← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း(၅၀၂) အရှေ့ပင်လယ်အောက်

"ဒါဟာ ဝိဉာဉ်ကျောက်တုံးလေးပါပဲ ယဉ်ကျေးနေစရာ မလိုပါဘူး"

"ဒါက ရှင့်အတွက် သာမာန်ဝိညာဉ်ကျောက်တုံးဖြစ်နိုင်ပေမယ့် ကျွန်မအတွက်တော့ ပြန်လည်မွေးဖွားလာသလိုခံစားရတယ်" ဝေ့ရူလန်က ရိုးရိုးသားသားပြောသည်။

အမှန်တကယ်တမ်းတွက် နတ်ကျောက်တုံးကို ရပြီးနောက် ဝေရူလန်က အကြီးအကဲများစွာနှင့် တိုင်ပင်ခဲ့ကာ ၎င်းတို့အားလုံးဆီမှ ဤကျောက်တုံးနှင့် ပတ်သက်သည့် သဘောတူညီမှုတစ်ခု ရခဲ့သည်။

တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု။

လူအများအပြားပင် အလွန်စိတ်လှုပ်ရှားခဲ့ကြကာ ဤဝိညာဉ်ကျောက်တုံးက မည်သည့်နေရာမှလာသည်ကို သိချင်ကြသည်။ သို့သော်လည်း ဝေရူလန်က အကြောင်းပြချက်မျိုးစုံဖြင့် အားလုံးကို လိမ္မာပါးနပ်စွာ ငြင်းဆန်ခဲ့သည်။

ထိုအချိန်တွင် ရွှယ်အန်းက လှည့်ကြည့်ကာ မေး၏။

"ဆရာဝေ့ရော မလာဘူးလား"

"ဆရာဝေ့" ဟု ရွှယ်အန်း မေးမြန်းခဲ့သည်မှာ ဝေ့ရူလန်၏ဝမ်းကွဲညီမ ဝေ့ရူယန်ဖြစ်သည်။

ဤသည်ကိုကြားသောအခါ ဝေ့ရူလန်က ပြောလိုက်၏။

"ကျွန်မရဲ့ဝမ်းကွဲက ဂျပန် မှာရှိတဲ့ ပန်းပင်ဆရာတစ်ယောက်ဆီက ဖိတ်စာရပြီး မနေ့က ပင်လယ်ထဲကို အပျော်စီးသင်္ဘောနဲ့ ထွက်သွားလို့ အခု ကျုံးတု မှာ မရှိလို့ပါ"

ရွှယ်အန်းက အနည်းငယ် အံ့သြသွားပြီးနောက် ခေါင်းညိတ်လိုက်၏။

“ငါသိပြီ”

ထို့နောက် ဝေ့ရူလန်သည် စကားအနည်းငယ်ဆက်ပြောကာ ထွက်ခွာရန် ထလိုက်သည်။ ရွှယ်အန်းက ထွက်ခွာသွားသော ဝေ့ရူလန်၏ နောက်ကျောကို ကြည့်၍ နက်နဲစွာတွေးလိုက်သည်။

“ဘာဖြစ်တာလဲ ယောက်ျား”

"ဘာမှမဟုတ်ပါဘူး၊ ဒါက တိုက်ဆိုင်လွန်းတယ်လို့ ခံစားရလို့" ရွှယ်အန်းက ရယ်၍ ဆက်ပြောသည်။

"လာ၊ အခုပဲ ပေကျန်းကို ပြန်ကြရအောင်"

နံပါတ်တစ်ရှန်ဗီလာ။

ရှောင်ရှသည် ဆိုဖာပေါ်၌ ပျင်းရိစွာအိပ်လျက် တီဗီကြည့်နေသည်။ ရှောင်းယွီက ဆိုဖာထောင့်တွင် နာခံစွာထိုင်ချကာ နေကြာစေ့များကို ကျွမ်းကျင်စွာခွာ၍ မျက်လုံးများက တီဗီကိုကြည့်လျက် တောက်ပနေသည်။ သူ့ရှေ့မှ စက္ကူခွက်ထဲတွင် နေကြာစေ့များကိုဖြည့်ကာ ပြုံးရွှင်စွာဖြင့် လှမ်းပေးသည်။

“မမ စားပါ”

ရှောင်ရှက စက္ကူခွက်ကိုယူကာ အစေ့များကို ပါးစပ်ထဲသို့ လောင်းထည့်၍ ကျေနပ်စွာဝါးပြီးနောက် ခေါင်းညိတ်လိုက်သည်။

"အွန်း… မဆိုးဘူး"

ရှောင်းယွီသည် ချီးမွမ်းခံရသဖြင့် ပျော်ရွှင်ကာ နေကြာစေ့များကို ထပ်မံ၍ ခွာပေးပြန်သည်။ ထန်ရွှမ်အာက ဤမြင်ကွင်းကို ကူကယ်ရာမဲ့စွာကြည့်နေသည်။ ရှောင်းယွီကို ရှောင်ရှက ယွင်မင်ရေကန်ထဲသို့ ပစ်ချပြီးစဥ်ကတည်းက သူမက ဤသို့ ဖြစ်လာခဲ့သည်။ သူမက ‘မမ’ဟု ခေါ်ရုံမျှမက ရှောင်ရှ၏ အစေခံလေးကဲ့သို့ လုံ့လဝီရိရရှိစွာဖြင့် သူမကို အလွန် သက်တောင့်သက်သာဖြစ်စေရန် လုပ်ဆောင်ပေးလျက်ရှိသည်။ ထို့နောက် ပုံမှန်အားဖြင့် ပျင်းရိနေတတ်သော ရှောင်ရှက ရုတ်တရက် ထထိုင်ကာ လေးနက်စွာပြောလိုက်သည်။

“သခင့်ရဲ့အငွေ့အသက်ပဲ။ သူပြန်လာပြီ”

ဤသို့ပြောလျက် သူမက ထွက်ပြေးသွားသည်။

“မမ စောင့်ပါဦး” ရှောင်းယွီက သူမနောက်သို့လိုက်သွားသည်။ ထန်ရွှမ်အာက အခန်းထဲမှ ထွက်သွားသောအခါ အမှန်ပင် သူမက ကောင်းကင်ထံမှပျံ့လွင့်လာသော အလင်းတန်းတစ်ခုက မျက်စိတစ်မှိတ်အတွင်း ဗီလာရှေ့သို့ဆင်းသက်လာသည်ကိုမြင်လိုက်ရသည်။

ရွှယ်အန်းနှင့် သူ့မိသားစုပင်ဖြစ်သည်။

“သခင်” ရှောင်ရှက လေးနက်စွာအော်လိုက်သည်။ ရွှယ်အန်းရှေ့တွင် သူမက လုံးဝ မာန်တက်စွာ မနေရဲပေ။ သူမက ဤသို့အော်လိုက်သည်ကိုမြင်သောအခါ ရှောင်းယွီက တုန်လှုပ်ခြောက်ခြားသွားသည်။

“အင်မော်တယ်သခင်”

ရွှယ်အန်း၏ အကြည့်များက ရှောင်ရှနှင့် ရှောင်းယွီတို့ကို ဖြတ်ကျော်သွားပြီးနောက် ဖျတ်ခနဲ ပြုံးလိုက်သည်။

"ရှောင်ရှ မင်း အသွင်ပြောင်းတာ တကယ်အောင်မြင်နေပြီပဲ။ တော်တော် တိုးတက်နေပြီ”

ရှောင်ရှက ရှက်ရွံ့စွာပြောလိုက်သည်။ ဤအခိုက်အတန့်၌ နျန်နျန်နှင့် ရှန်းရှန်းတို့က ပြေးလာကာ စိတ်ရှုပ်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

“နင်….နင်က ရှောင်ရှလား”

ကောင်မလေးနှစ်ယောက်ကိုတွေ့သောအခါ‌ ရှောင်ရှက သူမ၏ခန္ဓာကိုယ်ကို ရိုကျိုးစွာ ဦးညွှတ်လိုက်သည်။

“မင်းသမီးလေးတို့… ကျွန်မက ရှောင်ရှပါပဲ”

“ဝိုးးးး ရှောင်ရှ နင်က အရမ်းလှတာပဲ” နျန်နျန်က ရှောင်ရှ၏ ဆံနွယ်များကို ပွတ်သပ်ကာ ချီးမွမ်းစကားဆိုသည်။

ထို့နောက် ပို၍ သိချင်စိတ်ပြင်းပျစွာဖြင့် လက်ကိုဆန့်တန်းကာ ရှောင်ရှ၏ ပါးများကိုဆွဲလိုက်သည်။

“နင်က တကယ် ချစ်စရာကောင်းတာပဲ”

ဤမြင်ကွင်းကို မြင်သောအခါ ရှောင်းယွီ၏မျက်လုံးများထဲ၌ ကြောက်လန့်မှုအငွေ့အသက်များပေါ်လာသည်။

တစ်ရက်တာ အပြန်အလှန်ဆက်သွယ်ပြောဆိုကြည့်ပြီးနောက် ရှောင်းယွီသည် ရှောင်ရှ၏ စိတ်ထဲမှ နတ်ဆိုးမ၏ စိတ်နှင့်ရင်းနှီးနေပြီဖြစ်သည်။

‘သူလက်သီးထိုးပြီး သတ်ပစ်ဖို့ အဆင်သင့်ဖြစ်နေလောက်ပြီ’

‘ဒီကလေးမလေးနှစ်ယောက်က ရှောင်ရှရဲ့စိတ်ကို စမ်းနေကြတာပဲ’

သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်ကြောင့် ရှောင်းယွီအံ့အားသင့်သွားခဲ့သည်။

ရှောင်ရှ၏မျက်နှာ၌ ကြီးမားသောအပြုံးကြီးတစ်ခုဝင်းလက်လာသည်။

"ဒါပေမယ့် မင်း မင်းသမီးလေးနှစ်ယောက်က ပိုတောင် လှသေးတယ်"

“နင် ဟောင်နိုင်သေးလား” ရှန်းရှန်းကမေးသည်။

“ဒါပေါ့” ရှောင်ရှက ပြန်ဖြေပြီးနောက် ခွေးတစ်ကောင်ကဲ့သို့ ‘ဝုတ်’ ‘ဝုတ်’ ‘ဝုတ်’ ဟု ဟောင်ပြသည်။

ရှောင်းယွီ၏ မျက်လုံးများက တဖြည်းဖြည်းကျယ်လာသည်။

‘နတ်ဆိုးမတစ်ကောင်က… ခွေးလိုဟောင်ပြနေတာလား’

ထိုအချိန်၌ ရွှယ်အန်းက ရှောင်းယွီကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

“ကျန်းမေ့အာ နင့်ကို ပို့လိုက်တာလား”

ဤသည်ကိုကြားသောအခါ ရှောင်းယွီက တုန်လှုပ်သွားကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“အင်မော်တယ်သခင်က… သူ့ကိုသိတာလား”

“အစတုန်းကတော့မဟုတ်ပေမယ့် ရွှမ်အာက ငါ့ကို ရေဘဝတစ်ကောင်ရှာနေတယ်လို့ပြောလို့ သံသယဝင်လာတာ။ မင်းရဲ့ရောင်ဝါကို အာရုံခံပြီးတော့ ငါပိုသေချာသွားတယ်” ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ရှောင်းယွီက ရိုသေစွာဦးညွတ်လိုက်၏။

“အင်မော်တယ်ကသခင်က တကယ့်ကို စိုးမိုးနိုင်လွန်းပါတယ်။ ဟုတ်ပါတယ် မင်းသမီး ကျန်းမေ့အာက ကျွန်မကို ဒီကမ္ဘာဆီလွှတ်လိုက်တာပါ”

ကျန်းမေ့အာ။

ကျွန်းပေါ်ရှိ မင်းမိသားစု ဖုန်းရွှေသခင်၏ မှော်နက်ပညာဖြင့် နှိမ်နင်းခံခဲ့ရသည့် ပင်လယ်နတ်ဆိုး။

ရွှယ်အန်းမှ ကယ်တင်ခြင်းခံရပြီးနောက် သူမ၏အမည်အမှန်ကို ထုတ်ဖော်ပြသခဲ့သည်။ နတ်ဆိုး၏ အမည်နာမကို ပြောပြခံရခြင်းသည် အမှန်တကယ်ပင် အလွန်ထူးခြားသော အခြေအနေတစ်ခုဖြစ်သည်။ ရှောင်းယွီက ထိုပင်လယ်နတ်ဆိုး၏ရောင်ဝါကို သူမကိုယ်ပေါ်၌ သယ်ဆောင်လာခြင်းပင်ဖြစ်၏။

“ပြော၊ ဘာကိစ္စရှိလို့လဲ။”

"အင်မော်တယ်သခင် မင်းသမီးနဲ့ ပင်လယ်နတ်ဆိုးမျိုးနွယ်ကို ကယ်တင်ပေးပါ" ရှောင်းယွီသည် ဝမ်းနည်းခြင်းအပြည့်ဖြစ်နေသော မျက်နှာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

"ကျွန်မတို့က ပင်လယ်နတ်ဆိုးတွေပါ၊ ကမ္ဘာ့အခြားနတ်ဆိုးမျိုးနွယ်တွေနဲ့အတူ နှစ်ထောင်ပေါင်းများစွာ လျှို့ဝှက်နယ်မြေမှာနေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့လကစပြီး နတ်ဆိုးအုပ်စုတစ်ခုက အဲ့နေရာကိုပြန်သိမ်းချင်တယ်လို့ပြောပြီး ကျွန်မတို့အားလုံးကို ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်”

"ထုံးစံအတိုင်း နတ်ဆိုးမျိုးနွယ်တော်တော်များများက ထွက်ခွာဖို့ ငြင်းဆိုခဲ့ကြပေမယ့်၊ ဒီနတ်ဆိုးအုပ်စုက မယုံနိုင်လောက်အောင် စွမ်းအားကြီးလွန်းတယ်။ သူတို့က ကျွန်မတို့အားလုံးကို ဒဏ်ရာရအောင်လုပ်ပြီး မင်းသမီးရဲ့ရှေးဟောင်း သွေးမျိုးဆက်ကို လိုချင်တဲ့အကြောင်းပြောပြီး နတ်ဆိုးမျိုးနွယ်ကြီးရောက်လာတဲ့အထိ ခေါ်ထားမယ်ဆိုပြီး သူ့ကို ဖမ်းသွားခဲ့တယ်"

"ကျွန်မက မင်းသမီးရဲ့ ကိုယ်ရေးကိုယ်တာ အစေခံတစ်ယောက်ပါ။ သူမကို မခေါ်သွားခင်မှာ လူသားကမ္ဘာက လူကြီးမင်းရွှယ်ကပဲ သူ့ကိုကယ်နိုင်တယ်လို့ ပြောခဲ့တယ်။ အဲ့လိုနဲ့ လျို့ဝှက်နည်းပညာသုံးပြီး ကျွန်မကို လျို့ဝှက်နယ်မြေကနေ ထွက်လို့ရအောင်လုပ်ပေးခဲ့တယ်။ တစ်လကျော်လောက် ကမ္ဘာပေါ်မှာရှာပြီးတော့ နောက်ဆုံးမှာတော့ အရှင့်ကို တွေ့ခဲ့တယ်" ရှောင်းယွီက ပြောရင်းဖြင့် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

ရွှယ်အန်းက ယင်းကို နားထောင်လျက် မျက်ခုံးများ အနည်းငယ်ပင့်လိုက်သည်။

"ကြောက်စရာကောင်းတဲ့ နတ်ဆိုးအုပ်စုလား"

"ဟုတ်ပါတယ် ဒီသတ္တဝါတွေအားလုံးဟာ မျိုးစိတ်တစ်ခုတည်းကလာတာမဟုတ်ပါဘူး။ ကျားနတ်ဆိုးတွေ၊ ဝက်ဝံနက်နတ်ဆိုးတွေနဲ့ အပင်ဝိဉာဥ်တွေတောင်ရှိပါတယ်။ ဒါပေမယ့် သူတို့အားလုံးက အရမ်းအစွမ်းထက်ကြတယ်”

“နားလည်ပြီ”

ရှောင်းယွီက ရွှယ်အန်းကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။

“အင်မော်တယ်သခင်။ ကျေးဇူးပြုပြီးကူညီပေးပါ။ အရှင် ဝင်မစွက်ဖက်ရင် မင်းသမီးနဲ့ နတ်ဆိုးတွေ အများအပြား ပျက်ဆီးခြင်းနဲ့ရင်ဆိုင်ကြရလိမ့်မယ် အရှင်”

ရွှယ်အန်းက အန်းယန်ဘက်သို့လှည့်လိုက်သည်။

"ကို နတ်ဆိုးလျှို့ဝှက်ဘုံကို ခရီးထွက်လိုက်ဦးမယ်။ သမီးတွေနဲ့ ဒီမှာ စောင့်နေခဲ့နော်”

အန်းယန်က ခေါင်းညိတ်လိုက်သည်။

"သခင်နဲ့အတူ ကျွန်မကို လိုက်ခွင့်ပြုပါ"ရှောင်ရှက ယဥ်ကျေးစွာပြော၏။

“ဟမ်” ရွှယ်အန်းက အနည်းငယ် တုံ့ဆိုင်းသွားသည်။

ရှေင်ရှက လျင်မြန်စွာ ထပ်ပြောသည်။

"ကျွန်မက ဒီမြေရဲ့ မျိုးရင်းနတ်ဆိုးတစ်ကောင်ဖြစ်တာကြောင့် ဘာမှမဖြစ်သလို မနေနိုင်ပါဘူး။ နောက်ပြီး ဒီကိစ္စကိုကူညီဖို့ ကျွန်မမှာ နဂါးစွမ်းအင်လည်းရှိပါတယ်"

"ကောင်းပြီ၊ မင်းလည်း လိုက်ခဲ့"

ထို့နောက် ရှောင်းယွီဘက်သို့လှည့်လိုက်သည်။

"ဒီနတ်ဆိုးလျှို့ဝှက်နယ်မြေက ဘယ်မှာလဲ"

"အရှေ့ပင်လယ်အောက်မှာ"

အရှေ့ပင်လယ်…ဟမ်

ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပင်လယ်ပြင်သို့ ဖိတ်ခေါ်ခြင်းခံရသည့် ဖုန်းရွှေသခင်ဝေ့ကို ရုတ်တရက် သတိရသွားသည်။

"ကောင်းပြီ၊ အခုချက်ချင်းထွက်ရအောင်"

အခန်း(၅၀၃) ကံကောင်းမှု

အရှေ့ပင်လယ်အထက်။

ဇိမ်ခံ ဇိမ်ခံသင်္ဘောကြီးတစ်စင်း ဖြည်းညှင်းစွာ ရွက်လွှင့်လာခဲ့သည်။

ထိုအချိန်တွင် အရှေ့ပင်လယ်သည် ငြိမ်သက်အေးချမ်းနေသည်။

ပင်လယ်မျက်နှာပြင်သည် ကောင်းကင်ယံရှိ တိမ်ဖြူဖြူများကို ရောင်ပြန်ဟပ်နေသော ဧရာမမှန်ကြီးတစ်ခုနှင့်တူကာ ကောင်းကင်နှင့် ရေပြင်ကို ခွဲခြား၍မရနိုင်ပေ။ ဝေ့ရူယန်က အေးမြသော ပင်လယ်လေကို ခံစားကာ ပဲ့ပိုင်းတွင်ရပ်နေလျက် အပျော်စီးသင်္ဘောနောက်တွင်ကျန်ခဲ့သော အဖြူရောင်ရေလှိုင်းကို ငေးစိုက်ကြည့်နေမိသည်။

ထိုအချိန်တွင် သေးငယ်သော မိန်းကလေးတစ်ယောက် သူ့ထံ ချဉ်းကပ်လာသည်။

"မိန်းကလေးရူယန်မင်း ဘာကြည့်နေတာလဲ" ကောင်မလေးက ပြုံး၍ မေးသည်။

ဝေ့ရူယန်က လှည့်မကြည့်ဘဲ အဖြူရောင်လှိုင်းများကို ညွှန်ပြလိုက်၏။

“မိန်းကလေးနိုရီကို အဲ့လှိုင်းတွေကို ကြည့်လိုက်ပါ၊ အဲ့တာ ပန်းပညာရှင်တွေရဲ့ အိပ်မက်နယ်ပယ်ပဲ"

အီဇုမိ နိုရီကိုက သက်ပြင်း ခပ်ဖွဖွ ချလိုက်၏။

“မိန်းကလေးရူယန်ရဲ့ ပန်းလက်ရာက ကမ္ဘာပေါ်မှာ တုနှိုင်းမရတဲ့အံ့ဖွယ်ပါပဲ၊ ခရီးသွားတဲ့အခါတောင်မှ သဘာဝအလှကို တန်ဖိုးထားဖို့ ဘယ်တော့မှာမမေ့ဘူးနော်”

ဝေ့ရူယန်က အနည်းငယ် ပြုံးလိုက်သည်။

"သဘာဝက ကျွန်မတို့ရဲ့ အကောင်းဆုံး ဆရာပဲ၊ သဘာဝအတိုင်း ပန်းလက်ရာတွေ ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ တောထဲမှာ ပေါက်နေတဲ့ ပန်းတွေရဲ့ အလှနဲ့ မယှဉ်နိုင်ဘူး"

"မိန်းကလေးရူယန်ရဲ့ ပန်းလက်ရာတွေက ရိုးရှင်းမှုနဲ့အမှန်တရားနယ်မြေကို ရောက်သွားပြီလား"

ဝေ့ရူယန်က ခေါင်းခါပြလိုက်သည်။

"မဟုတ်သေးဘူး၊ နည်းနည်းနားလည်မှုတစ်ခုပါပဲ"

ဤ အီဇုမိ နိုရီကိုသည် ဂျပန်နိုင်ငံမှ ပန်းအလှဖန်တီးရှင်တစ်ဦးဖြစ်ကာ ဝေ့ရူယန်ကို ဂျပန်ပြည်၌ ပန်းအလှပြပွဲတွင် ပါဝင်ရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားခဲ့သည်။

နောက်ထပ် အနည်းငယ်စကားပြောပြီးနောက် ဝေ့ရူယန်က အခန်းထဲသို့ပြန်သွားခဲ့သည်။

ဝေ့ရူယန်၏ ထွက်ခွာသွားသော နောက်ကျောကိုကြည့်ကာ အီဇုမိ နိုရီကို၏ နှုတ်ခမ်းများက ဆိုးယုတ်စွာ ကွေးညွတ်သွားသည်။

အခြားဇိမ်ခံအပျော်စီးသင်္ဘောများနှင့်မတူဘဲ ဤသင်္ဘောပေါ်တွင် ခရီးသည်

ကိုးဆယ်ရာခိုင်နှုန်းသည် မိန်းကလေးများဖြစ်ကြကာ တစ်ဦးစီသည် အလွန်လှပကြသည်။

ဤမိန်းကလေးများအားလုံးကို အီဇုမိ နိုရီကိုက အခမဲ့ခရီးသွားလာရန်နှင့် ဂျပန်နိုင်ငံတွင် ပန်းအနုပညာပြပွဲကို ကြည့်ရှု့ခံစားခွင့်တို့ဖြင့် ဆွဲဆောင်လာခဲ့သည်။ အီဇုမိ နိုရီကို၏ အဆိုအရ လှပသော မိန်းကလေးများသာ ပန်းအလှဖန်တီးမှု၏ ကျက်သရေကို အမှန်တကယ် ခံစားနိုင်သည်။

ဝေ့ရူယန်သည် အပျော်စီးသင်္ဘော၏ အပေါ်ထပ်တွင် တည်းခိုခဲ့သည်။

အနားယူရန် အခန်းထဲပြန်ဝင်ခါနီးတွင် မိန်းကလေးတစ်ယောက်က ခေါင်းကို ငိုက်စိုက်ချလျက် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည်။

ဝေရူယန် ရုတ်တရက် ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူမသည် ယခင်က တစ်နေရာရာ၌ မြင်ဖူးသကဲ့သို့ မိန်းကလေးနှင့် အလွန်ရင်းနှီးနေသောကြောင့်ပင်ဖြစ်၏။

‘ဒါပေမယ့် ဘယ်မှာလဲ’

ဝေ့ရူယန်သည် အနည်းငယ် တွေးကာ မျက်မှောင်ကြုတ်လိုက်သည်။

ကောင်မလေးက ထောင့်သို့လှည့်ခါနီး၌ ဝေ့ရူယန်က ရုတ်တရက်သတိရသွားသဖြင့် ပြုံးလိုက်သည်။

“မိန်းကလေး မင်း လူကြီးမင်းရွှယ်ကို သိလားလို့ မေးလို့ရမလား”

ကောင်မလေးသည် သူမ၏လမ်းကိုရပ်၍ လှည့်ကြည့်လိုက်ရာ နုပျိုလှပသော သူမ၏မျက်နှာလေး ပေါ်လွင်လာသည်။

“ရှင်က…”

ဝေ့ရူယန်က ပြုံးလိုက်သည်။

“လူကြီးမင်းရွှယ်ရဲ့ မင်္ဂလာဆောင်မှာ မင်းကို မြင်ဖူးတယ်ထင်တယ်။ ကို့နာမည်က ဝေ့ရူယန်ပါ”

ကောင်မလေးက တုန်တုန်ယင်ယင်ဖြင့် ပြန်ပြော၏။

“ဒါဆို ဒါက သခင်ဝေ့ပဲ။ ကျွန်မ တောင်းပန်ပါတယ်။ သတိမထားမိလိုက်လို့။ လူကြီးမင်းရွှယ်ဆိုတာ… ကျွန်မရဲ့အစ်ကိုပါ”

ဤသည်ကိုကြားသောအခါ ဝေ့ရူယန်၏ မျက်လုံးများ တောက်ပလာသည်။

“ဒီလောက် ယဥ်ကျေးနေစရာမလိုပါဘူး။ မင်းက လူကြီးမင်းရွှယ်ရဲ့ ညီမဆိုတော့… အပြင်လူတွေမဟုတ်ပါဘူး။ မင်းနာမည်ကို မေးလို့ရမလား”

“ကျွန်မ… နာမည်က ရှဲ့ကျင်းကျင်းပါ”

ရွှယ်အန်းရဲ့ မင်္ဂလာပွဲကို တက်ရောက်ပြီးကတည်းက ရှဲ့ကျင်းကျင်းသည် ရွှယ်အန်းအတွက် သူမ၏ ခံစားချက်အားလုံးကို နှလုံးသား၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းတွင် မြှုပ်နှံထားခဲ့ကာ ရူးသွပ်စွာ စတင်၍ စာလေ့လာခဲ့သည်။ များမကြာမီတွင် သူမသည် အထက်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းအားလုံးကို ကိုယ်တိုင်လေ့လာခဲ့၍ အကြိမ်တိုင်းတွင် ထိပ်ဆုံးမှ အဆင့်နှစ်အဖြစ် မြို့လုံးဆိုင်ရာ ပူးတွဲစာမေးပွဲများစွာတွင် ပါဝင်ခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်သည် ပြိုကျလုနီးပါး ဖြစ်နေသည်။

တစ်ခါတစ်လေတွင် တစ်နေကုန်ငိုင်နေတတ်၍ တစ်ခါတစ်ရံတွင် လမ်းလျှောက်လျက် ရုတ်တရက် ငိုကြွေးတတ်သည်။ ထိုသို့သော စိတ်အခြေနေမှာ သူ့အဖေနှင့် အန်တီဖန်ကို ထိတ်လန့်စေသည်၊ ၎င်းတို့၏ အဖိုးတန်သမီးလေးသည် နောက်တစ်ကြိမ် စိတ်မနှံ့တော့မည်ကို စိုးရိမ်သဖြင့် ခရီးထွက်ကာ စိတ်အပန်းဖြေရန် ကျောင်းမှ ခြောက်လကြာ အနားယူရန် စီစဉ်ခဲ့သည်။

လွန်ခဲ့သောရက်အနည်းငယ်က အီဇုမိ နိုရီကိုမှစီစဉ်သော အခမဲ့ ခရီးသွားပရိုမိုးရှင်းအကြောင်း အန်ဆီဖန်က ကြာားသိခဲ့ရသည်။ အစပိုင်းတွင် အန်တီဖန်က လိမ်လည်မှုဖြစ်မည်ကို စိုးရိမ်ခဲ့သော်လည်း အီဇုမိ နိုရီကိုက ဂျပန်နိုင်ငံတွင် အတန်ငယ်နာမည်ကြီးကြောင်း သေချာလေ့လာပြီးနောက် အဖွဲ့အစည်းများစွာက ဤကိစ္စကို အာမခံထားသဖြင့် ဤသည်က လိမ်ညာသော အစီအစဥ်မဟုတ်ကေကြာင်း သူမ ယုံကြည်လာခဲ့သည်။ ထို့နောက် သမီးဖြစ်သူကို စာရင်းသွင်းပေးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အန်တီဖန်က ရှဲ့ကျင်းကျင်းကို စာရင်းသွင်းသော နေရာသို့ ခေါ်လာသောအခါတွင် လူများ ပြည့်ကျပ်နေကြောင်း သိလိုက်ရသဖြင့် သူမ၏ နှလုံးသားလည်း နစ်မြုပ်သွားခဲ့သည်။

“စာရင်းသွင်းတဲ့သူတွေ အများကြီးဆိုတော့ ရွေးခံရဖို့ ခက်မယ်ထင်တယ်”

အန်တီဖန်က ရှဲ့ကျင်းကျင်းကို စာရင်းပေးခန်းသို့ခေါ်သွားသည်နှင့် တစ်ပြိုင်နက် အီဇုမိ နိုရီကိုက သူမကို မြင်မြင်ချင်း သဘောကျသွားကာ ခရီးတွင် လိုက်ပါရန် ချက်ချင်း ဆုံးဖြတ်ခဲ့သည်။

အပျော်စီးသင်္ဘောပေါ်တွင်ပင် သူမ၏အခန်းသည် VIP အဆင့်ဖြစ်သည်။

ထိုအချိန်တွင် ဝေ့ရူယန်နှင့်တွေ့သည်။

ဝေ့ရူယန်က ရှဲ့ကျင်းကျင်းကို ကြည့်၍ မိနစ်တိုင်းစက္ကန့်တိုင်းတွင် ပိုပို အံ့သြနေမိသည်။

ထိုမိန်းကလေးသည် အသက်မပြည့်သေးသော်လည်း ထူးခြားသော ဆွဲဆောင်မှုရှိသည်။

“ကျင်းကျင်း ဒီမှာ တစ်ယောက်တည်းလား” ဝေ့ရူယန်က မေးသည်။

ရှဲ့ကျင်းကျင်းက ခေါင်းညိတ်လိုက်၏။

"ဒါဆို မင်းက ကို့အခန်းကို ဘာလို့မလာတာလဲ။ ကို့အခန်းထဲမှာ အိပ်ခန်းနှစ်ခန်းရှိတယ်။ ကိုတို့ တူတူ နေလို့ရတယ်”

“ညီမ တကယ် အဲ့လိုလုပ်လို့ရရဲ့လား” ရှဲ့ကျင်းကျင်းက တုံ့ဆိုင်းသွားသည်။

"ဒါပေါ့။ မင်းဟာ လူကြီးမင်းရွှယ်ရဲ့ ညီမမို့ အစ်မတို့ တွေ့တုန်း မင်းကို ဂရုစိုက်ပေးသင့်တယ်လေ” ဝေ့ရူယန်က ရှဲ့ကျင်းကျင်း၏ လက်ကိုဆွဲကာ အခန်းထဲသို့ခေါ်သွားခဲ့သည်။

ရှဲ့ကျင်းကျင်းက ဝေ့ရူယန်ကိုကြည့်၍ သူမ၏ အေးစက်ပုံပေါ်သော မျက်လုံးများတွင် နွေးထွေးမှုတစ်ခု ပေါ်လာသည်။ ဤအမျိုးသမီးသည် မိမိ၏ အစ်မရင်းတစ်ယောက်ကဲ့သို့ သူမအပေါ် လုံခြုံမှုကို ပေးနိုင်သည်။ ရှဲ့ကျင်းကျင်းက သူမ၏ အခန်းထက် ပို၍ ကြီးမားသော ဇိမ်ခံခန်းကြီးဖြစ်သည့် ဝေ့ရူယန်၏ အခန်းသို့ လိုက်သွားသည်။

ဝေ့ရူယန်က အသေးစိတ်ကို စေ့စေ့စပ်စပ် အာရုံစိုက်သောအမျိုးသမီးတစ်ဦးဖြစ်ကာ ရှဲ့ကျင်းကျင်း

အနည်းငယ် စိတ်ပျက်အားငယ်နေပုံပေါ်ကြောင်း ပြောပြနိုင်သောကြောင့် သူမအား ရွှင်လန်းစေမည့် နည်းလမ်းများကို ဆက်လက်ကြိုးစားခဲ့သည်။ ထိုသို့ဖြင့် ၎င်းတို့နှစ်ယောက်၏ ဆက်ဆံရေးက လျင်မြန်စွာတိုးတက်လာသည်။

နေ့လယ်စာစားချိန်ရောက်သောအခါ နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်ကာ ထမင်းစားခန်းသို့ သွားကြသည်။

ဇိမ်ခံအပျော်စီးသင်္ဘောသည် လေးဆယ် သို့မဟုတ် ငါးဆယ်စတုရန်းမီတာခန့်ရှိသော ထမင်းစားခန်းကြီးနှင့်ဆင်တူသည်။ ဤသည်က အ‌ပျော်စီးသင်္ဘောအတွက် စိတ်ကူး၍ပင်မရနိုင်သော ခမ်းနားမှုပင်ဖြစ်၏။ ထိုအချိန်၌ ထမင်းစားခန်းထဲတွင် ဧည့်ခံလာသော မိန်းကလေးများနှင့်ပြည့်နေကာ

ရွှင်မြူးရယ်မောသံများဖြင့် ကြည်နူးဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်နေ၏။

ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းတို့က အတူတူစားသောက်ကာ စကားစမြည်ပြောကြသည်။

ချောမွေ့စွာ ရွက်လွှင့်ခဲ့သော သင်္ဘောသည် ရုတ်တရက် ပြင်းထန်စွာ ကမ်းတက်သွားခဲ့သည်။

ထမင်းစားခန်းတစ်ခုလုံးလည်း ပြင်းထန်စွာ လှုပ်ခါသွားကာ မိန်းကလေးများစွာက ကြောက်လန့်တကြား‌ အော်ကြ၏။

ရှဲ့ကျင်းကျင်းက ဖြူဖျော့သွား၏။

“ဘာတွေဖြစ်နေတာလဲ”

ဝေ့ရူယန်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

“ကိုတို့ ပင်လယ်ထဲမှာ မုန်တိုင်းမိနေပြီထင်တယ်”

ဤသို့ပြော၍ အီဇုမိ နိုရီကိုက လူတစ်စုနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

“မြောက်…”

ဝေ့ရူယန်က သူမကို စတင်နှုတ်ဆက်သော်လည်း ရုတ်တရက် ရပ်သွားသည်။

တစ်စုံတစ်ခုက မှားယွင်းနေသည်။

အီဇုမိ နိုရီကိုတွင် ဖော်ရွေသော အပြုံးမရှိတော့ဘဲ သူမ၏ မျက်နှာ၌ မာနထောင်လွှား၍ သတ်ဖြတ်ရောင်ဝါများ ဖြာထွက်နေသည်။

အီဇုမိ နိုရီကိုက လက်ခုပ်တီးလိုက်၏။

"ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ။ ကျွန်မတို့ရဲ့ ခရီးအဆုံးကိုရောက်ပြီလို့ ကြေညာချင်ပါတယ်”

‘ငါတို့ဂျပန်ကိုရောက်ပြီလား’

‘မဖြစ်နိုင်ဘူး’

‘ဒီအရှိန်နဲ့ဆို ဂျပန်ကိုရောက်ဖို့ အနည်းဆုံးနောက်ထပ် သုံးရက်လောက်ကြာဦးမယ်’

လူတိုင်း လုံးဝ အံ့ဩသွားကြသည်။

"မိန်းကလေး နိုရီကို မင်းနောက်နေတာလား" မိန်ကလေးတစ်ယောက်က မေးသည်။

သူမမေးမြန်းပြီးမကြာခင်၌ အနက်ရောင်အလင်းတန်းတစ်ခုက သူမ၏ နှဖူးကို ထိုးဖောက်ဝင်ရောက်သွားသည်။ မိန်းကလေးက ထိုနေရာတွင် ရပ်တန့်လျက်ဖြင့်

သူမ၏ နဖူးတွင် သွေးစွန်းနေသော အပေါက်တစ်ခု ပေါ်လာသည်။

ခဏအကြာတွင် သူမ၏အလောင်းက နောက်ဆုံးတွင် ကျယ်လောင်သောအသံနှင့်အတူ မြေပေါ်သို့ ပြိုလဲကျသွားသည်။

အခန်း(၅၀၄) အမျိုးသမီးတို့… နတ်ဆိုးမြေကနေ ကြိုဆိုပါတယ်

"မိန်းကလေးတို့ လာမယ့်ရက်တွေမှာ၊ ရိုသေမှုရှိဖို့ မြန်မြန်ဆန်ဆန် သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီလိုမှပဲ မင်းတို့ အသက်ရှင်နိုင်မှာမို့လို့ပါ။ ပြီးတော့ ပထမအဆင့်အနေနဲ့ ငါ့ကို အရှင်မလို့ စခေါ်ကြဖို့ပဲ။ နားလည်လား” လို့ ခေါ်ပြီး စတင်ဖို့ပါပဲ၊ နားလည်လား။" အီဇုမိ နိုရီကိုက အေးစက်စွာပြောသည်။

သို့သော် ထိုမိန်းကလေးအများစုသည် ကျောင်းပြီးကာစဖြစ်၍ ယခုကဲ့သို့ သွေးထွက်သံယိုမြင်ကွင်းကို တစ်ခါမျှ မမြင်ဖူးကြပေ။ ခဏမျှ ထိတ်လန့်သွားပြီးနောက် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"အားးး လူသတ်မှုပဲ"

အော်ဟစ်သံများနှင့်အတူ စားသောက်ဆိုင်အတွင်း ဆူပူအုံကြွမှုဖြစ်သွားသည်။ မိန်းကလေးများစွာသည် ၎င်းတို့၏အသက်ကို ကယ်တင်ရန် စားသောက်ဆိုင်မှ အမြန်ထွက်ရန်သာ တွေးကာ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။ အီဇုမိ နိုရီကို၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာ၍ ဤအဖြစ်အပျက်ကို ကြည့်နေခဲ့သည်။

“ဒီပစ္စည်းတွေ… သူတို့ကို ခေါ်ထားလည်း အလကားပဲ”

သူမစကားကြောင့် စားသောက်ဆိုင်ရှိ မီးများ ရုတ်တရက် ပိတ်သွားသည်။ အမှောင်ထဲတွင် တစ်စုံတစ်ခု တွားသွားနေသည့်အလား ထင်ရကာ အော်သံအနည်းငယ်နောက်၌ ကျယ်လောင်သော ဝါးစားသံများ ထွက်ပေါ်လာသည်။

မီးများပြန်ပွင့်လာသောအခါ မြေပြင်ပေါ်တွင် သွေးအိုင်အနည်းငယ်မှလွဲ၍ ထိုမိန်းကလေးများ၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။

“ငါမင်းတို့ကို ပြောပြီးပြီ။ မင်းတို့အားလုံး ရိုသေဖို့လိုတယ်။ ဘာလို့ နားမလည်ကြတာလဲ” အီဇုမိ နိုရီကိုက သက်ပြင်းတစ်ချက်ချလိုက်သည်။

စားသောက်ဆိုင်က တိတ်ဆိတ်သွားသည်။

အားလုံးက ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် သူမကို ကြည့်နေကြသည်။

အချို့မိန်းကလေးများသည် တကိုယ်လုံးတုန်နေသော်လည်း မငိုဝံ့ကြဘဲ ပါးစပ်ကို အုပ်ထားကာ တိတ်တဆိတ် ငိုကြွေးနေကြသည်။

ရှဲ့ကျင်းကျင်းလည်း ထိတ်လန့်သွားကာ မည်သို့လုပ်ရမည်ကို မသိဘဲ ဖြူဖျော့နေသောမျက်နှာနှင့် ထိုင်နေသည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

သူမခေါင်းကို လှည့်ကြည့်လိုက်သောအခါ ဝေ့ရူယန်က ခေါင်းအနည်းငယ်ညိတ်ပြာကာ နူးညံ့စွာပြောလိုက်သည်။

“မကြောက်နဲ့”

ဤသို့ဖြင့် ရှဲ့ကျင်းကျင်းက မယုံနိုင်ဖွယ်ကောင်းလောက်အောင် အလွန်ငြိမ်သက်သွားခဲ့ကာ သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု ထက်ဝက်ကျော် ပျောက်ကွယ်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် အီဇုမိ နိုရီကိုသည် စင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာ၍ ဝေရူယန်ဆီသို့ ဦးတည်သွားခဲ့သည်။

ဝေ့ရူယန်၏ မျက်နှာက တင်းမာ အေးစက်လျက်ရှိသည်။

"အရှင် ဝေ့ရူယန် မင်းရဲ့သတ္တိကို ငါတကယ်လေးစားတယ်။ မင်း အခုလိုမျိုး သတ္တိရှိတာ ဘုရင်မင်းမြတ် အရမ်း သဘောကျလိမ့်မယ်" အီဇုမိ နိုရီကိုက ပြုံး၍ ပြော၏။

"မင်းက အီဇုမိ နိုရီကိုမဟုတ်ဘူး" ဝေ့ရူယန်က အေးစက်စွာပြောသည်။

"ဟားဟား၊ အပင်တွေ၊ ပန်းတွေနဲ့ ဆက်သွယ်နိုင်တဲ့ ပန်းပညာရှင်ဆိုတဲ့ ဘွဲ့နဲ့ တကယ်လည်း ထိုက်တန်ပါတယ်။ ငါ့ဘာလဲဆိုတာ မင်းသိသွားပြီပဲ။ မှန်ပါတယ်၊ ငါက အီဇုမိ နိုရီကိုမဟုတ်ဘူး"

ဤသို့ပြောလျက် အီဇုမိ နိုရီကို၏နဖူးအလယ်တွင် အက်ကြောင်းတစ်ခုပေါ်လာ၍ အနီရောင်အမွေးများဖြင့်ဖုံးအုပ်ထားသော လက်သည်းတစ်စုံ ဆန့်ထွက်ကာ ဘေးနှစ်ဖက်သို့ ကွဲထွက်သွားသည်။ အီဇုမိ နိုရီကို၏အရေပြားသည် ညစ်ညမ်းသောဘောလုံးကဲ့သို့ မြေပြင်ပေါ်သို့ ကွာကျကာ အမွေးနီရောင်ရှိသော ရွှေမျက်လုံးမျောက်တစ်ကောင် ပေါ်လာသည်။

ထိတ်လန့်ဖွယ်ရုပ်ရှင်ဇာတ်ကားထဲတွင်ဖြစ်နေသကဲ့သို့သော ဤမြင်ကွင်းက မိန်းကလေးများစွာကို မူးလဲသွားစေခဲ့သည်။

ဝေ့ရူယန်၏ မျက်နှာမှ အရောင်က တဖြည်းဖြည်း ကျသွားသည်။ ထိုအချိန်၌ သင်္ဘောတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာတုန်ခါသွားပြီးနောက် သင်္ဘောထိပ်က ကျယ်လောင်သောအသံဖြင့် ကျိုးပဲ့သွားသည်။

ပြင်းထန်သော တိုက်လေက ပင်လယ်ရေများစွာကိုသယ်ဆောင်လာကာ လူတိုင်း၏ မျက်စိအောက်၌ ထိုငြိမ်သက်နေသော ရေက ပွက်ပွက်ဆူလာသကဲ့သို့ဖြစ်လာသည်။ တစ်ချိန်တည်း၌ပင် သမုဒ္ဒရာ၏အလယ်ဗဟိုတွင် ကြီးမားသော ရေဝဲဂယက်ကြီးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

သင်္ဘောသည် ဝဲဂယက်ထဲသို့ အရှိန်ပြင်းစွာ ထိုးကျသွားသည်။

သင်္ဘောပေါ်ရှိ မိန်းကလေးများ အော်ဟစ်ငိုယိုကြသည်။ ထိုရေဝဲထဲသို့ သင်္ဘောကျသွားလျှင် ဤနေရာမှ အားလုံး သေကြရလိမ့်မည်ဟု ခန့်မှန်းနိုင်သည်။

သို့သော် ရွှေမျက်လုံးမျောက်က ရယ်မောလိုက်သည်။

"အရှင်ဝေ့ရူယန်နဲ့ အခြားအမျိုးသမီးတို့အားလုံးပဲ။ ဒီခရီးအတွက် ငါတို့ရဲ့ ဦးတည်ရာက နတ်ဆိုးနယ်မြေပါ”

"နတ်ဆိုးနယ်မြေဟုတ်လား” ဝေ့ရူယန်က ရှဲ့ကျင်းကျင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက် ကျယ်လောင်စွာ မေးလိုက်သည်။

"မှန်ပါတယ်၊ နတ်ဆိုးနယ်မြေ၊ မင်းတို့အားလုံး အဲ့မှာ နေထိုင်ရတာ ပျော်မယ်လို့ မျှော်လင့်ပါတယ် ငါ့စကားတွေကို သတိရပါ၊ လေးစားမှုရှိဖို့ သင်ယူပါ။" ရွှေမျက်လုံးမျောက်က ရွှင်မြူးသော အပြုံးဖြင့် ပြောသည်။

ထို့နောက် အပျော်စီးသင်္ဘောသည် ရေဝဲထဲသို့ ဝင်သွားကာ အကြိမ်ပေါင်းများစွာလှုပ်ယမ်းသွားပြီးနောက် အလင်းရောင်တစ်ခု ပေါက်ကွဲလာကာ လုံးဝပျောက်ကွယ်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် လေများ ငြိမ်သွားကာ ပင်လယ်ရေပြင်၌ ပြန်လည်ငြိမ်သက်သွားသည်။ ပွက်ပွက်ဆူနေသောပင်လယ်သည် ၎င်း၏ဒေါသကို တဖြည်းဖြည်း ငြိမ်သက်သွားစေသည်။

မည်သည့်အရာမျှ မဖြစ်ပျက်သွားသည့်အလား…

အပျော်စီးသင်္ဘောတစ်စင်းက ဤပင်လယ်ထဲ၌ ပျောက်ကွယ်သွားလိမ့်မည်ဟု မည်သူက စိတ်ကူးနိုင်မည်နည်း။

သို့သော် မိနစ်အနည်းငယ်အကြာ၌

မိုးကုပ်စက်ဝိုင်းမှ ကောင်းကင်ကိုဖြတ်၍ အလင်းတန်းတစ်ခု ပျံသန်းလာကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤပင်လယ်ပြင်အထက်တွင် ပေါ်လာသည်။

ရွှယ်အန်းက သူ့လမ်းကြောင်းတွင် ရပ်သွားသည်။

"သခင် ဒီမှာ နတ်ဆိုးရောင်ဝါရှိနေတယ်” ရှောင်ရှက အသက်ပြင်းပြင်းရှူ၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ရွှယ်အန်းက လေးနက်သော မျက်နှာဖြင့် ခေါင်းညိတ်သည်။

မလာခင်က သူမက ဝေ့ရူယန်တက်သွားခဲ့သော အပျော်စီးခရီးလမ်းကြောင်းကို စစ်ဆေးခဲ့ပြီးဖြစ်ကာ ယင်းက ရှောင်းယွီပြောခဲ့သည့် လျို့ဝှက်နယ်မြေကို တိုက်ရိုက်ဖြတ်သွားကြောင်းသိခဲ့ရသည်။

ယင်းက ရွှယ်အန်း၏ သံသယများကို ထပ်မံအတည်ပြုခဲ့သည်။

ဂျပန်နိုင်ငံမှ အီဇုမိ နိုရီကိုသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သေချာသည်။

ထို့ကြောင့် မရပ်မနား ပြေးလာခဲ့သော်လည်း ခြေတစ်လှမ်းနောက်ကျသွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ယခုအချိန်တွင် ရွှယ်အန်းသည် ရှဲ့ကျင်းကျင်းလည်း ထိုသင်္ဘောပေါ်တွင် ရှိနေသည်ကို မသိသေးပေ။

"အရင်​ဝင်​ရ​အောင်​" ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။

ရှောင်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် လက်များဖြင့် စည်းချိပ်ဆုံးဖြတ်ချက်များကို ဖန်တီးလိုက်သည်။

“အင်မော်တယ်သခင် ခဏတော့စောင့်ပေးပါ။ ကျွန်မ သိပ်မကျွမ်းကျင်သေးလို့ နည်းနည်းနှောင့်နှေးနိုင်ပါတယ်”

ရှောင်းယွီက ကိုယ်လက်ဟန်များလုပ်၍ ရွတ်ဆိုနေချိန်၌ ရွှယ်အန်းက ဘေးမှကြည့်နေသည်။

တစ်မိနစ်… ပင်လယ်က တုန်လှုပ်ခြင်းမရှိ ငြိမ်သက်နေသည်။

နှစ်မိနစ်… ငြိမ်သက်နေဆဲပင်ဖြစ်သည်။

သုံးမိနစ်…

ရှောင်းယွီ၏နှဖူးတွင် ချွေးများထွက်လာသည်။

“အင်မော်တယ်သခင် ကျွန်မက လူသားပုံစံနဲ့ စည်းချိပ်ဆုံးဖြတ်ချက်တွေ မလုပ်နိုင်တဲ့ပုံပါပဲ။ ကျွန်မ ရေဘဝဲအဖြစ်ပြန်ပြောင်းလိုက်ပါမယ် ခဏစောင့်ပေးပါ”

“မလိုပါဘူး” ရွှယ်အန်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ လက်ကို ဓားကဲ့သို့ ပြင်းပြင်းထန်ထန်ခုတ်လှဲလိုက်သည်။

ကြီးမားသော ဓားအလင်းတန်းတစ်ခုက ပင်လယ်ဧရိယာတစ်ခုလုံးကို နှစ်ပိုင်းခွဲ၍ ဓားချီက‌ ရေကို နှိုးဆော်လိုက်ကာ ‌တောက်ပသောအလင်းရောင်များက ဖုံးကွယ်နေသော ရေအောက်မျက်နှာပြင်ကို ထုတ်ဖော်ပြသလိုက်သည်။

“သွားတော့” ရွှယ်အန်းက ဦးဆောင်၍ ပျံတက်သွားသည်။

ကျန်းရှောင်းယွီက ထိတ်လန့်စွာ စိုက်ကြည့်နေသည်။

ရှောင်ရှက ခေါင်းညိတ်လိုက်၏။

“မင်း ဘာတွေကြောင်နေတာလဲ။ မြန်မြန်လိုက်”

“အာ…အင်း”

ရှောင်းယွီက နောက်မှ အမြန်လိုက်သွားသည်။ ယင်းမတိုင်မီက သူမည်မျှ စွမ်းအားကြီးသည်ကို သူမမသိခဲ့ပေ။ ကျန်းမေ့အာက ရွှယ်အန်းကိုရှာရန် အမိန့်ပေးခဲ့သောကြောင့်သာ လာရှာခဲ့ခြင်းဖြစ်သော်လည်း ယခု ပင်လယ်ကို ထက်ခြမ်းပိုင်းလိုက်သော ဓားကိုမြင်သောအခါမှသာ သူမ၏ စိတ်ထဲ၌ စိတ်ချလက်ချဖြစ်သွားသည်။

ထိုတောက်ပသောအလင်းရောင်ကိုဖြတ်သန်းပြီးနောက် ရှောင်ရှက မျက်လုံးများ ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရကာ ပြန်မြင်ရသောအခိုက်၌ ကျယ်ပြန့်သော သဲကန္တာရအလယ်သို့ရောက်နေသည်ကို မြင်လိုက်ရသည်။

ဤသဲကန္တာရသည် အလွန်ကျယ်ပြောကာ ရှင်သန်ခြင်းအရိပ်အမြွက်များမမြင်ရဘဲ မြေပြင်ပေါ်တွင် ကြိုကြားကြိုကြားပေါက်နေသည့် ပေါင်းပင်များသာ မြင်လိုက်ရသည်။

“ဒါဘယ်နေရာလဲ” ရှောင်ရှက ကျန်းရှောင်းယွီကိုမေးလိုက်သည်။

ကျန်းရှောင်းယွီက အချိန်အတန်ကြာလှည့်ပတ်ကြည့်ရှု့ပြီးနောက် ကောင်းကင်ကို မော့ကြည့်ကာ အဆုံး၌ ခါးသက်သောမျက်နှာဖြင့် ခေါင်းခါလိုက်သည်။

“နတ်ဆိုးမျိုးနွယ်ရဲ့ လျို့ဝှက်နယ်မြေက ကျယ်ပြောလွန်းပါတယ်။ ဒါ့ကြောင့် ဒီနေရာကို ဖြတ်သွားတဲ့လူ နည်းနည်းပဲရှိတယ်။ ဒီနေရာကဘယ်နေရာလဲဆိုတာ ကျွန်မမသိပါဘူး”

ရှောင်ရှက စူးဝါးဝါးမေးလိုက်သည်။

“မင်းမသိရင် မင်းက ဘာအကျိုးရှိမှာလဲ”

ထိုအချိန်၌ ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

“ပျံသန်းကြည့်ပြီး တစ်ချက်ကြည့်ကြည့်ရအောင်”

ဤသို့ဖြင့် သူက လက်ကိုမြှောက်ကာ ရှောင်ရှနှင့် ရှောင်းယွီကို ကောင်းကင်ပေါ်သို့ခေါ်သွားသည်။ သို့သော် တစ်နာရီခန့်ပျံသန်းပြီးသည့်တိုင်း အောက်ခြေကန္တာရက အဆုံးမဲ့နေဆဲဖြစ်သည်။ ရွှယ်အန်းပင်လျှင် အံ့သြသွားရသည်။

ဤလျှို့ဝှက်နယ်မြေသည် ကမ္ဘာမြေထက် များစွာကြီးမားပုံရသည်။

ကြီးမားကျယ်ပြန့်လှသော လျှို့ဝှက်နယ်မြေကို တည်ထောင်သူသည် အလွန်ထူးခြားပေလိမ့်မည်။

ထိုအချိန်တွင် မြို့ကြီးတစ်မြို့သည် အဝေးတစ်နေရာ၌ ဝိုးတဝါးပေါ်လာ၏။

All Chapters