အခန်း (၅၄၁-၅၄၃)
Vol. 37 Ch. 541-543
အခန်း(၅၄၁)
နေ့လည် လေးနာရီ။
နံပါတ်တစ် ရှန် ဗီလာ အတွင်း
အန်းယန်က နံရံပေါ်က နာရီကို မော့ကြည့်ကာ စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“ထူးဆန်းတယ် ဟိုကလေးနှစ်ယောက်က ဘာလို့ အောက်ထပ်ကို မလာသေးတာလဲ”
"သူတို့ အိပ်ပျော်နေတုန်းထင်တယ်" ထန်ရွှမ်အာက ပြောသည်။
"ငါသွားစစ်လိုက်ဦးမယ်၊ နောက်ကျနေပြီကို သူတို့ အိပ်ပျော်နေတုန်းပဲ"
အန်းယန်ထ၍ အပေါ်ထပ်ကို တက်သွားသည်။
ဒုတိယထပ် ဧည့်ခန်းက ဗလာကျင်းနေကာ ကြမ်းပြင်ပေါ်တွင် အရုပ်မျိုးစုံ ပြန့်ကျဲနေသည်။
"ကစားပြီးတော့ အရုပ်တွေမသိမ်းကြဘူး တကယ်ပျင်းတဲ့ကြောင်နှစ်ကောင်"
အိပ်ခန်းတံခါးကိုဖွင့်လျက် အန်းယန်က ညည်းညူဆူပူလိုက်သည်။
“ရှန်းရှန်း၊ နျန်နျန် ထဖို့အချိန်တန်ပြီ၊ မကြာခင် မှောင်တော့မှဋ…”
ကျယ်ဝန်းသော အိပ်ရာထက်က လုံးလုံးလျားလျား ဗလာဖြစ်နေကာ ကောင်မလေးနှစ်ယောက်၏ အရိပ်အယောင်ကို သူမ လုံးဝမမြင်ရပေ။
"ထူးဆန်းတယ် အိပ်မနေရင် ဘယ်သွားနေတာလဲ" အန်းယန်က အနည်းငယ် အံ့ဩသွားကာ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာသည်။
မကြာခင်၌ ဒုတိယထပ်တစ်ခုလုံးကို ရှာဖွေခဲ့သည့်တိုင် ကလေးနှစ်ယောက်၏ ခြေရာလက်ရာကို ရှာမတွေ့သေးပေ။
ထိုအချိန်တွင် အန်းယန်၏အမူအရာမှာ ထိတ်လန့်တကြား ဖြစ်၍ အိမ်နောက်ဖေးသို့သွားသော ပြတင်းပေါက်က ကြိုးတစ်ချောင်းကျလျက် ပွင့်နေသည်ကို သူမ သတိပြုမိသည်။
အန်းယန်က ခပ်သုတ်သုတ် ငုံ့ကြည့်လိုက်ရာ မြေညီထပ်သို့ ဦးတည်နေသော ကြိုးကိုတွေ့လိုက်ရသည်။ အောက်မှ မြက်ခင်းပြင်တွင် ကလေးမလေးနှစ်ယောက်၏ ခြေရာများကိုလည်း မြင်နေရသည်။
"ရွှမ်အာ၊ ရွှမ်အာ မြန်မြန်လာ"
ထန်ရွှမ်အာသည် အောက်ထပ်မှအော်သံကိုကြားကာ လှမ်းအော်၍ အပေါ်တက်လာ၏။
"ဘာဖြစ်နေတာလဲ"
အန်းယန်က မျက်ရည်များ ဝဲတက်လျက် ပြော၏။
"ရှန်းရှန်းနဲ့ နျန်နန်သွားပြီ"
"ဘာလဲ" ထန်ရွှမ်အာလည်း ထိတ်လန့်သွားသည်။
“သူတို့ ဒီကြိုးကိုသုံးပြီး အောက်ကိုဆင်း ပြေးသွားတာဖြစ်မယ်” အန်းယန်က ဖြူဖျော့လျက် ပြောသည်။
ထန်ရွှမ်အာက စိတ်ကိုတည်ငြိမ်စေရန်ကြိုးစား၍ ပြော၏။
"သူတို့မှာ ဖုန်းရှိလား မြန်မြန်ခေါ်လိုက်"
ဤသည်ကိုကြားသောအခါ အန်းယန်၏ မျက်လုံးများက တောက်ပလာသည်။
“ရှိတယ် ရှိတယ်”
ထို့နောက် ဖုန်းကို အမြန်ထုတ်ကာ နံပါတ်ကို ခေါ်လိုက်သည်။
"အားနာပါတယ် လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ လတ်တလောတွင် ဆက်သွယ်၍ မရနိုင်ပါ။"
ထိုအသံက ဖုန်းထဲသို့ ဝင်လာသောအခါ အန်းယန်က တစ်ကိုယ်လုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ၊ သူတို့က ငါးနှစ်ခွဲပဲရှိသေးတယ်၊ လူဆိုးတွေ ဖမ်းခံရရင် ဘယ်လိုလုပ်မလဲ”
အန်းယန်၏ ပါးပြင်မှ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျဆင်းလာသည်။ ထန်ရွှမ်အာလည်း သိသိသာသာ ထိတ်လန့်သွားသော်လည်း အသက်ပြင်းပြင်းရှူ၍ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့ ဂိတ်ပေါက်က လုံခြုံရေးကို အရင်ဖုန်းဆက်လိုက်မယ်၊ သူတို့တွေ့လားလို့ မေးကြည့်မယ်"
ထိုသို့ပြောပြီးနောက် ထန်ရွှမ်အာက လုံခြုံရေးရုံးကို ဖုန်းခေါ်ကာ မေးခွန်းအနည်းငယ်မေးပြီးနောက် အန်းယန်ကို ညင်သာစွာ ခေါင်းခါပြလိုက်သည်။
"အစောင့်က ကလေးတွေ ထွက်သွားတာကို မတွေ့ဘူး"
အန်းယန်၏ အမြင်အာရုံများ မည်းမှောင်လာကာ သူမ၏ ခန္ဓာကိုယ်လည်း အားနည်းသွားလျက် မူးလဲလုနီးပါး ဖြစ်နေသည်။
ထန်ရွှမ်အာက သူမကို ထိန်းရန် လျင်မြန်စွာ ရှေ့တိုးလာသည်။
အန်းယန်က ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေ၏။
"ဒါက ငါ့အမှားပဲ၊ ငါ စောစောက အပေါ်ထပ်တက်ခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။ မဖြစ်ဘူး ငါ သူတို့ကို သွားရှာရမယ်"
ပြောပြီးသည်နှင့် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
အန်းယန်က ကျင့်ကြံရေးအဆင့်မြင့်သည့်တိုင် သူမ၏ သမီးများ ပျောက်ဆုံးမှုနှင့် ရင်ဆိုင်ရသောအခါတွင် လုံးဝ တုန်လှုပ်နေဆဲဖြစ်သည်။
ထန်ရွှမ်အာက သူမကို တားလိုက်၏။
"ပေ့ကျန်းမြို့က အရမ်းကြီးတယ်၊ နင်တစ်ယောက်တည်း ဘယ်လိုရှာနိုင်မှာလဲ"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"
"ချင်းမိသားစုကို အကြောင်းကြား" ထန်ရွှမ်အာက လေးနက်စွာပြောသည်။
ချင်းမိသားစုသည် ဆက်လက်အားကောင်းလာသည်နှင့်အမျှ အုပ်ချုပ်သူ ချင်းယွီသည်လည်း တစ်နေ့ထက်တစ်နေ့ သူမ၏ဂုဏ်သိက္ခာ မြင့်တက်လာခဲ့သည်။ အပြင်လူများက ပေကျန်းဘုရင်မဟုပင် တင်စားခေါ်ဝေါ်ကြသည်။
ပေကျန်းမြို့တော်ဝန်က ပြဿနာမရှင်းနိုင်လျှင် ချင်းယွီဆီမှ စကားတစ်ခွန်းက လုံလောက်မည်ဟူသော အပြောင်အပြက်စကားများပင် ရှိသေးသည်။
ဤသည်မှာ ပေကျန်း၌ ချင်းမိသားစု၏ သဩဇာလွှမ်းမိုးမှုက မည်မျှ အင်အားကောင်းသည်ကို ပြသသည်။
ထိုအချိန်တွင် ချင်းမျှော်စင်၏အပေါ်ဆုံးထပ်ရုံးခန်းတွင် ချင်းယွီက အလုပ်ထဲတွင်စိတ်နှစ်ထားသည်။ ရုတ်တရက် လက်ကိုင်ဖုန်းမြည်သံကြောင့် ရုံးခန်း၏ ငြိမ်သက်မှုက ပြိုကွဲသွားသည်။
အတွင်းရေးမှူးပေါင်းများစွာ၏ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။
ချင်းယွီက အလုပ်လုပ်နေချိန်တွက် ဖုန်းလက်ခံရသည်ကို မုန်းတီးကြောင်း မည်သူက မသိသနည်း။
ဤအရာများကို တွေးနေစဉ်တွင် ချင်းယွီက အလုပ်ကိုခဏရပ်ကာ ပြုံး၍ စားပွဲပေါ်ရှိ လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟယ်လို ချစ်ကလေး ရွမ်အာ ဘာလို့ ငါ့ကိုခေါ်တာလဲ"
ဤသို့ ကြည်နူးစရာကောင်းသော အမူအရာက အတွင်းရေးမှူးများကို ထိတ်လန့်စေသည်။ ၎င်းတို့၏ ဥက္ကဌက မည်သည့်အချိန်မှစ၍ ဤမျှ ပျော့ပြောင်းလာသနည်း။
"ရှန်းရှန်းနဲ့ နျန်နျန်တို့ ပေကျန်းမှာ ပျောက်သွားတယ်” ထန်ရွှမ်အာက အပိုစကားများမပြောဘဲ လိုရင်းကို တိုက်ရိုက်ပြောခဲ့သည်။
ချင်းယွီက ခေတ္တတုံ့ဆိုင်းသွားပြီးမှ ဆက်ပြောသည်။
"ဟမ်၊ ဘယ်သူပျောက်နေတာလဲ"
ထန်ရွှမ်အာက အသက်ပြင်းပြင်းရှူ၍ ပြန်ပြော၏။
"အန်းယန်က ရှန်းရှန်းနဲ့ နျန်နန်တို့နဲ့ အတူ ဒီမှာ ပေကျန်းမှာ နေနေတာ ရက်နည်းနည်းကြာပြီ ဒီနေ့ နေ့လည်ပိုင်းမှာ ရှန်းရှန်းနဲ့ နျန်နန်ပျောက်သွားတယ်”
"ဘာ" ချင်းယွီက တုန်လှုပ်သွားပြီးနောက် ရုတ်တရက် မတ်တပ် ထရပ်လိုက်သည်။
သူမ၏ အသံက အလွန်ကျယ်လောင်သောကြောင့် အတွင်းရေးမှူးများ ထိတ်လန့်သွားသည်။ ချင်းယွီက ဤကဲ့သို့ စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို ၎င်းတို့ မမြင်ဖူးပေ။
"ကောင်းပြီ၊ ငါနားလည်ပါတယ်။ သူတို့ကို ရှာဖို့ လူတွေလွှတ်လိုက်မယ်။ စိတ်မပူပါနဲ့ လို့ အန်းယန်ကို ပြောထားလိုက်။ သိပ်မကြာခင် ပြန်တွေ့ရမှာပါ”
ဖုန်းချပြီးနောက် ချင်းယွီကအော်လိုက်သည်။
“လောင်ဟေးကို ချက်ချင်းတွေ့ဖို့ ခေါ်လိုက်"
“ဟုတ်”
မိနစ်အနည်းငယ်ကြာသောအခါ လောင်ဟေးက ပြေးလာသည်။
"ဥက္ကဌ ဘာဖြစ်တာလဲ"
"လူကြီးမင်းရွှယ်ရဲ့ သမီးနှစ်ယောက် ပေကျန်းမှာ ပျောက်သွားလို့"
"ဘာ” လောင်ဟေးက ထခုန်လုမတက် ထိတ်လန့်သွား၏။
"ငါအခုမှသိတာ လူတိုင်းကိုခေါ်သွားပြီး ချက်ချင်းရှာကြည့်။ ဘယ်မှာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကလေးနှစ်ယောက်ကို လုံလုံခြုံခြုံ ပြန်တွေ့အောင်ရှာရမယ် နားလည်လား"
“ဟုတ်”
လောင်ဟေးက ဤအရာက ဟာသမဟုတ်ကြောင်း သိသဖြင့် ချက်ချင်း ခေါင်းညိတ်ပြကာ ပြေးလုနီးပါး ထွက်သွားသည်။
ချင်းယွီသည်လည်း အငြိမ်မနေနိုင်သေးသဖြင့် တုဖန်ကို ဖုန်းခေါ်လိုက်သည်။
မြို့ဆင်ခြေဖုံးကလပ်တစ်ခုတွင် တုဖန်က မှောင်ခိုလောက သူဌေးအချို့နှင့် ဖဲကစားလျက်ရှိသည်။ ဤရက်များတွင် သူကောင်းကောင်းမွန်မွန် နေနိုင်လာခဲ့သည်။
ချင်းမိသားစု၏ ကျောထောက်နောက်ခံဖြင့် လူတိုင်းက သူ့ကို ရိုသေလေးစားကြသည်။
မှန်သည် တုဖန်က ချင်းမိသားစုက သူ့အပေါ် အဘယ်ကြောင့် ဤမျှ ထောက်ပံ့ပေးထားသည်ကို နားလည်သည်။
ထိုရက်က ရွှယ်အန်းထံမှ ပေးပို့ခဲ့သော စာတိုကို လက်ခံရရှိခဲ့ခြင်းကြောင့် ယခုအချိန်တွင် သက်တောင့်သက်သာရှိသော ဘဝသို့ ရောက်ရှိသွားခဲ့သည်။
ဤသည်ကိုတွေး၍ တုဖန်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
သူသာ လူကြီးမင်းရွှယ်နှင့် အနည်းငယ် နီးစပ်နိုင်လျှင် မည်မျှ ကောင်းလိမ့်မည်နည်ရ။
ဤသို့တွေးနေစဉ် ချင်းယွီထံမှ ဖုန်းခေါ်ဆိုမှုကို မြင်လိုက်ရသဖြင့် တုဖန်က အမြန်ပြန်ဖြေလိုက်သည်။
"ဥက္ကဌချင်း ဘာများ လုပ်ပေးရမလဲခင်ဗျ" တုဖန်က တမင်တကာ ကျယ်လောင်စွာ မေးလိုက်သည်။
စားပွဲပေါ်ရှိ မှောင်ခိုသူဌေးများက တုဖန်ကို ကျေနပ်အားရစွာဖြင့် ကြည့်နေကြ၏။
သို့သော် သူ၏ မျက်နှာမှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။
"လူကြီးမင်းရွှယ်ရဲ့ သမီးနှစ်ယောက် ပေကျန်းမှာ ပျောက်သွားတယ်။ အဲ့တာ ရှင့် လက်အောက်ခံ တစ်ယောက်ယောက် ဟုတ်မဟုတ် ချက်ခြင်း စစ်ဆေးကြည့်စမ်းပါ။ တကယ်လို့ ဟုတ်နေရင်… ရှင် ဒါကို အလေးအနက်ထားဖို့ ကျွန်မ အကြံပေးတယ်။ မဟုတ်ရင် ရှင့် လူတွေကို အမြန်ရှာခိုင်းလိုက်။ ဘယ်နေရာမှမချန်ခဲ့နဲ့ နားလည်လား"
တုဖန်က ပြာမှုန်နေသော မျက်နှာ ချွေးစေးများစိုနေသောအဝတ်များဖြင့် အရူးအမူး ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ၊ ကျုပ် အခုချက်ချင်း ရှာလိုက်ပါမယ်"
အခန်း(၅၄၂) ၅၃၃ မည်သူမျှ မတတ်နိုင်သော အကျိုးဆက်များ
ဖုန်းချပြီးနောက် ဂိုဏ်းခေါင်းဆောင်အများအပြားက ရယ်မောကာ မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ။ ဒါရိုက်တာချင်းက တုကို လုပ်ငန်းထပ်ပေးဖို့ စီစဥ်နေတာလား”
ရယ်သံများ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ တုဖန်၏ မျက်နှာတွင် သတ်ဖြတ်ချင်စိတ်များအပြည့်ဖြစ်နေ၏။
“ဖုန်းဆက်လိုက် ငါတို့လူတွေအကုန်စု” တုဖန်က သူ့လူများကို အေးစက်စွာအမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့” တုဖန်၏ လူများက နာခံစွာဖြင့် ထွက်သွားကြ၏။
ဂိုဏ်းခေါင်းဆောင်များ၏ အမူအရာက အနည်းငယ် သဘာဝမကျသည့်အလားဖြစ်သွားကြသည်။ ၎င်းတို့အနက်မှ အကြီးဆုံးပုဂ္ဂိုလ်က မေး၏။
“သူဌေးတု ဘာလုပ်ဖို့ စီစဥ်နေတာလဲ”
တုဖန်က ဖြည်းညှင်းစွာ ထရပ်ကာဂိုဏ်းခေါင်းဆောင်များကို ခြိမ်းခြောက်ပြုံးပြလိုက်သည်။
“မင်းတို့လူတွေထဲမှာ ကလေးနှစ်ယောက်ကို ပြန်ပေးဆွဲထားလားမဆွဲထားလား စစ်ကြည့်ဖို့ ငါအကြံပေးချင်တယ်။ ဆွဲထားရင် အခုချက်ချင်း ပြန်ပေး မဟုတ်ရင်… မင်းတို့ကို အင်မော်တယ်ကတောင် ကယ်နိုင်တော့မှာမဟုတ်ဘူး”
ထိုသို့ပြော၍ တုဖန်က လှည့်ထွက်သွားသည်။
ဂိုဏ်းခေါင်းဆောင်များက တုဖန်၏ စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို နားမလည်သဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သို့သော် ဤမျှကြီးမားသည့် အဖြစ်အပျက်ကြီးကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထို့ကြောင့် မကြာမီ၌ပင် အဆိုပါ ဂိုဏ်းခေါင်းဆောင်များက သတင်းရရန် ဖုန်းခေါ်လိုက်ကြသည်။
အခြေအနေ၏ ပြင်းထန်မှုကို နားလည်သွားပြီးနောက် ၎င်းတို့၏ အသားရောင်များက တုဖန်ထက်ပင် ပို၍ ဖြူဖျော့သွားကြသည်။ ၎င်းတို့အားလုံးက စေ့စေ့စပ်စပ် ရှာဖွေရန် ကိုယ့်နေရာသို့ကိုယ် ပြန်သွားကြ၏။
မိမိနေရာဆီသို့ပြန်ရောက်သောအခါ တုဖန်၏ လက်အောက်ငယ်သားများက သတင်းပို့သည်။
“သူဌေး ကျွန်တော်တို့ စစ်ကြည့်ပြီးပြီ။ ကျွန်တော်တို့လူထဲက ဘယ်သူမှ အဲ့လိုမလုပ်ဘူး”
“သေချာလား”
“အရင်က ဒီလိုလုပ်ဖူးတဲ့လူတွေက အခုဒုက္ခိတတွေဖြစ်နေပြီး မလိမ်ရဲတော့ပါဘူး။ ကျွန်တော်တို့ သေချာပါတယ်”
တုဖန်က စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
‘ဘုရားသိကြားမလို့’
‘အခြေအနေက သိပ်မဆိုးသေးဘူး’
‘သူ့လူတွေပြန်ပေးဆွဲသွားတာသာဆိုရင်.. နောက်ဆက်တွဲက…’
တုဖန်က အတွေးပင် ဆက်မတွေးရဲတော့ဘဲ တုန်ယင်သွားကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ကေတီဗီကဖြစ်ဖြစ် ဘားကဖြစ်ဖြစ်၊ ကြွက်တွင်းထဲကပဲဖြစ်ဖြစ် ရှိတဲ့လူမှန်သမျှကို လွှတ်လိုက်။ အဲ့ကလေးနှစ်ယောက်ကို ဘယ်သူမှမတွေ့ခင်တွေ့အောင်ရှာကြ။ ကြားလား”
“ဟုတ်”
ပေကျန်းမြို့တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
မှောင်ခိုလောကဖြစ်စေ၊ တရားသော လူ့အဖွဲ့အစည်းဖြစ်စေ အင်အားကြီးသည်ဖြစ်စေ အင်အားနည်းသည်ဖြစ်စေ အားလုံးက ဤသတင်းကိုကြားသည်နှင့် စတင်လှုပ်ရှားလာကြသည်။ ချင်းယွီက ကလေးနှစ်ဦးကိုတွေ့ရှိလျှင် ငွေ ဆယ်မီလီယံပေးမည်ဟု သတင်းလွှင့်ထားသဖြင့် လူအများက စိတ်မဝင်စားဘဲမနေနိုင်ကြတော့ပေ။ အချက်အလက်များ ပေးနိုင်လျှင်ပင် ၎င်းတို့က ငါးမီလီယံခန့် ရနိုင်မည်ဖြစ်သည်။
တစ်ချိန်တည်း၌ပင် တုဖန်က အချက်အလက်များကို လက်ဝယ်ထားကာ အကြောင်းမကြားဘဲ နေရဲသူများအားလုံးကို အဆုံးသတ်ပစ်မည်ဟု ကြေညာထားသည်။
အတိုချုပ်ပြောရလျှင် ပေကျန်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားတော့မည်ဖြစ်သည်။
ထိုအချိန်တွင် နံပါတ်တစ်ရှန်ဗီလာ အိမ်ရာထဲ၌ အန်းယန်က ခံစားချက်ကင်းမဲ့နေသော အမူအရာဖြင့် ဆိုဖာထက်တွင် ထိုင်နေသည်။
မြေးအဖိုးနှစ်ဦးဖြစ်သော ချင်းယွမ်နှင့် ချင်းယွီတို့က တစ်ဖက်တွင် ငြိမ်သက်စွာထိုင်နေကြသည်။
ယခု အပြင်တွင် မှောင်မိုက်နေပြီဖြစ်သည်။
ကလေးနှစ်ယောက်က ပြန်မလာသေးပေ။
၎င်းတို့ကိုယ်တိုင်ပြန်လာလိမ့်မည်ဟူသော မျှော်လင့်ချက် ရေစုန်မျောသွားသည့်အလားပင်ဖြစ်၏။
ဆိုလိုသည်မှာ ကလေးနှစ်ယောက်က ကျိန်းသေ ဒုက္ခတစ်ခုခုကို ကြုံကြိုက်နေရပြီဖြစ်ရာ ဤအဖြစ်အပျက်က အန်းယန်၏ နှလုံးသားကို တူဖြင့်ရိုက်လိုက်သကဲ့သို့ ကြိုးပဲ့သွားစေသည်။
ချင်းယွမ်နှင့် ချင်းယွီတို့သည်လည်း ယခုအချိန်တွင် စက္ကူကဲ့သို့ ဖြူဖျော့နေကြပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၏ချင်းမိသားစုခေါင်းဆောင်နှစ်ဦးက အကျိုးဆက်ကို ခံနိုင်မည်မဟုတ်ကြောင်း
သိသာထင်ရှားလှသည်။
လူကြီးမင်းရွှယ်ပြန်လာ၍ သူ့သမီးဖြစ်သူနှစ်ယောက် ပျောက်ဆုံးနေသည်ကိုသာ တွေ့ရှိသွားလျှင်…
မှန်သည်။ လူကြီးမင်းရွှယ်က ၎င်းတို့အပေါ် အမြဲ ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။ သို့သော် ယင်းက မည်သူကမျှ ရွှယ်အန်း၏ နောက်ဆုံး စည်းကို မကျော်ကြသေးသောကြောင့် ဖြစ်ကြောင်း မြေးအဖိုးနှစ်ဦးက သိကြသည်။
တစ်စုံတစ်ယောက်က ထိုသို့လုပ်ခဲ့၍ မည်သူဖြစ်စေကာမူ ရွှယ်အန်းက ၎င်းတို့ကို သက်ညှာပေးမည်မဟုတ်ဘဲ ဇီဝိန်ချုပ်ပစ်ပေလိမ့်မည်ဖြစ်သည်။ ဤမိန်းကလေးနှစ်ယောက်က ရွှယ်အန်းအတွက် အထိမခံသော ဗို့အားမြင့် စည်းဖြစ်သည်မှာ သံသယဖြစ်နေရန်ပင်မလိုပေ။
အကယ်၍ ၎င်းတို့က အမှန်ပင် သူ၏ သမီးနှစ်ယောက်ကို ထိခိုက်နစ်နာစေခဲ့မည်ဆိုလျှင် ပေကျန်းတစ်ခုလုံးကသည် လူကြီးမင်းရွှယ်၏ အမျက်ဒေါသအောက်၌ စျာပနပူဇော်ပွဲဖြစ်လာနိုင်ခြေရှိသည်။
ချင်းယွီက ယင်းအကြောင်း ပိုတွေးလေလေ ပို၍ ထိတ်လန့်လာလေလေဖြစ်နေသည်။ ထိုအချိန်၌ ကော်ဖီစားပွဲပေါ်ရှိ လက်ကိုင်ဖုန်းမြည်လာသည်။
ချင်းယွီက ချက်ချင်းကိုင်၍ စပီကာကိုဖွင့်လိုက်သည်။
“ပြောပါ”
“ဥက္ကဌ တုဖန်ဘက်က သတင်းတစ်ခုရှိပါယ်။ ပေကျန်းမှာရှိတဲ့ ဂိုဏ်းအကြီးအကဲတွေအကုန်လုံးကို မေးပြီးသွားပါပြီ။ ဘယ်သူမှ ကလေးနှစ်ယောက်ကို ပြန်ပေးမဆွဲထားဘူးလို့ အတည်ပြုထားပါတယ်”
ဤသတင်းက အခန်းတွင်းရှိ လူအားလုံးကို ရှုံ့မဲ့သွားစေသည်။ ထိုသို့ဖြစ်ပါက လူအုပ်ကြားထဲ၌ ကလေးနှစ်ယောက်ကို ရှာတွေ့ရန်မှာ မယုံနိုင်လောက်အောင်ပင် ပို၍ ခက်ခဲပေလိမ့်မည်။
“ဒါပေမယ့် ယွင်မန်ဗီလာအနားက စောင့်ကြည့်ကင်မရာတွေကို ပြန်စစ်ဆေးပြီးတဲ့နောက် မွန်းတည့်ချိန်လောက်မှာ မမလေးနှစ်ယောက် တက္ကစီကားပေါ် ပါသွားတာကို အတည်ပြုနိုင်ပါတယ်”
“အဲ့ကားသမားကို ကျွန်တော်တို့ ရှာတွေ့ခဲ့တာ မမလေးတို့ နောက်ဆုံးသွားခဲ့တဲ့နေရာက အသစ်ဖွင့်ထားတဲ့ ငါးပြတိုက်တဲ့”
ငါးပြတိုက်
အခန်းထဲရှိ လူတိုင်း၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်။
ငါးပြတိုက်တွင် ကစားရန် ကလေးနှစ်ယောက် အိမ်မှာ ထွက်ပြေးသွားခြင်းမှာ အဓိပ္ပါယ်ရှိသည်။
“ပြီးတော့ရော” ချင်းယွီက တင်းမာသောအသံဖြင့် မေးလိုက်၏။
“ကျွန်တော်တို့ သုံးကြိမ်တိုင်တိုင် ငါးပြတိုက်ကို ရှာပြီးတော့ လှေကားထစ်တိုင်းကိုဖွင့်ပြီးတာတောင် မမလေးတို့ရဲ့ခြေရာမတွေ့ခဲ့ရပါဘူး။ ဒါပေမယ့် မေးရင်းမြန်းရင်းနဲ့ လူအများစုက မမလေးတို့နှစ်ယောက်က အမျိုးသမီးတစ်ယောက်နဲ့ထွက်သွားတာတွေ့ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်”
အားလုံး၏ နှလုံးသားများ တင်းကြပ်လာပြန်သည်။
အမျိုးသမီးတစ်ဦးနှင့် ထွက်သွားခြင်း။
၎င်းတို့ကို ပြင်ပမှ လူမှောင်ခိုများက ဖမ်းခေါ်သွားခြင်းမျိုး ဖြစ်နိုင်သလား။
“ဆက်ရှာ” ချင်းယွီက တင်းမာစွာပြောလိုက်သည်။
ယခုတစ်ခေါက်တွင် သတင်းအချက်အလက်များ လျင်မြန်စွာထွက်လာသည်။
"ဥက္ကဋ္ဌ၊ အမျိုးသမီးတစ်ယောက်က မမလေးတို့ကို ငွေရောင်ကားတစ်စီးပေါ် ခေါ်သွားတာတွေ့လိုက်ရပါတယ်။ လိုင်စင်နံပါတ်က မရှင်းမလင်းဖြစ်နေလို့ ကျွန်တော်တို့ လမ်းဆုံတွေက စောင့်ကြည့်ကင်မရာတွေကို ကြည့်ရအောင် လုပ်နေပါတယ်”
“ကောင်းပြီ”
၎င်းတို့ ရှာမတွေ့သေးသော်လည်း အနည်းဆုံး အရေးပါသော အချက်အလက်များကို ရထားပြီဖြစ်သည်။ ထို့ကြောင့် အခန်းတစ်ဝိုက်ရှိ လူများ၏ အမူအရာများက ပို၍ အသက်ဝင်လှုပ်ရှားလာသည်။
ကြောင်ငိုင်နေသော အန်းယန်၏ မျက်လုံးများကပင်လျှင် အသက်ဝင်နေပြီဖြစ်သည်။ သို့သော် လူတိုင်းက နီးစပ်နေပြီဟု ထင်နေကြသော အခိုက်တွင် မမျှော်လင့်ဘဲ ငွေရောင်စလွန်းကားက လေထုထဲတွင် ပျောက်ကွယ်သွားသည့်အလား မည်သည့်နေရာတွင်မှ ရှာ၍ မတွေ့တော့ပေ။
ချင်းယွီက သေသေချာချာ အမိန့်ထုတ်လိုက်သည်။ မရေမတွက်နိုင်လောက်အောင် များပြားလှသော လူများက လမ်းမများပေါ်၌ ရှာဖွေကြသည်။ တစ်ချိန်တည်း၌ပင် လူအများကလည်း ရှန်းရှန်းနှင့် နျန်နျန်တို့၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ပေကျန်းမြို့ကြီးကို အထပ်ထပ်အခါခါ ဖြတ်သန်းနေကြသည်။
ပျောက်ဆုံးနေသော ကလေးနှစ်ယောက်ကို လူတိုင်းက မမောမပန်းရှာဖွေနေကြစဥ် ပေကျန်းမြို့အစွန်ရှိ ပေါင်းပင်များပြည့်လျှံနေသော ပစ်ထားသည့် စက်ရုံပျက်တစ်ခုတွင် ကားက တဖြည်းဖြည်း ရပ်တန့်သွားသည်။
“သမီးတို့နှစ်ယောက် အိမ်ပြန်ရောက်ပြီ ကျေးဇူးပြုပြီး ကားပေါ်က ဆင်းပါ” ရွှီကျောက်ကျောက်က ပြုံး၍ ပြောသည်။
ရွှယ်ရှန်းနှင့် ရွှယ်နျန်တို့က အိပ်နေရာမှ နိုးလာကာ အော်ပြောလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် အန်တီရွှီ”
ထို့နောက် ကားပေါ်မှ ဆင်းရန် ပြင်ဆင်ကြသည်။ သို့သော်အပြင်ဘက်မှ စိမ်းစိုနေသော ပေါင်းပင်များကို မြင်လိုက်ရသောအခါ ကလေးမလေးနှစ်ယောက်က မထိတ်လန့်ဘဲ မနေနိုင်ကြပေ။
“ဒါ ဘယ်ရောက်နေတာလဲ ဒါ ငါတို့အိမ်မဟုတ်ဘူးမလား”
“ဟုတ်တယ် ဒါ မင်းတို့ရဲ့ အရင်အိမ်မဟုတ်ဘူး။ အခုကစပြီးတော့ ဒီအိမ်က အိမ်အသစ်ပဲ” ရှီကျောက်ကျောက်က ဘာသိဘာသာပြောလိုက်သည်။
အခန်း(၅၄၃) ကပ်စီးနဲ ဟူယွဲ့
ဝန်ထမ်းအိမ်ရာ၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ခဏအကြာတွင် ရွှယ်အန်းရောက်ရှိလာခြင်းကို ကြိုဆိုရန် အတွက် လေယာဥ်ဝန်ထမ်းများက စိတ်အားထက်သန်တက်ကြွစွာဖြင့် အစုဖွဲ့လာကြသည်။
ဤနိုင်ငံခြားလေယာဥ် ဝန်ထမ်းများ၏ အရည်အချင်းက အမှန်တကယ်ပင် ချီးကျူးထိုက်သည်ဟု ဆိုရပေလိမ့်မည်။ အထူးသဖြင့် ဝတ်စုံအသစ်အဆန်းများကို ဝတ်ဆင်ထားသည့်အခါတွင်ဖြစ်ကာ ၎င်းတို့၏ အပြုံးများက အလွန် ကျက်သရေရှိကြသည်။
စကားတစ်ခွန်းမျှမပြောဘဲ မတ်တပ်ရပ်လိုက်ရုံဖြင့် မျက်စိပဒါသဖြစ်မိစေနိုင်သည်။
သို့သော် ရွှယ်အန်းက မိသားစုကို လေဆိပ်သို့ ပို့ဆောင်ကာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါ ဘာအတွက်လဲ”
“အရှင် ဒါတွေက လက်ဆောင်နဲ့အတူ ပါလာတဲ့ လေယာဥ် အမှုထမ်းတွေပါ။ အားလုံးက အရှင်ရောက်လာမယ့်အချိန်ကို စောင့်နေတာပါ”
လေယာဥ်ဝန်ထမ်းများက ရွှယ်အန်းကိုမြင်၍ ၎င်းတို့၏ သူဌေးက ပို၍ပင် ချောမောလာပုံပေါ်သည်ကို သတိပြုမိကာ အလျင်စလို စိတ်လှုပ်ရှား၍ တခဲနက် ဦးညွတ်လိုက်ကြသည်။
“သူဌေး”
ရွှယ်အန်းက အနည်းငယ် တုန်လှုပ်သွားသည်။
“လူစုခွဲကြ ငါတို့ လင်နန်ကိုသွားကြရုံပဲ။ ဒီလောက်ကြီးကြီးမားမားလုပ်နေစရာမလိုဘူး”
လေယာဥ်ဝန်ထမ်းများ၏ မျက်နှာများက စိတ်ပျက်မှုများပြည့်သွားသည်။ နောက်ဆုံးတွင် ၎င်းတို့က သူဌေးနှင့် ဆက်သွယ်နိုင်မည့်အလုပ်တစ်ခုရခဲ့ကာ ဤရလဒ်သာကြုံလိုက်ရသည်။
ထိုအချိန်၌ အန်းယန်က ရုတ်တရက်ပြောလိုက်သည်။
“သူတို့က အားလုံးပြင်ပြီးနေပြီလေ လိုက်လာခိုင်းလိုက်ကြမလား”
ရွှယ်အန်းက တဟီးဟီးရယ်နေသော အန်းယန်ကိုကြည့်လိုက်ပြီးနောက် သူမက နားထဲသို့ ခပ်တိုးတိုးပြောလိုက်သည်။
“ဒီလေယာဥ်ဝန်ထမ်းတွေက လတိုင်းလစာတွေယူနေတာ အလုပ်နည်းနည်းလုပ်သင့်တယ်မထင်ဘူးလား”
သူမ၏ စီးကပ်သောအမူအရာက တွန့်တိုနှမျောတတ်သော မိန်းမနှင့်တူလုနီးပါးပင်ဖြစ်သည်။
ထိုအခါ ရွှယ်အန်းက လက်လျှော့၍ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ကောင်းပြီ ဒါဆို အားလုံးအတူတူသွားကြရအောင်"
လေယာဥ်ဝန်ထမ်းများက ရွှင်မြူးစွာဖြင့် လေယာဥ်ပေါ်တက်လာကြကာ လင်နန်သို့ ခမ်းနားစွာထွက်ခွာခဲ့ကြသည်။ ထိုအချိန်၌ ရှီရွှယ်ချင်းက အလွန်ဟောင်းနွမ်းနေပြီဖြစ်သော ရှားလီကို မောင်းလျက် အဝေးပြေးလမ်းမပေါ်သို့ စိုးရိမ်တကြီး လမ်းကြောင်းကြည့်သေနည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ ကားသည် အလွန်ဆိုးရွားသော အခြေအနေ၌ ရှိနေပြီဖြစ်သောကြောင့်ဖြစ်သည်။
ရှီရွှယ်ချင်း၏ ခြေထောက်က အင်ဂျင်ခန်းကို ဖိလုနီးပါးဖြစ်နေသည့်တိုင် အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီ မိုင်ခြောက်ဆယ်ထက် မပိုပေ။
ထို့အပြင်၊ စတီယာရင်ဘီးတွင် သိသာထင်ရှားသော ကွာဟချက်တစ်ခုရှိနေသဖြင့် ရှီရွှယ်ချင်းက လမ်းကြောင်းကို ထိန်းညှိရန် အနောက်သို့ အနည်းငယ် ယိမ်းနေရသည်။
ဤကားမှာ ဟူယွဲ့က ရှီရွှယ်ချင်းအတွက် တစ်ပတ်ရစ်ကားစျေးမှ ဒေါ်လာငါးရာဖြင့်ဝယ်ပေးခဲ့သည့် ကားဖြစ်သည်။ ဤအခိုက်အတန့်၌ ရှီရွှယ်ချင်းက သူမ၏ စိတ်ထဲတွင် တွန့်တိုသော ဘိုးဘေးဖြစ်သူကို တွေးကာ ဒေါသတကြီးညည်းညူနေ၏။ ထိုကားသည် သူမသာ သတိမကပ်ထားပါက ပေါက်ကွဲသွားနိုင်သည်။
တစ်ဖက်တွင် ဟူယွဲ့က ခရီးသည်ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာထိုင်၍ ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
"လူသားမျိုးနွယ်စုက အနှစ်တစ်ထောင်ဆိုတဲ့အချိန်တိုအတွင်း ဒီလိုထက်မြက်တဲ့ ကိရိယာတစ်ခု ရှိလာမယ်လို့ လုံးဝမထင်ထားမိဘူး။ မန္တန်တွေ ဝိဉာဥ်ကျောက်တုံးတွေမလိုဘဲ ဓာတ်ငွေ့ပေါ်နင်းလိုက်ရုံနဲ့ ပြေးတာ ဘယ်လောက်တောင် မိုက်လိုက်သလဲ”
ဟူယွဲ့က ပြောနေစဥ် စူးစမ်းချင်စိတ်ပိုမိုပြင်းပြလာကာ ဗဟိုထိန်းချုပ်နေရာရှိ ခလုတ်များကို စတင်နှိပ်လိုက်သည်။
ရှားလီသည် အလွန်ဟောင်းနွမ်းနေပြီဖြစ်သော ကြောင့် ခလုပ်အများစုမှာ ကျိုးပဲ့နေသည်ဖြစ်ရာ ဟူယွဲ့နှိပ်လိုက်သည့်တစ်ခုကသာ အလုပ်လုပ်နေသေးသည်။
အထဲမှ ကျယ်လောင်သော ကြေငြာသံတစ်ခုထွက်ပေါ်လာသည်။
“လူကြီးမင်းက မမျှော်လင့်ထားတဲ့ ကိုယ်ဝန်အတွက် စိတ်ပူနေပါသလား… အခု လူကြီးမင်းရဲ့
စိုးရိမ်မှုတွေကို ဂရုစိုက်ပြီး ဧရာမသံချောင်းဆေးရုံက ဆေးရုံအုပ်ထုန်က ကိုယ်တိုင် ခွဲစိတ်ကုသပေးနိုင်နေပါပြီ”
ဟူယွဲ့က စိတ်ဝင်တစားနားထောင်နေချိန် ရှီရွှယ်ချင်းသည် ရှက်ရွံ့စွာဖြင့် ကားမောင်းနေ၏။
“ဘိုးဘေး အခြားဟာနားထောင်ဖို့ တခြားချန်နယ်ကိုပြောင်းပေးပါလား။ ကျွန်မ အိမ်ထောင်မပြုရသေးဘူး”
ဟူယွဲ့က ခေါင်းညိတ်လိုက်သည်။
“တကယ်ပါပဲ”
ထို့နောက် ချန်နယ်ပြောင်းလိုက်သည်။
"ဆီးကျိတ်ရောင်ရောဂါနဲ့ ရုန်းကန်နေရလို့ မကြာခဏ ဆီးခဏခဏသွားနေတာလား ဒါမှမဟုတ် မထိန်းနိုင်ဘူးလား စိတ်ချပါ၊ ကျွန်မတို့ ဆေးရုံက သင့်ရဲ့ပြဿနာတွေအားလုံးကို တစ်ကြိမ်တည်းဖြေရှင်းပေးမယ့် အမေရိကန် NMLGB ကုထုံးကိရိယာကို အထူးမိတ်ဆက်ပေးလိုက်ပါတယ်။"
လေထုက အနည်းငယ်ထူးဆန်းသွားသည်။
ဟူယွဲ့က မော့၍ အနည်းငယ် ပဟေဌိဖြစ်နေသည်။
“ဆီးကျိတ်ဆိုတာဘာကြီးလဲ”
ရှီရွှယ်ချင်းက တုန်တုန်ယင်ယင်ဖြင့် ကားကို မြောင်းထဲသို့ မောင်းချလုနီးပါးဖြစ်သွားသည်။
“ကျွန်မလည်းမသိဘူး” ဤသို့ပြောလျက် ရှီရွှယ်ချင်း၏ မျက်နှာက နီရဲသွား၏။
ဟူယွဲ့က ခေါင်းညိတ်လိုက်သည်။
“အိုး.. ငါသိပြီ”
“ဘာသိတာလဲ”
"မင်းမျက်နှာက နီရဲနေတယ်၊ တစ်ခုခုတော့ ညစ်ပတ်တာမျိုးဖြစ်လိမ့်မယ်”
“….”
ဖန်ချင်းတောင်သည် လင်နန်မှ ကီလိုမီတာ တစ်ထောင်ကျော် ကွာဝေးကာ ဤရှားလီကားလေးဖြင့်မောင်းနှင်နေပါက ထိုနေရာကို ရောက်ရန် အနည်းဆုံး တစ်နေကုန် ကြာမြင့်မည်ဖြစ်သည်။ ရှီရွှယ်ချင်း၏ ကျင့်ကြံရေးအဆင့်က နောက်ပြန်ရောက်သွားသည့်တိုင် သူမတွင် အနည်းဆုံး အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာရှိထားသောကြောင့်တစ်မနက်လုံး ကားမောင်းပြီးသည့်တိုင် ပင်ပန်းမှုမခံစားရပေ။
ဝန်ဆောင်မှု ဧရိယာကို ရောက်ပြီးမှသာ သူမက ရပ်တန့်နအနားယူရမည်ဖြစ်သည်။ ရှားလီသည် အရှေ့စက်ခေါင်းထဲမှ အငွေ့များထွက်လာနေပြီဖြစ်သည်။ ထိုအချိန်၌ ဝန်ဆောင်မှုဧရိယာအတွင်းတွင် ဇိမ်ခံကားများအနားယူနေသည့် ယာဥ်တန်းလည်းရှိသည်။ ယာဥ်မောင်းများအားလုံးက ၎င်းတို့၏ မိသားစုတွင် ငွေကြေးဖြင့် ချမ်းသာသော ဒုတိယမျိုးဆက် ကလေးငယ်များ ဖြစ်သည်။
မီးခိုးဖြူများ ထွက်နေသော ရှားလီကို မြင်လိုက်ရသောအခါတွင် ချမ်းသာသော ဒုတိယမျိုးဆက်ကလေးများက အံ့အားသင့်စွာ ရယ်မောလိုက်ကြသည်။
“ဟား သေစမ်း ဒီလိုကားကဘယ်နှယ့် အဝေးပြေးလမ်းကြီးပေါ် မောင်းနေသေးတာလဲ”
၎င်းတို့ စကားပြောနေစဉ် ရှားလီက ရပ်သွားကာ ရှီရွှယ်ချင်းနှင့် ဟူယွဲ့တို့က ကားပေါ်မှ ဆင်းလာခဲ့သည်။
ရှီရွှယ်ချင်းကိုတွေ့သောအခါ လူငယ်အားလုံး အံ့သြသွားကြသည်။
သို့သော် ရှီရွှယ်ချင်းသည် ဤလူများနှင့် ရင်ဆိုင်ရန် အချိန်မရှိသည်မှာ ထင်ရှားသည်။ တတ်နိုင်သမျှ အပူလျော့စေရန်အတွက် သူမက အရှေ့စက်ခေါင်းကို ဖွင့်လိုက်သည်။
ထိုအခါ ဆရာနှင့် တပည့်က မဝေးလှသော နံရံအောက်တွင် ငုတ်တုတ်ထိုင်ကာ ငြိမ်သက်စွာ ကြည့်နေကြသည်။
"ဟေး အဲ့ ကောင်မလေးက မဆိုးဘူးပဲ။ အရမ်းလှတယ်”
"ဟုတ်တယ်၊ ဒီလောက်လှတဲ့ မိန်းကလေးက ဒီလိုကားမျိုးကိုမောင်းနေရတာ ကောင်းကင်ဘုံရဲ့ လက်ဆောင်ကို ဖြုန်းတီးနေတာပဲ"
ဤလူများ၏ ဆွေးနွေးမှုများသည် ရှီရွှယ်ချင်းနှင့် ဟူယွဲ့တို့၏ နားထဲသို့ သဘာဝအတိုင်း ရောက်ရှိခဲ့သည်။
"တပည့်၊ ဒီကောင်တွေက မင်းကို တကယ်ကြိုက်ပုံရတယ်။ မင်းက အရမ်းလှနေတော့ ယောက်ျားတွေက သွေးဆောင်ခံရတာကို ရှောင်လွှဲလို့ မရဘူး" ဟူယွဲ့က တဟီးဟီးပြုံး၍ ပြောသည်။
ရှီရွှယ်ချင်းက ခေါင်းပင်မထောင်ဘဲ
“ဆရာအိုကြီး..” ဟုသာ ကျယ်လောင်စွာအော်လိုက်၏။
ဟူယွဲ့က ရယ်မောလျက်
“တပည့်အရူး၊ မင်းရဲ့ ဆွဲဆောင်မှုဟာ အရင်ကထက် အခုပိုအားကောင်းနေပြီဆိုတာ မင်းသဘောပေါက်သွားပြီလား"
ရှီရွှယ်ချင်းက လန့်သွားပြီးနောက် ဟူယွဲ့ကိုကြည့်လိုက်သည်။
ဟူယွဲ့ ကပခုံးတွန့်ပြလိုက်၏။
"ငါ့ရဲ့ မျိုးနွယ်က ငါ့တပည့်အဖြစ် မင်းလေ့ကျင့်တဲ့ ကျင့်ကြံနည်းတွေက လွှမ်းမိုးနိုင်စွမ်းရှိတယ်ကွ။ ဒါ့ကြောင့် သဘာဝအတိုင်း မင်းရဲ့ ကျက်သရေလည်း တဖြည်းဖြည်း အားကောင်းလာလိမ့်မယ်!"
ထိုအချိန်တွင် သတ္တိရှိကာ ချမ်းသာသော ဒုတိယမျိုးဆက် လူငယ်တစ်ဦး ချဉ်းကပ်လာသည်။
"မိန်းကလေး တွေ့ရတာ ဝမ်းသာပါတယ်!"
"အဲ့တော့ရော ကောင်းပြီ ကျွန်မတော့ ဝမ်းမသာဘူး” ရှီရွှယ်ချင်းက အေးစက်စွာပြောသည်။
စကားသတ်သမားဆိုသည်ကားအဘယ်နည်း။
ယင်းသာဖြစ်သည်။
ထိုအမျိုးသားက အဆင်မပြေစပြုလာသော်လည်း သူနှင့်နီးကပ်လာလေလေ မိန်းကလေး၏ အလှနှင့် သူမ၏ သန့်စင်မှုကို သူ ပို၍သဘောပေါက်လေလေဖြစ်သည်။
ရှီရွှယ်ချင်းနှင့် နှိုင်းစာလျှင် သူအရင်က သိဖူးသည့် အမျိုးသမီးတိုင်းက ရိုးရှင်းစွာပင် အဆင့်နိမ့်သောသူများဖြစ်သည်။
ထို့ကြောင့် သူသည် အရှုံးမပေးချင်ပေ။
“မိန်းကလေး ဘယ်ကိုသွားနေတာလဲ၊ မင်းကားပျက်နေတာလား။ ဘာလို့ ကျွန်တော်နဲ့လိုက်မစီးတာလဲ။ နောက်ပြီး ဒီကားစုတ်ကြီးက မလုံခြုံဘူး။ မင်းလို သိမ်သိမ်မွေ့မွေ့ မိန်းကလေးကို ဒီလိုမျိုး အမှိုက်ကားကို မောင်းခွင့်ပေးတဲ့သူကမောင်းခွင့်ပေးလိုက်တာ အရူးပဲဖြစ်မှာပေါ့..."
သူ့စကားအဆုံးမသတ်ခင်တွင် ဟူယွဲ့က မတ်တပ်ရပ်၍ ပြုံးလိုက်သည်။
“မင်းက ဘယ်သူ့ကို အရူးလို့ခေါ်တာလဲကွ”
"ဟမ်” ထိုလူက အနည်းငယ် ထိတ်လန့်သွားကာ ဟူယွဲ့ကို ဆန်းစစ်ကြည့်လိုက်သည်။
ထိုအချိန်တွင် ဟူယွဲ့က သူ၏ ပုံစံအမှန်ကို မပြသေးဘဲ နတ်ဆိုးက ဂရုစိုက်သော မျက်နှာထားမျိုးနှင့် သာမန်လူတစ်ဦးကဲ့သို့ပင်ရှိနေသေးသည်။
ခဿအကြာတွင် သူက အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။
“ငါမင်းကို ဘယ်တုန်းက စော်ကားဖူးလို့လဲ။ နောက်ပြီး ငါမင်းကို ပြောရင်တောင် မင်းဘာလုပ်နိုင်မလဲ”
သူ့စကားအဆုံး၌ သူငယ်ချင်းများအားလုံးစုဝေးကာ ဟူယွဲ့ကို ဝိုင်းအုံကြည့်နေကြသည်။
“ကောင်လေး ပြဿနာရှာနေတာလား”
"ဒါပေါ့… မင်းပြဿနာရှာချင်ရင် ပြောလိုက်လေ”