အခန်း (၅၅၃-၅၅၅)
Vol. 37 Ch. 553-555
အခန်း(၅၅၃) တစ်ညတွင် တောင်ပေါ်ရှိ အပင်များအားလုံး နတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားသည်
ချင်းမန်တောင်
လီဟွာတောင်ကြားရှိ တာအိုကျင့်ကြံသူ ဘုရားကျောင်းများအတွင်းတွင်
ဘုန်းတော်ကြီးကျိုက်သည် ပန်းရနံ့များဖြင့် နိုးထလာသည်။
"ထူးဆန်းတယ်၊ ဒီရာသီမှာ အရာအားလုံး ညှိုးနေရမှာ ဘာလို့ ဒီလောက် မွှေးတဲ့ ပန်းနံ့တွေရနေတာလဲ” ဘုန်းတော်ကြီးကျိုက်က ဖိနပ်တစ်ဖက်တည်းကို စီးလျက် အခန်းထဲမှပြေးထွက်လာသည်။
ခြံဝင်းထဲတွင်ရပ်လိုက်သည်နှင့် သူ့ရှေ့တွင်မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့သြသွားရသည်။
တောင်ပေါ်ရှိ ညှိုးနွမ်းနေသော သစ်တော်သီးပင်များအားလုံးသည် တစ်ညတာအတွင်း အရွက်များ အပွင့်များ ဝေဆာလျက် ပြန်လည်ရှင်သန်လာခဲ့သည်။
ထိုစဥ် တိုက်ခတ်လာသော လေပြေများက မွှေးပျံ့သော သစ်တော်ပန်းရနံ့များကို သယ်ဆောင်ကာ သစ်တော်ပန်းများကို ရိုက်ခတ်၍ တောင်တစ်ခုလုံးသည် ပန်းပင်လယ်ပြင်ကြီးကဲ့သို့ လှပကာ စွဲမက်ဖွယ်ကောင်းလှသည်။
ဘုန်းတော်ကြီးကျိုက်က အံ့အားသင့်သွားရသည်။
‘ဘာတွေဖြစ်နေတာလဲ’
ဒီဇင်ဘာလသည် နှင်းတောင်များအေးခဲတော့မည့် အေးချမ်းသည့် ဆောင်းရာသီဖြစ်သည်။
ဤအချိန်၌ သစ်တော်ပင်များ မည်ကဲ့သို့ ပွင့်လာသနည်း။
ရွှယ်အန်းက နောက်ဆုံးအကြိမ်ရောက်ရှိလာခဲ့စဥ်က တောင်တစ်ပြင်လုံးတွင် သစ်တော်ပွင့်များပွင့်စေခဲ့သည့် လျို့ဝှက်နည်းပညာကို လုပ်ဆောင်ခဲ့ဖူးသည်။
ရှောင်အန်းဇီပြန်ရောက်လာတာဖြစ်နိုင်လား။
သံသယများအပြည့်ဖြင့် ဘုန်းတော်ကြီးကျိုက်သည် တောင်ပေါ်ရှိ ဤပန်းပင်လယ်ထဲသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
လမ်းလျှောက်ရင်း တစ်ခုခုလွဲနေပြီဟု ပိုပို၍ ခံစားလာရသည်။
အဘယ်ကြောင့်ဆိုသော် ဤသစ်တော်ပွင့်များက ရိုးရှင်းစွာဖြင့် လှပလွန်းနေကာ ရင်သပ်ရှု့မောဖွယ်ဖြစ်နေသောကြောင့်သာဖြစ်သည်။ ဘုန်းတော်ကြီးကျိုက်သည်
လီဟွာတောင်ကြားရှိ သစ်တော်သီးပွင့်များကို အနှစ်လေးဆယ်ကျော် တစ်နှစ်ပြီးတစ်နှစ် မြင်လာခဲ့ရကာ ၎င်းတို့နှင့် ကျင့်သားရနေ၍ ထူးထူးခြားခြား မည်သို့မျှ မခံစားရပေ။
သို့သော် ယနေ့တွင် မမျှော်လင့်ဘဲ အနီးကပ်ကြည့်ရှုလိုက်ရာ ဘုန်းတော်ကြီးကျိုက်ပင် မူးဝေသွားရသည်။ သူငေးကြည့်နေရင်းဖြင့် သစ်တော်ပန်းပွင့်များကို ထိကြည့်ရန် လက်လှမ်းလိုက်သည်။
“ဟေ့ အဘိုးကြီး၊ မင်းရဲ့ ညစ်ပတ်နေတဲ့ လက်တွေကို ဖယ်လိုက်”
အဘိုးကြီးကျိုက်က နားကြားမှားသည်ဟုထင်ကား ထိတ်လန့်သွားသည်။
"ဘယ်သူလဲ ဘယ်သူပြောနေတာလဲ"
"မင်းရှေ့မှာ ငါရှိတယ်၊ မင်းမမြင်ဘူးလား၊ ငါထပ်ပြောမယ်၊ ငါ့ကိုမထိနဲ့" နုံအချိုသာသော အမျိုးသမီးအသံထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင် ဘုန်းတော်ကြီးကျိုက်က ရှင်းရှင်းလင်းလင်းကြားလိုက်ရသဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားလိုက်သည်။
"ဘယ်သူလဲ၊ မင်းက လူလား နတ်ဆိုးလား မင်းသတ္တိရှိရင်မင်းကိုယ်မင်း ကိုယ်ထင်ပြ" ဘုန်းတော်ကြီးကျိုက်က မရေမရာပြောလိုက်သည်။
“အိုး ချစ်လေး ကျွန်မရှင့်ရှေ့မှာရပ်နေတယ်။ ဘာတွေပြောနေတာလဲ”
သူမစကားပြောနေစဉ် သစ်ပင်ပေါ်ရှိ သစ်တော်ပန်းပွင့်များသည် လေမပါဘဲ ရွေ့လျားသွားကာ မိုးရွာသကဲ့သို့ ကြွေကျကာ သေးငယ်သော မိန်းကလေးအဖြစ်သို့ ပေါင်းစပ်သွားကြသည်။
မိန်းကလေးသည် အရွယ်ရောက်ပြီးသူ၏ လက်ဖဝါးထက် ပိုမကြီးသော်လည်း ထင်ရှားသော မျက်ခုံးနှင့် မျက်လုံးများရှိကာ သူမသည် အလွန်ချောမောသော မိန်းမပျိုလေးဖြစ်သည်။
သူမက လေထုထဲတွင် မျောလွင့်လျက် နှုတ်ခမ်းဆူလိုက်သည်။
“အဘိုးကြီး၊ ဆယ်စုနှစ်တွေအကြာကြီး အိမ်နီးချင်းဖြစ်ပြီးတာတောင် ရှင် ကျွန်မတို့ကို သတိမထားမိဘူးလား”
“မင်းက … သစ်တော်ပင်လား” ဘုန်းတော်ကြီးကျိုက်က နောက်ဆုံးတွင် သဘောပေါက်ကာ တုန်လှုပ်သွားသည်။
ကလေးမလေးက စူးစူးဝါးဝါး ရယ်မောလိုက်သည်။
“ဟုတ်တယ် ခင်ဗျား အခုမှ သိတာလား။ တကယ့် ငတုံးကြီးပဲ”
သူမ၏ ရယ်မောသံနှင့်အတူ တောင်ပေါ်ရှိ သစ်တော်သီးပင်များအားလုံး ညင်သာစွာ တုန်ခါကာ ရယ်မောသံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်း၌ပင် နောက်ထပ် သစ်တော်သီးပန်းများစွာသည် မိုးရွာသည့်အလား ကြွေကျလာကာ ဘုန်းတော်ကြီးကျိုက်အနားသို့ မိန်းကလေးငယ်များစွာ ကျယ်လောင်စွာရယ်မောလျက် ပျံသန်းလာကြသည်။
"ဒီအဘိုးကြီးက ငယ်ငယ်တုန်းက တော်တော်ချောတာပဲ၊ အခုက ဘယ်လိုဖြစ်လို့ ညစ်ပတ်နေတာလဲ"
"ရေမချိုးဘဲ တစ်နှစ်လောက် လျှောက်သွားနေတာ ငါတွေ့ဖူးတယ် သိလား ဘယ်လိုလုပ် ဒီလောက်တောင် ညစ်ပတ်နိုင်ရတာလဲ"
"ဘုရားရေ အရမ်းညစ်ပတ်တယ်”
အလွန်လှပသော မိန်းကလေး ပန်းပျိုမယ်များ (ယခုတစ်ကြိမ်တွင် စစ်မှန်သော ပန်းပျိုမယ်များ)က သူ့အကြောင်း ဆွေးနွေးနေကြသည်ကို ကြားသောအခါ မရှက်ဘဲမနေနိုင်တော့ပေ။
"အဟမ်း၊ ရေချိုးတဲ့ကိစ္စတွေက အရမ်းကြီး ခဏခဏတော့လည်းမဖြစ်သင့်ဘူး။ တစ်နှစ်မှာ တစ်ကြိမ်ဆို အကောင်းဆုံးပဲလေ”
“ဒါ နင်ပျင်းလို့လေ” ပန်းနတ်ဆိုးများက ဘုန်းတော်ကြီးကျိုက်၏ အကြောင်းများကို မညှာမတာ ထုတ်ဖော်ခဲ့သည်။
ဘုန်းတော်ကြီးကျိုက်က ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ မေးခွန်းများပြည့်နေသော်လည်း အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။
ရှောင်ရှဟုခေါ်သော ကျောက်လုံကို တစ်သက်လုံး စောင့်ရှောက်ရန် သူ၏ သခင်ထံမှ အမိန့်ကိုလက်ခံထားသည့် တာအိုဘုန်းတော်ကြီးတစ်ဦးအနေဖြင့် သူက နတ်ဆိုးများကို မဆန့်ကျင်ပေ။
သို့သော် နတ်ဆိုးဖြစ်လာလျှင်ပင် အခြေခံစည်းမျဥ်းများကို လိုက်နာသင့်သည်မဟုတ်လော။
ယမန်နေ့က သာမန်သစ်တော်ပန်းပင်များဟုပြော၍ရသော အပင်များသည် ညတွင်းချင်း သစ်တော်ပန်းနတ်ဆိုးများအဖြစ်ပြောင်းလဲသွားသည်။
“အဟမ်း… မင်း… မင်းတို့အားလုံးက သစ်တော်ပင်တွေလား’
“အဲ့တာ မှန်လည်းမှန်တယ်.. မှားလည်းမှားတယ်” ပန်းနတ်ဆိုးများက တခစ်ခစ်ရယ်၍ ပြောကာ
မြက်စိမ်းရောင်စကတ်ဝတ်ထားသော မိန်းကလေးငယ်တချို့ကို တွန်းထုတ်လိုက်ကြသည်။
“ဒါတွေအားလုံးက မြက်နတ်ဆိုးတွေပဲ”
“မြက်တွေက နတ်ဆိုးတွေ ဖြစ်သွားနိုင်သလား” ကျိုက်လောင်၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားသည်။
“မြက်ကို ဘာလို့ နတ်ဆိုးအဖြစ်ပြောင်းလို့မရရမှာလဲ။ ဒါက မြက်သေးသေးလေးတွေကို ခွဲခြားဆက်ဆံနေတာပဲ။ နံစော်နေတဲ့ တာအိုကျင့်ကြံသူ” မြက်နတ်ဆိုးတစ်တကာင်က မကျေမနပ်ပြောလိုက်သည်။
ကျိုက်လောင်က နားမလည်ဟု ခံစားလိုက်ရသည့်တိုင် ပြောလိုက်သည်။
“အာ…. ငါ. အဲ့လိုပြောတာမဟုတ်ဘူး။ တောမြက်ပင်တွေတောင် နတ်ဝိဉာဥ်အဖြစ်ပြောင်းနိုင်ရင် အခြားတိရိစ္ဆာန်တွေ အသွင်ပြောင်းဖို့က ပိုအခွင့်အရေးရှိမှာမဟုတ်ဘူးလား”
သူပြောပြီးသည်နှင့် အပေါ်စီးမှ ရယ်မောပျော်ရွှင်သော အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“မှန်တယ် အဘိုးကြီး”
ကျိုက်လောင်က မော့ကြည့်လိုက်သောအခါ ဖားတစ်ကောင်က ပြုံးပြုံးရွှင်ရွှင်နှင့်ပြောနေသည်ကိုတွေ့လိုက်ရသည်။
ထို့နောက် ချုံပုတ်ထဲမှ ယုန်ရိုင်းတစ်ကောင်ထွက်လာကာ အမွေးများကို လျှာဖြင့် လျက်လိုက်ပြီးနောက် ကျိုက်လောင်ကို ဒေါသတကြီးမေးလိုက်သည်။
“အဘိုးကြီး ငါ့ကို မှတ်မိလား မမှတ်မိဘူးလား"
ကျိုက်လောင်က မည်သို့တုံ့ပြန်ရမည်ကို မသိသောကြောင့် ကြောင်အစွာသာ စိုက်ကြည့် နေနိုင်သည်။
“ဟမ် နောက်ဆုံးတစ်ခေါက်က မင်းဆီမှာ ငါ အဖမ်းခံရပြီး စွပ်ပြုတ်ဖြစ်တော့မလို့.. အခု မင်းက ငါ့ကို မမှတ်မိတော့ဘူးပေါ့။ အကြင်နာမရှိတဲ့ တာအိုကျင့်ကြံသူပဲမင်းက” ယုန်ရိုင်းက ကျိုက်လောင်ကို ဒေါသတကြီးစိုက်ကြည့်နေပြီးနောက် ခြုံပုတ်အတွင်းသို့ ခုန်သွားကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
ကျိုက်လောင်က ဦးရေပြားများတင်းသွားသည့်အလား ခံစားလိုက်ရာက သူ့စိတ်သူတည်ငြိမ်စေရန် သစ်ပင်တစ်ပင်ကိုမှီ၍ အလိုလို ခြေတစ်လှမ်းနောက်ပြန်ဆုတ်သွားလိုက်သည်။
ထို့နောက် ခြေထောက်အောက်မှ စူးရဲရဲအော်သံထွက်ပေါ်လာသည်။
“ဟေး… ငါ့ကိုတက်နင်းထားတယ်”
ကျိုက်လောင်က လန့်ဖျပ်ကာ အလျင်အမြန် ခြေထောက်ကို မလိုက်သောအခါ အစိမ်းရောင်တောကတောက် နှံကောင်တစ်စကောင် ခုန်ထွက်လာသည်။
“တကယ် ကျင့်ဝတ်မရှိတဲ့လူပဲ။ လမ်းကိုကြည့်မလျှောက်တတ်ဘူးလား”
ထို့နောက် နှံကောင်သည် အကြိမ်အနည်းငယ်ခုန်၍ သစ်ပင်နောက်ကွယ်တွင် ပျောက်ကွယ်သွားခဲ့သည်။
"ဒါ... ဒါက... ချင်းမန်တောင်ရဲ့ သစ်ပင်ပန်းမန်တွေနဲ့ တိရစ္ဆာန်တွေက နတ်ဝိညာဉ်တွေ ဖြစ်သွားတာ ဖြစ်နိုင်တယ်" ကျိုက်လောင်က သူ့ကိုယ်သူရေရွတ်လိုက်သည်။
"ဟီး ဟီး အဲ့လိုပါပဲ" ပထမဆုံး ပေါ်လာသည့် ပန်းနတ်ဆိုးကပြောသည်။
"ဒါဆို မင်း...မင်း ရုတ်တရက် ဘယ်လိုဖြစ်သွားတာလဲ"
ပန်းနတ်ဆိုးတွေက သူတို့အချင်းချင်း တတွတ်တွတ်ပြောပြီးမှ သူ့ကို ပြန်ဖြေကြသည်။
“ငါတို့လည်းမသိဘူး၊ ငါတို့ အိပ်ပျော်သွားသလို ခံစားရပြီး နိုးလာတဲ့အခါ အရာအားလုံးက ဒီလိုဖြစ်နေတာပဲ”
ကျိုက်လောင်က ပို၍ပင် ထူးဆန်းသော နတ်ဝိဉာဥ်များနှင့် ရင်ဆိုင်ရမည်ကိုစိုးရိမ်သောကြောင့် အတွင်းဘက်သို့ မသွားဝံ့တော့ပေ။ ထို့ကြောင့် သူက လှည့်၍ တာအိုကျင့်ကြံရေးကျောင်းတော်သို့ ပြန်သွားကာ သစ်ပင်တစ်ပင်အောက်တွင် ထိုင်လျက် စိတ်တည်ငြိမ်စေရန် လက်ဖက်ရည်တစ်ငုံသောက်လိုကသည်။
ထိုအချိန်၌ တာအို ဘုန်းကြီးကျောင်းထက်ပင် ပို၍ သက်တမ်းရင့်သော ရှေးဟောင်းသစ်ပင်က ပြောလိုက်သည်။
“ဟေး… ဂိမ်းတစ်ခုလောက်ဆော့ဖို့ စိတ်ဝင်စားလား”
ကျိုက်လောင်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရုံသာရှိသေး၏။
“ဘာလဲ”
ရှေးဟောင်းသစ်ပင်က အကိုင်းအခတ်၊ အရွက်များကို လှုပ်ခါ၍ ဆက်ပြောသည်။
“ငါပြောချင်တာက… မင်း စစ်တုရင် ကစားချင်လားလို့”
"ခင်ဗျားက...ကျုပ်နဲ့ စစ်တုရင် ကစားမလို့လား" ရှေးဟောင်းအပင်ကြီးက နတ်သစ်ပင်ဖြစ်သွားသည်ကို မအံ့သြသော်လည်း ယင်းကို အံ့သြသွားသည်။
"ဟုတ်တယ်၊ အမှန်အတိုင်းပြောရမယ်ဆိုရင် ငါဒီကိုရောက်နေတာ နှစ်ရာနဲ့ချီပြီ၊ မင်းရဲ့စစ်တုရင်စွမ်းရည်က ဘုရားကျောင်းခေါင်းဆောင်တွေထဲ ငါမြင်ဖူးသမျှထဲမှာ အဆိုးဆုံးပဲ" ရှေးသစ်ပင်က အထင်သေးစွာပြောသည်။
ကျိုက်လောင်: “…”
‘သစ်ပင်တစ်ပင်ကဲ့ရဲ့တာ ခံနေရတာလား’
"ကောင်းပြီ၊ ဘယ်သူက ကြောက်နေလို့လဲ"
စစ်တုရင်ခုံကို တပ်ဆင်ခဲ့သည်။ ကျိုက်လောင်က တစ်ဖက်တွင် ထိုင်နေသည်။
အခြားတစ်ဖက်တွင်မူ ရှေးသစ်ပင်သည် လူ့လက်ကဲ့သို့ ကွေးညွှတ်နိုင်သော အကိုင်းအခက်ရှည်များကို ဆန့်ထုတ်ကာ စစ်တုရင်အပိုင်းအစများကို လွယ်ကူစွာ ကောက်ယူလိုက်သည်။
ထိုအချိန်တွင် ကျိုက်လောင်သည် စိတ်ပိုင်းဖြတ်မှုအပြည့်ဖြင့် သူသည် ဘုန်းကြီးသော လူသားမျိုးနွယ်ဝင်တစ်ဦးဖြစ်ကာ မည်သို့ပင်ဖြစ်စေ သစ်သားခြောက်ဆီ၌ ရှုံးလိမ့်မည်မဟုတ်ဟုတွေးနေသည်။
ဂိမ်းတစ်ပွဲ ရှုံးသည်။
မှန်သည် သူအနည်းငယ် သတိမထားမိပေ။
ဒုတိယဂိမ်း ရှံးဆဲပင်ဖြစ်သည်။
ကျိုက်လောင်၏ မျက်နှာထက်၌ ဇောချွေးများပျံလာသည်။
တတိယဂိမ်း၊ စတုတ္ထဂိမ်း...
ဆယ်ကြိမ်မြောက်ကစားသည့်အချိန်တွင် ကျိုက်လောင်၏ တစ်ကိုယ်လုံး ချွေးစေးများဖြင့် စိုရွှဲနေသည်။
ထိုအခါ ရှေးသစ်ပင်က စစ်တုရင်အပိုင်းအစကို စိတ်ဝင်စားမှုကင်းမဲ့စွာဖြင့် ပစ်ချလိုက်သည်။
“ရပ်လိုက်ကြရအောင် မင်းက ညံ့ဖျင်းလွန်းတယ်။ နိုင်ရတာတ ပျော်စရာမကောင်းတော့ဘူး”
အခန်း(၅၅၄) ချင်းမန်သို့ ဦးတည်ခြင်း
ချင်းမန်မြို့။
ယွဲ့လိုင်ဟိုတယ်။
ကုတင်ပေါ်တွင် တရားထိုင်နေသော ရွှယ်လန်သည် သူမ၏ ခန္ဓာကိုယ်အနှံ့ လှုပ်ယမ်းသွားသည်ကို ခံစားလိုက်ရသည်။ သူမ၏ ယခင်က ပိတ်ဆို့နေသော အတွေးများ ရုတ်တရက် ရှင်းသွားကာ ကြီးထွားမှု အဆင့်လည်း မြင့်တက်လာသည်။
ခဏအကြာတွင် ရွှယ်လန်က သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ရှောင်ယောင်းအဆင့်တွင်
တွယ်ကပ်နေသည့် ကျင့်ကြံရေးအဆင့်က နောက်ဆုံးတွင် ကောင်းကင်လူသားအဆင့်သို့ ရောက်သွားပြီဖြစ်သည်။
၎င်းသည် ကောင်းကင်လူသားအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိခဲ့သည်။
သို့သော် ရွှယ်လန်၏မျက်လုံးများတွင် ရှုပ်ထွေးမှုအရိပ်အမြွက်များ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် သူမ ကျင့်ကြံနေချိန်၌ ကောင်းကင်နှင့် မြေကြီးကြားက စွမ်းအင်ပြောင်းလဲမှုကို ရုတ်တရက် ခံစားလိုက်ရသောကြောင့်ဖြစ်သည်။
ထို့နောက် နားမလည်နိုင်သော ခံစားချက်အောက်တွင် သူမသည် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ထားပါတော့။
နောက်ဆုံးတွင် သူမ အဆင့်တက်သွားပြီဖြစ်သဖြင့် မည်သည့်အတွက်ကြောင့် စိတ်ပူနေရမည်နည်း။ ရွှယ်လန်က
အိပ်ရာမှထကာ ပြတင်းပေါက်ကို ပုံမှန်ဖွင့်၍ လတ်ဆတ်သောလေကို ရှုရှိုက်ရန် ပြင်ဆင်လိုက်သည်။
သူမ၏အခန်းသည် ယွဲ့လိုင်ဟိုတယ် တစ်ခုလုံးတွင် အကောင်းဆုံးနေရာဖြစ်ကာ ပြတင်းပေါက်ဖွင့်လိုက်သောအခါ ချင်းမန်တောင်၏အလှကို မြင်နိုင်သည်။
ခရီးသွားရာသီကုန်ခါနီးဖြစ်သောကြောင့် ယွဲ့လိုင်ဟိုတယ်သည် လူအဝင်အထွက် နည်းပါးလျက်ရှိသည်။
ထို့ကြောင့် ရွှယ်လန်ကဤနေရာတွင်နေရန် ပြောင်းရွှေ့ခဲ့သည်။
ထို့နောက် သူမက ပြတင်းပေါက်ကိုတွန်းဖွင့်၍ ရေချိုးခါနီးတွင် ရုတ်တရက် အေးခဲသွားသည်။
ညှိုးနွမ်းခဲ့ရသည့် ချင်းမန်တောင်သည် ယခု ရုတ်တရက် စိမ်းလန်းလျက်ရှိသည်။ စိမ်းလန်းစိုပြေသည့် သစ်ပင်များနှင့် ပွင့်လန်းနေသည့် ပန်းပင်လေးများက ဘဝကို ပြီးပြည့်စုံစေသည်။
ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မလဲ။
တရားထိုင်တာ လတွေအများကြီးများကြာသွားတာလား။
အခု နောက်နှသ် နွေဦးကိုရောက်နေပြီလား။
ရွှယ်လန်က ဖုန်းကို အမြန်ထုတ်ကာ စစ်ဆေးသည်။
အချိန်က လုံးဝပုံမှန်ပဲမဟုတ်ဘူးလား။
ဒါဆို ဘာဖြစ်သွားတာလဲ။
တစ်ညတည်း၌ပင် ကျယ်ပြောလှသော ချင်းမန်တောင်သည် နွေဦးရာသီသို့ မထင်မှတ်ဘဲ ပြန်ရောက်လာခဲ့သည်။ ဤသည်က မယုံကြည်နိုင်စဖွယ်ကောင်းလှ၏။
ရွှယ်လန်က ရေချိုးရန် စိတ်မ၀င်စားတော့ဘဲ အောက်ထပ်သို့ အမြန်ဆင်းခဲ့သည်။
ဟော်တယ် ဧည့်ခန်းသို့ ရောက်သည်နှင့် လုံခြုံရေးအစောင့်များနှင့် ဝန်ထမ်းများအားလုံးက ဤကိစ္စကို ဆွေးနွေးကြသည်။
ရွှယ်လန်ကိုတွေ့လိုက်သည်နှင့် ချက်ချင်းပင် မတ်တပ်ထရပ်ကာ စကားမပြောဝံ့ကြပေ။
ရွှယ်လန်သည် ယွဲ့လိုင်ဟိုတယ်ကို နှစ်နှစ်ကျော် စီမံခန့်ခွဲခဲ့သည်။ သူမ၏ အခွင့်အာဏာသည် လူအများ၏ နှလုံးသားထဲတွင် နစ်မြုပ်နေခဲ့ရာ အသက်အရွယ်ကြောင့် သူမအား မည်သူမျှ နှိမ့်ချဝံ့ခြင်းမရှိခဲ့ပေ။
သို့သော် ရွှယ်လန်က ထိုလူများကို ဂရုမစိုက်ဘဲ ဟိုတယ်မှ ပြေးထွက်လာခဲ့သည်။
ချင်းမန်တောင်မှ စိမ်းလန်းစိုပြေမှုက မြို့အစွန်ထိ ပြန့်ကျဲနေသည်ကို သူမမြင်လိုက်ရငည်။
သို့ထိတိုင် ရွှယ်လန်က ဟိုတယ်ဝင်ပေါက်နားရှိ သစ်ပင်ကြီးနှစ်ပင်ပေါ်မှ စိမ်းလန်းမှု အငွေ့အသက်ကို မြင်နေရဆဲပင်ဖြစ်သည်။
ယခုအချိန်တွင် သူမသာမက ချင်းမန်မြို့တစ်မြို့လုံးသည် ဤဖြစ်ရပ်ကို ဆွေးနွေးနေကြသည်။
သီအိုရီ မျိုးစုံ ထွက်လာခဲ့သည်။
အချို့က ရာသီပူလာမှုကြောင့်ဟု ဆိုကြသည်။
အခြားသူများက ဤနှစ် ဆောင်းရာသီက မအေးလောက်ဟု ပြောကြသည်။
အချို့က ၎င်းသည် ချင်းမန်နတ်ဘုရား၏ စွက်ဖက်မှုဖြစ်သည်ဟု တိုက်ရိုက်ဆိုကာ တောင်ခြေသို့ ချက်ချင်းသွားခဲ့ကြသည်။
ထင်ရှားသည်မှ လူများစွာသည် အမွှေးတိုင်များ မီးညှိလျက် ဆုတောင်းရန် တောင်ခြေရင်းသို့ အလိုလိုပြေးလာကြသောကြောင့် ဤနောက်ဆုံးရှင်းပြချက်သည် ဆွဲဆောင်မှုများစွာရရှိခဲ့သည်။
မှန်သည်။ ရွှယ်လန်က ထိုကောလဟာလများကို မယုံပေ။ သူမသည် လမ်းမပေါ်တွင် ခဏရပ်ကာ အတွေးနက်နဲစွာဖြင့် ရွှယ်အန်းကို ခေါ်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းက ဟူယွဲ့နှင့် ဗီဒီယိုဂိမ်းကစားနေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုအတွင်း အဘွားအိုတစ်ဦး၏ လှည့်စားခြင်းကို ခံခဲ့ရပြီးကတည်းက ဟူယွဲ့သည် ထိုဆွဲဆောင်မှုရှိသော အမျိုးသမီး streamer များအပေါ် ယုံကြည်မှုပျောက်ဆုံးကာ ဂိမ်းကစားခြင်းကို စွဲလမ်းစွာ နှစ်သက်လာခဲ့သည်။
အထူးသဖြင့် တိုက်ခိုက်ရေး ဂိမ်းများကို ဝါသနာပါနေခြင်း။
ဟူယွဲ့၏ ကျင့်ကြံရေးအဆင့်နှင့် ကိုယ်ခန္ဓာသည် သာမာန်လူများထက် အဆပေါင်းများစွာ သာလွန်သောကြောင့် အချိန်တိုတိုအတွင်း ဂိမ်းများတွင် အလွန်ကျွမ်းကျင်လာခဲ့သည်။
ထို့အပြင် သူသည် အလွန်အမင်း ပြိုင်ဆိုင်မှု ရှိကာ အခြားသူများကို အနိုင်ယူရန် ဘယ်သောအခါမှ နောက်ပြန်ဆုတ်မည်မဟုတ်ပေ။
ရှောင်ရှသည် ရှုံးနိမ့်မှုကြောင့် ငိုကြွေးပြီးနောက် လူတိုင်းက ခပ်ခွါခွါနေခဲ့ကြရာ ရွှယ်အန်းသာ သူနှင့် ကစားရန် ကျန်ရစ်ခဲ့သည်။
ယခုအချိန်တွင် တိုက်ပွဲသည် အဆိုးရွားဆုံး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
နှစ်ဖက်စလုံးမှ ထိန်းချုပ်ထားသော ဇာတ်ကောင်များသည် ၎င်းတို့၏ နောက်ဆုံးအသက်တွင် ရှိနေကြရာ အမှားတစ်ခုက ကျိန်းသေ သေခြင်းမျိုး ဖြစ်နိုင်သည်။
နှစ်ယောက်သား တိုက်ပွဲတွင်း၌ ရှိနေစဉ်တွင် ရွှယ်အန်း၏ ဖုန်းက မြည်လာသည်။
ရွှယ်အန်းသည် ထိန်းချုပ်ကိရိယာကို လက်တစ်ဖက်ဖြင့် ဖိထားလျက် ညီမဖြစ်သူ ရွှယ်လန်က ဖုန်းခေါ်ဆိုသည်ကို မြင်သဖြင့် ပြန်ဖြေလိုက်သည်။
"ဟယ်လိုလန်အာ ဘာဖြစ်တာလဲ"
ဟူယွဲ့က ထိန်းချုပ်ကိရိယာကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသည့် ရွှယ်အန်းကိုမြင်၍ အခွင့်အရေးတစ်ခုရပြီဟု ထင်သောကြောင့် အားပါးတရ ပြုံးကာ သူ့ဇာတ်ကောင်ကို ရှေ့သို့ ချီတက်စေလိုက်သည်။
"အာ ဘာမှမဟုတ်ဘူး" ရွှယ်လန်သည် ရွှယ်အန်း၏အသံကိုကြားလိုက်ရသောအခါ ရုတ်တရတ်စိုးရိမ်မှုတစ်ခုခံစားရသဖြင့် သူမ၏အာရုံကို လျင်မြန်စွာတည်ငြိမ်စေလိုက်သည်။
“အိုး”
ရွှယ်အန်းက တုံ့ပြန်၍ ဟူယွဲ့၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ သူ့ဇာတ်ကောင်ကို လက်တစ်ဖက်တည်းဖြင့် ဆက်လက်ထိန်းချုပ်ခဲ့သည်။
"ချင်းမန်တောင်က ညတွင်းချင်း စိမ်းလန်းပြီး အပွင့်တွေ အလျှံပယ်ပွင့်နေတာ နွေဦးပြန်ရောက်သွားတဲ့အတိုင်းပဲ။ ညီမရဲ့ ကျင့်ကြံရေးအဆင့်က ရှောင်ယောင်းကနေ ကောင်းကင်လူသားအဆင့် အထွတ်အထိပ်ကို ဖြတ်သွားတယ်”
ရွှယ်လန်က ခေတ္တမျှရပ်ပြီးနောက် မေးလိုက်သည်။
"အစ်ကို ဒါ မထူးဆန်းဘူးလား"
ဖန်သားပြင်ပေါ်တွင် အာရုံစူးစိုက်ထားသည့် ရွှယ်အန်းက မျက်ခုံးပင့်လိုက်သည်။
“အမ် ချင်းမန်တောင်က ညတွင်းချင်း စိမ်းစိုသွားတာလား”
“ဟုတ်”
ထို့နောက်တွင်၊ ဟူယွဲ့က ပြောလိုက်၏။
"ရွှယ်အန်း မင်း ဒီတစ်ခါကျရှုံးမှာ သေချာတယ်"
သူစကားပြောနေစဉ်တွင် သူကြံစည်ထားသည့် ပြင်းထန်သော လှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။
"ခဏနေပါဦး"
သူ့လက်ချောင်းများက ပျောက်ကွယ်သွားသကဲ့သို့ ရုတ်တရက် ရွေ့လျားသွားကာ ထိန်းချုပ်ကိရိယာကို လျင်မြန်စွာ နှိပ်လိုက်သည်။ ထို့နောက်တွင် သူ၏ဇာတ်ကောင်က အဆုံးစွန်သော လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။
ဧရာမ 'KO' ဆိုသည့် စာလုံးက စခရင်ပေါ်တွင် ပေါ်လာသောအခါ ဟူယွဲ့၏ မျက်နှာက အလွန်ဖြူဖျော့သွားသည်။
ရွှယ်အန်းက မတ်တပ်ထရပ်၍ ပခုံးကို ပုတ်လိုက်၏။ "အသုံးမဝင်ပါဘူး၊ လက်တွေ့ဘဝမှာ မင်းငါ့ကို အနိုင်မယူနိုင်သလို ဂိမ်းဆော့ရင် မင်းလည်း ငါ့ကို အနိုင်မယူနိုင်ဘူး"
ရွှယ်အန်းပြောခဲ့သကဲ့သို့ပင် ဟူယွဲ့က သူနှင့်အတူ ဂိမ်းပေါင်းများစွာ ကစားခဲ့သော်လည်း တစ်ကြိမ်မှ မအောင်မြင်ခဲ့ပေ။
ဤတစ်ကြိမ်သည် သူအနိုင်ရရန် အနီးစပ်ဆုံးဖြစ်သည်။
၎င်းတို့ စကားပြောနေစဉ်တွင် ရွှယ်အန်း၏ ထိန်းချုပ်ကိရိယာမှ ခလုတ်နှိပ်သည့် အသံတစ်ခု ထွက်ပေါ်လာ၍ အက်ကွဲကာ မီးခိုးလုံးများ ထွက်လျက် ပြုပြင်၍မရလောက်အောင် ပျက်စီးသွားခဲ့သည်။
ဟူယွဲ့က အံကြိတ်ကာ ငေးကြည့်နေမိသည်။
ရွှယ်အန်းက ရယ်မော၍ ဖုန်းပြောရန် လှည့်လိုက်သည်။ "ချင်းမန်တောင်မှာ အရင်က ထူးထူးခြားခြား တစ်ခုခုရှိခဲ့သေးလား"
"မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး၊ မနေ့တုန်းက လောင်ကျိုက်က ဟိုတယ်ကို လာလည်သေးတယ် အဲ့တုန်းက တောင်ပေါ်မှာ ဘာထူးခြားမှုမှ မရှိခဲ့ဘူး"
"ကောင်းပြီ ငါသိပြီ”
ရွှယ်လန်က နှုတ်ခမ်းကို ကိုက်ကာ သတ္တိကို စုစည်း၍မေးလိုက်သည်။
"အစ်ကို၊ ဘာလုပ်ဖို့ စိတ်ကူးထားလဲ"
"ဘာထူးလို့လဲ" ရွှယ်အန်းက ပြန်မေးသည်။
"အာ ဘာမှမဟုတ်ပါဘူး၊ အစ်ကို့ကိုမေးချင်လို့ နှစ်သစ်ကူးနီးနေပြီ သိလား... အားလပ်ရက်အတွက် အိမ်ပြန်မှာလား" ရွှယ်လန်က ဤစကားကို မဝံ့မရဲပြောလိုက်သည်။
ရွှယ်အန်းအံ့အားသင့်သွားသည်။
နှစ်သစ်ကူး။
တကယ်ပဲ နှစ်သစ်ကူး နီးပြီ။
ဆယ်ကျော်သက်အရွယ်က ချင်းမန်မြို့မှ ထွက်ခွာလာချိန်မှစ၍ နှစ်သစ်ကူးပွဲတော်သို့ ပြန်မရောက်ခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
သို့သော် အဘယ်ကြောင့် ပြန်သွားရမည်နည်း။
မိသားစုလည်းမရှိသည့်အပြင် ဆွေမျိုးများလည်းမရှိတော့ပေ။
ထိုအချိန်တွင် ရွှယ်လန်က မေးခွန်းမေးရန် သတ္တိကို စုစည်းထားရသည်ဖြစ်ရာ ယခုအခါတွင် အနည်းငယ်နောင်တရနေပြီဖြစ်သည်။
ရွှယ်အန်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်၏။
"ကောင်းပြီ၊ နှစ်သစ်ကူးအတွက် ချင်းမန်ကို ပြန်ကြရအောင်။ ဒါမှ ဘာတွေဖြစ်နေလဲဆိုတာ မြင်နိုင်မယ်"
ဖုန်းချပြီးနောက် ဟူယွဲ့က မတ်တပ်ရပ်လိုက်သည်။
"တစ်ခုခုဖြစ်နေပြီလား"
ရွှယ်အန်းက ပြုံးလိုက်၏။
"ဟုတ်တယ်၊ ငါ့မွေးရပ်မြေ ချင်းမန်တောင်မှာ ဖြစ်နေတာ”
ထို့နောက် သူက အန်းယန်ဘက်သို့ လှည့်ကာပြော၏။
“ဒီနှစ်သစ်မှာ ချင်းမန်ကို သွားကြရအောင်။”
“အွန်း” အန်းယန်က ကန့်ကွက်ခြင်းမရှိပေ။
ဟူယွဲ့က ခေါင်းညိတ်လိုက်၏။
"ဒီဘေးဆိုးတွေ နီးကပ်လာတာနဲ့အမျှ ကံကြမ္မာလျှို့ဝှက်နယ်မြေက ပွင့်လာမယ်၊ ဒီလိုအဖြစ်တွေ မကြာခဏဖြစ်လာမယ်၊ ဒီတစ်ခါ ကံကြမ္မာလျို့ဝှက်နယ်မြေက ချင်းမန်တောင်မှာ ပွင့်မလားဆိုတာ မသေချာသေးဘူး"
အခန်း(၅၅၅) ခွေးများနှင့် ဝက်များကိုသတ်သကဲ့သို့ သတ်ဖြတ်ခြင်း
လီဟုန့်ရန်သည် မောက်မာသောအကြည့်ဖြင့် လမ်းပေါ်လျှောက်လာခဲ့သည်။
"အိုး၊ ဒါအန်တီလီ မဟုတ်ဘူးလား၊ ဘာကိစ္စရှိလို့လဲ၊ ဟိုတယ်ပြန်သွားပြန်ပြီ" ဆိုင်ရှေ့ သန့်ရှင်းရေးလုပ်နေသော ဆိုင်ပိုင်ရှင်က လီဟုန့်ရန်ကို မြင်သောအခါ အော်ဟစ်လိုက်သည်။
လီဟုန့်ယန်သည် သူ့လမ်းကြောင်းအတိုင်း သွားလျက် ကျေနပ်စွာ ခေါင်းညိတ်ပြကာ ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်
"ဘာမှ မဟုတ်ပါဘူး အားလန်က ဒီလိုဟိုတယ်ကြီးကြီးကို သူကိုယ်တိုင် စီမံခန့်ခွဲရတာ အရမ်းများလွန်းတယ်၊ သူ့အမေဖြစ်တဲ့ငါက ဝန်ထုပ်ဝန်ပိုးတချို့ကို မျှဝေပေးရမှာမို့လေ”
"ဟုတ်တယ် ခင်ဗျားရဲ့ သမီး ရွှယ်လန်က ငယ်ငယ်ကတည်းက ဒီလိုလေးနက်တဲ့ တာဝန်ကိုယူပြီး ဝန်ထမ်းဒါဇင်ပေါင်းများစွာကို စီမံခန့်ခွဲရတာ၊ ရွှယ်လန်မှာ တကယ်အရည်အချင်းရှိတယ်ဆိုတာ ခင်ဗျားဝန်ခံရမယ်။ ကျုပ်သားဆို ကျုပ်ကို ပိုက်ဆံတောင်းတုန်းပဲ၊ အဲ လူတွေကို တစ်ယောက်နဲ့တစ်ယောက်နှိုင်းယှဥ်လို့တော့ မရဘူးမလား" ဆိုင်ပိုင်ရှင်က အားကျမှု၊ လေးစားမှုတစ်ဝက်ဖြင့်ပြောသည်။
လီဟုန့်ရန်က ဤသည်ကိုကြားသောအခါ ပို၍ ဂုဏ်မယူဘဲမနေနိုင်တော့ပေ။
သူမ၏ အကျင့်က အမြဲတစေ ဤသို့သာ ဖြစ်ရာ အမြဲတမ်း အာရုံစိုက်ခံရမည်ကို နှစ်သက်သူဖြစ်သည်။
အထူးသဖြင့် ရွှယ်လန်က ယွဲ့လိုင်ဟိုတယ်ကို အပိုင်ရပြီးနောက် သူမကိုယ်တိုင် ယွဲ့လိုင်ဟိုတယ်ပိုင်ရှင်အဖြစ်
မကြာခဏဆိုသလို ပြုမူခဲ့သည်။ အခြားသူများနှင့် စကားပြောသည့်အခါတွင် သူမသည် ခေါင်းကို မော့၍ အခြားသူများကို အထင်သေးစွာ ပြောခဲ့သည်။ ရွှယ်လန့်ထံတွင် အပြင်းအထန် ဆူပူကြိမ်းမောင်းခံရသောအခါတွင်မှသာ သူမက ယင်းကို အနည်းငယ် လျော့လိုက်ခြင်းဖြစ်သည်။
မှန်သည်။ သူမသည် ထိုသို့သောအရာများကို ပြင်ပလူများအား ဘယ်သောအခါမှ ဝန်ခံမည်မဟုတ်ပေ။
အနည်းငယ် စကားစမြည်ပြောပြီးနောက် လီဟုန့်ရန်က ထွက်သွားသည်။
ဆိုင်ပိုင်ရှင်က သူမထွက်ခွာသွားသည်ကို ရွံရှာစက်ဆုပ်စွာကြည့်နေသည်။ ခဏအကြာတွင် အနီးအနားရှိ ဆိုင်များရှိ ဆိုင်ပိုင်ရှင်များ စုဝေးလာကြသည်။
“လီဟုန့်ရန်ကိုကြည့်ဦးဟယ် ဒီလောက် ဖြစ်နေတာ ကြည့်ရတာတင် စိတ်တိုစရာပဲ” ဆိုင်ရှင်တစ်ဦးက
အထင်သေးစွာပြောသည်။
“ဒီလိုသမီးကောင်းတစ်ယောက်ရှိတာ စိတ်တိုနေလို့ ဘာအသုံးဝင်မှာလဲ” နောက်တစ်ဦး၏ အသံတွင် မနာလိုမှုကို အတိုင်းသားမြင်နေရသည်။
"ဒီဟိုတယ်က သူ့သမီးပိုင်တယ်လို့ မင်းတကယ်ထင်လား"
"မဟုတ်ဘူးလား"
“အဟက် ဒီ ရွှယ်လန်က အခြားတစ်ယောက်ရဲ့ မန်နေဂျာပဲ။ တကယ့်သူဌေးက…အာ” ပြောဆိုသူက တမင်တကတာ ခေတ္တရပ်ကာ လှောင်ပြောင်လိုက်သည်။
"ဘယ်သူလဲ”
“လာစမ်းပါ ပြောစမ်းပါကွာ”
"အဲ့ဟိုတယ်က ကျဲမိသားစုအပိုင်ဖြစ်ခဲ့ပေမယ့် မြေကတော့ ရွှယ်မိသားစုရဲ့မြေပဲ။ အရင်တုန်းက ရွှယ်မိသားစုရဲ့ အဆက်အသွယ်တွေပြတ်သွားတော့ ရွှယ်လန်ရဲ့ အဖေဘက်က အမျိုးတွေအပြင် ကျန်တဲ့သူတွေအားလုံးက သေရင်သေ မသေရင် ထွက်သွားကြတယ်။ ဆိုတော့ အဲ့ ခြံက ပိုင်ရှင်မဲ့ဖြစ်လာရော”
“အဲ့တုန်းက ကျဲမိသားစုက အဘိုးကြီးကျဲဝမ်တုန်က ဒါကို အခွင့်ကောင်းယူပြီး ဟိုတယ်ဆောက်ဖို့ စီစဥ်ခဲ့ တာ။ သူက ဘယ်သူ့ကိုမှ မပြောဘဲ ဘူဒိုဇာနဲ့ ထိုးချပြီး စဆောက်ခဲ့တာပဲကွ”
အတိတ်အကြောင်း ပြောနေသည်မှာ ဇာတ်လမ်းအပြည့်အစုံကို သိသော ဒေသခံတစ်ဦးဖြစ်ကြောင်း သိသာလှသည်။ စီးပွားရေးလုပ်ငန်းရှင်များပင် နားထောင်ရင်းဖြင့် အံ့သြသွားကြသည်။
“မှန်တယ်။ ကျဲမိသားစုကို ငါသိတယ်။ သူတို့က ချမ်းသာပြီး သြဇာရှိတဲ့ပတ်ဝန်းကျင်မှာ အထင်ရှားဆုံး အိမ်ထောင်စုထဲက တစ်ခုပဲ။ ဒါပေမယ့် ထူးဆန်းတာက သူတို့က ရုတ်တရက်ပြန်ပြီး သိက္ခာကျဆင်းသွားရတယ်”
“ဟေးဟေး မင်းက ဘာသိလို့လဲ။ အစက ကျဲဝမ်တုန်က ရွှယ်မိသားစုမှာ ဘယ်သူမှမကျန်တော့ဘူးဆိုတဲ့အချက်ကို အခွင့်ကောင်းယူပြီး ဟိုတယ်ဆောက်လိုက်တာမလား။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရွှယ်မိသားစုကလူတွေပြန်လာခဲ့တယ်”
“သူတို့ပြန်လာတော့ရော ဘာဖြစ်လဲ။ ဟိုတယ်က ဆောက်ပြီးနေပြီပဲလေ”
“အဲ့တုန်းက ကျဲမိသားစုကလည်း ဒီလိုပဲထင်ခဲ့တာ။ ဒါပေမယ့် ရွှယ်မိသားစုရဲ့ မျိုးဆက်တွေက အဲ့လိုဖြစ်နေမယ်လို့ သူတို့ မထင်ထားခဲ့ဘူး” ပြောသူက ခေတ္တရပ်၍ ပတ်ပတ်လည်ကိုကြည့်ကာ အသံလျှော့၍ ဆက်ပြောလိုက်သည်။
“ဒီသခင်လေးက ချင်းမန်တောင်ကို သွားပြီး ပြန်လာတဲ့အခါ ကျဲဝမ်တုန်နဲ့ သူ့သားကို သတ်ခဲ့တယ်လို့ ပြောကြတယ်”
ဆိုင်ပိုင်ရှင်များအားလုံး ထိတ်လန့်တကြားဖြစ်သွားကာ မျက်နှာများပင် ဖြူဖျော့သွားကြသည်။
"မင်းပြောတာ အကြီးကြီးပဲ။ ကျဲသားအဖကို တကယ်သတ်လိုက်တယ်ဆိုရင် အဲ့တာ ရုတ်ရုတ်သဲသဲဖြစ်မှာမဟုတ်ဘူးလား။ ဒါပေမယ့် ဘယ်သူ့ကိုမှ ဖမ်းတယ်ဆိုတဲ့သတင်းတော့ မကြားရသေးဘူး။"
"ဟဲဟဲ၊ မင်းဘာမှမသိဘူး၊ ဒီသခင်ငယ်လေးက ဘယ်သူလဲဆိုတာ မင်းသိလား"
"ဘယ်သူလဲ"
"သူကချင်းမိသားစုရဲ့ ကောင်လေးပဲ”
“ဘယ်က ချင်းမိသားစုလဲ”
“အဓိပ္ပါယ်မရှိတာ။ ဒါပေါ့ ပေကျန်းက ချင်းမိသားစုလေ”
ထိုစကားကိုကြားသောအခါ ဆိုင်ရှင်အုပ်စုအားလုံး အသံမထွက်ရဲဘဲ တိတ်ဆိတ်သွားကြသည်။
“အခု ချင်းမိသားစုက ပေကျန်းမှာထင်ရှားရုံတင်မကဘူး။ ကျုပ်တို့ ဟွာရှားမှာလည်း ထိပ်တန်းပဲ။ ချင်းမိသားစုနှာချေရင် ပေကျန်းတစ်ခုလုံး လှုပ်ယမ်းသွားမယ်လို့တောင် ပြောလို့ရတယ်”
မည်သူကမျှ ငြင်းခုန်ခြင်းမရှိပေ။
ဤလူပြောခဲ့သည်မှာ အမှန်တရားပင်ဖြစ်သည်။
“ဒါပေမယ့် ဒီသခင်လေး လူသတ်တော့ ချင်းမိသားစုရဲ့ မမလေးက ဘေးနားကနေပဲ စောင့်ကြည့်နေခဲ့တယ်။ ပြီးတော့ ချင်းမိသားစုကပဲ တာဝန်ယူပြီး အကုန်လုံးကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ကျဲမိသားစုက ချင်းမိသားစုရောက်လာတာကိုမြင်တော့ တစ်ချက်မှ အထွန့်မတက်ဘဲ ကျေကျေနပ်နပ်လက်ခံလိုက်ရတယ်လေ”
“မင်းပြောတာတ ဒီ ရွှယ်မိသားစုရဲ့ မျိုးဆက်က ချင်းမိသားစုက မိန်းကလေးနဲ့ ဆက်စပ်နေတယ်ပေါ့ ဟုတ်လား” တစ်စုံတစ်ဦးက မှတ်ချက်ပေးသည်။
“မှားတယ်။ မင်းဘာတွေတွေးနေလဲဆိုတာ ငါသိတယ်။ ရွှယ်မိသားစုက ချင်းမိသားစုရဲ့ လွှမ်းမိုးမှုကြောင့် အစွမ်းထက်နေတယ်လို့ ထင်တာမလား”
“မဟုတ်ဘူးလား”
“ဆန့်ကျင်ဘက်ပဲ။ သိပ်မကြာခင်နှစ်တွေအတွင်းမှာ ချင်းမိသားစုရဲ့ တိုးတက်မှုနှုန်းနဲ့ ကြွယ်ဝမှုက တကယ်တော့ ရွှယ်မိသားစုရဲ့ အဲ့ပုဂ္ဂိုလ်ကြောင့်ပဲ” ထိုသူက သက်ပြင်းတစ်ချက်ချလိုက်သည်။
လုပ်ငန်းအသေးစားပိုင်ရှင်များအားလုံး အံ့အားသင့်သွားကြသည်။
"ဘယ်လို...ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ" တစ်ယောက်ယောက်က ညည်းညူသည်။
"ဟယ်၊ မဖြစ်နိုင်ဘူးလို့လည်း ထင်ခဲ့တယ်၊ ဒါပေမယ့် ငါပြောသမျှ ငါမျက်မြင်ကိုယ်တွေ့ပဲ" ထိုလူက ခါးသက်စွာပြုံး၍ ပြောလိုက်သည်။
"ရိုးရိုးသားသားပြောရရင်၊ အဲအချိန်တုန်းက ကျဲမိသားစုသားအဖအတွက် အလုပ်လုပ်နေပြီး ကျဲဝမ်တုန်အသတ်ခံရတုန်းကလည်း အဲ့မှာရှိနေတာ။ မင်းရယ်အောင်ပြောတာတော့မဟုတ်ဘူး။ ငါ ကုန်းအာတောင်မှ အဲ့မြင်ကွင်းကိုတွေ့တော့ ခြေမခိုင်ချင်ဖြစ်သွားရတယ်”
"ဝက်တွေ ခွေးတွေကို သတ်သလို လူတွေကို သတ်တဲ့ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့လူကို ငါ တစ်ခါမှ မတွေ့ဖူးဘူးဆိုတော့၊ နောက်ပြီး အဲ့မျက်လုံးတွေက နတ်ဘုရားနဲ့တူတယ်”
ကုန်းအာက ထိုအချိန်က မြင်ကွင်းကို ပြန်သတိရသွားဟန်ဖြင့် အနည်းငယ် တုန်လှုပ်လာသည်။
ဤလုပ်ငန်းငယ်ပိုင်ရှင်များအားလုံးသည် သူ့စကားကြောင့် မျက်နှာဖြူဖျော့သွားကြသည်။
“ဟူး… ဘာလို့ ငါ ဒီလောက်တောင်ပြောနေရတာလဲ။ မှတ်ပဲမှတ်ထားလိုက် ယွဲ့လိုင်ဟိုတယ်ကို အဲ့လူက တကယ်ပိုင်တာမဟုတ်ဘူး။ ဒါက သူတို့ အာရုံစိုက်ဖို့ မတန်လို့ပဲ။ နောက်ပြီး သူ့အမျိုးထဲက ညီမကို အဲ့နေရာကို စီမံဖို့ ထားခဲ့တာ။ လီဟုန့်ရန်ကတော့…”
ကုန်းအာက အေးစက်စက် ရယ်မောလိုက်သည်။
“သူ့မာနကြောင့် လှည့်စားမခံနေနဲ့။ ရွှယ်မိသားစုက လူကြီးမင်းရွှယ်ပြန်လာရင် သူကြောက်လို့သေတောင်သေလိမ့်မယ်”
သူစကားပြောနေစဉ်မှာ ရုတ်တရက် လမ်းပေါ်၌ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာ ကုန်းအာက စိတ်အနှောက်အယှက်ဖြစ်စွာကြည့်လိုက်သည်။
“သေစမ်း… ဒါ ဘယ်သူလဲ… အဘိုး…”
သူ့စကားများပင် အဆုံးမသတ်နိုင်ဘဲ အေးခဲသွားသည်။
ကားလမ်းတစ်လျှောက်၌ လမ်းဆုံးသည်အထိ အပြည့်လာနေသော အနက်ရောင် Mercedes-Benz ကားတန်းကြီးကို မြင်လိုက်ကြရ၏။
ယာဥ်တန်းက ယွဲ့လိုင်ဟိုတယ်ရှေ့သို့ ဖြည်းညှင်းစွာ ရောက်ရှိလာသောအခါတွင် တံခါးစောင့်များသည် ကားတံခါးကိုဖွင့်ရန် ကမန်းကတန်း ရှေ့သို့ထွက်လာကြသည်။
ပထမဆုံးထွက်လာသည်မှာ အလွန်ချစ်စရာကောင်းသော ကလေးမလေးနှစ်ယောက် နှင့် နေကာမျက်မှန်တပ်ထားသော ရင်သပ်ရှုမောဖွယ် လှပသော အမျိုးသမီး အများအပြား ပါဝင်သည်။
ဤကြီးမားလှသော ဝင်ပေါက်သည် လမ်းပေါ်ရှိ လမ်းသွားလမ်းလာများကို ထိတ်လန့်စေခဲ့သည်။
ကုန်းအာသည် အထိန်းအကွပ်မဲ့ တုန်လှုပ်လာသည်။
သူ ထိုကလေးမလေးများကို မှတ်မိသည်။
သခင်လေး ပြန်ရောက်လာတာများဖြစ်နိုင်လား။
ကုန်းအာက စိတ်ထဲမှတွေးလိုက်သည်။
အမှန်ပင် …
နောက်ဆုံး၌ ရွှယ်အန်းက ကားထဲမှ ထွက်လာခဲ့သည်။
ကုန်းအာ၏ အသားအရေသည် ချက်ချင်းပင် ဖြူဖျော့သွားကာ မကြည့်ဝံ့ဘဲ ခေါင်းကို အလျင်အမြန် ငုံ့ထားလိုက်သည်။
ရွှယ်အန်းနှင့် အခြားသူများ အထဲသို့ ဝင်သွားသည့်အချိန်အထိ စောင့်နေပြီးမှသာ ကြည့်ရှုသူများ တုန်လှုပ်ချောက်ချားသွားကြသည်။
"အဲ့တာ ဘယ်သူလဲ၊ တည်ရှိမှုက အံ့သြဖို့ကောင်းတယ်"
"ဒီကောင်မလေးတွေက အရမ်းလှတာပဲ"
"ဟယ်၊ ဒီအမျိုးသမီးတွေက ဆွဲဆောင်မှုအရှိဆုံးလို့ ငါထင်တယ်" ယောက်ျားတစ်ယောက်က လှောင်ရယ်နေသော်လည်း ကုန်းအာသည် ပြာမှုန်နေသော မျက်နှာဖြင့် ရှေ့သို့ တိုးလာကာ ထိုလူကို မြေပြင်ပေါ်သို့ ပါးရိုက်ချလိုက်သည်။
“ချီးတဲ့မှ ဘယ်ကောင်က ငါ့ကို ရိုက်ရဲ… အစ်ကိုလေး ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ” ထိုသူက
ဆဲဆိုကျိန်ဆဲရန် ရည်ရွယ်သော်လည်း ကုန်းအာဖြစ်သည်ကို မြင်သောအခါ မကျေနပ်ချက်စွာဖြင့် ရေရွတ်လိုက်သည်။
ကုန်းအာသည် အံကြိတ်လျက် သွားများကြားမှ စကားအနည်းငယ်ကို ပြောလိုက်သည်။
"သားလေး၊ ခုနက ဝင်သွားတဲ့လူတွေ၊ မင်း သူတို့အကြောင်းတောင် မတွေးတာ ပိုကောင်းတယ် မဟုတ်ရင် ကောင်းကင်ဘုရင်တောင် မင်းကို မကယ်နိုင်ဘူး နားလည်လား"
ထိုလူသည် ကုန်းအာ၏စကားကြောင့် အလွန်ထိတ်လန့်သွားကာ ပြာမှုန်သွားသည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အစ်ကိုလေး စိတ်ချပါ၊ ကျွန်တော် သူတို့အကြောင်း ထပ်မပြောရဲတော့ပါဘူး”