← Chapters

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အခန်း(၄၉၆) နားမထောင်ဘူး နားမထောင်ဘူး လိပ်က ကျန်းဂန်တွေရွတ်နေတယ်

သလင်းကျောက်ပုလင်းအတွင်းတွင်ထည့်ထားလျက် ခရမ်းရောင်ခပ်ဖျော့ဖျော့လင်းနေသော ကောင်းကင်ကံကြမ္မာဆေးရည်က ရင်သပ်ရှု့မောဖွယ်ကောင်းလှသည်။ ကောင်းကင်ကံကြမ္မာဆေးပုလင်းကိုကြည့်လျက် ယွမ်မင်ရင်၏ အသက်ရှုသံများက တဖြည်းဖြည်း ပိုမိုမြန်ဆန်လာသည်။

“ဆရာ….”

ရွှယ်အန်းက ခေါင်းယမ်းကာ သူမကို စကားမပြောရန် လက်ဟန်ပြလိုက်သည်။

“ဒါက မင်း ကုမ္ပဏီကို ဝင်တဲ့အထိမ်းအမှတ်နဲ့ ကြိုဆိုတဲ့လက်ဆောင်ပဲ။ ယူသွားပြီး မင်းအမေကို အရင်ကယ်လိုက်ပါ”

ယွမ်မင်ရင်၏ မျက်လုံးများ နီရဲလာကာ မျက်ရည်များ တလိမ်လိမ့်စီးကျလာသည်။ ရထားစီးစမှစ၍ ရွှယ်အန်းက သူမကို တစ်ကြိမ်ထက်မနည်းကူညီပေးခဲ့သည်။ ရွှယ်အန်းသာ မရှိလျှင် သူမက နောက်ပြန်လှည့်နိုင်တော့မည်မဟုတ်ဘဲ အမှောင်ထဲ၌ ထာဝရပျောက်ဆုံးသွားနိုင်သည်ဟု ဆို၍ရသည်။

“ဆရာ ကျွန်မ မင်ရင်က ဒီကျေးဇူးကြီးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကျွန်မအမေရောဂါကို ကုပေးပြီးတာနဲ့ ကုမ္ပဏီကို ပြန်လာခဲ့ပါမယ်” ယွမ်မင်ရန်က မျက်ရည်များကိုသုတ်ကာ လေးနက်ပြတ်သားစွာပြောလိုက်သည်။

“မြန်မြန်သွားပါ” ရွှယ်အန်းက အနည်းငယ်ပြုံးကာ လက်ကိုဝှေ့ယမ်းလိုက်၏။

ယွမ်မန်ရင်က လှည့်၍ ထွက်သွားသည်။

သူမသွားပြီးနောက် အန်းယန်က အတွင်းခန်းထဲမှ ထွက်လာကာ ဖြည်းညှင်းစွာ ငုံ့၍ ရွှယ်အန်းကိုနောက်မှ ပွေ့ဖက်လိုက်သည်။

“ယောက်ျား ကိုက သိပ်ကြင်နာတတ်တာပဲ”

“ဟမ်” ရွှယ်အန်းက ကုလားထိုင်ကိုနောက်ပြန်လှဲ၍ အန်းယန်ဘက်သို့မျက်နှာလှည့်ကာ ပြုံးလိုက်သည်။

“ဘယ်မှာ ကြင်နာလို့လဲ”

“နေရာတိုင်းမှာလေ အထူးသဖြင့် ကို့ရဲ့ ကြင်နာတတ်တဲ့နှလုံးသားလေးပေါ့” အန်းယန်က ရယ်မောကာ ပြောလိုက်သည်။

ရွှယ်အန်းက အန်းယန်၏ မွေးကြိုင်သော ဆံနွယ်များကို နမ်းရှိက်လျက် ခပ်ပါးပါးပြုံးကာ ပြောလိုက်သည်။

“ကိုတို့ အတိတ်က အရိပ်တွေကို သူ့ဆီမှာမြင်လိုက်ရလို့ပါကွာ။ ဒါပါပဲ”

ထိုစကားကြောင့် အန်းယန်၏ မျက်လုံးများတွင် လွမ်းဆွေးမှု အရိပ်အယောင်များ ပေါ်လာသည်။

ရွှယ်အန်း၏ ပြောစကားကမှန်သည်။ ထိုစဥ်က သူနှင့် အန်းယန်တို့ကြုံခဲ့ရသည့် အခြေအနေများက ယင်းနှင့် ထူးမခြားနားပင်ဖြစ်သည်မဟုတ်လော။

ဆုတ်ခွာရန် နည်းလမ်းမရှိသော အနက်ဆုံးသော အမှောင်ထုသည် သူတို့ရှေ့တွင် တည်ရှိနေသည်။

ဤသို့ စိတ်ပျက်အားငယ်မှုက လူတစ်ဦးကို ပြိုလဲသွားစေနိုင်သည်။ အန်းယန်က ရွှယ်အန်း၏ မျက်နှာကို သူမ၏ ပါးပြင်လေးဖြင့် ပွတ်သပ်လိုက်သည်။

“ယောက်ျား စိတ်ညစ်မနေနဲ့တော့နော် ဒါတွေအားလုံးက အတိတ်တွေပါပဲ”

ရွှယ်အန်းက ခဏမျှသာ ပြန်တွေးကြည့်မိခြင်းဖြစ်သောကြောင့် ရယ်မောလိုက်သည်။ ထို့နောက် အန်းယန်အပေါ် သနားကြင်နာစိတ်က ပိုမိုလေးနက်လာသည်။ အန်းယန်က ၎င်းတို့၏ ကလေးများကိုမွေးပြီးသည့်အချိန်၌ တစ်ဦးတည်း ဆေးရုံတွင် အထီးကျန်စွာနေခဲ့ရသည်။ သို့သော် ယခု အန်းယန်က သူ့ကိုနှစ်သိမ့်ပေးနေ၏။

‘ဘယ်လို အရူးမလေးလဲမသိဘူး’

ထိုအတွေးတွေးပြီးနောက် ရွှယ်အန်းက ရုတ်တရက် ကျီဆယ်သော အပြုံးတစ်ခုပြုံးကာ အန်းယန်ကို အနားသို့ ဆွဲ၍ နက်ရှိုင်းစွာနမ်းလိုက်သည်။

အန်းယန်က ရွှယ်အန်း၏ ရုတ်တရက် တိုက်ခိုက်မှုကိုမမျှော်လင့်ထားသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ခဏအကြာတွင် သူမ၏အကြည့်များက ပျော့ပြောင်းလာကာ မျက်လုံးများသည်လည်း အဆုံးမဲ့သော ဆွဲ‌ဆောင်မှုဖြင့် မှေးစက်သွားသည်။

အန်းယန်၏ ကျော့ရှင်း၍ ဖော်မပြနိုင်လုသော အသွင်အပြင်မျိုးကို မြင်လိုက်ရသဖြင့် ရွှယ်အန်း၏ နှလုံဂက အဆက်မပြတ်ခုန်နေသည်။

တစ်ခန်းလုံး အပူချိန်များ ရုတ်ချည်းတိုးလာသည့်အခိုက်၌

ရှန်းရှန်းက အတွင်းခန်းတံခါးတွန်းဖွင့်ကာ အော်လိုက်သည်။

“ဖေဖေ နျန်နျန်က သမီးရေခဲမုန့်ကို ခိုးသွားပြန်ပြီ”

တစ်ချိန်က အလွန်အမင်း စိတ်အားထက်သန်နေသော စုံတွဲက ရုတ်တရက် အမြန်လူခွဲကာ အန်းယန်၏မျက်နှာက ပေါက်ကွဲတော့မည့်အလား နီရဲနေသည်။

သို့သော် ရွှယ်အန်းက တည်ငြိမ်အေးချမ်းစွာဖြင့် ပြုံးလိုက်၏။

“သူ ဘယ်လို ခိုးသွားတာလဲ”

ရှန်းရှန်းက နီမြန်းနေသော အမေဖြစ်သူကို သံသယအကြည့်ဖြင့်ကြည့်ပြီးနောက် နွေးထွေးစွာပြုံးနေသော်လည်း အနည်းငယ်သဘာဝမကျသော အဖေဖြစ်သူဘက်သို့ လှည့်လိုက်သည်။

“မေမေ ဘာလို့ မျက်နှာကြီးက အရမ်းနီရဲနေတာလဲ”

အန်းယန်က လန့်ဖျပ်သွားကာ ပြန်ဖြေရန် စက္ကန့်ပိုင်းခန့်တုံ့ဆိုင်းနေပြီးနောက် ဖြေလိုက်သည်။

ဘာလို့လဲဆိုတော့… အာ… ဒီအခန်းက အရမ်းပူလို့လေ…အဟွတ်…အဟွတ်…ဟုတ်တယ်မလား.. ယောက်ျား”

ရွှယ်အန်းက လေးလေးနက်နက်ခေါင်းညိတ်လိုက်သည်။

“မှန်တယ်။ ဒီအခန်းထဲက အရမ်းပူလွန်းတယ်”

“အွန် အဲ့လောက်ပူလို့လား”

နျန်နျန်က ရှန်းရှန်း၏ ဘေးမှနေ၍ ခေါင်းလေးကိုထုတ်လိုက်သည်။

“မမ နင့်ရေခဲမုန့်က ငါ့ပါးစပ်ထဲကျသွားတာ။ ငါထုတ်ဖို့ လုပ်ပါသေးတယ်။ ဒါမယ့် မတော်တစ မြိုချလိုက်မိတာလေ”

နျန်နျန်ပြောနေသည့်အခိုက်၌ပင် သူမ၏ နှုတ်ခမ်းထောင့်၌ ထင်ရှားသောရေခဲမုန့်အကျန်များကို မြင်နေရဆဲဖြစ်သည်။ ထိုစကားကိုကြားသောအခါ ရှန်းရှန်းက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ထို့နောက်သူမက ဒေါသတကြီးအော်လိုက်၏။

“ရွှယ် နျန်နျန် နင်တော့ ဒီနေ့အသေပဲ”

သူမက အမွှေးများထောင်နေသော ကြောင်လေးတစ်ကောင်ကဲ့သို့ ခုန်အုပ်လိုက်သည်။ နျန်နျန်က‌ ကြောက်လန့်တကြားလှည့်ကာပြေး၏။

“မမ ငါရှင်းပြတာကို နားထောင်ပါဦး”

"နားမထောင်ဘူး၊ နားမထောင်ဘူး၊ အုတ်နံရံနဲ့ စကားပြောနေသလိုမျိုးပဲ။ အခု ချက်ချင်း ငါ့ရေခဲမုန့် ပြန်ပေး"

ထို့သို့ဖြင့် ရှန်းရှန်းက နောက်မှလိုက်ကာ နျန်နျန်က ရှေ့မှပြေးသည်။ ကလေးမလေးနှစ်ယောက်က ရုံးခန်းတစ်ဝိုက်၌ တူတူပုန်းတိုင်းဆော့နေကြသည်။ ဤမြင်ကွင်းကိုကြည့်၍ ရွှယ်အန်း၏ နှုတ်ခမ်းများက‌ ကွေးတက်သွား၏။

မည်သို့ပင်ဖြစ်စေကာမူ သူ့သမီးနှစ်ယောက်ကို မြင်လိုက်ရသည့်အခါတိုင်း သူ့နှလုံးသားက ရုတ်တရက်ငြိမ်သက်သွားသည်။

“မမ… ငါပြောတာမှန်တယ်။ ဒါက ရေခဲမုန့်ပဲ” နျန်နျန်က ပြေးရင်းဖြင့် မောဟိုက်လာသည်။

ရှန်းရှန်းက မှုန်ကုပ်ကုပ်ဖြင့်ရှေ့သို့တိုးလာကာ နျန်နျန်၏ ကျစ်ဆံမြီးများကို ဆုပ်ကိုင်လိုက်သည်။

“ဟား နင် အခု ဘယ်ပြေးမလဲကြည့်ကြရအောင်” ရှန်းရှန်းက ဂုဏ်ယူစွာပြောသည်။

နျန်နျန်၏ မျက်လုံးကြီးများမှ မျက်ရည်များ စီးကျလာကာ ရွှယ်အန်းကို ဝမ်းနည်းသောအသံဖြင့်ပြောလိုက်သည်။

“ဖေဖေ…မမက သမီးကို ထပ်ပြီး အနိုင်ကျင့်နေပြန်ပြီ”

ရှန်းရှန်းက နျန်နျန်၏ကျစ်ဆံမြီးများကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ နောက်လက်တစ်ဖက်ကို သူမ၏ ခါးပေါ်တွင်တင်လျက် တင်းမာသော မျက်နှာဖြင့် စိတ်အားထက်သန်စွာပြောလိုက်သည်။

“ဖေဖေ ဒါက ဖေဖေနဲ့မဆိုင်ပါဘူး။ ညီအစ်မတွေကြားက ကိုယ်ရေးကိုယ်တာကိစ္စပါပဲ။ အပြင်လူတွေက ဝင်မစွက်ဖက်သင့်ပါဘူး”

ရှန်းရှန်းက အရွယ်ရောက်ပြီးသူကဲ့သို့ ပြုမူနေသည်ကိုမြင်လိုက်ရသောအခါ ရွှယ်အန်းက နျန်နျန်အား ကူကယ်ရာမဲ့စွာ ပြုံးရုံသာ တတ်နိုင်တော့သည်။

“ပြောစမ်း နင်ထပ်ခိုးမှာလား မခိုးဘူးလား”

“မခိုးတော့ဘူး” နျန်နျန်က အတန်ငယ်မှားယွင်းနေသည်ဟုတွေးကာ ပြောသည်။

“ငါနင့်ကိုမယုံဘူး။ နင်ငါ့ကို ကတိတစ်ခုရေးပေးရမယ်”အကြံတစ်ခုရလာသော ရှန်းရှန်းက မျက်လုံးများ အရောင်တောက်လျက်ပြောသည်။

“ဒါပေမယ့် ငါမှ ဘယ်လိုရေးရမလဲမသိတာ”

“ရပါတယ်။ ငါလည်းမသိဘူး”

“ဒါဆို ဘာလုပ်ကြမလဲ”

“စက်ဝိုင်းဆွဲ”

မကြာမီ၌ ရှန်းရှန်းက စက္ကဖြူတစ်ရွက်ပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသော စက်ဝိုင်းများနှင့် လေးထောင့်များစွာကို စတင်ရေးဆွဲခဲ့သည်။

“ဒါဘာလဲ” ရွှယ်အန်းက မျက်လုံးတစ်ဖက်မှိတ်ပြလျက်မေး၏။

“ဒါက ကတိသစ္စာပဲ” ရွှယ်ရှန်းက စာရွက်ကို ကိုင်၍ လည်ချောင်းရှင်းကာ အော်လိုက်သည်။

“ရွှယ်နျန်နျန်က သူ့အစ်မ ရွှယ်ရှန်းရှန်းရဲ့ ရေခဲမုန့်ကို ဘယ်တော့မှ မခိုးတော့ဘူးလို့ကတိပြုပါတယ်။ ဒီကတိကို ဆန့်ကျင်ရင် ရေခဲမုန့် တစ်လစားခွင့်ပိတ်ခံရပါမယ်။ နောက်ပြီး အရင်ခိုးထားတာတွေအတွက် ပြစ်ဒဏ်အနေနဲ့ သူ့အစ်မအတွက် ရေခဲမုန့်ကို တစ်လစာခွဲပေးရမယ်”

ဖတ်ပြီးသည်နှင့် ရွှယ်ရှန်းက မျက်နှာကိုမော့လျက် နျန်နျန်ကိုကြည့်ကာပြောလိုက်သည်။

“လက်မှတ်ထိုးပါ”

ရွှယ်နျန်၏ မျက်နှာက ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။ သူမက ယင်းကို နားလည်ရန် အချိန်အတန်ကြာခဲ့ကာ နား လည်သွားသောအခိုက်၌ မျက်နှာ၌ဝမ်းနည်းမှုအပြည့်ဖြင့်ရှိနေ၏။

"အစ်မ၊ ငါမခိုးတော့ဘူးလို့ ကတိပေးတယ်၊ တစ်ဝက်တော့ ခွဲပေးလို့မရဘူးလေဟာ"

"ဘယ်လိုမျှမဖြစ်နိုင်ဘူး"

"တစ်ဝက်ရဲ့ တစ်ဝက်ရော ဘယ်လိုလဲ"

"မဖြစ်နိုင်ဘူး"

"အီး…ဟီး…အီး မမ သမီးကို အနိုင်ကျင့်နေတယ်”

“နင် ငါ့ရေခဲမုန့်ခိုးသွားတာ ငါကမငိုရသေးဘူး နင်ငိုနေပြီလား"

“နင်က အငိုသန်တဲ့ကလေးပဲ”

“မမကမှ အငိုသန်တဲ့ကလေး”

“ဆံပင်ထပ်ဆွဲတာခံချင်သေးလို့လား”

“...”

နောက်ဆုံးတွင် သဘောတူညီချက်ကို ဖော်ရွေစွာ စေ့စပ်ညှိနှိုင်းရေး စိတ်ဓာတ်ဖြင့် လက်မှတ်ရေးထိုးခဲ့သည်။ နျန်နျန်က ငိုမဲ့မဲ့မျက်နှာဖြင့် စာရွက်ဖြူလေးပေါ်၌ သူ၏ လက်မှတ်လေးကို ရေးထိုးလိုက်သည်။ ရှန်းရှန်းက အားရဝမ်းသာ စာရွက်ကို ဖယ်လိုက်၏။ ရွှယ်အန်းနှင့် အန်းယန်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်။ ၎င်းတို့က အမြွှာ ညီအစ်မများဖြစ်ကြသော်လည်း နှစ်ဦးလုံးတွင် လုံးလုံးလျားလျားကွဲပြားသော ကိုယ်ကျင့်စရိုက်များရှိသည်။

ရှန်းရှန်း၏ အကျင့်စရိုက်က ရွှယ်အန်း၏ လွှမ်းမိုးမှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့နှင့် ပို၍တူလာသည်။ နျန်နျန်က အန်းယန်နှင့်တူကာ ပို၍ နူးညံ့၍ ချစ်စဖွယ်ကောင်းသည်။ သို့သော် ဤသည်က ကောင်းသည်။ ညီအစ်မများကြားတွင် သန်မာသောသူရှိရန်လိုအပ်သည်။ မဟုတ်ပါက အနိုင်ကျင့်ခံရရန် အလွန်လွယ်ကူပေလိမ့်မည်ပင်ဖြစ်၏။

အခန်း(၄၉၇) အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခြင်း

ထိုအချိန်၌ ရုံးခန်းတံခါးက ကန်ဖွင့်ခံရပြီးနောက် အန်းချင်က စိတ်လှုပ်ရှားစွာဝင်လာသည်။

“တီလေး” ကလေးမလေးနှစ်ယောက်က အန်းချင်ကိုတွေ့သောအခါ အံ့အားသင့်စွာအော်လိုက်သည်။

အန်းချင်က ကလေးမလေးနှစ်ယောက်ကို ဆွဲမ၍ တစ်ယောက်ပြီးတစ်ယောက်နမ်းပြီးနောက် အပြုံးကြီးပြုံးလျက် မေးလိုက်သည်။

“သမီးတို့နှစ်ယောက် တီလေးကို လွမ်းကြလား”

“အွန်းးးး… လွမ်းတယ်” ကလေးမလေးနှစ်ယောက်က တညီတညွတ်တည်း သံပြိုင်အော်လိုက်ကြသည်။

အန်းချင်က ကလေးမလေးနှစ်ယောက်ကို အောက်သို့ချပေးကာ မုန့်များအပြည့်ထုပ်ထည့်ထားသည့် သူမ၏ အိတ်ကိုဖွင့်လိုက်သည်။ ကလေးမလေးနှစ်ယောက်က အော်၍ ပြေးသွားကြသည်။

“ဒါ နင့်ဟာ ဒါကငါ့ဟာ… ဒါနင့်ဟာ… ဒါငါ့ဟာ…” ရှန်းရှန်းက အဆာပြေမုန့်များကို လေးလေးနက်နက်ခွဲလိုက်သည်။

နျန်နျန်က မျက်လုံးဝိုင်းကြီးများဖြင့် လေးနက်စွာစိုက်ကြည့်နေသည်။ အန်းချင်ကမူ ခေါင်းကိုခါယမ်းကာ မြင်ကွင်းကိုကြည့်လျက် ရယ်မောရုံမှတပါး အခြားမတတ်နိုင်တော့ပေ။

“နင်… နင် အမြဲသူတို့ကို အပြင်စာတွေ အများကြီးဝယ်ကြွေးနေတာ။ ဒီရက်တွေအတွက် အဲ့ကလေးမတွေ ပျက်ဆီးပြီး ဆိုးသွမ်းလာလိမ့်မယ်” အန်းယန်က ကူကယ်ရာမဲ့စွာပြောသည်။

အန်းချင်က တခစ်ခစ်ရယ်လိုက်သည်။

“ဒါဆိုလည်း ပျက်ဆီးပါစေပေါ့ အန်းချင်းရဲ့ တူမတွေက နည်းနည်‌လေးတောင်ပိုပြီး အလိုလိုက်ခံရသင့်တယ်မဟုတ်ဘူးလား… အာ”

အန်းချင်က အနည်းငယ်အာမေဋိတ်ပေးပြီးနောက် ဆက်ပြောလိုက်သည်။

“မမ မျက်နှာက ဘာလို့ ဒီလောက်နီရဲနေတာလဲ”

အန်းယန်၏ အသားအရည်က နူးညံ့ပါးလျသောကြောင့် ယခုတင် နီရဲလာသည့်မျက်နှာက မှေးမှိန်မသွားခဲ့သေးပေ။

“အာ… ဒီမှာအရမ်းပူလို့လေ။ သတိမထားမိဘူးလား” အန်းယန်က အကြောင်းပြချက်အမြန်ပေးသည်။

“ပူလို့လား မပူပါဘူး” အန်းချင်က သံသယစိတ်ဖြင့်ပြောကာ ရွှယ်အန်းကို ခေါင်းလှည့်ကြည့်လိုက်သည်။ အင်းဆက်မျိုးနွယ်စု၏ ထူးချွန်ထက်မြက်သော စွမ်းရည်များကို အမွေဆက်ခံရခဲ့ပြီးစဥ်မှစ၍ သူမ၏ အမြင်အာရုံကို လမ်းလျှောက် လူသားတယ်လီစကုပ်အဖြစ် သတ်မှတ်နိုင်သည်။ ထို့ကြောင့် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်မှ အနီရောင်အရိပ်ကို သူမ ချက်ချင်းသတိပြုမိလိုက်သည်။

‘ဒီအနီရောင်က… မမနှုတ်ခမ်းအရောင်နဲ့တူသလိုလိုပဲ’

အန်းချင်က ခန့်မှန်းချက်တစ်ခုထုတ်ပြီးနောက် သူမ၏ အပြုံးက တဖြည်းဖြည်းဆိုးလာသည်။

“သိပြီ… ကြည့်ရတာ… ညီမလေး အချိန်ကောင်းမှာ ရောက်လာတဲ့ပုံပဲ”

“အန်းချင် အရူးမလေး ဘာအဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေတာလဲ။ သတိထားစမ်း မဟုတ်ရင် နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်”

အန်းယန်က ရယ်ရခက်ငိုရခက်ဖြစ်လျက် အန်းချင်၏ ပါးကိုဆွဲကာ အတွင်းခန်းထဲသို့ အတင်းဆွဲခေါ်သွားသည်။

ရွှယ်အန်းသည်လည်း အနည်းငယ်ရှက်သွားသည့်အလား ခံစားလိုက်ရသည်။ နောက်ဆုံးတွင်မူ ၎င်းသည် သူ၏ ခယ်မလေးပင်ဖြစ်နေသေး၏။ ထို့ကြောင့် နောက်ထပ် လွဲချောင်ခြင်းများကို ရှောင်တိမ်းရန် သူ့ကိုယ်သူ အပေါ်မှ အောက် သေချာစွာစစ်ဆေးလိုက်သည်။ ထိုအချိန်၌ ချန်ရှို့ဟဲက ရွှင်မြူးပျော်ရွှင်စွာ ဝင်လာသည်။

“လူကြီးမင်းရွှမ်၊ ကျုံးတုကို ပြန်ရောက်နေပြီလို့ကြားလို့ ကျုပ်အမြန်ပြေးလာခဲ့တာပါ”

ရွှယ်အန်းက အနည်းငယ်ပြုံးနေရာမှ ထိုင်ရာမှထလိုက်သည်။

“ဦးလေးချန် ကျေးဇူးပြုပြီး ထိုင်ပါ”

ဤအခေါ်အဝေါ်က ချန်ရှို့ဟဲကို ခေတ္တခဏ အံ့အားသင့်သွားစေသော်လည်း သူ့အပြုံးက ပို၍ပင် တောက်ပလာသည်။ ရွှယ်အန်းနှင့် အန်းယန်တို့ လက်ထပ်ပြီးခဲ့စဥ်က ရွှယ်အန်းက အန်းယန်၏ မိသားစုဘက်မှ ဆွေမျိုးတစ်ဦးအဖြစ် တက်ရောက်ရန် ဖိတ်ကြားခဲ့ရာ ထိုအချိန်မှစ၍ သူ့ကို ဦးလေးချန်ဟု စတင်ခေါ်ဝေါ်ခဲ့သည်။ ချန်ရှို့ဟဲ မမျှော်လင့်ထားစွာဖြင့် တစ်နှစ်ကျော်ကြာပြီးသည်အထိ ရွှယ်အန်းက ဤအခေါ်အဝေါ်ကို မှတ်မိနေသေးသည်။

“လူကြီးမင်းရွှယ်က ယဥ်ကျေးလွန်းနေပါပြီ။ အခုလေးတင် ကျုပ်ပြန်ရောက်တုန်း နတ်ဆေးသမားတော်ရဲ့သမီး ကောင်းရှန်နန်က လူကြီးမင်းပြန်ရောက်ကတည်းက ဖြစ်ပျက်ခဲ့တာတွေကို အကျဉ်းချုံးပြီး ပြောပြတယ်။ ဆရာက ခေတ်အဆဆက်ဆက် အရည်အချင်းရှိလာတဲ့သူတစ်ယောက်ပဲ။ ကျားလိုမျိုး သတ္တိရှိတဲ့နှလုံးသားရှိပြီး နှင်းဆီနံ့ကိုလည်း ခံနိုင်တယ်ဆိုတဲ့ စကားစုအတိုင်းပဲ ဆရာက စီးပွားရေးလုပ်ရင် တကယ့်ကို ကြီးကြီးကျယ်ကျယ်လုပ်နိုင်တာပဲ” ချန်ရှို့ဟဲက အော်လိုက်သည်။

သူ့စကားက စိတ်ရင်းမှန်ဖြင့် နှလုံးသားထဲမှ လာခြင်းဖြစ်သည်။ ကောင်းရှန်နန်သည် ထိုအကြောင်းအရာများကို ကြားခဲ့စဥ်က ကျော်ရိုးများပင် အေးစက်သွားသည့်အလား ခံစားခဲ့ရသည်။ ကောင်းရှန်နန်၏ လေးစားမှုနှင့်မတူဘဲ ချန်ရှို့ဟဲသည် အခြားသူများထက် များစွာ ပိုမြင်နိုင်သည်။ ကောင်းကင်ကံကြမ္မာကုမ္ပဏီသည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း အလွန်လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ ငြင်းမရနိုင်ပေ။ သို့သော် ဤသည်က ကုမ္ပဏီကို များစွာသော လျို့ဝှက်ပြဿနာများစွာရှိစေခဲ့သည်။ ၎င်းတို့ထဲမှ အဆိုးဆုံးမှာ ဘုတ်အဖွဲ့ဝင်အနည်းငယ်၏ ငယ်ရွယ်မှုနှင့် စိတ်အားထက်သန်မှုတို့ပင်ဖြစ်သည်။

စိတ်အားထက်သန်မှု သည် မကောင်းသောအရာမဟုတ်သော်လည်း ရာထူးအမြင့်တွင်နေလျက် စိတ်မြန်လက်မြန် ပြုမူပါက ကြီးမားသော ပရမ်းပတာဖြစ်စေနိုင်သည်။

ဤကိစ္စ၌ ထျန်ပေါ်ကျွင်းက သွေးစွန်းနေသော ဥပမာတစ်ခုပင်ဖြစ်သည်။ သူက ကောင်းကင်ကံကြမ္မာကုမ္ပဏီ၏ အခြေခံအုတ်မြစ်ကို လှုံ့ဆော်၍ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သော်လည်း ချောင်လဲ့နှင့်အခြားသူများက မည်သည်ကိုမျှ မသိခဲ့ရပေ။ ထျန်ပေါ်ကျွင်းက သူ့ကို လုံးဝလှည့်စားပစ်လိုက်ခြင်းဖြစ်ကြောင်း ထိုကိစ္စက ပြသနေသည်။

သို့သော် အချိန်အတန်ငယ်ကြာသောအခါ အကျိုးဆက်ကို မှန်းဆ၍ မရနိုင်ပေ။

ကုမ္ပဏီတစ်ခုသည် နိုင်ငံတစ်ခုနှင့်တူသည်။ အထက်အရာရှိက အောက်ခြေအဆင့်မှ အခြေအနေကို အတိအကျနားမလည်ပါက ပြဿနာများနှင့် ဝေးနိုင်မည်မဟုတ်ပေ။ ချန်ရှို့ဟဲက ဤကိစ္စရပ်အားလုံးကို အမှန်တကယ်သိရှိခဲ့သည်။ သို့သော် ချောင်လဲ့တို့နှင့် ရွှယ်အန်းအကြားရှိ အထူးဆက်ဆံရေးကြောင့် အလွန်အမင်း ဝင်ရောက်စွက်ဖက်သင့်သည်ဟုမခံစားခဲ့ရဘဲ အရာအားလုံးကို လွှတ်ထားခဲ့သည်။

မမျှော်လင့်ဘဲ ရွှယ်အန်းပြန်လာသည်နှင့်တပြိုင်နက် ကောင်းကင်ကံကြမ္မာကုမ္ပဏီ၌ ကပ်တွယ်နေသော အကျိတ်ကို ဖယ်ရှားပစ်နိုင်ခဲ့သည်။ ဤသည်က ချန်ရှို့ဟဲ၏ အထင်ကြီး လေးစားမှုကို အတော်အတန် ရစေ၏။ သို့သော် သူ့ကို ထိတ်လန့်စေသည့်အရာမှာ ရွှယ်အန်း၏ စကားပင်ဖြစ်သည်။

‘လူဆိုးအ‌ပေါ် ကြင်နာပြခြင်းက လူကောင်းများအပေါ်ရက်စက်ခြင်းဖြစ်ကာ၊ စိတ်နှလုံးအတွင်း၌ ကြမ်းတမ်းသော ကျားကို ဝှက်ထားသော်လည်း နှင်းဆီကို ညင်သာစွာ ရှုရှိုက်သည်'

စကားတစ်လုံးစီတိုင်းက အလွန် စူးရှသည်။ ဤသည်ကိုကြားသောအခါ ရွှယ်အန်းက ပြုံးရုံသာ ပြုံးလိုက်သည်။

“စီးပွားရေးကို မေ့လိုက်ပါ၊ ပြိုင်ဆိုင်မှု အရှိန်အဟုန် ပျက်သွားမှာပဲ စိုးတယ်”

ချန်ရှို့ဟဲက ဤစကားကို သဘောကျစွာရယ်မောလိုက်သည်။ ရယ်မောသံများ လျော့ပါးသွားပြီးနောက် အသံကို လျှော့၍ ပြောလိုက်သည်။

“လူကြီးမင်းရွှယ်… မနေ့က ကျုံးတုက အမေရိကန်ထောက်လှမ်းရေးအေးဂျင့်တော်တော်များများကို ရုတ်တရက် ပြန်ခေါ်သွားတယ်”

ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ်လိုက်သည်။

“မနေ့က ထျန်ပေါ်ကျွင်းကနေတစ်ဆင့် ကျုပ် ဖုန်းနဲ့သတိပေးခဲ့တယ်။ သူတို့ ကျုပ်ကို ဒေါသထွက်အောင်လုပ်တဲ့အကျိုးဆက်တွေကို နားလည်တဲ့ပုံပါပဲ”

ချန်ရှို့ဟဲက လေးလေးနက်နက်ခေါင်းညိတ်လျက် ရင်တွင်းမှ အံ့သြသွားသည်။ ယင်းသည် ယနေ့ခေတ်၌ ဂုဏ်သိက္ခာရှိသူတစ်ဦး၏ လွှမ်းမိုးမှုပင်ဖြစ်၏။ စကားတစ်ခွန်းတည်းဖြင့် လူမျိုးကြီးများ၏ ထောက်လှမ်းရေးအေဂျင်စီကို စုပေါင်းဆုတ်ခွာသွားစေနိုင်သည်။

ထိုစဥ် ပေကျန်းမြို့၌ …

နံပါတ်တစ်ရှန်ဗီလာတည်ရှိရာ တောင်ခြေရင်းတွင် ပုံမှန်သူခိုးနှစ်ယောက်ရောက်လာသည်။ နှစ်ယောက်သား တောအုပ်ထဲမှ ချောင်းလျက် တောင်ထိပ်ပေါ်ရှိ ဗီလာကို မျှော်ကြည့်ကြသည်။

"ညီလေး ဒီမှာဘယ်သူမှမရှိတာသေချာလား”

"ဘော့စ် စိတ်မပူပါနဲ့ ငါ့ဝမ်းကွဲက ဒီမှာ အိမ်စောင့်လုပ်ဖူးတယ်။ ငယ်ငယ်ရွယ်ရွယ် ချောမောလှပတဲ့ မိန်းကလေးနဲ့ ခွေးတစ်ကောင်ပဲ နေတယ်လို့ အကြိမ်ကြိမ်ပြောဖူးတယ်။ အခု အဲ့မိန်းကလေးက အလုပ်မှာမို့ အထဲမှာ ဘယ်သူမှ မရှိဘူး"

"ဒီမှာနေနေတဲ့သူတစ်ယောက်က အလုပ်သွားရမှာလား" သူဌေးက မျက်မှောင်ကြုတ်ကာ မေးသည်။

“ဘာတွေ တွေဝေနေတာလဲ။ ပိုက်ဆံရဖို့ အရေးကြီးတယ်လေ။ ဘာဖြစ်လို့လဲ မင်းကြောက်လို့လား”

"ဘာမှ မကြောက်ပါဘူး၊ အထဲမှာ တစ်ယောက်ယောက်ရှိနေမှာ စိုးလို့ပါ”

"ဒါက ကလေးမလေးပဲလေ။ သူတကယ်သာ အထဲမှာရှိရင် အဲဒါ ငါတို့အတွက် အပိုဆုပါပဲ" ညီလေးဆိုသူက အားရဝမ်းသာရယ်လိုက်သည်။

၎င်းတို့နှစ်ယောက်က ဤဗလာကျင်းနေသည့် အိမ်ကြီးကို ကြည့်နေခဲ့သည်မှာ ရက်အတော်ကြာခဲ့ပြီဖြစ်သည်။ ယွင်မင်ဗီလာတွင် လုံခြုံရေးက အလွန်တင်းကြပ်သော်လည်း သင်္ချိုင်းတွင်းဝင်ရောက်စီးနင်းမှုတွင် ပါဝင်ခဲ့ဖူးသည့် သူခိုးနှစ်ဦးကို မတားဆီးနိုင်ပေ။ ၎င်းတို့နှစ်ယောက်က အပြင်မှ ဥမင်လှိုဏ်ခေါင်းတူး၍ အတွင်းသို့ တိုးဝင်သွားကြသည်။

၎င်းတို့က တောင်ပေါ်သို့ ခိုးတက်၍ နံပါတ်တစ်ရှန်ဗီလာ၏ ရှေ့တံခါးသို့ လွယ်လင့်တကူ ဝင်သွားသည်။ တံခါးက အံ့ဖွယ်ကောင်းစွာ ပွင့်သွား၏။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် စိတ်လှုပ်ရှားမှုများပြည့်နေသည့် မျက်နှာများဖြင့် အထဲသို့ ဂရုတစိုက်လျှောက်သွားကြသည်။

"အိုး၊ သူဌေးတွေရဲ့ဘဝက တကယ့်ကို ခြားနားတယ်၊ ဒီအပြင်အဆင်က သေစမ်း အရမ်းလှတာပဲ” သူခိုးများကြားမှ ခေါင်းဆောင်က အော်လိုက်သည်။

ညီလေးဆိုသူက အသက်ပြင်းပြင်းရှုကာ ကြည်နူးမှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒီရနံ့သင်းသင်းလေးက အရမ်းမွှေးတာပဲ။ ဒီမှာနေနေတဲ့ မိန်းကလေးက အရမ်းလှတယ်ဆိုတာ ပြနေတာပဲ”

“လုံလောက်ပြီ။ ဒါဆို မင်းခေါင်းထဲမှာ အခြားဘာမှမရှိဘူးလား။ အဖိုးတန်တဲ့အရာတစ်ခုခု အမြန်ရှာရအောင်”

ခေါင်းဆောင်က ပြောပြီးသည်နှင့် လှည့်၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် ကျယ်လောင်စွာအော်လိုက်၏။

တစ်စုံတစ်ခုက သူ့ကို ဆွဲထုတ်လိုက်သဖြင့် နေရာမှပျောက်ကွယ်သွားသကဲ့သို့ပင် အဝေးသို့လွင့်ထွက်သွားသည်။

အခန်း(၄၉၈) ကြီးလိုက်တဲ့ ရေဘဝဲကြီး

“ဘော့စ် ဘာဖြစ်လို့လဲ”

ညီငယ်က အော်သံကိုကြားသောခါ ချာခနဲလှည့်ကြည့်လိုက်သည်။ သူ့နောက်၌ မည်သည့်အရာကိုမျှ မမြင်ရနိုင်သော ကွက်လပ်တစ်ခုရှိသည်။

“ထူးဆန်းလိုက်တာ ငါအော်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။ ဘော့စ် ဘယ်ရောက်သွားတာလဲ။ ဒါနောက်ပြောင်နေဖို့ အချိန်မဟုတ်ဘူး”

ဤသို့ပြောလျက် ထိုသူက ဘော့စ်ကို လှည့်ပတ်ရှာသောလည်း မည်သည်ကိုမျှ မတွေ့ရပေ။ အိမ်ကြီးတစ်ခုလုံးက သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေကာ ညီငယ်၏ နှဖူးမှ ချွေးစေးများ စီးကျနေသည်။

သူက အတင်းလုပ်ပြုံး၍ ပြောလိုက်ပြန်သည်။

“ဘော့စ် ဒါမတရားဘူးနော်။ ခင်ဗျား ကျုပ်နဲ့ လာရှုပ်ဖို့ကြိုးစားနေတာလား”

ထိုအချိန်တွင် မြေပြင်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံက တစ်စုံတစ်ဦးက တစ်စုံတစ်ခုကို ဝါးမြိုနေသည့်အလား တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလျက်ရှိသည်။ သင်္ချိုင်းဓားပြများအနေဖြင့် ၎င်းတို့အားလုံးက သဘာဝလွန် အဖြစ်အပျက်များကို ကြီးကြီးမားမား သို့မဟုတ် အတန်အသင့် အတိုင်းအတာအထိ ကြုံတွေ့ခဲ့ကြသော်လည်း ယခုကဲ့သို့ တစ်ခါမျှ မကြာက်လန့်ခဲ့ကြရပေ။

“သေစမ်း ဘော့စ် ခွေးမသား ငါမင်းနဲ့ကစားတာတော်ပြီ” ညီငယ်က ရဲစွမ်းသတ္တိကို မြှင့်တင်ကာ ပြေးသွားခဲ့သည်။

ထို့နောက် လက်တံတစ်ခုက မြေပြင်မှထွက်ပေါ်လာပြီးနောက် သူ၏ ခြေကျင်းဝတ်ကိုရစ်ပတ်၍ ရက်စက်စွာအောက်သို့ ဆွဲချလိုက်သည်။

ညီငယ်ဖြစ်သူက နာကျင်မှုကြောင့် အော်ဟစ်ကာ လွတ်မြောက်ရန် ရုန်းကန်နေသော်လည်း ရေဘဝဲလက်က မယုံနိုင်ဖွယ်ကောင်းလောက်အောင် အင်အားကြီးလွန်းလှသည်။ ထို့ကြောင့် ခုခံရန် အခွင့်မသာတော့ဘဲ မြေကြီးထဲသို့ ဆွဲခံရကာ သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ မြေပြင်က တဆက်ဆက်တုန်ခါကာ ဝါးမြိုသည့် ဆူညံသံများ ဆက်လက်ပေါ်ထွက်လာသည်။

ခဏအကြာတွင် ဝါးစားခြင်းရပ်တန့်သွားသည်။ အောက်တွင် တစ်စုံတစ်ခုက ကျေနပ်အားရစွာပေါက်ကွဲထွက်လာပုံရ၍ ‘အရသာရှိလိုက်တာ’ ဟု အားပါးတရ မြည်တမ်းလိုက်သ ည်။

ဗီလာအတွင်းရှိ အရာအားလုံးက ဘာမှမဖြစ်ခဲ့သကဲ့သို့ ငြိမ်သက်သွားသည်။ ထန်ရွှမ်အာသည် စက်ဘီးခြင်းတောင်းထဲတွင် အလုပ်မှသွားရာလမ်းတွင် ဝယ်ယူလာသည့် ကုန်ပစ္စည်းများကိုထည့်လျက် ရှောင်ရှက ‌နောက်ခုံတွင်ထိုင်လျက်ဖြင့် ယွင်မင်ဗီလာသို့ပြန်လာခဲ့ကြသည်။

“မိန်းကလေးထန် အလုပ်ပြီးပြီလား” လုံခြုံရေးအစောင့်လူငယ်က ထန်ရွှမ်အာကိုမြင်၍ သူမကို ပြုံးပြုံးရွှင်ရွင်နှုတ်ဆက်လိုက်ကာ အထဲသို့ဝင်ရန် တံခါးကိုဖွင့်ပေးလိုက်သည်။

ထန်ရွှမ်အာက ပြုံး၍ ခေါင်းညိတ်လိုက်၏။

“ကျေးဇူးပါ”

ထို့နောက် သူမက လက်ကိုင်ကို လှည့်ကာ လှိမ့်၍ ဝင်သွားသည်။ ထန်ရွှမ်အာက အဝေးသို့ရောက်သွားသောအခါ လုံခြုံရေးအစောင့်လူငယ်၏ အကြည့်များက တုံ့ဆိုင်းသွားသည်။

“ကောင်လေး မင်း ဘာကြည့်နေတာလဲကွ” အသက်ကြီးသော လုံခြုံရေးအစောင့်တစ်ယောက်က လာမေးသည်။

အစောင့်လူငယ်က ရယ်မောလိုက်သည်။

“ဦးလေးကျန်း မိန်းကလေးထန်က ယွင်မင်ဗီလာမှာ နေတာ ဘာလို့ နေ့တိုင်း အလုပ်သွားအလုပ်ပြန် လျှပ်စစ်စကူတာစီးနေတာလဲ”

“ဒါဆို သူဘာစီးဖို့ အကြံပေးချင်လဲ” ဦးလေးကျန်းက အားပါးတရရယ်၍ သဘောကျသော‌လေသံဖြင့် ဆက်ပြောလိုက်သည်။

“မိန်းကလေးထန်က အဲ့လို အပြင်က ရှုပ်ပွေတတ်တဲ့ မိန်းမတွေနဲ့မတူဘူး။ သူ့ရဲ့အခြေအနေနဲ့ဆို အလုပ်ကို နေ့တိုင်း ဘာပြဿနာမှမရှိဘဲ ပျံသွားလို့ရပေမယ့် သူကတော့မကြွားဝါချင်ဘူး”

“ကောင်လေး မင်းဘာတွေတွေးနေလြဆိုတာ ငါသိပါတယ်။ မိန်းကလေးထန်က နူးညံ့ပြီးလှတယ်။ နေ့တိုင်း အစားအသောက်တွေဝယ်ပြီး ချက်ပြုတ်နေတာကို မြင်လိုက်ရတော့ သူက မိန်းကလေးကောင်းတစ်ယောက်ဆိုတာ မင်းသိပါတယ် ဒါပေမယ့် ရိုင်းစိုင်းတဲ့ အကြံဉာဏ်တွေကိုမတွေးဖို့ မင်းကို သတိပေးချင်တယ်”

အစောင့်လူငယ်က တုန်ယင်စွာဖြင့် အတင်းပြုံးလိုက်သည်။

“ကျွန်တော်က ဘယ်လိုလုပ် တွေးရဲမှာလဲဗျာ… မိန်းကလေးထန်မှာ ရည်းစားရှိနေပြီလား”

ဦးလေးကျန်းက မျက်မှောင်ကြုတ်ကာ စကားပြောတော့မည့်အခိုက်၌ …

တစ်စုံတစ်ယောက်က ချောင်းဆိုးကာ လမ်းလျှောက်လာသည်။

"မန်နေဂျာ"

ဦးလေးကျန်းက ဘေးသို့ လျင်မြန်စွာထွက်သွားသည်။ ချဥ်းကပ်လာသူမှာ ယွင်မန်ဗီလာ၏ အိမ်ခြံမြေမန်နေဂျာ ဝူချန်မှလွဲ၍ အခြားသူမဟုတ်ပေ။ သူဖြတ်သွားသည်နှင့်အစောင့်လူငယ်၏စကားကို ကြားသောကြောင့် ၎င်းတို့ကြားသို့ဝင်လာကြခြင်းဖြစ်သည်။

“မန်နေဂျာ” အစောင့်လူငယ်ကလည်း ဦးညွတ်လိုက်သည်။

ဝူချန်က သူ့ကိုခဏတာမျှ စိုက်ကြည့်ပြီးနောက် ပခုံးကို ပုတ်လိုက်သည်။

"ကောင်လေး မင်းကအသစ်ပါ။ မင်းနားမလည်သေးတဲ့ စည်းမျဉ်းတွေ အများကြီးရှိသေးတယ်၊ ဒါပေမယ့် အခုချိန်ကစပြီး မရှိတော့ဖို့ ငါမျှော်လင့်ပါတယ်၊ မင်းမှာ မသင့်လျော်တဲ့ အတွေးတွေရှိနေတာ၊ ဒါမှမဟုတ် မင်းရဲ့နောက်မှာ ဘယ်သူပဲရှိရှိရှိပါစေ ငါချက်ချင်းထုတ်ပစ်မယ်”

အစောင့်လူငယ်၏မျက်နှာက ဖြူဖျော့သွားကာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့”

ယွင်မန်ဗီလာတွင် လုံခြုံရေးလုပ်လျှင် လစာကောင်းမွန်စွာရသည့်အပြင် အကျိုးအမြတ်ကောင်းများလည်းရသည်။ ဤနေရာ၌ အလုပ်တစ်ခုရရန်မှာ အစောင့်များစွာ၏ အိပ်မက်ဖြစ်သည်။ အစောင့်လူငယ်သည် ဤရာထူးရရန် ငွေအမြောက်အမြားသုံးစွဲခဲ့ကာ သဘာဝအတိုင်း အလုပ်အထုတ်မခံရချင်ပေ။

“လောင်ကျန်း ခင်ဗျားက စည်းကမ်းတွေကို ရှင်းပြပါဗျာ။ ဒီလုံခြုံရေးကုမ္ပဏီက အကြိုရှင်းလင်းဖို့ လုပ်ရမယ်ဆိုတာတောင် မသိဘူးလား။ တစ်ခုခုဖြစ်သွားရင်ဘယ်သူတာဝန်ယူမှာလဲ” ဝူကျန်းက ကျိန်ဆဲလျက် ထွက်သွားသည်။

“ယွင်မင်ဗီလာမှာ နံပါတ်တစ်ရှန်ဗီလာမှာနေတဲ့ ဘယ်သူ့ကိုမဆို စိတ်အနှောက်အယှက်ဖြစ်အောင် ဒါမှမဟုတ်

ရန်မစရဘူးဆိုတာ မင်းသိထားပါ” လောင်ကျန်းက လူငယ်ကိုကြည့်၍ ပြောလိုက်သည်။

“ငါတို့ မန်နေဂျာကိုကြည့်… သူက တော်တော် ပြောဆိုရခက်တယ်မလား။ ဒါပေမယ့် နံပါတ်တစ်ရှန်ဗီလာက လူတွေနဲ့ကြုံလာရင် အသက်ပြင်းပြင်းရှုဖို့တောင် မရဲဘူး။ ဆိုတော့ ဒါကို ခေါင်းထဲမှတ်ထား”

လုံခြုံရေးအစောင့်လူငယ်က တုန်လှုပ်သွားသည်။

“ဟုတ်ကဲ့”

မှန်သည် ထန်ရွှမ်အာကမူ ဤကိစ္စများဖြစ်ပျက်သွားသည်ကို မသိခဲ့ပေ။ သူမက လုံခြုံရေးအစောင့်များ ပြောင်းသွားသည် မပြောင်းသွားသည်ကို တစ်ခါမျှ ဂရုမစိုက်ခဲ့ဖူးပေ။

ထိုအခိုက်အတန့်၌ သူသည် တောင်ထက်သို့ လျှပ်စစ်စက်ဘီးကို စီးလာနေသည်။

“ရှောင်ရှ ဝိတ်ချသင့်တယ်လို့ ငါထင်တယ်”

ယွင်မင်ဗီလာသည် သူမအလုပ်လုပ်သော ဆေးရုံနှင့် ဝေးကွာသောကြောင့် နေ့တိုင်း တက္ကစီစီးရသည်မှာလည်း ဒုက္ခရောက်သည်။ ချင်းယွီက မူလက ထန်ရွှမ်အာအတွက် ကားတစ်စီးပေးရန် စီစဥ်ခဲ့သော်လည်း သူမက ငြင်းဆန်ခဲ့သည်။ ထို့နောက် ဤလျှပ်စစ်စက်ဘီးကို ဝယ်လိုက်သည်။

သို့သော် ရှောင်ရှကို သူမတင်လာသည့်အခါတိုင်း စက်ဘီးကို အရှိန်မြှင့်ရန် အမြဲရုန်းကန်နေသည်။

"ဝိတ်ချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ငါ ဒီတစ်သက်မှာ ဘယ်တော့မှ ဝိတ်မချတော့ဘူး” ရှောင်ရှက နောက်ခုံတွင် ထိုင်လျက် လှုပ်ရွကာပြောလိုက်သည်။

“....”

"နင် ဖုန်းကိုလျှော့ကြည့်ပါဦး။ နဂါးဖြစ်ရမှာကို လူဆိုးဂိုဏ်းက ကောင်မလေးလို စကားတွေပြောနေတယ်”

“တကယ်လား…ကျေးဇူး”

“...”

၎င်းတို့နှစ်ယောက်တည်းရှိသောအခါတိုင်းတွင် ထန်ရွှမ်အာနှင့် ရှောင်ရှတို့က မကြာခဏ စကားများရန်ဖြစ်ကြသည်။ ထိုသို့သော ရန်ဖြစ်မှုများကြားတွင် ၎င်းတို့က ဗီလာသို့ ပြန်ခဲ့ကြသည်။

ထျန်ရွှမ်အာက လျှပ်စစ်စက်ဘီးကို ရပ်ထားလိုက်ကာ ကုန်စိမ်းများကိုကိုင်လျက် အိမ်ထဲသို့ဝင်တော့မည့်အခိုက်တွင်…

ရှောင်ရှက လေကိုရှိုက်လိုက်သည်။

"နေပါဦး၊ မဝင်သေးနဲ့ဦး"

"ဘာဖြစ်နေတာလဲ"

"နတ်ဆိုး ရောင်ဝါကို အာရုံခံမိတယ်"

ရှောင်ရှကပြောလျက် မျက်​လုံးများတွင်​ အလင်းတန်းများ ​တောက်​ပလာသည်​။

"မင်းဘာပဲဖြစ်​ဖြစ်​ အခုချက်ချင်း ကိုယ်ထင်ပြရင်ပြ မပြရင် ငါ့ပုံစံအစစ်ပြောင်းပြီး မင်းကိုကြည့်လိုက်မယ်”

အိမ်ကြီးက တိတ်ဆိတ်သွားသည်။

"ဟမ်၊ လေထဲမှာ ပင်လယ်ရေနံ့ ခပ်ဖျော့ဖျော့ ရှိတယ်။ ငါမမှားရင် မင်းက ပင်လယ်နတ်ဆိုး မျိုးနွယ်က ဖြစ်ရမယ်။ အခု မင်းကိုယ်မင်းပြရင်ပြ မဟုတ်ရင် ငါ့ရဲ့ အစစ်အမှန် ပုံစံနဲ့ နဂါးစွမ်းအားကို သတိထားပေတော့"

ဤသို့ပြောလျက် ကြောက်မက်ဖွယ် နဂါးရောင်ဝါက ရှောင်ရှထံမှ ဖြာထွက်လာသည်။ ရုတ်တရက် အိမ်ကြီးရှေ့ရှိ မြေပြင်က လှုပ်ယမ်းသွားကာ ကြီးမားသော လက်တံကြီးတစ်ခုထွက်ပေါ်လာပြီးနောက် ထိတ်လန့်တကြားဖြစ်နေသော အသံတစ်ခုထွက်လာသည်။

“နဂါးအရှင် ကျေးဇူးပြုပြီး ငါ့အသက်ကို သက်ညှာပေးပါ။ ငါအခုထွက်လာပါ့မယ် ငါ့ကို မသတ်ပါနဲ့”

ထို့နောက် လက်တံများစွဋ ဖြည်းညှင်းစွာထွက်ပေါ်လာပြီးနောက် ပုံစံတစ်ခုလုံးပေါ်လာသောအခါ ထန်ရွှမ်အာက အံ့အားသင့်စွာဖြင့် အော်လိုက်သည်။

“ကြီးလိုက်တဲ့ရေဘဝဲကြီး”

ဤရေဘဝဲသည် အခန်းတစ်ဝက်ခန့် အရွယ်အစားရှိကာ ပန်းရောင်ဖျော့ဖျော့ လက်တံများက လေထဲတွင်လွင့်နေသော်လည်း ရေဘဝဲ၏ ဦးခေါင်းအပေါ်တွင် ထူးခြားစွာဖြင့် လူသားအသွင်အပြင်ရှိနေသည်။

မြင်ကွင်းက အတော်အတန် ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ဤရေဘဝဲက အလွန် ရယ်ချင်စဖွယ်ကောင်းနေလှ၏။ ထိုအချိန်၌ ထိုသတ္တဝါကြီးက ရှောင်ရှကို ကြည့်၍ မျက်နှာလို မျက်နှာရပြုံးလိုက်သည်။

“သခင်”

ရှောင်ရှက ဂုဏ်ယူစွာခေါင်းညိတ်လိုက်သည်။

ပင်လယ်နတ်ဆိုးတစ်ကောင်က ဒီကို ဘာကိစ္စရှိလို့လာတာလဲ”

"နဂါးဂိုဏ်းအရှင်… လူကြီးမင်းရွှယ်… ရွှယ်အန်းက ဘယ်မှာလဲဆိုတာ အရှင်သိလားလို့ မေးလို့ရမလား။ ကျွန်တော်.. သူနဲ့ အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခု ဆွေးနွေးစရာရှိလို့ပါ"

ဤသို့ပြောလျက် ရေဘဝဲလက်တံများက အလွန် တုန်လှုပ်သွားသည်။

All Chapters