အခန်း (၅၂၉-၅၃၁)
Vol. 36 Ch. 529-531
အခန်း(၅၂၉) ခိုးထွက်တဲ့ ကလေးမလေးနှစ်ယောက်
ရှောင်ရှသည် စကားကြောင့် တုန်လှုပ်သွားပြီးနောက် ဝေ့ရူယန်နှင့် ရှဲ့ကျင်းကျင်းတို့က သူမ၏ နောက်ကျောမှ လျောကျလုမတက်ဖြစ်သွားသည်။
"မင်း... ဘယ်တုန်းက တက်လာတာလဲ"
ကျန်းရှောင်းယွီက တခစ်ခစ်ရယ်လျက် အားပါးတရပြောလိုက်သည်။
" အရှင်မက သမီးကို နဂါးမမနောက် သေမျိုးကမ္ဘာဆီ လိုက်ခွင့်ပြုမယ်လို့ ပြောတော့ သမီး တိတ်တိတ်လေး တက်လာတာ။ နဂါးမမ ပျော်လား ဟဲဟဲ ဟီးဟီး"
ရှောင်ရှသည် စိတ်ထဲ၌ အနည်းငယ် ပျော်ရွှင်နေသည်ဟု ခံစားရသော်လည် ယင်းအချက်ကို လက်မခံနိုင်သောကြောင့် ခေါင်းကို မော့လိုက်ကာ ပြောသည်။
“ဘောကိုပျော်ရမှာလား”
"ဟင် သမီး ဘောလုံးကြိုက်တာ မမဘယ်လိုသိတာလဲ"
ရှောင်ရှ၏နဖူးတွင် အနက်ရောင်မျဉ်းအချို့ ပေါ်လာကာ သူမ၏ ရွှင်လန်းသော စိတ်ဓာတ်များ ထက်ဝက်ခန့် လျော့ကျသွားသည်။ ရှောင်းယွီသည် ရှောင်ရှ၏ကျောပြင်ပေါ်တွင် လဲလျောင်းနေကာ ငြိမ်မနေပေ။
"နဂါးမမ အရမ်းအမြင့်ကြီး ပျံနေတာပဲ"
"နဂါးမမ ကြည့်ပါဦး အဲ့တိမ်က မမရွှမ်အာပြုတ်ကျွေးတဲ့ ပြောင်းဖူးနဲ့မတူဘူးလား”
“နဂါးမမ…””
သည်းမခံနိုင်တော့ဘဲ ရှောင်ရှက အော်လိုက်သည်။
“တော်လောက်ပြီ ခဏလောက်ငြိမ်မနေနိုင်ဘူးလား"
သုံးစက္ကန့်မျှ ငြိမ်သက်သွားပြီးနောက် ရှောင်းယွီက ခပ်တိုးတိုးပြောလိုက်သည်။
"သမီး ခဏလောက် ငြိမ်နေလိုက်တာ အခုအဆင်ပြေပြီလား"
ရှောင်ရှသည် ကောင်းကင်မှ ပြုတ်ကျလုနီးပါးဖြစ်၍ သူမ၏ နှလုံးသားထဲမှ နွေးထွေးမှုလေးများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
တစ်ကိုယ်တည်းနေရသည်က ပိုကောင်းပုံရသည်။
ရွှယ်အန်းသည် ဤမြင်ကွင်းကို ကြည့်၍ ခေါင်းကိုအနည်းငယ်ခါလိုက်ကာ ရုတ်တရက် သူ့သမီးနှစ်ယောက်ကို သတိရမိသွားသည်။
ရှန်းရှန်းနဲ့ နျန်နန်အခု ဘာလုပ်နေလဲ သိချင်နေမိတယ်။
ငါ့ကို လွမ်းနေကြသလား။
ထိုအချိန်တွင် ပေကျန်းရှိ နံပါတ်တစ်ရှန်ဗီလာ၌
ထန်ရွှမ်အာသည် အန်းယန်နှင့် အိမ်တွင်နေရန် ရက်အနည်းငယ် အလုပ်နားခဲ့သည်။ သို့သော်လည်း ထန်ရွှမ်အာမှလွဲ၍ အန်းယန်ပြန်လာသည်ကို အခြားမည်သူမျှ မသိခဲ့ပေ။
လတ်တလောတွင် ၎င်းတို့နှစ်ယောက် မီးဖိုချောင်ထဲနေကာ TikTok ဗီဒီယိုများမှ ကိတ်မုန့်ဖုတ်နည်းကို လေ့လာရန် ကြိုးစားနေကြသည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့သည် ဒုတိယထပ်ရှိ ဧည့်ခန်းတွင် TV ကြည့်နေကြသည်။
"ပျင်းစရာကြီး"
ရှန်းရှန်းသည် ဆိုဖာပေါ် မှီ၍ ပျင်းရိစွာပြောလိုက်သည်။
"မမ ဘာလို့ပျင်းနေတာလဲ" နျန်နျန်က ကိုယ့်လက်ကိုယ် လျှာဖြင့်လျက်ကာ ပြောလိုက်သည်။
သူမက ယခုတင် ရေခဲမုန့်စား၍ ကုန်သွားခြင်းဖြစ်သော်လည်း ထပ်မံ၍ မုန့်စားချင်နေသေးသည်။
"မပျင်းဘူးလား ကာတွန်းတွေ ထပ်ခါထပ်ခါ ဖြစ်နေတော့ အရမ်းပျင်းဖို့ကောင်းတယ်"
နျန်နန်က မျက်မှောင်ကြုတ်ကာ ခေတ္တမျှစဉ်းစားလိုက်သည်။
"ရေခဲမုန့်စားနိုင်သရွေ့တော့ အဆင်ပြေမယ်ထင်ပါတယ်၊ ဘယ်တော့မှ မပျင်းဘူး"
"နင်သိတာ စားဖို့ပဲ"
ရှန်းရှန်းက ကူကယ်ရာမဲ့ ပြောလိုက်ပြီးနောက် နျန်နန်၏နားထဲသို့ တိတ်တဆိတ် ခပ်တိုးတိုး ပြောလိုက်သည်။
"ပင်လယ်သတ္တဝါတွေ အများကြီးရှိတဲ့ မြို့ထဲမှာ ငါးပြတိုက်အသစ်တစ်ခုရှိတယ်၊ လင်းပိုင်ရှိုးတစ်ခုတောင် ရှိသေးတယ်" လို့ ပြောနေတဲ့ ကြော်ငြာတစ်ခုကို တွေ့လိုက်ရတယ်၊ အဲ့တာ သွားကြည့်သင့်လား"
နျန်နန်၏ မျက်လုံးများ တောက်ပလာ၏
"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ လင်းပိုင်တွေ ကြည့်ရတာ အကြိုက်ဆုံးပဲ၊ အမေနဲ့ အန်တီရွှမ်အာကို အခုပြောလိုက်ကြမလား"
"ဟင့်အင်း၊ ငါတို့အမေနဲ့ အန်တီရွှမ်အာကို ဒီအကြောင်းပြောလို့မရဘူး"
"ဘာဖြစ်လို့လဲ"
" စဉ်းစားကြည့်၊ ငါတို့ သူတို့နဲ့ လိုက်ခဲ့မယ်ဆိုရင် သူတို့က ငါတို့ကို ထိန်းချုပ်ထားမှာ သေချာတယ်၊ ပြီးတော့ ငါတို့ သိပ်ပျော်ရနှာ မဟုတ်ဘူး"
"ဒါပေမယ့် ငါတို့ သူတို့ကို မပြောရင် အဲ့ကို ဘယ်လို သွားရမှာလဲ" နျန်နျန်က အံ့ဩသောမျက်နှာဖြင့် မေးလိုက်သည်။
ရှန်းရှန်းက ဂုဏ်ယူစွာပြုံးလိုက်၏။
"ဒါပေါ့ ငါတို့နှစ်ယောက် အတူတူသွားကြမယ်"
နျန်နန်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။ "ငါတို့နှစ်ယောက်တည်းလား"
ရှန်းရှန်းက ခိုင်မာစွာ ခေါင်းညိတ်လိုက်၏။
"ဟုတ်တယ်"
“ဒါပေမယ့်…” နျန်နန်က တုံ့ဆိုင်းနေဆဲပင်ဖြစ်သည်။
"အာ လာစမ်းပါ ငါတို့က နှစ်နှစ်သုံးနှစ် မဟုတ်တော့ဘူး။ ငါးနှစ်ခွဲရှိနေပြီ။"
"ပြီးတော့ အဲ့ငါးပြတိုက်မှာ ရေခဲမုန့် အလကားကျွေးတယ်လို့ ငါကြားတယ်”
"ငါပါမယ်" နျန်နန်က ချက်ချင်း ခေါင်းညိတ် သဘောတူလိုက်သည်။
၎င်းတို့ စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ကလေးမလေး နှစ်ယောက်သည် ၎င်းတို့၏ စွန့်စားခန်းကို မည်သို့ သွားရမည်ကို စတင် စီစဥ်ကြသည်။
ရှန်းရှန်းသည် ခိုင်မာသော ဦးဆောင်နိုင်စွမ်းရှိသူ ဖြစ်သည့်အပြင် တိတ်တိတ်ပုန်း ဆော့ကစားရန် စိတ်ကူးသည် တစ်ရက်ထက်မက သူမ၏ စိတ်ထဲတွင် ရှိနေခဲ့သည်။
"အမေနဲ့ အန်တီရွှမ်အာက နေ့လည်စာစားပြီး ညနေ ငါးနာရီအထိ ဧည့်ခန်းထဲမှာ TV အမြဲကြည့်တယ်"
"ဒါဆို ငါတို့ ခိုးထွက်ဖို့ အခွင့်အရေးပဲ"
"နေ့လည်စာစားပြီးရင် ငါတို့တစ်ရေးတစ်မောအိပ်ချင်ယောင်ဆောင်မယ်။ ပြီးရင် ဒုတိယထပ်ကိုသွားပြီးတော့ ပြတင်းပေါက်အနောက်ဘက်ကနေ ထွက်မယ်။ ဖုန်းနဲ့ကြည့်ပြီးပြီ။ မြို့ကို ကားနဲ့ရောက်ဖို့ လေးဆယ့်ငါးမိနစ်လောက်ကြာတယ်။"
"ဒါဆို ငါတို့က ဆယ့်နှစ်နာရီခွဲမှာ ထွက်ရင် တစ်နာရီခွဲလောက် ငါးပြတိုက်ကို ရောက်သွားမယ်။ သုံးနာရီခွဲလောက်အထိ ကစားပြီး အိမ်ပြန်မယ်။ ဒီလိုဆို အမေတို့ မသိနိုင်ဘူး။ နင် ဘယ်လိုထင်လဲ၊ ဒီအစီအစဉ်က ပြီးပြည့်စုံတယ်မလား" ရှန်းရှန်းက ဂုဏ်ယူစွာပြောသည်။
သို့သော် နျန်နန်က လုံးလုံးလျားလျား စိတ်ရှုပ်ထွေးလျက်ရှိသည်။
"နားမလည်ဘူး ဒါပေမယ့် အမေနဲ့ တခြားသူတွေ သိသွားရင် ဘယ်လိုလုပ်မလဲ"
"စိတ်မပူပါနဲ့၊ သူတို့ သိသွားရင်တောင် ဒါက ကြီးကြီးမားမားတော့ မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ အဲ့အချိန်ကျရငိ ငါတို့ ပြန်ရောက်နေပြီ"
"ဒါပေမယ့် ငါကြောက်နေတုန်းပဲ"
"နင် ကြောက်ရင် မသွားနဲ့ ငါတစ်ယောက်တည်း သွားလိုက်မယ် ဒါပေမယ့် သေချာစဉ်းစားကြည့်၊ ငါတို့အဲမှာ ရေခဲမုန့် အလကားရလောက်တယ်"
ရေခဲမုန့်၏သွေးဆောင်မှုကြောင့် နျန်နန်က ချက်ချင်းပြောလိုက်သည်။
"မဟုတ်ဘူး၊ ငါသွားချင်တယ်"
၎င်းတို့အစီအစဉ်ကို သဘောတူပြီးနောက် ကောင်မလေးနှစ်ယောက်သည် နေ့လယ်စာစားရန် အောက်ထပ်သို့ ဆင်းသွားကြသည်။
အန်းယန်နှင့် ထန်ရွှမ်အာတို့သည် ခမ်းနားသော နေ့လယ်စာ ပြင်ဆင်ကြသည်။
"အမေ၊ အန်တီ ရွှမ်အာ သမီးတို့ အပေါ်ထပ်မှာ သွားအိပ်လိုက်ဦးမယ်"
"အင်း သွားအိပ် ရေခဲမုန့်ခိုးမစားဖို့ မမေ့ပါနဲ့ " အန်းယန်က ၎င်းတို့ကို သတိပေးသည်။
"ဟုတ် ဟုတ် ဟုတိ"
ကောင်မလေးနှစ်ယောက်က အပေါ်ထပ်သို့ ပြေးတက်သွားကြသည်။ အန်းယန်နှင့် ထန်ရွှမ်အာတို့သည် လုံးဝသတိမထားမိဘဲ ပန်းကန်များကို သပ်သပ်ရပ်ရပ် ဆေးကြောကာ တီဗီကြည့်ကြသည်။
ထိုအချိန်တွင် ဒုတိယထပ်၌ ရှန်းရှန်းသည် အိမ်နောက်ဖေးသို့သွားသော ပြတင်းပေါက်ကိုဖွင့်ကာ စောစောကပြင်ဆင်ထားသည့်ကြိုးကို ပစ်ချလိုက်သည်။
"ငါအရင်ဆင်းမယ်"
ဤသို့ပြောပြီးနောက် သူမက ရဲဝံ့စွာ ကြိုးကိုတွယ်၍ ဆင်းလိုက်သည်။
နျန်နန်က ချောင်းကြည့်နေပြီးနောက် ဒုတိယထပ်က မမြင့်လှဘဲ အိမ်နောက်ဖေးတွင် နူးညံ့သော မြက်ခင်းများနှင့် ဖုံးထားသည့်တိုင် သူမက ကြောက်နေဆဲဖြစ်သည်။
"မမ ကြောက်တယ်"
"မကြောက်နဲ့။ လှည့်ပြီး ကြိုးကိုကိုင် တစ်လမချင်း ဆင်းလာခဲ့ ငါနင့်ကို ဒီကနေ ဖမ်းထားမယ်”
တုန်တုန်ယင်ယင်နှင့် မျက်နှာဖြူဖျော့နေသော နျန်နန်င ကြိုးပေါ်မှ ဖြည်းညှင်းစွာ ဆင်းလာသည်။
အောက်ခြေသို့ရောက်သည်နှင့် အခက်အခဲမရှိ ရှန်းရှန်းက နျန်နန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"သွားကြရအောင်"
ကောင်မလေးနှစ်ယောက်က တောင်ကုန်းပေါ်မှ အိမ်နောက်ဖေးလမ်းအတိုင်း လျှောက်သွားကြသည်။ လုံခြုံရေးအစောင့်များက ၎င်းတို့ကို မှတ်မိနေမည်ကိုစိုးသောကြောင့် ပင်မတံခါးမှ ဖြတ်မသွားရဲကြပေ။
ကလေးမလေးနှစ်ယောက်က နံရံမှ မြောင်းပေါက်တစ်ခုကို တွေ့လိုက်ရသည်။ အပေါက်သည် အလွန်ကျဉ်းလွန်းလှသည်ဖြစ်ရဋ အရွယ်ရောက်ပြီးသူ ဖြတ်သန်းသွားလာရန် အလွန်သေးငယ်သည်။
သို့သော် ကောင်မလေးနှစ်ယောက်က လွယ်လွယ်ဖြင့်ပင် ဖြတ်ထွက်လာခဲ့ကြသည်။
နောက်ဆုံးတွင် ၎င်းတို့ တိုးထွက်ပြီးသည်နှင့် ရှန်းရှန်းက အပြုံးကြီးပြုံးကာ နျန်နန်ကို လမ်းဘေးသို့ ဆွဲထုတ်လိုက်သည်။
ဤနေရာသည် လူချမ်းသာများနေသောနေရာဖြစ်သဖြင့် လမ်းပေါ်၌ ကားမရှိသလောက်ရှားနေသည်။
"မမ အဲ့တာဆို တက္ကစီဘယ်လိုငှါးမရလဲ” နျန်နန်က မေးသည်။
ရှန်းရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ သူမ၏ စမတ်ဖုန်းကို ကျောပိုးအိတ်ထဲမှ ထုတ်လိုက်သည်။
"ဟားဟား၊ ငါ အကုန်စီစဉ်ပြီးပြီ"
သူမစကားပြောနေစဉ်တွင် ကားအငှါး app မှတစ်ဆင့် ကားတစ်စီးငှါးလိုက်သည်။
"ခဏစောင့်၊ ကားက မကြာခင် ရောက်လာလိမ့်မယ်" ရှန်းရှန်းက ကြေညာသည်။
လေးစားမှုအပြည့်ဖြင့် နျန်နျန်က ထောက်ခံ၏။
"မမ အရမ်းတော်တဋပဲ"
"ဟဲဟဲ ပုံမှန်ပဲလေ"
အခန်း (၅၃၀) ဒီမိန်းကလေးနှစ်ယောက်က အရမ်း တန်ဖိုးရှိလောက်တယ်
လျို့ချန်သည် ကားအငှါး ယာဉ်မောင်းတစ်ဦးဖြစ်သည်။
ကြိုးစားအားထုတ်မှုဖြင့် တစ်လလျှင် ယွမ်တစ်သောင်းခန့် ရနိုင်ခဲ့သည်။
ယနေ့တွင် သူသည် ခရီးသည်များစွာကို ယွင်မန်ရေကန်အနီးသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤနေရာသည် ချမ်းသာသော ရပ်ကွက်ဖြစ်သောကြောင့် သူနောက်ထပ်စီးရန် မမျှော်လင့်ထားသော်လည်း အကျင့်ပါနေသောကြောင့် အက်ပ်ကို ပြန်လည်စတင်ခဲ့သည်။
“တိန်တိန် အနီးနားက တစ်စုံတစ်ဦးက ကားအငှါးခေါ်နေပါသည်”
လျို့ချန်အနည်းငယ် အံ့ဩသွားပြီးနောက် စိတ်လှုပ်ရှားလာသည်။
အပြန်လမ်းတွင် ယာဉ်စီးခ ကောက်နိုင်လျှင် အပိုငွေအနည်းငယ် ရလိမ့်မည်။
ထို့ကြောင့် သူက အော်ဒါကို လက်ခံရန် တုံ့ဆိုင်းမနေပေ။
အက်ပ်သည် အလိုအလျောက် သွားလာရန် စတင်ခဲ့သည်။
အော်ဒါတင်သည့် ဖောက်သည်က အဝေးတွင်မဟုတ်ပေ။
လျို့ချန်က ဂတ်စ်ကို အရှိန်ပြင်းပြင်းနင်းကာ အမြန်မောင်းသွားသည်။ သို့သော် ထိုနေရာသို့ ရောက်သည်နှင့် လမ်းဘေးတွင် စောင့်နေသည့်လူကို မတွေ့ရပေ။
ထူးဆန်းတယ်၊ ဘာလို့ ဒီမှာ တစ်ယောက်မှ မရှိတာလဲ။
အော်ဒါအတုများလား
လျို့ချန်စိတ်ဆိုးနေချိန်တွင် သူ့ကားတံခါးကို တစ်စုံတစ်ယောက်လာခေါက်သံကြားလိုက်ရသည်။
သူ အမြန်ကြည့်လိုက်သော်လည်း ပြတင်းပေါက် အပြင်ဘက်တွင် မည်သူ့ကိုမျှမတွေ့ပေ။
သူ့နှလုံးသားက တင်းကျပ်လာသည်။
မကြာသေးမီနှစ်များအတွင်း ယွင်မန်ရေကန်က သရဲခြောက်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
‘သရဲအခြောက်ခံရပြီလား’
လျို့ချန်က တုန်လှုပ်သွားချိန်တွင် ပြတ်သား၍ ကြည်နူးစရာကောင်းသော ကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
"ဦးလေး၊ အော်ဒါ လက်ခံလိုက်တာလား"
လျို့ချန်လန့်သွားပြီးနောက် ကားတံခါးကို အမြန်ဖွင့်လိုက်သောအခါ လမ်းဘေးတွင် ရပ်နေသော ကျောက်စိမ်းဖြင့်ထွင်းထားသကဲ့သို့ ကလေးနှစ်ယောက် သူ့ကို လှမ်းကြည့်နေသည်ကို သတိထားမိလိုက်သည်။
“မင်း…”
ရှန်းရှန်းက သူ့လက်ကိုင်ဖုန်းကို ခါယမ်းပြလိုက်၏။
"သမီးတို့စီးဖို့ အော်ဒါတင်ထားတာ"
လျို့ချန်သည် ကားလာခေါ်မည်မှာ အသက်ငါးနှစ် ခြောက်နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး ဖြစ်မည်ဟု တစ်ခါမျှမတွေးခဲ့ဖူးသော်လည်း ဖောက်သည်များသည် နတ်ဘုရားများဖြစ်သောကြောင့် အနည်းငယ် ထိတ်လန့်သွားပြီးနောက် ၎င်းတို့အတွက် ကားနောက်တံခါးကို ဖွင့်ပေးလိုက်သည်။
"အလှလေးနှစ်ယောက် ကျေးဇူးပြုပြီး ကားပေါ်တက်ပါ"
"ကျေးဇူးတင်ပါတယ် ဦးလေး"
ရှန်းရှန်းနှင့် နျန်နန်ကားထဲသို့ဝင်သည်နှင့် လျို့ချန်သည် ဂတ်စ်ကိုနင်း၍ မြို့ဆီသို့ ဦးတည်သွားခဲ့သည်။
လမ်းတလျှောက်လုံး နောက်ကြည့်မှန်မှတဆင့် မိန်းကလေးနှစ်ယောက်ကို ရံဖန်ရံခါ စိုက်ကြည့်မိသည်။
သူပိုကြည့်လေ ပိုချစ်ဖို့ကောင်းလေလေပင်ဖြစ်ကာ
အပြုံးတစ်ခုက သူ့ပါးစပ်ထောင့်၌ ပေါ်လာသည်။
"သမီးတို့နှစ်ယောက်က ဘာလို့ ကားစီးနေကြတာလဲ၊ အဖေနဲ့အမေ ဘယ်မှာလဲ"
"အဖေက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ်။ အမေက ငါးပြတိုက်မှာ စောင့်နေတယ်" ရှန်းရှန်းက ကြိုတွေးထားသော လိမ်ညာစကားကို ပြောလိုက်သည်။
‘ရည်ရွယ်ချက်ရှိရှိ လိမ်တာမဟုတ်ပါဘူး နှာခေါင်းကြီးရှည်မလာအောင် ဖေဖေကောင်းချီးပေးပါစေ’
သို့သော် လျို့ချန်သည် လိမ်ညာမှုကို လုံးဝသတိမထားမိဘဲ “နောက်ကထိုင်ခုံမှာ ရေသန့်ဗူးနဲ့ အဆာပြေစားစရာတွေ ရှိတယ်” ဟု ရွှင်မြူးစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဦးလေး"
ကားထဲတွင် ချစ်စရာကောင်းသော မိန်းကလေးငယ်များ ရှိခြင်းကြောင့် လျို့ချန်၏ စိတ်ဓာတ်ကို မြင့်တက်စေခဲ့သည်။
ထို့ကြောင့် မိနစ်ပေါင်းများစွာကြာမည့် ခရီးသည် လျင်မြန်စွာရောက်ရှိသွားသည်။
လိုရာခရီးကိုရောက်သည်နှင့် လျို့ချန်က ကားတံခါးကိုဖွင့်ရန် နောက်တစ်ကြိမ်ထွက်လာခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဦးလေး၊ မင်္ဂလာပါ ဦးလေး" ရှန်းရှန်းနှင့် နျန်နန်တို့က တညီတညွတ်တည်း ပြောကြသည်။
လျို့ချန်က ပြုံး၍ ခေါင်းညိတ်လိုက်၏။
"နှုတ်ဆက်ပါတယ် အယ်၊ မေမေက သမီးတို့ကို လာခေါ်ဖို့ မလာဘူးလား"
၎င်းတို့ကို လာကြိုမည့်သူမရှိသဖြင့် လျို့ချန်က မေးလိုက်သည်။
"မေမေက အထဲမှာစောင့်နေတယ်လို့ စာပို့လိုက်တယ်”
"ကောင်းပြီ၊ နှုတ်ဆက်ပါတယ် အလှလေးနှစ်ယောက်"
လျို့ချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ ငါးပြတိုက်ရှေ့ရှိ လူအုပ်ထဲသို့ ပျောက်ကွယ်သွားသော မိန်းကလေးငယ်နှစ်ဦးကို ကြည့်လျက် ရင်ထဲတွင့် တောင့်တစိတ်တစ်ခုကို ခံစားလိုက်ရသည်။
သူ့တွင်သာ ၎င်းတို့ကဲ့သို့ လှပသော အမြွှာသမီးလေး နှစ်ယောက်ရှိလျှင် မည်မျှ အံ့ဖွယ်ကောင်းလိမ့်မည်နည်း။
လျို့ချန်မောင်းထွက်သွားသည်။
ကလေးနှစ်ယောက်က ခုန်ပေါက်ကာ ငါးပြတိုက်ဆီသို့ ပြေးသွားကြသည်။
လမ်းတစ်လျှောက်တွင် လူအများက ၎င်းတို့ကို ထူးဆန်းစွာ ကြည့်လျက်ရှိကြသည်။
"အန်တီ ကျေးဇူးပြုပြီး ကလေးလက်မှတ်လေးတွေပေးပါ” ရှန်းရှန်းက ချိုချိုသာသာ လှမ်းအော်လိုက်သည်။
အဝင်ဝတွင် လက်မှတ်ရောင်းသူသည် အလွန်ချစ်စရာကောင်းသော မိန်းကလေးငယ်နှစ်ဦးကို ငုံ့ကြည့်ကာ နွေးထွေးစွာ မပြုံးဘဲ မနေနိုင်တော့ပေ။
"မင်းတို့နှစ်ယောက်တည်းလား အုပ်ထိန်းသူတွေဘယ်မှာလဲ"
"အန်တီ၊ အမေက သမီးတို့ကို စောင့်နေတယ်"
“အိုး” လက်မှတ်ရောင်းသူက ခေါင်းညိတ်လိုက်သည်။ "မင်းတို့နှစ်ယောက် လက်မှတ်ဝယ်စရာမလိုဘူး၊ ဝင်ပျော်ကြ"
"တကယ်လား" ရှန်းရှန်းက ဝမ်းသာအားရပြောသည်။
လက်မှတ်ရောင်းသူက ပြုံး၍ ချိုသာစွာ ပြောလိုက်သည်။
“ဒါပေါ့ မင်းတို့က လက်မှတ်လိုတဲ့အထိ အရပ်မရှည်ဘူး"
"ဒါဆို ကျေးဇူးတင်ပါတယ် အန်တီ"
ရှန်းရှန်းက အတွင်းထဲသို့ ဝင်လာတော့မည့်အခိုက်တွင်
နျန်နန်က လက်မှတ်ရောင်းသူကို ခပ်တိုရတိုးပြောလိုက်သည်။ “ဟိုလေ… အန်တီ၊ အထဲမှာ ရေခဲမုန့် အလကားရနိုင်သေးလား”
လက်မှတ်ရောင်းသူက ချစ်ခင်စွာ တခစ်ခစ်ရယ်ကာ နျန်နန်၏ ခေါင်းလေးကို လက်ဖြင့် ပုတ်လိုက်၏
"မင်းတို့ မိဘတွေက ဒီလိုချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်ကို ဘယ်လိုတောင်ရထားလဲမသိဘူး။ စားချင်သလောက် စိတ်လွတ်ကိုယ်လွတ်စားလို့ရတယ် သွား”
"အွန်း အွန်း" နျန်နန်က အလွန်သဘောကျသွားသည်။
ကောင်မလေးနှစ်ယောက်က ငါးပြတိုက်ထဲသို့ ၀င်သွားကြသည်။
အထဲတွင် ကြော်ငြာများ၌ ပြောထားသကဲ့သို့ ရှားပါးအဏ္ဏဝါသတ္တဝါမျိုးစုံရှိကာ အပြင်အဆင်နှင့် အဆောက်အဦများကလည်း ထိပ်တန်းပင်ဖြစ်သည်။
ထို့ကြောင့် လာရောက်လည်ပတ်သူ အများအပြားကို ဆွဲဆောင်ခဲ့သည်။
အထူးသဖြင့် ယနေ့ကပိတ်ရက်ဖြစ်သောကြောင့် မိဘများစွာက ကလေးများကို အလည်အပတ် ခေါ်လာကြသည်။
သို့သော် လူအများ၏မျက်လုံးများသည် ရှန်းရှန်းနှင့် နျန်နန်တို့ဆီသို့ ရောက်လာကြ၏။
"လှလိုက်တာ ဒီကောင်မလေးနှစ်ယောက်က အရမ်းလှတာပဲ"
"သူတို့က အမွှာတွေပဲ"
"အိုး၊ သမီးလေးတစ်ယောက်လောက် လိုချင်လိုက်တာ”
ထိုမှတ်ချက်များကြားတွင် ကောင်မလေးနှစ်ယောက်က အနည်းငယ်မျှ တုန်လှုပ်ခြောက်ခြားခြင်းမရှိကြပေ။ ၎င်းတို့သည် ဤကဲ့သို့သော အရာများနှင့် မစိမ်းလှပေ။
နျန်နန်၆ လှည့်ပတ်ကြည့်ရှုရင်းဖြင့် နောက်ဆုံးတွင် ရေခဲမုန့်စက်ကို တွေ့လိုက်သောအခါတွင် တိုက်အသစ်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားသွားသည်။
ထို့နောက် ဖန်ခွက်ထဲမှ လိပ်ကြီးကို ချောင်းကြည့်နေသော ရှန်းရှန်းကို ဆွဲကာ ပြေးသွား၏။
"ဟေး ဟေး ဟေး ဘာလုပ်နေတာလဲ" ရှန်းရှန်းက မေးသည်။
"မမ ရေခဲမုန့်စက်" နျန်နန်က မျက်ရည်ကျလုနီးပါးဖြစ်နေသည်။
"နင်ငါ့ကို ဆွဲလာစရာမလိုပါဘူး စက်ကြီးက ထပျံသွားမှာမှမဟုတ်တာ"
"ပျံနိုင်ရင် ဘယ်လိုလုပ်မလဲ"
“…”
နောက်ဆုံးတွင် နျန်နန်က သူမ၏ vanilla ရေခဲမုန့်ကို စတင်စားရသည်နှင့် မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်လျှံနေခဲ့သည်။
ထို့နောက် ကလေးနှစ်ယောက်က လင်းပိုင်မဏ္ဍပ်ဆီသို့ လူအုပ်ကြီးနောက်သို့ လိုက်သွားကြသည်။ လင်းပိုင်ငယ်အချို့က အားတက်သရော ဖျော်ဖြေကြရာ ရံဖန်ရံခါ ပရိသတ်ထံမှ အာမေဋိတ်များ ထွက်လာတတ်သည်။
ကလေးနှစ်ယောက်က ပရိသတ်ထိုင်ခုံတွင် မထိုင်ကြဘဲ ၎င်းတို့ရေကန်ဘေးတွင် ရပ်က ရေခဲမုန့်စား၍ ကြည့်နေကြသည်။
ထိုအချိန်တွင်ပင် လင်းပိုင်လေးတစ်ကောင်က တည့်တည့်ကူးခတ်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းက ရေပေါ်သို့ထွက်လာလျက် ကောင်မလေးနှစ်ယောက်ကို စူးစမ်းစွာကြည့်နေသည်။
ရှန်းရှန်းနှင့် နျန်နန်တို့ဆီမှ ထွက်ပေါ်လာသော နူးညံ့သိမ်မွေ့သော သဘာဝစွမ်းအားက ၎င်းတို့နှင့် အလွန်နီးစပ်သည်ဟု ခံစားရသည်။
ယင်းကာ ရှန်းရှန်းနှင့် နျန်နန်တို့အပေါ် ရှိ နတ်သူငယ်မိခင်နတ်ဘုရားမ၏ အကာအကွယ်ဖြစ်သည်။
ဤသည်ကိုမြင်သောအခါ ရှန်းရှန်းနှင့် နျန်နန်တို့က လက်ကို ဆန့်တန်းလိုက်ရာ လင်းပိုင်ငယ်လေးက နာခံမှုအပြည့်ဖြင့် ကူးခတ်လာကာ ၎င်းတို့၏လက်များကို ခေါင်းဖြင့် ပွတ်လိုက်သည်။
ထိုလုပ်ရပ်ကြောင့် ကလေးမလေးနှစ်ယောက်က အူကြောင်ကြောင် ရယ်မောလိုက်ကြ၏။
မကြာခင်၌
လင်းပိုင်လေ့ကျင့်ရေးဆရာများသည် ၎င်းတို့၏ အလုပ်ကို ကူကယ်ရာနဲ့စွာ ခေတ္တဆိုင်းငံ့လိုက်ကြသည်။
ယခုအချိန်၌ လင်းပိုင်များအားလုံး ရှန်းရှန်းနှင့် နျန်နန်တို့ဘက်သို့ ကူးခတ်ဝင်ရောက်လာကာ အလှည့်ဖြင့် အပွတ်ခံရန် စီတန်းနေကြသည်။
"လာ၊ တန်းစီ"
ထိုစကားကိုကြားသောအခါ လင်းပိုင်များက ချက်ချင်းပင် အစုတစ်ခုဖွဲ့လိုက်သည်။
ထို့နောက် နျန်နန်က အော်လိုက်၏။
"ခုန်"
ထို့နောက် လင်းပိုင်များသည် ရေထဲမှ တစ်ကောင်ပြီးတစ်ကောင် ခုန်၍ လေထဲတွင် လှည့်ပတ်ကာ အောက်သို့ ပြန်ဆင်းသွားပြီးနောက် လှိုင်းဂယက်များ ဖြစ်ပေါ်စေသည်။
ဤမြင်ကွင်းသည် အလိုအလျောက်ပင် လင်းပိုင်မဏ္ဍပ်ရှိ ပရိသတ်များစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
ကလေးများစွာက စိတ်အားထက်သန်စွာ အားပေးကြသည်။
ဤမြင်ကွင်းက အလွန် ကြည်နူးစဖွယ်ကောင်းသောကြောင့် ကြည့်ရှုသူများ၏ မျက်နှာများတွင် အပြုံးများ ပျံ့နှံ့သွားသည်။
သို့သော် ထိုနူးညံ့သိမ်မွေ့သော ချစ်စဖွယ်အကြည့်များကြားတွင် ပရိသတ်ထိုင်ခုံပေါ်၌ အမျိုးသမီးတစ်ဦးသည် ပထမဦးစွာ အံ့အားသင့်သွားပြီးနောက် သူမ၏မျက်နှာပေါ်တွင် လောဘအကြည့်များ ပေါ်လာသည်။
ဒီကောင်မလေးနှစ်ယောက်က စျေးကောင်းကောင်ရရမယ့်ပုံပဲ။
အခန်း(၅၃၁) မကောင်းသောအကြံများနှင့် အန်တီ
လင်းပိုင်ဖျော်ဖြေပွဲ ပြီးဆုံးပြီးနောက် မိန်းကလေးနှစ်ဦးသည် လင်းပိုင်အား တုံ့ဆိုင်းစွာ နှုတ်ဆက်ကာ လင်းပိုင်မဏ္ဍပ်မှ ထွက်ခွာသွားကြသည်။
"မမ အခုဘယ်သွားမလို့လဲ" နျန်နျန်က မေးသည်။
"ငါးမန်းကြီးတွေကို သွားကြည့်ဖို့”
"အွန်... အဲ့တာဘာကောင်းလို့လဲ ကြောက်စရာကြီး"
"ကြောက်စရာလား"
"ကြောက်စရာမဟုတ်ဘူးလား"
"အဲ့တာ နင်မြင်တာ မမှန်သေးလို့ သွားမပါရင် ငါးမန်းတွေက ဘယ်လိုပုံစံလဲဆိုတာ စိတ်ကူးကြည့်ရုံနဲ့ တကယ်ကို ချစ်စရာကောင်းတာတွေ့ရလိမ့်မယ်"
နျန်နျန်က ခေါင်းစောင်း၍ ခေတ္တမျှ ပြင်းပြင်းထန်ထန် တွေးပြီးနောက် ရယ်မောလျက် မျက်လုံးများက လခြမ်းများအဖြစ်သို့ ကွေးသွားသည်။
"ဟုတ်တယ်နော် သွားမရှိရင် ငါးမန်းတွေက ချစ်စရာကောင်းပြီး ဖက်ချင်စရာကြီး"
"သွားရအောင်။ အရင်ဆုံး ရေခဲမုန့်နှစ်ဗူးယူရအောင်၊ ပြီးရင် ငါးမန်းတွေကို သွားကြည့်မယ်၊ ပြီးရင် တက္ကစီနဲ့ အိမ်ပြန်မယ်။"
"အွန်း"
ရေခဲမုန့်အကြောင်း ကြားသောအခါ နျန်နန်က စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ။ ကလေးနှစ်ယောက်က
၎င်းတို့၏ အစီအစဉ်များကို ဆွေးနွေးနေချိန်၌ အနောက်မှ နူးညံ့သော အမျိုးသမီးအသံတစ်ခုထွက်ပေါ်လာသည်။
"ဟယ်လို အလှလေးနှစ်ယောက်"
ရှန်းရှန်းနှင့် နျန်နျန်ကလှည့်ကြည့်လိုက်သည်။
နှစ်ဆယ့်ခုနှစ်နှစ် သို့မဟုတ် နှစ်ဆယ့်ရှစ်နှစ်ခန့်ရှိကာ နူးညံ့သိမ်မွေ့သော အဆင်းသဏ္ဍာန်ရှိသည့် အမျိုးသမီးက ငုတ်တုတ်ထိုင်လျက် ပြုံးပြနေသည်ကို မြင်လိုက်ရသည်။
"မင်္ဂလာပါ အန်တီ" ကလေးနှစ်ယောက်က ယဉ်ယဉ်ကျေးကျေး ပြောသည်။
“အဲ…”
အမျိုးသမီး၏အမူအရာက အနည်းငယ်ရှက်သွားပုံဖြင့် ပြန်ပြော၏။
“မမလို့ ခေါ်ပါ”
"ဟုတိ အန်တီ၊ တစ်ခုခု လိုလို့လား အန်တီ" ရှန်းရှန်းက မေးသည်။
ဤတစ်ကြိမ်တွင် အမျိုးသမီးက ရှန်းရှန်း၏ အခေါ်အဝေါ်ကို လျစ်လျူရှုရန်တွေးလိုက်သည်။
"သမီးတို့နှစ်ယောက် ဘယ်သွားနေကြတာလဲ"
"ငါးမန်းတွေကြည့်ဖို့"
"တိုက်ဆိုင်လိုက်တာ။ မမလည်း ငါးမန်တွေကြည့်မလို့။ အတူတူ သွားလို့ရမလား" အမျိုးသမီးက စိတ်အားထက်သန်စွာ အကြံပေးကာ ရိုးသားသော မျက်နှာဖြင့် ပြုံးပြလိုက်သည်။
“ဟုတ်ပါတယ်” ရှန်းရှန်းနှင့် နျန်နန်က သံသယမရှိသဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဒါဆို တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ရအောင်။ မမနာမည်က ရွှီကျောက်ကျောက်၊ သမီးတို့ နာမည်ဘယ်လိုခေါ်လဲ"
"သမီးက ရှန်းရှန်းပါ"
"သမီးက နျန်နျန်"
"နာမည်လေးတွေကလှလိုက်တာ အမွှာတွေလား"
"ဟုတ်တယ်"
ရွှီကျောက်ကျောက်သည် ယခု အလွန်စိတ်လှုပ်ရှားနေကာ သူမ၏ လတ်တလော ကံကြမ္မာဆိုးက နောက်ဆုံးတွင် ပြီးဆုံးသွားသည်ဟု ခံစားရသည်။
ဝိညာဉ်စွမ်းအင်ရှိသော ကလေးများကို ရှာဖွေရန် နိုင်ငံရပ်ခြားသို့ ဖြန့်ထားသော တပည့်များအား ဂိုဏ်းက အမိန့်ထုတ်ပြီးစဉ်ကတည်းက ရွှီကျောက်ကျောက်သည် သင့်လျော်မည့် ကလေးများကို မမောမပန်း ရှာဖွေနေခဲ့သည်။
သို့သော် ယခုခေတ်တွင် ဝိညာဉ်စွမ်းအင်ရှိသော ကလေးများစွာကို သင်မည်သို့ ရှာတွေ့နိုင်မည်နည်း။
ဝိညာဉ်စွမ်းအင်ရှိသောကလေးများမဆိုနှင့် အပြင်ထွက်သည့်အခါ မိဘများက အမြဲလိုက်နေသောကြောင့် ပုံမှန်ကလေးများထံချဉ်းကပ်ရန်မှာလည်း ခက်ခဲလှသည်။
ထို့ကြောင့် ရွှီကျောက်ကျောက်သည် လွန်လွန်ကဲကဲ မည်သည်ကိုမှ မလုပ်ဝံ့ခဲ့ပေ။
ဟွာရှား၌ ပြန်ပေးဆွဲမှုသည် သံသယဖြစ်ဖွယ် ရာဇ၀တ်မှုကြီးတစ်ခုဖြစ်သည်။
ဥပဒေအရ သူမကို အပြစ်မပေးလျှင်ပင် ဖြောင့်မတ်သူများက သူမနောက်သို့ မဆုတ်မနစ် လိုက်ကြလိမ့်မည်။ ဂိုဏ်းမှသတ်မှတ်ထားသော နောက်ဆုံးရက်သို့ နီးကပ်လာသည့်တိုင် သူမက မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့သေးပေ။
ရွှီကျောက်ကျောက်သည် အလွန်ပြင်းထန်သော အကြောက်တရားကို ခံစားလိုက်ရသည်။
ဂိုဏ်း၏နည်းလမ်းများကို သူမ ကောင်းကောင်းသိသည်။
သတ်မှတ်ရက်အတွင်း သင့်လျော်သော အရည်အသွေးရှိသော ကလေးများကို မခေါ်ဆောင်နိုင်ခဲ့ပါက သေခြင်းတရားနှင့် ရင်ဆိုင်ရမည်မှာ သေချာသည်။
ထို့ကြောင့် ရွှီကျောက်ကျောက်သည် ပူနွေးသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ စိုးရိမ်တကြီးဖြစ်နေခဲ့ရ။ ယနေ့
ကံစမ်းရန် ငါးပြတိုက်ကို လာခဲ့သည်။
လမ်းလျှောက်ရင်းဖြင့် သင့်တော်တဲ့ ကလေးတစ်ယောက်ကိုမျှ ရှာမတွေ့သဖြင့် နောက်ဆုံးအကြိမ် ကြိုးစားမှုတစ်ခုအတွက် လင်းပိုင်မဏ္ဍပ်သို့ တွန့်ဆုတ်စွာ သွားခဲ့သည်။
ထိုနေရာ၌ ပရိသတ်ထိုင်ခုံတွင်ထိုင်နေစဉ် ရှန်းရှန်းနှင့် နျန်နန်တို့သည် လင်းပိုင်များနှင့်အတူ ဆော့ကစားနေသည်ကို သူမတွေ့လိုက်ရသည်။
ရွှီကျောက်ကျောက်က အလွန်ဝမ်းသာသွားသည်။
ဤမိန်းကလေးနှစ်ယောက်သည် ထူးထူးခြားခြား သိသိသာသာပင် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များရှိသည့် ကလေးများဖြစ်သည်။
ပို၍ပင်ရှားပါးစွာဖြင့် ဂိုဏ်း၏လိုအပ်ချက်များနှင့် လုံးဝကိုက်ညီသော အမြွှာတစ်စုံဖြစ်သည်။
အကယ်၍ သူမသာ ဤမိန်းကလေးနှစ်ယောက်ကို ဆက်သနိုင်လျှင် သူမ၏မစ်ရှင်ကို ပြီးမြောက်စေရုံသာမက ဂိုဏ်းထံမှ ဆုလာဘ်ကိုလည်း ရရှိမည်ဖြစ်သည်။
ဤသည်ကိုတွေးကာ ရွှီကျောက်ကျောက်၏ နှလုံးသားက တဒုတ်ဒုတ်ခုန်သွားသည်။
ရှန်းရှန်းနှင့် နျန်နန်တို့က လင်းပိုင်ပြပွဲမှ ထွက်လာသောအခါ သူမက ၎င်းတို့နောက်မှ လိုက်လာခဲ့သည်။
ကလေးမလေးနှစ်ယောက်တွင် မိဘမျာရမပါကြောင်း သိလိုက်ရသောအခါ ကောင်းကင်ဘုံက သူမကိုကူညီနေသည့်အလား ခံစားလျက် ဝမ်းသာပီတိဖြစ်ကာ စကားစမြည်ပြောရန် အမြန်ချဉ်းကပ်ခဲ့သည်။
ငါးမန်းပြခန်းကို ရောက်သည်နှင့် ရွှီကျောက်ကျောက်သည် မိန်းကလေးနှစ်ဦးအတွက် အဆာပြေအချိုရည်များကို စိတ်ပါလက်ပါဝယ်ခဲ့သည်။
သို့သော် ကလေးနှစ်ယောက်က ယင်းတို့ကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
"အန်တီရွှီ မေမေက သူစိမ်းတွေဆီက ပစ္စည်းတွေ လက်မခံဖို့ပြောထားပါတယ်" ရှန်းရှန်းက ပြောသည်။
ရွှီကျောက်ကျောက်က စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြော၏။
"မမက သူစိမ်းတစ်ယောက်ဖြစ်နိုင်ပါ့မလား။ အခုလေးတင် တွေ့ပြီးတာနဟုတ်ဘူးလား။ နျန်နန် ယူထား"
ရွှီကျောက်ကျောက်က အဆာပြေမုန့်များကို နျန်နန်၏ လက်ထဲသို့ ထည့်လိုက်သည်။
မထင်မှတ်ဘဲ လောဘကြီးတတ်သော နျန်နန်ကလည်း ခေါင်းခါကာ ခြေလှမ်းတစ်ဝက်ကို နောက်ပြန်ဆုတ်လိုက်သည်။
"အန်တီရွှီ သမီးမယူချင်ဘူး"
ထိုအချိန်တွင် ၎င်းတို့ပတ်ဝန်းကျင်ရှိ လူများထံမှ စူးစမ်းသော အကြည့်များ ထွက်ပေါ်လာနေပြီဖြစ်သည်။
လူမိမည်ကိုကြောက်သော ရွှီကျောက်ကျောက်က ပြုံး၍ ပြော၏။
"လိမ္မာလိုက်တဲ့ ကလေးတွေ၊ မစားချင်သေးရင် ကိုင်ထားပေးမယ်။ စားချင်ရင်ပြောနော် မမ ထုတ်ပေးမယ်”
ထို့နောက် ရွှီကျောက်ကျောက်သည် မိန်းကလေးငယ်နှစ်ဦးနှင့်အတူ ငါးမန်းများကို စတင်ကြည့်ရှုခဲ့သည်။
အတန်ကြာသောအခါ နျန်နန်ကစိုးရိမ်စွာပြောသည်။
"မမ ငါတို့ အခုပြန်သင့်ပြီ မဟုတ်ရင် မေမေ သိသွားရင် သူ စိတ်ဆိုးသွားမှာ သေချာတယ်"
ရှန်းရှန်းလည်း အနည်းငယ် ကြောက်ရွံ့လာ၍ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီ၊ အခု သွားရအောင်"
"အန်တီရွှီ သမီးတို့ အခု အိမ်ပြန်ကြတော့မယ်"
ရွှီကျောက်ကျောက်က လက်မလျှော့သေးပေ။
" ရှန်းရှန်းနဲ့ နျန်နန်က ဘယ်မှာနေလဲ ၊ လမ်းကြုံရင် သမီးတို့ကို အိမ်လိုက်ပို့ပေးလို့ရတယ်”
ရှန်းရှန်းက စိတ်ရှုပ်စွာမေးသည်။
"အန်တီ ဆက်မကစားတော့ဘူးလား"
"မကစားတော့ဘူး၊ အားလုံးမြင်ပြီးပြီ၊ သိပ်လည်း စိတ်ဝင်စားစရာမကောင်းဘူး"
"အာ… ဒါပေမယ့် သမီးတို့က ယွင်မန်ဗီလာမှာနေတာ တော်တော်ဝေးတယ်၊ အန်တီပြန်မှာနဲ့ လမ်းကြုံလို့လား"
ရွှီကျောက်ကျောက်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်လိုက်၏။
"တစ်လမ်းတည်းပဲ၊ မမလည်း ယွင်မန်ဗီလာမှာနေတာ အတော်ပဲဖြစ်သွားပြီ"
"တကယ်လား" ကလေးနှစ်ယောက်က တအံ့တဩမေးသည်။
"ဒါပေါ့ တကယ်"
နင်တို့ ဧကရာဇ်နန်းတော်မှာ နေရင်တောင် ငါနဲ့လမ်းကြုံတယ်ဟ၊ ကလေးတွေကိုလိမ်ရတာ လွယ်တာပဲ။
"ဒါပေမယ့် သမီးတို့က ဘာလို့ အန်တီရွှီကို တခါမှ မတွေ့ဖူးတာလဲ"
"အဟမ်း မမက အရင်လကမှ ပြောင်းလာတာ၊ အဲ့မှာ သိပ်မနေဘူး"
“အိုး” ကောင်မလေးနှစ်ယောက်က ခေါင်းညိတ်သည်။
"ကောင်းပြီ အခုသွားကြရအောင်။ မဟုတ်ရင် သမီးတို့ အဖေနဲ့အမေက နောက်ကျရင် စိတ်ပူတော့မှာ"
"ဟုတ် ဟုတ်" ကောင်မလေးနှစ်ယောက်က ခေါင်းညိတ် သဘောတူလိုက်ကြသည်။
ရွှီကျောက်ကျောက်သည် မိန်းကလေးငယ်နှစ်ဦးကို တိရစ္ဆာန်ရုံမှ ကားရပ်နားရန်နေရာသို့ ခေါ်ဆောင်သွားကာ အလွန်ပျော်ရွှင်လျက်ရှိသည်။
သူမသည် အလွန်မြင်သာသော ငွေရောင် ဆလွန်းတစ်စီးကို မောင်းနှင်၍ ၎င်း၏လိုင်စင်ပြားကိုပင် ဖုန်မှုန့်များဖြင့် ဖုံးကွယ်ထားခဲ့သည်။
"သမီးလေးနှစ်ယောက် ကျေးဇူးပြုပြီး ကားပေါ်တက်"
ရွှီကျောက်ကျောက်က ကားတံခါးကိုဖွင့်၍ ပြုံးပြုံးရွှင်ရွှင်ခေါ်လိုက်သည်။
ရှန်းရှန်းနှင့် နျန်နန်တို့သည် ၎င်းတို့၏ အသက်အရ အထူးထက်မြက်ကြသော်လည်း ငါးနှစ် သို့မဟုတ် ခြောက်နှစ်သာရှိသေးသည့် ကလေးများသာဖြစ်သည်။ ရွှီကျောက်ကျောက်၏ အပြုံးက စစ်မှန်လွန်းသဖြင့် ၎င်းတို့က စကားနားထောင်ကာ ကားထဲသို့ ဝင်သွားကြသည်။
ရွှီကျောက်ကျောက်က ကားတံခါးကိုပိတ်လိုက်သောအခါ သူမ၏မျက်လုံးများတွင် အေးစက်သောအရိပ်တစ်ခု လင်းလက်လာသည်။
ကောင်မလေးတွေ ငါ့ကို အပြစ်မတင်နဲ့။
နင်တို့ကိုယ်တိုင်က ထောင်ချောက်ထဲကို လျှောက်လာခဲ့တာပဲ။
"အန်တီရွှီ သမီးတို့ဘာလို့ မသွားသေးတာလဲ" ရှန်းရှန်းက မေးသည်။
ရွှီကျောက်ကျောက်က မျက်နှာထက်၌ ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာသည်။
"သွားကြမယ် သွားကြမယ် အခုပဲ ထွက်တော့မယ်"
ထို့နောက် သူမသည် ကားကိုစတင်၍ ကားပါကင်မှ ထွက်ခွာကာ ညနေခင်းအချိန်၏ စည်ကားသော ကားလမ်းပေါ်တွင် ပျောက်ကွယ်သွားခဲ့သည်။