← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း(၅၂၀) ငါမင်းကို မေးခွန်းတစ်ခုမေးတိုင်း ဘာလို့ ငတုံးလိုလုပ်နေတာလဲ

‌ရှောင်ရှက သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။

“မင်းတစ်ယောက်တည်းက ဒီက နတ်ဆိုးစစ်သားလား”

နတ်ဆိုးစစ်သား၏ တုံ့ပြန်မှုက သိသိသာသာ နှေးကွေးနေပေသည်။

“ဟင်”

“ငါဆိုလိုတာက.. ဒီမှာ တာဝန်ထမ်းဆောင်နေတာ မင်းတစ်ယောက်တည်းလား” ရှောင်ရှက သူမ၏ အသံကိုမြှင့်လိုက်သည်။

"အို… သခင်က စားချင်လို့လား”

ရှောင်ရှ- “...”

ဤအခိုက်အတန့်တွင် အရိုးဖြူမိန်းမပျိုက အနည်းငယ်အံ့သြသွားသည်။ အလွန် အင်အားကောင်း ပုံပေါ်သော နတ်ဆိုးမျိုးနွယ်စု၏ စွမ်းအားကြီးမားသော တပ်မှုးသည် နောက်ကွယ်တွင် ဤမျှ သနားစရာကောင်းသော ဘဝတစ်ခု ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။

ထိုအချိန်တွင် အပြင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အသံကိုကြားလိုက်ရသည်။

‌ရှောင်ရှက သွားကြည့်ရန် မထရသေးခင်တွင် ကောင်စီခန်းမတံခါးကို တစ်စုံတစ်ဦးက ကန်ဖွင့်လိုက်သည်။ ထို့နောက် တင်းမာအေးစက်သော မျက်နှာနှင့်လူတစ်ယောက်က ဖြည်းညှင်းစွာဝင်လာသည်။ သူ့နောက်တွင် အရပ်ရှည်၍ ထွားကြိုင်းသော နတ်ဆိုးစစ်သားတစ်ဒါဇင်ကျော် လိုက်ပါလာသည်။ ၎င်းတို့သည် လက်ရွေးစင်များအနက် လက်ရွေးစင်များဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။

ရှောင်ရှက အနည်းငယ်ထိတ်လန့်သွားသည်။ သူမသည် ယဲ့ချင်ကျန်း၏ မှတ်ဉာဏ်များအားလုံးကို စုပ်ယူထားသောကြောင့် ဝင်လာသောသူကို ချက်ချင်း သတိထားမိခဲ့သည်။

လက်ဝဲတောင်ပံနတ်ဆိုးတပ်မှုး ယန်ချင့်ခန်

နှစ်ယောက်စလုံးသည် နတ်ဆိုးနဂါးနယ်မြေ၏ သခင်များဖြစ်သော်ငြားလည်း ဤယန်ချင့်ခန်၏ ကျင့်ကြံရေးအဆင့်နှင့် သူ၏ လက်အောက်ငယ်သားများ၏ အစွမ်းအစအရ ယဲ့ချင်ကျန်းထက် များစွာသာလွန်သည်။

ထို့အပြင် ရှောင်ရှသည် ယန်ချင့်ခန်က အနိုင်ကျင့်ခဲ့သည့် ယဲ့ချင်ကျန်း၏ မှတ်ဉာဏ်မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရသည်။

ဒီကောင်က ဘာလာလုက်တာလဲ။

ရှောင်ရှက ငြိမ်ကြည့်နေသည်။

ထို့နောက်တွင် ယန်ချင့်ခန်သည် ကောင်စီခန်းမတစ်ဝိုက်ကို မထီမဲ့မြင်ပြုသည့်အကြည့်ဖြင့် လှည့်ကြည့်နေသည်ကို တွေ့လိုက်သည်။

“တပ်မှူးယဲ့ ဒီနေ့ တပ်မှုးချုပ်ရှေ့မှာ အစွမ်းအစတွေ ပြခဲ့တယ်ဆို ဟုတ်လား”

ယန်ချင့်ခန်ကို တိတ်တဆိတ် ကြည့်နေရင်းဖြင့် ရှောင်ရှ၏ အမူအရာမှာ အေးစက်နေသည်။

"ယန် မင်းက ငါ့ကို ချီးမွမ်းဖို့ ဒီကိုလာတာလား"

ယန်ချင့်ခန်က လုံးဝ အံ့အားသင့်သွားသည်။ ယခင်က ယဲ့ချင်ကျန်းက ဤသို့မဟုတ်ခဲ့ပေ။

အတိတ်တွင် သူပေါ်လာသည်နှင့် တပြိုင်နက် ယဲ့ချင်ကျန်းသည် ကြောင်တစ်ကောင်ကို မြင်နေရသည့် ကြွက်တစ်ကောင်အလား အလွန်ကြောက်လန့်နေပေလိမ့်မည်။

ထို့ကြောင့် ယန်ချင့်ခန်သည် ယဲ့ချင်ကျန်းကို မကြာခဏ အနိုင်ကျင့်ခဲ့သည်။

မြင့်မားသော အနေအထားမှ ငုံ့ကြည့်ရသည့် ခံစားချက်သည် ရိုးရှင်းစွာပင် ကောင်းမွန်လွန်းသောကြောင့်ပင် ဖြစ်သည်။

အထူးသဖြင့် တစ်ဖက်သူက တပ်မှူးတစ်ဦးဖြစ်သောအခါတွင် ဖြစ်သည်။

သို့သော် ယနေ့ ယဲ့ချင်ကျန်းသည် တပ်မှုးချုပ်ရှေ့တွင် ပြန်ပြောကာ ထိုကဲ့သို့ လေသံဖြင့် ပြောဝံ့မည်ဟု သူ မမျှော်လင့်ထားပေ။

‘အပြင်မှာ တိုက်ပွဲလေးတစ်ခုတည်းတိုက်တာ ဒီကောင်လေးရဲ့ သဘောသဘာဝကို ပြောင်းလဲသွားစေတာလား’

ထိုအချိန်တွင် ကောင်စီခန်းမ၏ တံခါးနှင့် ပြတင်းပေါက် အပြင်ဘက်တွင် နတ်ဆိုးစစ်သား အနည်းငယ် စုရုံးနေပြီဖြစ်သည်။

ဤနတ်ဆိုးတပ်သားများအားလုံးသည် ယဲ့ချင်ကျန်း၏ကွပ်ကဲမှုအောက်တွင်ရှိကြသည်။ သို့သော် ၎င်းတို့က ခေါင်းဆောင်အပေါ် လေးစားမှု အလွန်နည်းပါးသည်။

ထို့ကြောင့် ယန်ချင့်ခန် ရောက်လာသည်ကိုမြင်သောအခါတွင် ၎င်းတို့၏ သခင်က နောက်တစ်ကြိမ်ကံဆိုးတော့မည်ကို အားလုံးသိကြသဖြင့် အားလုံးတိတ်တဆိတ်လိုက်လာကြခြင်းဖြစ်သည်။

ယခုလည်း ၎င်းတို့ကတိတ်တဆိတ် ဆွေးနွေးလျက် အတွင်းမှ အသံများကို အပြင်မှ ခိုးနားထောင်နေကြသည်။

"ငါတို့ သခင်က ဒီတစ်ခါ အရိုက်ခံရပြီးရင် ဘယ်လိုပုံစံနဲ့ အဆုံးသတ်မယ်လို့ မင်းထင်လဲ"

"ဘယ်သူသိမလဲ ဟူးးး ဒီလိုခေါင်းဆောင်တစ်ယောက်ရှိလို့ အရမ်း စိတ်မကောင်းဖြစ်မိတယ်။ သူလည်း တခြားသူတွေရဲ့ အနိုင်ကျင့်ခံရရုံတင်မကဘူး ငါတို့ အပြင်ထွက်တဲ့အခါလည်း ခွဲခြားဆက်ဆံခံရတယ်"

"ငါ့အမြင်အရ ယဲ့ချင်ကျန်းက ​​သုံးရက်လောက် အိပ်ရာထဲက မထနိုင်လောက်အောင် အပြင်းအထန် အရိုက်ခံရနိုင်ခြေရှိတယ်။ သူက မျိူးရင်း နတ်ဆိုးမျိုးနွယ်ကို သွားတိုက်ပြီး သူ့တပ်တစ်တပ်လုံး သုတ်သင်ခံခဲ့ရတယ်လေ။ ဒီလိုအမှားမျိုးကြောင့် သူအရိုက်ခံရတာတောင် ဘယ်သူမှ ဂရုမစိုက်ဘူးလို့ အာမခံနိုင်တယ်"

ယန်ချင့်ခန်နှင့် ရှောင်ရှတို့အကြား စကားများကို ခိုးနားထောင်လျက် နတ်ဆိုးစစ်သားများက ဆွေးနွေးနေကြသည်။

သို့သော် ထိုစကားကိုကြားသောအခါ အားလုံးအံ့ဩသွားကြသည်။

“သေစမ်း ငါပြောတာ မှားနေတာလား ငါတို့သခင်က တပ်မှူးယန်ကို တိုက်ရိုက်ပြန်ပြောဖို့ သတ္တိရှိလို့လား"

"ရှုးးး တိတ်တိတ်နေ ပြန်ပြောတော့ရော ဘာအသုံးဝင်လို့လဲ သူက တပ်မှူးယန်ကို မအနိုင်ယူနိုင်ဘူး၊ သူ့အော်သံကို ကြားရတဲ့အထိ စောင့်ရုံပဲ"

ထိုအချိန်တွင် ယန်ချင့်ခန်၏စိတ်က လျင်မြန်စွာ ပြောင်ရလဲ၍ ဖြည်းညှင်းစွာဖြင့် စတင် လှောင်ပြောင်လိုက်သည်။

"တပ်မှူးယဲ့ရဲ့ ခွန်အားက အခုနောက်ပိုင်း သိပ်မတိုးတက်ဘူးထင်ရပေမယ့် သူ့ဒေါသကတော့ အများကြီး တိုးလာနေတာပဲ။ လူကြီးမင်းက မင်းအတွက် အသနားခံပေးထားတာကြောင့် မင်းမှာ အခု အားကိုးစရာ တစ်ယောက်ယောက်ရှိနေပြီလို့ထင်နေတာလား။ ငါ့မျက်လုံးထဲမှာတော့ မင်းကို ပိုးကောင်ထက် မပိုဘူးလို့ပြောလိုက်မယ်"

ဤစကားများက အလွန် နားခါးဖွယ်ကောင်းလှကာ ရှောင်ရှက နားထောင်ပြီးနောက် ခေါင်းညိမ့်လိုက်သည်။ ယန်ချင့်ခန်သည် နောက်ဆုံးတွင် သူ့စိတ်ထဲတွင် သက်တောင့်သက်သာ ဖြစ်သွားသကဲ့သို့ ခံစားခဲ့ရသည်။

‘ဒါမှပဲ ပိုတူတော့တယ်’

ဤအခိုက်အတန့်တွင် နတ်ဆိုးစစ်သည်များပင် ပြုံးလိုက်ကြမိသည်။

ခက်ခက်ခဲခဲတွေပြောနေလဲ အသုံးမဝင်ဘူးလေ မင်းဘယ်လိုထင်လဲ။

နောက်ဆုံးတော့ မင်းက ငကြောင်ပဲမဟုတ်လား

ထိုအချိန်၌ ရှောင်ရှက သူ့ရှေ့က စားပွဲကို ရုတ်တရက် ဆွဲမကာပစ်ပေါက်လိုက်သည်။

“သေစမ်း မြေပေါ်မှာ အုတ်ခဲရှာရတာ ဒီလောက် ခက်သလား"

ထို့သို့ဖြင့် သူက ယန်ချင့်ခန်ဆီသို့ ပြေးသွား၍ အနီးသို့ ကပ်၍ လက်သီးဖြင့် ထိုးလိုက်သည်။

ယန့်ချင့်ခန်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ၎င်း၏ မြင့်မားသော ကျင့်ကြံရေးအဆင့်ကြောင့်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကာ ရှောင်ရှ၏ လက်သီးများ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် လှောင်ပြောင်လိုက်သည်။

"ယဲ့ချင်ကျန်း မင်းက ကိုယ်ြသေတွင်းကိုယ်တူးနေတာပဲ"

ဤသို့ပြောကာ သူက လက်သီးတစ်ချက်ပြန်ထိုးလိုက်သည်။

ဘမ်း

သူတို့၏ လက်သီးချက်များက ကျယ်လောင်သောအသံနှင့်အတူ ထိပ်တိုက်တွေ့သွားကြသည်။

ထို့နောက် မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခု ပျံ့နှံ့သွားကာ ကောင်စီခန်းမတစ်ခုလုံးကို တိုက်ရိုက်သက်ရောက်သွားသည်။

နတ်ဆိုးတပ်သားအားလုံး အခင်းဖြစ်ရာကို ကြည့်၍ အံသြသွားကြသည်။

ယခင်က ဤမျှ အားနည်းကာ လိုက်လျောညီထွေ ဖြစ်ခဲ့သည့် ၎င်းတို့၏ အထက်အရာရှိက ယခု ဤမျှထိ ခံနိုင်ရည်ရှိလိမ့်မည်ဟု ဘယ်သောအခါကမှ မမျှော်လင့်ထားကြပေ။

သဘောထားကွဲလွဲမှုများ စဖြစ်ခဲ့ပြီးမကြာမီ၌ လက်သီးဖြင့် စတင် ထိုးနှက်ခံခဲ့ရသည်။

သို့သော် ပြိုင်ဘက်သည်ကား ယန်ချင့်ခန်ဖြစ်၍ တပ်မှူးအားလုံးအနက် ထိပ်တန်း ၃ ယောက်ထဲတွင် ပါ၀င်သည်။

‘သခင် နိုင်များနိုင်သွားမလား’

ဤနတ်ဆိုးတပ်သားများအားလုံးက ထိတ်လန့်တုန်လှုပ်နေကြဆဲဖြစ်သည်။

ထို့နောက် ၎င်းတို့က လက်သီးချက်မှထွက်လာသည့် မမြင်နိုင်သော စွမ်းအားတစ်ခုက ယန်ချင့်ခန်၏ အဝတ်များကို စုတ်ဖြဲကာ အရေပြားများ စတင် ကွဲပြဲစေခဲ့သည်။

သူထိုင်နေသည့် ကုလားထိုင်ပင်လျှင် ချက်ချင်း ကွဲအက်သွားသည်။

ယန်ချင့်ခန်က သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းနိုင်ရန် နောက်သို့ ခြေလှမ်း လေးငါးလှမ်းမျှ ဆုတ်ခွါလိုက်ရသည်။

ဤမြင်ကွင်းသည် ယန်ချင့်ခန်က သူနှင့်အတူ ခေါ်လာသည့် လက်အောက်ငယ်သားများအပါအဝင် နတ်ဆိုးစစ်သားအားလုံးကို အံ့အားသင့်စေခဲ့သည်။

ဒါက ဘယ်လိုဖြစ်နိုင်မလဲ။

နာမည်ဆိုးဖြင့် အသုံးမဝင်သော တပ်မှူးသည် ယန်ချင့်ခန်ကို လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေခဲ့သည်။

‘ငါတို့ အမြင်မှားနေတာများလား’

လူတိုင်းက မယုံကြည်နိုင်မှုများအပြည့်ဖြစ်နေကြသည်။

"ယဲ့ချင်ကျန်း ငါ ဒီနေ့ မင်းကို အပိုင်းလိုက် ခွဲပစ်မယ်"

သူ့စကားများ အဆုံးသတ်ပြီး မကြာမီ၌ ရှောင်ရှက သူ့ဘေးနားတွင် တစ်နည်းနည်းဖြင့် ပေါ်လာ၍ လက်သီးတစ်ချက်တည်းဖြင့် မြေပြင်ပေါ် အမှောက်သိပ်လိုက်သည်။

"ဘာလို့ အဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ။ တိုက်ပြီး အမြန် လစ်လိုက်တော့ အာချောင်မနေနဲ့” ရှောင်ရှက ဘာသိဘာသာပြောလိုက်သည်။

ဤအရာက နတ်ဆိုးစစ်သည်များအားလုံးကို အံ့ဩတကြီး အော်ဟစ်စေခဲ့သည်။

ထိုအချိန်တွင်၊ ယန်ချင့်ခန်၏မျက်လုံးများက သွေးနီရောင်ဖြစ်နေကာ သူ၏သတ်ဖြတ်လိုစိတ်မှာ မြင်သာထင်သာရှိလုနီးပါးဖြစ်နေသည်။

“ငါ….”

ဘမ်း

ရှောင်ရှက သူ့ခေါင်းကို ဆွဲကိုင်ကာ မြေကြီးပေါ်သို့ ဆောင့်ချလိုက်သည်။

"နင့်အမေခေါင်းကို ငါလား"

ထို့နောက် ယန်ချင့်ခန်က သူ့ခေါင်းကို မြေပြင်ပေါ်မှ ပြန်ဆွဲမကာ ဆက်ပြောသည်။

“မင်း….”

ရှောင်ရှက သူ့ဆံပင်များကို ဆုပ်ကိုင်၍ မြေပေါ်သို့ ရိုက်ချလိုက်ပြန်သည်။

"မင်းအမေခေါင်းကို မင်းလား"

ယန်ချင့်ခန်က မည်သည်ကိုပြောစေကာမး ရှောင်ရှက "မင်းအမေခေါင်း" ဟူသောစကားဖြင့် အမြဲတစေ တုံ့ပြန်နေမည်ဖြစ်ကာ သူက ယန်ချင့်ခန်ကို သဲအိတ်တစ်လုံးအဖြစ် ရက်ရက်စက်စက် ထိုးနှက်နေသည်။

နတ်ဆိုးတပ်သားအားလုံးသည် ဤအရာကို ကြည့်၍ ကြောင်အလျက် ရပ်နေကြသည်။

နောက်ဆုံးတွင်

ရှောင်ရှသည် ယန်ချင့်ခန်ကို မြေပြင်ပေါ်သို့ ထပ်မံရိုက်ချရာ ယန်ချင့်ခန်က စကားမပြောရဲတော့ဘဲ ထိပ်လန့်မှုနှင့် ဒေါသတို့ဖြင့် ပြည့်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ရှောင်ရှက လုံးဝ ဂရုမစိုက်ဘဲ မုန်လာဥကို ဆွဲထုတ်သကဲ့သို့ မြေပြင်ပေါ်မှ ဆွဲထုတ်၍ ယန်ချင့်ခန်ကို အေးဆးစွာ ပြောလိုက်သည်။

"အခု ဘာဖြစ်လဲ၊ မကျေနပ်သေးဘူးလား။ မင်းရဲ့ပုံစံအစစ်အမှန်ကို ပြပြီး ငါနဲ့ တကယ်တိုက်မလား"

ယန်ချင့်ခန်က စကားတစ်ခွန်းမှ မပြောဘဲ ရှောင်ရှကို စိုက်ကြည့်နေသည်။

ဖြန်း

ရှောင်ရှက သူ့လက်ကို မြှောက်၍ ပါးရိုက်လိုက်သည်။

"ငါမင်းကို မေးခွန်းတစ်ခုမေးနေတယ်၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ ပါးစပ်ပိတ်ပြီးတော့”

အခန်း(၅၂၁) အာဏာရရန် ရိုက်နှက်ခြင်း

စ်…

နတ်ဆိုး စစ်သားများအားလုံးထံမှ တပြိုင်နက်တည်း စူးရှသော အသက်ရှုသံများ ထွက်လာသည်။

ဤသည်က ၎င်းတို့ သိသည့် အရှက်အကြောက်ကြီးသော သူဌေးပင်ဖြစ်သလော။

ရုတ်​တရက်​ပင်​ သူမည်ကဲ့သို့ ရက်စက်​သွားသနည်း။

ပါးရိုက်ခံရပြီးနောက် ယန်ချင့်ခန်သည် ယုံရခက်စွာဖြင့် သူ့သွားများကြားမှ စကားအနည်းငယ်ကို ညှစ်ထုတ်ကာပြောလိုက်သည်။

“လူကြီးမင်းယဲ့… ငါ…”

ရှောင်ရှက သူမ၏ လက်ဖြန်ဖြင့် နောက်တစ်ချက် ရိုက်လိုက်ပြန်သည်။

“လူကြီးမင်းယဲ့ လို့ မင်းငါ့ကို ခေါ်လို့ရလား “အရှင်” လို့ခေါ်”

ယန်ချင့်ခန်သည် အဆိပ်များပြည့်နေသော မျက်လုံးများဖြင့် ရှောင်ရှကို စိုက်ကာ ရိုက်ချက်များကြောင့် နှာခေါင်းမှ သွေးများထွက်စပြုလာသည်။

"မင်းမှာ သတ္တိရှိရင် ငါ့ကို အခုသတ်လိုက်ပါ၊ ဒါမှမဟုတ်ရင် မင်းသေချာပေါက် ပြန်ပေးဆပ်ရအောင် ငါလုပ်မယိ"

လေထုက တင်းမာလာသည်။ နတ်ဆိုး စစ်သားများစွာ၏ နှလုံးသားများ တုန်လှုပ်သွားခဲ့သည်။ ဤသည်မှာ သေခြင်းတရားကို ဦးတည်နေသော တိုက်ပွဲဖြစ်သည်မှာ ထင်ရှားသည်။

ယင်းကို ၎င်းတို့၏ ခေါင်းဆောင်က မည်သို့ ကိုင်တွယ်မည်ကို ၎င်းတို့ မသိခဲ့ကြပေ။ နတ်ဆိုးစစ်သားများသည် ရှောင်ရှကို လျှို့ဝှက်စွာ စိုက်ကြည့်နေကြသည်။

သို့သော် ရှောင်ရှက သူမ၏ နားရွက်များကိုနှိုက်ကာ အေးအေးဆေးဆေး သန့်ရှင်းရေးလုပ်နေကြောင်းတွေ့လိုက်ကြရသည်။

"ကောင်းပြီ၊ မင်းက ဒီလောက် ပြင်းပြင်းထန်ထန် တောင်းဆိုနေမှတော့ ငါမင်းကို သတ်ပေးမယ်"

ထိုသို့ဖြင့် ရှောင်ရှက ယန်ချင့်ခန်၏လည်ပင်းကို ဖမ်းကိုင်ကာ လေထဲသို့ လွှင့်ပစ်လိုက်သည်။

ရွှယ်အန်းက ထိုင်ခုံတွင်ထိုင်လျက် ဤမြင်ကွင်းကို ပေါ့ပေါ့ပါးပါး ကြည့်၍ ခေါင်းယမ်းလိုက်သည်။

လုပ်ဆောင်ချက်နှင့် အခြားရှုထောင့်နှစ်မျိုးလုံးတွင် ရှောင်ရှသည် သူ့ကို အတုယူနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

သို့သော်လည်း ယန်ချင့်ခန်ကဲ့သို့ တစ်စုံတစ်ဦးနှင့် ဆက်ဆံရာတွင် ဤရိုးရှင်း၍ ရက်စက်သော နည်းလမ်းများက အထိရောက်ဆုံးဖြစ်ကြောင်း ထင်ရှားသည်။

ယခုအချိန်တွင် ယန်ချင့်ခန်က လည်ပင်းကို တင်းတင်းကျပ်ကျပ် ညှစ်ထားရသဖြင့် အသက်ရှုခြင်းကို တားဆီးရုံသာမက သူ၏ ကျင့်ကြံရေးအဆင့်နှင့် သွေးစီးဆင်းမှုကိုလည်း ရပ်တန့်သွားစေသည်။

ယခု ယန်ချင့်ခန်သည် တဖြည်းဖြည်းနှင့် ကြောက်ရွံ့မှုကို ခံစားလာရသည်။ ဤသို့ဆက်၍ အညှစ်ခံထားရပါက သူ အမှန်ပင် သေပေလိမ့်မည်။ ရှောင်ရှ၏ နှုတ်ခမ်းတစ်ဝိုက်တွင် အေးစက်သောအပြုံးကို မြင်လိုက်ရသောအခါတွင် သူ့တစ်ကိုယ်လုံး အေးခဲသွားသည့်အလား ခံစားလိုက်ရသည်။

ရှောင်ရှက သူ့ကို သတ်ရန်အမှန်ပင် သတ္တိရှိကြောင်း သူနောက်ဆုံး၌ သိလိုက်ရသည်။

"လူကြီးမင်းယဲ့…အရှင်... ကျွန်တော် မှားသွားပါတယ်" ယန်ချင့်ခန်က ခက်ခက်ခဲခဲ ပြောကာ လုံးဝ လက်နက်ချခဲ့သည်။

ထိုအချိန်၌ ရွှယ်အန်း၏ အသံက ရှောင်ရှရဲ့စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။

"အခုချက်ချင်းလွှတ်လိုက်ပါ။ အဲ့သခင်လေး ရောက်လာတဲ့အချိန်ထိစောင့် ပြီးရင် မင်းစိတ်ထဲရှိတဲ့အတိုင်း သတ်ပစ်လိုက်နိုင်ပြီ"

ရှောင်ရှက အနည်းငယ် မလိုလားသော်လည်း သူမ၏ လက်ကို လွှတ်ပေးလိုက်သည်။

ယန်ချင့်ခန်သည် မြေပြင်ပေါ်သို့လဲကျလျက် လည်ပင်းကို ဆုပ်ကိုင်ကာ ကြောက်ရွံ့မှုအပြည့်ရှိသော မျက်နှာဖြင့် ရှောင်ရှကို ကြည့်လိုက်သည်။

သူသာမက ထိုနတ်ဆိုး စစ်သားများပင်လျှင် ရိုသေမှု နှင့် ကြောက်ရွံ့မှု အပြည့်ဖြင့် သူမကို ကြည့်နေကြသည်။

"ဒီတစ်ခါတော့ မင်းကို လွှတ်လိုက်မယ်။ မင်းနောက်တစ်ခါ ပြဿနာထပ်ရှာရဲရင် မင်းခေါင်းကို လှည့်ပြီး ဘောလုံးလို ကန်ပစ်လိုက်မယ် နားလည်လား"

ယန်ချင့်ခန်က အမြန်အဆန် ခေါင်းညိတ်လိုက်သည်။

"ထွက်သွား"

သူထွက်သွားပြီးနောက် ရှောင်ရှသည် ဆောင်းရာသီ ပုစဉ်းရင်ကွဲများ ကဲ့သို့ တိတ်ဆိတ်နေသော နတ်ဆိုး စစ်သားများကို တစ်ချက်ကြည့်၍ အေးစက်စွာ အော်ဟစ်ကာ ထွက်ခွာသွားခဲ့သည်။

နတ်ဆိုးစစ်သားများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ညီတစ်ညွတ်တည်း ဦးညွှတ်၍ ရှောင်ရှအပေါ် မလေးမစားမလုပ်ရဲကြတော့ပေ။

ဝေ့ရူယန်၊ ရှဲ့ကျင်းကျင်း၊ ကျန်းမေ့အာနှင့် တခြားလူများက စားပွဲပေါ်တင်ထားသည့် လှပသောအဝတ်အစားများကို စိုက်ကြည့်နေကြသည်။

“ဒီနတ်ဆိုးတွေက ဘာလို့ ဒီလောက် လက်ရာမြောက်တဲ့ ၀တ်စုံတွေကို ကျွန်မတို့ကို ပေးလိုက်တာလဲ” မြေခွေးမျိုးနွယ်၏ မင်းသမီးလေးက လက်ရာမြောက်သည့် ၀တ်စုံကို ကြည့်ကာ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

ဝေ့ရူယန်၏ အမူအရာသည်လည်း တဖြည်းဖြည်း လေးနက်လာသည်။

"သေချာတာတစ်ခုကတော့ သူတို့မှာ ရည်ရွယ်ချက်ကောင်းမရှိဘူးဆိုတာပဲ”

တစ်ဖက်တွင် ကျန်းမေ့အာသည် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။

ထိုအချိန်၌ အီဇုမိ နိုရီကိုက ဝင်လာသည်။

“မိန်းကလေးတို့ ဒီအဝတ်အစားတွေကို ကျေနပ်ရဲ့လား”

"မင်းဘာတွေ စီစဉ်နေတာလဲ" မြေခွေးမင်းသမီးလေးက လေးနက်သောအသံဖြင့် မေးသည်။

အီဇုမိ နိုရီကိုက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။

"မနက်ဖြန်တော့ သိလိမ့်မယ်၊ ဒါပေမယ့် မင်းတို့ကို နောက်ဆုံးတစ်ချက်လောက် အကြံပေးပါရစေ၊ လေးစားပြီး ကြောက်တတ်ဖို့ သင်ယူပါ"

ထိုသို့ပြောပြီးနောက် အီဇုမိ နိုရီကိုလှည့်ထွက်သွားသည်။

ဝေ့ရူယန်နှင့် အခြားလူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ကျန်းမေ့အာ၏ သက်ပြင်းချသံကို ခပ်တိုးတိုးကြားလိုက်ရသည်။

"ဒီနတ်ဆိုးတွေ ဘာလုပ်ဖို့ ကြံစည်နေတာလဲဆိုတာ ကျွန်မ သိပြီထင်တယ်"

"သူတို့ပြောနေကြတဲ့ သခင်လေးက မနက်ဖြန် ဆင်းလာလိမ့်မယ် ထင်တယ်။ ကျွန်မတို့က ဒီသခင်လေးအတွက် လက်ဆောင်တွေ ဖြစ်ရမယ်"

ကျန်းမေ့အာ၏ စကားကိုကြားသောအခါ မိန်းကလေးများအားလုံး တုန်လှုပ်သွားကြသည်။ ရှဲ့ကျင်းကျင်းသည် စိတ်မထိန်းနိုင်တော့ဘဲ စတင်ငိုကြွေးလိုက်သည်။

ဝေ့ရူယန်က သူ့ပုခုံးကို ညင်သာစွာ ပွတ်သပ်လိုက်၏။

"မကြောက်နဲ့ အစ်မရှိတယ် "

ထို့နောက် သူမက လေးနက်သော အသံဖြင့်မေးသည်။

“မေ့အာ ဒါဆိုရင် ကျွန်မတို့ ဘာလုပ်ရမလဲ”

ကျန်းမေ့အာက ခါးသက်စွာ ပြုံး၍ ခေါင်းယမ်းကာ "မသိဘူး" ဟု တစ်လုံးတည်းသာ ပြောလိုက်သည်။

ရှဲ့ကျင်းကျင်းက ရုတ်​တရက်​ရပ်​သွားပြီးမှ အံကိုတင်းတင်းကြိတ်ကာပြောသည်

"ငါ​သေရင်​တောင် ဒီသတ္တဝါ​တွေအတွက်​ ကစားစရာတစ်ခု ဖြစ်မလာစေရဘူး"

မြေခွေးမင်းသမီးကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။

“ကျွန်မလည်း အတူတူပဲ မဟုတ်ရင် အခုပဲ အဆုံးသတ်လိုက်လို့ရတယ်”

"ဘာကိုမှ မိုက်မဲစွာ မျက်စိမှိတ်မလုပ်နဲ့ အမှန်က ထင်ကြေးပေးရုံပဲရှိသေးတာ။ အမှန်ဆိုရင် ကျွန်မတို့သေရမယ်ဆိုရင်တောင် သူတို့ထဲက တချို့ကို ကျွန်မတို့နဲ့တူတူ ခေါ်သွားရအောင်" ကျန်းမေ့အာက အံကြိတ်ကာ ပြောလိုက်သည်။

ခေါင်းညိတ်ပြပြီးနောက် အားလုံး တိတ်ဆိတ်သွားကြသည်။

ရှဲ့ကျင်းကျင်းသည် စားပွဲပေါ်တွင် လှဲနေရာမှ သူမ၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်နေသကဲ့သို့ခံစားနေသည်။

အစ်ကို ရွှယ်အန်း အခုကစပြီး... ညီမလေးတို့ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ ပြန်မတွေ့တော့ဘူး။

ထို့အပြင် ကျန်းမေ့အာလည်း အနည်းငယ်စိုးရိမ်နေသကဲ့သို့ ခံစားလိုက်ရကာ သူမ၏အကြည့်များက တုန်ယင်နေသည်။

လူကြီးမင်းရွှယ်ထံ သတင်းပို့ရန် သေမျိုးလောကသို့ လွှတ်လိုက်သေ။ ရှောင်းယွိက မည်သို့မည်ပုံရှိနေသနည်းကို သူမ တွေးနေမိသည်။

သားရဲမျိုးနွယ်စုကနတ်ဆိုးမျိုးနွယ်စုကြောင့် ရုတ်တရက် ပျက်သုဉ်းလုနီးပါး ဖြစ်စဉ်တွင် ကျန်းမေ့အာသည် ကိစ္စများ မကောင်းနိုင်တော့ကြောင်း သိလိုက်သည်။ ထို အရေးကြီးသောအခိုက်အတန့်တွင် သူမသည် ရှောင်းယွီအား လျှို့ဝှက်နယ်မြေမှ အသည်းအသန်စေလွှတ်ကာ ရွှယ်အန်းထံမှအကူအညီရယူရန်ပြောခဲ့သည်။

ထိုအချိန်က ကျန်းမေ့အာတွင် အတွေးတစ်ခုသာရှိခဲ့သည်။

၎င်းမှာ မိမိနှင့် များစွာသောနတ်ဆိုးမျိုးနွယ်စုဝင်များကို ကယ်တင်နိုင်သည့် တစ်ဦးတည်းသူဖြစ်သည်။

ကျန်းမေ့အာသည်မူ ပြတင်းပေါက်မှအပြင်သို့ လှမ်းကြည့်ကာ အတွေးထဲနစ်မြုပ်နေသည်။

ယန်ချင့်ခန်သည် ယဲ့ချင်ကျန်း၏ ရိုက်နှက်ခြင်းကို ခံရ၍ ရှုံးနိမ့်ကာ အပြစ်ရှိကြောင်း ဝန်ခံခိုင်းခြင်းခံခဲ့ရသည့် သတင်း ပျံ့နှံ့သွားကာ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ နတ်ဆိုးစစ်သားအများအပြားနှင့် တပ်မှူးအများအပြားသည် ထိုသတင်းကို အစပိုင်းတွင် မယုံနိုင်ဘဲ မဖြစ်နိုင်ဟု ထင်ကြသည်။

သို့သော် ၎င်းတို့စုံစမ်းမေးမြန်းပြီးနောက်တွင် ကောလဟာလများ မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် အံ့ဩခဲ့ကြရသည်။

ဤဖော်ပြချက်သည် ၎င်းတို့ကို အတိုင်းအတာတစ်ခုအထိ ထိတ်လန့်စေသည်။ တစ်ခါမျှ အသုံးမကျခဲ့သည့်ယဲ့ချင်ကျန်းသည် ရုတ်တရက် မည်သို့မျှ ကြောက်မက်ဖွယ်ကောင်းလာသနည်း။

အပြင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေချိန် ရှောင်ရှက မည်သည်ကိုမျှ မခံစားခဲ့ရပေ

သူမက မနက်ဖြန်ရောက်မည့်အချိန်ကို ရင်တထိတ်ထိတ် စောင့်မျှော်နေခဲ့သည်။

သူမသာမက အရိုးဖြူမိန်းမပျို နှင့် နတ်ဆိုးမျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များကလည်း တိတ်တဆိတ် ပြင်ဆင်နေကြသည်။

၎င်းတို့၏ ကျင့်ကြံရေးအဆင့်က မမြင့်လာနိုင်သော်လည်း လက်စားချေရာတွင်မူ ကိုယ့်လက်ကိုယ့်ခြေနှင့် ဆောင်ရွက်ခြင်းက ပိုကောင်းသည်။

နောက်နေ့ညနေ။

ပူနွေးသော နေဝင်ချိန် အလင်းရောင် ဖြာကျလာသည်။

လက်ဖက်ရည်သောက်လျက် ကုလားထိုင်တစ်လုံးတွင်ထိုင်နေသော ရွှယ်အန်းက ရုတ်တရက် မျက်လုံးဖွင့်၍ အဝေးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"သူတို့ ဒီရောက်နေကြပြီ"

သူ့စကားနှင့်အတူ နတ်ဆိုးများ၏ ခံတပ်အထက် ကောင်းကင်တွင် ဧရာမ လှိုင်းလုံးကြီး ပေါ်လာသည်။ ထိုလှိုင်းဝဲကြီး၏ အလယ်ဗဟိုသည် အခြေစိုက်စခန်း၏ မြင့်မားသောစင်မြင့်ကို တိုက်ရိုက်ဦးတည်နေသည်။

လေနှင့် မိုးခြိမ်းသံများကို ကျယ်လောင်စွာ ကြားလိုက်ကြရသည်။

ဤမြင်ကွင်းသည် ရဲတိုက်ရှိ နတ်ဆိုးအားလုံးကို ချက်ချင်းပင် ထိတ်လန့်စေခဲ့ရာ တပ်မှုးချုပ် ယဲ့ယွီဖုန်းအပါအဝင် အဆင့်မြင့်နတ်ဆိုးများစွာသည် ထိုမြင့်မားသောစင်မြင့်ဆီသို့ ပြေးသွားကြသည်။

ရွှယ်အန်းက မတ်တပ်ထရပ်၍ ရှောင်ရှဘက်လှည့်ကာ အေးဆေးစွာပြောလိုက်သည်။

"သွားရအောင်၊ ထရမယ့်အချိန်ပဲ"

အခန်း(၅၂၂) သတ်ဖြတ်ခြင်း စတင်

မြင့်သောပလပ်ဖောင်းသို့ ရောက်သောအခါတွင်၊ လှိုင်းသည် မယုံနိုင်လောက်အောင် ကျယ်ပြောလာကာ တဖြည်းဖြည်း လှည့်ပတ်လာသည်။

လှိုင်းဝဲ၏ အလယ်၌ အနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အနက်ရောင်အလင်းတန်းကြီးသည် တဖြည်းဖြည်း ပြန့်ကျဲသွားကာ ကောင်းကင်သို့ တည့်တည့်သို့ ထောက်ထားသည့် တိုင်တစ်ခုအဖြစ် လျင်မြန်စွာဖြစ်ပေါ်လာသည်။

မျက်စိအားကောင်းသူများက “မြန်မြန်ကြည့်” ဟု အော်ကြသည်။

နတ်ဆိုးများသည် မျှော်ကြည့်၍ အနက်ရောင်တိုင်က အနည်းငယ် တုန်လှုပ်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် လှမ်းမရနိုင်သည့် အမြင့်မှ ကောင်းကင်ရထားများ စီတန်း ချဉ်းကပ်လာပုံကို မြင်လိုက်ကြရ၏။ ရထားလုံးများ၏ အရှိန်သည် အလွန်လျင်မြန်လှရာ လေထုအလယ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်လာသည်။

ဤသည်မှာ အလွန်ခမ်းနားသောဆင်းသက်မှုပင်ဖြစ်၏။

ရှေ့တွင် လမ်းရှင်းနေသော ထူးခြားဆန်းပြားသော သားရဲများပေါ်တွင် မြင်းစီးသူရဲများရှိကာ စည်းစနစ်တကျ ခြေလှမ်းများနှင့် ကြောက်မက်ဖွယ်ကောင်းစွာ လှမ်းလာသည့် နတ်ဆိုးစစ်သားများပါရှိသည်။

အလယ်ဗဟိုတွင် မိုင်ပေါင်းများစွာ အရွယ်အစားကြီးမားသော စစ်ရထားလုံးကြီးတစ်ခုရှိသည်။

ရထားလုံးသည် ရွှေရောင်လွှမ်းကာ နတ်ဆိုး နဂါးနက်လေးကောင်က ဆွဲလာသည်။

ဤစစ်ရထားလုံးပေါ်၌ ထိုင်နေသည်မှာ ဓားသို့မဟုတ် ပုဆိန်နှင့်ထွင်းထားသကဲ့သို့ မျက်နှာထားရှိသည့် သခင်ငယ်လေးတစ်ယောက်ဖြစ်သည်။

လူငယ်၏မျက်နှာမှာ တင်းမာနေသော်လည်း သူ့မျက်လုံးများသည် ဂုဏ်သိက္ခာအပြည့်ရှိသည်။

နတ်ဆိုးများစွာသည် သူ၏ တစ်ချက်ကြည့်ခံရရုံဖြင့် မြေပြင်ပေါ်သို့ ပြားပြားဝပ်နေလိုက်ကြသည်။

တပ်မှုးချုပ် ယဲ့ယွီဖုန်းသည် ခြေလှမ်းအနည်းငယ်လှမ်း၍ ဒူးတစ်ဖကခ ထောက်လိုက်သည်။

သူ ဒူးထောက်လိုက်စဉ်တွင် သူ့နောက်မှ နတ်ဆိုးနဂါးတပ်များ အပါအဝင် နတ်ဆိုးများအားလုံးက တညီတညွတ်တည်း ဒူးထောက်ကြသည်။

ရွှယ်အန်းနှင့် ရှောင်ရှတို့သည် အခြားသူများနှင့်အတူ မြေပြင်ပေါ်တွင် ဝပ်တွားကြည့်ရှုနေကြသည်။

"သခင် ကျွန်မတို့ အခုလှုပ်ရှားကြမှာလား" ရှောင်ရှစိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ရွှယ်အန်းကမူ ခေါင်းခါလိုက်၏။

"အလျင်စလိုမလုပ်နဲ့၊ ဒီနတ်ဆိုးတွေက ကျန်းမေ့အာနဲ့ တခြားသူတွေကို ဆက်သတဲ့အထိ စောင့်ရအောင်"

ရွှယ်အန်းက ကိစ္စတစ်ခုကို ကောင်းစွာသိသည်။

နတ်ဆိုးများက ကျန်းမေ့အာနှင့် ဝေ့ရူယန်ကို ဒီသခင်ငယ်လေးထံ ဆက်သရန် ရည်ရွယ်ချက်ဖြင့် ဖမ်းခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ထိုအခြေအနေမျိုးတွင် အနည်းဆုံး ၎င်းတို့သည် ယခုအချိန်တွင် ဘေးကင်းသည်။

ထို့ကြောင့် သူက အလျင်လိုခြင်းမရှိပေ။

ယခု သခင်လေးဆိုသူကို မြင်သောအခါ အလျင်လိုမှု ပို၍ နည်းပါးသွားသည်။

ထိုအချိန်တွင် ရထားလုံးများ ဆင်းသက်လာသည်။

ယဲ့ယွီဖုန်းက ခေါင်းငုံ့လိုက်၏။

"နတ်ဆိုးနဂါး စစ်သူကြီး ယဲ့ယွီဖုန်းက သခင်ငယ်လေးကို နှုတ်ဆက်ပါတယ်"

ဤသခင်ငယ်သည် ယွီဟောက်ယန်၏တရားဝင်သား ယွီချန်လုံမှလွဲ၍ အခြားသူမဟုတ်ဘဲ နတ်ဆိုးနဂါးမျိုးနွယ်စု၏ သခင်ဆယ့်သုံးပါးအနက် တစ်ဦးဖြစ်သည်။

ယွီချန်လုံသည် ကြီးမားသောရထားလုံးကြီးပေါ်တွင် ထိုင်လျက် ဝပ်နေသော နတ်ဆိုးများကို ငုံ့ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက နောက်ဆုံးတွင် “ထလော့” ဟု ဘာသိဘာသာ ပြောခဲ့သည်။

ထိုမှသာ ယဲ့ယွီဖုန်းမတ်တပ်ထရပ်လိုက်သည်။

"သခင်ငယ်ကိုယ်တိုင်ရောက်လာပြီး ကျွန်တော်မျိုးတို့ကို ကောင်းချီးပေးတာ ကျေးဇူးကြီးလှပါတယ်။ ခရီးက ပင်ပန်းခဲ့မှာမို့ သခင်လေးကို ကြိုဆိုဖို့ လန်းဆန်းစေမယ့် ညစာစားပွဲကို ကျွန်တော်မျိူးပြင်ဆင်ထားပါတယ်"

ယွီချန်လုံက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"ဒီတစ်ကြိမ်မှာတော့ တပ်မှူးချုပ်ယဲ့ရဲ့ မိစ္ဆာမျိုးနွယ်တွေ ရှင်သန်ဖို့ သင့်တော်တဲ့ ဒီလျှို့ဝှက်နယ်မြေကို ရှာဖွေတွေ့ရှိမှုက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတစ်ခုပါ။ ငါ့အဖေက အရမ်းကျေနပ်နေတယ်"

"ကျေးဇူးတင်ပါတယ် သခင်ငယ်လေး" ယဲ့ယွီဖုန်းက အလွန်ဝမ်းသာသွားသည်။

ယွီချန်လုံ၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

တကယ်တမ်းတွင် သူသည်လည်း ဤလျှို့ဝှက်နယ်မြေကို အလွန်ကျေနပ်သည်။

အထူးသဖြင့် သူရောက်မလာခင်တွင် ဖခင်ဖြစ်သူက ဤလျှို့ဝှက်နယ်မြေက ကမ္ဘာလောက၌ရှိကာ နတ်ဆိုးနဂါး မျိုးနွယ်အတွက် အလွန်အရေးပါကြောင်း ပြောပြခဲ့သည်။ ထို့ကြောင့် ထိုနယ်မြေကို သူတို့လက်ထဲတွင် မြဲမြဲဆုပ်ကိုင်ထားရမည်။

“သွားဖို့လမ်းကို ဦးဆောင်ပါ" ယွီချန်လုံက ပြောသည်။

“ဟုတ်”

ယဲ့ယွီဖုန်းသည် လမ်းကြောင်းကို ဦးဆောင်ရန် ကိုယ်တိုင်ကိုယ်ကျ ရှေ့သို့တိုးသွားခဲ့ကာ တပ်မှူးများ အားလုံးက ရထားလုံးနောက်သို့ လိုက်ကြသည်။

ဤသို့ စီတန်း လှည့်လည်သည့် ပုံစံက ၎င်းတို့၏ အရှိန်အဟုန်ကို အလွန်ခမ်းနားကြီးကျယ်စေသည်။

ရှောင်ရှက အထင်သေးစွာဖြင့်ပြုံးလိုက်သည်။

“ဘာတွေ ဒီလောက် ကြီးကျယ်ခမ်းနားအောင်လုပ်ပြနေတာလဲ။ ဘာကောင်ကြီးမို့လို့လဲ"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သော်လည်း တိတ်ဆိတ်နေခဲ့သည်။ သူ့ရှုထောင့်မှကြည့်လျှင် ယွီချန်လုံပြနေသည့် ခမ်းနားသောအရှိန်အဟုန်ဆိုသည့်အရာသည် ကြွက်၏မင်္ဂလာပွဲကဲ့သို့ ဟာသသက်သက်ဖြစ်သည်။

နတ်ဘုရား မဆိုထားနှင့် အင်မော်တယ်ဘုရင် သို့မဟုတ် အင်မော်တယ်သခင်များသွားလာခြင်းပင် အဆပေါင်း ထောင်သောင်းမက ကြီးကျယ်ခမ်းနားလှပေလိမ့်မည်။

နေကဲ့သို့ ကြီးမားသော ရွှေကျီးကန်းက ဆွဲသည့် တစ်စုံတစ်ယောက်ကို သင်မြင်ဖူးပါသလား။

ဒါမှမဟုတ် ကြယ်များကို သိုးကဲ့သို့ ထိန်းကျောင်းသူတစ်ယောက်ကို မြင်ဖူးပါသလား။

ထို့ကြောင့် ဤမြင်ကွင်းကို ကြည့်၍ သူရယ်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ရောက်သောအခါတွင် အစောင့်အကြပ်များစွာ ခြံရံထားသည့် ယွီချန်လုံသည် ရထားလုံးပေါ်မှဆင်းလာကာ ဧည့်ခန်းမထဲသို့ ဝင်ခဲ့သည်။

ညစာစားပွဲက ပြင်ဆင်ထားပြီးဖြစ်၍ ယွီချန်လုံက ပင်မထိုင်ခုံတွင်ထိုင်သည်။ ယဲ့ယွီဖုန်းက သူ့ဘေးတွင်ထိုင်၏။

ရွှယ်အန်းနှင့် ရှောင်ရှတို့သည် အဓိကပွဲနှင့်ဝေးသော ထောင့်တစ်နေရာတွင် ထိုင်နေကြသည်။

ယန်ချင့်ခန်သည်မူ နောက်စားပွဲ၌ ထိုင်နေသည်။

ရှောင်ရှ​ရောက်​လာသည်​ကို မြင်​လိုက်​ရ​သောအခါ သူ့တစ်​ကိုယ်​လုံး တောင့်တင်းသွားသည်။

ရှောင်ရှက သူ့ကို လုံးဝအသိအမှတ်မပြုဘဲ ကုလားထိုင်ပေါ်ထိုင်လျက် ခပ်လှမ်းလှမ်းမှ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။

တတိယအချိီသောက်ပြီးကြသောအခါ ယဲ့ယွီဖုန်းက ယွီချန်လုံကို လိမ္မာပါးနပ်စွာ ပြုံးပြလိုက်သည်။

"သခင်ယွီ အရှင့်ဒီခရီးက အရမ်းပင်ပန်းမှာကို ကျွန်တော်သိပါတယ်။ ဒါကြောင့် အရှင့်အတွက် လက်ဆောင်တစ်ခုပြင်ဆင်ထားပါတယ်”

ယွီချန်လုံက စကားမပြောဘဲ ခေါင်းညိတ်ပြရုံသာပြလိုက်သည်။

ထို့နောက် ယဲ့ယွီဖုန်းသည် ခပ်လှမ်းလှမ်းမှ အီဇုမိ နိုရီကိုအား သိမ်မွေ့သော အမူအရာတစ်ခု လုပ်ပြလိုက်၏။

အီဇုမိ နိုရီကိုက ကန့်လန့်ကာကို အမြန်ရုတ်သိမ်းလိုက်သောအခါ

ကျန်းမေ့အာနှင့် ဝေ့ရူယန်တို့က ဖြည်းညှင်းစွာ ဝင်လာကြသည်။

၎င်းတို့အားလုံးက သပ်ရပ်လှပသောအဝတ်အစားများကို ၀တ်ဆင်ထားကြရာ ၎င်းတို့အားလုံး၏ အလှကို ပိုမိုလှပစေသည်။

ယွီချန်လုံသည် အစပိုင်းတွင် ထူးမခြားနားသကဲ့သို့ကြည့်နေသည်။

‘မိန်းမလှတွေလား’

တော်တော်များများကို သူမြင်ခဲ့ဖူးသည်။

သို့သော် အနီးကပ်ကြည့်လိုက်ပြီးနောက် သူ၏ အံ့ဩမိသွားရ၏။

ထိုအချိန်တွင် ယဲ့ယွီဖုန်းက လျင်မြန်စွာရယ်မောလိုက်သည်။

"သခင်ယွီ ဒီအမျိုးသမီးတွေအားလုံးက လင်ယွင်ကိုပိုင်ပါတယ်။ သူတို့က အရမ်းရှားပါးပြီး အထူးသဖြင့် အဲ့ ပင်လယ်နတ်ဆိုးမင်းသမီးပဲ။ သူ့ရဲ့ ရှေးဟောင်းသွေးသားနဲ့ဆိူ အရှင့်ရဲ့ ကျင့်ကြံရေးအဆင့်ကို အများကြီးအကျိုးပြုနိုင်တယ်"

ယွီချန်လုံ၏ နှုတ်ခမ်းများက ကျေနပ်သော အပြုံးဖြင့် ကွေးသွားသည်။

"အရမ်းကောင်းတယ်"

ချီးမွမ်းသံကိုကြားလိုက်ရသောအခါ ယဲ့ယွီဖုန်း၏အပြုံးက ပို၍တောက်ပလာသည်။

ယွီချန်လုံက လက်အမူအရာပြလိုက်သည်။

"လာပါ"

ကျန်းမေ့အာနှင့် ဝေ့ရူယန်တို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်ကာ နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် သေရန်သန္နိဋ္ဌာန်ချထားသည်ကို တွေ့လိုက်ရသည်။

ကျန်းမေ့အာပြောခဲ့သကဲ့သို့ပင် ၎င်းတို့သေရလျှင်ပင် အနည်းငယ်ကို ခေါ်သွားမညိ။

သူ၏ အသွင်အပြင်အားဖြင့် ဆုံးဖြတ်ကြည့်လျှင် ဤလူငယ်သည် ဤနတ်ဆိုးများ၏ အုပ်စိုးရှင်ဖြစ်ပုံရသည်။

သူ့ကို သတ်နိုင်ရင် ပိုကောင်းမှာ မဟုတ်ဘူးလား။

ဤအတွေးဖြင့် ကျန်းမေ့အာသည် သူမ၏ စိတ်ပူပင်မှုကြောင့် ချွေးများစွာ စီးကျကာ လက်နှစ်ဖက်ကို အင်္ကျီလက်စများထဲ ဖုံးကွယ်ကာ ရှေ့သို့ လျှောက်သွားသည်။

သို့သော် ယွီချန်လုံက သူမကို စိတ်မဝင်စားပုံဖြင့် သူ့အကြည့်များက လူတန်း၏ အဆုံးဆီသို့ လွင့်မျောသွားသည်။

"မင်း...ဒီကိုလာ"

လူတန်း၏နောက်ဆုံး၌ ခေါင်းငုံ့ထားသော ရှဲ့ကျင်းကျင်းသည် သူ့စကားကြောင့် လန့်ဖျပ်သွားကာ ခေါင်းကို ဖြည်းညှင်းစွာ မော့လျက် သူမ၏မျက်နှာက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

"ကျွန်မလား”

ယွီချန်လုံခေါင်းညိတ်လိုက်သည်။

သူသည် ရှဲ့ကျင်းကျင်း၏ ဖြူစင်သော ယင်ကိုယ်ထည်ကို ချက်ချင်းစိတ်ဝင်စားခဲ့ခြင်းပင်ဖြစ်ရာ ထိုသို့သော သန့်စင်သော ယင်ခန္ဓာသည် အလွန်ရှားပါးသည်။

ထို့ကြောင့် သူ၏ ကျင့်ကြံရေးအဆင့်အတွက်လည်း အလွန်အထောက်အကူဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ရှဲ့ကျင်းကျင်း၏မျက်နှာပေါ်ရှိ အပြစ်ကင်းစင်ခြင်းအရိပ်အမြွက်သည် ယွီချန်လုံ၏နှလုံးသားကို ဆွဲငင်နိုင်စွမ်းရှိသည်။

ရှဲ့ကျင်းကျင်းက ထိန်းနနိုင်သိမ်းမရ တုန်လှုပ်စပြုလာ၏။ "မဟုတ်ဘူး၊ ငါမသွားဘူး"

ယွီချန်လုံ၏ အပြုံးက အေးစက်သွားသည်။

ဤသည်ကိုမြင်သောအခါ ဝေ့ရူယန်က စကားဖြတ်ပြော၏။

“အရှင်သခင် သူက ကလေးပဲရှိသေးတာပါ… ကျွန်မ သူ့အစား အခစားဝင်ပါရစေ”

"မင်းက ငါ့ကို အခစားခံချင်တာလား မင်းအင်္ကျီလက်ထဲဖွက်ထားတဲ့ ဓားကျိုးနဲ့လေ” ယွီချန်လုံက အေးစက်သော အသံဖြင့် ပြောလိုက်သည်။

ဝေ့ရူယန်၏ မျက်နှာက လူသေတစ်ကောင်ကဲ့သို့ အရောင်ဖျော့သွားသည်။

"ဒီမိန်းမကို ဆွဲထုတ်ပြီးခေါ်သွား သူက မင်းတို့ အပိုင်ပဲ" ယွီချန်လုံက ကြေငြာသည်။

သူ့နောက်တွင် စောင့်ကြပ်နေသော နတ်ဆိုးစစ်သားများက ထိုစကားကြောင့် ရွှင်မြူးကာ ရက်စက်သော အပြုံးများဖြင့် ရှေ့သို့ လျှောက်သွားကြသည်။

ရှဲ့ကျင်းကျင်းသည် စိတ်ပျက်အားငယ်စွာဖြင့် ဝေ့ရူယန်၏လက်ကို အပြင်းအထန်ဆုပ်ကိုင်ထားသည်။

"မဟုတ်ဘူး... ငါ့အစ်မရူယန်ကို မထိနဲ့"

ရှိရှိသမျှ နတ်ဆိုးများအားလုံးက ဤမြင်ကွင်းကို ကြည့်၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။

၎င်းတို့အတွက် အခြားသူများ နာကျင် စိတ်ပျက်အားငယ်နေသည်ကို မြင်နေရခြင်းသည် ကြည်နူးဖွယ်ကောင်းသော အရာပင်ဖြစ်သည်။

သို့သော် ထိုခဏ၌ပင် ၎င်းတို့ထံ ရောက်ရှိလာလုနီးပါးဖြစ်သော နတ်ဆိုးစစ်သားများ၏ ခေါင်းများအားလုံး တစ်ပြိုင်နက်တည်း လွင့်ပျံသွားကြသည်။

နတ်ဆိုးသွေးများက နေရာအနှံ့ ပြန့်ကျဲသွား၏။

များစွာသော ဦးခေါင်းများက ကြမ်းပြင်သို့ လိမ့်ဆင်းလာသည်။

ခေါင်းမပါသည့် နတ်ဆိုးကောင်များက စက္ကန့်အနည်းငယ် ရုန်းကန်ပြီးမှ မြေပြင်ပေါ်သို့လဲကျသွားကြသည်။

ဤမြင်ကွင်းက ရှိနေသော နတ်ဆိုးအားလုံးကို အံ့အားသင့်စေခဲ့သည်။

ထို့နောက် ဒေါသနှင့် သတ်ဖြတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းပြီ ဒီနေ့တော့ မင်းတို့အားလုံး သေကြလိမ့်မယ်"

ထိုအသံကိုကြားလိုက်ရသောအခါ ပြိုလဲကျခါနီးဖြစ်နေသော ရှဲ့ကျင်းကျင်းက မယုံနိုင်လောက်အောင် တုန်လှုပ်သွားကာ နောက်ပြန်ကြည့်လိုက်သည်။

အေးစက်သောအမူအရာနှင့် မီးတောက်လောင်နေပုံရသောမျက်လုံးများရှိသည့် အမျိုးသားတစ်ဦးက သူမအနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။

သူမ၏ အိပ်မက်များတွင် အမြဲရှိနေတတ်သော ဤရုပ်သွင်ကို မြင်လိုက်ရသဖြင့် ရှဲ့ကျင်းကျင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အစ်ကို ရွှယ်အန်း"

All Chapters