← Chapters

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း (၅၂၆-၅၂၈)

Vol. 36 Ch. 526-528

အခန်း(၅၂၆) အိုး မဖြစ်ဘူး နတ်သခင်ကို ဖမ်းသွားပြီ

အလွန်အားကောင်းသော ရောင်ဝါတစ်ခုက မြင်ကွင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ရှောင်ရှသည်ပင် ဤဖိအားအောက်၌ မတတ်နိုင်ဘဲ ခေါင်းငုံ့ထားလိုက်ရသည်။ ဤအခိုက်တွင် ယွီ‌‌ဟောက်ယန်က လုံးဝ ထိန်းချုပ်မှုဆုံးရှံးသွားပြီဖြစ်၏။ ဤသို့မှမဟုတ်လျှင် ဤအာကာသနှင့်အချိန်လမ်းကြောင်းကိုဖွင့်ရန် သူ၏ တိုင်းတာ၍ မရနိုင်သော ကျင့်ကြံရေးအဆင့်ကို အသုံးချခဲ့မည်မဟုတ်ပေ။

သူက နဂါးနတ်ဆိုးနွယ်မြေတွင် တိတ်တဆိတ် ထိုင်နေခဲ့ရာမှ ရုတ်တရက် သူ့စိတ်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရပြီးနောက် သူ၏သားအရင်းဖြစ်သူ ယွီချန်လုံနှင့် သွေးချင်းဆက်နွယ်မှု ရုတ်ခြည်း ပြတ်တောက်သွားသည်ကို သိလိုက်ရသည်။

တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ သူ့သားအသတ်ခံရ၍ မျိုးရိုးကို လုယူခြင်းခံလိုက်ရခြင်းပင်ဖြစ်သည်။ အဆင့်မြင့်နတ်ဆိုးနဂါးတစ်ကောင်ဖြစ်သော ယွီဟောက်ယန်သည် သက်တမ်းရှည်သော်လည်း မျိုးပွားရန် ခက်ခဲလှသည်။ ထို့ကြောင့် ယခုအချိန်အထိ သူ့တွင် သားအရင်းအဖြစ် ယွီချန်လုံတစ်ဦးသာရှိသဖြင့် အလွန်အမင်း ချစ်ခင်ခဲ့ရသည်။ သို့သော် သူမစ်ရှင်လုပ်ဆောင်ရန် လွှတ်လိုက်ပြီးမကြာခင်၌ သူ့သားအသတ်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဤသို့သောအခြေအနေတွင် ယွီဟောက်ယန်က မည်ကဲ့သို့ သူ့ဒေါသကို ထိန်းနိုင်တော့မည်နည်း။ ဤသို့ဖြင့် သားအရင်းအခြာဖြစ်သူ၏ သွေးမျိုးရိုးကို လုယူသူနောက်သို့လိုက်ရန် အာကာသနှင့်အချိန်လမ်းကြောင်းကို မဆင်မခြင်ဖြိုဖျက်ကာ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်လိမ့်မည်နည်း။

အာကာသစည်းမျဥ်းကန့်သတ်ချက်များကြောင့် ယွီဟောက်ယန်၏ အသွင်သဏ္ဍာန်အစစ်အမှန်က မဆင်းသက်နိုင်တော့ဘဲ နတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသောအစိတ်အပိုင်းမှာ ဤနဂါးခြေသည်းဖြစ်သည်။

သို့သော် ၎င်းက လုံလောက်သည်။

အနည်းဆုံးအနေဖြင့် ရှောင်ရှသည်ပင် ယခုတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပေ။

သို့သော် ထိုအချိန်၌ ရွှယ်အန်းက ရှောင်ရှရှေ့၌ပေါ်လာကာ လက်ကိုဆန့်ထုတ်၍ နဂါးလက်သည်းကို ဆုတ်ကိုင်လိုက်သည်။ အာကာသအချိန်လမ်းကြောင်း၏ အခြားတစ်ဖက်တွင် ယွီ‌ဟောက်ယန်က အနည်းငယ် ထိတ်လန့်သွားကာ ပဟေဠိဖြစ်နေဆဲဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ

ဘာလို့ သူ့လက်သည်းက ပြိုင်ဘက်ကို အနိုင်မယူနိုင်တာလဲ။

အဲ့အပြင် တစ်ခုခုက ဖမ်းလိုက်သလိုလည်းခံစားရတယ်။

ပဟေဠိဖြစ်နေစဉ်၊ ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်သည်။

“မင်း ဒီကိုရောက်လာပြီဆိုမှတော့ မပြန်နဲ့တော့ ငါ့အိမ်မွေးနဂါးအတွက် အစာလုပ်လိုက်တော့”

ထိုသို့ဖြင့် ရွှယ်အန်းက ရုတ်တရက် အားထည့်လိုက်သောာအခါ ယွီဟောက်ယန်သည် သူ့ဆီသို့ ကြီးမားသော ခွန်အားတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရ၍ သူ၏ ကြီးမားသော ခန္ဓာကိုယ်တစ်ခုလုံးသည် ကျဉ်းမြောင်းသော အာကာသလမ်းကြောင်းတွင် ချက်ခြင်း စုပုံလာသည်။

ထိုအချိန်တွင် ယွီဟောက်ယန်သည် ရွှယ်အန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် အခြားခြေသည်းများကို အသုံးပြလျက် ကြမ်းပြင်ကို ကုတ်တွယ်ထားရန် ခွန်အားအားလုံးကို စုစည်းလိုက်သည်။

သို့သော် ရွှယ်အန်းက အလွန်သန်မာသည်။ ယွီဟောက်ယန်သည် ကြမ်းပြင်ပေါ်တွင် ကုတ်တွယ်ထားပြီးနောက် တဖြည်းဖြည်းလျောကျသွားသည်။ ယွီဟောက်ယန်၏ နန်းတော်အတွင်းတွင် အမိန့်စောင့်ဆိုင်းနေသော နတ်ဆိုးနဂါးများစွာရှိသည်။

သူတို့၏ တပ်မှူးက တစ်စုံတစ်ခုကြောင့် ဆွဲထုတ်ခံရတော့မည်ကို မြင်လိုက်ရသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။

“မင်းတို့ ဘာကြည့်နေတာလဲကွ။ ငါ့ကို မြန်မြန်လာကယ်ကြလေ” ယွီဟောက်ယန်က ထိတ်လန့်တကြား ဒေါသတကြီး အော်လိုက်သည်။ ဤနတ်ဆိုးနဂါးများသည် ရှေ့သို့ အမြန်တိုးလာကြကာ မုန်လာဥဆွဲနှုတ်သကဲ့သို့ ၎င်းတို့၏ တပ်မှုးကို ဆွဲထုတ်လိုက်ကြသည

နတ်နဂါးတစ်ဒါဇင်ကျော်၏အကူအညီဖြင့် ယွီဟောက်ယန်သည် ရွှယ်အန်းနှင့်လွန်ဆွဲပွဲ၌ အသာစီးရလာသည်။ ထိုအချိန်တွင် ရှောင်ရှသည် ရွှယ်အန်းသည် နဂါးလက်သည်းဖြင့် ရုန်းကန်နေသည်ကိုမြင်လိုက်ရသဖြင့် အမြန်ကူဆွဲရန် နောက်မှ ပြေးလာသည်။

ကျန်းမေ့အာ၊ ဝေ့ရူယန်နှင့် အခြားသူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကူညီရန် ရှေ့သို့ တိုးသွားကြသည်။ ထို့နောက် အဆင့်နိမ့်နတ်ဆိုးများအားလုံးကို သတ်ပြီးသော အရိုးဖြူအမျိုးသမီးနှင့် နတ်ဆိုးမျိုးနွယ်စုဝင်များက စိတ်လှုပ်ရှားစွာ ပြေးလာကြသည်။ ၎င်းတို့၏ အကြီးမားဆုံးသော ရန်ငြှိုးအတွက် လက်စားချေနိုင်ခဲ့ပြီဖြစ်သောကြောင့် အလွန်အမင်း ပျော်ရွှင်လျက်ရှိကြသည်။

သို့သော် ခန်းမထဲမှ မြင်ကွင်းကိုမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် အားလုံးက အံ့သြသွားကြသည်။

ရှောင်းယွီက စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ လှမ်းလာကာပြောလိုက်သည်။

“အရှင်မ”

မြေခွေးအကြီးအကဲကလည်း ချဥ်းကပ်လာကာ မျက်ရည်များ စီးကျလာလျက်ဖြင့် ပြောလိုက်သည်။

“မင်းသမီးလေး”

ကျန်းမေ့အာနှင့် အခြားသူများက ၎င်းတို့ကို အာရုံစိုက်ရန် အချိန်မရှိဘဲ ရိုးရှင်းစွာပြောလိုက်သည်။

“မြန်မြန် လာကူကြ”

“ကောင်းပြီ ကောင်းပြီ လာပြီ” ရှောင်းယွီက ဦးစွာပြေးသွားသည်။

တစ်ချိန်တည်း၌ပင် သူမက ရှောင်ရှကို မေးလိုက်၏။

“နဂါးမမ ဘာဖြစ်နေတာလဲ”

“အရူးနဂါးတစ်ကောင်က အာကာသအချိန်အတားအဆီးကိုဖြတ်ပြီး ကြွားချင်နေတာ ငါ့သခင်က သူ့ကို ဖမ်းထားတာ၊ အခု သူထွက်သွားလို့မရအောင် ငါတို့ ဒီထဲကိုဆွဲချကြမလို့” ရှောင်ရှက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။

ဤသည်ကိုကြားသောအခါ ရှောင်းယွီက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“သေစမ်း နင်က ကြွားပြီးမှ အခု ထွက်ပြေးချင်နေတာလား။ ငါ့ကိုကြည့်ထား”

ဤသို့ပြော၍ သူမက ပုံစံအမှန်သို့ပြောင်းကာ များစွာသော ရေဘဝဲလက်တံများက နဂါးလက်သည်းကို ရစ်ပတ်လိုက်ကာ ကျန်သော လက်တံများက အရိုးဖြူအမျိုးသမီးနှင့် အခြားနတ်ဆိုးများဆီသို့ ဦးတည်သွားသည်။

“လာ… တူတူဆွဲချရအောင်”

အရိုးဖြူအမျိုးသမီးက ခေါင်းညိတ်ပြီးနောက် ကူရန် အမြန်ပြေးလာသည်။

ဆင်ဘုရင်က အားပါးတရရယ်လိုက်သည်။

“ရေဘဝဲလေး ဒါကိုကိုင်တွယ်နိုင်လား”

ရှောင်းယွီက မကျေနပ်စွာဖြင့် ပြန်ပြောသည်။

“အဘိုးကြီး ခင်ဗျား ဆွဲဖို့ပဲအာရုံစိုက်စမ်းပါ ကျွန်မလက်တံတွေက သံမဏိကြိုးတွေထက် ပိုသန်မာတယ်”

“ကောင်းပြီ” ဆင်ဘုရင်က သူ၏လက်ဝါးနှစ်ဖက်ကို ပွတ်တိုက်လိုက်ပြီးနောက် တစ်ကိုယ်လုံး လျင်မြန်စွာကြီးမားလာသည်။

ထိုသို့ဖြင့် သုံးမီတာကျော်ကြီးသော ဆင်ကြီးအဖြစ်မှ ငါးမီတာရှိသော သတ္တဝါကြီးအဖြစ်ပြောင်းလဲသွားကာ ရှောင်းယွီ၏လက်တံကိုဆွဲလျကျ် ကျယ်လောင်စွာ အော်လိုက်သည်။

“လာစမ်းပါ.. လာ ငါ့ဆီလာ”

ဆင်ဘုရင်က အလွန်အမင်း အင်အားကြီးမားသည်ဟု ဆိုရပေလိမ့်မည်။ ထိုဆွဲချက်ဖြင့် ရှောင်းယွီ၏ လက်တံက အလွန်ရှည်ထွက်လာသည်။

နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များစွာ၏ ပူးပေါင်းဆောင်ရွက်မှုအောက်၌ ယွီဟောက်ယန်သည် ဖြည်းညှင်းစွာဖြင့် ဆွဲငင်ခံရနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန် အမင်း ထိတ်လန့်သွားသည်။

‘ဒါအလုပ်မဖြစ်ဘူး။ ဒီတိုင်းဆို သေချာပေါက် အဆွဲခံလိုက်ရလိမ့်မယ်’

ယွီဟောက်ယန်၏ နှလုံးသားထဲ၌ အကြောက်တရားက ပြည့်နှက်သွားသည်။

အကယ်၍ သူသာအဆွဲခံလိုက်ရလျှင် အာကာသစည်းမျဥ်းများအောက်၌ ပွဲချင်းပြီး အသတ်ခံရနိုင်ချေရှိသည်။ ဤသည်ကိုတွေး၍ ယွီဟောက်ယန်က နာကျင်စွာစတေးရန်မှတပါး ရွေးချယ်ရန် မရှိတော့ဟုထင်၍ အံကို တင်းတင်းကြိတ်ထားလိုက်သည်။

သို့သော် သူ၏ ကိုယ်ပိုင် နဂါးခြေသည်းကို ဖြတ်ပစ်ခါနီးတွင်ပင် နဂါးလက်သည်းကို ကိုင်ထားသည့် ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

“အားလုံး မတ်တပ်ရပ်ကြ”

အားအင်အပြည့်စိုက်ထုတ်ထားသည့် ရှောင်ရှနှင့် နတ်ဆိုးမျိုးနွယ်စုအဖွဲ့ဝင်များအားလုံး အံ့သြကြောင်အသွားကြသည်။

“သခင်…” ရှောင်ရှက လှမ်းအော်လိုက်ရာ၊ အဓိပ္ပါယ်ကားအလွန်ရှင်းလင်းလှသည်။

‘တစ်ယောက်တည်းလုပ်နိုင်လို့လား’

ရွှယ်အန်းက ခပ်ပါးပါးပြုံးလိုက်၏။

“သိသာပါတယ်။ သူ့အသက်ကိုကယ်ဖို့ သူ့လက်သူဖြတ်ပစ်ဖို့ စီစဥ်နေပေမယ့် ဒီလောက်မလွယ်ဘူး။ ဘေးကိုဖယ်နေကြ”

ရှောင်ရှနှင့် အခြားသူများအားလုံးက ဘေးသို့ လျင်မြန်စွာဖယ်လိုက်ကြသည်။ တစ်ဖက်မှ ယွီဟောက်ယန်သည် ဖိအားများ ရုတ်တရက် သက်သာသွားသည်ကို ခံစားလိုက်ရကာ တစ်ဖက်တွင် အားအင်ကုန်ခမ်းသွားပြီဟုထင်၍ တိတ်တဆိတ်ဝမ်းသာသွားခဲ့၏။ သို့သော် ရွှယ်အန်းက အခြားလက်တစ်ဖက်ဖြင့်ပါ နဂါးလက်သည်းကို ဆုပ်ကိုင်လိုက်သည်။

မှန်သည်။

ယခုအချိန်ထိ ရွှယ်အန်းသည် နတ်ဆိုးနဂါးကို လက်တစ်ဖက်တည်းဖြင့် ဆွဲချနေခြင်းဖြစ်၍ ရုန်းကန်နေရခြင်းဖြစ်သည်။

ယခု ရွှယ်အန်းက ရုတ်တရက် လက်နှစ်ဖက်လုံးဖြင့် အားသုံးကာ ဆွဲလိုက်ပြီးနောက် ပေါ့ပါးစွာ အော်လိုက်သည်။

“ငါ့ဆီလာခဲ့”

ယခုတင် သက်သာရာရသွားသော ယွီဟောက်ယန်က ဤအရာကို မမျှော်လင့်ထားသဖြင့် အော်ဟစ်ကာ နတ်ဆိုးနဂါးနယ်မြေမှ ကြမ်းတမ်းစွာဆွဲထုတ်ခံလိုက်ရသည်။

ခမ်းနားသောခန်းမကြီးအတွင်းရှိ များစွာသော နတ်ဆိုးနဂါးများ အားလုံးသည် အာကာသအချိန်လမ်းကြောင်းကို စူးစူးဝါးဝါးစိုက်ကြည့်နေကြသည်။

ခဏအကြာ၌ ကြောက်လန့်တကြား ‌ေ အာ်လိုက်ကြ၏။

‘အိုး… အရှင်… နတ်အရှင်ကို ဖမ်းသွားပြီ’

နတ်ဆိုးနဂါးနယ်မြေတွင် ဖြစ်နေသည့် ပရမ်းပတာများမဆိုနှင့် နတ်ဆိုးနဂါးအရှင် ယွီဟောက်ယန်သည် လျို့ဝှက်နယ်မြေသို့တိုက်ရိုက်ဆွဲခေါ်ခံလိုက်ရသဖြင့် စည်းမျဥ်းအလွှာတိုင်းတွင် သူ၏ ကျင့်ကြံရေးအဆင့်က ဖိနှိပ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။

သူ၏ ခွန်အားက တခဏချင်း ကျဆင်းသွားသည်။

သို့သော် နောက်ဆုံးတွင်မူ သူသည် ယွီချန်လုံထက် အဆင့်မြင့်သည့် နတ်ဆိုးနဂါးအရှင်ဖြစ်သောကြောင့် အလျင်အမြန်လှိမ့်၍ လေထဲ၌ ပျံသန်းကာ ဒေါသတကြီးကြုံးဝါးလိုက်သည်။

“မင်း…”

သို့သော် သူ့စကားမဆုံးခင်၌ ရွှယ်အန်းက သူ့ကို လက်သီးဖြင့် လေထုအလယ်မှ ထိုးချလိုက်သည်။

ယွီဟောက်ယန်သည် မြေပြင်ရှိ အညစ်အကြေးများကို ပါးစပ်အပြည့်စားမိပြီးနောက် ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် မော့ကြည့်လိုက်သည်။

“မင်း…”

ထို့နောက် သူ အေးခဲသွားသည်။

ရွှယ်အန်းသည် သူ့နောက်ကျော၌ လက်နှစ်ဖက်ယှက်၍ မတ်တပ်ရပ်နေသည်ကိုမြင်လိုက်ကြရသည်။

‘သူ့ကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ’

ရွှယ်အန်း၏ နှုတ်ခမ်းများက ကွေးတက်သွားပြီးနောက် နွေးထွေးသော အပြုံးက ရုတ်တရက် ထွက်ပေါ်လာသည်။

"မတွေ့ရတာ ကြာပြီ"

ယွီဟောက်ယန်က စတင်တုန်လှုပ်လာကာ သူ့ခန္ဓာကိုယ်တစ်ခုလုံဂရှိ နဂါးအကြေးခွံများ အဆက်မပြတ် တဒိန်းဒိန်းခုန်လှုပ်လာသည်။

“မင်း…မင်း…”

အချိန်အတန်ကြာ စကား ထစ်နေပြီးသည့်တိုင် သူက နာမည်ကို မပြောနိုင်သေးပေ။

“မှန်တယ်။ ငါက ရွှယ်အန်းပဲ” ရွှယ်အန်းက စူးရှစွာ ပြုံးလိုက်သည်။

ယွီဟောက်ယန်ည် အလွန်ပြင်းထန်စွာ တုံ့ပြန်ခဲ့ကာ မျက်စိလန်၍ နေရာတွင်ပင် မူးလဲသွားသည်။

ရှောင်ရှက ချင်းကပ်လာကာ သိချင်စိတ်ပြင်းပျစွာဖြင့် မေးလိုက်သည်။

“သခင် ဒီကောင်က ဘာလို့ အရမ်းကြောက်နေတာလဲ”

ရွှယ်အန်းက အနည်းငယ်ပြုံးလိုက်၏။

"ဘာမှမဟုတ်ပါဘူး။ ငါအင်မော်တယ်ဘုရင်ဖြစ်တုန်းက သူငယ်ချင်းတချို့နဲ့ ပွဲတစ်ခုလုပ်ဖူးတယ်။ အဲ့တာ ငါတို့မှာ ပါဝင်ပစ္စည်းတွေမရှိလို့ နတ်ဆိုနဂါးနယ်မြေကိုကိုသွားခဲ့ပြီး ချက်ပြုတ်ဖို့ နတ်ဆိုးနဂါးတချို့ကို ဖမ်းခဲ့တာ။ ငါ့အထင် အဲ့တာကြောင့် သူအရမ်းကြောက်နေတာထင်တယ်”

wunzinnsop

အခန်း(၅၂၇) ၅၂၇

ဤသည်ကိုကြားသောအခါ နတ်ဆိုးမျိုးနွယ်မှ နတ်ဆိုးအများအပြားက ရွှယ်အန်းနှင့် ဝေးရာသို့ ရွှေ့သွားကြသည်။

ဟင်းချကချက်ရန်အတွက် နတ်ဆိုးနဂါးများစွာကို ဖမ်းဆီးခဲ့ခြင်း…

ဤသည်က ချဲ့ကားလွန်းလှသည်။

"သူဌေး ဒီကောင်ကို ဘာလုပ်သင့်လဲ"

ရွှယ်အန်းသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် အိပ်နေသော ယွီဟောက်ရန်ကို ကိုကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။

"သူ မူးလဲသွားတာဆိုတော့ ကိစ္စမရှိဘူး ဒီတိုင်း ကိုက်စားလိုက်ရုံပဲ"

"သိပြီ"

ရှောင်ရှက ရွှင်လန်းသော အပြုံးဖြင့် ပြန်ပြောကာ လှုပ်ရှားရန် အသင့်ဖြစ်နေသည်။

ဤသည်ကိုကြားသောအခါ ယွီဟောက်ရန်က မျက်လုံးများကို အမြန်ဖွင့်လိုက်သည်။

"သခင်၊ သက်ညှာပေးပါ"

"အာ ဒါဆို ခင်ဗျားကသတိလစ်သွားလို ဟန်ဆောင်နေတာပေါ့"

ရှောင်ရှက အတန်ငယ် စိတ်ပျက်သွားကာ သင်ခန်းစာတစ်ခုပေးရန် အဆင်သင့်ဖြစ်လျက် သူမ၏ အင်္ကျီလက်များကို လှန်တင်လိုက်သည်။

ရွှယ်အန်းက သူမကို ခဏစောင့်ရန် အချက်ပြလိုက်ပြီးနောက် ယွီဟောက်ယန်ကို ပြော၏။

"မင်းငါ့ကို မှတ်မိပုံရတယ်"

“ဟုတ်ပါတယ် ကျွန်တော်မျိုး နဂါးငယ်လေးက သခင်ကို မှတ်မိပါတယ်”

ကြောက်မက်ဖွယ်ကောင်းသော နတ်သုတ်သင်သူဖြစ်ကြောင်း သူသိခဲ့ပါက၊ သူသည် ဤနေရာသို့ ဘယ်သောအခါမှ ရောက်လာမည်မဟုတ်ပေ။

"ကောင်းပြီ၊ မင်းသားက မာန်တက်နေလို့ ငါ့နဂါးက ဝါးစားလိုက်တာ မင်းကျေနပ်ရဲ့လား"

"ကျေနပ်ပါတယ် ကျေနပ်ပါတယ်" ယွီဟောက်ရန်က အားတက်သရော ခေါင်းညိတ်ကာ ထပ်ခါတလဲလဲ ထောက်ခံသည်။

ရွှယ်အန်းက ထိုစကားကိုကြားသောအခါ သက်ပြင်းအနည်းငယ်ချလိုက်၏။

"ဒါက ငါ့အတွက် ခက်ခဲစေတယ်"

"ငါက ငါ့မင်းကို ငါ့နဂါးကို ကျွေးချင်ပေမယ့်​ မင်းရဲ့ စိတ်​​နေစိတ်​ထားက အရမ်း​ကောင်းလွန်းတယ်။ တော်တော် စိတ်မကောင်းဖြစ်စရာပဲ”

ယွီဟောက်ယန်က ချွေးစေးများ ထွက်လာကာ တုန်လှုပ်ချောက်ချားစွာ ရယ်မောလိုက်သည်။

“အရှင်…သခင်…”

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်၏။

"စိတ်လျှော့ပါ၊ ငါက တော်တော် ကျိုးကြောင်းဆီလျော်တဲ့ လူတစ်ယောက်ပါ။ ဒါက မင်းရဲ့ လုပ်ရိုးလုပ်စဉ် သက်သက်ပဲ၊ ဒါ့ကြောင့် ငါ မင်းကို မသတ်ဘူး။ ဒါဆို ဘယ်လိုလဲ၊ မင်းရဲ့ သွေးအနှစ်သာရ တစ်ဝက်ကို ချန်ထားခဲ့၊ ငါ မင်းကို လွှတ်ပေးမယ်"

ယွီဟောက်ရန်က သက်ညှာပေးရန် မျှော်လင့်လျက် ရွှယ်အန်းကို ကြည့်နေစဉ်တွင် ဤစကားကိုကြားလိုက်ရသောအခါ ဖြူဖျော့သွားခဲ့သည်။ အကယ်၍ သူသာ သူ၏သွေးအနှစ်သာရတစ်ဝက်ကို ချန်ထားခဲ့ပါက၊ နတ်ဆိုးနဂါးဘုံသို့ ပြန်သွားသောအခါတွင် သူ၏ခွန်အားက အလွန်လျော့နည်းသွားမည်ဖြစ်ကာ နတ်သခင်အဖြစ် ဆက်လက် ရပ်တည်နိုင်မည်မဟုတ်ပေ။

"ဘာလဲ မပေးခဲ့ချင်ဘူးလား။ မင်းရဲ့ နတ်ဆိုးနဂါးမျိုးနွယ်က ဘာတွေလုပ်ခဲ့လဲဆိုတာကို မင်းကို သတိပေးနေစရာ မလိုဘူးလို့ ငါထင်ပါတယ်။ မင်းရဲ့လက်တွေမှာ မရေမတွက်နိုင်တဲ့ အပြစ်မဲ့ဝိညာဉ်တွေရဲ့ သွေးတွေစွန်းထင်းနေတာလေ။ သွေးအနှစ်သာရ တစ်ဝက်လောက်က တော်တော် သက်ညှာပေးထားပြီးသားမဟုတ်ဘူးလား" ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။

"ကျေနပ်ပါတယ်၊ အရမ်းကျေနပ်ပါတယ်။ ဟုတ်ပါတယ် ကျွန်တော်ကျေနပ်ပါတယ်" ယွီဟောက်ရန်က အလျင်စလို ခေါင်းညိတ်လိုက်သည်။

မကျေနပ်ဟု ခံစားဝံ့ပါက ကြောက်မက်ဖွယ်ကောင်းသော နတ်သုတ်သင်သူ၏ ဒေါသစိတ်က သူ့အသက်ကို ဆုံးရှုံးစေနိုင်သည်။

ယွီဟောက်ရန်က တစ်ခဏမျှ နာကျင်စွာ ရုန်းကန်၍ စူးစူးရဲရဲ ဖြာထွက်နေသော ပုလဲတစ်လုံးကို ရုတ်တရက် ထုတ်ပေးလိုက်သည်။

နဂါးအမြုတေ။

နဂါးမျိုးနွယ်စု၏ အဆင့်မြင့်ပုဂ္ဂိုလ်များကသာ နဂါးအမြုတေတစ်ခုကို ပေါင်းစပ်နိုင်သည်။

ဤသည်က ကျင့်ကြံသူ၏ အတွင်းအူတိုင်နှင့်ဆင်တူသည်။

သို့သော် ရွှယ်အန်းက ယင်းထဲမှ အလွန်ကြီးမားသော စွမ်းအားနှင့် အဆုံးမရှိ အံ့သြဖွယ်ကောင်းသော အနှစ်သာရကို ခံစားမိကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"မဆိုးပါဘူး"

သူ့မျက်နှာက ဖြူဖျော့နေသော်လည်း ယွီဟောက်ရန်က အားတင်းကာ ပြုံးလိုက်သည်။

“သခင်၊ ဒါက ကျွန်တော်မျိုးထွက်သွားလို့ရပြီလို့…”

"ထွက်သွား"

“ဟုတ်”

ယွီဟောက်ရန်က စိတ်သက်သာရာရကာ ထွက်ခွာတော့မည့်အခိုက်တွင် ရွှယ်အန်းက အေးစက်စွာပြုံးလိုက်သည်။

“မင်းဘာလို့ ဒီကို ကျူးကျော်လဲဆိုတာ ငါကောင်းကောင်းနားလည်တယ်။ မင်းကို သတိမပေးလို့ဆိုပြီး ငါ့အဆိုးမဆိုပါနဲ့။ မင်းရဲ့မကောင်းတဲ့အတွေးတွေကို ထပ်ပြီးတွေးရဲဦးမယ်ဆိုရင် မင်းရဲ့ နတ်ဆိုးနဂါးနယ်မြေကို အသားစျေးလို သဘောထားလိုက်ဖို့ ငါဝန်မလေးဘူး နားလည်လား”

ယွီဟောက်ယန်က ဆီးသွားမိလုတော့မည့်နည်းပါး ကြောက်ရွံ့သွားသည်။

“ဟုတ် ဟုတ် ကျွန်တော် နားလည်ပါတယ်”

ရွှယ်အန်းက ထွက်သွားရန် လက်ကိုဝှေ့ယမ်းပြလိုက်သည်။ ထိုအချိန်၌ အကာသအချိန်လမ်းကြောင်းက ပြိုကျပျက်ဆီးတော့မည့်အလားဖြစ်နေသည်။

ရွှယ်အန်းက နဂါးအမြုတေကို ရှောင်ရှဘက်သို့ ပစ်ပေးလိုက်၏။

“ဒါကို စားလိုက်။ ဒါ အမှိုက် သွေးမျိုးဆက်တွေထက် အများကြီးကောင်းတယ်”

ရှောင်ရှက မဆိုင်းမတွဘဲ တစ်ကျိုက်တည်းမြိုချလိုက်ကာ

‘ဘာမှမခံစားရပါဘူး’ဟု ပြောလျက် မျက်တောင်ခတ်လိုက်သည်။

ထိုစကားလုံးများ သူမ၏ ပါးစပ်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှောင်ရှ၏ ဗိုက်ထဲမှ ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲလာကာ သူမ၏ ပုံစံအစစ်အမှန်ဆီသို့ ပြန်လည်ပြောင်းလဲသွားသည်။ ထို့အပြင် ရှောင်ရှ၏ ခန္ဓာကိုယ်ပေါ်ရှိ နဂါးအကြေးခွံများ ကွာကျကာ လျင်မြန်စွာ ပြန်လည် ကြီးထွားလာသည်။

အကြေးခွံများ ယခင်ကကဲ့သို့ ပြန်လည် မာကြောလာသောအခါ ထိုဖြစ်စဥ်က ပြန်ဖြစ်လေ၏။ ရှောင်ရှ၏ နဂါးခန္ဓာကိုယ်တစ်ခုလုံးအတွင်းတွင် တုန်လှုပ်ခြောက်ခြားဖွယ် အသွင်ကူးပြောင်းမှုနှင့် ကြီးထွားမှုများဖြစ်ပွားလျက်ရှိသည်။ ခံစားချက်က အလွန် မချိမဆံ့နာကျင်လှသည်။

ထို့ကြောင့် ရှောင်ရှပင် သည်းမခံနိုင်တော့ဘဲ လေထဲတွင် ရင်တထိတ်ထိတ်နှင့် ရုန်းကန်နေရကာ သူမ၏ မျက်လုံးများတွင် နာကျင်မှုများဖြင့် ပြည့်နေသည်။

“သူဌေး အရမ်းနာတယ်။ ကယ်ပါဦး”

သို့သော် ရွှယ်အန်းက တိတ်တဆိတ်ကြည့်နေ၏။

“မင်း သန်မာချင်တယ်ဆိုရင် ဒီဝေဒနာကိုခံနိုင်ရည်ရှိမှရမယ်။ ဒါကို ဘယ်သူမှ မကူမညီနိုင်ဘူး”

ထိုစကားကြောင့် ရှောင်ရှ၏ နဂါးမျက်လုံးများထဲတွင် တဖြည်းဖြည်း ပြတ်သားမှုအငွေ့အသက်များ ပေါ်လာသည်။ သူမက လွန်ခဲ့သော အချိန်တစ်ခုက အကြောင်းတစ်ခုကို ရုတ်တရက်တွေးလိုက်မိသည်။

ထိုအချိန်က သူမသည် ရေမြွေတစ်ကောင်မျှသာဖြစ်သည်။ တစ်နေ့တွင် သူမ၏ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုကြီးပိုထူသော ရေမြွေဟောက်တစ်ကောင်နှင့် ဆုံတွေ့ခဲ့သည်။

ထိုအချိန်က သူမ ထွက်ပြေးရန် တွေးတောခဲ့သော်လည်း မြွေဟောက်၏ လိုက်ဖမ်းမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။ နောက်ဆုံးတွင် အခြားရွေးချယ်စရာဟူ၍မရှိတော့သော ရှောင်ရှက အစွမ်းကုန်ကြိုးစားခဲ့သည်။

ထိုတိုက်ပွဲသည် ရှောင်ရှကြုံတွေ့ဖူးသမျှ အရက်စက်ဆုံးနှင့် အနာကျင်ဆုံးဖြစ်သည်။

ရှောင်ရှသေဆုံးလုနီးပါးဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် မြွေဟောက်ဘုရင်ကို သတ်နိုင်ခဲ့သည်။

ယင်း/က အံ့ဖွယ် အခိုက်အတန့်တစ်ခုပင်ဖြစ်၏။

ထိုအချိန်မှစ၍ ရှောင်ရှသည် ဝိညာဉ်ရေးအသိများ တဖြည်းဖြည်းရရှိလာကာ ကျင့်ကြံရေးလမ်းကြောင်းပေါ် ခြေလှမ်းစခဲ့သည်။

အကယ်၍ သူမသာ သေလုနီးပါးဖြစ်၍ အသက်ရှင်နေသေးပါက၊

ဤဝေဒနာသည် အသေးအမွှားမျှသာဖြစ်သည်။

ထိုအတွေးကိုတွေး၍ ရှောင်ရှက သူမ၏ စိတ်ဝိဉာဥ်ကိုစုစည်းကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာဆင်းသက်လျက် စတင်တရားထိုင်လိုက်သည်။

ရွှယ်အန်းက အနည်းငယ်ခေါင်းညိတ် သဘောတူလိုက်သည်။

ဤပြောင်းလဲမှုသည် ရှောင်ရှအတွက် အရေးကြီးသည်။ သို့သော် အရေးအကြီးဆုံးမှ သူမ၏ စိတ်ပင်ဖြစ်ကာ ယင်းကိုကျော်လွှားနိုင်မှသာလျှင် သန်မာမှုလမ်းကြောင်းပေါ်သို့ အမှန်တကယ် လျှောက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။

ထိုအချိန်၌ နတ်ဆိုးနဂါးနယ်မြေတွင် နတ်ဆိုးနဂါးများက အာကာသအချိန်လမ်းကြောင်းတစ်ဝိုက်တွင် စုရုံး၍ တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

“ငါတို့သခင်က အဖမ်းခံလိုက်ရပြီး ဒီလမ်းကြောင်းမှာပျောက်ဆုံးသွားတယ်”

"ခုတော့ သေသွားလောက်ပြီ"

"ဘယ်သူသိနိုင်မလဲ"

"ဟင့်အင်း ငါတစ်လလုံး လစာမရသေးဘူး"

ထိုအချိန်တွင်ပင် အာကာသလမ်းကြောင်းသည် အလင်းရောင်နှင့်အတူ ရုတ်တရက် တုန်ခါသွားသည်။

"ဘုရားအရှိန်ပဲ ဒါကြီးက ပေါက်ကွဲတော့မယ်။ ပြေးကြ"

နတ်ဆိုးနဂါးများက ထိတ်လန့်တကြား ပြန့်ကျဲသွားကာ စောင့်ကြည့်ရန် အဝေးတစ်နေရာတွင် ပုန်းနေလိုက်သည်။

ရုတ်တရက် အာကာသအချိန်လမ်းက ပြန်လည်ပိတ်သွားပုံရကာ ခြောက်သွေ့သွားသည့်အခိုက်အတန့်တွင် ယွီဟောက်ယန်က တံတွေးထွေးလိုက်သည်။

ယွီဟောက်ယန်သည် ထိုအခိုက်အတန့်တွင် အလွန်သနားစဖွယ်ကောင်းသောပုံပေါ်နေကာ ခန္ဓာကိုယ်တွင် ဒဏ်ရာအပြည့်ဖြင့် လဲလျောင်းနေသည်။

နတ်ဆိုးနဂါးများက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဂရုတစိုက် ပြေးလာကြသည်။

"အင်း ဒီကောင်က ငါတို့သခင်နဲ့တူတယ်"

"ငါလည်း အဲ့လိုပဲထင်တယ်"

"သူသေပြီလား"

ထိုအချိန်တွင် ယွီဟောင်ယန် ရုတ်တရက် ထထိုင်လိုက်သည်။

နတ်ဆိုးနဂါးများက ကြောက်လန့်တကြားလူစုခွဲလိုက်ကြ၏။

“ဘုရားရေ သူသေရာကပြန်ရှင်လာပြီ”

ယွီဟောက်ရန်က စူးရှသောအမူအရာဖြင့် ဉာဏ်မမီသော ၎င်း၏လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။

"ဒီကိုပြန်လာခဲ့ ငါမသေသေးဘူး"

နတ်ဆိုးနဂါးများ အားလုံး တိတ်ဆိတ်သွားပြီး နောက်ပြန်လှည့်လာကြသည်။

“သခင်… ကျွန်တော်တို့က သခင်သေသွားပြီထင်နေတာ”

"ဟုတ်​တယ်​ ကျုပ်ခဏလောက်ငိုလိုက်ရသေးတယ်"

"ဖွီး မင်းပဲ လေထဲမှာ ငိုနေတာ”

“လုံလောက်ပြီ” ယွီဟောက်ယန်၏ အမူအရာ မှောင်မိုက်လာလျက် ကြိမ်းဝါးလိုက်သည်။

အရူးနတ်ဆိုးအုပ်စုက ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကြသည်။

“နားထောင် ဒီနေ့ကစလို့ အပြင်လူတစ်ယောက်မှငါ မတွေ့တော့ဘူး။ ဧည့်သည်လာရင် သီးသန့်လေ့ကျင့်နေတယ်လို့ ပြောလိုက်။ နားလည်လား”

“ဟုတ်ကဲ့”

အခန်း(၅၂၈) အစ်မကြီးလုံ… သမီးကိုလွမ်းနေမှာလား

ရှောင်ရှက တစ်ရက်နှင့်တစ်ည တရားထိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် သူမကို စူးရှသော အနီရောင်အလင်းတန်းတစ်ခုဖြင့် ဖုံးအုပ်ခြင်းခံထားရသည်။

ထို့အပြင် ရှောင်ရှ၏ရှည်လျားသောအသက်ရှုသံနှင့်အတူ၊ အနီရောင်အလင်းတန်းများသည် ပိုးအိမ်ကဲ့သို့ထင်ရသည်အထိ တရွေ့ရွေ့ ထူထပ်လာသည်။

"အင်မော်တယ်သခင် နဂါးမမ ဘယ်တော့နိုးလာမှာလဲ" ရှောင်းယွီက မေးသည်။

"သိပ်မကြာခင် ထလာသင့်တယ်" ရွှယ်အန်းက ရှောင်းယွီကို စိုက်ကြည့်ကာ "မင်း သူ့အတွက် စိတ်ပူနေတာလား"

ရှောင်းယွီက ခေါင်းညိတ်၍

"နဂါးမမက ကျွန်မကို မကြာခဏ ရိုက်ပေမယ့် သူက တကယ်ကို ကြင်နာတတ်တဲ့သူလို့ ကျွန်မထင်တယ် ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး"

ရွှယ်အန်းက ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

ရှောင်းယွီသည် ရှောင်ရှ၏ အမာခံမိန်းကလေး အမှန်တကယ်ဖြစ်လာပုံရသည်။

ထိုအချိန်တွင် အရိုးဖြူမိန်းမပျိုနှင့် နတ်ဆိုးမျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များသည် ရွှယ်အန်းအား နှုတ်ဆက်၍ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

နတ်ဆိုးများ ချေမှုန်းခြင်းခံခဲ့ရသော်လည်း လျှို့ဝှက်နယ်မြေသည် ပရမ်းပတာပျက်ဆီးခြင်းသို့ ရောက်ခဲ့ရကာ ထိုဒေသခံ နတ်ဆိုးမျိုးနွယ်စုဝင်များက ၎င်းတို့၏ကမ္ဘာကို ပြန်လည်ထူထောင်ရန်နှင့် ပြန်လည်စုဖွဲ့ရန် လိုအပ်သည်။

ဤသည်ကိုတွေးလျက် ရွှယ်အန်းက အနည်းငယ် အံ့ဩသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤလျှို့ဝှက်နယ်မြေ၏ ကျယ်ပြောမှုသည် တစ်ခုတည်းကပင် ဤနယ်မြေကို ထူးခြားသည်ဟု ညွှန်ပြ၍ရနိုင်သည်။ နတ်ဆိုးမျိုးနွယ်စုဝင်များနှင့် စကားပြောဆိုမှုများမှတစ်ဆင့် ၎င်းကို အတည်ပြု၍ရနိုင်သည်။

ဤနတ်ဆိုးမျိုးနွယ်စုဝင်များမှ ထွက်လာသည့် စကားလုံးများတွင် ၎င်းတို့၏ဘိုးဘေးများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ဖော်ပြကြသည်။

ယုတ်ညံ့သော နတ်ဆိုးများကိုပင် ခုခံနိုင်စွမ်းမရှိသော ယခုကဲ့သို့ အင်အားနည်းသောအခြေအနေမဟုတ်ပေ။

နတ်ဆိုးမျိုးနွယ်စုက ရုတ်တရက် အင်အားကျဆင်းလာသည့်အခိုက်တွင် ရှေးဟောင်း ဒဏ္ဍာရီများနှင့် ကောင်းကင်နှင့်မြေကြီးကို လူ့ဘုံများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည့် ခေတ်နှင့် တိုက်ဆိုင်နေသည်။

ဤသည်က တိုက်ဆိုင်မှုတစ်ခုမျှသာမဟုတ်ပေ။

ထို့အပြင် ဤခေတ်တွင် မျိုးစုံသောနတ်ဘုရားများနှင့် နတ်ဆိုးများ ပိုများလာကာ သေမျိုးလောကကို ဝင်စွက်ဖက်နေချင်ခြင်းဖြစ်ကြောင်း ရွှယ်အန်းက သုံးသပ်မိသည်။

အရာအားလုံးက ဤမျှမရိုးရှင်းဟု ထင်ရ၏။

ထိုအတွေးများဖြင့် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

မည်သူဖြစ်စေကာမူ သေမျိုးလောကကို လိုချင်တပ်မက်နေသရွေ့ ၎င်းတို့အတွက် မမေ့နိုင်မည့် သင်ခန်းစာတစ်ခု သင်ကြားပို့ချရန် သူတုံ့ဆိုင်းနေမည်မဟုတ်ပေ။ ထိုအချိန်တွင်ပင် ကောင်းကင်နှင့်မြေကြီးကြားရှိ စွမ်းအင်များက မငြိမ်မသက်ဖြစ်လာသည်။

ထို့နောက် ရှောင်ရှပတ်လည်ရှိ ပိုးအိမ်ပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းများ ပေါ်လာသည်။

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပိုးအိမ်က အပိုင်းပိုင်းကွဲသွားကာ ပြီးနောက်၌

နဂါးဟောက်သံကြီးတစ်သံက ကောင်းကင်ယံ၌ ကျယ်လောင်စွာ ထွက်ပေါ်လာ၍ နဂါးကြီးသည်လည်း ကောင်းကင်သို့ပျံတက်သွားသည်။ ရှောင်းယွီက မှင်တက်နေသော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

သူမသာမက ကျန်ခဲ့သော ကျန်းမေ့အာနှင့် မြေခွေးမင်းသမီးတို့၏ အမူအရာများပင်လျှင် ပြောင်းလဲသွားသည်။

ဤဧရာမနဂါးကြီး၏ အငွေ့အသက်သည် အံ့ဖွယ်ကောင်းလွန်းလှကာ အထူးသဖြင့် အနက်ရောင်အလင်းတန်းများနှင့် ရွှေရောင်တောက်နေသော နဂါးအကြေးခွံများပင်ဖြစ်၏။ ဧရာမနဂါးကြီးက ကောင်းကင်တွင် လှုပ်ခါကာ အကြိမ်အနည်းငယ် လူးလိမ့်လျက် ခေါင်းကိုငုံ့၍ ရွှယ်အန်းအနီးသို့ ပျံသန်းကာ ကြီးမားလှသော နဂါးခေါင်းကို သူ့ရှေ့မှောက်တွင် ဝပ်ထားလိုက်သည်။

ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီ၊ မင်းက အခု နဂါးမျိုးနွယ်စုကလိုပဲ”

ရွှယ်အန်း၏ စကားအတိုင်း နဂါးကြီး၏ ခန္ဓာကိုယ်က လျင်မြန်စွာ သေးသွားကာ လူပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။

ယခု ရှောင်ရှက ယခင်ကနှင့် လုံးလုံးလျားလျား မတူပေ။

ရှောင်ရှသည် ယခင်က ဆယ့်လေးနှစ် သို့မဟုတ် ဆယ့်ငါးနှစ် အရွယ် မိန်းကလေးဖြစ်ခဲ့လျှင် ယခု သူမသည် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ် မိန်းကလေး ဖြစ်နေပြီဖြစ်သည်။

သူမ၏ အသွင်အပြင်က ပို၍ပင်လှပလာကာ အမူအရာက ပို၍ပင် ကျက်သရေရှိချောမောလာခဲ့သည်။

"ဟူး ဒီနေ့ကတော့ သေလုနီးပါးပဲ" ရှောင်ရှက ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

…

(စိတ်မကောင်းပါဘူး အမူအရာနဲ့ပတ်သက်ပြီး ကျက်သရေရှိတယ်လို့ပြောခဲ့တာတွေကို ပြန်ရုတ်သိမ်းပါတယ်)

ရွှယ်အန်းသည် ယခုမှစ၍ ဤကလေးမကို အမှန်တကယ် စောင့်ကြည့်ရမည်ဟု တွေးတောကာ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

ထိုအချိန်တွင်ပင် ရှောင်းယွီသည် ကြယ်များကဲ့သို့တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

"ဝိုး နဂါးမမ အရမ်းမိုက်တာပဲ၊..မမကို ရေဘဝဲကလေးလေးတွေမွေး…."

သူမစကားမဆုံးခင်တွင် ရှောင်ရှက ကန်ထုတ်လိုက်သည်။

"မင်း ရေဘဝဲမွေးပေးဖို့ သေချာပေါက် မလိုအပ်ဘူး” ရှောင်ရှက ရွံရှာသော အကြည့်ဖြင့် ပြောလိုက်သည်။

လေထုအလယ်သို့ ကန်ထုတ်ခံလိုက်ရသော ရှောင်းယွီက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

"ဝါးးးးးး မဟုတ်ဘူး၊ မဟုတ်ဘူး၊ သမီး အမြင့်ကြောက်တယ်"

ဘုံး

ရှောင်းယွီက မြေပြင်သို့ပြန်ကျလာသောအခါ ဖုန်မှုန့်များကြား၌ မလှုပ်မယှက် လှဲနေလိုက်သည်။

‘ပြုတ်ကျလို့သေပြီလား’

ရှောင်ရှ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ခဏအကြာတွင် ရှောင်းယွီက ခေါင်းကိုမော့၍ ပါးစပ်ထဲမှ ဖုန်မှုန့်များကို ထွေးထုတ်ကာ ရယ်မောလိုက်သည်။

"နဂါးမမ အရင်ကထက် အများကြီး ပိုသန်မာလာပြီရော"

လူတိုင်း - “…”

"သခင် သွားတော့မှာလား" ကျန်းမေ့အာက မကျေမနပ် အသံဖြင့် မေးသည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ဟုတ်တယ် ငါ့ညီမ ပျောက်နေတာကြာပြီ၊ အိမ်ကလူတွေအကုန် အရမ်းစိုးရိမ်နေကြတယ်၊ သူ့ကိုအရင်ပြန်ခေါ်သွားမှဖြစ်မယ်"

“ဒါဆိုရင်…”

ကျန်းမေ့အာ နှင့် နတ်ဆိုးမျိုးနွယ် မင်းသမီး နှစ်ယောက်စလုံးက လှပစွာ ဒူးထောက်လိုက်ကြသည်။

"အရှင့်ရဲ့ ကြင်နာမှုကို ကျွန်မတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး"

ရွှယ်အန်းက သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။

"ထပါ အားလုံး ထကြပါ။ ဒါက သက်သက်ကူညီရုံတင်ပါ သိပ်အများကြီး မလုပ်ကြပါနဲ့"

ထိုအချိန်တွင် ရှောင်းယွီသည် ရှောင်ရှကို တွယ်ကပ်နေကာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ တလက်လက်တောက်ပနေသည်။

"နဂါးမမ ထွက်သွားတော့မှာလား သမီးကို လွမ်းနေမှာလား"

"နဂါးမမကို အရမ်းလွမ်းနေပါ့မယ်”

“နဂါးမမ…”

ရှောင်ရှက ယားယံလွန်းသောကြောင့် ဒေါသထွက်ကာ နောက်ဆုံးတွက် အော်လိုက်သည်။

"လုံလောက်ပြီ၊ မင်းပါးစပ် မပိတ်ရင် မင်းရဲ့လက်တံတွေကို ပြန်ဖြုတ်လို့မရအောင် ချည်ပစ်လိုက်မယ်”

ရှောင်းယွီက သုံးစက္ကန့်မျှ ငြိမ်သက်သွားပြီးမှ ဆက်ပြောသည်။

“အသုံးမဝင်ပါဘူး မမ ရေဘဝဲလက်တံကို ပြည်ဖြည်လို့မရအောင် ထုံးပစ်လို့မရဘူး”

ရှောင်ရှ: “…”

အရာအားလုံး ပြီးသွားသည်နှင့် ရွှယ်အန်းသည် ရှောင်ရှကို သူမ၏ ပုံစံအစစ်အမှန်ကို ပြောင်းလဲကာ ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းကို သယ်ဆောင်ရန် အမိန့်ပေးခဲ့သည်။

ရှောင်းယွီကမူ မိုးရေထဲတွင် ရေချိုးနေသော သစ်တော်ပွင့်ကဲ့သို့ ငိုကြွေးလျက်ရှိသည်။

ရှောင်ရှက အစပိုင်းတွင် လုံးလုံးလျားလျား စိတ်ရှုပ်ရသော်လည်း ယခု ခဏမျှ တုံ့ဆိုင်းသွားကာ သူမ၏ ကြီးမားသော နဂါးခေါင်းကို ငုံ့၍ ပြောလိုက်၏။

"လာလေ ရေဘဝဲလေး၊ မငိုနဲ့တော့။ ငါ ဒီလျို့ဝှက်နယ်မြေကို ပြန်မလာနိုင်တော့မှာမှမဟုတ်တာ အားလပ်ချိန်တိုင်း လာတွေ့မယ်"

"အီး…ဟီး…အီး… နဂါးမမက သမီးကို မလိုချင်တော့ဘူး"

ရှောင်ရှ၏နဂါးမျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အမြွက်များ ထွက်လာသောလည်း သူမက မာနကြီးသဖြင့် ခေါင်းကိုမော့ကာ လှည့်မကြည့်တော့ပေ။

ထို့နောက် ရေရွတ်လိုက်၏။

“မိန်းမတွေက တကယ်ခက်တယ်”

ထိုအချိန်တွင်၊ ကျန်းမေ့အာက ရှေ့သို့ ထွက်လာ၍ ရှောင်းယွီကို စကားအနည်းငယ် တိုးတိုးပြောလိုက်သည်။

ရှောင်းယွီ၏မျက်နှာက ရုတ်တရက် ကြည်လင်တောက်ပလာသည့်တိုင် တုံ့ဆိုင်းစွာ မေးလိုက်သေးသည်။

"အရှင်မ ဒါက တကယ်အဆင်ပြေရဲ့လား"

ကျန်းမေ့အာက ပြုံး၍ ခေါင်းညိတ်သည်။

ရှောင်းယွီသည် ကျယ်လောင်စွာ ပြုံးပြကာ အားတက်သရော ခေါင်းညိတ်ပြပြီးနောက် ရှောင်ရှ အာရုံလွဲနေချိန်တွင် နဂါး၏ကျောပေါ်သို့ တက်သွားသည်။

ဝေ့ရူယန်က သူမကို တစ်ချက်ကြည့်လိုက်သောအခါ ရှောင်းယွီက လျင်မြန်စွာ တိုးတိုးရန် အမူအရာလုပ်ပြလိုက်သည်။

ဝေ့ရူယန်က ခေတ္တတုံ့ဆိုင်းသွားပြီးနောက် ပြုံးလိုက်သည်။

ထိုအချိန်တွင် ရှောင်ရှက လေးလေးနက်နက် အသံဖြင့်ပြောလိုက်၏။

“သေချာကိုင်ထားပါ"

ထိုသို့ဖြငိ့ သူမက ကောင်းကင်ကို ပျံတက်သွားသည်။

ကျန်းမေ့အာနှင့် နတ်ဆိုးမျိူးနွယ်၏မင်းသမီးလေးတို့က ရွှယ်အန်းနှင့် ရှောင်ရှတို့၏အဝေးကရုပ်ပုံများကိုကြည့်လျက် ငြိမ်သက်စွာရပ်နေခဲ့သည်။

"လူကြီးမင်းရွှယ်က တကယ်ပဲ အင်မော်တယ်အရှိန်အဝါရှိတယ်”

ကျန်းမေ့အာက ရယ်လိုက်သည်။

“ဟုတ်ပ”

"မင်းသမီး မေ့အာ သူ့ကို ဘယ်လိုသိတာလဲ"

"အင်း၊ ကျွန်မ သေမျိုးလောကမှာ တိတ်တိတ်လေး သွားကစားတုန်းက အစပြုခဲ့တဲ့ ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ..."

ကျန်းမေ့အာသည် မြေခွေးမင်းသမီးကို အတိတ်က အဖြစ်အပျက်များအား ဂုဏ်ယူစွာ ပြန်ပြောပြသည်။

ရှောင်ရှက ပျံသန်းရင်းဖြင့် ခံစားချက်များရှုပ်ထွေးလျက်ရှိသည်။

‘ဒီရေဘဝဲက ပျင်းစရာကောင်းလိုက်တာ၊ တကယ်ပဲ သူ့ကိုလွမ်းပါ့မလားလို့ မေးသေးတယ်’

‘အဟက် ငါက သူ့ကို လွမ်းစရာလား’

‘ဟွန့်’

‘လုံးဝမလွမ်းဘူး’

‘ဟူး ဒါပေမယ့် သူမရှိတော့လည်း အထီးကျန်သလိုလိုပဲ’

ထိုအချိန်တွင်ပင် ခပ်တိုးတိုးအသံတစ်ခုထွက်ပေါ်လာသည်။

‘နဂါးမမ နည်းနည်း ဖြည်းဖြည်းလောက် ပျံပေးလို့မရဘူးလား သမီး အမြင့်ကြောက်တယ်”

All Chapters