← Chapters

ယီယွင်၏ကန့်သတ်ချက်

Vol. 10 Ch. 150

ယီယွင်၏ကန့်သတ်ချက်

Vol. 10 Ch. 150

စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေချိန်မှာပင် ယီယွင်မှာ တခြားကမ္ဘာအခြေအနေတစ်ခုသို့ ရောက်ရှိနေသကဲ့ စွမ်းအင်များမှာ တဖြည်းဖြည်းတိုးလာခဲ့သည်။

ယီယွင် ၏နှလုံးသားအတွင်းမှ အလင်းရောင်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုတောက်ပလာ‌လေသည်။စွမ်းအားများမှာ အဆက်မပြတ် တိုးတက်လာကာ မှုန်ဝါးနေသော လမ်းကြောင်းအားလုံးကို တဖြည်းဖြည်း ပိုမိုရှင်းလင်းစွာ မြင်လာရသည်။

ယီယွင်ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုးများနှင့်အတူ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များသည် အပြင်သို့ တဖြည်းဖြည်း ဖြန့်ကျတ်လာသလို ခံစားလိုက်ရသည်။

ယီယွင် သည် ပျော်ရွှင်မှုတစ်ဟုန်ထိုး ခံစားရသော်လည်း တစ်ချိန်တည်းမှာပင် စွမ်းအား ကန့်သတ်ချက်များဆီသို့ တွန်းပို့ခံရကြောင်း ရိပ်စားမိသည်။

ယီယွင်၏ ရုပ်ပိုင်းဆိုင်ရာ မထိန်းချုပ်နိုင်တော့ပဲ လျှို့ဝှက်ဆန်းကြယ်သော အခြေအနေမှ ရုန်းထွက်တော့မည်မှာ သေချာသည့် အခြေအနေပင်...

ကံကောင်းထောက်မစွာ၊ လင်ရှင်းထုံသည် မထွက်ခွာမီ ယီယွင်အတွက် အရိုးခြင်ဆီများ ချန်ထားခဲ့သည်။ထို့မှ ယီယွင်ကအခြားအရိုးဓာတ်ကို စားသုံးခဲ့ခြင်းဖြစ်သည်။

နွေးထွေးသော စွမ်းအင်များက ယီယွင်၏ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသည်။

ယီယွင် ၏တစ်ကိုယ်လုံးမှာ ချွေးများဖြင့် စိုရွှဲနေသည်။

ယီယွင်မှာ အစီအရင်အတွင်းမှာ နှစ်နာရီအကြာထိ ကြာမြင့်နေပြီ ဖြစ်သည်။

ကျင်း ပြည်နယ်မှ သခင်လေးများသည် သူတို့၏ မျက်လုံးများ မှုန်ဝါးလာသည်အထိ စောင့်ကြည့်နေကြသည်။

ယီယွင်၏ လှုပ်ရှားမှုများ မပြောင်းခြင်းလဲပေ။ ကျင်းပြည်နယ်မှ သခင်လေးများမှာလည်း ယီယွင် သွေးပုလဲများထိမှန်မည်ကို နှစ်နာရီကြာသည်အထိ စောင့်ကြည့်နေလျှက်ရှိကြသည်။

"ဒါက အဓိပ္ပါယ်ရှိလား" အဖွဲ့၀င်ထဲမှက ထပြောသည်။

သို့သော် နတ်မြို့တော်၏ ဗိုလ်ချုပ်ကြီး ယန်မင်လုံကို ကြည့်လိုက်သောအခါ၊ မေးစေ့ကို ပွတ်ကာ ယီယွင်အား စိတ်ဝင်တစား စောင့်ကြည့်နေလေသည်။

ထိုမျှကြာရှည်လှသော တူညီသောလှုပ်ရှားမှုများသည် စိတ်ဝင်စားဖွယ်ကောင်းမည်ကို သခင်လေးအဖွဲ့၀င်များမှမသိခဲ့ကြပေ။

ကျင်းပြည်နယ် သခင်လေးများ စိတ်ရှည်သည်းခံနိုင်မှု ပျောက်ဆုံးခါနီးတွင် အစီအရင်ကို ထိန်းချုပ်ရန် တာဝန်ခံ သခင်လေးမှာ အိပ်ပျော်လျှက်ပင် ရှိနေလေ၏၊ ထို့နောက် ရုတ်တရက် အော်သံကိုကြားလိုက်ရသဖြင့် လန့်နိုးလာသည်။

"နောက်ထပ်အဆင့်တစ်ခုထပ်ထည့်" ယီယွင်မှအော်ပြောလိုက်သည်။ ခက်ခက်ခဲခဲပြောလိုက်ပြီး ယီယွင်အသံမှ အနည်းငယ် တုန်ယင်နေသည်။ ၎င်းသည် ယီယွင်၏ကန့်သတ်ချက် နီးနေပြီဟု လူများအား အထင်ကြီးစေခဲ့သည်။

"ပိုခက်အောင်လုပ်တာလား၊ နောက်ဆုံးတော့ ပိုခက်အောင်လုပ်လိုက်တာလား"

၎င်းတို့၏ ပျင်းရိလေးလံ‌နေသော မျက်ခွံများကို တွန်းလှန်နေသော ကျင်း ပြည်နယ် သခင်လေးများသည် ရုတ်တရက် ပြန်လည် လန်းဆန်းလာခဲ့သည်။ ယီယွင်မှာ နောက်ဆုံးတွင် အခက်အခဲအဆင့် ဆယ့်ငါးခုကို စိန်ခေါ်ရန် ပြင်ဆင်နေလျှက်ရှိသည်။

အစီအရင်ကို ထိန်းချုပ်သော တာဝန်ခံ လူငယ်သည် ဆယ့်ငါးခုမြောက် သလင်းကျောက်ပေါ် ဖိချလိုက်ရင်း သူ့နှုတ်ခမ်းများကို စိတ်လှုပ်ရှားစွာ သပ်‌လိုက်လေသည်။

“ပြီးသွားပါပြီ”

ယီယွင် အအေး သတ္တုသွေးဘောလုံးများကို ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ခံစားနေရသည်ကို မြင်တွေ့ရန် စောင့်ဆိုင်းနေကြပြီး မျက်လုံးများကို ပွတ်သပ်နေကြသည်။

"ဝမ်"

အအေးသတ္တုသွေးဘောလုံးမှ အသံများကျယ်လောင်လာသည်။ နှစ်နာရီကြာ လေထုထဲတွင် အရှိန်ပြင်းပြင်းပွတ်တိုက်မှုကြောင့် သွေးပုလဲတစ်လုံးစီမှာ အပူများကြောင့် နီရဲလျှက်ရှိ‌နေလေ၏။ ထိုသို့ဖြင့် သွေးပုလဲများမှ ပျက်စီးသွားသည်မှာ စိတ်ကူးယဉ်စရာပင်။

စုန့်ကျစ်ကျွင်း ရဲ့ မျက်နှာမှာ အံ့သြမှုအရိပ်အယောင်များဖြင့် ပြည့်နှက်ကာ နေတော့သည်။ ယီယွင်ရဲ့ ကန့်သတ်ချက်က ဘာလဲဆိုတာ ကျစ်ကျွင်း သိချင်နေမိ‌‌လေ၏။

ရုတ်​တရက်​၊ စုန့်ကျစ်ကျွင်း ၏ မျက်မှောင်ကုတ်ကြည့်လိုက်သည်​။ အစီအရင်အလယ်တွင် ယီယွင်၏ လှုပ်ရှားမှုများတွင် ထူးဆန်းစွာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်‌လေသည်။

ယီယွင်၏ လှုပ်ရှားမှုများမှာ နှေးကွေးကာ ခက်ခက်ခဲခဲ လှုပ်ရှားနေရသည်။အအေးသတ္တု သွေးဘောလုံး များကို အချိန်မရွေး ဝင်တိုက်တော့မည်ဟု ထင်ရသည် အခြေအနေပင်။

သို့သော် ရုတ်တရက် ယီယွင်၏ လှုပ်ရှားမှုများသည် ရုတ်တရက် မြန်ဆန်လာလေသည်။ခန္ဓာကိုယ်မှ အလေးချိန်များကို အစုအပုံလိုက် စွန့်ပစ်လိုက်သကဲ့သို့ပင် ခန္ဓာကိုယ်၏ ကြောက်စရာကောင်းသော ခွန်အား တက်ကြွမှုနဲ့အတူ ရုတ်တရက် ပေါက်ကွဲသွားသလိုပင်။

ယီယွင်ခန္ဓာကိုယ်တစ်ဝိုက်တွင် အစီအရင်မှ အရိပ်များ ပေါ်လာကာ ထိုအရိပ်များဖြင့် ပြည့်နေလေတော့သည်။

ယီယွင်မှာ ပြဒါးစီး၀တ်ရုံ ၏အလေးချိန်ကို အနိမ့်ဆုံးသို့လျှော့ချခဲ့သည်။

ရုတ်တရက် ယီယွင်၏ လှုပ်ရှားမှုများသည် အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်းခန့် မြန်လာသည်။

"ရှုး ရှုး ရှုး"

ယီယွင်မှာ သွေးပုလဲဆယ့်ငါးလုံးကို ရှောင်ခဲ့နိုင်လေ၏။

သွေးပုလဲများသည် နောက်ပြန်လှည့်ကာ ပြန်လာ‌‌လေသည်။ယီယွင် သည် ခြေဖဝါးများကို ကြွကာ ရှောင်ပြန်သည်။ ယီယွင်လှုပ်ရှားမှုမှာ အလွန် လျင်မြန်လွန်းလှပေသည်။ ခက်ခဲမှုအဆင့် ဆယ့်လေးနှင့် နှိုင်းယှဉ်ပါက ယီယွင်၏ လှုပ်ရှားမှုများသည် ပိုမိုဟန်ချက်ညီလာကာ ပေါ့ပေါ့ပါးပါးဖြစ်သည်။ သွေးပုလဲတစ်လုံးမှ ယီယွင်၏ အင်္ကျီလက်ကိုမျှပင် မထိနိုင်ပေ။

"ဘာလဲ"

လူများ အံ့ဩသွားကြသည်။ ယီယွင် ရုတ်တရက် အရှိန်ကို မည်ကဲ့သို့မြှင့် လိုက်သည်ကို မသိကြချေ။

ကျင်းပြည်နယ် သခင်လေးများသာမက ကျယ်ပြောလှသော ကျတ်တီးမြေမှ အဖွဲ့သားပင် မယုံကြည်နိုင်ဖြစ်နေလေကြသည်။

ယီယွင်မှာ အရင်ကခွန်အားကို ဆုပ်ကိုင်ထားသလော သို့သော် ထိုကဲ့သို့ မထင်ရပေ။ ယီယွင်၏ လုပ်ဆောင်ချက်တိုင်းတွင် ကန့်သတ်ချက်များဖြင့် ကိုက်ညီနေသကဲ့သို့ပင်။ယီယွင် နဖူးပေါ်ရှိ ချွေးများနှင့် သွေးပြန်ကြောများက သက်သေပြနေသည်။

"စိတ်ဝင်စားစရာပဲ"ယီယွင်အား စိတ်ဝင်တစားကြည့်နေသော ယန်မန်လုံက ရုတ်တရက် ရယ်မောလိုက်သည်။

အစီအရင်အတွင်း ယီယွင် ၏ မျက်လုံးများသည် ထူးဆန်းသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။ တစ်ကိုယ်လုံးမှာ ချွေးများဖြင့် ဖုံးလွှမ်းနေသေးသော်လည်း ခန္ဓာကိုယ်မှာ ပို၍ သက်တောင့်သက်သာ ရှိနေပုံပေါ်လှပေသည်။

ယီယွင်၏ခန္ဓာကိုယ်အပေါ် ချုပ်ချယ်မှုများမှာ သိသိသာသာ လျော့ကျသွားသည်။ ပြဒါးစီး၀တ်ရုံ ၏ အလေးချိန်ကို လျှော့ချခြင်းဖြင့် ယီယွင် ၏ စွမ်အင်သိပ်သည်းနေသော ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်သွားမည်မှာ သေချာလှ‌သည်။

အခက်အခဲအဆင့် ဆယ့်ငါးခုကို ကောင်းမွန်စွာ ရင်ဆိုင်နေလေသည်။

“ဟမ် ဟမ် ဟမ်”

အအေးသတ္တု သွေးဘောလုံးများသည် သာမန်မျက်လုံးများကို မျက်ရည်ကျလောက်သည်အထိ ပြင်းထန်သောအရှိန်ဖြင့် လေထဲတွင် လွင့်ပျံလာသည်။

ပြင်းထန်သောလေသည် နေရာတိုင်းသို့ ရွေ့လျားလေ၏

ယီယွင်မှာ ကြမ်းတမ်းသောမုန်တိုင်းကို အလွယ်တကူဖြတ်ကျော်သွားနိုင်သော ပင်လယ်တစ်ခုကဲ့သို့ပင်။

ကြည့်ရှုသူများမှာ တအံ့တသြ ဖြစ်ကုန်ကြ‌လေသည်။ဤသည်မှာ ဇာတ်ညွှန်းအရ ဖန်တီးထားခြင်းမဟုတ်ပေ။

ယီယွင် သည် ခက်ခဲမှု ဆယ့်ငါးအဆင့်တွင် သွေးပုလဲဖြင့် ထိမှန်ပြီးနောက် ဒဏ်ရာအပြင်းအထန်ရသင့်သည်မဟုတ်လော။

ကျင်း ပြည်နယ် သခင်လေးများက နားမလည်သည်အကြည့်များဖြင့်၊ အကယ်၍ အအေးသတ္တု သွေးဘောလုံး များ အရှိန်တက်လာသည်ကို ၎င်းတို့၏ မျက်လုံးများဖြင့် မမြင်ပါက၊ အစီအရင်မှာ တစ်ခုခု ချွတ်ယွင်းသွားသည်ဟု ထင်ကြပေမည်။

ထိုအချိန်တွင် ယီယွင်က ကြည်ရှုသူအားလုံး၏ မေးရိုးများ အောက်သို့ကျသွားစေသည် အံဩသွားအောင် စကားတစ်ခွန်း ပြောလိုက်လေသည်။

"နောက်ထပ်အဆင့်တစ်ခုထပ်ထည့်ပါ၊ ခက်ခဲမှုဆယ့်ခြောက်အဆင့်"

ယီယွင် ၏ အသံမှာ အကျယ်ကြီးမဟုတ်လှပေ။ သွေးပုလဲများမှာ လေထဲမှာ တဟုန်းဟုန်းတောက်နေတဲ့ကြားမှ ရှင်းရှင်းလင်းလင်း မကြားရပေ သို့သော် အသံမှာ နားထဲသို့ တိုးဝင်လာကာ အံ့အားသင့်စေခဲ့သည်။

အားလုံးမှာ စကားမပြောနိုင်ပဲ ရှိနေလေကြ၏

“သူရူးနေတာလား”

"ငါ့ မင်းရဲ့ အရူးစိတ်ကို တားပြီး မင်းကို တွဲလောင်းဖြစ်အောင် လုပ်ပေးမယ်။ ဆယ့်ခြောက်ဆင့်ရဲ့ စွမ်းအားကဘာလဲဆိုတာ ငါပြမယ်၊ မင်းဟာ သခင် ကျစ်ကျွင်း နဲ့ တကယ်တန်းတူတယ်လို့ မင်းထင်နေတာလား" အစီအရင်ကို ထိန်းချုပ်သည့် သခင်လေးသည် ဆယ့်ခြောက်ခုမြောက် သလင်းကျောက်ကို ပြင်းထန်စွာ နှိပ်လိုက်သည်။

ရုတ်​တရက်​၊ အစီအရင်တစ်​ခုလုံးအား မီး​တောက်​​​များဖြင့်​ ဖုံးလွှမ်းသွားသည်​။ အအေးသတ္တု သွေးဘောလုံး ဆယ့်ခြောက်လုံးသည် ဦးတည်ရာမရှိ လှည့်ပတ်နေသည် ။ အနီးနားရှိ လူများမှာ ခြေလှမ်းအနည်းငယ် နောက်သို့ပြန်ဆုတ်လိုက်ရလေသည်။

ခက်ခဲမှုအဆင့် ဆယ့်ခြောက်ဆင့်သည် ယီယွင်အပေါ် ကြီးမားသော ဖိအားကို ပေး‌သည်။

အအေး သတ္တုသွေးဘောလုံးတိုင်းသည် ကြယ်များ ကြွေကျသကဲ့သို့ပင်။ ယီယွင်၏ စိတ်နှင့် ခန္ဓာကိုယ်ကို ကြီးမားသော ဖိအားဖြစ်စေသည်။

ဤအအေးသတ္တု သွေးဘောလုံးများသည် ယခုအချိန်တွင် တစ်ခုနှင့်တစ်ခု တိုက်မိသွားကာ ဒရောသောပါးဖြင့် ပျံသန်းကာ အလစ်အငိုက် တိုက်ခိုက်ကြလေသည်။

အအေးသတ္တု သွေးဘောလုံး များသည် ယီယွင် ၏ လှုပ်ရှားမှုနေရာများဆီသို့ အဆက်မပြတ် လှည့်ပတ်နေသည်။

ဘက်(စ်) ....

ယီယွင် နှလုံးခုန်နှုန်း မြန်လာသည်နှင့်အမျှ နားများမှာလည်း ဆူညံနေသည်။သွေးများမှာလည်း အရှိန်အဟုန်ပြင်းပြင်းဖြင့် စီးဆင်းနေသည်။

"ချာ"

သွေးပုလဲတစ်လုံးမှာ ယီယွင်၏ခါးအနားမှ ဖြတ်ကျော်သွားကာ ငါးပျံ၀တ်ရုံကို ဆုတ်ဖြဲသွားလေသည်။

အခက်အခဲအဆင့် ဆယ့်ခြောက်ခုသည် ယီယွက်၏ ကန့်သတ်ချက်ထက် ကျော်လွန်သည်မှာ ထင်ရှားလှပေသည်။

“ဟာ”

ကျင်းပြည်နယ်မှ သခင်လေးများက အသက်ကိုရှူထုတ်လိုက်ကာ “နောက်ဆုံးတော့ ဒီကောင် ဆက်မထိန်းနိုင်တော့ဘူး”

ယီယွင်မှာ ဆက်လက်တောင့်ခံထားနိုင်မည် မဟုတ်တော့ဘူးဟုထင်နေကြသည်။ သို့သော် ယီယွင်မှာ သခင်လေးကျစ်ကျွင်း ထက် နိမ့်ကျနေဆဲဖြစ်သည်။

"ချာ"

ယီယွင်၏ ငါးပျံ၀တ်ရုံမှာ ကွဲသွားကာ နောက်ထပ် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ယီယွင် လက်မောင်းမှာ ဒဏ်ရာရသွားသောကြောင့် သွေးများ ထွက်လာ‌လေသည်။

ခက်ခဲမှုအဆင့် ဆယ့်ခြောက်ခုအောက်တွင်၊ အအေးသတ္တု သွေးဘောလုံး ၏ အမြန်နှုန်းသည် မြန်လွန်းလှသည်။ သွေးပုလဲမှပြင်းစွာသောလေမှ ငါးပျံ၀တ်ရုံကို စက္ကူကဲ့သို့ပင် ဆုတ်ဖြဲပစ်လိုက်‌လေသည်။

အအေးသတ္တုသွေးဘောလုံးတချို့မှာ ယီယွင်ဆီသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသဖြင့် ယီယွင် လွတ်မြောက်အောင် ရှောင်တိမ်းရန်မှာ မခက်ခဲပေလှပေသည်။

ထိုအချိန်တွင် ယီယွင်မှာ ရှောင်ပြေးပြီး အစီအရင်အတွင်း မှခုန်ထွက်လေသည် ။

"ပါ့ ပါ့ ပါ့"

သွေးပုလဲတွေက ယီယွင်ခုန်ရှောင် လိုက်သော နေရာသို့ ထိမှန်သွားသည်။

"ဟင်"

ယီယွင် သည် အစီအရင်အတွင်းမှ ရှောင်ထွက်လိုက်သည်ကို မြင်လိုက်ရသဖြင့် ကျင်းပြည်နယ် သခင်လေးများမှာ စိတ်ပျက်သွားသည်။

"ဒီကောင်က ပါးနပ်လွန်းတယ်"

ယီယွင် အရိုက်ခံရမည်ကို မြင်ချင်လှသော်လည်း အစီစအရင်အတွင်းမှ ခုန်ထွက်လာသဖြင့် သခင်လေးများ အဖွဲ့မှာ လက်လျော့လိုက်ရပေ၏။

"အစ်ကိုယီ မင်းအတွက်ကောင်းတယ်"

ကျယ်ပြောလှသော ကျတ်တီးမြေအဖွဲ့သားတို့သည် ရွှင်မြူး‌နေကြသည်။ ယီယွင် သည် အခက်အခဲအဆင့် ဆယ့်ခြောက်တွင် စက္ကန့်ပိုင်းသာ ခံနိုင်ရည်ရှိပြီး စုန့်ကျစ်ကျွင်း ကို ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့သော်လည်း ထိုအဆင့်သို့ ရောက်နိုင်သည်မှာ ချီးကျူးစရာပင်။

ကျယ်ပြောလှသော ကျတ်တီးမြေမှ လာသော လူငယ်တစ်ဦးသည် မိသားစုကြီးများမှ လာသော သခင်လေးတစ်စုကို နှိမ်နင်းခဲ့ပြီး၊ လူငယ်သည် ၎င်းတို့၏ နံပါတ်တစ် သခင်လေးထက် များစွာ အားနည်းခဲ့သည်။

သို့သော် ၎င်းမှာဂုဏ်ယူစရာတစ်ခုပင်။

ယနေ့တွင် ကျယ်ပြောလှသော ကျတ်တီးမြေသားတို့သည် မိမိတို့ကိုယ်တိုင် သက်သေပြပြီး ကျယ်ပြန့်သော ကျတ်တီးမြေ၏ ဘုန်းအသရေကို သက်သေထူခဲ့ကြသည်။

"အစ်ကို ကျန်း၊ မင်း သေချာပေါက် ပျိုးပင်ကောင်းတစ်ပင်ကို ရွေးခဲ့တာပဲ" နားရွက်ကြီးလျှိုက သူ၏နှလုံးသားအောက်ခြေမှလာသည့် စကားအတိုင်း ကျန်းတန်အား ပြောလိုက်သည်။

ထိုအချိန်တွင် ကျန်းတန်၏မျက်လုံးထောင့်မှ ‌ယီယွင်အား စိုက်ကြည့်နေသည်။ ထို‌ကောင်လေးက ငါးပျံဝတ်ရုံကို ချွတ်လိုက်သည်ကို သတိထားမိသည်။

ငါးပျံ၀တ်ရုံကို ယီယွင်က မြေပြင်ပေါ်တွင် ချွတ်ချလိုက်သည်။ ယီယွင်၏ အတွင်းခံအင်္ကျီကို ထင်ရှားစွာပေါ်လွင်လာသည်။ ပိုးသားပုဝါနှင့် တူသော တောက်ပြောင်နေသော အင်္ကျီ။

"တောင်းပန်ပါတယ် ငါ့အဝတ်တွေကို ချွတ်ချင်တယ်" ယီယွင်က သူ့နဖူးမှ ချွေးများကို သုတ်လိုက်ကာ ပြောလိုက်သည်။

"မင်းအဝတ်အစားတွေ ချွတ်လိုက် အစီအရင်က အရမ်းပူနေလား"

ကျင်း ပြည်နယ် သခင်လေး တချို့မှာ တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ စကားမပြောနိုင်‌ကြ‌သေး‌ပေ။ ယီယွင်မှာ ထူးဆန်းလှသည်။ သူရဲကောင်းတစ်ယောက်အနေနဲ့ ဘယ်လောက်ပင် ပူလောင်နေပါစေ ယွမ်ချီ စွမ်းအားများ လှည့်ပတ်ဖို့သာလိုပြီး ချွေးများမှာ ချက်ချင်းအငွေ့ပျံသွားလေသည်။

ထိုအချက်ကို သာမာန်တိုင်းသူပြည်သားများပင် သိရှိကြသည်။

ယီယွင်၏ အင်္ကျီကို ချွတ်လိုက်သောအခါတွင် ယီယွင် ခက်ခဲမှုအဆင့် ဆယ့်ခြောက် စတင်စိန်‌ခေါ်သည့်တိုင် တည်ငြိမ်နေသော စုန့်ကျစ်ကျွင်းပင် သည် ရုတ်တရက် အံဩသွားသည်။

ယန်မန်လုံ ၏ မျက်လုံးများမှာလည်း တောက်ပလာခဲ့သည်။ မေးစေ့ကို ဆက်၍ ပွတ်နေသော်လည်း အံ့အားသင့်လျှက် ရှိနေလေသည်။

"ပြဒါးစီး ၀တ်ရုံ" ယန်မန်လုံ အံ့သြသွားသည်။

ဘာလဲ

လူတချို့မှာ နားမလည်သလို ယန်မန်လုံအား စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ယန်မန်လုံ ကဲ့သို့ လူတစ်ဦးအတွက် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားရခြင်းမှာ ထူးခြားမှုတစ်ခုပင်ဖြစ်သည်။

"ပြဒါးစီး၀တ်ရုံ ဒီအဝတ်အစား ယီယွင် ချွတ်ခဲ့တာလား။" ကျင်း ပြည်နယ် သခင်လေးများသည် ယီယွင် ၏ လက်ထဲမှ အင်္ကျီဆီသို့ စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ပါးလွှာသည်မှလွဲရင် ထူးထူးခြားခြား ဘာမှမရှိလှပေ။

“ဒါဖြစ်နိုင်မလား…” စုန့်ကျစ်ကျွင်း သည် ယီယွင် ၏လက်ထဲမှ ပြဒါးစီး၀တ်ရုံကို မယုံနိုင်လောက်အောင် ကြည့်‌နေလေသည်။ "ဒါက လင် မိသားစုရဲ့ အဆင့်သုံး ပြဒါးစီး၀တ်ရုံမလား။ လှုပ်ရှားမှုနဲ့ ခွန်အားကို လေ့ကျင့်ပေးတဲ့ ရတနာတစ်ခုပဲ။ လေလံပွဲမှာ ဝယ်လို့ရပေမယ့် ၀ယ်သူမရှိ‌‌အောင် စျေးအရမ်းကြီးတယ်"

"ဆန်းကြယ်မှု အဆင့်သုံး ပြဒါးစီး၀တ်ရုံ သည် ၎င်း၏ အလေးချိန်ကို ဒယ်စောက်ဆယ်ခု အလေးအချိန်ကနေ ဒယ်စောက်တစ်ထောင် အလေးအချိန်အထိ ပြောင်းလဲနိုင်သည်။ ဒါတင်မကဘဲ လူတစ်ဦး၏ လှုပ်ရှားမှုကို ကန့်သတ်ထားမည်ဖြစ်သည်။ ၀တ်ရုံဝတ်ထားစဉ် လှုပ်ရှားမှုတိုင်းသည် အလွန်အားစိုက်ထုတ်ရလေ့ ရှိသည်။ ခုဏက အစီအရင်ထဲမှာတုန်းက ယီယွင်က ၀တ်ရုံကို ၀တ်ထားတာလား ... " စုန့်ကျစ်ကျွင်း ၏ အသံမှာတုန်ရီနေသည်။စုန့်ကျစ်ကျွင်းသည်လဲ ထို၀တ်ရုံကဲ့သို့ ဆင်တူတစ်ခုကို ၀တ်ဆင်ထားသော်လည်း လင် မိသားစုမှ ပြုလုပ်ထားခြင်းမဟုတ်သော်လည်း ပြဒါးစီး၀တ်ရုံနှင့် ဆင်တူလှပေသည်။

“ဘာလဲကွာ”

စုန့်ကျစ်ကျွင်း၏ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ကျင်းပြည်နယ်သခင်လေး အဖွဲ့အစည်းမှာ စိတ်ပျက်သွားခဲ့သည်။

သူတို့နားက ပဲ့တင်ထပ်နေသည်မှာ “ဒယ်စောက်ဆယ်ခု အလေးအချိန်ကနေ ဒယ်စောက်တစ်ထောင် အလေးအချိန်အထိ”

“ဒယ်စောက် ဆယ်ခု အပေါ့ဆုံးကဒယ်စောက် ဆယ်ခုလား”

“အဲဒီ၀တ်ရုံအကြောင်းပြောနေတာလား”

ယီယွင်မှာ အအေးသတ္တု သွေးဘောလုံး အစီအရင် အလယ်တွင် ဒယ်စောက်ဆယ်ခု အလေးချိန်ကို ၀တ်ဆင်ထားက တဒင်္ဂလှုပ်ရှားမှုကို သရုပ်ပြနေတာလား။

“ဒါ...ဟာသဖြစ်ရမယ်”

All Chapters