← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း(၅၁၄) လက်မခံနိုင်တဲ့နတ်ဆိုးရှိသေးလား

အရိုးဖြူမိန်းမပျိုက အလွန်တုန်လှုပ်သွားသည်။

ဒါ… ဘယ်လိုအကြည့်မျိုးလဲ။

အရိုးဖြူအမျိုးသမီးက ကြောင်အန်းနေချိန်တွင်

ရှောင်ရှသည် နတ်ဆိုးများပြည့်နေသော ကောင်းကင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်

“နင်တို့ထဲက ဘယ်နတ်ဆိုးတွေက တိုက်ချင်နေတုန်းလဲ”

သူမ၏အရှိန်အဟုန်အောက်တွင် နတ်ဆိုးများအားလုံး တစ်ပြိုင်နက် နောက်ပြန်ဆုတ်သွားကြသည်။

နောက်ဆုံးတွင်မူ ဤသေးငယ်သောအမျိုးသမီးသည် နတ်ဆိုးနဂါးသခင်ကို မြေကြီးပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင်ပင် မူလမြေပြင်ကြီးက ကြီးမားသော တောင်ပို့ကြီးတစ်ခု ရုတ်တရက် ပေါ်လာကာ မီတာတစ်ရာကျော် ရှည်လျားသော နတ်ဆိုးနဂါးတစ်ကောင်က ပေါက်ကွဲသံကြီးနှင့်အတူ ပေါက်ကွဲထွက်လာသည်။

"ကလေးမ ငါ မင်းကို အပိုင်းပိုင်း ဖြတ်ပစ်မယ်" ယဲ့ချင်ကျန်းက လုံးဝ ထိန်းချုပ်မှု မရှိတော့ပေ။

ဤနတ်ဆိုးတပ်၏ တပ်မှူးဖြစ်လာရန် သူ အပြင်းအထန်ကြိုးစားခဲ့ရသည်။ သူသည် ဤဌာနေနတ်ဆိုးအုပ်စုကို အပြီးအပိုင် သုတ်သင်ရန်၊ ကြီးကျယ်သော စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်စေရန်နှင့် သခင်ငယ်ရောက်လာသောအခါတွင် အသိအမှတ်ပြုမှုအချို့ ရရှိရန် မျှော်လင့်ခဲ့သည်။

သို့သော် အရေးကြီးသည့် အခိုက်အတန့်တွင် ဤလူများ ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ အထူးသဖြင့် ကျောက်လုံက သူ့အား ဂရုမစိုက်ဘဲ နှစ်ကြိမ်တိုင်တိုင် အခွင့်ကောင်းယူကာ တိုက်ခိုက်ခဲ့သည်။

များသောအားဖြင့် မာန်တက်နေတတ်သော ယဲ့ချင်ကျန်းက ယင်းကို မည်သို့ သည်းခံနိုင်မည်နည်း။

ဤကျောက်လုံလေးကို ယခုမသတ်နိုင်ခဲ့လျှင် သူ့၏ အာဏာစက်က လုံးလုံးလျားလျား ပျက်ဆီးသွားတော့မည်ဖြစ်ကာ မည်သည့်နတ်ဆိုးကမှ သူ့အပေါ် ကြောက်ရွံ့ထိတ်လန့်နေတော့မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် သူ၏ပုံစံအမှန်ကို ရိုးရိုးရှင်းရှင်းထုတ်ပြ၍ ရှောင်ရှဆီ တိုက်ရိုက်ချီတက်လာသည်။ ရှောင်ရှက

ထိတ်လန့်တုန်လှုပ်ခြင်းမရှိ အမြန်ဘေးသို့ ရှောင်ထွက်သွားပြီးနောက် လှောင်ရယ်လိုက်သည်။

"နင်ကမှ ‘ကလေးမလေး’ နင့်အဘွားက ‘ကလေးမလေး’ နင့်အဘိုးက ‘ကလေးလေး’”

နှုတ်ဖြင့် အသာစီးရနေချိန်တွင် ရှောင်ရှက ယဲ့ချင်ကျန်း၏အမြီးကို ဖမ်းကိုင်၍ အော်ဟစ်လိုက်သည်။

"ငါ့ဆီလာ... အခု"

ဤသို့ပြောလျက် ရှောင်ရှ၏လက်များက ရုတ်တရက် အကြိမ်ပေါင်းများစွာ ထူလာသည်။ ယဲ့ချင်ကျန်းက သူ့ဆီသို့ ကြီးမားသော တွန်းအားတစ်ခု ဝင်လာသည်ကို ခံစားလိုက်ရကာ သူ မတုံ့ပြန်မီတွင် ရှောင်ရှက သူ့ကို လေထဲသို့ လွှင့်ပစ်လိုက်သည်။

ရှောင်ရှသည် ယဲ့ချင်ကျန်းကို ကြာပွတ်ကဲ့သို့ ရိုးရိုးရှင်းရှင်း သဘောထားကာ သူ့အမြီးကို ဆုပ်ကိုင်လျက် ရိုင်းစိုင်းစွာ ရိုက်ချလိုက်သည်။

ဘမ်း ဘမ်း ဘမ်း

မရေမတွက်နိုင်သော နတ်ဆိုးများက ၎င်းတို့၏ တပ်မှုး၏ ဦးခေါင်းအောက်တွင် တွင်းနက်ကြီးများထဲ၌ သေဆုံးခဲ့ကြသည်။

တစ်ဒါဇင်ကျော်ခန့် အရိုက်ခံရပြီးနောက်တွင် ရှောင်ရှက အမြီးကို လွှတ်ပေးကာ အသက်တစ်ချက်ရှုလိုက်သည်။

ထိုအချိန်တွင် ယဲ့ချင်ကျန်းသည် မူးဝေလျက် မြေပြင်ပေါ်တွင် လဲကျနေကာ ပျံသန်း၍ပင် မရတော့ပေ။ ဤဖြစ်ရပ်က ရှိနေသူအားလုံးကို အံ့အားသင့်စေခဲ့သည်။

အထူးသဖြင့် အရိုးဖြူမိန်းမပျို နှင့် အခြားနတ်ဆိုးများဖြစ်သည်။

ရှောင်ရှက သူမ၏ရုပ်သဏ္ဍာန်အမှန်ကို မဖော်ပြဘဲ နတ်ဆိုးနဂါးတစ်ကောင်ကို နှိမ်နင်းနိုင်ခဲ့သောကြောင့် မယုံနိုင်လောက်အောင်ဖြစ်နေသည်။ သူမက လက်များကို ပွတ်သပ်ကာ ရွှယ်အန်းကို ပြုံး၍ အောင်ပွဲခံကာ မော့ကြည့်လိုက်သည်။

"သခင် ဘယ်လိုလဲ..."

သူမစကားမဆုံးခင် နတ်ဆိုးနဂါးက ထလာ၍ သူမကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်သည်။ ယဲ့ချင်ကျန်းသည် ယခုအခါ လုံးဝ ဒေါသဖြစ်နေပြီဖြစ်သည်။

တကယ်တမ်းတွင် သူသည် နတ်ဆိုးနဂါးတစ်ကောင် ဖြစ်သော်လည်း ကြာပွတ်ကဲ့သို့ ဝှေ့ယမ်းခံခဲ့ရသည်။ အကယ်၍ သူသာ ဤတိုက်ပွဲကို ပြောင်းပြန်မလှန်နိုင်ပါက တပ်မှူးဆက်ဖြစ်ရန်မဆိုနှင့် အနာဂတ်တွင် ခြေကုပ်တစ်ခုပင် ကျန်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သူက သူ၏

အပြင်းထန်ဆုံး လှုပ်ရှားမှု နတ်ဆိုးနဂါးချုပ်နှောင်ခြင်းကို ရိုးရိုးရှင်းရှင်း အသုံးပြုခဲ့သည်။

မြွေနဂါးများအတွက် ဤလှုပ်ရှားမှုသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ ကျင့်ကြံရေးအဆင့်တူညီပါက သေမင်းကဲ့သို့ ချည်နှောင်ထားသည့် ဤတိုက်ခိုက်မှုကို ခုခံရန် မဖြစ်နိုင်ပေ။

"အင်မော်တယ်သခင် မမနဂါး သူ..." ရှောင်းယွီက စိုးရိမ်တကြီးဖြင့် ရွှယ်အန်းဘက်သို့လှည့်ပြောသည်။

သို့သော် ရွှယ်အန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"စိတ်မပူပါနဲ့၊ စောင့်ကြည့်ပါ"

ရွှယ်အန်းက ရှောင်ရှကို ခိုင်ခိုင်မာမာယုံကြည်သည်။

ဤနတ်ဆိုးနဂါးတွင် နှစ်ရာချီရှင်သန်မှုရှိသော်လည်း

ရှောင်ရှ၏ခန္ဓာကိုယ်အတွင်းရှိ နက်နဲသောသွေးကြောများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

"ဒီ နတ်ဆိုးနဂါးကခြေဖျားတောင် မမှီဘူး”

အမှန်ပင်

ယဲ့ချင်ကျန်းက သူ့ခန္ဓာကိုယ်ကို တင်းကြပ်လိုက်ကာ အောင်ပွဲခံရယ်မောနေသောအခိုက်၌ နဂါးကိုယ်ပေါ်တွင် အပေါက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာရာ စမ်းရေတွင်းကဲ့သို့ ပန်းထွက်လာသော သွေးများကြားမှ ရှောင်ရှ ထွက်လာသည်။

ယဲ့ချင်ကျန်းက နာကျင်စွာဟိန်းဟောက်၍ ဒေါသတကြီးအော်လိုက်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ မင်းဘယ်လိုထွက်လာတာလဲ"

ရှောင်ရှက အနည်းငယ် ရွံရှာသည့်ဟန်ဖြင့် သူမ၏ မျက်နှာမှ နတ်ဆိုးနဂါး၏ သွေးများကို သုတ်လိုက်သည်။

"နင်တစ်ယောက်တည်း အသွင်ပြောင်းနိုင်တဲ့သူလို့ ထင်နေတာလား အေး ငါလည်းပြောင်းနိုင်တယ်"

ဤသို့ပြောလျက် ရှောင်ရှက သူမ၏ပုံစံအမှန်ကို ထုတ်ပြလိုက်သည်။

ကုလားအုတ်ကဲ့သို့ ဦးခေါင်း၊ သမင်ကဲ့သို့ ဦးချိုများ၊ ယုန်ကဲ့သို့ မျက်လုံးများ၊ နွားနှင့်တူသော နားရွက်၊ မြွေကဲ့သို့ လည်ပင်း၊ ခုံးကဲ့သို့ ဗိုက်၊ ငါးကြင်းနှင့်တူသော အကြေးခွံများ၊ လင်းယုန်ကဲ့သို့ ခြေသည်းများနှင့် ကျားကဲ့သို့လက်ဖဝါးများနှင့် နတ်နဂါးတစ်ကောင် ကောင်းကင်၌ ပေါ်လာသည်။

လူတိုင်း အံသြသွားကြသည်။

အရိုးဖြူမိန်းမပျို၊ မြွေနတ်ဆိုးဘုရင် နှင့် အခြားသူများအားလုံးသည် ဤမြင်ကွင်းကို ကြည့်၍ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

ယဲ့ချင်ကျန်းက တခဏမျှ ထိတ်လန့်သွားပြီး ကြောက်လန့်တကြားနှင့် အော်လိုက်သည်။

"ခြေသည်းငါးချောင်းနဂါးလား… နင်ဘယ်လိုဖြစ်နိုင်မှာလဲ"

"ငါက ဘာလို့ ခြေသည်းငါးချောင်း နဂါးမဖြစ်နိုင်ရမှာလဲ။ ငါ ဒီနေ့ နင့်ကို စွမ်းအားကြီးတယ်ဆိုတဲ့အဓိပ္ပါယ်ကိုပြပေးမယ်”

ဤသို့ဖြင့် ရှောင်ရှက လက်သည်းဖြင့် ရိုက်ထျလိုက်ရာ ဝေဟင်ထက်မှ ယဲ့ချင်ကျန်းက မြေပြင်ပေါ်ကျသွားသည်။

ယဲ့ချင်ကျန်းက မခုခံချင်ခြင်းမဟုတ်သော်လည်း လက်သည်းငါးချောင်းရှိ နတ်နဂါး၏ ဖိနှိပ်မှုကြောင့် လုံးဝ မလှုပ်မယှက်နိုင်ဖြစ်နေသည်။

နဂါးမျိုးနွယ်စု အတွင်းတွင် နတ်နဂါးနှင့် နဂါးသူတော်စင်တို့ကဲ့သို့ ကွဲပြားမှုများ ရှိသော်လည်း အရေးကြီးဆုံးမှာ အသွေးအသား၏ စွမ်းအားပင်ဖြစ်သည်။ စွမ်းအားကြီးသော မျိုးရိုးရှိသူ တစ်ဦးသည် မွေးကတည်းက နဂါးမျိုးနွယ်စု၏ အခြား သာမန်အဖွဲ့ဝင်များကို လွှမ်းမိုးထားသည်။

ဤသည်က အစပိုင်းက ယဲ့ချင်ကျန်းက ရှောင်ရှကို ရှုံ့ချရသည့် အကြောင်းရင်းပင်ဖြစ်ငည်။

သူမက ကျောက်လုံမျှသာဖြစ်၍ ထိုနေရာတွင် ရိုင်းစိုင်းသော သူတစ်ယောက်က မည်သို့သော သွေးသား စွမ်းအားမျိုး ရှိနိုင်မည်နည်း။ သူ့ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြီးသည်နှင့် သူ့ကို ဒူးထောက်၍ ရှိခိုးလိမ့်မည်ဟု သူထင်ခဲ့သည်။

ဤသည်က ယဲ့ချင်ကျန်း၏ ကနဦး အတွေးပင်ဖြစ်သည်။

သို့သော် ရှောင်ရှက သူမ၏ရုပ်သွင်အမှန်ကို ထုတ်ဖော်ပြသလိုက်သောအခါတွင်မူ သူ့ထက်ပင် မျိုးရိုးမြင့်သော လက်သည်းငါးချောင်း နဂါးတစ်ကောင်ဖြစ်နေသည်ကို မြင်လိုက်ရသည်။

ဤကဲ့သို့ မျိုးရိုး ဖိနှိပ်ခြင်းမျိုးကြောင့် မြေပြင်ပေါ်တွင်လဲ၍ ရှောင်ရှကို ထိတ်လန့်တကြား ကြည့်နေရုံသာတတ်နိုင်တော့သည်။

"မလုပ်နဲ့"

"သခင်မ ကျွန်​​တော့်​အသက်​ကို သက်ညှာပေးပါ ကျွန်​​တော်​မှားသွားပြီ"

ဤမြင်ကွင်းသည် နတ်ဆိုးများနှင့် နတ်ဆိုးများအားလုံးကို ဆွံ့အစေခဲ့သည်။ ထိုအချိန်တွင် နတ်ဆိုးနဂါးသည် ရုတ်တရက် သေးသွားပါ ယဲ့ချက်ကျန်း၏ လူသားအသွင်သို့ ပြန်လည်ရောက်ရှိ၍ လေပွေတစ်ခုကဲ့သို့ ထွက်ပြေးသွားတော့သည်။ လူသားအဖြစ်သို့ အသွင်ပြောင်းခြင်းဖြင့် သူက မျိုးရိုးဖိနှိပ်မှုကို တွန်းလှန်နိုင်ခဲ့ကာ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။

သို့သော် မြေပြင်ပေါ်တွင် ပြေးရန်လမ်းမရှိပေ။ ရှောင်ရှက သူ့အနားတွင် ရှိနေသည်။ ထို့ကြောင့် လွတ်မြောက်ရန် တစ်ခုတည်းသော လမ်းကြောင်းမှာ ပြေးရန်ဖြစ်သည်။

ဤသို့ဖြင့် သူက ​ကောင်းကင်​သို့ တည့်​တည့်​ ဦးတည်​သွားသည်​။

ရှောင်ရှက လိုက်ဖမ်းချင်သော်လည်း သူ၏ ထွက်ပြေးလမ်းကြောင်းကို မြင်လိုက်ရသောအခါ သူမက ရပ်တန့်ကာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရန် အေးအေးဆေးဆေး ပြင်ဆင်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ချင်ကျန်းသည် ရွှယ်အန်းရှိနေသောဘက်သို့ အမှန်တကယ် ဦးတည်နေသောကြောင့်ဖြစ်သည်။

မှန်သည်။ ယဲ့ချင်ကျန်းကိုယ်တိုင်က ယင်းကို မသိခဲ့ပေ။

ရှောင်ရှက သူ့ အနောက်မှ မလိုက်နိုင်တော့ဟု ခံစားလိုက်ရသောအခါ သူ အလွန် ဝမ်းသာသွားမိသည်။

ငါ အခြေစိုက်စခန်းကို ပြန်ရောက်နာမဲ့ မင်းကို ဖိနှိပ်ဖို့ နည်းလမ်းရှာပြီး ကောင်းကောင်း ပျော်ပါးပစ်မယ်။

ယဲ့ချင်ကျန်းက စိတ်ထဲတွင် ကြံစည်ကာ ရွှယ်အန်းအနီးသို့ ပြေးသွား၍ စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဖယ်စမ်းပါ"

သူ့အမြင်တွင် ဤအဖွဲ့ထဲ၌ ကြောက်မက်ဖွယ်အကောင်းဆုံးမှာ ရှောင်ရှဖြစ်၍ သူမအပြင် မည်သူ့ကိုမှ မကြောက်ပေ။

သို့သော် သူကလက်ကို တစ်ဝက်ထိသာ ဝှေ့ယမ်းနိုင်ခဲ့စဉ် သူ့လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်ခြင်းခံလိုက်ရကြောင်း ခံစားလိုက်ရသည်။

ယဲ့ချင်ကျန်းက ဒေါသတကြီးဖြစ်ကာ လွတ်မြောက်ရန် ကြိုးစားခဲ့သည်။

သို့သော် ထိုအချိန်တွင် ရွှယ်အန်းက အေးစက်စွာပြောလိုက်၏။

“မလှုပ်နဲ့”

ယဲ့ချင်ကျန်းက နာခံမှုရှိစွာဖြင့် ငြိမ်နေလိုက်သည်။

အမှန်မှာ သူ၏ ကျင့်ကြံရေး အဆင့်နှင့် မျိုးရိုးစွမ်းအင် အားလုံးကို ထိုစကားလုံးဖြင့် စည်းချိပ်ခတ်လိုက်သည်ကို သူသိလိုက်ရသောကြောင့်သာဖြစ်၏။

အခန်း(၃၅၁) နတ်ဆိုးနဂါးတပ်မှုး

"သက်ညှာပေးပါ... ကျွန်တော့်အသက်ကို သက်ညှာပေးပါ"

ယဲ့ချင်ကျန်းက စကားပြောရန် ရုန်းကန်လျက် သူ့မျက်လုံးများတွင် ရိုသေမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ စကားတစ်ခွန်းတည်းဖြင့် ဤသူသည် သူ၏ ကျင့်ကြံရေးအဆင့်တစ်ခုလုံးကို ချိတ်ပိတ်လိုက်နိုင်ခြင်းကိုကြည့်လျှင် ထိုသူ၏ ကျင့်ကြံရေးအဆင့်က မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို သိနိုင်သည်။

ထို့အပြင် ရွှယ်အန်း၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု သို့မဟုတ် ဒေါသအရိပ်အယောင် အနည်းငယ်မျှ မတွေ့ခဲ့ရပေ။

သို့သော် ယင်းက ပို၏ ကြောက်ချင်စဖွယ်ကောင်းနေ၏။

"အခုငါ မေးမယ်။ မင်းဖြေ။ လိမ်တာသိရရင် ငါ မင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ် နားလည်လား" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

ယဲ့ချင်ကျန်က အလျင်အမြန် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

နတ်ဆိုးမျိုးနွယ်စု၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် အထူးသဖြင့်အဆင့်မြင့်သောနတ်ဆိုးတစ်ဦးအနေဖြင့် ရှင်သန်မှုသည် ကြောက်ရွံ့မှုကို သင်ယူကာ နာခံစွာဖြင့် စွမ်းအားကြီးမားသောသူများထံ ကျိုးနွံ့ခြင်းအပေါ်တွင် မူတည်သည်ကို ကောင်းစွာနားလည်ခဲ့သည်။

ထို့ကြောင့် သူသည် အလွန်စွမ်းအားမကြီးလှသည့်တိုင် နတ်ဆိုးတပ်ကို အမိန့်ပေးနိုင်ခြင်းဖြစ်သည်။

ထိုအချိန်တွင် လင်းယုန်ကြီး ဖြည်းညှင်းစွာ ဆင်းသက်လာကာ ရွှယ်အန်းက လက်ကို လွှတ်ကာ ယဲ့ချင်ကျန်းကို မြေပြင်ပေါ်သို့ ပစ်ချကာ လျစ်လျူရှုကာ ပြောလိုက်သည်။

"မင်း ဘယ်နယ်မြေက လာတာလဲ။"

ဤမေးခွန်းကို ကြားသောအခါ အရိုးဖြူမိန်းမပျိုနှင့် အခြားနတ်ဆိုးများက စေ့စေ့နားထောင်ရန် နားရွက်ကို ထောင်လိုက်ကြသည်။

"သခင်ကြီးကို လျှောက်တင်ပါတယ်။ ကျွန်တော်တို့က နတ်ဆိုးနဂါးနယ်မြေက လာတာပါ" ယဲ့ချင်ကျန်းက လေးစားစွာပြောသည်။

"နတ်ဆိုးနဂါးနယ်မြေဟုတ်လား ဒါဆို မင်းရာထူးက ဘာလဲ၊ တပ်မှူးလား တပ်မှူးချုပ်လား" ရွှယ်အန်းက အေးဆေးစွာ မေးလိုက်သည်။

ရွှယ်အန်း၏မေးမြန်းမှုတွင် ယဲ့ချင်ကျန်းက ပြင်းထန်စွာ တုန်လှုပ်သွားသဖြင့် ရွှယ်အန်းကို မယုံကြည်နိုင်စွာ ကြည့်ရန် ခေါင်းကို မော့လိုက်သည်။

ရွှယ်အန်းမေးမြန်းခဲ့သည့်အရာမှာ နတ်ဆိုးနဂါးနယ်မြေ၏ အဆင့်ဆင့်သတ်မှတ်ပုံဖြစ်သည်။

‘ဒါတွေကို သူဘယ်လိုသိနိုင်မှာလဲ’

ယဲ့ချင်ကျန်းက လုံးလုံးလျားလျား ထိတ်လန့်သွားသည်။

"သခင်ကြီးကို လျှောက်တင်ပါတယ် ကျွန်တော်မျိုးက နတ်ဆိုးနဂါတပ်မှုးပါ"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူ နတ်ဘုရားဖြစ်ခဲ့စဉ်က အနန္တစကြဝဌာကို ကိုဖြတ်သန်းသွားလာစဉ်တွင် နတ်ဆိုးနဂါးသူတော်စင်သခင်အနည်းငယ်ကို သတ်ခဲ့ဖူးသည်။ ထို့ကြောင့် နတ်ဆိုးနဂါးနယ်မြေတွင် ဖြစ်ပျက်သမျှကို သူအတိအကျသိသည်။

ရိုးရှင်းစွာပြောရလျှင် ဤ နတ်ဆိုးနဂါးများသည် စစ်မှန်သော နဂါးမျိုးနွယ်စုနှင့် မတူဘဲ အင်းဆက်မျိုးနွယ်စုနှင့် ဆင်တူကာ ၎င်းတို့၏ အမိန့်အောက်တွင်ရှိသော နတ်ဆိုးအရေအတွက်က အလွန်အမင်း အရေးပါသည့် အချက်ဖြစ်သည်။

ထို့ကြောင့် နတ်ဆိုးနဂါးနယ်မြေတွင် နတ်ဆိုးနဂါး၏ အစွမ်းသတ္တိကို သတ်မှတ်ရန်အတွက် ၎င်းတို့၏ ကျင့်ကြံရေးအဆင့်သာမက နတ်ဆိုးမည်မျှကို အမိန့်ပေးနိုင်သည်ကိုလည်း ကြည့်ကြသည်။

တပ်မှူးတစ်ယောက်သည် နတ်ဆိုးတပ်တစ်ခု၊ တပ်မှုးချုပ်ဆယ်ဦးနှင့် အခြားအဆင့်များကို အုပ်ချုပ်ရသည်။

သူတော်စင်သခင်အဆင့်သို့ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အခြေခံအားဖြင့် နတ်ဆိုးနဂါးနယ်မြေတစ်ခုလုံးတွင် ဩဇာအရှိဆုံးပုဂ္ဂိုလ်များဖြစ်လာသည်။

သို့သော် ယဲ့ချင်ကျန်းက တပ်မှုးအသေးစားမျှသာဖြစ်သဖြင့် ရာထူးကြီးသော နတ်ဆိုးနဂါးများနှင့် အဆက်အသွယ်မရှိမည်မှာ ထင်ရှားသည်။

"ဒါဆို မင်း ဒီနယ်မြေကို ဘာရည်ရွယ်ချက်နဲ့လာတာလဲ"

ထိုစကားကြောင့် ယဲ့ချင်ကျန်းက ခါးသက်စွာရယ်မောလိုက်သည်။

"သခင်ကြီး ကျွန်တော်က တပ်မှူးတစ်ယောက်ပါပဲ အချို့ကိစ္စတွေပို ဘယ်လိုသိနိုင်ပါ့မလဲ ဒါပေမယ့် တပ်မှူးချုပ်ဆီကရထားတဲ့ အချက်အရ ကျွန်တော်တို့ ဒီနယ်ပယ်ကို ရောက်လာတာဟာ လုံးဝ မတော်တဆပါပဲ"

"နတ်ဆိုးမျိုးနွယ်စုရှင်သန်ဖို့ သင့်တော်တဲ့ ဒီလျှို့ဝှက်နယ်မြေက ဒီလောက်ကျယ်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အဲ့တာကို ကိုယ်တိုင်သိမ်းပိုက်ဖို့ အခွင့်အရေးယူခဲ့ပါတယ် ဒါပါပဲ"

ယဲ့ချင်ကျန်းက ဤသို့ပြောလာသည်ကို ကြားသောအခါ အရိုးဖြူမိန်းမပျိုနှင့် တခြားနတ်ဆိုးများက ဒေါသတကြီး စိုက်ကြည့်နေကြသည်။ ရွှယ်အန်းရောက်ရှိနေခြင်းကြောင့်သာ မဟုတ်ပါက ၎င်းတို့သည် မိမိတို့ကို ရိုက်နှက်၍ အရှင်လတ်လတ် ဝါးမျိုသွားပေလိမ့်မည်။

ဤသည်ကိုကြားသောအခါ ရွှယ်အန်းက တိတ်ဆိတ်သွားသည်။

ဤ နတ်ဆိုးနဂါးများထွက်ပေါ်လာမှုက တိုက်ဆိုင်လွန်းသောကြောင့်သာ သူမေးခဲ့ခြင်းဖြစ်သည်။

ခဏမျှစဉ်းစားပြီးနောက် ရွှယ်အန်းက မေး၏။

“ရေသားရဲမျိုးနွယ်စုက မင်းသမီး ကျန်းမေ့အာနဲ့ မင်းဖမ်းထားတဲ့ နတ်ဆိုးတွေရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ"

စိတ်လှုပ်ရှားစွာဖြင့် မြေခွေးအကြီးအကဲက ရှေ့သို့ထွက်လာကာ တုန်ယင်စွာပြောလိုက်သည်။

“ဟုတ်တယ် အခု မြေခွေရမျိုးနွယ်စုက ဘာဖြစ်သွားလဲ”

"သခင်ကြီး အဲ့နတ်ဆိုးတွေနဲ့ အဆက်အသွယ်မရသေးပါဘူး၊ ဒါပေမယ့် သူတို့အားလုံးကို ထောင်ချထားတယ်ထင်ပါတယ်"

"ဒါဆို အခု အဆင်ပြေနေလား" ရွှယ်အန်းက မေးသည်။

"သူတို့ အဆင်ပြေလောက်ပါတယ်"

"ကမ္ဘာကလာတဲ့ သင်္ဘောတစ်စင်းကို မြင်ဖူးလား"

"ကမ္ဘာကနေ…" ယဲ့ချင်ကျန်းက ယင်း၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည်ပေ။

ရွှယ်အန်းသည် လက်ဝှေ့ယမ်းကာဇိမ်ခံသင်္ဘော၏အသွင်အပြင်ကို ပြသသည့် ပုံရိပ်တစ်ခုကို ပုံဖော်ခဲ့သည်။

"ဒီလိုသင်္ဘောမျိုးကို မင်းအရင်ကမြင်ဖူးလား"

ယဲ့ချင်ကျန်းက အချိန်အတန်ကြာစဉ်းစား၍ ခေါင်းညိတ်လိုက်သည်။

"မြင်ဖူးပါတယ် ဒါပေမယ့် ဒါက တပ်မှူးချုပ်ရဲ့ လက်အောက်ခံ ကျင်ကျင်းက ဖမ်းထားတဲ့ သုံ့ပန်းသင်္ဘောပါ"

ရွှယ်အန်းက သူ့နှလုံးသားထဲတွင် နစ်မြုပ်သွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ဝေ့ရူယန်က အမှန်ပင် ဤလောကသို့ ပြန်ပေးဆွဲခံခဲ့ရပုံရသည်။

"ဒီသာမန်အမျိုးသမီးတွေကို ဘာလို့ အကျဉ်းသားအဖြစ် ချုပ်နှောင်ထားတာလဲ" ရှောင်ရှက ဘေးမှမေးလိုက်သည်။

ယဲ့ချင်ကျန်းက အယုံအကြည်မရှိသော အပြုံးဖြင့် လှောင်ရယ်လိုက်သည်။

"လက်သည်းငါးချောင်းအရှင်မ လူသားအမျိုးသမီးတွေက နတ်ဆိုးနဂါးတွေအတွက် အရမ်းဆွဲဆောင်မှုရှိပါတယ်။ ဒါ့ကြောင့် ဒီအမျိုးသမီးတွေကို နတ်ဆိုးနဂါးအမျိုးမျိုးရဲ့ ကျွန်အဖြစ် ပေးအပ်ကြမှာပါ"

သူ့ပါးစပ်မှ ထိုစကားများထွက်လာပြီး မကြာမီ၌ ရှောင်ရှ၏မျက်ခုံးမွှေးများက ဒေါသတကြီး ကွေးညွတ်သွားသည်။

“သေစမ်း နင်တို့ နှာဘူး တဏှာရူး လုရှုပ်တွေ တကယ်သေသင့်တယ်"

ယဲ့ချင်ကျန်းက ရုတ်တရက် အဆူခံရသဖြင့် အနည်းငယ် စိတ်ရှုပ်သွားသည်။

‘သူတို့က လူသားမိန်းမတွေပဲဟာကို ဘာအရေးလဲ’

သို့သော် ရွှယ်အန်းကို လှည့်ကြည့်လိုက်သောအခါ သူအလွန် ထိတ်လန့်သွားသည်။

ရွှယ်အန်း၏ အမူအရာက အလွန် ကြောက်မက်ဖွယ် ကြမ်းတမ်းလာစည်။ လေထုက တင်းမာလာကာ ချွေးစေးများဖြင့် ဖုံးလွှမ်းနေသော ယဲ့ချင်ကျန်းက တုန်တုန်ယင်ယင်ပြောလိုက်သည်။

“အ…အရှင် မေးချင်တာ ရှိသေးလား”

ရွှယ်အန်းက အေးစက်စွာပြောသည်။

"ရောက်လာတော့မယ့် သခင်ငယ်ဆိုတဲ့သူက ဘယ်သူလဲ"

ယဲ့ချင်ကျန်းက ဤကိစ္စကို ရွှယ်အန်းသိလိမ့်မည်ဟု မထင်ထားသဖြင့် ဖြူဖျော့သွားကာ ကြောက်လန့်သွားသည်။

“အဲတာ… သူတော်စင်သခင်ရဲ့တရားဝင်သားပဲ”

ထိုသို့ပြောပြီးနောက် ယဲ့ချင်ကျန်းက ရွှယ်အန်း၏ ကြမ်းတမ်းသောအမူအရာကိုမြင်သဖြင့် ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။

"နတ်ဆိုးမျိုးနွယ်က ဖမ်းထားတဲ့သူတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ မဆုံးဖြတ်ခင် သခင်လေးရောက်လာမယ့်အချိန်ကို စောင့်နေကြတာပါ”

"သူဘယ်အချိန်ရောက်လာမှာလဲ"

"သခင်လေးက ရက်အနည်းငယ်အတွင်း ရောက်လာမယ်လို ပင်မစခန်းက ကြားလိုက်ရသေးတယ်ဆိုတော့ ဒီ ရက်အနည်းငယ်အတွင်း ရောက်လောက်မယ် အရှင်" ယဲ့ချင်ကျန်းက ခပ်တိုးတိုးပြောသည်။

"ကောင်းပြီ၊ မင်းက ရိုးသားတာပဲ"

ယဲ့ချင်ကျန်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

အစကတည်းက သူက လိမ်ညာရန် မစဉ်းစားဖူးပေ။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်တွင် လိမ်ညာခြင်းသည် မည်သူကိုမျှ မလှည့်စားနိုင်ပေ။

"ဒါဆို... ကောင်းပါပြီ အရှင် ကျွန်တော်မျိုးကို အခု လွှတ်ပေးနိုင်မလား" ယဲ့ချင်ကျန်းက အပြုံးကြီးပြုံးကာ မေးလိုက်သည်။

"ဒါပေါ့"

ဤမြင်ကွင်းကိုကြည့်၍ အရိုးဖြူမိန်းမပျိုနှင့် နတ်ဆိုးမျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များ အားလုံး စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။

၎င်းတို့အားလုံးက ယဲ့ချင်ကျန်းကို အရှင်လတ်လတ် သတ်ပစ်ချင်ကြသည်။ သို့သော် ရွှယ်အန်းက သူ့ကို ဖမ်းမိသွားသဖြင့် သူ့မှာ သဘာဝအတိုင်း လုပ်ပိုင်ခွင့်ရှိသည်။

၎င်းတို့က ရွှယ်အန်းကိုလည်း မသိကြသောကြောင့် ၎င်းတို့၏ တောင်းဆိုမှုများကိုလည်း အသံထွက်၍ မပြောနိုင်ကြပေ။

ထိုအချိန်တွင် ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ယဲ့ချင်ကျန်းသည် ၎င်း၏ ချိပ်ပိတ်ခံထားရသော ကျင့်ကြံရေးအဆင့်နှင့် သွေးလမ်းကြောင်းက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားသည်ကို ခံစားလိုက်ရသဖြင့် ဝမ်းသာအားရဖြစ်သွားသည်။

"ကျေးဇူးအများကြီးတင်ပါတယ် ဒါဆို ကျွန်တော် သွားပါဦရမယ်"

ထိုသို့ပြော၍ သူထွက်သွားတော့မည့်အခိုက်တွင်

"နေပါဦး" ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်သည်။

ယဲ့ချင်ကျန်းက နေရာတွင် အေးခဲသွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။

“ဟုတိ သခင်ကြီး တခြားဘာလိုသေးလဲ"

ရွှယ်အန်းက သူ၏ ပုလဲဖြူသွားများကိုဖြဲ၍ ပြုံးပြလိုက်သည်။

"ငါ မင်းကို လွှတ်ပေးလိုက်ပြီဆိုပေမယ့် မင်းကို တစ်ယောက်ယောက်က လွှတ်မပေးချင်ဘူးထင်တယ်"

“ရှောင်ရှ ဒီလူက မင်းအတွက်ပဲ"

“မင်း…”

သူစကားမဆုံးခင်တွင် ရှောင်ရှက လက်သီးဖြင့် ထိုးချလိုက်ရာ ယဲ့ချင်ကျန်းလွင့်ထွက်သွားသည်။ ထို့နောက် သူမြေပြင်ပေါ်သို့ ပြန်မကျခင်တွင် ရှောင်ရှသည် သူကျမည့် ဆင်းသက်ရာနေရာ၌ ပေါ်လာပြီးနောက် လက်သီးများကိုဆုတ်ကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ထိုးချလိုက်သည်။

နောက်ဆက်တွဲအနေဖြင့် ရှောင်ရှ၏ တစ်ကိုယ်တော် ဖျော်ဖြေမှုမှာ ယဲ့ချင်ကျန်းကို မြေပြင်မှ ကောင်းကင်ပေါ်သို့ ထိုး၍ ကောင်းကင်မှ မြေပြင်သို့ ပြန်ထိုးခြင်းပင်ဖြစ်သည်။

နောက်ဆုံးတွင် ယဲ့ချင်ကျန်းသည် အသက်မရှူနိုင်တော့သည်အထိ အထိုးခံခဲ့ရသည်။

"သူ့ကိုမျိုချလိုက်” ရွှယ်အန်းက ဘာသိဘာသာ ပြောလိုက်၏။

အခန်း(၅၁၆) မျိုးဆက်

ရွှယ်အန်းသည် ရှောင်ရှကို ယဲ့ချင်ကျန်း၏ တစ်ကိုယ်လုံးကို မစားစေချင်သည်မှာ သေချာသည်။ ကျောက်လုံ၏ မွေးရာပါ စွမ်းရည်ကို အသုံးပြုကာ ယဲ့ချင်ကျန်း၏ ကျင့်ကြံရေး အဆင့်နှင့် သွေးသား နှစ်မျိုးလုံးကို စုပ်ယူစေချင်ခြင်းဖြစ်သည်။

ညွှန်ကြားချက်များအတိုင်း ရှောင်ရှက သူမ၏ နတ်စွမ်းရည်ကို တိတ်တဆိတ်အသက်သွင်းလိုက်ရာ ရုတ်တရက် သူ၏မျက်လုံးများကြားမှ နက်နဲ အေးစက်သောအလင်းတန်းနှစ်ခု လင်းလက်လာသည်။

ယဲ့ချင်ကျန်းက သူ့သွေးများ အထိန်းအကွပ်မဲ့စွာ တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရကာ အလွန်အမင်း ကြောက်လန့်တကြား ထအော်လိုက်သည်။

"မဟုတ်ဘူး... ကျေးဇူးပြုပြီး မလုပ်ပါနဲ့ သခင်၊ နောက်တစ်ခါ ထပ်မလုပ်ရဲတော့ဘူး"

သို့သော် အလွန်နောက်ကျသွားခဲ့သည်။ ခဏအကြာတွင် ယဲ့ချင်ကျန်း၏အော်သံများ ရုတ်တရက် ရပ်တန့်သွားသည်။

စူးရှတောက်ပသော အလင်းတန်းများ ထုတ်လွှတ်နေသည့် နဂါးငယ်လေးသည် ယဲ့ချင်ကျန်း၏၏နဖူးအထက်မှ ပျံထွက်သွားကာ ရှောင်ရှ၏ တိုက်ရိုက်ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ဤသို့ဖြင့် နတ်ဆိုးမျိုးနွယ်စု၏ အဖွဲ့ဝင်အများအပြားကိုသတ်ရန် သူ၏တပ်များကို ဦး ဆောင်ခဲ့သော နတ်ဆိုးနဂါးသခင်သည် လုံးဝပျက်ဆီးသွားခဲ့သည်။

မြင်ကွင်းက တိတ်ဆိတ်သွားသည်။

မည်သူမျှ သတိမပြုမိဘဲ ကောင်းကင်ယံကို တိမ်မည်းများ ဖုံးအုပ်သွားရာ မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်များ လွင့်ပျံလာခဲ့သည်။ အရိုးဖြူမိန်မးပျိုနှင့် သူမ၏ လက်အောက်ငယ်သားများက အကြည့်ချင်းဖလှယ်၍ အသက်ပြင်းပြင်းရှူကာ ရှေ့သို့ တိုးသွားကြသည်။

“ဒီကသခင်… အကူအညီအတွက် ကျေးဇူးတင်ပါတယ်”

ရွှယ်အန်းက အရိုးဖြူမိန်းမပျိုကို ကြည့်လိုက်သည်။

"ဒါဟာ အသေးအဖွဲပဲမို့ ကျေးဇူးတင်စရာ မလိုပါဘူး"

အသေးအဖွဲ...

အရိုးဖြူမိန်းမပျိုက ခါးသက်စွာ ပြုံးလိုက်သည်။

အခြားသူများအတွက် ရိုးရှင်းသောအားထုတ်မှုတစ်ခုက သူမနှင့်သူမ၏လူများကို အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။

ထိုအချိန်တွင် ရှောင်ရှက လျှာသပ်ကာ လမ်းလျှောက်၍ ပြန်လာခဲ့သည်။

"မမကျောက်လုံ အရသာရှိရဲ့လား” ရှောင်းယွီက မေးသည်။

ရှေသူ့မကို စူးစူးဝါးဝါးပြောလိုက်၏။

"မင်းစားဖို့ပဲ စဉ်းစားနေတာလား"

"သမီး ဗိုက်ဆာလို့ မေးလိုက်တာပါ"

အေးစက်သော နှာချေမှုတ်သံနှင့်အတူ ရှောင်ရှက ရှေ့သို့ လျှောက်သွားကာ ခြေလှမ်းအနည်းငယ်ကြာပြီးနောက် တစ်စုံတစ်ခုကို နောက်သို့ ပစ်ချလိုက်သည်။

ရှောင်းယွိ ဖမ်းမိလိုက်သောအခါတွင် အစားအသောက်ထုပ်တစ်ခုဖြစ်ကြောင်း သူမသိလိုက်ကာ ခဏတာ အံ့အားသင့်သွားသည်။

"ငါထွက်လာတုန်းက နည်းနည်းယူလာတယ်၊ စား" ရှောင်ရှ၏ အသံထွက်လာသည်။

ရှောင်းယွီ၏အမူအရာမှာ ထိတ်လန့်ခြင်းမှ ဝမ်းသာအားရအဖြစ်သို့ ပြောင်းလဲသွားကာ သူမက အားတက်သရော ခေါင်းညိတ်လိုက်သည်။

"အွန်း…. ကျေးဇူးတင်ပါတယ် မမကျောက်လုံ"

ထိုသို့ပြောပြီးနောက် သူမက အထုပ်ကို စိတ်အားထက်သန်စွာဖွင့်ကာ အစာများကို စတင်မျိုချလိုက်သည်။

"အရသာရှိလား" ရှောင်ရှက ပြုံး၍ လှည့်ကြည့်လိုက်သည်။

ရှောင်းယွိသည် သူမ၏ပါးပြင်များဖောင်းလုသည်အထိ အပြည့် သွပ်ထားလိုက်သော်လည်း ရှောင်ရှ၏မေးခွန်းကြောင့် အမြန် ခေါင်းညိတ်ကာ ပါးစပ်ထဲမှ အစားအစာများကို အသည်းအသန်မျိုချလိုက်သည်။

"အရသာရှိလိုက်တာ၊ မမကျောက်လုံ ဒါက ဘာလဲ။"

"ဟဲဟဲ၊ အဲ့တာ ရေဘဝဲခြောက်" ရှောင်ရှက တခစ်ခစ်ရယ်ကာ ပြောလိုက်သည်။

ရှောင်းယွီ အေးခဲသွားသည်။

“ရေဘဝဲခြောက်လား"

“ဟုတ်တယ်”

မျက်ရည်များက ရှောင်းယွီ၏ ပြူးကျယ်သော မျက်လုံးများကို လျင်မြန်စွာ ဖုံးလွှမ်းသွားကာ ငိုချတော့မည်ဖြစ်ကြောင်း မြင်နေရသည်။ ရှောင်ရှက ဤမြင်ကွင်းကိုမြင်ရလျှင် ကျေနပ်အားရမိမည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်ဖြစ်ပျက်လာသောအခါတွင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရကာ လည်ချောင်းကို အနည်းငယ်ရှင်းလိုက်သည်။

“အင်း…ဒီ…”

ရှောင်ရှက ယင်းမှာ ကင်းမွန်ခြောက်မဟုတ်ဘဲ အမှန်တကယ်တွင် အမဲသားဖြင့်ပြုလုပ်ထားသည့် မုန့်တစ်ခုဖြစ်ကြောင်း ရှင်းပြချင်နေသည်။ သို့သော် ရှောင်းယွီမှ စိတ်မကောင်းဖြစ်သည့် အသံဖြင့် ပြောလာသောစကားကြောင့် သူမ အံ့အားသင့်သွားရသည်။

"ဒါဆို သမီးအသားက အရမ်းအရသာရှိတာပေါ့ စောစောကသိခဲ့ရင် ကိုယ်တိုင်စမ်းကြည့်ပါတယ်"

ရှောင်ရှသည် ရှောင်ယွီကိုကြည့်လျက် အံ့ဩသွားပြီးနောက် ခဏအကြာတွင် ခေါင်းကိုခါကာ ထွက်ခွာသွားခဲ့သည်။

ရှောင်ရှထွက်သွားသည်ကိုမြင်သောအခါ ရှောင်းယွီ၏နှုတ်ခမ်းများက ပါးနပ်စွာကွေးတက်သွားပြီးနောက် ခပ်တိုးတိုးပြောလိုက်သည်။

“ဟွန့် ငါ့ကိုလှည့်စားဖို့ကြိုးစားတာလား၊ ငါ့အသားကို မမြည်းကြည့်ဖူးဘူးထင်နေလား။ ရေဘဝဲခြောက်မဟုတ်ဘူးဆိုတာ ပထမကိုက်ကတည်းက သိတယ် ငါ့ကို လာလိမ်နေတုန်းပဲလား”

ရွှယ်အန်းက ယင်းကိုမြင်ပြီးနောက် မနေနိုင်တော့ဘဲ အနည်းငယ်ပြုံးလိုက်မိပြီးမှ အရိုးဖြူမိန်းမဖြူနှင့် နတ်ဆိုးမျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များကို လှည့်ကြည့်လိုက်သည်။

"အခု မင်းဘာအစီအစဉ်ရှိလဲ"

“ရိုးရှင်းပါတယ် ကျွန်မတို့ဒဏ်ရာတွေကိုကုသရမယ်"

“ဒဏ်ရာတွေကိုကုသဖို့ပဲလား”

“သခင် ဘာကိုဆိုလိုတာလဲ…”

"လက်စားမချေချင်ဘူးလား…ဆုံးရှုံးလိုက်ရတဲ့မြေကို ပြန်မလိုချင်ဘူးလား"

ရွှယ်အန်း၏စကားကြောင့် နတ်ဆိုးမျိုးနွယ်ဝင်အားလုံးအေးခဲသွားကြသည်။

“ဒါပေါ့.. ပြန်လိုချင်တာပေါ့”

အရိုးဖြူမိန်းမပျိုက လေးနက်စွာပြောပြီးသည်နှင့်ချက်ချင်း သူမ၏အမူအရာက မှိန်ဖျော့သွားသည်။

“ဒါပေမယ့် ကျွန်မတို့ရဲ့လက်ရှိအင်အားနဲ့ လက်စားချေဖို့နဲ့ ဆုံးရှုံးသွားတဲ့မြေကို ပြန်ရဖို့နေနေသာသာ အခုရှိနေတဲ့နယ်မြေကို ဆက်ပြီးထိန်းသိမ်းထားဖို့တောင်ခက်တယ်"

နတ်ဆိုးများအားလုံးလည်း စိတ်ဓာတ်ကျနေပုံရသည်။

ဤတစ်ကြိမ်တွင် ၎င်းတို့သည် အသေအပျောက်များစွာကြုံခဲ့ရကာ အလွန်အင်အားနည်းသွားရသဖြင့် ပြန်လည်တည်ဆောက်ရန်အနည်းဆုံး နှစ်တစ်ရာခန့် အချိန်ယူရပေဦးမည်ဖြစ်သည်။

“ဒါ… ငါမင်းကို ကူညီပေးနိုင်တယ်” ရွှယ်အန်းက အေးဆေးပေါ့ပါးစွာပြော၏။

အရိုးဖြူမိန်းမပျိုအံ့သြသွားပြီးနောက် မျက်လုံးများ တဖြည်းဖြည်းတောက်ပလာသည်။

“အရှင့်ကျင့်ကြံရေးအဆင့်က အရမ်းမြင့်မြတ်ပါတယ်။ ကျွန်မတို့ကို အရှင်ကူညီပေးရင် အရမ်းကောင်းမှာပါ။ ဒါပေမယ့် အရှင်က တစ်ယောက်တည်းရယ်… တစ်ဖက်ကရန်သူတွေက နတ်ဆိုးတွေနဲ့ မွန်းစတားတွေအများကြီးပါပဲ။ ကျွန်မတို့ ဘယ်လို ကိုင်တွယ်နိုင်ပါ့မလဲ”

ရွှယ်အန်းက ခပ်ပါးပါးပြုံး၍ ရှောင်ရှကို မေးလိုက်သည်။

“မင်း အစာကြေသွားပြီလား”

ရှောင်ရှက ခေါင်းညိတ်လိုက်သည်။

“ဒါဆို သူ့ပုံပြောင်းလိုက်”

ရွှယ်အန်း၏အမိန့်ကို ခံယူပြီးနောက် ရှောင်ရှက စတင်၍ အသွင်ပြောင်းခဲ့ရာ ခဏအကြာတွင် ယဲ့ချင်ကျန်းအဖြစ် သိသိသာသာပြောင်းလဲသွားသည်။ သူမသည် ယခုအခိုက်၌ သူနှင့် အမူအရာတူရုံသာမက အလေ့အကျင့်နှင့်ရောင်ဝါပင်တူသွားပြီဖြစ်သည်။

အရိုးဖြူမိန်းမပျိုက ဤမြင်ကွင်းကိုကြည့်ကာ ထိတ်လန့်သွားသည်။

“ရှောင်ရှက သူ့ကိုယ်သူ နတ်ဆိုးနဂါးတပ်မှုးအဖြစ်အသွင်ပြောင်းပြီးတော့ နတ်ဆိုးတပ်တွေထဲဝင်သွားလိမ့်မယ်။ ပြီးတော့ မင်းက သူ့နတ်ဆိုးတပ်တွေထဲမှာ အယောင်ဆောင်ပြီးဝင်မယ်။ နောက်ဆုံး အတူတူ လက်စားချေကြမယ်။ ဒါကို လက်ခံနိုင်လား”

နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များအားလုံး နှုတ်ဆိတ်နေခဲ့သည်။

ခဏအကြာတွင် အရိုးဖြူမိန်းမပျိုက ရှေ့သို့ လှမ်း၍ ဦးညွှတ်လိုက်၏။

“သခင့်ရဲ့အကြံကို လိုက်နာပါတယ်”

ဝေ့ရူယန်က မြေသားနံရံတွင် နောက်ထပ် အမှတ်အသားတစ်ခုကို ခြစ်လိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။

“ဒါ…အစ်မတို့ အဖမ်းခံရတဲ့ လေးရက်မြောက်နေ့ပဲ”

ထိုင်နေသော ရှဲ့ကျင်းကျင်းက နံရံကိုမှီ၍ ခဏအကြာတွင် ရေရွတ်လိုက်သည်။

“ရူယန် ညီမလေးတို့ ထွက်လို့ရပါဦးမလား”

“သေချာပေါက် ထွက်လို့ရတယ်”

ဝေ့ရူယန်က စိတ်ဓာတ်ပြတ်သားနေသော်လည်း ရှဲ့ကျင်းကျင်းကမူ ခေါင်းငုံ့ကာ တိတ်ဆိတ်နေသည်။

“မကြောက်ပါနဲ့။ ရူယန်ရှိတယ်။ အစ်မတို့ ဒါကို သေချာပေါက် အသက်ရှင်ပြီးကျော်လွှားနိုင်မှာပါ”

ထိုအချိန်တွင် အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ အော်သံနှင့် အော်ဟစ်သံများကို ကြားလိုက်ရသည်။

ထို့နောက် နတ်ဆိုးနဂါး၏ မာနကြီးသော ရယ်မောသံကို ကြားလိုက်ရသည်။

“ဒီကောင်မက မဆိုးဘူးပဲ။ အသားအရည်လေးကလည်း နူးညံ့အိစက်နေတာပဲ”

ထောင်မှူးက မျက်နှာချိုသွေးကာ ရယ်မောလိုက်သည်။

“နတ်ဆိုးနဂါးသခင်က တကယ့်ကို စွမ်းအားကြီးပါပေတယ်။ ဒါ.. အရှင် ရွေးတဲ့ ငါးယောက်မြောက်ဖြစ်ရမယ်မလား”

“အဟက် ဘာလို့လဲဆိုတော့ အရင်လေးယောက်က သိပ်အကြမ်းမခံနိုင်ကြလို့လေ” နတ်ဆိုးနဂါးက ဂုဏ်ယူစွာပြောသည်။

ထိုသို့ပြော၍ ထိုနတ်ဆိုးများသည်လည်း ဝေ့ရူယန်နှင့်ရှဲ့ကျင်းကျင်းချုပ်နှောင်ထားသည့်အကျဥ်းခန်းကို ဖြတ်လျှောက်သွားကြသည်။

ရှဲ့ကျင်းကျင်းက နတ်ဆိုးနဂါး၏ပခုံးပေါ်တွင်သယ်ထားသော မိန်းကလေး၏ မျက်လုံးများကို ကြည့်လိုက်သည်။

‘သူ့မျက်လုံးတွေက ဘာဖြစ်နေတာလဲ’

‘သေသွားသလိုပဲ အသက်မရှိတော့သလိုပဲ’

ရှဲ့ကျင်းကျင်း၏တစ်ကိုယ်လုံး အေးစက်သွားသည့်အလား ခံစားလိုက်ရကာ နတ်ဆိုးများထွက်သွားပြီးသည့်တိုင် ထိုမျက်လုံးများကို သူမ ခေါင်းထဲမှ ထုတ်၍ မရသေးပေ။

ဝေ့ရူယန်သည် ရှဲ့ကျင်းကျင်းတစ်ခုခုဖြစ်နေသည်ကို သတိထားမိသဖြင့် ညင်သာစွာဖြင့် ကျောကို ပွတ်သပ်လိုက်သည်။

“မကြောက်နဲ့ အစ်မရှိတယ်။ မကြောက်နဲ့နော်”

ရှဲ့ကျင်းကျင်းက ဖြည်းညှင်းစွာ အသက်ရှူလိုက်သည်။

“ရူယန် ညီမလေးသေမှာကို မကြောက်ဘူး။ ညီမလေးတကယ်ကြောက်တာက… ဒီနတ်ဆိုးတွေအတွက် ကစားစရာဖြစ်လာမှာကိုပဲ”

ဤသို့ပြော၍ ရှဲ့ကျင်းကျင်းက ဝေ့ရူယန်၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ ကြင်နာသော ျမျက်လုံးများဖြင့် သူမကို ကြည့်လိုက်သည်။

“ရူယန် အဲ့အချိန်ရောက်သွားရင် ညီမလေးကို သတ်ပေးရမယ်နော်”

ရူယန်ကရှဲ့ကျင်းကျင်းကို ကြည့်နေ၍ အချိန်အတန်ကြာမှ နူးညံ့စွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ”

All Chapters