်း အကောင်းဆုံးအခြေအနေသို့ရောက်အောင် စီးဆင်းစေလေ၏။
"မင်းအလှည့်ပဲ" စုန့်ကျစ်ကျွင်း အစီအရင်အတွင်းမှ ထွက်လာသောအခါ ယီယွင်နှင့် ပုခုံးနှစ်ဖက်ကို ပုတ်လိုက်သည်။ယီယွင်အား အသာအယာပြုံးကာ ကြည့်လိုက်လေသည်။
ယီယွင် က စုန့်ကျစ်ကျွင်း ကို အေးအေးဆေးဆေးကြည့်ကာ ခေါင်းညိတ်ပြလိုက်လေသည်။ ယီယွင်မျက်လုံးတွေက ညကောင်းကင်မှာ ကြယ်များကဲ့သို့ ကြည်လင်လျက် ရှိနေလေ၏။ယီယွင် စိတ်တည်ငြိမ်မှုမှာ ချွန်ထက်သောဓားတစ်ချောင်းကဲ့သို့ ဖြစ်နေလေသည်။
နှစ်ဦးစလုံး၏အကြည့်များမှာ ဓားအသွားများကဲ့သို့ စူးရှနေကြသည်။
"ယီယွင် မင်းအဲဒီမှာ ရုန်းကန်ဖို့ အစီအစဉ်ရှိသေးလား ရလဒ်က ရှင်းနေပြီကို"
"သခင် ကျိချန်းက မတော်တဆမှုကြောင့် အစီအရင်ကိုရပ်လိုက်တာ မဟုတ်ရင်၊ ယီယွင်သာဆို အခက်အခဲ အဆင့် ဆယ့်လေးဆင့်ဖြင့် ဆိုးရွားစွာ ရှုံးနိမ့်လိမ့်မယ်... အခုပဲ သခင်လေး ကျစ်ကျွင်း က ခက်ခဲမှု အဆင့် ဆယ့်ခြောက်ခုကို ပြီးမြောက်သွားခဲ့ပြီ။ယီယွင်ကသာ အဆင့် ဆယ့်လေးဆင့်ကို ဆက်သွားမယ်ဆို စိတ်ဝင်စားစရာ တော့ကောင်းနေပြီ"
ကျင်းပြည်နယ် သခင်လေး၏ မျက်နှာများမှာ စိတ်၀င်တစား ဖြစ်နေကြသည်။
သူတို့၏စိတ်ထဲတွင် စုန့်ကျစ်ကျွင်းမှာ အနိုင်ရပြီးသားဖြစ်သည်။ယီယွင်မှာ မိမိ၏မာနကို ကူကယ်ရာမဲ့အခြေအနေမှ ကာကွယ်ရန် အစီအရင်အတွင်းသို့ ၀င်လာသည်။
ကျယ်ပြောလှတဲ့ ကျတ်တီးမြေမှ အဖွဲ့သားမှာ စကားမပြောနိုင်အောင်ပင် စိုးရိမ်သောကမျက်လုံးများဖြင့် ယီယွင်ကို ကြည့်နေကြသည်။
ယန်မန်လုံ က မေးစေ့ကို ပွတ်လျှက် ယီယွင် ကို စိတ်ဝင်တစားကြည့်နေလေသည်။ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ မျက်လုံးများမှာ တောက်ပလာသည်။
ယီယွင်မှာသည် မြှားတစ်စင်းကဲ့သို့ ခုန်လိုက်ကာ ချက်ခြင်းပင် အအေးသတ္တု သွေးဘောလုံး အစီအရင်အတွင်း ဆင်းသက်လိုက်သည်။ ထို့နောက် အစီအရင်ထိန်းချုပ်သူက "အခက်အခဲအဆင့် ဆယ်လေး"
"ဆယ့်လေးအဆင့် ထပ်ပြီး ပျင်းစရာကောင်းလိုက်တာ။ ဒါက သူ့ကန့်သတ်ချက်ပဲ၊ သူ့မှာ သတ္တိရှိရင် ခဏနေရင် အဆင့်ဆယ့်ငါးကို ရောက်သွားလိမ့်မယ်။"
"ဟီးဟီး၊ မင်း ယီယွင် ဒုက္ခရောက်နေတာကို မြင်ချင်နေတာလား။ စိတ်မပူပါနဲ့၊ ဆယ့်ငါးအဆင့် မလိုပါဘူး၊ အအေးသတ္တုသွေးဘောလုံး တွေကို ထိဖို့ဆို ဆယ့်လေးအဆင့်က လုံလောက်ပြီ"
ကျင်း ပြည်နယ် သခင်လေးများသည် ပြပွဲကို ကြည့်ရှုရန် စောင့်ဆိုင်းနေကြသည်။ယီယွင် ၏ သရုပ်ပြမှုကို ကြည့်ရှုရန် မဟုတ်ပဲ ယ အအေးသတ္တု သွေးဘောလုံး ၏ ထိမှန်မှုကြောင့် ဒဏ်ရာကာ သွေးအန်ပြီး တစ်လခွဲခန့် အိပ်ယာပေါ်၌ လှဲနေမည့် အချိန်ကို စောင့်နေကြခြင်း ဖြစ်သည်။
အစီအရင်မှ မီးတောက်များမှာ သွေးများကဲ့သို့လျှံထွက်လာကြသည်။ အအေးသတ္တု သွေးဘောလုံး ခက်ခဲမှုအဆင့် ဆယ့်လေးသည် ပြင်းထန်သောဟိန်းသံများ ထုတ်လွှတ်ပြီး ယီယွင် ဆီသို့ မရောက်မှီ လေထုထဲတွင် ကွေ့ဝိုက်ကာ လှည့်ပတ်နေကြသည်။
ယီယွင်မှာ ခက်ခဲမှုအဆင့် ဆယ့်လေးကို ကျွမ်းကျင်သော်လည်း ထိုအဆင့်နေရာမှပင် စတင်လိုက်သည်။ ယီယွင်ခန္ဓာကိုယ်၏ စွမ်းအင် အထွတ်အထိပ်သို့ရောက်နေသည်။ ခန္ဓာကိုယ်၏တုန့်ပြန်နိုင်စွမ်းဖြင့် လှုပ်ရှားရန်အတွက် မျက်လုံးကိုမှိတ်ထားရင်း အသက်ရှုလျှက် ရပ်နေလေ၏။
တိုက်ခိုက်မှုများကို ခံစားရန် 'စွမ်းအား' ကို ခံစားခြင်းဖြင့် ယီယွင်မှာ ၎င်းကိုယ်တိုင် ကန့်သတ်ချက်များဆီသို့ တွန်းပို့လိုက်သည်။ ထိုမှသာ စွမ်းဆောင်ရည်ကို အပြည့်အဝ ဖော်ထုတ်နိုင်မည်ဖြစ်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ယီယွင်၏ အာရုံစူးစိုက်မှုမှာ အမြင့်ဆုံးကို ရောက်ရှိသွားလေသည်။ ကမ္ဘာပေါ်မှာ တစ်ယောက်တည်းကျန်ရှိပြီး လေများက ခန္ဓာကိုယ်အားပင့်တင်တွန်းသကဲ့သို့ ခံစားနေရသည်။ အအေးသတ္တု သွေးဘောလုံးမှ တွန်းထွက်လာသော လေများသည် ယီယွင်၏ အာရုံစူးစိုက်မှုလမ်းကြောင်းများကို ဖြတ်သွားလေသည်။
ထိုလမ်းကြောင်းများသည် ယီယွင်စိတ်ထဲတွင် တဖြည်းဖြည်း ရှင်းသွား လေသည်။
ယီယွင်သည် သူ့ခန္ဓာကိုယ်အနားမှ ဖြတ်သွားသည့် သွေးပုလဲတစ်ခုစီ၏ လှုပ်ရှားမှုများ ခံစားနေရသည်။
အအေးသတ္တု သွေးဘောလုံး အစီအရင်၏ တိုက်ခိုက်မှုတိုင်းကို ယီယွင် က ရှောင်တိမ်းသွားခဲ့သည်။ ၎င်း အဆင့်မှာ ကန့်သတ်ချက်ဖြစ်ပြီး အရှိန်မှာလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ အကြိမ်အနည်းငယ်ကြာသောအခါ ယီယွင်၏အရေပြားမှပင် လေပြင်း အရှိန်ကြောင့် နာကျင်မှုကို ခံစားနေရသည်။ သွေးပုလဲအရှိန် တစ်ချက်တိုင်းတွင် ယီယွင်၏အရေပြားမှာ အချိန်မရွေး ပေါက်ပြဲသွားနိုင်သည်။
ကျတ်တီးမြေအဖွဲ့သားတို့မှာ ထိုမြင်ကွင်းကိုမြင်သောအခါ သူတို့၏နှလုံးသားများ ရပ်တန့်လုနီးပါးဖြစ်နေကြလေသည်။ ယီယွင် သည် ခက်ခဲမှုအဆင့် ဆယ့်လေးကို ကျော်ဖြတ်နိုင်ခဲ့သည်။ထိုအဆင့်မှ ဆက်သွားပါက ယီယွင်မှာ ဒဏ်ရာရနိုင်သည် အခြေနေတွင်ရှိနေလေ၏။
ပြဒါးစီး၀တ်ရုံ ၏အလေးချိန်ကို ချိန်ညှိလိုက်သောအခါ ယီယွင်၏ အသက်ရှူသံမှာ လေးလံလာသည်။ ၎င်းမှာ ယီယွင်၏ ကန့်သတ်ချက်နှင့် နီးကပ်စေသောကြောင့် ရုပ်ပိုင်းဆိုင်ရာ အားထုတ်မှု ပိုကောင်းလာစေရန် အတွက်ဖြစ်သည်။
ယီယွင် နဖူးပေါ်မှ ချွေးစက်များမှာ လှိမ့်ဆင်းလာသည်။
တစ်စက္ကန့်ပြီး တစ်စက္ကန့်ကျော်လွန်လျက်ပင်…
သိပ်မကြာခင်တွင် အချိန်ဆယ့်ငါးမိနစ်မှာ ကုန်ဆုံးသွားလေသည်။ ကျင်းပြည်နယ်သခင်လေးအဖွဲ့အစည်းသည် ၎င်းတို့၏ လည်ပင်းများ ရှည်ထွက်လာသည်အထိ စောင့်ဆိုင်းနေကြသည်။ ယီယွင်အား သွေးပုလဲများဖြင့် အရိုက်ခံရသည်ကို မြင်ရန် စောင့်မျှော်နေကြခြင်း ဖြစ်သည်။
သို့သော်၊ ယီယွင်သည် အအေးသတ္တု သွေးဘောလုံး များကို ထိမှန်မည့်အချိန်တိုင်း ၎င်းကို အမြဲတိမ်းရှောင်နိုင်လေသည်။
ထို့သို့အခြေအနေမှာ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေလေ၏။ ထို့သို့ဖြင့် ယီယွင်၏ အစီအရင်မှာ ဆယ့်ငါးမိနစ် ဖြည်းညှင်းစွာ ကုန်ဆုံးသွားလေသည်။
ဒါပြီးရင် မိနစ်သုံးဆယ်...
ကျင်းပြည်နယ်သခင်လေးအဖွဲ့အစည်းသည် မယုံကြည်နိုင်စွာ စောင့်ဆိုင်းနေခဲ့သည်။
“ဘာမှားလို့လဲ”
"ဟေး အနည်းဆုံး ခက်ခဲမှုအဆင့် ဆယ့်ငါးကို စိန်ခေါ်ပါတော့ဟ"
ကျင်းပြည်နယ်သခင်လေး အဖွဲ့အစည်းမှာ ယီယွင်သည် အခက်အခဲအဆင့် ဆယ့်လေးကို ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ဝန်ခံခဲ့သည်။သို့သော် ယီယွင်မှာ ထိုအစီအရင်ထဲ နှစ်နာရီလောက် နေနိုင်မည်လားဟု အချင်ချင်း မေးခွန်းထုတ်နေလေသည်။
ယီယွင်၏ ခံနိုင်ရည် ကျဆင်းလာမည်ဟု မျှော်လင့်ကြပြီး နောက်ဆုံးတွင် ယီယွင် ခံနိုင်တော့မည်မဟုတ်ပေ။
သို့သော် ထိုအချိန်တွင် အလင်းတန်းတစ်ခု ဖြတ်သွားကာ ယီယွင်သည် တစ်စုံတစ်ခုကို ထုတ်ယူပြီး သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ကြမ်းတမ်းခြင်းသားရဲခြင်ဆီ”
ကျင်းပြည်နယ် သခင်လေးအဖွဲ့အစည်းမှာ အံသြသွားကြသည်။
“အရိုးဓာတ်ကို စားတယ်။ အရိုးဓာတ်ကိုတောင် စားသလား”
ယီယွင်မှာ နတ်ဘုရားမဟုတ်ပေ။ ခရမ်းရောင်သလင်းကျောက်သည် စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန်အတွက် ကောင်းကင်အဆင့် ယွမ်ချီစွမ်းအား ကို စုပ်ယူနိုင်သော်လည်း ပြဒါးစီး၀တ်ရုံ၏ အလွန်အမင်း လေးလံလှသောကြောင့်၊ ၎င်းသည် ယီယွင်အား ကန့်သတ်ချက်များဆီသို့ အဆက်မပြတ်တွန်းပို့ကာ စွမ်းအင်ကို ကုန်ဆုံးစေသည်။ ထို့ကြောင့် စွမ်းအင်ကို ဖြည့်တင်းရန် လိုအပ်သည်။
"ဒါက လိမ်တာမဟုတ်ဘူးလား" သခင်လေးအချို့က အော်ဟစ်ကြသော်လည်း တွေးကြည့်သောအခါတွင် အရိုးဓာတ်များကို စားသုံးရန် ကန့်သတ်ထားသည့်စည်းကမ်းမရှိပေ။
"သေစမ်း၊ သူဆက်သွားနေမယ်ဆိုရင် နှစ်နာရီကြာအောင် သရုပ်ပြနိုင်ပြီး ညစာစားတဲ့အချိန်ထိ စောင့်နေရမှာ..." ကျင်း ပြည်နယ် သခင်လေးများမှ စကားမပြောနိုင် လျက်သာရှိနေလေတော့သည်။။
ယီယွင် သည် အနီးနားရှိ စကားများဆီသို့ ဆွံ့အ နားမကြားကဲ့သို့ လှည့်ကြည့်လိုက်သည်။ ယီယွင်ကိုယ်ပိုင် ကမ္ဘာအတွင်းသို့ နှစ်မြှုပ်သွားလေသည်။
ယီယွင်ခန္ဓာကိုယ်၏ နေရာမကျန် အပြည့်အ၀ ထိန်းချုပ်နိုင်သလို သေးငယ်တဲ့ လှုပ်ရှားမှုမှန်သမျှကို တိကျစွာ ထိန်းချုပ်နိုင်သလို ခံစားရနေရသည်။ခန္ဓာကိုယ်ပေါ်ရှိ လေးလံသော ပြဒါးစီး၀တ်ရုံဖိအားမှာ လှုပ်ရှားမှုတိုင်းတွင် စွမ်းအင်အမြောက်အမြားကို သုံးစွဲစေသည်ဟု ခံစားခဲ့ရသည်။ အအေးသတ္တု သွေးဘောလုံးများ၏ လမ်းကြောင်းမျာကို ယီယွင် ၏ စိတ်ထဲ၌ တွက်ချက်လျှက် ရှိနေလေ၏။
ထိုသို့အခြေအနေမျိုးတွင် ယီယွင်မှာ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်ချေပြီ။
သို့သော် မောပန်းနွမ်းနယ်နေချိန်တွင် ပျော်ရွှင်မှုတစ်ခု ပေါ်လာလေသည်။
"တဒ... တဒင်္ဂ... ဒါက တဒင်္ဂလှုပ်ရှားမှုရဲ့ကြီးမားတဲ့ အောင်မြင်မှုအဆင့်ပဲလား...?"
ပြင်းထန်သော နာကျင်မှုနှင့် ပျော်ရွှင်မှုတို့၌ နှစ်မြုပ်ကာ ယီယွင်သည် သူ့ပတ်ဝန်းကျင်ရှိ အအေးသတ္တုသွေးဘောလုံးများကို ကိုင်တွယ်ရာတွင် ပို၍ ကျွမ်းကျင်လာခဲ့သည်။