← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း(၄၉၉) ရှောင်ရှ

ပန်းရောင်ရေဘဝဲ သားရဲတစ်ကောင်က ရွှယ်အန်းကို ရှာဖို့လိုတယ်လိူ့ ပြောနေတာလား။

အရေးကြီးတဲ့ကိစ္စတစ်ခုခုခုများ ဖြစ်နေပြီလား။

ထန်ရွှမ်အာသည် သူမ၏အိုင်ကျူက မလုံလောက်ဟု ခံစားမိသည်။

"မင်း ငါ့သခင်ဆီက ဘာလိုချင်လို့လဲ" ရှောင်ရှက မေးသည်။

"အာ လူကြီးမင်းရွှယ်က မင်းရဲ့သခင်လား။ မင်းက နဂါးမျိုးနွယ်စုကပဲ ငါ နေရာမှားသွားပုံရတယ်" ရေဘဝဲဘီလူးသည် ၎င်း၏ ပန်းရောင်လက်တံများကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းလိုက်သည်။

“အဓိပ္ပါယ်မရှိတာတွေမပြောနဲ့။ မင်းဘာလို့ ငါ့သခင်ကိုလိုက်ရှာနေတာလဲ” ရှောင်ရှက လူရမ်းကားအမျိုးသမီးတစ်ယောက်ကဲ့သို့ စကားပြောနေသည့်အလား ဒေါသစိတ်ကလည်းပိုမိုကြီးထွားလာသည်။

ရေဘဝဲသားရဲ၏ လက်တံများက လေထုအလယ်၌ ရပ်သွား၏။

“နဂါးမျိုးနွယ်အရှင်နဲ့ လူကြီးမင်းရွှယ်ကြားမှာ ဘယ်သူက ပိုကြောက်စရာကောင်းလဲ" ရေဘဝဲသားရဲက သတိကြီးစွာပြောသည်။

"ဒါပေါ့ ငါက ခွန်အားကြီးတဲ့ ကျောက်လုံပဲ၊ ဒါပေမယ့် ငါ့သခင်က နည်းနည်းတော့ ပိုကြောက်ဖို့ကောင်းတယ်။ မင်းက ငါ့ကို အထင်သေးနေတာလား" ရှောင်ရှက အေးစက်စွာပြောသည်။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး၊ ကိစ္စက အရမ်းအရေးကြီးနေလို့ လူကြီးမင်းရွှယ်ကိုတွေ့ပြီးမှသာ ဆွေးနွေးနိုင်မှာမို့ပါ"

"အိုး မင်းဟာ အခေါင်းကိုမမြင်မချင်း မျက်ရည်မကျတဲ့ ရေဘဝဲမျိုး ဖြစ်ပုံရတယ်။ ရွှမ်အာ ငါတို့ ဒီနေ့ည အစားအသောက် ပြင်မှာ ​​ရေဘဝဲ ဆာရှိမိ စားဖို့ အချိန်ရောက်ပြီ" ရှောင်ရှသည် ရေဘဝဲက သူ့ကို အထင်သေးနေသည်ဟုယုံကြည်လျက်အမြန်ပြေးသွားသည်။

"နဂါးမျိုးနွယ်စုအရှင် ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ဒေါသကိုထိန်းပါဦး”

"မင်းရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေ လုံလောက်ပြီ” ရှောင်ရှထံမှ နဂါး၏စွမ်းအား ထွက်လာခြင်းက ရေဘဝဲသားရဲကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

ထန်ရွှမ်အာက ရှောင်ရှကို အမြန်တားလိုက်သည်။

"လုံလောက်ပြီ ရှောင်ရှ အခုကစပြီး နင့်ကို 'Young and Dangerous' ရုပ်ရှင်တွေကို ကြည့်ခွင့်မပေးတော့ဘူး၊ နင်က လူမိုက်တစ်ယောက်လို ဘယ်လောက်တောင် သရုပ်ဆောင်နေလဲကြည့်ဦး"

ရှောင်ရှက သည် ထန်ရွှမ်အာ၏ ပြစ်တင်ရှုတ်ချခြင်းကို အနည်းငယ်မျှ မယုံကြည်နိုင်သော်လည်း မကန့်ကွက်ဝံ့ဘဲ ရေဘဝဲဘီလူးကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်နေရုံသာ ကြည့်နေသည်။

"ရွှမ်အာ ဒီ​ကောင်​က ရေနတ်ဆိုး တစ်​​ယောက်​ပဲ၊ သူဘာ​တွေလုပ်​ချင်​လဲ သိတာတောင် နင်က ကာကွယ်​​နေတုန်းပဲ"

"ဒါက မကောင်းဆိုးဝါး တစ်ကောင်မဟုတ်ဘူးလို့ ငါထင်တယ်။ ဒါ့ပြင် စပြီးအပြစ်မပေးခင် ဘာတွေ ဖြစ်နေလဲ ဆိုတာ သိသင့်တယ်"

"မှန်ပါတယ်၊ အစ်မရွှမ်အာ ပြောတာ လုံးဝမှန်တယ်”

"ဟေ့ ကောင်လေး အစ်မရွှမ်အာဟုတ်လား သူက မင်း ဒီလိုမျိုး ခေါ်နိုင်တဲ့လူလား" ရှောင်ရှက ယင်းကို စိုက်ကြည့်နေသည်။

ရေဘဝဲသားရဲက ချက်ချင်းပင် ကြောက်လန့်တကြား နောက်ပြန်ဆုတ်သွားသည်။

"ငါက ကောင်လေးမဟုတ်ဘူး မိန်းကလေးပါ"

ထန်ရွှမ်အာက ရေဘဝဲသားရဲကို အံ့ဩတကြီးကြည့်လိုက်သည်။

“မင်း… မင်းက မိန်းကလေးလား”

ရေဘဝဲသားရဲက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်ရယ်”

ထန်ရွှမ်အာ နှင့် ရှောင်ရှနှစ်ယောက်လုံး ခေါင်းယမ်းကြသည်။

"အာ ညီမရဲ့ အမွှေးတွေ ပန်းရောင်နေတာ မတွေ့ဘူးလား" ရေဘဝဲသားရဲက လိမ်တွ့န်နေသော လက်တံများကို လှန်ပြလိုက်ရာ မရည်ရွယ်ဘဲ ဗီလာရှေ့က သစ်ပင်ကြီးတစ်ပင်ကို တစ်ဝက်မျှ ခုတ်ထစ်ပစ်လိုက်သည်။

ထန်ရွှမ်အာနှင့် ရှောင်ရှတို့ နှစ်ယောက်လုံး အံသြသွားကြသည်။

ခဏအကြာတွင် ရှောင်ရှက ကျယ်လောင်စွာ အော်လိုက်သည်။

"မင်းငါ အကြိုက်ဆုံးအပင်ကိုချိုးပစ်လိုက်တာ မင်းကိုသတ်ပစ်မယ်"

ထို့သို့ဖြင့် ရှောင်ရှက ယင်းဆီသို့ချီတက်သွားသည်။ သူ၏ အရွယ်အစားက ရေဘဝဲနှင့် ယှဉ်လျှင် အရေးမပါသော်လည်း၊ အစွမ်းသတ္တိကိုမူ ငြင်း၍မရပေ။

တစ်ချက်တည်းဖြင့် သူမက ရေဘဝဲသားရဲကြီးကို မြေပြင်မှဆွဲမကာ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

"အားး အား ညီမ မှားပါပြီ၊ နဂါးမျိုးနွယ်အရှင် ညီမမျက်နှာကို မထိနဲ့။ အဟင့်၊ အဲ့ကိုလည်းမထိနဲ့… မဟုတ်ဘူး အားး"

ထန်ရွှမ်အာက ဤအမှုကို ကြည့်ပြီးသောအခါ သူမ၏နဖူးပေါ်တွင် အနက်ရောင်မျဉ်းတစ်ကြောင်း တဖြည်းဖြည်း ပေါ်လာသည်။

နေဝင်ရီတရော အချိန်လွန်၍ လသည် သစ်ပင်ထိပ်များပေါ်တွင် တွယ်ညိချိတ်ဆွဲလျက်ရှိသည်။

နံပါတ်တစ် ရှန်ဗီလာ၏ကျယ်ဝန်းသော မီးဖိုချောင်တွင် ထန်ရွှမ်အာက အလုပ်ရှုပ်နေကာ ဟင်းချက်သည့်နေရာတွင်လည်း ကြယ်ငါးပွင့်စားဖိုမှူးထက် ကျွမ်းကျင်သည်။ ပါဝင်ပစ္စည်းများအားလုံးသည် ရိုးရှင်းသော အိမ်ချက်ဟင်းလျာများဖြစ်သော်လည်း သူမ၏လက်ထဲတွင် စွဲမက်ဖွယ်ကောင်းသော ရနံ့ကို ပေးစွမ်းသည်။ သူမ နောက်ဆုံးဟင်းချက်ပြီးနောက် ပန်းကန်ကို ထမင်းစားပွဲသို့ သယ်သွားခဲ့သည်။

ထိုအချိန်တွင် ရှောင်ရှက ထမင်းစားပွဲ၌ ထိုင်နေကာ စိတ်အားထက်သန်စွာ စောင့်နေသည်။

ထမင်းစား စားပွဲအောက်၌ ရေဘဝဲသားရဲကြီးကို ချထားကာ ယခု အရွယ်အစားက သေးငယ်သွားသည်။

၎င်း၏အခြေအနေမှာ အလွန်သနားစဖွယ်ကောင်းသော်လည်း ၎င်း၏ခေါင်းပေါ်တွင် ကြီးမားသောအဖုနှင့် ဖိနပ်ရာများစွာ ရှိနေသည်။

ထန်ရွှမ်အာသည် ၎င်းအတွက် စိတ်မကောင်းဖြစ်ကာ ဆေးပတ်တီးများပတ်ပေးထားခြင်းကြောင့် ကြည့်ရသည်မှာ အလွန် ရယ်ချင်စဖွယ်လည်းကောင်းနေသည်။

"ဝိုး အနံ့က အံ့သြစရာပဲ" ရေဘဝဲသားရဲက သွားရည်ကျသံဖြင့် အော်သည်။

ရှောင်ရှက စူးစူးဝါးဝါးကြည့်လိုက်သောအခါ ရေဘဝဲသားရဲက ငုံ့မကြည့်ဝံ့ဘဲ ငြိမ်သွားသည်။

ထန်ရွှမ်အာက ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။

“ရှောင်ရှ နင် ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ရေဘဝဲကြီး၊ မင်း ဒီလိုအစာစားလို့ရရောရရဲ့လား”

ရေဘဝဲသားရဲက အရူးအမူး ခေါင်းညိတ်ပြကာ ကြယ်များကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့်ပြောလိုက်သည်။

"စားနိုင်တယ်၊ တကယ်စားနိုင်တယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ညီမ လူဆိုးနှစ်ကောင်ပဲစားထားလို့ ငတ်သေလုနီးပါး ဖြစ်နေပြီ"

အဆုံးတွက် ရှောင်ရှ၏ တိတ်တဆိတ် ဒေါသအကြည့်များအောက်တွင် ရေဘဝဲသားရဲကြီးက စားပွဲထိုင်ခုံ၌ နေရာယူထားဆဲပင်ဖြစ်သည်။

ထို့ကြောင့် ယခု ထမင်းစားပွဲ၌ ခွေးတစ်ကောင်ဖြစ်နေသော ကျောက်လုံနှင့် အနိုင်ယူခံထားရသော ရေဘဝဲကောင်ရှိနေသည်။

ဤ မြင်ကွင်းသည် အံ့သြဖွယ်အရသာများဖြင့် ပြည့်နှက်နေသည်။

"ဒါဆို ထမင်းစားရအောင်” ထန်ရွှမ်အာက ပြုံးပြုံးရွှင်ရွှင်ပြောလိုက်သည်။

ထို့နောက် မကြာမီ၌ ရှောင်ရှက သူ့ အကြိုက်ဆုံး ကြက်ကင်အရောက်လာသောအခါ စကားများဆက်မပြောတော့ဘဲ ထန်ရွှမ်အာသည်လည်း တူများကို ကောက်ကိုင်တော့မည်ဖြစ်သည်။

ထို့နောက်တွင် လက်တံများက ရိုင်းစိုင်းစွာ ကခုန်ကာ စားပွဲပေါ်မှ ပန်းကန်များကို မြှောက်လျက် ရေဘဝဲသားရဲ၏ ပါးစပ်က တွင်းနက်ကြီးကဲ့သို့ ပွင့်သွားကာ အစာအားလုံးကို တိုက်ရိုက်မျိုချလိုက်သည်။

ကုန်သွားလျှင်ပင် ဟင်းရည်တစ်စက်မျှ မကျန်စေရန် ပန်းကန်ပြားကို သန့်စင်အောင် လျှာဖြင့် လျက်ပစ်လိုက်သည်။

ပန်းကန်ပြားများ စားပွဲပေါ်သို့ ပြန်ရောက်သောအခါ ၎င်းတို့သည် သန့်ရှင်းလွန်းသဖြင့် လူ၏ပုံရိပ် ရောင်ပြန်ဟပ်မှုကို မြင်နိုင်သည်။

“အရသာရှိပြီး တကယ်ကို အရသာရှိပါတယ်။ အစ်မရွှမ်ရဲ့ ချက်ပြုတ်မှုက အံ့သြစရာပဲ" ရေဘဝဲသားရဲက လျှာသပ်ကာ ကျေနပ်စွာပြောသည်။

ထန်ရွှမ်အာ နှင့် ရှောင်ရှတို့က ဤမြင်ကွင်းကိုကြည့်၍ အံသြသွားကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ရေဘဝဲကြီးသည် အစာစားပွဲတစ်ခုလုံးကို ဝါးမျိုသွားခဲ့သည်။

ရှောင်ရှ၏မျက်လုံးများ၌ ယခင်ကထက် ပိုမိုပြင်းထန်သော ဒေါသများ စတင်လောင်ကျွမ်းလာသည်။

၎င်းက သူ့အကြိုက်ဆုံး ကြက်ကင်ကိုစားကာ အရိုးပင်မချန်ခဲ့ကြောင်း မြင်လိုက်ရခြင်းက…. လုံးလုံးလျားလျား သည်းမခံနိုင်ချင်စဖွယ်ကိစ္စဖြစ်သည်။

ဤဒေါသကြောင့် ရှောင်ရှက တုန်လှုပ်သွားကာ အံ့မခန်းလှပသော မိန်းကလေးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤသည်မှာ အစားအသောက်သည် အစားသရဲအတွက် မည်မျှအရေးကြီးကြောင်း ပြသခြင်းဖြစ်ကာ အရက်မသောက်ဘဲ အသွင်ပြောင်းသွားသည့် ပထမဆုံး အကြိမ်ဖြစ်သည်။

ရှောင်ရီက ရေဘဝဲသားရဲ၏ ခေါင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"မင်းခေါင်းကို လိမ်ချိုးပစ်မယ်"

"အာ့၊ ဒေါသကိုထိန်းပါ ငြိမ်ငြိမ်လေးထားလိုက်ပါ၊ နဂါးမျိုးနွယ်အမျိုးသမီး… မဟုတ်ဘူး နဂါးမျိုးနွယ်မိန်းကလေး"

သို့သော် ရှောင်ရှက နားထောင်ရန် စိတ်မ၀င်စားဘဲ ရေဘဝဲ၏ လက်တံများကို ဖမ်းဆုပ်ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ကြမ်းပြင်သည် အပေါက်ကြီးများစွာဖြင့် ပြည့်နေသည်။

ရုတ်တရက် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

ရှောင်ရှဖမ်းထားသော ရေဘဝဲသားရဲက လူသားအသွင်သဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် ၎င်းသည် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်အရွယ် ကလေးမလေးအဖြစ် ပြောင်းလဲသွားခြင်းဖြစ်ကာ ရုပ်ရည်မှာ သိမ်မွေ့၍ ဖြူစင်သည်။

သို့သော် ယခုတော့ ရူးသွပ်သောအခြေအနေတွင်ရှိနေသည့် ရှောင်ရှက ထိုကိစ္စကို ဂရုမစိုက်ခဲ့ပေ။ သူမသည် ကလေးမလေး၏ ခြေထောက်များကိုပါ ဆုပ်ကိုင်လိုက်ကာ ထပ်ခါထပ်ခါ ရိုက်သည်။

"ကောင်းပြီ၊ ငါ နောက်ထပ် ဟင်းပွဲတွေထပ်လုပ်လိုက်မယ်။ သူ့ကို မထိနဲ့တော့" ထန်ရွှမ်အာက ဆက်မကြည့်နေနိုင်တော့သဖြင့် အော်ပြောလိုက်သည်။

ဤသည်ကိုကြားသောအခါ ရှောင်ရှက ချက်ချင်းလက်ကိုလွှတ်လိုက်ကာ ပြန်ထိုင်လိုက်၏။

"အစ်မရွှမ် ကြက်ကင်စားချင်တယ်"

ထန်ရွှမ်အာက ခေါင်းညိတ်လိုက်သည်။

ရေဘဝဲသားရဲက တွင်းထဲမှ ခုန်တက်လာသည်။

"မမရွှမ် ညီမလေး ဗိုက်မဝသေးဘူး”

ရှောင်ရှ၏နဖူးသွေးပြန်ကြောများ ထွက်ပေါ်လာသည်

"ရိုက်ခံရတာ မလုံလောက်သေးဘူးလား”

အခန်း(၅၀၀) ရေဘဝဲတစ်ကောင်က နင့်ကိုရှာနေတယ်

ထန်ရွှမ်အာက ပန်းကန်အပြည့်ဖြင့် စားပွဲအသစ်ကို ပြင်ဆင်ပြီးသောအခါ ရှောင်ရှ၏ အကြည့်များမှ သတ်ဖြတ်ရောင်ဝါ အောက်တွင် ရေဘဝဲကလေးမ၏ စားသောက်မှု လှုပ်ရှားမှုများက ပိုမိုနူးညံ့လာသည်။

မှန်သည်။ လူသားပုံစံအဖြစ် ပြောင်းလဲပြီးနောက် သူမကို ကူညီရန် လက်တံများစွာမရှိတော့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ နောက်ထပ်ပြဿနာတစ်ခုပေါ်လာသည်။

ယင်းက ရေဘဝဲသားရဲမလေးသည် စကားပြောပုံး တစ်ခု ဖြစ်သွားခြင်းပင်ဖြစ်သည်။

ထမင်းစားနေစဉ်တွင် သူမက စကား အဆက်မပြတ်ပြောနေခဲ့သည်။

ထမင်းစားပြီးသည့်အခါတွင်လည်း မရပ်မနားပြောနေသေးသည်။

ထန်ရွှမ်အာက အနည်းငယ် မူးဝေလာကာ နောက်ဆုံးတွင် ဖြစ်ပျက်နေသည့်အရာများကို နားလည်သွားသည်။ ရေဘဝဲ သားရဲ၏ အဆိုအရ သူမ၏ နာမည်က ရှောင်းယွီဖြစ်သည်။

သူမက မူလက သမုဒ္ဒရာထဲတွင် နေထိုင်သည့် သားရဲတစ်ကောင်ဖြစ်ကာ ရွှယ်အန်း၏ အကူအညီကို တောင်းခံရန် တော်ဝင်မင်းသမီး၏ အမိန့်ကို ခံယူခဲ့သည်။

သို့သော် ရှောင်းယွီက တစ်သက်လုံး ပင်လယ်ထဲတွင် နေခဲ့ရာ ကုန်းမြေပေါ် တစ်ခါမျှ မရောက်ဖူးသောကြောင့် ခြောက်သွေ့သည့် ကုန်းမြေကို ရောက်သည်နှင့် သူမ လုံးဝ စိတ်ရှုပ်ကာ လမ်းပျောက်သွားခဲ့ရသည်။

တစ်လကျော်မျှကြာပြီးနောက် သူမသည် မင်းသမီးလေး၏ ရောင်ဝါကို အသုံးပြု၍ ပေကျန်းသို့ သွားရာလမ်းကို ရှာဖွေနိုင်ခဲ့သည်။

မူလက နံပါတ်တစ် ရှန်ဗီလာတွင် တောင်တန်းအကာအကွယ် ခင်းကျင်းထားသည်။ ရှောင်းယွီကဲ့သို့ နတ်ဆိုးလေးတစ်ကောင်က တောင်ပေါ်ကိုပင် မတက်နိုင်ခဲ့ပေ။

မတော်တဆ သူခိုးနှစ်ယောက်သည် နံပါတ်တစ်ရှန်ဗီလာမှ ခိုးယူရန် စီစဉ်ခဲ့သဖြင့် သူမသည် သူခိုးတစ်ဦးနောက်မှ ဗီလာထဲသို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။

"အဲဒီ သူခိုး နှစ်ယောက်က ဘယ်ရောက်သွားလဲ” ထန်ရွှမ်အာက မေးသည်။

"ညီမ အဲ့တာတွေ စားလိုက်တာ အားးး ညီမ ဘာမှ မစားရတာ တစ်လကျော်ရှိပြီ၊ ဆာနေတော ရူးသွားတယ်။ အဲ့လူနှစ်ယောက်က ညီမျက်စိရှေ့ကို တည့်တည့် ရောက်လာတယ် ညီမလည်းမယဉ်ကျေးနိုင်တော့ဘူး။ သူတို့က အရသာရှိတယ်" ရှောင်းယွီက ပြောသည်။

: “…”

ရှောင်ရှသည် တင်ပျဉ်ခွေထိုင်လျက် သွားကြားထိုးကာ ရယ်လိုက်သည်။

ဤသည်ကိုကြားသောအခါ သူမက အေးဆေးစွာပြော၏။

"အစ်မရွှမ်အာ ငါမပြောဘူးလား။ သားရဲတွေက သားရဲတွေပဲ။ လူတွေကို စားနိုင်စွမ်းရှိတယ်၊ တခြား မလုပ်နိုင်တာ ဘာရှိမှာလဲ"

"မသိရင် နင်က နတ်ဆိုးမဟုတ်သလိုပဲ"

ရှောင်းယွီသည် သူမ၏ အသက်ရှုသံအောက်တွင် ရေရွတ်လိုက်သည်။

"အဲ့တော့ဘာဖြစ်လဲ" ရှောင်ရှက ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"အင်း၊ ဘာမှမဟုတ်ပါဘူး၊ မမရွှမ်အာရဲ့ အချက်အပြုတ်စွမ်းရည်က အံ့မခန်းပဲလို့ ပြောနေတာ။ ဒီလိုအစားအစာမျိုးကို စားပြီးရင် လူသားတွေကို ထပ်မစားတော့မှာ သေချာတယ်” ရှောင်းယွီက ပြောသည်။

"မင်းရဲ့ မင်းသမီးက ဒီကိစ္စကို အတိအကျ ပြောခဲ့လား" ထန်ရွှမ်အာက မေးသည်။

ရှောင်းယွီက ခေါင်းခါလိုက်၏။

"မမရွှမ်အာက သိပ်ကြင်နာပေမဲ့ ညီမရဲ့မင်းသမီးက ဒီကိစ္စကို လူကြီးမင်းရွှယ်နဲ့ပဲဆွေးနွေးခိုင်းလိုက်တယ်"

"အို ချစ်လေး၊ မင်း ထပ်အရိုက်ခံဖို့ တောင်းဆိုနေတာပဲ မဟုတ်လား" ရှောင်ရှက ရယ်မောလိုက်သည်။

“မမရှောင်ရှ ညီမကိုသတ်ရင်တောင် ဘာစကားမှမပြောဘူး”

"ဘယ်သူကမင်းအစ်မလဲ"

"ကောင်းပြီ၊ တော်ပြီ ရန်ဖြစ်မနေနဲ့၊ အဲ့တာဆို ငါ ရွှယ်အန်းကို ဖုန်းဆက်လိုက်မယ်။"

ရှောင်းယွီက အလွန်ဝမ်းသာသွားသည်။

"ကျေးဇူးတင်ပါတယ် မမရွှမ်အာ”

ထန်ရွှမ်အာက သူမ၏ ဖုန်းကို ထုတ်လိုက်ပြီးနောက် ရွှယ်အန်း၏ နံပါတ်ကို နှိပ်လိုက်သည်။

ထိုအချိန်တွင် ရွှယ်အန်းက ကျုံးတုရှိ အသစ်ဖွင့်ထားသော အပန်းဖြေဥယျာဉ်တစ်ခုတွင်ရှိနေကာ သရဲအိမ်သို့ အန်းယန်နှင့် လိုက်ပါသွားခဲ့သည်။

မှန်သည်။

ဂုဏ်သိက္ခာရှိသော နတ်ဘုရားအရှင်သည် အမှန်တကယ်ပင် သရဲ အိမ်ကို လည်ပတ်နေသည်။

သရဲအိမ်တွင် 5D အသံ၊ အလင်းရောင်၊ လျှပ်စစ်ဓာတ်အားမြှင့်တင်မှုများနှင့် virtual reality တို့ကို အသုံးပြုထားသော်လည်း သရုပ်ဆောင်များအားလုံးက အထူးပြုလေ့ကျင့်မှု ခံယူထားကြသည်။

သို့သော် ရွှယ်အန်းသည်မူ မယုံနိုင်လောက်အောင် ငြီးငွေ့ဖွယ်ကောင်းနေသေးသည်ဟုထင်မိသည်။

သို့သော် ဇနီးသည်က သဘောကျသဖြင့် ကူကယ်ရာမဲ့စွ သူမနှင့် အတူလိုက်ခဲ့ရသည်။

ဤသည်မှာ ရှည်လျားသော စင်္ကြံတစ်ခုဖြစ်၍ သစ်သားကြမ်းပြင်သည် အနည်းငယ် ပုပ်နေပြီဖြစ်ကာ နင်းလိုက်သောအခါ အော်သံများ ထွက်ပေါ်လာသည်။

စင်္ကြံ၏ တစ်ဖက်တစ်ချက်တွင် ဂျပန်ပုံစံ လျှောတံခါးများ ရှိကာ အများအပြားက ကျိုးနေပြီဖြစ်သော်လည်း ထိုတံခါးများ၏ နောက်ကွယ်တွင် မည်သည့်အရာများရှိသည်ကို သင်မမြင်နိုင်ပေ။

သစ်သားတံခါးနောက်ကွယ်မှ တစ်စုံတစ်ခုက အလင်းရောင်အားလုံးကို စုပ်ယူလိုက်သကဲ့သို့ဖြစ်သဖြင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

အန်းယန်က ရွှယ်အန်း၏လက်ကို ထိတ်လန့်တကြား ဆုပ်ကိုင်လိုက်သည်။

"ဟူး…ယောက်ျား ရှင် တစ်ခုခုကြားလား"

"ငါကြားတယ် မိန်းမတစ်ယောက် ငိုနေတယ်" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

"အာ...ဒါဆို ရှင်လည်းကြားတာပဲ ရှင်မကြောက်ဘူးလား" အန်းယန်၏ အသံက တုန်လှုပ်သွားသည်။

"ကြောက်ရမှာလာ။ "ဒီမိန်းမရဲ့ ငိုသံက သိပ်ကြောက်စရာမှမကောင်းတာ သူတို့ ဘောနပ်စ်ကို နုတ်သင့်တယ်"

သို့သော်၊ အန်းယန်သည် ရွှယ်အန်း၏မှတ်ချက်ကို နားမလည်ခဲ့ပေ။ ထိုအချိန်တွင် သူမသည် ပတ်ဝန်းကျင်လေထု၏ သက်ရောက်မှုကို ခံခဲ့ရသဖြင့် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်များ အားလုံးကို အရူးအမူး စိတ်ကူးယဉ်နေပြီဖြစ်သည်။

သူမ ဤအကြောင်းကို ပိုတွေးလေ ပိုကြောက်လာလေလေ၊ ရွှယ်အန်းကို ဆုပ်ကိုင်ထားသည့် လက်များက ပို၍ပို၍ တုန်လှုပ်လာလေလေဖြစ်သည်။

ရွှယ်အန်းက ရယ်ရခက်ငိုရခက်ဖြစ်နေသည်။

‘သူက သေလောက်အောင် ကြောက်နေ​ပေမယ့် ဒီကိုလာကစားဖို့ ပြောနေသေးတာ”

‘ဒါက မိန်းမတစ်ယောက်ရဲ့ ဆန့်ကျင်ဘက်သဘောသဘာဝပဲလား’

နောက်ဆုံးတွင် စင်္ကြံ၏ အဆုံးကိုရောက်သွားသည်။

၎င်းတို့လုပ်ရမည်မှာ သွေးစွန်းနေသည့် သစ်သားတံခါးကို တွန်းဖွင့်၍ သရဲ အိမ်ကြီးတစ်ခုလုံးကို ဖြတ်လျှောက်သွားရမည်ဖြစ်သည်။

အန်းယန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

နောက်ဆုံးတွင် ၎င်းတို့ထွက်သွားသည်။

သို့သော် ထိုအချိန်တွင်ပင် မျက်နှာကျက်မှ ခေါင်းငိုက်စိုက်ကျနေသည့် သရဲတစ္ဆေ အမျိုးသမီးကြီး ရုတ်တရက် ပြုတ်ကျလာသည်။

သရဲမကြီး၏ ဆံပင်များက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလျက် ဇောက်ထိုးချိတ်ဆွဲကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို ပေါ်လွင်စေသည်။

အဘယ်ကြောင့် ကြောက်မက်ဖွယ်ကောင်းနေသနည်း။

အဘယ်ကြောင့်ဆိုသော် သရဲ၏ခန္ဓာကိုယ်က ဇောက်ထိုးကျနေချိန်တွင် သူမ၏မျက်နှာတည့်တည့်ပေါ်ရှိ ပါးစပ်ထောင့်တွင် ဆိုးရွားသောအပြုံးတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။

ရွှယ်အန်းက ဤအမျိုးသမီးသရဲ၏ အလှဖန်တီးမှုကို အသိအမှတ်ပြုရန် အချိန်ယူကာ မျက်တောင်ပင် မခတ်ခဲ့ပေ။

‘မဆိုးပါဘူး၊ တော်တော်လက်ရာမြောက်တယ်’

သို့သော် အန်းယန်က ထိတ်လန့်စွာ အော်ဟစ်လျက် အလိုလို လက်ကို ဆန့်ထုတ်ကာ ပြင်းပြင်းထန်ထန် ပါးရိုက်လိုက်သည်။

ထို လက်ချက်ကြောင့် လေပြင်းများပင် တိုက်လာကာ တိသွားလျှင် သရဲမကြီးက အပိုင်းပိုင်းကွဲသွားပေလိမ့်မည်။

ရွှယ်အန်းက သူ့လက်ချောင်းများကို လျင်မြန်စွာ ဝှေ့ယမ်း၍ အန်းယန် ပါးမရိုက်ခင် တစ္ဆေအမျိုးသမီးကို ကယ်တင်ခဲ့သည်

သစ်သားလျှောက်လမ်းက ချက်ချင်းကွဲအက်သွားကာ သရဲအိမ်၏ ထက်ဝက်ခန့်က မြေပေါ်သို့ ပြိုကျသွားသည်။

အန်းယန်၏ ရိုက်ချက်မှ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသည်။

အပျက်အစီးများကြားတွင် အန်းယန်နှင့် ထပ်တူထပ်မျှ ထိတ်လန့်တုန်လှုပ်နေသော သရဲအိမ်၏ ဝန်ထမ်းများစွာက ကြောင်အစွာကြည့်နေကြသည်။

ဤလူများ အားလုံးသည် မျောလွင့်နေသောနတ်တစ္ဆေများနှင့် တောရိုင်းတစ္ဆေများကဲ့သို့ ၀တ်ဆင်ထားကြကာ ယခုအခါ နေရောင်အောက်နှင့်ရုတ်တရက် ထိတွေ့လိုက်ရသဖြင့် အားလုံး တုန်လှုပ်သွားကြသည်။

ခဏအကြာတွင် တစ်စုံတစ်ယောက်က နာကျင်စွာ အော်ဟစ်လိုက်သည်။

“ငါ့ သရဲအိမ်ကြီး…”

နောက်ဆုံးတွင် ရွှယ်အန်းသည် လျော်ကြေးငွေကို ပိုင်ရှင်ထံ အပြည့်အဝပေးချေကာ အန်းယန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

"ကို… ကို... ကျွန်မ ပြဿနာရှာမိပြီလား" အန်းယန်က ရွှယ်အန်းကို မဝံ့မရဲကြည့်ကာ မေးလိုက်သည်။

ရွှယ်အန်းသည် လမ်းလျှောက်နေရာမှရပ်၍ လှည့်ကြည့်ကာ အန်းယန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

အန်းယန်၏အမူအရာက ပို၍ပြင်းထန်လာကာ အင်္ကျီထောင့်ကို သူမ၏လက်ချောင်းများဖြင့် ဆုပ်ထားလျက် တုန်လှုပ်စွာပြောလိုက်သည်။

“ကျွန်မ…ကျွန်မမှားမှန်းသိပါပြီ”

ရွှယ်အန်း၏နှုတ်ခမ်းများက ဖြည်းညှင်းစွာ ပြုံးသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်မောသံများကြားတွင် အန်းယန်၏အမူအရာက အံ့သဩနေရာမှ တဖြည်းဖြည်းချင်း ကြည်လင်လာသည်။

"ရှင်က ငညစ်ကြီး ရှင်ကျွန်မကို လာနောက်နေတာပဲ”

ဤသို့ပြော၍ ရွှယ်အန်းကို လက်သီးဖြင့်ထိုးလိုက်ရာ ရွှယ်အန်းက ရယ်လျက် ရှောင်ထွက်သွားသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ အပျက်အစီးတွေအလယ်မှာ မင်းရဲ့ စိတ်ရှုပ်နေတဲ့ မျက်နှာလေးကို ပြန်တွေးမိပြီး တကယ်မရယ်ဘဲမနေနနိုင်လို့လေ။ တကယ်လှောင်တာမဟုတ်ပါဘူးကွာ"

"မဟုတ်​ဘူး​ပြော​နေ​သေးတယ်​“

နှစ်ဦးသား ပတ်ဆော့၍ စနောက်နေကြစဉ် ရွှယ်အန်း၏ လက်ကိုင်ဖုန်း မြည်လာသည်။

သူကကြည့်၍ ရပ်​လိုက်​သည်​။

"ဘယ်​သူ​ခေါ်တာလဲ" အန်းယန်ကာ ကိုယ်ကိုကိုင်းညွတ်၍ ခေါင်းငုံ့ကာ မေးလိုက်သည်။

"ရွှမ်အာပဲ" ရွှယ်အန်းကပြော၍ ဖုန်းပြန်ဖြေသည်။

"ဟယ်လို ရွှမ်အာ ၊ ဘာဖြစ်တာလဲ "

ထန်ရွှမ်အာက ထိုရင်းနှီးသောအသံကိုကြားသောအခါ သူမ၏မျက်နှာပေါ်တွင် အနည်းငယ်နီမြန်းသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း သူမကိုသူမ စိတ်ထိန်းကာ ပြောလိုက်သည်။

"ရှောင်အန်း ရေဘဝဲတစ်ကောင်က နင်နဲ့ ဆွေးနွေးစရာအရေးတကြီးကိစ္စရှိနေတယ်လို့ ပြောတယ်”

အခန်း(၅၀၁) ဟိန်းဟောက်နေသော နတ်ဆိုးနဂါး

"ရေဘဝဲလား" ရွှယ်အန်းက အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။

"ဟုတ်တယ် ရေဘဝဲမလေး” ထန်ရွှမ်အာက စားပွဲပေါ်မှ အဆာပြေမုန့်များ ခိုးယူနေသော ရှောင်းယွီကို တစ်ချက်ကြည့်လိုက်ကာဆက်ပြောသည်။

"ဒါနဲ့ သူက အရမ်းစားနိုင်တယ်”

သူမစကားမဆုံးခင်၌ ရှောင်းယွီကို ရှောင်ရှက လက်ပူးလက်ကြပ်မိသွားသည်။

"မင်း ငါ့မုန့်တွေကို ခိုးရဲတယ်ပေါ့… ငါမင်းကို သတ်မယ်" ရှောင်ရှက ဒေါသစိတ်များပေါက်ကွဲထွက်လာပြန်သည်။

ထန်ရွှမ်အာသည် သူ၏နေ့စဉ်အဆာပြေများအတွက် တင်းကျပ်သောကန့်သတ်ချက်ရှိသောကြောင့် ညပိုင်းတွင် တီဗီကြည့်ရင်ရဖြင့် စားရန် သိမ်းထားချင်စိတ်ရှိသည်။

သို့သော် မုန်းစဖွယ်ကောင်းသော ရေဘဝဲက တစ်ဝက်ကျော်ကို စားလိမ့်မည်ဟု သူမ ဘယ်သောအခါကမျှ မမျှော်လင့်ထားပေ။

"မမနဂါးကြီး ညီမ အဲ့တာတွေကို မြည်းကြည့်ရုံပဲမြည်းကြည့်ချင်တာ ဒါမယ့် စပြီးတော့ ရပ်လို့ မရတော့ဘူး။ ငါမှားသွားပြီ။ အာ့... ကျေးဇူးပြုပြီး ငါ့မျက်နှာကို မထိနဲ့ အာ့"

ရှောင်းယွီသည် ဒေါသတကြီး ရှောင်ရှ၏ လက်ချက်ဖြင့် နောက်တစ်ကြိမ် မြေပြင်ပေါ်သို့ လဲကျသွားပြန်သည်။

ဤသည်ကိုကြည့်၍ ထန်ရွှမ်အာ၏ နှဖူး၌ အနက်ရောင်မျဉ်းများ တဖြည်းဖြည်း ပေါ်လာသည်။

"လုံလောက်ပြီ အိမ်ကိုရှင်းထားတာ မကြာသေးဘူး တိုက်ချင်ရင် အပြင်ထွက်သွား"

ရှောင်ရှက ခေါင်းညိတ်လိုက်သည်။

"ကောင်းလိုက်တဲ့အကြံပဲ”

ထိုသို့ပြောလျက် ရှောင်းယွီ၏ခြေထောက်တစ်ဖက်ကိုဆွဲကာ အပြင်သို့ဆွဲထုတ်လိုက်သည်။

ရှောင်းယွီက ကြောက်လန့်တကြားအော်လိုက်၏။

“မမရွှမ် သမီးကို ကယ်ပါ မမရွှမ်…”

နဂါးနှင့် သားရဲတို့က အခန်းထဲက ထွက်သွားပြီး မကြာခင်၌ ရှောင်းယွီ၏ အော်ဟစ်သံကို ထပ်မံကြားရပြန်သည်။

"ဒါကိုကြားလား။ နင်နောက်မှပြန်လာရင် ရှောင်ရှက ဒီရေဘဝဲကို တကယ်ချက်ပစ်လိုက်တော့မယ်ထင်တယ်”

ရွှယ်အန်းက ခြောက်ကပ်စွာ ရယ်လိုက်သည်။

"ဖုန်းကို ရှောင်ရှကို ပေးလိုက်”

ထန်ရွှမ်အာက အခန်းထဲမှထွက်လာသောအခါ ရှောင်းယွီကို ကြမ်းပြင်ပေါ်သို့ ခြေထောက်တစ်ဖက်ကိုဖိ၍ လက်နှစ်ဖက်ကို ဆွဲဆန့်ထားသည့် ရှောင်ရှကို မြင်လိုက်ရသည်။ လက်တိုတိုလေးကသားရေကွင်းကဲ့သို့ ဆန့်ထွက်ကာ မယုံနိုင်လောက်အောင် ရှည်လာသည်။

ရှောင်းယွီက နာကျင်စွာအော်လိုက်၏။

"မမနဂါးကြီး သမီး ကွဲထွက်တော့မယ် အဟင့်… မဆွဲတော့နဲ့၊ သမီး ထပ်မခိုးတော့ဘူးလို့ ကတိပေးတယ်။"

ရှောင်ရှ၏မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေသည်။

"နောက်တစ်ကြိမ်ဟုတ်လား… နင့်မှာ နောက်တစ်ကြိမ်ရှိဦးမယ်ထင်နေလား"

"ဒီမှာ နင့်သခင်က ဖုန်းပြောချင်လို့တဲ့"

ရှောင်ရှက ပထမ လန့်ဖျပ်သွားသော်လည်း မြန်မြန် ဖုန်းကိုင်လိုက်သည်။

"သခင်"

ရွှယ်အန်းက သက်ပြင်းချလိုက်သည်။

"ကောင်းပြီ၊ တိုက်နေတာရပ်လိုက်တော့ ငါ မနက်ဖြန်ပြန်လာမယ်။ ဒီရေဘဝဲသားရဲကို ငါ့ကိုစောင့်နေဖို့ ပြောလိုက်”

"နားလည်ပါပြီ”

ရှောင်းယွီက ဖုန်းမှ ရွှယ်အန်း၏ အသံကို ကြားလိုက်ရသဖြင့် ခဏတာ တုန်လှုပ်သွားပြီးနောက် သူမ မထိန်းနိုင်ဘဲ မျက်ရည်များ ကျလာသည်။

"အင်မော်တယ်အရှင်လား အင်မော်တယ်အရှင် သမီးကို ကယ်ပါဦး၊ ဒီနဂါးဆိုးကြီးက သမီးကိုသတ်တော့မယ်"

ထန်ရွှမ်အာက သူမ၏ မျက်လုံးများကို မှိတ်ထားသည်။

ရှောင်းယွီသည် စကားပြောကောင်းကာ အစားကြူးရုံမျှမက ဒရာမာကွင်းလည်း ဖြစ်သည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။

"စိတ်မပူနဲ့ သူ မင်းကို သတ်မှာ မဟုတ်ဘူး။ ခဏစောင့်ပါ၊ မနက်ဖြန် ငါပြန်လာမယ်”

ထိုသို့ဖြင့် သူကဖုန်းချလိုက်သည်။ အန်းယန်က အံ့ဩသော မျက်နှာဖြင့် ရွှယ်အန်းကို ကြည့်လိုက်သည်။

"ကို ဘာဖြစ်နေတာလဲ၊ ရှောင်ရှ နဲ့ ရေဘဝဲအကြောင်း တစ်ခုခုတော့ တစ်ခုခုပဲ"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ မနက်ဖြန် ပေကျန်းကို ပြန်ကြမယ်"

"ဟမ်”

ထိုအချိန်တွင် ရွှယ်အန်းက ဖုန်းချသွားပြီးနောက် နံပါတ်တစ် ရှန်ဗီလာရှေ့တွင် ရှောင်းယွီက အံ့အားသင့်စွာ ငိုကြွေးပြီးနောက် ရေကဲ့သို့ ငြိမ်နေသော ရှောင်ရှဘက်သို့ ဂရုတစိုက် လှည့်ကြည့်ကာ မျက်နှာချိုသွေးသည့်အပြုံးဖြင့်ပြုံးလိုက်သည်။

“မမနဂါးကြီး”

ရှောင်ရှက ရှက်ရွံ့စွာ လှောင်ရယ်လိုက်သည်။

"မမ နဂါးကြီးဟုတ်လား ငါက နဂါးဆိုးလို့ သခင့်ကို မင်းမပြောလိုက်ဘူးလား"

ရှောင်းယွီက တုန်လှုပ်သွားသည်။

"လျှာချော်သွားတာ၊ လျှာချော်သွားတာပါ။ အစွမ်းထက်ပြီး လှပတဲ့ ကျောက်လုံက မကောင်းဆိုးဝါး နဂါးတစ်ကောင် ဖြစ်နိုင်ပါ့မလား”

"ဟုတ်လား" ရှောင်ရှက ခေါင်းညိတ်လိုက်သည်။

ရှောင်းယွီသည် သက်သာရာရစွာ သက်ပြင်းချကာ နောက်ဆုံးတွင် သူမသည် ဒုက္ခမှလွတ်မြောက်နိုင်ပြီဟု ထင်ခဲ့သည်။

သို့သော် နောက်တစက္ကန့်၌ သူမကိုယ်သူမ လေထဲပျံနေသည်ဟု ခံစားလိုက်ရ၏။

ရှောင်ရှက သူမ၏လက်တစ်ဖက်ကို ဆုပ်ကိုင်လျက် လေရဟတ်ကို လှည့်နေသည့်အလား ဆွဲလှည့်ပစ်လိုက်သည်။

"အားးးး မမနဂါး ဘာလုပ်မလို့လဲ"

"ဘာလုပ်မလို့လဲဟုတ်လား ထုံးစံအတိုင်း မင်းကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီ လိုက်ပို့ပေးနေတာ" ရှောင်ရှက ပြော၍ ရုတ်တရက် လက်ကို လွှတ်လိုက်သည်။

ကျန်းရှောင်းယွီသည် အမြှောက်တစ်ခုနှယ် လွှတ်တင်ခံခဲ့ရကာ အဝေးမှ ပတ်လမ်းလမ်းကြောင်းအတိုင်း ပျံသန်းသွားခဲ့သည်။

"အားးးး...ဒီလိုမလုပ်ပါနဲ့ သမီး အမြင့်ကြောက်တယ်" ကျန်းရှောင်းယွီက လေထဲ၌ ထအော်သည်။

ထို့နောက် သူမက ယွင်မန်ရေကန်ထဲသို့ ကျသွားခဲ့ကာ အားလုံး တိတ်ဆိတ်သွားခဲ့သည်။

ရှောင်ရှက တောင်ထိပ်တစ်ခုပေါ်တွင် ရပ်ကာ ကြည့်နေသည်။

ထန်ရွှမ်အာက စိုးရိမ်စိတ်ဖြင့် စမေး၏။

"ဒါက ဘာပြဿနာမှ မဖြစ်ဘူးမလား နော်"

"ဟမ်၊ သူက ရေနတ်ဆိုးပဲ၊ ဘာဖြစ်နိုင်မှာလဲ" ရှောင်ရှက အေးစက်စွာ ရယ်မောလျက် ပြောသည်။

"ဒါပေမယ့် သူမဟာ ပင်လယ်ထဲက နတ်ဆိုးမဟုတ်ဘူးလား။ ယွင်မန်ရေကန်က ရေချိုအိုင်ကြီးလေ” ထန်ရွှမ်အာက ထောက်ပြသည်။

ရှောင်ရှက ခေတ္တရပ်လိုက်ပြီးနောက် ဦးရေပြားကို ကုတ်လိုက်သည်။

"အင်း နင်ပြောတာ မှန်သလိုပဲ”

ထိုစကားလုံးများထွက်လာပြီးသည်နှင့် ကျန်းရှောင်းယွီက အသေကောင်ကဲ့သို့ မလှုပ်မယှက်ဘဲ ရေမျက်နှာပြင်ပေါ်သို့ ဖြည်းညှင်းစွာ တက်လာသည်။

ရှောင်ရဇလည်း စိတ်ပူလာ၏။

‘သူတကယ်သေသွားတာလား’

‘အဲ့လိုဆို ဆိုးလိမ့်မယ်’

‘မနက်​ဖြန်​ သခင်က ပြန်​လာပြီး သိသွားရင် ငါလည်း အဲ့ထဲရောက်သွားလိမ့်မယ်’

"ငါသွားကြည့်ရမလား" ရှောင်ရှက ပြောသည်။

ထိုအချိန်တွင်ပင် ရေမျက်နှာပြင်ပေါ်တွင် လဲလျောင်းနေသော ကျန်းရှောင်းယွီသည် သူမ၏ပါးစပ်ကိုဖွင့်ကာ ရေများ အန်ထုတ်လိုက်ပြီးနောက် ချောင်းဆိုးလာသည်။

"ဘုရားရေ ငါရေနစ်သေတော့မလို့"

ထိုမှသာ ရှောင်ရှကသက်သာရာရသွားသည်။

"အမ်းး သူ ဒီလောက်လွယ်လွယ်နဲ့ မသေနိုင်ဘူးဆိုတာ ငါသိတယ်"

ထိုအချိန်တွင် ထန်ရွှမ်အာက ရှောင်ရှကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်။

"ရွှမ်အာ နင်ငါ့ကိုဘာလို့စိုက်ကြည့်နေတာလဲ"

"နင် သတိမထားမိဘူးလား” ထန်ရွှမ်အာက ညင်သာစွာပြောသည်။

ဤသည်ကိုကြားသောအခါ ရှောင်ရှလည်း အံ့အားသင့်သွားကာ သူမ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။

"တကယ်ပါပဲ၊ ပုံမှန်ဆို ငါက မူးနေတဲ့အချိန်မှာပဲ လူသားအဖြစ် ပြောင်းလဲနိုင်တာ အခု ဘာဖြစ်နေတာလဲ"

"ဖြစ်​နိုင်​တာ သူ့​ကြောင့်​ပဲ" ထန်ရွှမ်အာက ယွင်မန်ကန်တွင် ခွေးတစ်ကောင်ကဲ့သို့ ရေကူးနေသော ကျန်းရှောင်းယွီကို ကြည့်၍ ညင်သာစွာပြောသည်။

ရွှယ်အန်းသည် ကျုံးတုတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးသွားကာ သူ၏မိသားစုနှင့် ပေကျန်းသို့ တိုက်ရိုက်ပျံသန်းရန် စီစဉ်နေသည်။

ထို့နောက် ချန်ရုရှီ ရောက်လာသည်။

"လူကြီးမင်းရွှယ်" ချန်ရုရှီက ခပ်တိုးတိုးပြောသည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်၏။

"မိန်းက​လေးချန် မင်းလိုအပ်တာတစ်ခုခုရှိလား"

ချန်ရုရှီက ရွှယ်အန်းကို တိုက်ရိုက် မကြည့်ဝံ့ဘဲ ခေါင်းညိတ်လိုက်သည်။

သူမသည် ထိုခံစားချက်များကို ဖြတ်ကျော်နိုင်ခဲ့ပြီဟု သူမထင်ခဲ့သော်လည်း ရွှယ်အန်းကိုမြင်လိုက်ရသောအခါတွင် သူမ၏နှလုံးသားက တဟုန်ထိုးခုန်နေဆဲဖြစ်သည်။

သူမက အသက်ပြင်းပြင်းရှူ၍ ကိုယ့်ကိုယ်ကို တည်ငြိမ်စေရန် ထိန်းလိုက်သည်။

"လူကြီးမင်းရွှယ် ကျွန်မတို့ ကျေးဇူးကို ဆပ်ဖို့ သူငယ်ချင်းတစ်ယောက်နဲ့ လာခဲ့တာပါ"

"ကျေးဇူးလား”

“ဟုတ်ကဲ့”

သူစကားပြောနေစဉ်တွင် ချန်ရုရှီသည် အခန်းထဲသို့ မငြိမ်မသက် လျှောက်သွားနေသည့် အမျိုးသမီးတစ်ဦးကို ပြရန် ဘေးသို့ ဖယ်လိုက်သည်။

ရွှယ်အန်းက အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဆိုတော့ ဒါ မိန်းကလေးဝေ့”

ဤအမျိုးသမီးငယ်သည် ယခင်က ရွေ့လျားသွားလာရန်အတွက် ဘီးတပ်ကုလားထိုင်ပေါ်တွင် ချုပ်နှောင်ခံထားရသော ဝေ့ရူလန်မှတပါး အခြားသူမဟုတ်ပေ။

ဝေ့ရူလန်ကပြုံး၍ ပြောသည်။

"လူကြီးမင်းရွှယ် ကျွန်မ ရှင်ပြန်လာတယ်လို့ကြားလို့ ရူရှီနဲ့ ကျုံးတုကို အမြန်ပြန်လာပြီး ကျေးဇူးတင်ကြောင်းလာပြောတာပါ။ အဲ့တုန်းက ရှင် ကျွန်မကို ပေးခဲ့တဲ့ ဝိဉာဉ်ကျောက်တုံးကြောင့်မဟုတ်ရင် ကျွန်မ လမ်းလျှောက်နိုင်ဦးမှာမဟုတ်ဘူး။ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ ရှိနေရမှာ"

ကိုယ်တိုင်မကြုံဖူးသူများသည် ဘီးတပ်ကုလားထိုင်တွင် တစ်သက်တာလုံးထိုင်နေရသူက မည်မျှ လမ်းလျှောက်ချင်မည်ကို စိတ်ကူးကြည့်နိုင်မည်မဟုတ်ပေ။

ဝေ့ရူလန်၏ခြေထောက်အခြေအနေမှာ မွေးရာပါဖြစ်ကာ သူမနှင့် တိုင်ပင်ထားသည့် နာမည်ကြီးဆရာဝန်များအနက် မည်သူ့ကမှ မကုသနိုင်ပေ။

နောက်ဆုံးတွင် သူမသည် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်သော်လည်း မမျှော်လင့်ဘဲ ရွှယ်အန်းနှင့် အန်းယန်၏ မင်္ဂလာဆောင်တွင် ဝိညာဉ်ကျောက်တုံးကို သူမအား ပေးခဲ့သည်။ ယခုဆိုလျှင် ချိုင်းထောက် သို့မဟုတ် အခြားအရာများကို မမှီခိုဘဲ ဖြည်းညှင်းစွာ လျှောက်လှမ်းနိုင်ပြီဖြစ်သည်။

ထို့ကြောင့် သူမက ရွှယ်အန်းကို အထူးပင်ကျေးဇူးတင်ရှိသဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြရန် ချန်ရုရှီနှင့်အတူ ခရီးနှင်လာခြင်းပင်ဖြစ်သည်။

All Chapters