← Chapters

အပိုင်း ၃၀၅-၃၀၈

Vol. 16 Ch. 305-308

အပိုင်း ၃၀၅-၃၀၈

Vol. 16 Ch. 305-308

အပိုင်း ( ၃၀၅ )

၃၃ဆပြန်ရခြင်း

လုရှောင်ရသည် ယဲ့ဖန်ကို ကြောင်ကြောင်ကြီးကြည့်နေသည်။

သူ့ကို မှားအပြစ်တင်မိကြောင်း ပေါ်လွင်လာတော့သည်။

ထိုအချိန်မှာ ယဲ့ဖန် အမှတ်မထင်ရွေးချယ်ခဲ့တဲ့ လက်ရေးလှတွေနှင့် ပန်းချီကားတွေက အစစ်တွေဖြစ်နေခဲ့သည်။

သို့ပေမဲ့ သူမကတော့ ယဲ့ဖန်က ဖြစ်သလိုလုပ်နေသည်ဟု ထင်ခဲ့လေသည်။

အဲ့တာကိုတွေးမိပြီး ရှက်စိတ်သာကြီးစိုးနေတော့သည်။

" ယဲ့ဖန် ကျွန်မ တကယ်ဘဲ တောင်းပန်ပါတယ် ........ "

ကျုံးလင်းအယ်ကတော့ သူမရဲ့ ထိတ်လန့်မှုကနေ အသိစိတ်မကပ်သေးပေ။

ယဲ့ဖန်ကိုမြင်ပြီးကတည်းက သူ့ကို မျက်လုံးထဲပင်မထည့်ခဲ့ချေ။

ယဲ့ဖန်က တကယ်ကိုချောမောပေမယ့် လုရှောင်ရက ဒီအတိုင်းခေါ်ထားတဲ့ငတုံးတစ်ယောက်လို့သာ သူမ ခံစားခဲ့ရသည်။

အထူးသဖြင့် ကုန်းလန်ရှန်းကဲ့သို့သော ရှေးဟောင်းပစ္စည်းပညာရှင်တစ်ဦးနှင့် နှိုင်းယှဥ်ကြည့်လျှင် လုံးဝအဆင့်မတူပေ။

အခုမှ သူမ၏အတွေးများက မိုက်မဲလွန်းနေခဲ့သည်ကို သူမ သိလိုက်ရသည်။

တခြားသူက ကျွမ်းကျင်တဲ့ပညာရှင်အဆင့်ရှိသူဖြစ်သည်။

သူက ကုန်းလန်ရှန်းထက်တောင် ပိုသန်မာသေးသည်။

သူက ရှင်းပြဖို့ ပျင်းလွန်းတာဖြစ်မည်။

ဒါမှမဟုတ် သူက ရှင်းပြဖို့တောင် စိတ်ထဲမရှိတာလား။

တစ်ဖက်က တစ်ပွဲကိုတောင် နိုင်မှာ မဟုတ်ဘူးလို့ သူမ ရူးသွပ်စွာ တွေးခဲ့သည်။

ရယ်ချင်စရာကောင်းလောက်အောင်ကို သူမ မိုက်မဲခဲ့တာဖြစ်သည်။

သူတို့နှစ်ယောက်နဲ့ ယှဉ်လျှင် ကုန်းလန်ရှန်းက ပိုပြီးတောင်ထိတ်လန့်သွားရသည်။

သူသည် နှစ်ပေါင်းများစွာ ရှေးဟောင်းပစ္စည်းလောကမှာ ကျင်လည်ခဲ့တာဖြစ်ပြီး အဲ့တာအတွက် သူ အမြဲတမ်းဂုဏ်ယူနေခဲ့ရသည်။

ဒါပေမယ့် သူက ဒီယဲ့ဖန်ဆိုတဲ့လူငယ်ကို ရှုံးခဲ့ရသည်။

ပြီးတော့ သူအသေအကျေကိုရှုံးသွားခဲ့ရသည်။

အဲ့တာက သူ့ကို ဒေါသထွက်စေသည်။

ထိုအကြောင်းကိုစဉ်းစားရင်း ကုန်းလန်ရှန်းက ယဲ့ဖန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

" မင်းက ရှေးဟောင်းပစ္စည်းတွေကို ကျွမ်းကျင်တယ်ဆိုရင် ဘာလို့ လူပြိန်းလို ဟန်ဆောင်နေတာလဲ။ မင်း ဒီလောက် ယုတ်မာမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ပြိုင်ပွဲကိုအနိုင်ရဖို့အတွက် မင်းက ဘာမဆိုလုပ်မယ့်လူစားဘဲ "

ယဲ့ဖန်က နှာခေါင်းရှုံ့လိုက်သည်။

" ကျွန်တော် အမှန်တိုင်းပြောနေတာ။ ခင်ဗျား ကျွန်တော့်ကိုယုံသည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ခင်ဗျားအပေါ်မှာပဲမူတည်တယ် "

သူ့သဘောထားကိုမြင်တော့ ကုန်းလန်ရှန်းက ပိုတောင် ဒေါသဖြစ်သွားသည်။

" မင်း ဟန်ဆောင်နေတုန်းလား။ မင်း ငါ့ကို အထင်သေးနေတာလား "

ထိုသို့ပြောရင်း ယဲ့ဖန်နှင့် ငြင်းခုံရန် ပြေးလာသည်။

ဒီအခိုက်အတန့်တွင် မန်းဒုန်ဟိုင်းက ရုတ်တရက် ဒေါသတကြီးအော်လိုက်သည်။

" မင်း ကိုယ့်ကိုကိုယ် အရှက်ရတဲ့အထိ မဖြစ်သေးဘူးလား။ ရှုံးတာက ရှုံးတယ်ဆိုရင်တောင် အနည်းဆုံးတော့ ဂုဏ်သိက္ခာရှိရှိနဲ့ ရှုံးရမှာပေါ့ "

ကုန်းလန်ရှန်းသည် သူ့ဆရာ၏ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီးတဲ့နောက် ချက်ချင်း ရပ်သွားသော်လည်း မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။

" ရှုံးတယ်လို့ ဘယ်သူပြောလဲ။ အနိုင်ရဖို့ စုစုပေါင်းတန်ဖိုးအများဆုံးရှိပြီး ပစ္စည်းဝယ်ဖို့ ငွေအနည်းဆုံးပမာဏ သုံးတာကို ကြည့်ပြီးဆုံးဖြတ်မှာ။ အခု ငါက ၂.၅သန်းတန်တဲ့ ပစ္စည်းတစ်ခုရထားပြီးတော့ မင်းက ၂ သန်းကနေ ၃ သန်းတန်တဲ့ ပစ္စည်းဘဲရှိတာကို ငါက ဘယ်လိုလုပ်ပြီးရှုံးရမှာလဲ "

မန်းဒုန်ဟိုင်းသည် သူ့တပည့်၏စကားကိုကြားသောအခါ အလွန်စိတ်ပျက်သွားရသည်။

သူ့တပည့်က ခေါင်းမာမာနဲ့ ဆက်ပြီး ခုခံနေဦးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လုရှောင်ရသည် ကြေးထည်ပြိုင်ပွဲမှာ သူမ၏ဆုံးဖြတ်ချက်က အမှားအယွင်းမရှိခဲ့လျှင်

တကယ် ယဲ့ဖန်တို့က အနိုင်ရပြီးသားဖြစ်နေမှာဖြစ်သည်။

သူက အရှုံးမပေးသေးတာကြောင့် သူ့ရဲ့ခေါင်းမာမှုက နောက်ဆုံးမာနကိုတောင် ပျက်စီးစေနိုင်သည်။

အဲ့တာကိုတွေးပြီး ဝမ်ပိုင်မင်းကို ချက်ချင်းလှည့်ကြည့်လိုက်သည်။

" ဝမ်လူကြီးမင်း၊ ကျေးဇူးပြုပြီး ဒုတိယအကျော့ရလဒ်ကို ကြေညာပေးပါ "

ဝမ်ပိုင်မင်းက ခေါင်းငြိမ့်လိုက်ပြီး ယဲ့ဖန်ကို လေးလေးနက်နက်ကြည့်လိုက်သည်။

" ဒုတိယအကျော့မှာ ကုန်းလန်ရှန်းနဲ့ ကျုံးလင်းအယ်တို့က ယွမ် ၂၀၀,၀၀၀ သုံးစွဲခဲ့ကြပြီး နောက်ဆုံးတန်ဖိုးကတော့ ယွမ် ၅၀၀,၀၀၀ ရခဲ့တာကြောင့် ၂.၅ဆ ပြန်ရလာခဲ့ပါတယ် "

" ယဲ့ဖန်နဲ့လုရှောင်ရတို့ကတော့ ယွမ် ၉၅,၀၀၀ အကုန်အကျခံပြီး နောက်ဆုံးတန်ဖိုးက ..... ၃,၁၂၀,၀၀၀ ဖြစ်တာကြောင့် ၃၃ဆ ပြန်ရခဲ့ပါတယ် "

ရလဒ်ကို လူတိုင်းသိပြီးပေမဲ့ ဝမ်ပိုင်မင်း၏ကြေညာချက်ကို ကြားလိုက်ရသောအခါမှာတော့ သူတို့မတတ်နိုင်ဘဲ ဟာခနဲဖြစ်သွားကြရသည်။

" ဘုရားရေ၊ ၃၃ ဆ ပြန်ရတာလား။ ဒါက ချဲ့ကားလွန်းတယ် မဟုတ်လား "

" မှန်တယ်။ ယွမ် ၁သိန်းထက်နည်းတဲ့ငွေနဲ့ ယွမ်၃သန်းကျော်တန်ဖိုးရှိတဲ့ပန်းချီကားတွေကို ဝယ်နိုင်ခဲ့တာဆိုတာကြီးက တကယ်ကို ကြောက်စရာကောင်းတယ် "

" အရင်တုန်းက ဉာဏ်ကြီးရှင်ဆိုတာ ဘာမှန်းမသိခဲ့ဘူး။ ဒါပေမယ့် အခုတော့ နားလည်လိုက်ပြီ။ သူက လုံးဝလူသားမဟုတ်ဘူး။ သူက နတ်ဘုရားပဲ "

" ပိုတောင်ရှားတာက သူက အသက်ငယ်သေးတာဘဲ။ သူ့ကြည့်ရတာ အသက် နှစ်ဆယ်ကျော်ဘဲ ရှိသေးဦးမယ်။ သူ့အနာဂတ်က အကန့်အသတ်ရှိမှာ မဟုတ်ဘူး "

" သူ့ရဲ့ အဆက်အသွယ်အချက်အလက်ကို ရဖို့အတွက် နည်းလမ်းရှာရမယ်။ ငါသူ့ကို ငါ့ဆရာအဖြစ် အသိအမှတ်ပြုချင်တယ် "

" ဘာတွေလာပြောနေတာလဲ။ သူက မင်းကို သဘောကျမယ်လို့ မင်းထင်လား "

" .......... "

မန်းဒုန်ဟိုင်းက ဝမ်ပိုင်မင်း၏ဒုတိယပွဲရလဒ်ကြေညာတာအပြီးကိုစောင့်နေခဲ့ပြီး ဆက်သည်။

" ကြွေထည်အကဲဖြတ်ပွဲအတွက် ရလဒ်ကိုကြေညာပါမယ် "

လူတိုင်းက ချက်ချင်းစိတ်လှုပ်ရှားလာကြတော့သည်။

ကြေးထည်နဲ့ ပန်းချီလက်ရေးလှပြိုင်ပွဲတို့က သိပ်မကြီးပေမဲ့ နောက်ဆုံးပွဲကတော့ အရမ်းအရေးပါသည်။

မန်းဒုန်ဟိုင်းက ကုန်းလန်ရှန်းရွေးခဲ့တဲ့ သုန်းချိုက်ယွမ်ကြွေပန်းကန်အစုံကို အရင်ဆုံးကောက်ယူလိုက်သည်။

" ဒီပန်းကန်အစုံက အစစ်ဖြစ်တယ်။ ၅၀၀,၀၀၀ ပေးမယ် "

ထိုသို့ပြောတာနဲ့ ကြည့်ရှုနေသူတွေ လှုပ်ခတ်သွားပြန်သည်။

" ကုန်းလန်ရှန်းက တကယ်စွမ်းဆောင်ရည်ရှိတာဘဲ။ သုန်းချိုက်ယွမ်တစ်စုံက ၅သိန်းဘဲရပေမဲ့ နဂိုဈေးထက်တော့ ၁၀ဆ ပိုများတယ်လေ "

" ဟုတ်တယ်၊ သူက ဘက်စုံတော်တဲ့သူဘဲ။ ကြေးထည်နဲ့ လက်ရေးလှ၊ ပန်းချီတွေဘက်မှာတင်မဟုတ်ဘဲ ကြွေထည်မှာတောင် တော်တာ "

" အခြားပညာရှင်အများစုက အဲ့တာတွေထဲက တစ်မျိုးတည်းဘဲ ထူးချွန်ကြတယ်လေ။ ဒီလိုမျိုး အကုန်တော်ကိုတော့ ရှာတွေ့ဖို့က တကယ်ရှားတယ် "

" ယဲ့ညီလေးက ဒီအချိန်မှာတော့ ဒုက္ခရောက်နေမယ်ထင်တယ်။ သူက လက်ရေးလှနဲ့ ပန်းချီမှာတော့ အရမ်းကောင်းနိုင်ပေမယ့် ကြွေထည်မှာတော့ မကျွမ်းကျင်လောက်ဘူး "

" မှန်တယ်။ သူ့အသက်အရွယ်အရ လက်ရေးလှနဲ့ ပန်းချီကို ကျွမ်းကျင်ဖို့တောင် အရမ်းရှားနေပြီ။ ကြွေထည်နဲ့ ပတ်သက်ပြီးကတော့ သူက ကုန်းလန်ရှန်းကို ယှဉ်လို့မရနိုင်လောက်ဘူး "

ကျုံးလင်းအယ်က အခုအချိန်မှာ အလွန်စိတ်လှုပ်ရှားနေတော့သည်။

ကုန်းလန်ရှန်းသည် ကြွေထည်ပညာသည် အလွန်နက်ရှိုင်းပြီး သူကိုယ်တိုင်လည်း အဲ့တာကို အရမ်းမကျွမ်းကျင်ကြောင်းကို အရင်က သူမကို ပြောပြခဲ့ဖူးသည်။

ထို့ကြောင့် သူမက ဒီအချီတွင် ယုံကြည်မှုများများစားစားမရှိခဲ့ပေ။

သို့သော်လည်း မန်းဒုန်ဟိုင်း၏ကြေငြာချက်ကို သူမ ကြားလိုက်ရသောအခါတွင် သူမ အံ့အားသင့်သွားခဲ့ရသည်။

" ရှင်က အရမ်း နှိမ့်ချလွန်းမနေဘူးလား။ ဒါကို မကောင်းဘူးလို့ ခေါ်တာလား။ ဒါဆို ဘယ်အရာက ကောင်းတယ်လို့ ယူဆရမှာလဲ "

ကုန်းလန်ရှန်း သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ လောင်းကြေးထပ်ခဲ့ကြောင်း ဝန်ခံပါသည်။

ကံကောင်းထောက်မစွာဖြင့် သူကံကောင်းခဲ့ပြီး အလောင်းအစားကို အနိုင်ရခဲ့သည်။

သူက ကြွေထည်တစ်စုံကို ယွမ် ၅၀,၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ယွမ် ၅၀၀,၀၀၀ တန်ကြေးရှိတဲ့ဟာဖြစ်နေခဲ့သည်။

ဆယ်ဆတိုးရလာခဲ့သည်။

ဒါက သာမာန်လူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ပေ။

တစ်ဖက်တွင် လုရှောင်ရက နည်းနည်းစိတ်ပျက်နေပုံရသည်။

ကြေးထည်ပြိုင်ပွဲတွင် သူမအမှားကြောင့်သာမဟုတ်ရင် အခုအချိန်မှာ သူတို့နိုင်မှာဖြစ်သည်။

ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ ပြိုင်ပွဲကို ဆက်လက်ကျင်းပနေရသည်။

ထို့အပြင် တစ်ဖက်မှ ရလဒ်တွေက အလွန်မျက်စိကျစရာကောင်းနေသည်။

ယဲ့ဖန်ရွေးချယ်ထားသောကြွေထည်တွေက လက်ရာကောင်းမွန်သောတဲ့ပစ္စည်းမဟုတ်ပါက သူတို့သည် ဒီပြိုင်ပွဲကို ရှုံးမှာဖြစ်သည်။

ပြိုင်ပွဲကို ရှုံးလျှင် သူမ ရင်ဆိုင်ရမည့်ပြစ်ဒဏ်တွေကိုတွေးပြီး ခေါင်းကိုက်လာတော့သည်။

ကျုံးလင်းအယ်သည် ဂုဏ်ယူစွာဖြင့် လျှောက်လာပြန်သည်။

" ညီမလေးရှောင်ရ၊ ဒီအချီကိုလည်း ငါတို့ ထပ်ပြီး အနိုင်ရသွားမယ်ထင်တယ် "

လုရှောင်ရ အံကြိတ်လိုက်မိသည်။

" ဟမ်၊ ဘာတွေဂုဏ်ယူနေတာလဲ။ ဆရာကြီးမန်းက ငါတို့ရဲ့ ရလဒ်တွေကို မကြေညာရသေးဘူး "

ကျုံးလင်းအယ်က ချက်ချင်း ကဲ့ရဲ့လိုက်သည်။

" ယဲ့ဖန်က လက်ရေးလှနဲ့ ပန်းချီမှာတော့ တော်လောက်ပေမယ့် သူက ကြွေထည်မှာတော့ မရလောက်ဘူး။ ငါတို့ကို အနိုင်ယူဖို့ လွယ်မှာမဟုတ်ဘူး "

လုရှောင်ရသည် ပြန်မပြောနိုင်ပေ။

သူမက ယဲ့ဖန်ကို အမြန်ကြည့်လိုက်သည်။

သို့သော် သူ့အမူအရာက အတူတူဘဲဖြစ်ပြီး ခံစားချက်တွေကို မမြင်နိုင်ပေ။

ဒီတစ်ယောက်လည်း အတူတူပဲ။

ရှင် ကျွန်မကို ကြည့်ပေးလို့ မရဘူးလား။

ကျွန်မကို ယုံကြည်မှုလေးနည်းနည်းပေးစမ်းပါ။

ထိုအချိန်မှာဘဲ မန်းဒုန်ဟိုင်းက ပြောသည်။

" ယဲ့ဖန်နဲ့ လုရှောင်ရရဲ့ ရလဒ်တွေကို ကြေညာပေးပါ့မယ် "

" ပဲတီစိမ်းရောင်ပန်းပွင့်ပုံနှိပ်ထားတဲ့ အောက်ခြေပန်းကန်ပြားက အစစ်အမှန်ဖြစ်တယ်လို့ သတ်မှတ်ပြီးတော့ တန်ဖိုးက ......... ၄၅၀,၀၀၀ "

" ဟာာာ ..... "

လူတိုင်း ရင်သပ်ရှုမောသွားကြရသည်။

အပိုင်း ( ၃၀၆ )

သူမဘက်မှ အရင်စတင်လှုပ်ရှားခြင်း

ယဲ့ဖန်က လက်ရေးလှနှင့်ပန်းချီမှာသာတော်ပြီး ကြွေထည်ပိုင်းမှာတော့ သိပ်မသိလောက်ဘူးဟု လူတိုင်းကထင်ခဲ့ကြသည်။

ဘယ်လိုဘဲဖြစ်ဖြစ် ယဲ့ဖန်၏အသက်အရ ဒီလိုအပိုင်းမှာ သေချာလေ့လာထားနိုင်ဖို့က အခွင့်အရေးရှားပါးလိမ့်မည်။

သို့ပေမဲ့ ယဲ့ဖန်က အဲ့လောက်တော်နေမယ်လို့ ထင်မထားပေ။

ပထမဆုံးတစ်ခုကပင် ယွမ် ၄၅၀,၀၀၀ တန်ဖိုးရှိပြီး ကုန်းလန်ရှန်း၏ပစ္စည်း ယွမ် ၅၀၀,၀၀၀ နဲ့ သိပ်မကွာပေ။

ယဲ့ဖန်က ကြွေထည် ၆မျိုးယူလာတာကို မှတ်ထားရမည်။

ဒီတစ်ခါမှာလည်း ကြည့်ရတာ စိတ်ဝင်စားစရာကောင်းလိမ့်မည်။

လုရှောင်ရက စိတ်လှုပ်ရှားစွာဖြင့် ယဲ့ဖန်၏လက်မောင်းကို ချက်ချင်းဖက်လိုက်သည်။

" ယဲ့ဖန်၊ ရှင်က အရမ်းကို အံ့ဩစရာကောင်းတာဘဲ "

သူမ ဒီပွဲအတွက် မျှော်လင့်ချက်တွေအားလုံးကို လက်လွှတ်ထားတာဖြစ်သည်။

ယဲ့ဖန်က သူမကို ထပ်တလဲလဲ အံ့ဩစရာတွေယူလာပေးလိမ့်မယ်လို့ ထင်မထားခဲ့ပေ။

အခုတော့ သူတို့က အောင်နိုင်ခြင်းရောင်ခြည်ကို တွေ့နိုင်နေပြီဖြစ်သည်။

ပြီးတော့ ယဲ့ဖန်က သူ့လက်ကို သူမရင်သားနဲ့ပွတ်မိနေတာကြောင့် နှလုံးသားထဲမှာ ပုရွက်ဆိတ်တက်လာနေတော့သည်။

သူ့လက်မောင်းကို ပြန်ဆွဲလိုက်ချင်ပေမဲ့ အရမ်းသိသာမှာစိုးပြီး သူမအတွက် အမြင်မကောင်းမှာစိုးရိမ်တာကြောင့် ဒီအတိုင်းဖက်ခံလျက်နဲ့သာနေလိုက်သည်။

ကျုံးလင်းအယ်၏စိတ်ခံစားချက်ကတော့ လုရှောင်ရနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။

အစပိုင်းမှာလို သူမမှာ ယုံကြည်ချက်မရှိတော့ပေ။

သူမနှလုံးသားက လည်ချောင်းထဲထိပျို့တက်လာသလိုခံစားနေရသည်။

ယဲ့ဖန်ရွေးထားတဲ့ကျန်တဲ့ကြွထေည်တွေက အတုဖြစ်ပါစေလို့သာ သူမစိတ်ထဲက ကြိတ်ဆုတောင်းနေရတော့သည်။

အဲ့လိုဆိုရင်တော့ မျှော်လင့်ချက်အနည်းငယ်ကျန်နေနိုင်သည်။

သို့ပေမဲ့ ကိစ္စတွေက လုံးဝကို ပြောင်းပြန်ဖြစ်သွားတတ်လေသည်။

သူမ မနားတမ်းဆုတောင်းနေပေမဲ့ မန်းဒုန်ဟိုင်းက ဆက်ပြီးကြေညာသည်။

" ဒုတိယပစ္စည်းဖြစ်တဲ့ အပြာရောင်ပန်းပုံပါတဲ့ကြွပေန်းကန်လုံးကလည်း ........ ရေနည်းနည်းသောက်ပါရစေဦး "

" ဖူး ........ "

လူတိုင်းက သွေးအန်ထွက်မတတ်ဖြစ်သွားရသည်။

ဒီဆရာကြီးမန်းက အရမ်းဆိုးတာဘဲ။

သူက ရှေးဟောင်းပညာရှင်ဆရာကြီးဖြစ်ပေမဲ့ လူတွေကို ဘယ်လိုကစားရမလဲဆိုတာကို သူသိတယ်။

မန်းဒုန်ဟိုင်းရဲ့အပြုအမူကြောင့် အားလုံးကပိုပြီးစိတ်ဝင်စားလာကြတော့သည်။

အထူးသဖြင့် ကျုံးလင်းအယ်နှင့် ကုန်းလန်ရှန်းတို့မှာ နဖူးတွင်ချွေးသီးချွေးပေါက်များဖြင့်ကျလာကြတော့သည်။

သူတို့ စိတ်လှုပ်ရှားလွန်းလို့ အသက်ရှူဖို့ပင်ခက်လာသည်။

မန်းဒုန်ဟိုင်းက ရေနွေးကြမ်းကိုတစ်ငုံသောက်ပြီး ဆက်ကြေညာသည်။

" အပြာရောင်ပန်းပုံအောက်ခြေမှာရိုက်ခတ်ထားတဲ့ပန်းကန်လုံးကလည်း ........ အစစ်ဖြစ်ပါတယ်။ တန်ဖိုးက ၅၂၀,၀၀၀ ....... "

ထိုအဖြေကိုကြားတဲ့အခါ ကျုံးလင်းအယ်ခြေထောက်ပျော့ခွေသွားပြီး မြေပေါ်လဲကျမတတ်ဖြစ်သွားရသည်။

ယဲ့ဖန်၏ကြွေထည်ပစ္စည်းနှစ်မျိုးက စုစပြေါင်း ၉၇၀,၀၀၀ ရှိနေပြီဖြစ်သည်။

သူတို့ရဲ့ကြွေထည်ထက် အများကြီးပိုသာနေတော့သည်။

ပြီးတော့ အရေးအကြီးဆုံးဖြစ်တာက ယဲ့ဖန်က ဒီပစ္စည်းတွေကိုဝယ်ဖို့ ကုန်းလန်ရှန်းထက်ပိုနည်းတဲ့ငွေပမာဏကိုသုံးဝယ်ခဲ့လေသည်။

အကဲဖြတ်မှုရလဒ်ကို ကြေညာစရာပင်မလိုတော့ပေ။ ပြိုင်ပွဲရလဒ်က ထွက်နေပြီဖြစ်သည်။

အနိုင်ရသူကို ဆုံးဖြတ်ပြီးဖြစ်သည်။

သူမက အရမ်းကိုအရှက်ကွဲရမယ့်အပြစ်ကို ခံရတော့မှာဖြစ်သည်။

အဲ့တာတင်မကဘဲ သူမက အခုကစပြီး လုရှောင်ရကို 'အစ်မ'ဟုခေါ်ရမှာဖြစ်သည်။

သူမ ကားခေါင်မိုးပေါ်တက်ပြီး ' အစ်မရှောင်ရ၊ ညီမလေးလင်းအယ်က တောင်းပန်ပါတယ်။ မသိတတ်မှုကိုခွင့်လွှတ်ပေးပါ ' ဟု အော်ရဦးမည်။

ထိုအတွေးနဲ့တင် ရှက်လွန်းလို့သေချင်မိသည်။

ကုန်းလန်ရှန်းသည်လည်း အရမ်းကို အံ့ဩနေသည်။

သူ့အပြစ်က ကျုံးလင်းအယ်ထက်ပိုဆိုးလေသည်။

ရှေးဟောင်းပစ္စည်းလမ်းထဲက ယဲ့ဖန်ရွေးသမျှကို ဝယ်ပေးရမယ့်အပြင် ယဲ့ဖန်ဆီမှာရှုံးရပါက ရှေးဟောင်းပစ္စည်းလောကထဲကို ဘယ်တော့မှ ထပ်မဝင်တော့ပါဘူးဟု ပြောခဲ့မိသည်။

ထိုအချိန်တုန်းက ကုန်းလန်ရှန်းသည် ယဲ့ဖန်ကို အပျော်တမ်းသမားဟုထင်ခဲ့ပြီး တမင်တကာ လှောင်ရယ်ခဲ့တာဖြစ်သည်။

ဒီတစ်ယောက်က ဒီလိုအလှည့်အပြောင်းကြီးဖန်တီးလိုက်မယ်လို့ ဘယ်သူက တွေးထင်ခဲ့မိမှာလဲ။

အခု ရလဒ်တွေကထွက်လာပြီဖြစ်သညထ။

သူ့ဂုဏ်ကိုဆယ်ပြီး ဒီလောကကနေ တကယ်ဘဲထွက်ခွာရမှာလား။

သူ ဒီရှေးဟောင်းပစ္စည်းတွေအတွက် အများကြီးကြိုးစားအားထုတ်ခဲ့ရသည်။ ဒါတွေအားလုံးက ပျက်စီးရတော့မှာလား။

ထိုအတွေးကြောင့် ကုန်းလန်ရှန်း ကမ္ဘာကြီးချာချာလည်လာသည်ဟုခံစားရတော့သည်။

ကမ္ဘာကြီးက မှောင်မဲလာရတော့သည်။

လုရှောင်ရကတော့ မြေပေါ်မှာဆောင့်ကြောင့်ထိုင်ပြီး မျက်ရည်ဝဲနေတော့သည်။

ယဲ့ဖန်ကြောင်သွားသည်။

" နိုင်သွားတာမဟုတ်လား။ ဘာလို့ငိုနေတာလဲ "

လုရှောင်ရက ငိုနေဆဲဖြစ်သည်။

" ဒီနေ့ရှုံးမယ်ထင်ပြီး ရှင့်ကိုဘဲအပြစ်တင်နေတာ။ ကျွန်မတို့တကယ်ကြီးနိုင်သွားမယ်လို့ မထင်ထားဘူး ....... "

ယဲ့ဖန် ရယ်ရမလား ငိုရမလားပင်မသိတော့ပေ။

" မင်း ........... "

သူက သူမကို ချော့တော့မယ့်အချိန်မှာဘဲ မထင်မှတ်ထားစွာဖြင့် လုရှောင်ရက ရုတ်တရက်ကြီးထရပ်ပြီး သူ့ကိုဖက်သည်။

" ကျေးဇူးတင်ပါတယ်၊ ယဲ့ဖန်။ တကယ်ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်က လက်ကိုလေထဲမှာမြှောက်ထားပြီး သူ့အပြစ်ကင်းစင်မှုကို ပြသလိုက်သည်။

ခင်ဗျားတို့အားလုံးမြင်တယ်နော်။

သူမက အရင်စတဲ့သူ။ ကျွန်တော် ဘာမှမလုပ်ဘူး။

ပွဲကြည့်နေတဲ့သူတွေကလည်း အတော်လေးစိတ်လှုပ်ရှားနေကြသည်။

" ဘုရားရေ၊ ဒီညီလေးယဲ့ကနိုင်သွားတာလား။ မယုံနိုင်စရာဘဲ "

" ဟုတ်တယ်၊ ဆရာကြီးမန်းရဲ့တပည့်က ရှုံးသွားမယ်လို့ ဘယ်သူထင်မှာလဲ။ ပြီးတော့ ဆိုးဆိုးရွားရွားကို ရှုံးသွားတာ "

" ကြည့်ရတာ ဆရာကြီးမန်းရဲ့တပည့်က ထင်သလောက်မဟုတ်ဘူးထင်တယ်။ အရည်အချင်းမရှိသလိုဘဲ "

" အဲ့လိုပြောလို့မရဘူးလေ။ တကယ်တော့ ကုန်းလန်ရှန်းကလည်း အတော်လေး အင်အားကြီးပါတယ်။ ကံမကောင်းလို့ ဒီနေ့မှာ သူ့ထက် ပိုအင်အားကြီးတဲ့သူနဲ့ ဆုံလိုက်ရလို့ပါ "

မန်းဒုန်ဟိုင်းသည် စိတ်ဝိဉာဉ်ပါထိခိုက်သွားပုံရတဲ့သူ့တပည့်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

သူက ဒီကနေ သင်ခန်းစားရလိမ့်မယ်လို့ မျှော်လင့်မိသည်။

သူ့ကိုသနားပေမဲ့လည်း ကျန်တဲ့ကြွေထည်လေးစုံကို ဆက်ပြီး အကဲဖြတ်ပေးရဦးမှာဖြစ်သည်။

" တတိယ နဂါးတိမ်ပုံနဲ့ပန်းအိုးက အစစ်ဖြစ်ပြီးတော့ ၅၆၀,၀၀၀ ယွမ် တန်ဖိုးရှိပါတယ် "

" လေးခုမြောက် အဖြူရည်ကြည်တင်ထားတဲ့သမင်နှစ်ကောင်ပန်းကန်ကလည်း အစစ်ဖြစ်ပြီး ခန့်မှန်းတန်ဖိုးက ၇၂၀,၀၀၀ ပါ "

" စတုတ္ထမြောက်သမင်မင်ပြားက ခန့်မှန်းတန်ဖိုး ၇၂၀,၀၀၀ ရှိတဲ့ အစစ်ပါ "

" ငါးခုမြောက် အပြာရောင်ပန်းပွင့်ရှစ်ပွင့်ပန်းကန်ကလည်း အစစ်ဖြစ်ပြီး ဈေးနှုန်းက ၉၈၀,၀၀၀ ပါ "

" ခြောက်ခုမြောက်ကတော့ ကျွမ်းသိုးသုံးကောင်ရဲ့တရားဝင်အတုအပဖြစ်ပြီးတော့ အစစ်ဖြစ်တယ်လို့ အကဲဖြတ်ပါတယ်။ ဈေးနှုန်းက ၁,၀၂၀,၀၀၀ ဖြစ်ပါတယ် "

ပြိုင်ပွဲရလဒ်က ပေါ်လာပြီဖြစ်ပေမဲ့ မန်းဒုန်ဟိုင်းမှ ကျန်တဲ့ပစ္စည်းလေးခုကို ကြေညာပြီးတဲ့အခါ အားလုံးက ထပ်အံ့ဩရဆဲဖြစ်သည်။

" အမလေး ဘုရားရေ၊ ဒီကြွေထည် ၆မျိုးက စုစုပေါင်း ၄သန်းမက တန်ဖိုးရှိတာလား "

" ကြည့်ရတာ သူဝယ်တုန်းက ၅သောင်းဘဲပေးခဲ့ရတာလေ၊ ဟုတ်တယ်မလား။ ဒါက အဆ ၁၀၀ မက ပြန်ရလိုက်တာဘဲ "

" ငါ့အတွေ့အကြုံနဲ့ အနာဂတ်မှာ ဒီလိုသာ အဆ ၁၀၀ မက ပြန်မရရင် ငါတော့ အပေါက်ရှာပြီးသာသေလိုက်ချင်တော့တယ် "

" ဒီယဲ့ညီလေးက တစ်ပွဲလုံးမှာ ဘယ်လောက်တောင်မြတ်လိုက်လဲ တွက်မိကြလား "

" ငါအခုလေးတင်တွက်လိုက်မိတာတော့ ကြေးထည်က ၅သန်းလောက်ရတယ်။ ပန်းချီနဲ့လက်ရေးလှက ၃သန်းကျော်နဲ့ ကြွေထည် ၄သန်းပါ ပေါင်းထည့်မယ်ဆို စုစုပေါင်း ၁၂သန်းမကဘူးဘဲ "

" ဘုရားဘုရား၊ ဒါတောင် သူက စုစုပေါင်း ၂သိန်းဘဲသုံးပြီးဝယ်ခဲ့တာ။ ဒါပေမဲ့ ၁၂သန်းပြန်ရသွားတာလား။ ဒါကြီးက ဘဏ်ဓားပြတိုက်တာထက်တောင်မြန်သေးတယ် "

လူအုပ်ကြီးက တက်တက်ကြွကြွဆွေးနွေးနေကြသည်။

သူတို့က ယဲ့ဖန်၏ပြောင်မြောက်တဲ့စွမ်းရည်တွေကြောင့် မှင်သက်နေကြသည်။

ဝမ်ပိုင်မင်းက နောက်ဆုံးပွဲရလဒ်ကိုကြေညာတော့သည်။

" ပွဲပြီးသွားပြီးတော့ ယဲ့ဖန်နဲ့ လုရှောင်ရတို့က အနိုင်ရသွားပါတယ် "

လုရှောင်ရသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ခုန်ပေါက်‌နေတော့သည်။

ဒီနေ့ ကျိန်းသေပေါက် ရှုံးလိမ့်မယ်လို့ သူမ ထင်ခဲ့သည်။

ယဲ့ဖန်၏အကူအညီဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့အခြေအနေမှ ပြန်ထလာနိုင်ခဲ့ပြီး ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။

သူမ အရင်က ဒီလောက်တောင် မပျော်ခဲ့ဖူးပေ။

တစ်ဖက်တွင် ကုန်းလန်ရှန်းနှင့် ကျုံးလင်းအယ်တို့၏ မျက်နှာတွေက ဖြူစုတ်စုတ်ဖြစ်နေကြသည်။

ဒီအချိန်မှာတော့ ရှုံးနိမ့်မှုက သတ်မှတ်ပြီးဖြစ်သည်။

ထို့အပြင် သူတို့သည် အကြီးအကျယ်ရှုံးနိမ့်ခဲ့ရသည်။

နောက်ပြီးတော့ သူတို့၏လောင်းကြေးကို ပေးဆပ်ဂုဏ်ပြုရမည့်အချိန်ဖြစ်သည်။

အပိုင်း ( ၃၀၇ )

ဖုံးကွယ်ထားသော ပန်းချီကား

" ဘာကိုစောင့်နေသေးတာလဲ အနိုင်ရတာကို ဂုဏ်ပြုပေးဖို့ အချိန်တန်ပြီလေ "

သူတို့နှစ်ဦးက အံ့အားသင့်နေသေးသည်ကို မြင်လိုက်ရပြီး လုရှောင်ရက ချက်ချင်းပင် သူတို့ကို သတိပေးလိုက်သည်။

ကျုံးလင်းအယ်က အံကို ကြိတ်လိုက်သည်။

အဆုံးတွင် သူမက သူမကိုယ်သူမ စိတ်တင်းပြီး လုရှောင်ရဆီသွားက ဆန္ဒမပါဘဲ 'အစ်မလုရှောင်ရ' ဟုခေါ်လိုက်သည်။

လုရှောင်ရက ကျေနပ်စွာဖြင့် ပုခုံးကို ပုတ်လိုက်သည်။

" ညီမလေး၊ နင် ငါ့ကို အခုကစပြီး အစ်မလို့ ခေါ်ဖို့ မမေ့နဲ့ "

ကျုံးလင်းအယ်က သူမ၏လက်သီးများကို တင်းကျပ်စွာဆုပ်ထားသည်။

" အဲ့ဒီလောက် ဘဝင်မြင့်မနေပါနဲ့။ ဒီတစ်ခါတော့ ရှုံးတယ်။ ငါ့အရှုံးကို ကျေကျေနပ်နပ် လက်ခံတယ်။ ဒါပေမယ့် နင်က ငါ့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း ညီမလေးအဖြစ်ဘဲရှိနေမှာ "

လုရှောင်ရက ပြောလိုက်သည်။

" နင့်ရဲ့အရှုံးကို လက်ခံဖို့ ဆန္ဒရှိတာကြောင့် ဒုတိယလောင်းကြေးကို ဂုဏ်ပြုဖို့ အချိန်တန်ပြီ "

ကျုံးလင်းအယ် တုံ့ဆိုင်းသွားရသည်။

လုရှောင်ရကို 'အစ်မ' လို့ ခေါ်ဖို့တောင် သူမအတွက် အတော်ခက်နေပြီဖြစ်သည်။

အခုတော့ သူမက ကားခေါင်မိုးပေါ်မှာရပ်ကာ ရှက်စရာကောင်းသော စကားများကို အော်ပြောရမှာဖြစ်သဖြင့် သူမကို သတ်သေလိုက်တာကမှ ပိုကောင်းလိမ့်ဦးမည်။

ကျုံးလင်းအယ်သည် သူမ၏ကတိကို ကျေပွန်ရန် ဆန္ဒမရှိသည်ကို လုရှောင်ရ မြင်လိုက်ရပြီး ချက်ချင်း စကားပြန်ပြောလိုက်သည်။

" ဘာလဲ။ သူရဲဘောကြောင်တာလား။ ကောင်းပြီ၊ နင်က နင့်ရဲ့ စကားကို မတည်ဘဲ သူရဲဘောကြောင်တယ်လို့ ဝန်ခံရင် ငါ နင့်ကို လွှတ်ပေးလိုက်မယ် "

ကျုံးလင်းအယ်က သူမကို ဒေါသထွက်သွားခဲ့သည်။

ချက်ချင်းပင် သူမ၏ သွေးဆူပွက်လာရသည်။

သူမသည် ချက်ချင်း လူအုပ်ကြားမှဖြတ်သွားကာ သူမ၏ Mercedes-Benz ရှေ့သို့ လျှောက်သွားသည်။

ခြေလှမ်းအနည်းငယ်သွားပြီးနောက် ကားခေါင်မိုးပေါ်သို့ တက်သွားသည်။

" အစ်မရှောင်ရ၊ ညီမလေးလင်းအယ်က အမှားကို သိပါပြီ။ ညီမလေးရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ "

" အစ်မရှောင်ရ၊ ညီမလေးလင်းအယ်က အမှားကို သိပါပြီ။ ညီမလေးရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ "

" အစ်မရှောင်ရ၊ ညီမလေးလင်းအယ်က အမှားကို သိပါပြီ။ ညီမလေးရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ "

သူမ၏ အသံသည် အဆုံးမရှိတဲ့ အရှက်ကွဲခြင်းများဖြင့် ပြည့်နှက်နေသည်။

အဆုံးမှာတော့ သူမ ငိုချင်သလိုလိုပင်ဖြစ်လာရသည်။

လူအုပ်ကြီးထံမှ ရယ်မောသံကိုလည်း ကြားနေရသည်။

ဒါပေမယ့် ထိုကောင်မလေးကို သဘောကျတဲ့လူအနည်းစုလည်း ရှိနေခဲ့သည်။

လူအများရှေ့မှာ ဒီလို 'မဖွယ်မရာ' မျိုးကို လုပ်နိုင်ဖို့က ....... အမှန်ပင် သတ္တိများစွာ လိုအပ်သည်။

လုရှောင်ရသည် ကျုံးလင်းအယ်၏အရှုံးကို ဗီဒီယိုအဖြစ် မရိုက်ကူးခဲ့ချေ။

နည်းနည်းလွန်သွားပြီလို့တောင် ခံစားရသည်။

နှစ်သိမ့်ပေးရန် သူမပြန်လာမည့်အချိန်ကို စောင့်နေသည်။

သို့သော်လည်း ကျုံးလင်းအယ်သည် သူမ၏လောင်းကြေးကို ဖြည့်ဆည်းပေးပြီးတဲ့နောက် ချက်ချင်း ကားပေါ်မှ ခုန်ဆင်းလာခဲ့သည်။

လုရှောင်ရကို မုန်းတီးစွာ စိုက်ကြည့်နေသည်။

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်ကိုပင် စိုက်ကြည့်နေသည်။

ထို့နောက် သူမက လှည့်ကာ ကားပေါ်သို့ တက်သွားခဲ့တော့သည်။

လုရှောင်ရ ဘာလုပ်ရမယ်မှန်းမသိ သက်ပြင်းချလိုက်သည်။

သူတို့နှစ်ယောက်ကြားမှ ပဋိပက္ခတွေက ပိုပိုပြီး နက်ရှိုင်းလာနေသည်။

အချိန်တိုအတွင်းမှာ ညှိနှိုင်းရန် လုံးဝမဖြစ်နိုင်ပေ။

ယဲ့ဖန်လည်း မှားစွပ်စွဲခံရတယ်လို့ ခံစားမိသည်။

သူက ကူညီဖို့ ဒီမှာ ရှိနေခဲ့တာလေ။

မင်းက ငါ့ကိုဘာလို့စိုက်ကြည့်သွားတာလဲ။

ထိုအချိန်မှာပဲ ကုန်းလန်ရှန်းက သူ့ဆီကို လှမ်းလာသည်။

" ကျွန်တော့်အရှုံးကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်။ ရှေးဟောင်းလမ်းကနေ ကြိုက်တဲ့ ရှေးဟောင်းပစ္စည်းကို ရွေးလို့ရပါတယ် "

ယဲ့ဖန်က သူနဲ့ စကားပြောပြီး အချိန်မဖြုန်းမနေပေ။

သူက ချက်ချင်းလှည့်သွားပြီး လက်ရေးလှနဲ့ ပန်းချီဆိုင်ဆီသို့ လျှောက်သွားသည်။

ကုန်းလန်ရှန်း၏အကြည့်များက သူ့နောက်သို့ အနီးကပ်လိုက်လာခဲ့သည်။

သူ အလွန်စိတ်လှုပ်ရှားနေရသည်။

လောင်းကြေးအရ တစ်ဖက်သူက ဘာကိုဘဲရွေးချယ်ပါစေ ငွေပေးချေရမည်ဖြစ်သည်။

သို့သော် သူ၏ ပိုင်ဆိုင်မှုတစ်ခုလုံးသည် လက်ရှိမှာ သန်းဆယ်ဂဏန်းမျှသာရှိသေးသည်။

တကယ်လို့ တစ်ဖက်သူက ယွမ်သန်းပေါင်းများစွာတန်တဲ့ ရှေးဟောင်းပစ္စည်းကို ကောက်ယူလိုက်ပါက သူ ချက်ချင်းဒေဝါလီခံသွားမည်ဖြစ်သည်။

သို့သော်လည်း ယဲ့ဖန်သည် သူထင်သလောက် အရှက်မရှိတဲ့သူမဟုတ်ပေ။

တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းလက်ရေးလှနှင့် ပန်းချီကားတွေ အများကြီးထဲကမှ ယွမ် ၁ သန်းတန် ရှုခင်းပန်းချီကိုသာ သူကရွေးချယ်ခဲ့သည်။

ကုန်းလန်ရှန်းက မယုံကြည်နိုင်သေးပေ။

" ဒါကိုရွေးချင်တာသေချာလား "

ဒီလိုအခွင့်အရေးကောင်းတစ်ခုနဲ့ သူ့ကို ဖြုတ်ချဖို့ အခွင့်အရေးကို မယူသင့်ဘူးလား။

ယဲ့ဖန်က ရယ်ရမလား ငိုရမလား မသိတော့ပေ။

" ဒါဆို ပိုစျေးကြီးတဲ့ တစ်ခုခုကို ပြောင်းယူပေးရမလား "

ကုန်းလန်ရှန်း အံ့သြသွားသည်။

တစ်ဖက်လူက သူ့စကားအတိုင်း ပြန်တည်ပြီး ပိုဈေးကြီးတာယူသွားမှာကို စိုးရိမ်သဖြင့် သူက အမြန်ငွေရှင်းပေးလိုက်သည်။

ထိုအခါမှသာ သူ့နှလုံးသားက နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့ရတော့သည်။

တစ်ချိန်တည်းမှာဘဲ ယဲ့ဖန်က သူ့ကို ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးလိုက်ကြောင်း သူသတိထားမိသည်။

သူနည်းနည်းကျေးဇူးတင်မိသည်။

ထိုအချိန်တွင် မန်းဒုန်ဟိုင်းသည် လမ်းလျှောက်လာပြီး ယဲ့ဖန်ရွေးချယ်ထားသော ရှုခင်းပန်းချီကို ကြည့်လိုက်သည်။

ယဲ့ဖန်သည် အစောပိုင်းတွင် ပြောင်မြောက်သော စွမ်းဆောင်ရည်တွေကို ပြသခဲ့တာကြောင့် မန်းဒုန်ဟိုင်းတွင် မြင့်မားသော မျှော်လင့်ချက်ရှိနေသည်။

သို့သော် ပန်းချီကိုကြည့်ပြီးတဲ့နောက် ချက်ချင်းစိတ်ပျက်သွားရသည်။

" ယဲ့လူကြီးမင်း၊ ဒီပန်းချီက သိပ်မကောင်းဘူးထင်တယ် "

တကယ်တော့ ဒါက အတုကြီးလို့ ပြောချင်တာဖြစ်သည်။

သို့သော် ယဲ့ဖန်၏ ဂုဏ်သတင်းကို ကာကွယ်ပေးချင်တာကြောင့် သူ့စကားလုံးများကို ပြောင်းလဲသုံးသည်။

ဒီပန်းချီကားကို ရှန်းကျိုးက ရေးဆွဲခဲ့တာဖြစ်သည်။

ရှန်းကျိုးသည် မင်မင်းဆက်၏ ပန်းချီဆရာတစ်ဦးဖြစ်ပြီး ဝူပန်းချီကျောင်းကို တည်ထောင်ခဲ့သူဖြစ်သည်။

ရှုခင်းပန်းချီနှင့် ပန်းနှင့်ငှက်ပန်းချီတို့တွင် သူ၏အောင်မြင်မှုသည် အထင်ရှားဆုံးဖြစ်သည်။

အကယ်၍ ဒါက ရှန်းကျိုး၏လက်ရာသာဆိုလျှင် ဒီပန်းချီကားကို အဖိုးမဖြတ်နိုင်ပေ။

သို့ပေမဲ့ ဒီပန်းချီကားက ရှန်းကျိုး၏လက်ရာအစစ်မဟုတ်ကြောင်း အသေးစိတ်အချက်အလတ်အနည်းငယ်မှ သူ ပြောပြနိုင်သည်။

ဒါက နောက်ပိုင်းမျိုးဆက်သစ်က အတုယူဆွဲခဲ့တာ မှန်းထင်ရှားသည်။

ယဲ့ဖန်၏အမြင်ဖြင့် သူက ဒီလိုနိမ့်ကျတဲ့အမှားကို မလုပ်သင့်ပေ။

ပတ်ဝန်းကျင်က လူတွေက မန်းဒုန်ဟိုင်း၏ လှုပ်ရှားမှုတိုင်းကို အာရုံစိုက်နေကြသည်။

ထိုစကားကိုကြားသောအခါ သူတို့အားလုံး၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများပေါ်လာကြတော့သည်။

" ဆရာကြီးမန်းက ဘာကိုဆိုလိုတာလဲ။ ဒီမိတ်ဆွေလေးယဲ့က အတုကိုရွေးခဲ့တာ ဖြစ်နိုင်ပါ့မလား "

" မဖြစ်သင့်ဘူးမဟုတ်လား။ ယဲ့ညီလေးရဲ့အရည်အချင်းက ကောင်းကင်ကိုတောင် အံတုနိုင်လောက်တယ်လေ။ ဒီလောက် အဆင့်နိမ့်တဲ့အမှားကို သူက ဘယ်လိုလုပ် လုပ်မှာလဲ "

" ဟုတ်တယ်၊ သူက ယွမ် ၂သိန်းတောင်မသုံးလိုက်ရဘဲ ယွမ် ၁၂ သန်းတောင်ပြန်ရထားတာ။ အတုကို ဘယ်လိုလုပ် ဝယ်မိမှာလဲ "

" ဒါပေမယ့် ဆရာကြီးမန်းရဲ့ တုံ့ဆိုင်းနေတဲ့ အမူအရာကို ကြည့်လိုက်။ ပြဿနာတက်နေမှန်း ရှင်းရှင်းလင်းလင်းမြင်နေရတယ် "

" ဒါက နည်းနည်းထူးဆန်းတယ် ...... "

ယဲ့ဖန်က မန်းဒုန်ဟိုင်းကို ပြုံးပြုံးကြီးကြည့်ရင်း ပြောသည်။

" ဒါက အတုလို့ ပြောနေတာမလား။ သေချာပေါက်၊ ကျွန်တော် သိပါတယ် "

မန်းဒုန်ဟိုင်းသည် ပို၍ပင်စိတ်ရှုပ်သွားသည်။

" ဒါက အတုမှန်းသိရင် ဘာလို့ဝယ်လိုက်တာလဲ "

ယဲ့ဖန်က သူ့ကို တိုက်ရိုက်မဖြေဘဲ အဲ့ဒီအစား ဆိုင်ပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။

" သူဌေး ...... "

ဆိုင်ရှင်က ယဲ့ဖန် ပြန်ပြဿနာရှာမည်ဟုထင်ပြီး ကမန်းကတန်းဖြတ်ပြောလိုက်သည်။

" စည်းကမ်းတွေ သိတယ်မလား။ ပစ္စည်းရောင်းပြီးတာနဲ့ ပြန်အမ်းပေးမှာ မဟုတ်ဘူး "

တစ်ချိန်တည်းမှာဘဲ ဆိုင်ရှင်က သူ့ကိုယ်သူ ဂုဏ်ယူမဆုံးဖြစ်နေတော့သည်။

ဒီလူငယ်လေးဟာ သူ့ရဲ့ အစွမ်းအစကို ပြသခဲ့တဲ့ ရှေးဟောင်းပစ္စည်းပညာရှင်တစ်ယောက်ဘဲဆိုရင် သူဒီမှာ မျက်လုံးလျင်လျင်နဲ့ ဝယ်သင့်တယ် မဟုတ်ဘူးလား။

ယဲ့ဖန်က ပြုံးပြီး ခေါင်းခါလိုက်သည်။

" ကျွန်တော် ပစ္စည်းပြန်မပေးပါဘူး။ ခင်ဗျားဆီက စာရွက်ဖြတ်စက်လေး ငှားချင်ရုံတင်ပါ "

ဆိုင်ရှင်က ပစ္စည်းပြန်မပေးကြောင်းကြားတဲ့အခါ စိတ်သက်သာရာရသွားသည်။

စက္ကူဖြတ်စက်ကို အမြန်ရှာပြီး ပေးလိုက်သည်။

ယဲ့ဖန်က ပန်းချီအတုကို စားပွဲပေါ်တင်လိုက်ပြီး အစွန်းတွေကို ဓားနဲ့ခြစ်လိုက်တော့သည်။

မန်းဒုန်ဟိုင်း၊ ကုန်းလန်ရှင်းနှင့် လုရှောင်ရတို့ အားလုံးရှေ့ကို တိုးလာကြသည်။

သူ ဘာတွေလုပ်နေလဲဆိုတာ ကြည့်ချင်ကြသည်။

ထိုအချိန်တွင် ယဲ့ဖန်က ပန်းချီအတု၏အောက်ခြေကို ဖြတ်လိုက်သည်။

ထို့နောက် ထောင့်တစ်ခုကို ဆုပ်ကိုင်လိုက်ပြီး အကုန် ဖြဲပစ်လိုက်သည်။

" ဘာကြီး ...... "

သုံးယောက်သား အမြင်အာရုံတွေဝေဝါးသွားသလိုပင် ခံစားလိုက်ရသည်။

သူတို့ပြန်ကြည့်လိုက်တဲ့အခါ အတုအောက်မှာ ပန်းချီကားတစ်ချပ်ရှိနေသေးတယ်ဆိုတာ သိလိုက်ရသည်။

မှော်ပညာလိုဘဲ။

ပန်းချီကားထဲမှာ ဝှက်ထားတဲ့ နောက်ထပ်ပန်းချီကားလား။

ဘာတွေဖြစ်နေတာလဲ။

မန်းဒုန်ဟိုင်းလည်း စိတ်ရှုပ်သွားရသည်။ သူက ချက်ချင်း အောက်ကို ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားတော့သည်။

" ဒါက အဲ့တာ ဖြစ်နိုင်ပါ့မလား ..... "

အပိုင်း ( ၃၀၈ )

နတ်ဘုရားလိုဖြစ်တည်မှု

မန်းဒုန်ဟိုင်းပြောနေရင်းဖြင့် သူနှင့်အတူ သယ်ဆောင်လာသော မှန်ဘီလူးကို အလျင်အမြန်ထုတ်ကာ ဂရုတစိုက် စစ်ကြည့်နေတော့သည်။

အချိန်တွေကြာလာတာနဲ့အမျှ သူ့မျက်နှာပေါ်က အမူအရာက ပိုပိုပြီးအံ့အားသင့်လာခဲ့ရသည်။

အဆုံးသတ်မှာတော့ ....... ချွေးတွေရွှဲလာပြီး မျက်နှာက ဖြူဖျော့လာတော့သည်။

ထို့နောက် မြေကြီးပေါ်တွင် ထိုင်ချလိုက်တော့သည်။

" တကယ်ဘဲ ..... ဒါက အစစ်လား။ တကယ့်အစစ်လား။ တကယ်ဘဲလား "

ကုန်းလန်ရှန်းသည်လည်း မှန်ဘီလူးကို အမြန်ယူကာ ပန်းချီကားရှေ့ကို ငုံ့ကာ သေချာလေ့လာစစ်ကြည့်သည်။

အသေးစိတ်အချက်တစ်ချက်ကိုမှ သူလက်လွတ်မခံပေ။

နောက်ဆုံးမှာတော့ သူ့ခြေထောက်တွေ ပျော့ခွေသွားပြီး မြေပြင်ပေါ် လဲကျသွားတော့သည်။

" ဒါက တကယ်ဘဲအစစ်လား။ တကယ်က လက်ရာအစစ်လား။ အို၊ ဘုရားရေ "

ရှေ့တွင်ရပ်နေသော လုရှောင်ရသည် သူတို့နှစ်ယောက်ကတစ္ဆေမြင်လိုက်ရသလိုဖြစ်သွားတဲ့ အမူအရာကို မြင်လိုက်ရသည်။

သူမ ချက်ချင်း စိတ်ရှုပ်သွားသည်။

" ဘာလက်ရာအစစ်အမှန်လဲ "

" ကောအမျိုးသမီး ....... နွေဦးခရီး ပန်းချီကားအစစ်အမှန်ဘဲ ....... " လို့ ရေရွတ်ရင်း မန်းဟုန်ဟိုင်းရဲ့ မျက်လုံးက ဝေဝါးလာတော့သည်။

သူ့အသံက ပြင်းထန်စွာ တုန်လှုပ်နေသည်။ သူဘယ်လောက်ထိ စိတ်လှုပ်ရှားနေတယ်ဆိုတာ သိသာသည်။

သူ့လို ရှေးဟောင်းပစ္စည်းပညာရှင်တစ်ယောက်က ဒီလို စိတ်တည်ငြိမ်မှုပျောက်ကွယ်သွားတဲ့အထိဆိုတာ တွေးကြည့်ဖို့တောင် ခက်သည်။

" ကောအမျိုးသမီးရဲ့ နွေဦးခရီးပန်းချီဆိုတာ ဘာလဲ "

လုရှောင်ရက ကြောင်အနေဆဲဖြစ်သည်။

ပန်းချီကားတစ်ချပ်ပဲ မဟုတ်လား။ အရမ်းကြောက်ဖို့ လိုလို့လား။

သူမ နားမလည်ပေ။

သို့သော် ပွဲကြည့်နေသည့်လူများက ချက်ချင်း ပေါက်ကွဲသွားကြသည်။

" ဘာလဲ။ ငါနားကြားများမှားတာလား။ ကောအမျိုးသမီးရဲ့ နွေဦးခရီးပန်းချီကားလား။ အစစ်တဲ့လား။ ငါတို့ကို လာနောက်နေတာလား "

" ဟုတ်တယ်၊ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီပန်းချီကားရဲ့ မူရင်းက ပျောက်နေတာ ကြာလှပြီ။ မူရင်းက ဘယ်ကနေ ပေါ်လာတာလဲ "

" မှန်တယ်။ အခုလက်ရှိရှိနေတဲ့ ပန်းချီကတောင် ဆုန်းမင်းဆက်က ကော်ပီလေ။ မူရင်းက ပျောက်နေတာ ဘယ်တုန်းကမှန်းတောင်မသိဘူးကို မူရင်းဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

" တကယ်လို့ ပန်းချီအစစ်သာဆိုရင် ဘယ်လောက်တန်မလဲ။ သန်း ၁၀၀လား။ သန်း ၂၀၀လား "

" မင်း တွေးနေတာလိုသေးတယ်။ တကယ်သာ ကောအမျိုးသမီးရဲ့ နွေဦးခရီးပန်းချီကားသာဆိုရင် အဲ့တာက နိုင်ငံတော်ပိုင်ဆိုင်မှုဘဏ္ဍာတောင်ဖြစ်မှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုဘဲ "

" ဆရာကြီးမန်းက မှားမြင်တာ မဟုတ်ဘူးလား။ အဲ့လိုမြင့်မြတ်တဲ့လက်ရာက ဘယ်လိုလုပ် အလွယ်တကူပေါ်လာနိုင်မှာလဲ။ မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး "

လူတိုင်းက သံသယဖြစ်နေကြပေမယ့် ဆွေးနွေးနေကြဆဲဖြစ်သည်။

အဲ့တာကိုမြင်တော့ မန်းဒုန်ဟိုင်းက မြေပြင်ကနေ အမြန်ထလိုက်သည်။

" အင်း၊ ငါ အမြင်မှားတာဘဲ။ ဒါက အစစ်မဟုတ်ဘူး။ ဒါက ချင်မင်းဆက်ကပုံတူဖြစ်တယ်။ ကူးယူသူရဲ့အဆင့်သည် အရမ်းမြင့်တော့ ငါ့ကိုတောင် လှည့်စားလုနီးပါးဘဲ ဟားဟားဟား ...... "

ဘေးတွင်ရှိနေသည့် ကုန်းလန်ရှန်းက ဝင်ပြောသည်။

" ဆရာ၊ ဒါက သေချာပေါက် ...... "

မန်းဒုန်ဟိုင်းက ချက်ချင်း သူ့ကို စိုက်ကြည့်လိုက်သည်။

ကုန်းလန်ရှန်းက ချက်ချင်း နားလည်သွားတော့သည်။

အခုအခါ ရှေးဟောင်းလမ်းကြီးတစ်ခုလုံးတွင် အုတ်အော်သောင်းနင်းဖြစ်နေတော့သည်။

နှစ်တစ်ထောင်ကြာပျောက်ကွယ်သွားခဲ့တဲ့ ကောအမျိုးသမီးရဲ့ နွေဦးခရီး မူရင်းပန်းချီကား ပြန်လည်ပေါ်ထွန်းလာသည်ကိုသာ သူတို့သိသွားပါက ကောင်းမည်မဟုတ်ပေ။

မကောင်းတဲ့ရည်ရွယ်ချက် ရှိမှာမဟုတ်ဘူးလို့ ဘယ်သူက အာမခံပေးနိုင်မှာလဲ။

ယွမ် ၁သိန်းက လူတွေကို မနာလိုဖြစ်စေရန် လုံလောက်ပါသည်။

ယွမ် ၁ သန်းက လူတွေကို အလုပ်လုပ်စေရန် လုံလောက်သည်။

ယွမ် ၁၀ သန်းမကလျှင်တော့ လူတွေကို ရူးသွပ်စေပြီး လူသားဆန်မှုကိုပါ ဆုံးရှုံးစေနိုင်လိမ့်မည်။

ဒါဟာ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုဖြစ်သည်။

ငွေနဲ့ပင် တိုင်းတာလို့ မရပေ။

မည်သို့သော ကမောက်ကမမျိုးဖြစ်စေမည်ကို ဘယ်သူသိနိုင်မှာလဲ။

အဲ့တာကြောင့် မန်းဒုန်ဟိုင်းက ထိုကဲ့သို့ပြောခဲ့တာဖြစ်သည်။

" ကောအမျိုးသမီးရဲ့နွေဦးခရီးပန်းချီကို ဒီပန်းချီကားအတုယူရေးဆွဲထားတဲ့သူက တကယ့်ကို လက်ရာမြောက်လွန်းပါတယ်။ အရူးလုပ်ခံရမတတ်တောင်ဖြစ်သွားတယ်။ ဆရာမန်း၊ ဒီပန်းချီကားက ဘယ်လောက်တန်ဖိုးရှိမယ်ထင်လဲ "

ကုန်းလန်ရှန်းသည် ချက်ချင်း အတူတူသရုပ်ဆောင်ပေးသည်။

" ဒီပန်းချီကားက ၅သန်းကနေ ၆သန်းလောက်တန်မယ်ထင်တယ် "

မန်းဒုန်ဟိုင်းသည် ခဏမျှစဉ်းစားဟန်ပြုပြီးနောက် ဈေးခေါ်လိုက်သည်။

တဟုန်ထိုးဆူညံနေတဲ့လူအုပ်ကြီးက ချက်ချင်း ရပ်သွားကြသည်။

" ဟာ၊ဒါဆို အတုမလား။ ငါသိနှင့်နေတယ်။ အစစ်က ဘယ်လိုလွယ်လွယ်နဲ့ပေါ်လာနိုင်မှာလဲ "

" ငါတော့ ဘာမှမဟုတ်တာအတွက် အရမ်းစိတ်လှုပ်ရှားခဲ့မိတာဘဲ။ ဒီလိုဂန္တဝင်လက်ရာကို မြင်နိုင်ပြီလို့ ထင်ခဲ့တာ "

" အတုဆိုပေမယ့်လည်း ၅ သန်းကနေ ၆ သန်းထိဆိုတော့ အရမ်းဈေးကြီးတာဘဲ "

" ဟုတ်တယ်၊ ၁သန်းနဲ့ ဝယ်ခဲ့တာကို မျက်စိတစ်မှိတ်အတွင်းမှာ ငါးဆ ခြောက်ဆတိုးလာတယ်ဆိုတော့ အရမ်းကိုကောင်းနေပြီ "

" ဒါက လက်ရာအစစ် မဟုတ်တာကတော့ ဝမ်းနည်းစရာဘဲ။ မဟုတ်ရင် ဒါက တစ်နိုင်ငံလုံးကိုတောင် တုန်လှုပ်စေမယ့်သတင်းကြီးတစ်ခုဖြစ်လာမှာ သေချာတယ် "

" လက်တွေ့ကျစမ်းပါ။ ငါးဆ ခြောက်ဆတိုးတာတောင် မပျော်သေးဘူးလား။ ဒီလောကမှာ ဘယ်စီးပွားရေးလုပ်ငန်းကများ ဒီလောက်မြန်မြန်ငွေရှာနိုင်မှာလဲ "

" မှန်တယ် ...... "

မန်းဒုန်ဟိုင်းနှင့် ကုန်းလန်ရှန်းတို့၏ စွမ်းဆောင်မှုက လူတိုင်း၏လောဘကို ရပ်တန့်နိုင်ခဲ့သည်။

မန်းဒုန်ဟိုင်းသည် အလွန်ပညာရှိသည်ဟု ဆိုရပေမည်။

ဒီပန်းချီကားက တန်ဖိုးမရှိဘူးလို့ ပြောရင်း လူတိုင်းရဲ့သံသယတွေကို ဖျောက်ဖျက်လိုက်သည်။

ခန့်မှန်းဈေး ၅ သန်းကနေ ၆ သန်းကြားကတောင်

လူတော်တော်များများကို မနာလိုဖြစ်စေရန် လုံလောက်သည်။

သို့သော် လူမြင်ကွင်းတွင် စွန့်စားရမည့်ငွေပမာဏအတိုင်းအတာအထိတော့ မဟုတ်ပေ။

မန်းဒုန်ဟိုင်းပြောတာမှန်သည်။

ယဲ့ဖန် အဲ့ဒီအတွက် အရမ်းကျေးဇူးတင်မိသည်။

အဲ့ဒီတုန်းက သူတကယ် မစဉ်းစားလိုက်မိပေ။

တကယ်ဘဲ သူက ဒီပန်းချီကားကို လူတိုင်းရှေ့မှာ ထုတ်ပစ်လိုက်သည်။

အခုမှ တွေးကြည့်ရင်း ကြောက်စိတ်တွေတသီတတန်းကြီး ခံစားမိလိုက်ရသည်။

မန်းဒုန်ဟိုင်းနဲ့ သူ့တပည့်ကသာ သူ့အတွက် မကာကွယ်ပေးခဲ့ရင် ....... အကျိုးဆက်ကို စိတ်ကူးကြည့်လို့တောင် မရပေ။

" ကျေးဇူးတင်ပါတယ်၊ ဆရာကြီးမန်း။ အတုယူရရင်တောင် အရမ်းကျေနပ်ပါတယ် "

သူက ချက်ချင်းပဲ မန်းဒုန်ဟိုင်းကို လက်သီးနှစ်ဖက်ရှေ့စုပြီး အရိုအသေပေးလိုက်သည်။

" ယဲ့လူကြီးမင်းရဲ့အမြင်အာရုံက တကယ်ကို ထူးထူးခြားခြားပဲ။ တကယ်လေးစားပါတယ် "

မန်းဒုန်ဟိုင်းက စိတ်ရင်းမှန်နဲ့ ချီးကျူးလိုက်သည်။

ဒီလူငယ်ကို သူ အလွန်အမင်းသဘောကျလေသည်။

ကောအမျိုးသမီးရဲ့နွေဦးခရီးပန်းချီကားလို အံ့အားသင့်စရာကောင်းတဲ့ရတနာတစ်ခုကို အမှန်တကယ်ဘဲ ကောက်ယူနိုင်ဖို့ဆိုတာက နတ်ဘုရားလို တည်ရှိမှုဖြစ်မှရမှာဖြစ်သည်။

သူ ယဲ့ဖန်ဆီမှ အကြံဉာဏ်တောင်းကြည့်ချင်သည်။

ယဲ့ဖန်က ပန်းချီအတုထဲမှာ ဝှက်ထားတယ်ဆိုတာကို ဘယ်လိုသိလဲ။

သူ့မျက်လုံးမှာ ဓာတ်မှန်ပါနေတာလား။

ဒါက မယုံနိုင်စရာကောင်းသည်။

သို့ပေမဲ့ အခုအချိန်မှာ ဒီကိစ္စကို မေးရမည့်အချိန်ကောင်းမဟုတ်မှန်း မန်းဒုန်ဟိုင်းသိသည်။

သူက အနာဂတ်မှသာ ထိုအကြောင်းကိုမေးနိုင်တော့မှာဖြစ်သည်။

ဘေးတွင်ရှိနေသည့် ကုန်းလန်ရှန်းသည်လည်း ယဲ့ဖန်ကို လေးစားမှုအပြည့်ဖြင့်ကြည့်နေသည်။

သူ့နှလုံးသားထဲမှာ အမုန်းတရားတွေ မရှိတော့ပေ။

သူက ချက်ချင်း ရှေ့ကိုလှမ်းလိုက်ပြီး ဦးညွတ်လိုက်သည်။

" ယဲ့လူကြီးမင်းကို တောင်းပန်ပါတယ်။ ကိုယ့်မျက်စိရှေ့မှာ ဂူကြီးတစ်လုံးလုံးကိုတောင် မမြင်မိပါဘူး။ ကျွန်တော့်ရဲ့မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ။ ပြီးတော့ အလောင်းအစားကို ဖြည့်ဆည်းတဲ့အနေနဲ့ ရှေးဟောင်းပစ္စည်းလောကကနေ ထွက်သွားပါ့မယ် "

ယဲ့ဖန်က ကုန်းလန်ရှန်းရဲ့ စကားကိုကြားပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" ရှေးဟောင်းပစ္စည်းလောကကို ဖြတ်မှာလား။ ကုန်းလူကြီးမင်းလို အရည်အချင်းရှိတဲ့သူက ဒီအတိုင်း နှုတ်ထွက်သွားရရင် ရှေးဟောင်းလောကအတွက် ကြီးကျယ်တဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မယ် "

" ဒါပေမယ့် ..... "

ကုန်းလန်ရှန်းက တစ်ခုခုထပ်ပြောချင်နေသည်။

ယဲ့ဖန်က ချက်ချင်း သူ့ကို တားလိုက်သည်။

" ကျွန်တော်တို့ကြားမှာ လေးနက်တဲ့မုန်းတီးမှု မရှိပါဘူး။ ဒီအချက်ကြောင့် ရှေးဟောင်းပစ္စည်းလောကကသာ ကုန်းလူကြီးမင်းလို အရည်အချင်းရှိတဲ့သူတွေကို ဆုံးရှုံးသွားခဲ့ရရင် ကျွန်တော်လည်း အပြစ်ရှိသလို ခံစားရလိမ့်မယ် "

မန်းဒုန်ဟိုင်းက ဝင်ပြောသည်။

" ယဲ့လူကြီးမင်းက သဘောထားကြီးပေးမှတော့ ငြင်းမနေပါနဲ့။ မင်းအမှားတွေကနေ သင်ခန်းစာယူပြီး တူညီတဲ့အမှားကို ထပ်ပြီးမကျူးလွန်မိပါစေနဲ့ "

ကုန်းလန်ရှန်းက ယဲ့ဖန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

" အတိတ်တွေကို ကျေခွင့်ပေးခဲ့တဲ့ ယဲ့လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကုန်းလန်ရှန်းက အရမ်းကျေးဇူးတင်ပါတယ် "

ထို့နောက် မန်းဒုန်ဟိုင်းက ပိုမိုလေးနက်တဲ့အဓိပ္ပာယ်ပါတဲ့စကားကိုပြောလိုက်သည်။

" ဒါဆို ကျွန်တော်တို့ ဆရာတပည့် အရင် ထွက်သွားပါတော့မယ်။ ယဲ့လူကြီးမင်း၊ မင်းလည်း အမြန်ဆုံး ထွက်သွားရင် ပိုကောင်းမယ်။ အကြာကြီး မနေပါနဲ့ "

ထို့နောက် သူက ကုန်းလန်ရှန်းနဲ့အတူပြန်သွားသည်။

ယဲ့ဖန် သူ့စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်သည်။

ဒီမှာကြာကြာနေလေ သူ့အတွက်အန္တရာယ်များလေဖြစ်သည်။

ဂန္တဝင်ပန်းချီကားကို အမြန်ယူပြီး ထွက်ဖို့ပြင်သည်။

ထိုအချိန်မှာဘဲ ဘေးကလူတွေက ဝိုင်းအုံလာကြတော့သည်။

All Chapters