အခန်း (၅၀၅-၅၀၇)
Vol. 34 Ch. 505-507
အခန်း(၅၀၅) သြဂုတ်လ၏ အလင်းထွန်းလင်းမှု
မြို့ကြီးသည် အထူးကြီးကြီးမားမားမဟုတ်သည့်အပြင် မြို့တံခါးပေါ်တွင် “အဆုံးအဖြတ်နှာခေါင်း” ဟူသော စာလုံးဖြင့် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။
"ဒါဆို ဒါက အဆုံးအဖြတ် နှာခေါင်းမြို့ပဲ" ရှောင်းယွီက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဟမ် 'အဆုံးအဖြတ်နှာခေါင်း' ဆိုတာ ဘာလဲ" ရှောင်ရှက မေး၏။
“ထိုက်ဖျင်ဧကရာဇ်စာဖတ်သူရဲ့မှတ်ချက်အရ … အလင်းက အဌမလမှာ ပြီးမြောက်ပြီး 'အဆုံးအဖြတ်နှာခေါင်း' က ပြတ်သားလာတယ်တဲ့ ရိုးရိုးရှင်းရှင်းပြောရရင် 'ဆုံးဖြတ်သောနှာခေါင်း' ဆိုတာ ယုန်တွေကိုဆိုလိုတယ်” ရွှယ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
"အို… ဒါဆို ယုန်ဝိဉာဥ် မြို့လေးပေါ့ မြို့လေး ဘာလို့ ယုန်မြို့လို့မခေါ်ဘဲ ဒီလောက်ခက်ခဲအောင်လုပ်ထားတာလဲ” ရှောင်ရှက ညည်းညူလိုက်ပြီးနောက် ရှောင်းယွီဘက်သို့လှည့်၍ ပြောလိုက်သည်။
"ဟေ့၊ အခု ငါတို့ အဆုံးအဖြတ်နှာခေါင်းမြို့ကို ရှာတွေ့ပြီ၊ ငါတို့ မင်းရဲ့ ရေသားရဲမျိုးနွယ်ဟုကို လမ်းကြောင်းရှာလို့ရလား”
ရှောင်းယွီက ခါးသက်စွာပြုံး၍ ခေါင်းယမ်းလိုက်သည်။
“အဆုံးအဖြတ်နှာခေါင်းမြို့တော်ကို ကျွန်မကြားဖူးတယ်။ ဒီဟာက နတ်ဆိုးနယ်မြေ အရှေ့ဘက်စွန်းမှာရှိပေမယ့် ရေသားရဲမျိုးနွယ်စုကတော့ လျို့ဝှက်နယ်မြေရဲ့ အနောက်ဘက်စွန်းမှာရှိတယ်လို့ ပြောတာကြားဖူးတယ်။ သူတို့ဘယ်လောက်ဝေးလဲတော့ ကျွန်မမသိဘူး”
ရှောင်ရှ၏ မျက်ခုံးများက ဒေါသကြောင့် တွန့်သွားကာ တစ်စုံတစ်ခုကိုပြောတော့မည့်အခိုက်၌ ရွှယ်အန်းက ရှေ့သို့ စတင်လျှောက်သွားသည်။
“သခင် ဘယ်သွားမလို့လဲ”
“ငါတို့ ဒီကိုရောက်နေမှတော့ ဝင်ကြည့်ကြမယ်လေ” ရွှယ်အန်းက ဘာသိဘာသာပြောလျက် အဝေးသို့ လျှောက်သွားနှင့်ပြီဖြစ်သည်။
ရှောင်ရှက ကမန်းကတန်းလိုက်သွားသည်။
ရှောင်းယွီက တုံ့ဆိုင်းလျက် လူသူကင်းသော သဲကန္တာရကို စူးစမ်းကြည့်ကာ တုန်လှုပ်ခြောက်ခြားစွာ ပြောလိုက်သည်။
“မမ…ဟိုးးး… အင်မော်တယ်သခင်…ကျွန်မကို စောင့်ပါဦး”
မြို့၏ အသွင်အပြင်နှင့် ဗိသုကာလက်ရာများသည် ဟန်မင်းဆက်၏ အနုသယကို သတိရစေသည်။
တစ်ချိန်တည်း၌ပင် လမ်းများပေါ်တွင် လူပျို၊ လူပျို၊ အမျိုးသမီး များဖြင့် ပြည့်နှက်နေကာ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားကာ သာမန်ထက် ထူးထူးခြားခြား မည်သည့် အရိပ်အမြွက်မျှ မရှိပေ။
"ထူးဆန်းတယ်၊ ဒီလူတွေဆီက နတ်ဆိုးအငွေ့အသက်ကို အာရုံမခံနိုင်ဘူး” ရှောင်ရှက ရေရွတ်လိုက်သည်။
“အင်း မင်း အာရုံမခံနိုင်ဘူး။ သူတို့အားလုံးက လူသားတွေမို့လို့လေ” ရွှယ်အန်းက ပြောလိုက်၏။
"လူသားလား။ ဒါက နတ်ဆိုးနယ်မြေမဟုတ်ဘူးလား။ ဘယ်လိုလုပ် လူသားတွေရှိနေတာလဲ" ရှောင်ရှက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"လူသားတွေ နတ်ဆိုးနယ်မြေမှာ မရှိနိုင်ဘူးလို့ ဘယ်သူပြောလဲ၊ လူသားတွေကြားမှာ နတ်ဆိုးတွေရှိနိုင်ပြီး နတ်ဆိုးနယ်မြေမှာ လူသားတွေ မရှိနိုင်ဘူးလား။"
ရှောင်းယွီက ခေါင်းညိတ်လိုက်သည်။
“အင်မော်တယ်သခင်ပြောတာ မှန်ပါတယ်။ ကျွန်မတို့ ရေသားရဲနယ်မြေမှာတောင် လူသားတွေ အများကြီးရှိတယ်။ မမနဂါးက ရိုင်းတဲ့နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ဒီအရာတွေကို ကောင်းကောင်းနားမလည်နိုင်ဘူး"
ရှောင်ရှက ရုတ်တရက်နားလည်လိုက်ပြီးနောက် သူမ၏ အမူအရာက နက်မှောင်သွားသည်။
"မင်းဘယ်သူ့ကို ရိုင်းတယ်လို့ပြောတာလဲ"
"မဟုတ်လို့လား။ နတ်ဆိုးနယ်မြေမှာ သဘာဝအတိုင်းမွေးလာတဲ့ နတ်ဆိုးအားလုံးကို တောရိုင်းလို့ခေါ်တယ်" ရှောင်းယွီက စိတ်အားထက်သန်စွာ ရှင်းပြသည်။
သို့သော် သူမ၏ စကားမဆုံးခင်၌ ရှောင်ရှက သူမကိုယ်သူမ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ရှေ့သို့ချီတက်လာသည်။
“နင်လည်းရိုင်းတာပဲ။ နင့်တစ်မိသားစုလုံးက အရိုင်းအစိုင်းတွေ”
ဤသည်ကား ရှောင်ရှ၏ ရှောင်းယွီကို အနိုင်ကျင့်ခြင်း လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။
ထိုစဥ် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ခါးမှ တွဲလောင်းကျနေသည့် ချွတ်ယွင်းချက်မရှိသော ကျောက်စိမ်းတစ်ထည်နှင့် ပရောပရည်ကျသော အသွင်အပြင်ဖြင့် လျှောက်လာခဲ့သည်။
သူက အံ့မခန်း လှပသော ရှောင်ရှနှင့် နူးညံ့သိမ်မွေ့သည့် ရှောင်းယွီကို မြင်၍ သဘောကျကာ ရွှယ်အန်းကို မနာလိုစိတ်ဖြင့်လှည့်၍ ပြောလိုက်သည်။
"အစ်ကို၊ ဒီနတ်ဆိုးနှစ်ကောင်ကို ရောင်းဖို့ရှိလား"
‘ရောင်းဖို့ရှိလား’
ရွှယ်အန်းခေတ္တရပ်လိုက်ပြီးနောက် ထိုလူ၏ဆိုလိုရင်းကို သူနားလည်လိုက်သောအခါတွင် ခေါင်းယမ်းလိုက်သည်။
“ကျွတ်…ကျွတ်… ဒီလို လှပတဲ့နတ်ဆိုးလေးတွေ…. ညီကို မင်းတစ်ကောင်လောက်ပေးရင် ငါမင်းရဲ့အချိန်ကို တန်ဖိုးရှိအောင်လုပပ်ပေးမယ်။ မင်းဘာပြောမလဲ” ထိုသူက ဇွဲမလျှော့ပေ။
ရွှယ်အန်းက မျက်ခုံးပင့်ကာ စကားစရန်ပြောလိုက်သည်။ ဤသည်ကိုကြားသောအခါ ရှောင်ရှက သတ်ဖြတ်လိုစိတ်ပြင်းသောအကြည့်ဖြင့် “ရောင်းမလားဟုတ်လား” ဟုမေးလိုက်သည်။
ရှောင်ရှ၏ စူးစူးစိုက်စိုက်ကြည့်ခြင်းကို ခံရပြီးနောက် ထိုအမျိုးသားက ပို၍ပင် စိတ်လှုပ်ရှားကာ သွားရည်ပိုကျလာသည်။
“သူက… ထိပ်တန်းအလှလေးပဲ”
သူမ၏ စကားမဆုံးခင်၌ ရှောင်ရှက သူ့ဆီသို့ ချီတက်လာကာ ထိုသူကို မြေပြင်ပေါ်သို့ ကန်ကျောက်လျက် ပြင်းပြင်းထန်ထန် ထိုးပစ်လိုက်သည်။
“ရောင်းမလားဟုတ်လား ငါ့ကို ပစ္စည်းတစ်ခုထင်နေလား”
အရိုက်ခံရစဉ်တွင် ထိုသူသည် မိဘများဩ အမည်ကို ဝမ်းနည်းစွာ တလျက်ရှိသည်။ ဖြတ်သွားဖြတ်လာများက ပါးစပ်ကိုပိတ်ကာ ရယ်မော၍ လမ်းလျှောက်လာကြသည်။
လူတချို့က အဝေးတွင် တီးတိုးပြောနေကြသည်။
“ဒီရှန်လန်ကျွင်းက အရိုက်ခံရပြန်ပြီ။ ဒါ ဒီလအတွင်း တတိယအကြိမ်ထင်တယ်”
“ဟားဟား သူက နတ်ဆိုးမြင်တိုင်း အပြေးအလွှားပြေးလိုက်နေတာ။ သူ့ကို မသတ်ကြသေးတာပဲ အံ့သြမိတယ်”
"ဒါပေမယ့် ဒီနတ်ဆိုးက တကယ်ကို လှတယ်"
"သေချာပေါက်လှတယ် ဒါပေမယ့် သူက ရက်စက်လွန်းတယ်"
၎င်းတို့ပြောနေကြစဥ် သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရှန်လန်ကျွင်း၏ ရှေ့သွားနှစ်ချောင်းကို ချိုးပစ်လိုက်ခြင်းပင်ဖြစ်သည်။
ကျန်းရှောင်းယွီက ချက်ချင်းပြေးလာသည်။
“မမနဂါး၊ သူ့ကို မရိုက်နဲ့တော့ နောက်တစ်ခါ ထပ်ရိုက်ရင် သေလိမ့်မယ်"
သူမ ပြောနေစဥ်တွင် ရှောင်ရှက ထပ်မံ၍ နောက်တစ်ကြိမ်ကန်လိုက်သည်။ လူဖြစ်စေ နတ်ဖြစ်စေ ထိုက်ဖျင်လက်သီးကို မည်သူမျှ ခုခံနိုင်မည်မဟုတ်ပေ။ တိုက်ပွဲအပြီး၌ ရှောင်ရှက လက်များကို ခါကာ အော်လိုက်သည်။
“နင် ငါ့ကို ထပ်ပြီး အဲ့လေသံနဲ့ပြောရဲရင် နင့်ခေါင်းကို ဆွဲဖြုတ်ပစ်မယ်လို့ ကတိပေးတယ်”
ရှန်လန်ကျွင်းက မြေပြင်ပေါ်တွင် မလှုပ်မယှက်လဲကျနေကာ ခေါင်းအောက်မှ သွေးများက ဖြည်းညှင်းစွာစီးသွားသည်။
ပတ်ဝန်းကျင်မှ ကြည့်ရှုသူများလည်း ထိတ်လန့်သွားကြသည်။
"တကယ်ပဲ သေတဲ့အထိ အရိုက်ခံလိုက်ရပြီလား” "
ရှောင်ရှက အနည်းငယ် စိတ်ရှုပ်သည်ဟုခံစားလိုက်ရပြီးနောက် စိတ်ထဲတွင်တွေးလိုက်သည်။
‘ငါ ထိန်းထားပါတယ် မထိန်းထားလို့လား’
တွေးရင်းဖြင့် လမ်းဘေးမှ ကျယ်လောင်သောအော်သံကို သူမကြားလိုက်ရသည်။
“မြန်မြန်လုပ် မြို့သခင်ရဲ့ အိမ်တော်ကို သွားကြ။ လူတစ်ယောက်က တတိယမင်းသမီးကို ထပ်ပြီး ဝန်ခံနေပြန်ပြီ”
ထိုကြွေးကြော်သံကြောင့် လမ်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဤမြင်ကွင်းကို နှစ်သက်စွာ ရှုစားနေကြသော လူအုပ်ကြီးလည်း ကွဲသွားသည်။
"သွားကြစို့၊ ငါတို့နောက်ကျရင် နေရာကောင်းရနိုင်မှာ မဟုတ်ဘူး။"
ရှောင်ရှက ဖြစ်ပျက်သွားသများကို နားလည်ရန်ကြိုးစားနေဆဲဖြစ်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှန်လန်ကျွင်းက ရုတ်တရက် ထခုန်၍ မျက်နှာမှသွေးများကို သုတ်လိုက်သည်ကိုမြင်လိုက်ရသောအခါမှသာ အသိပြန်ဝင်လာသည်။
“မဟုတ်ဘူး… တတိယမင်းသမီးက ငါ့ဟာပဲ ဘယ်သူ့မှ ငါ့ဆီက ယူလို့မရဘူးကွ”
ထို့နောက် ရုန်းကန်ထ၍ ထွက်ပြေးသွားသည်။ ရှောင်ရှက တွေးတောလျက် လမ်းထောင့်ရှိ သွေးအိုင်ကိုကြည့်လိုက်သည်။
‘ငါအရမ်းများ နူးညံ့လိုက်မိတာလား’
‘မဟုတ်ရင် ဒီကောင်က ငါရိုက်တာခံပြီး ဘယ်လိုလုပ် ဘာမှမဖြစ်သလို ထွက်ပြေးနိုင်မှာလဲ’
ရွှယ်အန်းက သူမ၏ ပခုံးကို ပုတ်လိုက်သည်။
“သွားစို့”
“သခင် ဘယ်သွားမလို့လဲ”
“ထုံးစံအတိုင်း ပွဲသွားကြည့်ကြမယ်လေ”
မြို့သခင်၏ စံအိမ်ကိုရှာရလွယ်ကူသည်။ ယင်းသည်ကား အဆုံးအဖြတ်နှာခေါင်းမြို့တော်၏ အလယ်ဗဟိုတွင်ပင်ဖြစ်သည်။ လတ်တလောတွင် မြို့သခင်အိမ်တော်၏ အနီး၌ အမှန်ပင် လူပင်လယ်ကြီးတစ်ခုဖြစ်နေသည်။
လူအုပ်အတွင်း၌ ရောနှောနေသော ယုန်ဝိဉာဥ်များက ၎င်းတို့၏ အမြီးများကို လှုပ်ယမ်းနေကြသည်။ သို့တင်သာမက ဤယုန်ဝိဉာဥ်များကလည်း လူများနှင့်ရောနှောကာ အတင်းအဖျင်းပြောနေကြသည်။
“သေစမ်း သူတို့ အသစ်အစမ်းလေးဘာလေး မလုပ်နိုင်ကြဘူးလား” မီးခိုးရောင်ယုန်ဝိဉာဥ်က မကျေနပ်သည့်အမူအရာဖြင့် ပြောလိုက်သည်။
အကြောင်းမှာ မြို့သခင်၏ အိမ်တော်အထက်၌ ချောမောသောယောက်ျားတစ်ယောက်က မုန်လာဥနီဖြင့်ပြုလုပ်ထားသော ပန်းစီးကြီးများကို ကိုင်ဆောင်ထားသည်ကိုမြင်လိုက်ရသောကြောင့်သာဖြစ်သည်။
"ငါတို့ ယုန်တွေက မုန်လာဥနီကို ကြိုက်တယ်လို့ ဘယ်အရူးက ပြောလဲတော့ မသိဘူး။ ငါတို့က ကြိုက်တယ်ဆိုရင်တောင် မင်းတို့က အဲ့တာကြီးနဲ့ ချစ်ခွင့်ပန်လို့မရဘူးလေကွာ” ယုန်ဝိညာဉ်က မကျေမနပ် ငြီးတွားသည်။
အနီးနားရှိ အသက်ကြီးကြီးလူတစ်ဦးက ရယ်မောလိုက်၏။
"တတိယမင်းသမီးက မင်းရဲ့ အတွေးနဲ့တူနေပုံပဲ"
ထိုအချိန်တွင် ရှန်လန်ကျွင်းက မြို့ရိုးရှိ တတိယမင်းသမီးကို ငေးကြည့်ကာ လူအုပ်ကြားထဲသို့ အတင်းတိုးဝင်နေပြီဖြစ်သည်။
သူမ ပြုံးလိုက်သောအခါ၌ ပါးဖောင်းဖောင်းကလေးများထက်၌ ပါးချိုင့်လေးနှစ်ခုပေါ်လာကာ ရယ်လိုက်သောအခါတွင် ကြီး၍ ဖြူဖွေးသော ရှေ့သွားလေးနှစ်ချောင်းပေါ်လာသည်။
သူမကအဆုံးအဖြတ်နှာခေါင်းမြို့သခင်၏ အငယ်ဆုံး သမီးပင်ဖြစ်ကာ တတိယမင်းသမီးအဖြစ် လူသိများသည်။ ထိုအခိုက်အတန့်၌ တတိယမင်းသမီးက နှာခေါင်းရှုံ့၍ ပျင်းရိစွာပြောလိုက်သည်။
“သခင်ဝူ ကျွန်မ ရှင်းရှင်းလင်းလင်းပြောပြီးပါပြီ။ ဆိုတော့ ကျေးဇူးပြုပြီးပြန်ပါတော့”
သခင်ဝူ၏ မျက်နှာက ဝမ်းနည်းခြင်းအပြည့်ဖြစ်နေသည်။
“တတိယမင်းသမီး ကျွန်တော် တောင်းပန်ပါတယ်။ အခွင့်အရေးလေးပေးပါ။ ကျွန်တော်တကယ် မင်းကို ကြိုက်တယ်”
“ဒါပေမယ့်… ကျွန်မကတော့ ရှင့်ကိုမကြိုက်ဘူး”
အခန်း(၅၀၆) လူသားတွေနဲ့ နတ်ဆိုးတွေ အတူတကွရှင်တွဲနေထိုင်ခြင်းက အချစ်စစ်ပဲ
ဤသခင်ဝူ၏မျက်နှာသည် မကျေနပ်ချက်အပြည့်ဖြစ်လာသည်။
"တတိယမင်းသမီး၊ မင်းက သက်တမ်းရှည်တဲ့ နတ်ဆိုးတစ်ကောင်ပဲ၊ ငါက ရာစုနှစ်တစ်ခုပဲရှိတဲ့ လူသားတစ်ယောက်ပါ။ ဒါ့ကြောင့် မင်းအပေါ်ထားတဲ့ ငါ့ရဲ့လေးနက်တဲ့ ချစ်မေတ္တာကို ဘာလို့ မတွေးပေးတာလဲ”
ဤစကားများကို ပြောပြီးသည်နှင့် အောက်ခြေမှ လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
“အရှက်မရှိဘူး”
"လုံးဝ စက်ဆုပ်စရာပဲ"
"သူနဲ့အတူ မင်းသမီးရဲ့ တန်ဖိုးရှိတဲ့ ခုနှစ်တွေကို ဖြုန်းတီးဖို့ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး ပြောရဲတာလဲ။ သူ့မျက်နှာ ဘယ်လောက်တောင် အရေထူနေတာလဲ”
၎င်းတို့ထဲမှ ဒေါသအထွက်ဆုံးသူမှာ ရှန်လန်ကျွင်းဖြစ်ကာ သူက လက်သီးလက်မောင်းတန်း၍ ကျယ်လောင်စွာအော်လိုက်သည်။
“ဝူ မင်းက ဝံပုလွေဆန်တဲ့ ရည်မှန်းချက်တွေနဲ့ကောင်ပဲကွ။ မင်း စွမ်းဆောင်နိုင်စွမ်းရှိရင် တတိယမင်းသမီးပေါ် မင်းရဲ့ စစ်မှန်တဲ့ ခံစားချက်နဲ့အနိုင်ယူပစ်လိုက်စမ်းပါ။ သနားအောင်ဟန်ဆောင်နေတာ ဘာအရည်အချင်းလဲ”
ဤသည်မှတစ်ဆင့် ရှန်လန်ကျွင်းနှင့် သခင်ဝူတို့သည် အချစ်ပြိုင်နေသူများဖြစ်သည်မှာထင်ရှားသိသာလှသည်။ သခင်ဝူက သူ့ကို
အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်ပြီးနောက် တတိယမင်းသမီးကို စိတ်အားထက်သန်စွာ ပြန်ကြည့်လိုက်သည်။
"ဒါ...မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူး" တတိယမင်းသမီးက ခဏတာမျှတွေး၍ ပြောလိုက်သည်။
"တတိယမင်းသမီး၊ မင်းသဘောတူတာ အံ့သြစရာဘဲ ဘာလို့ နောက်နေ့ကိုစောင့်တော့မှာလဲ။ ဒီနေ့ ကျွန်တော်တို့ လက်ထပ်ဖို့စီစဥ်ကြမလား”
သူ၏ အရေးကြီးမှုကို စကားများမှတစ်ဆင့် ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ရှန်လန်ကျွင်းက သူ့နားသူပင် မယုံနိုင်စွာဖြင့် ကြောင်အစွာကြည့်နေသည်။
‘တတိယမင်းသမီးက တကယ်သဘောတူလိုက်တာလား’
‘မဖြစ်ဘူး’
‘ဒါတကယ်မဖြစ်နိုင်ဘူး’
‘သနားခံရအောင်ဟန်ဆောင်ပြီး ကိုယ်ချင်းစာတာခံရမယ်ဆိုတာသာသိရင် ငါကိုယ်တိုင် လုပ်လိုက်တာကြာပြီ’
ရှန်လန်ကျွင်းက သူ၏ စိတ်ထဲမှ အတွေးများဖြင့် နောင်တရနေသည်။
ထို့နောက် မြို့ရိုးပေါ်မှ မင်းသမီးက သက်ပြင်းခပ်ဖွဖွချလိုက်သည်ကို မြင်လိုက်ရ၏။
“ဒါပေမယ့် လက်ထပ်ဖို့ ကျွန်မ ကြီးလာတာကိုရှင်စောင့်ရဦးမယ်။ ကျွန်မအမေက လက်ထပ်ဖို့အရမ်းငယ်သေးတယ်လို့ပြောတယ်။ အရမ်းစောနေလိမ့်မယ်”
သခင်ဝူ၏မျက်နှာထက်မှ အပြုံးက အေးခဲသွားပြီးနောက် သတိကြီးစွာမေးလိုက်သည်။
“ဒါဆို… ဘယ်လောက်ကြာမလဲ”
“ဟမ်… သိပ်မကြာပါဘူး၊ အနည်းဆုံး အနှစ် ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်လောက်ပဲ မြန်တယ်ဆိုရင် အနှစ်ငါးဆယ်လောက်ဆို လုံလောက်သင့်တယ်”
တတိယမင်းသမီးက သခင်ဝူကို တမင် လှောင်ပြောင်နေခြင်းဖြစ်ကြောင်း သိလိုက်ကြရသဖြင့် လူအုပ်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ရှန်လန်ကျွင်းက စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။
“တော်လိုက်တာ တတိယမင်းသမီး”
သူက အလွန်စိတ်လှုပ်ရှားစွာဖြင့် လှည့်ကြည့်လိုက်သောအခါ ဘေးတွင်ရပ်နေသော ရွှယ်အန်းကိုမြင်လိုက်ရသဖြင့် ရွှယ်အန်း၏ ပခုံးကို စိတ်လှုပ်ရှားစွာဖြင့် ရိုက်လိုက်သ်ည။
"အစ်ကို၊ အဲ့တာကိုမြင်လား။ ဒီတတိယမင်းသမီးက ကျုပ်ရဲ့ အနာဂတ်ဇနီးဖြစ်လာလိမ့်မယ်။ ဘယ်လိုလဲ သူအရမ်း ထက်မြက်တယ်မလား”
ရွှယ်အန်းက ခေါင်းလှည့်၍ ဘာသိဘာသာကြည့်လိုက်သည်။ ရှန်လန်ကျွင်းက သူ့ခန္ဓာကိုယ် တောင့်တင်းလာသည်ကို ခံစားလိုက်ရပြီးနောက် ရွှယ်အန်း၏ ပခုံးပေါ်ရှိ သူ့လက်က အလိုအလျောက် ပြန်ဆုတ်သွားသည်။
"မင်းက လူသား သူက နတ်ဆိုးပဲ။ လူသားနဲ့ နတ်ဆိုးတွေ အတူရှိနိုင်ပါ့မလား"
ရှန်လန်ကျွင်းက ရွှယ်အန်းကို ရှေးဟောင်းပစ္စည်းတစ်ခုကဲ့သို့ကြည့်လိုက်၏။
"အစ်ကို၊ မင်း လှပတဲ့ နတ်ဆိုးနှစ်ကောင်နဲ့ လှည့်ပတ်သွားလာနေတာ၊ အခု လူနဲ့ နတ်ဆိုးတွေ အတူရှိနိုင်မလားလို့ မေးနေတာလား။ မင်းက နည်းနည်းတော့ ရှေးရိုးမစွဲလွန်းဘူးလား"
“လက်ရှိမြို့ထဲမှာ၊ ရှေးရိုးစွဲ ပညာရှင်အများစုတောင်မှ နတ်ဆိုးမတစ်ကောင်ကို လက်ထပ်တာဟာ ဂုဏ်အရှိဆုံးကိစ္စလို့ ဝန်ခံရမယ်”
"မနှစ်တုန်းက မြို့ထဲက ဘုရားကျောင်းပျက်တစ်ခုမှာ ပညာရှင်လူငယ်တစ်ယောက်က တိတ်ဆိတ်ငြိမ်သက်တဲ့ညမှာ နတ်ဆိုးတစ်ကောင်က သူ့ဆီလာလည်တယ်တဲ့။ ဒါက လူတော်တော်များများက မနာလိုဖြစ်ခဲ့ရတဲ့ အချစ်ဇာတ်လမ်းရဲ့ ဇာတ်ဆောင်တွေဖြစ်လာခဲ့တယ်မဟုတ်လား။ အခုတော့ အဲ့ ဘုရားကျောင်းပျက်ကြီးက
'ပညာတော်သင်လူငယ်အဆောင်'တောင်ဖြစ်သွားပြီ”
"ဒီခေတ်မှာ လူတွေက လူသားတွေနဲ့ အတူရှိနေတာဟာ အထူးအဆန်းမဟုတ်ပေမယ့် လူသားတွေနဲ့ နတ်ဆိုးတွေ အတူတူရှိနေတာက အချစ်စစ်ပဲ" ရှန်လန်ကျွင်း၏ ရှည်လျားသော ရှင်းလင်းချက်က ဤသို့ဖြင့် အကျဥ်းချုပ်ခဲ့သည်။
ရွှယ်အန်းက ရယ်ရခက် ငိုရခက်ဖြစ်သွား၏။
‘အဆုံးအဖြတ်နှာခေါင်းမြို့တော်က လူတွေအားလုံး စိတ်တွေလွတ်ကုန်ပြီထင်တယ်’
‘မဟုတ်ရင် ဒီလောက် မိုက်မဲတဲ့ နိယာမတရားတွေ ဘယ်လိုဖြစ်လာနိုင်မှာလဲ’
ထိုအချိန်တွင် မြို့ရိုးပေါ်ရှိ သခင်ဝူက ဒေါသတကြီးနှင့် အရှက်ကွဲကာ သူ့ရင်ခွင်မှ အဝါရောင်အဆောင်ကို ရုတ်တရက် ထုတ်လိုက်သည်။
“မိန်းကလေးက မင်း ဒီနေ့သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မင်း သဘောတူရလိမ့်မယ်”
ဤသို့ပြော၍ သူက မင်းသမီးဆီသို့ တိုက်ရိုက်ပစ်လိုက်သည်။ အဆောင်မန္တန်က လေထဲသို့ လွင့်ပျံသွားပြီးနောက် အဝါရောင်အိတ်ကြီးတစ်လုံးအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။
လူအုပ်ကြီးက ကျယ်လောင်စွာအော်လိုက်ကြ၏။
"ဒါဟာ နတ်ဆိုးတွေကို ထိန်းချုပ်တဲ့ အဆောင်ပဲ”
ရှန်လန်ကျွင်းသည်လည်း ဤမြင်ကွင်းကိုမြင်တွေ့ခဲ့ရသည်နှင့် ထိတ်လန့်စွာ အော်ဟစ်ကာ တတိယမင်းသမီးကို ကယ်တင်ရန် အလျင်စလိုကြိုးစားခဲ့သည်။
သို့သော် သူ၏အမြန်နှုန်းသည် ထိန်းချုပ်ခြင်းအဆောင်ကို မည်သို့ကျော်နိုင်မည်နည်း။
ထိုသို့ဖြင့် ၎င်းက တတိယမင်းသမီးဆီသို့ တိုက်ရိုက်ဦးတည်နေစဥ် သူလုပ်နိုင်သမျှမှာ ခွန်အားမဲ့စွာ စေစာင့်ကြည့်နေခြင်းသာဖြစ်သည်။
ရှောင်ရှက ဒေါသတကြီး အော်လိုက်၏။
“အရှက်မဲ့တဲ့ အကောင်”
သူမက ပြော၍ မြို့ရိုးပေါ်သို့ ပြေးသွားကာ တတိယမင်းသမီးရှေ့၌ နေရာယူလိုက်သည်။
ဘမ်း
နတ်ဆိုးထိန်းချုပ်ခြင်းအဆောင်က ရှောင်ရှကို တိုက်ရိုက်ထိမှန်သွားသည်။ လူများစွာက မျက်စိမှိတ်ကာ ရင်တွင်းမှ တိုက်ရိုက်ငိုကြွေးလိုက်ကြသည်။
‘ပြီးသွားပြီ။ ဒီနတ်ဆိုးက အဆောင်ရဲ့ လွှမ်းမိုးတာခံရပြီး ဝူမျိုးရိုးရဲ့ ကစားစရာဖြစ်လာတော့မှာသေချာတယ်’
သို့သော် ထိုအချိန်၌ ရှောင်ရှ၏ မာနကြီးသော ရယ်မောသံကိုကြားလိုက်ရသည်။
“နင့်ဟာက ဒီလောက်အတိုင်းအတာအထိပဲ လုပ်နိုင်တာလား။ အခု ငါ့အလှည့်ပဲ”
ထိုသို့ဖြင့် သူက ရှေ့သို့တိုးသွားရာ လက်သီးတစ်ချက်ထွက်ပေါ်လာကာ သခင်ဝူ၏ မျက်နှာပေါ်သို့ တိုက်ရိုက်ထိမှန်သွားသည်။
သခင်ဝူက ဝမ်းနည်းစွာ အော်ဟစ်ကာ မြို့ရိုးပေါ်၌ ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ အများအပြားက ထိုနေရာတွင် မတ်တပ်ရပ်၍ ထိုမြင်ကွင်းကြောင့် ထိတ်လန့်နေကြသည်။ ယုန်ဝိဉာဥ်များစွာက ၎င်းတို့ဝါးနေသော မြက်ပင်များကိုပင် မေ့လျော့လျက် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
"ဒီနတ်ဆိုးက ဘယ်သူလဲ၊ သူက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ”
"ပြောရခက်ပေမယ့် နတ်ဆိုးထိန်းချုပ်ခြင်းအဆောင်က သူမကို မတုန်လှုပ်စေနိုင်ဘူး။ သူက နတ်ဆိုးမာရှယ်များ ဖြစ်နိုင်မလား”
လူသားများနှင့် နတ်ဆိုးများက အံ့သြတကြီး ထင်ကြေးပေးကြသည်။ ရှောင်ရှက သခင်ဝူကို အပြီးသတ်ရန် မြို့ရိုးကို ဖြိုခွင်းပစ်တော့မည့်အခိုက်တွင် တတိယမင်းသမီးက ရှောင်ရှ၏ လမ်းကိုပိတ်လျက် မျက်လုံးများ တောက်ပနေသည်။
“အစ်မက အံ့သြစရာပဲ"
"ဒါပေါ့" ရှောင်ရှက ပြုံးလိုက်သော်လည်း ဤနှောင့်နှေးမှုကြောင့် သခင်ဝူက လူအုပ်ထဲသို့ ထွက်ပြေးပျောက်ကွယ်သွားသည်။
“သေစမ်း သူ့ကို လွှတ်ပေးလိုက်မိပြီ”
“လွှတ်လိုက်ပါ နောက်ဆုံးတော့လည်း သူ ကျွန်မကို လိုက်ဖူးတယ်လေ။ ကျွန်မ သူ့ကို မကြိုက်ပေမယ့် သေသွားတာတော့ မမြင်ချင်ဘူး”
“ဟေး မင်း ငါ့ကို လာနောက်နေတာလား။ သူက အရင်စတိုက်တာလေ”
“အတူတူပါပဲ။ မေမေက အမြဲပြောတယ်။ တတ်နိုင်ရင် သက်ညှာပေးလိုက်ပါတဲ့”
ရှောင်ရှက မျက်လုံးပြူးသွားသည်။
တောထဲတွင် ကြီးပြင်းလာသည့် သူမကဲ့သို့ တစ်စုံတစ်ယောက်က ‘တတ်နိုင်ရင် သက်ညှာပေးလိုက်’ဟူသော စကားကို လုံးဝ မယုံကြည်ပေ။
"ဘာပဲဖြစ်ဖြစ် ဒါ မင်းရဲ့ကိစ္စပဲ နှုတ်ဆက်ပါတယ်” ရှောင်ရှက လှည့်၍ ထွက်သွားတော့မည်ဖြစ်သည်။
“မသွားပါနဲ့မမ။ မမက ကျွန်မကို ကယ်လိုက်တာဆိုတော့ အခု ကျွန်မရဲ့ကယ်တင်ရှင်ပါပဲ။ ကျွန်မ မမကို ကောင်းကောင်း ကျေးဇူးတင်ပါမယ်။ စကားစမြည်ပြောဖို့ အိမ်ကို လိုက်ခဲ့ပါလား"
ရှောင်ရှက အလွန်စိတ်မရှည်သော်လည်း လူအုပ်ထဲမှ ရွှယ်အန်းက သူမကို သိမ်မွေ့စွာ ခေါင်းညိတ်ပြသည်ကို သူမမြင်လိုက်ရသည်။ ရွှယ်အန်းက သူမကိုသဘောတူရန် အချက်ပြနေကြောင်း သူမနားလည်သောကြောင့် မကျေမနပ်ဖြစ်ခဲ့သည်။
“ကောင်းပြီ”
လူအုပ်က လူစုခွဲပြီးနောက် ရွှယ်အန်းက ရှောင်ရှနောက်သို့ လိုက်ကာ မြို့တော်သခင်၏ စံအိမ်ထဲသို့ လိုက်သွားတော့မည့်အခိုက်၌ ရှန်လန်ကျွင်းက သူ့ကို ရုတ်တရက် ဆွဲကာ ပြောလိုက်သည်။
“အစ်ကို ခြွင်းချက်အနေနဲ့ ကျုပ်ကို အထဲခေါ်သွားပေးလို့ရမလား”
"မင်းရော ဝင်ချင်လား"
"ဟုတ်တယ်၊ တတိယမင်းသမီးကို လေးလေးနက်နက် သဘောကျခဲ့တာ ကြာပါပြီ ဒါပေမယ့် နီးစပ်ဖို့ အခွင့်အလမ်း မတွေ့ခဲ့ဘူး။ အစ်ကို ကျုပ်ကို ကူညီပေးနိုင်မလား"
ရှန်လန်ကျွင်းက သူ့ခါးမှ ကျောက်စိမ်းဆွဲသီးကို ချွတ်၍ ရွှယ်အန်းကို ပေးရန် ကြိုးစားလိုက်သည်။
ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"မေ့လိုက်ပါ။ မင်းဒါကို သိမ်းထားရင် ပိုကောင်းမယ်။ မဟုတ်ရင် မင်းအကျင့်နဲ့ အရိုက်ခံရလို့ သေတာကြာပြီ”
ရှန်လန်ကျွင်းက အံ့အားသင့်သွားသည်။
“အစ်ကို…အစ်ကို ဒီပစ္စည်းကို သိလား”
ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပြုံး၍ မြို့တော်သခင်စံအိမ်ဆီသို့ လျှောက်သွားလိုက်သည်။
ရှန်လန်ကျွင်းက မတ်တပ်ထရပ်ပြီးနောက် ရပ်တန့်တုံ့ဆိုင်းနေမိသည်။
ထို့နောက် ရွှယ်အန်း၏ အသံကိုကြားလိုက်ရ၏။
“မင်းမလိုက်ဘူးလား”
ရှန်လန်ကျွင်း၏ မျက်နှာတစ်ခွင်၌ ကြီးမားသော အပြုံးတစ်ခု ပေါ်လာကာ သူ့နောက်သို့ အလျင်အမြန် ပြေးလိုက်လာသည်။
အခန်း(၅၀၇) ငါက ယောက်ျားလားမိန်းမလား ဘယ်လိုပြောနိုင်မှာလဲ
ဤ မြို့သခင်အိမ်တော်သည် ပထမတစ်ချက်ကြည့်ရုံဖြင့် ၎င်း၏ထွင်းထုထားသော ထုပ်တန်းများနှင့် ဆေးခြယ်ထားသော ဆိုင်းဘုတ်များဖြင့် အလွန်အမင်းသပ်ရပ်လှသည်။
သို့သော် အနီးကပ်စစ်ဆေးကြည့်သည့်အခါ နံရံများဖြစ်စေ တံစက်မြိတ်ထောင့်များဖြစ်စေ နေရာတိုင်းတွင် ပုံတူရုပ်ပုံများရှိနေသည်။ ပုံတူတစ်ခုစီက ပုံစံအမျိုးမျိုးကွဲပြားနေကာ အသက်ဝင်လှ၍ သခင်များ၏ ပုံများဖြစ်ကြောင်း ရှင်းလင်းသိသာလှဿည်။
တစ်ခုတည်းသောအရာမှာ ယင်းတို့ကိုကြည့်လိုက်သည်နှင့် ရယ်ချင်စိတ်ဝင်လာခြင်းပင်ဖြစ်သည်။ ဤပုံများအားလုံးက ယုန်ပုံများပင်ဖြစ်၏။
မှန်သည်။
ဝဝတုတ်တုတ်ယုန်တစ်ကောင်က အမျိုးမျိုးသော ဟန်ပန်များကိုလုပ်နေခြင်းဖြစ်သည်။
ရှောင်ရှက မျက်မှောင်ကြုတ်လိုက်သည်။
“ဒီယုန်က ဘယ်သူလဲ။ နေရာတိုင်းမှာရှိနေတယ်။ ဘယ်လိုလုပ်ဒီလောက် ရူးသွပ်နေတာလဲ။
တတိယမင်းသမီး၏မျက်နှာသည် နီရဲသွားသည်။
"ကျေးဇူးရှင်၊ ဒါတွေအားလုံးက ကျွန်မ မေမေရဲ့ပုံတူတွေပါ”
"...."
လမ်းတစ်လျှောက်တွင် အစောင့်အကြပ်မရှိသဖြင့် ခန်းမကြီးတစ်ခုဆီသို့ ဦးတည်သွားကြသည်။
တံခါးဝတွင် ယုန်ဝိဉာဥ်အနည်းငယ်က စကားပြောနေပြီးနောက် တတိယမင်းသမီးက လူတစ်စုကို ဦးဆောင်လာကြောင်း တွေ့သောအခါ အမြန်ပြေးလာကြသည်။
"တတိယမင်းသမီး"
"ငါ့အမေ ဒီမှာလား"
"အထဲမှာပါ မြို့သခင်က အခုလေးတင် ပုံတူပန်းချီဆွဲဖို့ ဆရာတစ်ယောက်ကို ဖိတ်ထားပါတယ်”
တတိယမင်းသမီးက ခေါင်းညိတ်ပြကာ ထိုသူအားလုံးကို အထဲသို့ခေါ်သွားသည်။
အပြာရောင်ရှပ်အင်္ကျီဝတ်ထားသည့် အမျိုးသားတစ်ဦးက ပုံတူကို ဆေးခြယ်နေသည်ကို မြင်လိုက်ကြရပြီး နောက်ရံဖန်ရံခါတွင် ခေါင်းကို မော့ကာ “သခင်၊ ဒီလိုမျိုး ခေါင်းကို နည်းနည်းစောင်းပါ” ဟု အော်လေ့ရှိသည်ကို တွေ့လိုက်ရသည်။
အနီးနားရှိ ဆိုဖာတစ်ခုပေါ်တွင် ယုန်တစ်ကောင်က အလွန်ဆွဲဆောင်မှုရှိသော ဟန်ပန်ဖြင့် လဲလျောင်းနေကာ ထိုယောက်ျား၏ ညွှန်ကြားချက်ကို ကြားသောအခါ နာခံမှုဖြင့် ခေါင်းကို အနည်းငယ် လှုပ်လိုက်သည်။
"ဒါ ငါ့အမေ" တတိယမင်းသမီးက ခပ်တိုးတိုးပြောကာ ရှေ့သို့တိုးလာသည်။
“မေမေ ဒီပုဂ္ဂိုလ်က သမီးကို ကယ်ကဲ့တဲ့ ကျေးဇူးရှင်ပါ”
ယုန်မြို့သခင်က သူမ၏ လုပ်လက်စအမှုကို အနှောက်အယှက်မပြုလိုဘဲ မလှုပ်မယှက်ဘဲပြောလိုက်သည်။
“ခဏစောင့် ဒီပုံတူကို အရင်အပြီးသတ်ခွင့်ပြုပါဦး”
ရွှယ်အန်းသည် ဤမြင်ကွင်းကို ကြည့်ကာ ရုတ်တရက်ရယ်ချင်စိတ်ပေါက်လာသည်။
အကယ်၍ ဤယုန်သည် ကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့ပါက သူမသည် ဆယ်ဖီအရူးတစ်ယောက်ဖြစ်လာနိုင်သည်။ ထို့နောက် အကျွေးအမွေးများ၊ လတ်ဆတ်သောအသီးများနှင့် လက်ဖက်ရည်မျိုးစုံတို့ကို ၎င်းတို့ထံယူဆောင်လာသောကြောင့် ရွှယ်အန်းနှင့်အခြားသူများက ရိုးရှင်းစွာ ထိုင်ကြည့်လိုက်ကြသည်။
နာရီဝက်ကျော်ခန့်ကြာပြီးနောက် နောက်ဆုံးတွင် ပန်းချီဆရာက စုတ်တံကို ကျေနပ်စွာဖြင့် ချလိုက်သည်။
“ပြီးပြီ”
ယုန်ကြီးသည် သက်ပြင်းတစ်ချက်ချကာ ထထိုင်ကာ ပျင်းရိစွာအကြောဆံ့လိုက်သည်။
"ပင်ပန်းလွန်းလို့ အိပ်ပါရစေ။"
"အမေ၊ ဒါက သမီးရဲ့ ကယ်တင်ရှင်ပါ၊ ဒါက သမီး ကျေးဇူးရှင်ရဲ့ သူငယ်ချင်းတွေပါ” တတိယမင်းသမီးက ထပ်ပြောသည်။
ယုန်ကြီးက အိပ်မက်မှနိုးထလာသကဲ့သို့ အော်ပြောလိုက်၏။
“အိုး… ချစ်ကလေး အမေ့မှတ်ဉာဏ်ကိုကြည့်ပါဦး ဒါကို တကယ်မေ့တော့မလို့”
ထို့နောက် မျက်နှာကိုလက်ဖြင့်သုတ်လိုက်သည်။
ဖောင်းကားနေသော ပါးပြင်များ ပျောက်ကွယ်သွားကာ အလွန်ဝတုတ်သော အမျိုးသမီးတစ်ဦး၏ ရုပ်သွင်ပေါ်လာသည်။
ထို့နောက် ခါယမ်းလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးအမျှင်များ ပျောက်ကွယ်သွားကာ ကျက်သရေရှိ၍ မြင့်မြတ်သော အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။
သူမက လျှောက်သွားကာ လူတိုင်းကိုကြည့်၍ ရှောင်ရှနှင့်ရှောင်းယွီကို ခေတ္တမျှ ကြာကြာစိုက်ကြည့်လျက် တခစ်ခစ်ရယ်လိုက်သည်။
“ငါ့ရဲ့အဆင့်နိမ့် အဆုံးအဖြတ်နှာခေါင်းမြို့တော်မှာ ဒီလောက်ထူးချွန်တဲ့နတ်ဆိုးတွေကိုမြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး”
ရှောင်ရှသည် ယုန်ကြီး၏ ရယ်သံကြောင့် ကြက်သီးမွှေးညှင်းများထသွားသည့်အလားခံစားလိုက်ရသည်။
"အိုး…မေမေ" တတိယမင်းသမီးက ဆန့်ကျင်ရန် ကြမ်းပြင်သို့ ခြေဆောင့်ကာ ရှန်လန်ကျွင်း မျှော်လင့်နေသည့် သမီးကောင်းတစ်ယောက်၏ အပြုအမူများကိုပြသလိုက်သည်။
"ကောင်းပြီ ကောင်းပြီ ငါနောက်နေတာပဲ၊ သူတို့အားလုံးက ငါ့သမီးရဲ့ကျေးဇူးရှင်တွေပဲမို့ အပြင်လူတွေမဟုတ်ဘူး။ လာကြ…စားပွဲပြင်ပေးကြ”
ရှောင်ရှသည် ထိုစကားကိုကြားသောအခါတွင် စိမ်းလန်းသောမြက်ပင်များနှင့် မုန်လာဥနီတစ်စည်းကို ရုတ်တရက်မြင်ယောင်လာကာ ဆင်ခြေပေးရန် စဥ်းစားလိုက်သည်။
ယုန်ကြီးက ရှောင်ရှ၏ စိုးရိမ်မှုများကို သတိပြုမိပုံဖြင့် ရယ်လိုက်သည်။
“မိန်းကလေး။ စိတ်မပူပါနဲ့။ ကျွန်မတို့ လုပ်တဲ့ ပွဲက တော်တော် နာမည်ကြီးပါတယ်”
မကြာခင်၌ ယုန်အကောင် ဒါဇင်ကျော်ခန့်က ပွဲတော်များကို စမ်းချောင်းကဲ့သို့ သယ်ဆောင်လာသည်။ ရှောင်ရှက အနည်းငယ်ထိတ်လန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် ဟင်းပွဲများတွင် အသားနှင့် သက်သတ်လွတ် ရွေးချယ်စရာများ ပါဝင်သည့်အပြင် ၎င်းတို့အားလုံးသည် အရောင်၊ အနံ့၊ အရသာတို့နှင့် ပြည့်စုံသောကြောင့် ဖြစ်သည်။
"ဒါဆို ဘယ်လိုလဲ၊ ကျွန်မ မညာဘူး မဟုတ်လား၊ ကျေးဇူးပြုပြီး ထိုင်ပါ အားလုံး ကျေးဇူးပြုပြီး ကျွန်မအိမ်ကိုရောက်တုန်းရောက်ခိုက် စည်းမျဥ်းစည်းကမ်းတွေ မလိုအပ်ဘဲ လွတ်လွတ်လပ်လပ် စားသောက်ပါ"
လူတိုင်းက ကိုယ့်နေရာကိုယ်ယူလိုက်ကြသည်။ ဝိုင်ကို သုံးကြိမ်ခန့် သောက်ကြကာ မတူညီသော ဟင်းငါးမျိုးကို စားသောက်ခဲ့ကြသည်။
အခြားမည်သူ့ကိုမှ စကားမပြောမီ၊ အရက်မူးနေပြီဖြစ်သော ရှန်လန်ကျွင်းက ပြော၏။
“မြို့သခင် ကျွန်တော့်ကိုမှတ်မိလား”
"အဆုံးအဖြတ်နှာခေါင်းမြို့က အကြောက်အလန့်ကင်းတဲ့ နာမည်ကြီးဒေသခံ ရှန်လန်ကျွင်းပဲ။ မင်းကို ငါသေချာပေါက်မှတ်မိတယ်။"
"ဟဲဟဲ ဒါဆို မင်းကို ကျေးဇူးပြုပြီး ကျွန်တော် တောင်းဆိုလို့ရမလား။ ကျွန်တော်က တတိယမင်းသမီးအပေါ် အရမ်းချစ်တဲ့စိတ်ရှိပါတယ်။ အရှင်…တတိယမင်းသမီးကို ကျွန်တော်နဲ့ နေရာချထားပေးနိုင်မလား” ရှန်လန်ကျွင်းသာ သတိရှိနေပါက သူဤသို့ပြောရန် သတ္တိမရှိသည်မှာ သေချာသော်လည်း အရက်စွမ်းအားက သူ့ကို အလွန် ရဲဆေးတင်ပေးလိုက်သည်။
သူ့စကားကြားသောအခါ တတိယမင်းသမီးက ခေါင်းငုံ့ကာ အနည်းငယ်ရှက်သွားပုံရသော်လည်း သူမလည်း မကန့်ကွက်ခဲ့ပေ။ သို့သော် ယုန်ကြီးက ပြင်းထန်စွာ ရယ်မောကာ ခြေလက်များပင် တုန်ခါသွားသည်။
ရှန်လန်ကျွင်းက ရှက်စိတ်များ ပိုမိုကြီးထွားလာသည်။
"မြို့သခင်၊ ဘာလို့ရယ်တာလဲ၊ သဘောမတူရင် ကျွန်တော့်ကို တိုက်ရိုက်ပြောပါ”
"ငါကန့်ကွက်စရာမရှိဘူး၊ ဒါပေမယ့် မင်းနောင်တရသွားမှာစိုးတယ်။" ဧရာမ ယုန်ကြီးက အားပါးတရရယ်၍ ပြောသည်။
"စစ်မှန်သောလူရဲ့စကားက သူ့ရဲ့နှောင်ကြိုးပဲ။ အထူးသဖြင့် ဘဝတစ်သက်တာမှာ အဲ့လိုကိစ္စမျိုးက အရမ်းအရေးကြီးပါတယ်။ ကျွန်တော် ဘာလို့ နောင်တရရမှာလဲ” အခွင့်အရေးကောင်းတစ်ခုကိုကြားလိုက်ရသောကြောင့် ရှန်လန်ကျွင်းက သူ့ရင်ဘတ်ကိုဖိကာ အလျင်စလိုပြောလိုက်သည်။
"အိုး မင်းတကယ်နောင်တရမှာမဟုတ်ဘူးဟုတ်လား"
"တကယ်"
"တကယ်လား"
"တကယ်"
"ကောင်းပြီ၊ ငါမင်းကို အမှန်အတိုင်းပြောမယ် ငါ့ရဲ့ 'တတိယမင်းသမီး' က တကယ်တော့ ယောက်ျားလေးပဲ"
"ယောကျာ်းလေးဆိုလည်း... ဘာပြောလိုက်တာလဲ" ပထမပိုင်းတွင် ရှန်လန်ကျွင်းက နားမလည်သော်လည်း အံ့သြသွားကာ မတ်တပ်ထရပ်လိုက်သည်။
"မင်းတကယ်သတိမထားမိဘူးလား" ယုန်ကြီးက ရက်စက်သော အပြုံးဖြင့် ပြောသည်။
ရှောင်ရှအပါအဝင် ရှန်လန်ကျွင်းက တတိယ မင်းသမီးဟု ခေါ်တွင်သောသူကို စူးစမ်း၍ ကြည့်လာကြသည်။
ခါးက အလွန် သွယ်လျလွန်းသောကြောင့် လက်ဖြင့်ဖက်ထားနိုင်သည်။ ဖြူစင်သောအသားအရေ၊ လှပသောမျက်နှာနှင့် ရှက်ရွံ့သောအမူအရာတို့ကို မြင်နိုင်သည်။ ဤသည်မှာ အရွယ်မရောက်သေးသော နုပျိုလှပသော မိန်းကလေးဖြစ်သည်မှာ ထင်ရှားသည်။
‘ဒါ ဘယ်လိုလုပ် ချစ်စရာကောင်းတဲ့ကောင်လေးဖြစ်နိုင်မှာလဲ’
ရွှယ်အန်းက သူ့ခွက်ကို မြှောက်၍ ခပ်တိုးတိုးပြောလိုက်သည်။
“ယုန်ကြီးနှစ်ကောင် မြေကြီးနားမှာပြေးနေတာ။ ဘယ်လိုလုပ် ငါက အထီးလားအမလား ခွဲနိုင်မှာလဲ”
“ဒီလူကြီးလူကောင်းက ဒီဓလေ့ကို အရမ်းနားလည်မယ်လို့ ကျွန်မမမျှော်လင့်ထားပါဘူး။ ရှင်ပြောတာမှန်ပါတယ်။ ကျွန်မတတိယသားရဲ့ အကြိုက်ဆုံးအချိန်ဖြုန်းနည်းက ပြောင်းပြန်ဝတ်စားဆင်ယင်မှုပဲဆိုတော့ ကျွန်မ တော်တော်ခေါင်းကိုက်ခဲ့ရတယ်"
ရှန်လန်ကျွင်းက သူ့နှလုံးသားထဲတွင် နစ်မြုပ်နေသည့်အရာတစ်ခု ရုတ်တရက် ကွဲအက်သွားသည့်အလား ခံစားလိုက်ရသည်။ သူက ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ကာ စကားမပြောနိုင်လောက်အောင် အံသြသွားသည်။
ရှောင်ရှက အနည်းငယ်စာနာစိတ်ဖြင့် သူ့ပခုံးကို လက်ဖြင့်ပုတ်လိုက်သည်။
"အစ်ကို၊ မင်းတကယ်ပဲ ကံဆိုးတာပဲ။ မိန်းကလေးတစ်ယောက်ကို ချစ်ခဲ့ပြီးမှ ယောက်ျားလေးဖြစ်နေတာသိလိုက်ရတယ်။ ငါ စာနာမိပါတယ်”
ရှန်လန်ကျွင်းက ရုတ်တရက် ခေါင်းကိုမော့၍ မြို့သခင် ဧရာမယုန်ကြီးကို ကြည့်လိုက်သည်။
"ယောက်ျားလေးလည်း အဆင်ပြေပါတယ်။ လူနဲ့ နတ်ဆိုးတွေ ပေါင်းစည်းနိုင်ရင် လိင်တူချစ်ခြင်းမေတ္တာတွေ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ၊ နောက်ဆုံးတော့လည်း ကျွန်တော်ချစ်တာက တတိယမင်းသမီးလေ သူ့ရဲ့လိင်မှမဟုတ်တာ"
တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။
ရှောင်ရှက သူ့ရှေ့တွင် ပေါ်လာသည့် မြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။
ထို့နောက် တတိယမင်းသမီးမဟုတ်သော တတိယမင်းသားက သက်ပြင်းချလိုက်သည်။
"ရှန်လန်ကျွင်ရဲ့ လေးနက်တဲ့ ချစ်ခြင်းမေတ္တာကို ငါ နှလုံးသွင်းမိပါတယ်။ စောစောကသာ မင်းငါ့ကိုမေးခဲ့ရင် ငါသဘောတူမိမှာပါ။ ဒါပေမယ့် အခု ငါ့နှလုံးသားက တခြားသူနဲ့ သက်ဆိုင်နေပြီ၊ ဒါကြောင့် ငါတောင်းပန်ပါတယ်၊ မင်းကို ငြင်းပယ်ရမယ်"
“မဟုတ်ဘူး…” ရှန်လန်ကျွင်းက ဤစကားကိုကြားသောအခါ ဖျော့တော့သွားသည်။ "တတိယမင်းသမီးရဲ့ နှလုံးသားက ဘယ်သူ့အတွက်လဲဆိုတာ မေးလို့ရမလား"
တတိယမင်းသားသည် ကြောင်အနေသေးသည့် ရှောင်ရှကို ရှက်ရွံ့စွာကြည့်၍ ခေါင်းငုံ့ကာ ပြောလိုက်သည်။
“သဘာဝကျပါတယ်… အဲ့တာ.. ဒီက ငါ့ရဲ့ကျေးဇူးရှင်ပဲ”