← Chapters

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း(၅၃၈) ခွေးတစ်ကောင် ကြောင်တစ်မြှီးမှမကျန်

ဗူဒူးဂိုဏ်း၏ တပည့်များအားလုံး ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ကြသည်။

"ဒါက ကြောက်စရာကောင်းလိုက်တာ။ အကြီးအကဲကျားဆိုးကြီး အသတ်ခံရပြီ"

ကျယ်လောင်စွာအော်ဟစ်သံများစွာ ထွက်ပေါ်လာသည်။ ရွှယ်အန်းက သူ့အကြည့်ကို

ယဇ်ပလ္လင်ပေါ်မှ ရွှေ့လိုက်ကာ သူ့အမူအရာမှာ အေးစက်လာသည်။ အကြောင်းမူကား ယဇ်ပလ္လင်၌ ကပ်လျက်ရှိသော မရေတွက်နိုင်သော ဝိညာဉ်ကလေးများစွာကို မြင်သောကြောင့်ပင်ဖြစ်၍ ဤအရာသည် သမီးဖြစ်သူနှစ်ဦးမှာ ၎င်းတို့၏ ပထမဦးဆုံး ယဇ်ကောင်များမဟုတ်ကြောင်း ထင်ရှားသည်။

ယင်းကြောင့် ရွှယ်အန်း၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာကာ နောက်ထပ်သော မည်သည့် အသုံးမဝင်သော စကားလုံးများကိုမှ သူသည်းမခံနိုင်တော့ပေ။

သူ့လက်ဝှေ့ယမ်းသံနှင့်အတူ မရေမတွက်နိုင်သော ဓားအလင်းများ ထွက်ပေါ်လာသည်။

“သတ်”

ဓားအလင်းများက သမုဒ္ဒရာတစ်ခုကဲ့သို့ ခုန်တက်သွားကာ အောက်ခြေရှိ တပည့်များအားလုံးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။

“သူတို့ကို သက်ညှာပေးပါ” တစ်စုံတစ်ယောက်က ချီတက်ပြေးလာကာ အော်လိုက်သည်။

သို့သော် အလွန် အမင်းနောက်ကျသွားခဲ့ပေပြီ။

မျက်စိတ်တမှိတ်အတွင်း၌ပင် ဤလူများအားလုံးက သွေးအိုင်များဖြစ်သွားကြသည်။ ထိုအချိန်တွင် လူလေးငါးဦးက ရွာထဲမှ ပြေးလာကြသည်။

၎င်းတို့ရှေ့တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်နှာများအားလုံး ပြာဝေသွားကြသည်။

လွန်ခဲ့သည့်အခိုက်အတန့်က ရွှယ်အန်း၏အင်အားကို သရုပ်ပြခြင်းသည်လည်း ၎င်းတို့ကို ကြောက်ရွံ့ထိတ်လန့်စေသောကြောင့် ဒေါသကို ဖိနှိပ်ရန် ကြိုးစားကြသည်။

"အရှင် ကျွန်တော်တို့ ဂိုဏ်းရဲ့ တပည့်တွေကို ဘာအကြောင်းမှ မရှိဘဲ သတ်လိုက်တာလဲ"

ရွှယ်အန်းသည် ပြောလာသူကို စိတ်ဝင်တစားကြည့်ကာ ပြော၏။

"မင်းက..."

"ကျွန်တော်က ဗူဒူးဂိုဏ်းရဲ့ ဂိုဏ်းဆရာကြီး ဝူချီပါ"

“ကောင်းတယ်" ရွှယ်အန်းက ခေါင်းညိတ်၍ ယဇ်ပုလ္လင်ကို ညွှန်ပြသည်။

“ကလေးတွေကို ယဇ်ပူဇော်နေတာကြောင့် ငါမင်းရဲ့ ဗူဒူးဂိုဏ်းကို သုတ်သင်ရတာပဲ”

ဤသို့ပြော၍ ရွှယ်အန်းက စတင် လှုပ်ရှားတော့မည့်အခိုက်တွင် ဝူချီက အံ့သြထိတ်လန့်သွားကာ စတင်အော်လိုက်သည်။

“နေပါဦး စီနီယာ ကျုပ်တို့နှစ်ယောက်လုံးက ကျင့်ကြံသူတွေပဲလေ။ ဒီ သေမျိုးကလေးတွေအတွက် ဒီလောက်လုပ်စရာမလိုဘူးမလား”

“သေမျိုးကလေးတွေ…” ရွှယ်အန်း၏ မျက်လုံးများက ပို၍ အေးစက်လာသည်။

ဝူချီက ပြုံးလိုက်၏။

“စီနီယာ သဘာဝအတိုင်း ကျင့်ကြံသူတွေအားလုံးက ကောင်းကင်ကို အံတုခုခံရပါတယ်။ ဒါကက ‘လူတိုင်းက ကိုယ့်အတွက်’ပဲ ဆိုတာကို ဆိုလိုတယ်။ သေမျိုးတွေရဲ့အသက်က ကျုပ်တို့ အင်မော်တယ် ကျင့်ကြံရေးကို အထောက်အကူပြုဖို့ မဟုတ်ဘူးလား။ ဒါက ဘာများမှားနေလို့လဲ”

ရွှယ်အန်းက အရှက်မဲ့စွာပြောနေသော ဝူချီကို တိတ်တဆိတ်ကြည့်နေသည်။ တစ်ချိန်က အင်အားကြီးသော စုန်းဂိုဏ်းက အဘယ်ကြောင့် ကျရှုံးခဲ့ရသည်ကို သူ ရုတ်တရက် နားလည်သွားသည်။

အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင်ပင် ရှေးဟောင်းရက်စက်ကြမ်းကြုတ်သော လူသားယဇ်ပူဇော်ခြင်းများကပင် စုန်းဂိုဏ်း၏ သဘောသဘာဝကို မြင်နိုင်စေလောက်သည်။

ရိုးရှင်းစွာပြောရလျှင် စုန်းဂိုဏ်းအဖွဲ့ဝင်များက စေ့စပ်သေချာသော အတ္တသမားများဖြစ်သည်။

သို့သော် ရွှယ်အန်း၏တိတ်ဆိတ်မှုကို စိတ်ယိုင်မှုအဖြစ် ဝူချီက လွဲမှားစွာတွေးထင်လျက် ပြောလိုက်သည်။

“ကျုပ်တပည့်တွေကိုသတ်လိုက်တဲ့ကိစ္စကို ထားလိုက်ကြရ‌အောင်။ ကျုပ်တို့က ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ဖို့ ဆန္ဒရှိပါတယ် စီနီယာ”

“မိတ်ဆွေလား” ရွှယ်အန်း၏ နှုတ်ခမ်းများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

“စုန်းဂိုဏ်းရဲ့လူတွေက သူငယ်ချင်းတွေရှိတာလား”

ဝူချီက ရယ်မောလိုက်သည်။

“မိတ်ဆွေဆိုတာ အသုံးချဖို့ပါ။ စီနီယာကြီးရဲ့ ကျင့်ကြံရေးအဆင့်က လေးနက်ပါတယ်။ ဒါပေမယ့် ကျုပ်တို့ကလည်း အဆင့်နိမ့်နေတာတော့မဟုတ်ဘတူး။ မိတ်ဆွေတွေဖြစ်လာရင် နှစ်ဖက်လုံးကို သဘာဝကျကျအကျိုးပြုလိမ့်မယ်”

ဤစကားများကိုကြားသောအခါ ရွှယ်အန်းက ပြုံးရုံပြုံးလိုက်သည်။

“အကျိုးဟုတ်လား”

ဝူချီက ဂုဏ်ယူစွာပြော၏။

“တကယ်ပါပဲ။ ခင်ဗျားသာ ကျုပ်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိရင် ခင်ဗျားအတွက် ရှေးကျတဲ့ လျို့ဝှက်ချက်တချို့ကို မျှဝေပေးမယ်”

"သမိုင်းနဲ့ ပတ်သက်လာရင် ခင်ဗျားသိထားသင့်တာက စုန်းဂိုဏ်းထက် တခြားဘယ်ဂိုဏ်းကမှ မျိုးဆက်မရှိတော့ဘူး"

ရွှယ်အန်းက သူ့ခေါင်းကို ခါယမ်းလိုက်သည်။

“အရမ်းရှုပ်တယ်”

“ရှုပ်တယ်ဟုတ်လာ” ဝူချီ အံ့သြသွားသည်။

“ငါသိချင်ရင် မင်းကို သတ်လိုက်ရုံနဲ့ လုံလောက်ပြီလေ။ ငါက ဘာလို့ မင်းကိုမေးနေရမှာလဲ”

ရွှယ်အန်းက ဘာသိဘာသာပြောလိုက်သည်။

ဤသည်ကိုကြားသည်နှင့် ဝူချီ၏ အမူအရာက အေးစက်သွားသည်။

“စီနီယာ ကျုပ်တို့က ခင်ဗျားကို တကယ်ပဲ ကြောက်တယ်လို့ ထင်နေတာလား”

“မင်း တစ်ခုခုတော့ နားလည်မှုလွဲနေပြီ။ …” ရွှယ်အန်းက တည်ငြိမ်စွာပြောသည်။

“မင်းမှာ…ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်းမရှိဘူး”

ထိုသို့ပြောပြီးနောက် ရွှယ်အန်းက နေရာမှ ပျောက်ကွယ်သွားကာ ဝူချီရှေ့၌ ချက်ချင်းပေါ်လာ၍ လက်သီးတစ်ချက် ထိုးလိုက်သည်။

“ကျေးဇူးကန်းတဲ့ကောင်”

ဝူချီက ဒေါသထွက်ကာ လက်သီးချက်ဖြင့်တုံ့ပြန်၏။

ဘမ်း

ဝူချီက ပေါက်ကွဲထွက်ကာ အပိုင်းပိုင်း ကွဲထွက်သွားပြီးမှ မြေပြင်ပေါ်သို့ ကျသွားသည်။ ကျန်ရှိသော အကြီးအကဲများအားလုံး ထိတ်လန့်အံ့သြသွားကြသည်။ ၎င်းတို့ လှုပ်ရှားရန် လုပ်နေကြချိန်တွင် ရွှယ်အန်းက သူ့ လက်ကို ရိုက်ချလိုက်သည်။

သူ့လက်ဖဝါးကြီး၏ ကြီးမားသော စွမ်းအားကြောင့် အကြီးအကဲများအားလုံးက ကြိတ်ထားသော အသားစများအဖြစ်ပြောင်းလဲသွားသည်။ သို့သော် ထိုအချိန်၌ပင် ယဇ်ပုလ္လင်က အနက်ရောင်အလင်းတန်းဖြင့် တောက်ပလာကာ ဖျက်ဆီးခံနှင့်ပြီးသော ဝူချီက ထိုနေရာ၌ ပေါ်လာ၍ မထီမဲ့မမြင်ပြုကာ ပြုံးလိုက်သည်။

“အသုံးမဝင်ဘူး။ ဒါ ငါ့နယ်မြေပဲ။ မင်း ငါ့ကို ဒီမှာ သတ်လို့မရဘူး

ရွှယ်အန်းကသူ့ကိုကြည့်၍ ပြောလိုက်သည်။

“ပြန်လည်မွေးဖွားဖို့ ဝိဉာဥ်ချေးယူတာလား”

ဝူချီက အံ့အားသင့်သွားသည်။

“မင်းဒါတွေ ဘယ်လိုသိနေတာလဲ”

ရွှယ်အန်း၏ မျက်လုံးများတွင် သတ်ဖြတ်ရောင်ဝါများ ထွက်ပေါ်လာသည်။ ယဇ်ပုလ္လင်တွင် ချိတ်ဆွဲခံထားရသော ဝိဉာဥ်ကလေးများ၏ အရေအတွက်က သိသိသာသာ လျော့သွားကြောင်း သူမြင်လိုက်ရသဖြင့် ဤ စုန်းအိုကြီး၏ ရက်စက်ကြမ်းကြုတ်သော လျို့ဝှက်နည်းပညာကို သတိရသွားခြင်းဖြစ်သည်။

"ကောင်းပြီ မင်းသေဖို့ တကယ်ထိုက်တန်ပုံပဲ"

ရွှယ်အန်းက စကားပြောနေစဥ်တွင် မရေမတွက်နိုင်လောက်အောင် များပြားဿာ ဓားအလင်းတန်းများထွက်ပေါ်လာ၍ ဝူချီကို လုံးဝ ဝန်းရံထားသည်။

သို့သော် ဝူချီက တည်ငြိမ်စွာကြည့်နေ၏။

“အဟက် မင်းတို့လို ကိုယ်ချင်းစာတရားရှိတဲ့ ကျင့်ကြံသူတွေကို ငါတကယ် သည်းမခံနိုင်ဘူး။ မင်းမှာ အရှည်အချင်းရှိရင် အခုပဲ ငါ့ကို သတ်ပစ်လိုက်။ ဘာပဲဖြစ်ဖြစ် မင်းငါ့ကို သတ်ရင် ငါ ဒီဝိဉာဥ်တွေကိုသုံးပြီး ပြန်မွေးဖွားမယ်။ ဟား ဟား ဟ…”

ဝူချီ၏ ရယ်သံက ရုတ်တရက် ရပ်တန့်သွားသည်။

ပင်လယ်ကဲ့သို့ ဓားချီများက သူ့ကို ဝိုင်းရံထားပြီးဖြစ်သည်။

“ဒီ ဝိဉာဥ်တွေ ပျောက်ကွယ်သွားမှာကို မင်းမကြောက်ဘူးလား” ဝူချီက ဒေါသတကြီးအော်လိုက်သည်။

ရွှယ်အန်းက အေးစက်စွာပြော၏။

“မင်း ငါ့ကို ခြိမ်းခြောက်နိုင်မယ်လို့ ထင်လာ း”

ဝူချီက ပြောပြီးမကြာခင်၌ပင် ဓားချီအောက်၌ တိုက်ရိုက် ကြေမွသွားသည်။ တစ်ချိန်တည်း၌ပင် ရွှယ်အန်း၏ နတ်အာရုံများ ထွက်ပေါ်လာသည်။ အလောင်းကောင်ဆီမှ မီးခိုးရောင်အလင်းတန်းတစ်ခု ထွက်လာပြီးနောက် ယဇ်ပုလ္လင်ဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။ ရွှယ်အန်းက အေးစက်စွာ ဟစ်အော်လိုက်ကာ သူ၏ နတ်အာရုံက မီးခိုးရောင်အလင်းကို တိုက်ရိုက် ကြားဖြတ်လိုက်သည်။

ယခု ဝူချီက အကြောက်တရားကို သိလိုက်ပြီဖြစ်သည်။

“ဘိုးဘွားစုန်းကြီး ကယ်ပါဦး”

ရွှယ်အန်းက သူ့ကို ညှာတာပေးရန် အခွင့်အရေးပင်မပေးဘဲ တိုက်ရိုက် ချေမှုန်းပစ်လိုက်သည်။ သို့သော် ထိုအချိန်၌ပင် ယဇ်ပုလ္လင်အတွင်းမှ အသံတစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။

“ငါ့ မျိုးဆက်ကို ဘယ်သူဖျက်ဆီးရဲတာလဲ”

အသံနှင့်အတူ စွမ်းအားကြီးသော နတ်အာရုံတစ်ခု ထပ်မံတိုးထွက်လာသည်။

ရွှယ်အန်းက မည်သည့်စကားမျှ မပြောဘဲ နတ်အာရုံ အပြည့်အဝ ဖြစ်ပေါ်လာသည့်အချိန်အထိ ငြိမ်သက်စွာ စောင့်ကြည့်နေသည်။

“ဘိုးဘေးစုန်းကြီး မင်း ငါ့ရှေ့မှာ ဂုဏ်ယူဝံ့ကြွားရဲလား”

ထိုသို့ပြော၍ ရှေ့သို့တိုးလာရာ ဓားချီက သူ့လက်ထဲတွင် ကြီးမားသော ဓားကြီးအဖြစ်ပြောင်းလဲသွားသည်။

“ဒီနေ့ မတရားသေသွားရတဲ့ကလေးတွေအတွက် တရားမျှတမှုရှာပေးမယ်”

“သခင် ကျေးဇူးပြုပြီး… မလုပ်ပါနဲ့… ကျွန်မ” ဘိုးဘေးစုန်းကြီးက ရွှယ်အန်းဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရောင်ဝါကို အာရုံခံမိသဖြင့် ချက်ချင်းပင် စတင် တောင်းဆိုလိုက်သည်။

ရွှယ်အန်းက အခွင့်အရေးမပေးဘဲ ဓားဖြင့် တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးကို ခွဲထုတ်နိုင်သော ဓားတစ်လက်က ဘိုးဘေးစုန်းကြီး၏ နတ်အာရုံကို ဖြိုခွဲကာ ယဇ်ပုလ္လင်ကိုလည်း ထက်ခြမ်းခွဲပစ်လိုက်သည်။

ဘိုးဘေးစုန်းကြီးက ကံမကောင်းခဲ့ပေ။ မူလက သူ့မျိုးဆက်၏ ခေါ်သံကိုကြားပြီးနောက် စတင်လှုပ်ရှားရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

သတ်ပစ်ရန် ရည်ရွယ်ထားသော ရွှယ်အန်းနှင့် ရင်ဆိုင်ရသော်လည်း အခွင့်အရေးပင်မရလိုက်ဘဲ တုန်လှုပ်ခြောက်ခြားဖွယ်ဓားချက်အောက်တွင် ခုတ်ပိုင်းခြင်းခံလိုက်ရသည်။

ယဇ်ပုလ္လင်ကို ဖျက်ဆီးပြီးနောက် ကလေးများ၏ ဝိဉာဥ်များက ကောင်းကင်ယံထက်သို့ တက်သွားကာ ရွှယ်အန်းကို ခံစားချက်ကင်းမဲ့နေသော မျက်နှာများဖြင့် ကြည့်နေကြသည်။

ရွှယ်အန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။

“မင်းတို့ကို ဒုက္ခပေးတဲ့လူတွေအားလုံး ငါ့လက်ထဲမှာ အသက်ခံလိုက်ရပြီ။ အခု မင်းတို့အားလုံး လူဝင်စားတဲ့သံသရာထဲ မြန်မြန်ဝင်လို့ရအောင် ကူညီပေးမယ်”

သူ့စကားမဆုံးသေးခင်တွင် ရွှယ်အန်းက အလွန်ရှုပ်ထွေးသော အဆောင်တစ်ခုကိုထုတ်ကာ ကျယ်လောင်စွာအော်လိုက်သည်။

"မြေမှုန့်၏နှောင်ကြိုးကို ဖြတ်၍ လူဝင်စားသံသရာသို့ ပြန်သွားပါ။ ပျောက်ကွယ်သွားလော့။"

ဘမ်း

အဆောင်မန္တန်က နူးညံ့သောအလင်းရောင်တစ်ခု ဖြာထွက်လာပြီးနောက် ဝိဉာဥ်များ၏ မျက်နှာများထက်တွင် စိတ်လှုပ်ရှားမှုနှင့် ကျေးဇူးတင်ကြောင်း ဖြည်းညှင်းစွာ ဖော်ပြကာ ရွှယ်အန်းကို ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် စကြဝဠာထဲသို့ ပျောက်ကွယ်သွားသည်အထိ ဝိညာဉ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ရွှယ်အန်းက အနည်းငယ် တွေးတောနေမိသည်။

သူ့တွင်လည်း သမီးနှစ်ယောက်ရှိသောကြောင့် ဤကလေးများ၏ ဝိဉာဥ်များကိုမြင်လိုက်ရသောအခါ သူ၏ သတ်ဖြတ်ချင်စိတ်ကို ချိုးနှိမ်ရန် ခက်ခဲခဲ့သည်။

ကျင့်ကြံသူများက အမှန်ပင် ကောင်းကင်ဘုံကို အံတုသော်လည်း ၎င်းတို့ အံတုရမည်မှာ ကောင်းကင်ဘုံသာဖြစ်သည်။ သေမျိုးလောက၏ သာမန်အသက်များမဟုတ်ပေ။

ထို့အပြင် သေမျိုးလောကမရှိပါက အင်မော်တယ်တစ်ဦး မည်သို့ရှိနိုင်မည်နည်း။

ဤအတွေးများဖြင့် ရွှယ်အန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့ ကံကြမ္မာမီးတောက်က အဆောက်အဦတစ်ခုလုံးကို လောင်ကျွမ်း ပြာချပစ်လိုက်သည်။

တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအောက်တွင် စုန်းဂိုဏ်းက နှိုက်နှိုက်ချွတ်ချွတ် အမြစ်ပြတ်ချေမှုန်းခံခဲ့ရကာ သမိုင်းတစ်ခုဖြစ်လာသည်။

အခန်း(၅၃၉) လိပ်ခွံ၏ လျို့ဝှက်ချက်

ထိုအချိန်၌ မီးလောင်သွားသော ယဇ်ပုလ္လင်အတွင်းမှ အလင်းတစ်ခုက ပျက်ဆီးခြင်းမရှိဘဲ ‌တောက်ပလာသည်။

“အာ… အဲ့တာဘာလဲ”

ရွှယ်အန်းက တိုးညှင်းစွာ ရေရွတ်၍ သူ့လက်ကို မြှောက်လိုက်ရာ တောက်ပသော အလင်းတန်းက သူ့လက်ထဲသို့ ပျံတက်သွားသည်။ ယင်းသည်ကား ဧရာမ လိပ်ခွံကြီးပင်ဖြစ်၏။

အခွံပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းမန္တန်များ ပေါ်လွင်နေကာ ရှေးဟောင်းအငွေ့အသက်များပြည့်နေသည်။

ရွှယ်အန်းက ပို၍ စိတ်ဝင်စားလာသည်။ ယင်းသည်‌ ရှေးခေတ်အဖြစ်အပျက်များကို မှတ်တမ်းတင်ရန်အတွက် အသုံးပြုသည့် လိပ်ခွံတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။

ကျောက်စိမ်းတုံးများကို အသုံးပြုလေ့ရှိသည့် ခေတ်သင့်ကျင့်ကြံသူများနှင့်မတူဘဲ ရှေးခေတ်တွင်မူ အရေးကြီးသော အဖြစ်အပျက်များကို ဤဝိဉာဥ်ရေး လိပ်ခွံတွင် မှတ်တမ်းတင်ထားသည်။

ထို့အပြင် ရွှယ်အန်းက ယခုတင် ဝူချီကို သတ်လိုက်သောအခါတွင် သူ၏ မှတ်ဉာဏ်အတွင်းမှ လျို့ဝှက်ထားသော အချက်အလက်များစွာကို ရရှိခဲ့သ်ည။

၎င်းတို့အနက်တွင်

“ကောင်းကင်နှင့် မြေကြီးကြား ဆက်စပ်မှုပျောက်တောက်သွားသောအခါ နတ်ဗြဟ္မာများ ဆင်းသက်လာ၏” ဟူသော စကားတစ်ခုရှိသည်။

လိပ်ခွံနှင့် ပတ်သက်နေနိုင်သလား။

သို့သော် ဝူချီက ဤလိပ်ခွံကို မည်သို့ အသုံးပြုရမည်ကို နားမလည်သဖြင့် ထိုသို့ မရှင်းလင်းသော စကားစုကို မှားယွင်းမှန်းဆနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ဤသည်ကိုတွေး၍ ရွှယ်အန်းက သူ၏ နတ်အာရုံကို ဘောပင်ကဲ့သို့ ထိန်းချုပ်ကာ လိပ်ခွံပေါ်ရှိ မန္တန်များပေါ် ထပ်၍ ရေးဆွဲလိုက်သည်။

မန္တန်များက တဖြည်းဖြည်းလင်းလက်လာသည်။

နောက်ဆုံး မန္တန်တောက်ပလာသည်နှင့်အမျှ ရွှယ်အန်းက သူ့တစ်ကိုယ်လုံး လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသည်။

သူ့ရှေ့တွင် ပုံရိပ်များ ဆက်တိုက်ပေါ်လာသည်။

ပထမဆုံးအနေဖြင့် ၎င်းက ကောင်းကင်နှင့် မြေကြီးအစဖြစ်ကာ လူ့မျိုးနွယ်၏ ပထမဆုံးလူသားများက ကုန်းမြေပေါ်တွင် ပေါ်လာ၍ စွမ်းအင်ကြီးသားရဲအမျိုးမျိုးကို တွန်းလှန် ရုန်းကန်နေကြသည်။

ထို့နောက် တောင်ထိပ်တွင် ရပ်နေသော ဧရာမ အရပ်ဆယ်ကျန်းမြင့်သော ကျင်းဝူကို မြှားတစ်စင်းတည်းဖြင့် ပစ်ချလိုက်သဖြင့် ကပ်ဘေးများ ကြုံခဲ့ရသည်။ ထိုအချိန်၌ ကောင်းကင်နှင့် မြေကြီးတုန်ခါသွား၍ ဝိဉာဥ်များနှင့် တစ္ဆေများ အော်ဟစ်မြည်တမ်းကြသည်။

လူ့မျိုးနွယ်စု၏ မြင့်မြတ်သော ပြည်နယ်မှ ခံ့ညားထည်ဝါသော ခေါင်းဆောင်တစ်ဦးသည် သူ၏လူများအား ဦးဆောင်ကာ တောင်များကို ဖြိုဖျက်၍ မြစ်များကို ဖျက်ဆီး ရေများကို ထိန်းချုပ်နေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ဤပုံရိပ်များအားလုံးကို အနာဂတ်မျိုးဆက်များမြင်နိုင်စေရန် ၎င်းတို့၏ နတ်ပညာများကို အသုံးပြု၍

လိပ်ခွံပေါ်တွင် ရေထိုးခဲ့ကြခြင်းဖြစ်ကြောင်း ရွှယ်အန်းက သိလိုက်ရသည်။

ဤပုံရိပ်မျးအတွင်းတွင် ရွှယ်အန်းက အကြိမ်ပေါင်းများစွာ ဒဏ္ဍာရီလာ တစ္ဆေများ၊ နတ်ဆိုးများနှင့် သားရဲများကိုမြင်လိုက်ရသည်။

ထိုအချိန်က လူသားမျိုးနွယ်စု ဘိုးဘေးများသည် အလွန်စွမ်းအားကြီးခဲ့သည်။

ယင်းက သဘာဝ၏ ဝိဉာဥ်စွမ်းအင်သည် ယခုကဲ့သို့ ပျက်ဆီးနေသော မြေမဟုတ်ကြောင်း သက်သေတစ်ခုဖြစ်သည်။ ထိုအချိန်တွင် ပုံရိပ်များကတဖြည်းဖြည်းပျောက်ကွယ်သွားကာ အလွန်ကြီးမားသော ပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။

ပုံရိပ်ထဲတွင် ကောင်းကင်နှင့် မြေကြီးအကြား၌ မြင့်မြတ်သော သစ်ပင် တစ်ပင်ရှိနေသည်။

နတ်များနှင့်နတ်ဆိုးများက ဤကြီးမားသောသစ်ပင်တစ်လျှောက် ဘုံလောကများကြားတွင်သွားလာနိုင်သည်။

ရွှယ်အန်း၏အကြည့်များကစူးရှလာသည်။

‘ဒါက… ကျန်မု’

ဒဏ္ဍာရီအရ ဤ ကျန်မုသည် ကောင်းကင်နှင့် မြေကြီး အကြားရှိ နတ်ဘုရားများနှင့် လူသားများ၏ နယ်မြေများကို ဆက်နွယ်ပေးခဲ့သည့် တံတားတစ်ခုဖြစ်သည်။

ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားကာ ဓားအလင်းတစ်ခုကကောင်းကင်ထိ တောက်ပလျက် ကျန်မုကို အလယ်မှ ထက်ဝက်ပိုင်းပစ်လိုက်သည်။

ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်သွားသော ဓားမီးတစ်လက်သည် ကျန်မုခါးကို ဖြတ်သွားသည်။

ထို့နောက်တွင် ကောင်းကင်နှင့်မြေကြီးသည် ပြင်းထန်စွာ တုန်ခါသွားကာ လူသားနှင့် နတ်ဘုရားများကြားလမ်းကို ဖြတ်တောက်၍ ဝိညာဉ်စွမ်းအင်များလည်း ညှိုးနွမ်းစပြုလာသည်။

ပုံရိပ်က ပြင်းထန်စွာ ပြိုကျသွားသည်။

ရွှယ်အန်းသည် ထိုနေရာတွင် အမြစ်တွယ်နေသည့်အလား ရပ်နေကာ ခဏအကြာတွင် သက်ပြင်းတစ်ချက် ခပ်တိုးတိုးချလိုက်သည်။

"ကောင်းကင်နဲ့ မြေကြီးနဲ့ ဆက်စပ်မှု ပြတ်တောက်သွားပြီ။ ဒဏ္ဍာရီတွေ တကယ်ဖြစ်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။"

ထိုအချိန်တွင် လိပ်ခွံပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။

မကြာခင်၌ပင် လေးနက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းကင်နဲ့မြေကြီးကြားက ဆက်စပ်မှုကို ဖြတ်တောက်လိုက်တာက လူသားမျိုးနွယ်ကို အနှစ်တစ်သောင်းကာကွယ်ပေးလိမ့်မယ်။ ဒါပေမယ့် အနှစ်တစ်သောင်းကြာတဲ့အခါ၊ အဆက်အသွယ်ပြတ်သွားတဲ့အခါ နတ်ဗြဟ္မာတွေ ဆင်းသက်လာလိမ့်မယ်။ သားစဉ်မြေးဆက်တွေက ငါတို့ရဲ့ လူသားမျိူးနွယ်ကို ကာကွယ်ပေးဖို့ မျှော်လင့်တယ်"

အသံပျောက်သွားသည်နှင့် လိပ်ခွံသည်လည်း ကွဲအက်ကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲ၍ ကမ္ဘာသို့ ပြန့်ကျဲသွားလေသည်။

ရွှယ်အန်းက တိတ်ဆိတ်စွာကြည့်နေသည်။

အသံရှင်မှာ ကျန်မုကို ခုတ်ထစ်ခဲ့သော လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်ကြောင်း သူသိသည်။

ဤလိပ်ခွံများ ပျံ့လွင့်သွားသည်နှင့် ဤလောက၌ ဤလူ၏ နောက်ဆုံးခြေရာသည်လည်း ပျောက်ကွယ်သွားလေသည်။

"ဘိုးဘေးတို့ စိတ်ချပါ၊ ရွှယ်အန်းက ဒီကမ္ဘာကြီးကို စောင့်ရှောက်ဖို့ ဆန္ဒရှိပါတယ်"

ရွှယ်အန်းက ပေကျန်းသို့ပြန်ရောက်သောအခါ၊ ချင်းယွီ၊ ချင်းယွမ်၊ တုဖေးနှင့် အခြားသူများ ဧည့်ခန်းထဲတွင် စောင့်နေကြသည်။ ရွှယ်အန်းဝင်လာသည်ကို မြင်သောအခါ အားလုံး မတ်တပ်ရပ်လိုက်ကြသည်။

“ဆရာ..”

ရွှယ်အန်းက ခေါင်းညိတ်လိုက်၏။

"စုန်း ဂိုဏ်းပျက်သွားပြီ၊ မင်းတို့အားလုံး ပြန်လို့ရပြီ"

လူတိုင်း၏ နှလုံးသားများ အေးခဲသွားသည်။

ရွှယ်အန်းထွက်သွားသည်မှာ သုံးနာရီသာ ကြာသေးသည်။

ထို့ကြောင့် ဂိုဏ်းတစ်ခုလုံးကို ချေမှုန်းပြီးလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

တစ်ယောက်ပြီးတစ်ယောက် ခွင့်တောင်း၍ ထွက်သွားကြကာမှ

ရွှယ်အန်းက အပေါ်ထပ်သို့ တက်လာခဲ့သည်။

ရှောင်ရှနှင့် ရှောင်းယွီသည် ကျုံးတုမှပြန်ရောက်လာ၍ ဒုတိယထပ်ဧည့်ခန်းတွင် TV ကြည့်နေသည်။

ရွှယ်အန်းကိုတွေ့သောအခါ ရှောင်ရှက ဆောလျင်စွာထရပ်ကာ နောင်တတစ်ခုနှင့်မေးသည်။

"သခင် ဘာလို့မစောင့်တာလဲ၊ သခင်နဲ့တူတူလိုက်ပြီး ယုတ်မာတဲ့ဂိုဏ်းကို ရှင်းပစ်ချင်တယ်"

ရွှယ်အန်းက ခေါင်းယမ်းကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"ကောင်းပြီ၊ အဲဒါက သေးငယ်တဲ့ ဂိုဏ်းတစ်ခုပဲ၊ အဲ့လောက် ရှုပ်စရာ မလိုပါဘူး"

အန်းယန်နှင့် ထန်ရွှမ်အာလည်း ထိုနေရာတွင် ရှိနေသည်။

ရွှယ်အန်းက တစ်ချက်ကြည့်လိုက်ပြီးနောက် "ရှန်းရှန်းနဲ့ နျန်နန်ဘယ်မှာလဲ" ဟု ခပ်တိုးတိုးမေးသည်။

"သူတို့ အိပ်ပျော်နေပြီ" ထန်ရွှမ်အာက ပြန်ဖြေသည်။

"ဒီနေ့ ပင်ပန်းလွန်းလို့ ညစာတောင် မစားဘဲ အိပ်ပျော်သွားတာပဲ" အန်းယန်က ပြောသည်။

ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်၏။

"ကောင်းပြီ၊ အားလုံးပဲ အနားယူပါ"

ထန်ရွှမ်အာက ခေါင်းညိတ်ပြကာ သူ့အခန်းထဲပြန်သွားလိုက်သည်။

ရှောင်းယွီက တီဗီကြည့်ချင်နေဆဲဖြစ်သော်လည်း

ရှောင်ရှက သူမကို ဆိုဖာပေါ်ကမှ တိုက်ရိုက်ဆွဲချလိုက်သည်။

"လာ၊ မင်းက ငါနဲ့လာအိပ်"

ရှောင်းယွီ၏ မျက်နှာက နီရဲလာသည်။

"သခင်၊ ကျေးဇူးပြုပြီး ညင်ညင်သာသာလေးလုပ်ပါ"

ရှောင်ရှက သူမ၏ဆိုလိုရင်းကို နားမလည်သဖြင့် “မင်းဘာတွေပြောနေတာလဲ” ဟု အံ့သြစွာကြည့်ကာ မေးလိုက်သည်။

သို့သော် အန်းယန်က မရယ်ဘဲမနေနိုင်တော့ပေ။

ရှောင်ရှက ရယ်နေသော သခင်မကိုမြင်လိုက်ရသည်နှင့် မည်သည်ကို ဆိုလိုနေကြောင်းသိသွားကာ သူ့အမူအရာက အေးစက်သွားသည်။

"မင်းနေရတာ သက်တောင့်သက်သာရှိနေတဲ့ပုံပဲ"

ထိုသို့ဖြင့် သူက ရှောင်းယွီကို ဆွဲထုတ်လိုက်သည်။

ရွှယ်အန်းနှင့် အန်းယန်တို့သာ ဧည့်ခန်းထဲတွင် ကျန်ခဲ့သည်။

ရွှယ်အန်းက စကားတစ်ခွန်းမှ မပြောဘဲ အန်းယန်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ အန်းယန်၏ အပြုံးက တဖြည်းဖြည်း မှိန်ဖျော့သွားကာ သူမ၏ ခေါင်းသည်လည်း ပို၍ ပို၍ နိမ့်ကျသွားကာ မျက်လုံးများက တဖြည်းဖြည်း နီရဲလာသည်။

“ယောက်ျား မိန်းမတောင်းပန်ပါတယ် စိတ်မဆိုးပါနဲ့ ဟုတ်လား" အန်းယန်က ခပ်တိုးတိုးပြောသည်။

ရွှယ်အန်းက တစ်ခွန်းမျှမပြောသေးပေ။

အန်းယန်၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။

"ဒါက မိန်းမအမှားပါ ရှန်းရှန်းနဲ့ နျန်နန်တို့ကို အနီးကပ် မကြည့်ခဲ့မိဘူး။ ယောက်ျား… မိန်းမကို ဆူပါ ရိုက်ပါ ကျေးဇူးပြုပြီး လျစ်လျူမရှုပါနဲ့၊ နော် ယောက်ျား နော် "

ရွှယ်အန်း၏ ပါးစပ်က မြင်သာသော အပြုံးဖြင့် ကွေးသွားသည်။

"အွန်း..ဒါဆို ဘယ်လို တောင်းပန်ဖို့ စီစဉ်ထားလဲ"

“ယောက်ျား ဘာပဲပြောပြော အဆင်ပြေတယ်"

အန်းယန်က ခေါင်းကို မော့လိုက်ရာ သူမမျက်နှာမှ မျက်ရည်များ စီးကျလာသည်။

ရွှယ်အန်း အနည်းငယ် အံ့ဩထိတ်လန့်သွားသည်။

သူက အန်းယန်ကို ကျီစယ်ရန်သာ ရည်ရွယ်ထားသော်လည်း မိုက်မဲသော အရူးမလေးက ယင်းကို ဤမျှ အလေးအနက်ထားနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရွှယ်အန်းက နှလုံးသားတစ်ခုလုံး နာကျင်သွားသည့်အလား ခံစားလိုက်ရသဖြင့် သူ့ကိုယ်သူ နှစ်ကြိမ်တိုင်တိုင် ပါးရိုက်ကာ အန်းယန်ကို ပွေ့ဖက်ရန် အမြန် ခြေလှမ်းပြင်လိုက်သည်။

"အရူးမလေး ကိုက ဘယ်လိုလုပ် မင်းကို စိတ်ဆိုးရက်မှာလဲ။ ကလေးတွေပျောက်သွားလို့ အနာကျင်ရဆုံးနဲ့ ဝမ်းအနည်းရဆုံးက မင်းပဲလေ။”

အန်းယန်က ရွှယ်အန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ့စကားကြောင့် သူမ မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ငိုလိုက်သည်။

"ယောက်ျား…မိန်းမ တကယ်မရည်ရွယ်ပါဘူး မိန်းမ အရမ်းကြောက်ခဲ့တယ် ရှန်းရှန်းနဲ့ နျန်နန်တစ်ခုခုဖြစ်ခဲ့ရင် မိန်းမလည်း အသက်မရှင်ချင်တော့ဘူး"

ရွှယ်အန်းက သူမ၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်လျက် ခပ်တိုးတိုးပြောလိုက်သည်။

"ကောင်းပြီ၊ မငိုနဲ့ ရှန်းရှန်းနဲ့ နျန်နန်အဆင်ပြေတယ်လေ နောက်ပြီး၊ ကိုက လူဆိုးတွေအားလုံးကို သတ်ပြီးပြီ၊ သူတို့ရဲ့ ဝိညာဉ်တွေ လုံးဝ ပျက်စီးသွားပြီ"

"ဒါပေမယ့် မိန်းမ ကြောက်နေတုန်းပဲ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ" အန်းယန်က ခေါင်းငုံ့ကာ မျက်ရည်များဝဲလျက် မေးလိုက်သည်။

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ရွှယ်အန်းရဲ့ သမီးတော်တွေက လုံးဝအဆင်ပြေလိမ့်မယ်။ ကောင်းကင်ဧကရာဇ်က ဒီကို လာမယ်ဆိုရင်တောင် နာခံမှုရှိရှိ နောက်ကို ဆုတ်သွားရမှာ။ နားလည်လား"

"ဒါဆို ယောက်ျား လုံးဝ စိတ်မဆိုးဘူးပေါ့နော်"

“အာ ကို မင်းကို ခုဏက စမလို့လုပ်တာကို မင်း ထငိုမယ်လို့ ဘယ်သိပါ့မလဲ”

"ဟမ်၊ လူဆိုးကြီး ရှင့်ကို ကိုက်ပစ်မယ်"

အန်းယန်က ရွှယ်အန်း၏ ရင်ခွင်ထဲသို့တိုးလျက် ဒေါသထွက်ချင်ယောင်ဆောင်နေသည်။

ရွှယ်အန်းက ရယ်မောကာ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။

"အခုပြီးသွားပြီ။ နောင်ကျ အရမ်းမရူးနဲ့ မင်းက အမှားတစ်ခုခုလုပ်မိပြီး ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်မိရင်တောင် မင်းရဲ့ယောက်ျားက မင်းဘေးနားမှာ အမြဲရှိနေမယ်ဆိုတာ သတိရလိုက်ပါ။ နားလည်လား”

အန်းယန်၏ ခန္ဓာကိုယ်က ပျော့ခွေသွားကာ ကြောင်တစ်ကောင်ကဲ့သို့ တိုးညှင်းစွာ ညည်းတွားလိုက်သည်။

အခန်း(၅၄၀) မိတ်ဆွေဖွဲ့ရအောင်၊ ငါ့နာမည်က ဟူယွဲ့

ဖန်ကျင်းတောင်၊ လင်ယင်နန်းတော်။ ‌ေ

တစ်ချိန်က စည်ကားသိုက်မြိုက်စွာ မွှေးပျံ့နေသည့်နေရာသည် ယခုအခါ လူဆိတ်ညံနေပြီဖြစ်သည်။

ပင်မခန်းမခေါင်မိုးပေါ်၌ ပလတ်စတစ်စာရွက်ဖြင့် အကြမ်းဖျင်း ဖုံးအုပ်ထားသော အပေါက်ကြီးတစ်ပေါက်ရှိကာ မည်သူတစ်ဦးတစ်ယောက်မျှမရှိပေ။

ရှီရွှယ်ချင်းက ကျက်သရေရှိစွာဝင်ရောက်လာ၍ သူမ၏ ပုံရိပ်ဖြစ်သော အမွှေးတိုင်ကို စတင်ထွန်းလိုက်သည်နှင့် ဘုရားကျောင်းတံခါးပွင့်သွားသည်။

ရှီရွှယ်ချင်းက လင်ယင်နန်းတော်တွင် နေထိုင်စဥ် နေ့စဥ် အမွှေးတိုင်တစ်ချောင်းထွန်းလေ့ရှိသည်။

ယနေ့မှသာ ရှီရွှယ်ချင်း၏ မျက်နှာထက်၌ စိုးရိမ်မှုအငွေ့အသက် ပေါ်ထွက်လာသည်။ အမွှေးတိုတင်ကို ပူဇော်လျက်ဖြင့် သူမကိုယ်သူမ ခပ်တိုးတိုးပြောလိုက်သည်။

“ဘိုးဘေးကြီး ကျေးဇူးပြုပြီး ဝိဉာဥ်တော်ကိုပြသတော်မူပါ။ အရှင် မပြရင် ကျွန်မ ငတ်သေတဲ့အထိ ဘာမှမစားဘူး။ အခု လင်ယင်နန်းတော်မှာ ကျွန်မတစ်ယောက်တည်းကျန်တော့တယ်ဆိုတာ အရှင်သိသင့်တယ်”

“‌တောင်ခြေက ချင်ဖုန်းရင်ပြင်က လူတွေက ကျွန်မတို့ရဲ့ လင်ယင်နန်းတော်ကို သူတို့ပိုင်တယ်လို့ ထပ်ခါထပ်ခါ တောင်းဆိုနေကြတယ်။ ဒါက လုံးဝ အဓိပ္ပါယ်မရှိဘူး။ ဒါပေမယ့် အခု သူတို့မှာ ကောင်းကင်လူသားအဆင့်ကျင့်ကြံသူရှိနေပြီ။ ကျွန်မတို့ ဘာလုပ်နိုင်တော့မှာလဲ”

“လွန်ခဲ့တဲ့ တစ်နှစ်အတွင်း မရေးမတွက်နိုင်လောက်အောင်များတဲ့ ကျင့်ကြံသူတွေက အဆင့်တွေတက်နိုင်ခဲ့ကြတယ်။ အရင်က ရှောင်ယောင်းအဆင့် ရှားပြီး ကောင်းကင်လူသားအဆင့်တွေက အဆင့်အမြင့်ဆုံးအခြေအနေမှာရှိခဲ့တာ။ ဒါပေမယ့် အခုတော့ ရှောင်ယောင်းအဆင့်က မရှားတော့ဘဲ ကောင်းကင်လူသားအဆင့်တွေ ပိုများလာတယ်”

“ကျွန်မ ကျင့်ကြံရေးအဆင့်က တိုးလည်းမတိုးတက်လာသလို ထိန်းလည်းမထိန်းထားနိုင်ခဲ့ဘူး။ ဒါပေမယ့် တကယ့်ကို ဆုတ်ယုတ်သွားပြီ။ ဘိုးဘေးကြီးရဲ့ ဝိဉာဥ်တော်ကို ကိုယ်ထင်မပြရင် အဲ့အချိန်ကျ လူတွေက အရှင့်ရုပ်တုကို အိမ်သာထဲပစ်ထည့်တော့မှ ကျွန်မအဆိုးမဆိုနဲ့”

ရှီရွှယ်ချင်းက အမွှေးတိုင်တစ်ချောင်စိုက်လျက် အနည်းငယ် မှိန်ဖျော့နေသော ရုပ်တုကို မော့ကြည့်ကာ ရေရွတ်လိုက်သည်။ ၎င်းက အမည်မသိကျွမ်းကျင် လက်မှုပညာရှင်တစ်ဦးမှ ထွင်းထုထားသည့် မြေခွေးအင်မော်တယ်ရုပ်တုဖြစ်ကာ အသေးစိတ်ကျလွန်းလှသဖြင့် သက်ရှိထင်ရှားရှိနေသကဲ့သို့ ထင်ရသည်။

ရှီရွှယ်ချင်းသည် အသံတိတ်နေသော ရုပ်တုကို စူးစူးစိုက်စိုက်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ကျွန်မတကယ် စိတ်လွတ်နေပြီပဲ။ ရှင့်လို ရွံ့စေးရုပ်တုပေါ်မှာ အချိန်တွေ လာဖြုန်းနေမိတယ်”

ပြောပြီးသည်နှင့် သူမက လှည့်ထွက်သွားသည်။

သို့သော် သူမ ပြန်လှည့်ကြည့်လိုက်ချိန်တွင် မြေခွေးအင်မော်တယ်ရုပ်တု၏ မျက်လုံးများမှတဆင့် အလင်းတန်းများ လင်းလက်လာသည်။

ရှီရွှယ်ချင်းကပြောခဲ့သကဲ့သို့ပင် ကျယ်ပြောလှသည့် လင်ယင်နန်းတော်ထဲတွင် သူမသာ ကျန်တော့သည်။

ပျင်းရိဖွယ်ကောင်းလွန်းလှသဖြင့် သူမမွေးမြူထားခဲ့သော လိပ်တစ်ကောင်ပင် လွန်ခဲ့သည့်လကပင် အစာငတ်သေသွားခဲ့သည်။

ရှီရွှယ်ချင်းသည် ရိုးရှင်းသောအစာကို ချက်စားပြီးနောက် ခွေးခြေခုံတစ်လုံးကို ရွှေ့ကာ ခြံဝင်းထဲတွင် ကြောင်အစွာ ထိုင်ခဲ့သည်။ တစ်ချိန်က ထွန်းကား စည်ကားခဲ့သော ခြံဝန်းကြီးက ယခုအခါ ယို့ယွင်းပျက်ဆီးလာခဲ့သည်.

ထိုသို့သော ပတ်ဝန်းကျင်ထဲတွင် ရှီရွှယ်ချင်း၏ ဖြ့စ်တည်မှုအတွက် နေရာမရှိသကဲ့သို့ ထင်ရသည်။

သူမ၏ ရုပ်ရည်၊ စိတ်နေစိတ်ထားဖြင့် တောင်ပေါ်တွင် အလုပ်တစ်ခုခု ရလိုက်ခြင်းကမှ

ဤနေရာတွင် အချိန်ဖြုန်းတီးနေခြင်းထက် ပိုကောင်းပေလိမ့်မည်။

ဥပမာအားဖြင့် ယွီမိသားစုသည် လင်နန်တွင် နေရန် ရှီရွှယ်ချင်းအား စိတ်အားထက်သန်စွာ တောင်းဆိုခဲ့ဖူးသည်။

သို့သော် ရှီရွှယ်ချင်းက ဤနေရာသည် သူမ၏ အရင်းအမြစ်ဟု ခံစားမိသောကြောင့် ပြန်လာခဲ့၏။

သူမ ပါးပေါ်တွင် လက်ဝါးတင်ကာ စဥ်းစားနေချိန်၌ လင်ယင်နန်းတော်သို့ဝင်သည့် တံခါးကို တစ်စုံတစ်ယောက်မှ တွန်းဖွင့်လိုက်သည်။

ထွားကြိုင်းသော အမျိုးသား တစ်ဒါဇင်ခန့် ဝင်လာပြီးနောက်တွင် ယုတ်မာသော မျက်နှာထားနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးက အတွင်းထဲသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

ခြံဝင်းထဲတွင် ရှီရွှယ်ချင်းထိုင်နေသည်ကို မြင်လိုက်ရသောအခါတွင် လောဘရမက် အငွေ့အသက်များ ထိုလူ၏မျက်လုံးထဲတွင် ဖျတ်ခနဲတောက်ပလာကာ ပြုံးလိုက်မိသည်။

"အစ်မ ရွှယ်ချင်း အဲ့ကိစ္စတွေးပြီးပြီလား"

ရှီရွှယ်ချင်း၏အမူအရာက မှောင်မိုက်သွားသည်။

“ဖုန်ချင်ဖုန်း လင်ယင်နန်းတော်က အကာအကွယ်မရှိတဲ့နေရာလို့ ရှင် တကယ်ထင်နေလား။ ရှင်တို့ ချင်ဖုန်းအိမ်တော်က လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမှ ဒီကိုပြောင်းလာတာ၊ ကျွန်မ ဒီမှာနေနေတာ နှစ်ပေါင်းတစ်ထောင်ကျော်နေပြီ၊ ဒါက ရှင့်အပိုင်လို့ ဘယ်လိုစိတ်နဲ့များ ပြောရဲတာလဲ”

ဖန်ချင်ဖုန်းက အားပါးတရရယ်မောလိုက်သည်။

"အစ်မရွှယ်ချင်း မင်းပြောတာ မှန်ကောင်းမှန်နိုင်မယ်။ မင်းရဲ့ ကျင့်ကြံရေး အဆင့်နဲ့ မင်းရဲ့ စွမ်းအားတွေက ငါ့ထက် နိမ့်နေရင် ဒီနေရာက ငါ့ဥစ္စာလို့ ငါပြောတယ်၊ အဲ့တာနဲ့ပတ်သက်ပြီး မင်းဘာလုပ်နိုင်လဲ။"

"လင်ယင်နန်းတော်ကိုတင် ငါလိုချင်တာမဟုတ်ပါဘူး။ မင်းကိုလည်း … နောက်ဆုံးတော့လည်း မင်း ကိုးကွယ်တာက မြေခွေးအင်မော်တယ်တစ်ကောင်လေ။ ပြောရရင် အဲ့တာက မြေခွေးဝိဉာဥ်တစ်ကောင်သက်သက်ပဲ။ မဟုတ်ဘူးလား” ဖန်ချင်ဖုန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။

သူ့စကားကြောင့် နောက်မှ နောက်လိုက်များဆီမှ ဟားတိုက်ရယ်မောသံများထွက်ပေါ်လာသည်။

ရှီရွှယ်ချင်း၏အမူအရာက ပို၍နက်မှောင်လာကာ အံကြိတ်၍ ပြောလိုက်၏။

“ဖန်ချင်ဖုန်း… ရှင် သေချင်နေတာပဲ”

ထိုသို့ဖြင့် သူမက ကျင့်ကြံရေးစွမ်းအင်အားလုံးကို စုစည်းကာ သူ့ဆီသို့ ချီတက်သွားလိုက်သည်။ သို့သော် သူ၏ ရောင်ဝါကြောင့် ဖန်ချင်ဖုန်း၏ အင်္ကျီစများကိုပင် မထိနိုင်ခဲ့ပေ။

"ဟေးဟေး ငါလို ကောင်းကင်လူသားအဆင့် ကျင့်ကြံသူရဲ့ရှေ့မှာ မင်းက ကလေးတစ်ယောက်သာသာပဲကွ” ဖန်ချင်ဖုန်းက မာန်မာနအပြည့်ဖြင့်ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။ စိတ်တိုနေတာလား။ ဟိဟိ မင်းကိုးကွယ်နေတဲ့ မြေခွေးအင်မော်တယ်က အသုံးမကျတာ ဘယ်သူ့ကို အပြစ်တင်ချင်နေတာလဲ။ အခု လူတိုင်းရဲ့ ကျင့်ကြံရေးအဆင့်က တိုးတက်လာပြီ။ မင်းပဲ.. တကယ့်ကို ဆုတ်ယုတ်သွားတာ။ ဒါနဲ့ပတ်သတ်ပြီး မင်းဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးကွ။ မင်းတို့ လင်ယင်နန်းတော်ရဲ့ မြေခွေးအင်မော်တယ်က … အသုံးမကျတာပဲ..ဟားဟားဟား…”

ဖန်ချင်ဖုန်းက အားပါးတရရယ်မောလိုက်သော်လည်း သူ့ရယ်သံမဆုံးခင်တွင် အနက်ရောင်အလင်းတန်းတစ်ခုက မျက်နှာသို့ တိုက်ရိုက် ဖြတ်ရိုက်လိုက်သည်။

ဖန်ချင်ဖုန်းက လေထဲသို့ မီတာပေါင်းများစွာ လွင့်ထွက်သွားရာ ပြန်လည်ဆင်းသက်လာသောအခါတွင် သူ့မျက်နှာတစ်ဖက်က သိသိသာသာ ဖောင်းကားနေပြီဖြစ်သည်။

အနက်ရောင်အလင်းက မြေပြင်ပေါ်သို့ ပြန်ကျသွားသည့်အခါမှသာ ကျိုးပဲ့နေသော ကျောက်ခဲတစ်လုံးဖြစ်နေကြောင်း အားလုံးမြင်လိုက်ကြရသည်။ ဤမြင်ကွင်းက ရှိနေသောလူတိုင်းကို ကြောင်အထိတ်လန့်သွားစေသည်။

ဖန်ချင်ဖုန်းက ဒေါသတကြီးကြုံးဝါးလိုက်၏။

“ဘယ်ကောင်လဲ။ ဘယ်ကောင် ငါ့ကို ရိုက်ရဲတာလဲ”

ထိုအချိန်တွင် ခန်းမထဲမှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။

“နှစ်တစ်ထောင်ကာလအတွင်းမှာ ဒီ အထွတ်အမြတ်ထားရတဲ့နေရာက ဒီလောက်ပျက်ဆီးသွားလိမ့်မယ်လို့ ငါ လုံးဝမမျှော်လင့်ထားခဲ့ဘူး”

အသံတိတ်သွားသည်နှင့်အမျှ လူတစ်ဦးသည် ခန်းမအတွင်းထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ယင်းကိုတွေ့သောအခါ ထိုသူကို ‘မှော်ဆန်အောင်လှတယ်’ ဟူသော စကားလုံးများဖြင့်သာ ဖော်ပြနိုင်သောကြောင့် လူတိုင်း ထိတ်လန့် အံ့သြသွားကြသည်။

မျက်နှာသွင်ပြင်သာမက လှုပ်ရှားမှုဟန်ပန်များအပါအဝင် အရာအားလုံးက ခြောက်ပစ်ကင်းသဲလဲစင်နေသည်။ အထူးသဖြင့် အမြဲပြုံးနေပုံရသော မျက်လုံးများက အမျိုးသမီးများစွာကို နိမ့်ကျသည်ဟုပင် ခံစားသွားရစေနိုင်သည်။

ဖန်ချင်ဖုန်းက အစပိုင်းတွင် အံ့သြသွားသော်လည်း ချက်ချင်းလှောင်ရယ်လိုက်သည်။

"မင်းဟာ ထွက်သွားဖို့ ခါးခါးသီးသီးငြင်းနေတာ လုံးဝမဆန်းပါဘူး၊ ဖြစ်ချင်တော့ မင်း ယောက်ျားတစ်ယောက်ကို ဖုံးကွယ်ထားတာပဲ”

ရှီရွှယ်ချင်းက စကားမပြောဘဲ၊ ထိုလူကို စိုက်ကြည့်နေသည်။

သူ့ဆီမှ ထွက်ပေါ်လာသော အလင်းရောင်သည် သူမကို ထူးထူးခြားခြား နီးကပ်စေသည်ဟု ခံစားရသည်။

သို့သော် ပိုအရေးကြီးသည်မှာ…

‘သူဝတ်ထားတာ မြေခွေးအင်မော်တယ်ရုပ်တုမှာ ဝတ်ထားတဲ့ အဝတ်တွေမဟုတ်ဘူးလား’

ရှီရွှယ်ချင်း၏ မျက်လုံးများက တုန်လှုပ်စွာဖြင့် တဖြည်းဖြည်း ကျယ်လာသည်။

သို့သော် ဖန်ချင်ဖုန်း၏စွပ်စွဲချက်ကိုကြားပြီးနောက်တွင် ထိုသူက ပြုံးနေခဲ့သည်။

"ဒါဆို မင်းငါ့အထွတ်အမြတ်နယ်မြေကို လုချင်နေတာမင်းလား"

ဖန်ချင်ဖုန်း၏ မျက်နှာက ဒေါသများအပြည့်ဖြစ်နေသည်။

"ကောင်လေး၊ ခုဏက ငါ့ကိုရိုက်တာမင်းလား"

ထိုလူက ခေါင်းညိတ်သည်။

"ကောင်းပြီ၊ မင်း ငါတို့ရဲ့ အလုပ်ကို ဝင်ရှုပ်တာ။ မင်းအသက်နဲ့ ပေးဆပ်ဖို့ ပြင်ဆင်ထား" ဖန်ချင်ဖုန်းက သူ့ဆီသို့ ချီတက်သွားသည်။

သို့သော် သူလှုပ်ရှားလိုက်သည်နှင့် ထိုလူက သူ့လက်ကို မြှောက်လိုက်ရာ အနက်ရောင်အလင်းတန်းတစ်ခုက ဖန်ချင်ဖုန်း၏ အခြားပါးပြတစ်ဖက်ကို ထိမှန်သွားသည်။

ဘမ်း

ဖန်ချင်ဖုန်းသည် အဝေးသို့လွင့်ပျံသွားကာ အခြားပါးပြင်တစ်ဖက်လည်း ဖောင်းကားလာသည်။

"အခုတော့ အချိုးကျသွားပြီမလား။ မင်း နားမလည်ဘူး ငါ့မှာ OCD အပြင်းစားရှိတယ်ကွ” ထိုသူက ပြုံး၍ ပြောသည်။

ဖန်ချင်ဖုန်းက မောက်မာစွာ မပြုဝံ့တော့ပေ။

နှစ်ကြိမ်တိုင်တိုင် အရိုက်ခံရပြီးနောက် ဤလူသည် အသေးအဖွဲမဟုတ်ကြောင်း လူမိုက်ပင် နားလည်လာလိမ့်မည်။

"ဟမ် ကောင်လေး၊ မင်း ခဏစောင့်"

ထိုသို့ပြော၍ သူက လှည့်ထွက်သွားသည်။

သို့သော် ထိုသူက ပေါ့ပေါ့ပါးပါးရယ်မောလိုက်၏။

"ဒီအတိုင်း ထွက်သွားနိုင်မယ်လို့ မင်းထင်လား"

"ဘာကို ပြောချင်တာလဲ"

"တစ်​ခု​လောက်​ချန်​ထားခဲ့ရင် ငါမင်းကို သွားခွင့်ပြုမယ်”

“ဘာလဲ”

"မင်းတို့ ခေါင်းတွေ"

ဖန်ချင်ဖုန်းနှင့် သူ့လူများက ဒေါသတကြီးတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

သို့သော် ထိုသူ၏ လက်ဝှေ့ယမ်းမှုအောက်၌ ၎င်းတို့၏ ဦးခေါင်းများ ရိုးရှင်းစွာ ပြုတ်ထွက်ပျံတကတ်သွားရာ ၎င်းတို့၏ ခန္ဓာကိုယ်များက မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

ထိုလူက သက်ပြင်းတစ်ချက်ချကာ သူ့ကိုယ်သူ ဝေဖန်လိုက်သည်။

ဟမ်.. သေစမ်း ငါဘာလို့ ပိုပိုပြီး အဲ့ကောင် ရွှယ်အန်းလို ဖြစ်လာတာလဲ

မဖြစ်ဘူး ဒါကို ပြောင်းရမယ်။

ထို့နောက် တုန်လှုပ်ခြောက်ခြားနေသော ရှီရွှယ်ချင်းဆီသို့ လှည့်၍ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

"မင်းက ငါ့ရဲ့ အထွတ်အမြတ်မြေရဲ့ တပည့်လား"

ရှီရွှယ်ချင်းအနည်းငယ် တုန်လှုပ်သွား၏။

“ရှင်..ရှင်က ဘယ်သူလဲ…”

"ငါတို့ မိတ်ဆွေဖွဲ့ရအောင်။ ငါ့နာမည်က ဟူယွဲ့ပါ” ထိုသူက ပြုံးလိုက်သည်။

“မင်း ကိုးကွယ်နေတဲ့ အထဲက ရုပ်တုက ငါပဲ”

All Chapters