← Chapters

အပိုင်း ၃၀၉-၃၁၂

Vol. 16 Ch. 309-312

အပိုင်း ၃၀၉-၃၁၂

Vol. 16 Ch. 309-312

အပိုင်း ( ၃၀၉ )

ငါ့မှာပြောပိုင်ခွင့်ရှိပေမဲ့ မင်းမှာတော့မရှိဘူး

အားလုံးက သူ့နားမှာ စုရုံးလာကြသည်ကို မြင်လိုက်ရတော့ ယဲ့ဖန်၏ အာရုံတွေက ချက်ချင်း တင်းမာလာတော့သည်။

သူက အချိန်မရွေးလွတ်မြောက်ရန် ပြင်ဆင်ထားပြီဖြစ်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် စကားပြောလာသည်။

" ယဲ့လူကြီးမင်း၊ တပည့်ဖြစ်ချင်ပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ "

" ယဲ့လူကြီးမင်း၊ သခင်အဖြစ်လည်း အသိအမှတ်ပြုချင်ပါတယ်။ လက်ဖက်ရည်တည်၊ အိပ်ယာခင်း၊ စောင်ခေါက်ပါလုပ်ပေးပါ့မယ် "

" တစ်ရက်စာ ဆရာ၊ တစ်သက်စာ ဖခင်ဖြစ်ပေးပါ။ ယဲ့လူကြီးမင်းက အနာဂတ်မှာ ငါ့အဖေ ဖြစ်လာလိမ့်မယ် "

" ဆရာကြီး၊ ကျေးဇူးပြုပြီး အရိုအသေပေးတာကို လက်ခံပေးပါ "

လုရှောင်ရသည် ထိုလူတွေကို ကြောက်လန့်နေပြီဖြစ်သည်။

ယဲ့ဖန်ကို အသက်ငါးဆယ်၊ ခြောက်ဆယ်အရွယ် အမျိုးသားတစ်ဦးက အဖေလို့ခေါ်နေတာကို စိတ်ကူးကြည့်နိုင်လား။

တစ်စုံတစ်ယောက်ကရော မြေပေါ်မှာ ဒူးထောက်ပြီး ယဲ့ဖန်ကို အရိုအသေပေးနေတာကို တွေးကြည့်ဖူးလား။

ရှေးဟောင်းပစ္စည်းအရောင်းလမ်းကြီးတစ်ခုလုံး ရှုပ်ပွနေတော့သည်။

လူတိုင်းက ယဲ့ဖန်ရဲ့တပည့်ဖြစ်လာရန် တိုက်ပွဲဝင်နေကြသည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူတို့အားလုံးက ယဲ့ဖန်၏နတ်ဘုရားဆန်သော စွမ်းဆောင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြရသည်။

ကျောက်တုံးကို ရွှေအဖြစ်ပြောင်းသွားသည်ဟု ပြောလျှင်ပင် ချဲ့ကားရာရောက်မည်မဟုတ်ပေ။

ပိုက်ဆံအထုပ်လိုက်ကောက်ရသလိုပင်ဖြစ်သည်။

ဒီလိုကောင်းကင်ကိုတောင် အံတုနိုင်တဲ့စွမ်းရည်မျိူးကို ဘယ်သူက မသင်ယူချင်ဘဲနေမှာလဲ။

ယဲ့ဖန်သည် ထိုမြင်ကွင်းကိုမြင်သောအခါ လုရှောင်ရကို အလျင်အမြန်ဆွဲထုတ်ပြီး ထွက်ပြေးလာခဲ့သည်။

သူသာ အခုမှ ထွက်မသွားရင် ဒီနေ့ဒီမှာပဲ သေသွားနိုင်သည်။

ထိတ်လန့်တကြား ထွက်ပြေးသွားသောသူတို့နှစ်ဦးကို လမ်းထောင့်မှ အသက်ငါးဆယ်ကျော် လူလတ်ပိုင်း အမျိုးသားတစ်ဦးက ကြည့်နေသည်။

ထို့နောက် သူ့အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။

" မိုချောင်းရှန်းက ဒီတစ်ယောက်ရဲ့လက်ထဲမှာ တကယ်ဘဲ အဆုံးသတ်သွားတာလား "

ချက်ချင်း လက်အောက်ငယ်သားတစ်ဦးက စိတ်ကြိုက်အပ်ထားသော စီးကရက်တစ်လိပ်ကို သူ့ပါးစပ်နားသို့ ယူလာပြီး မီးညှိပေးလိုက်သည်။

" ဟုတ်တယ်၊ ဒီကလေးက ရှေးဟောင်းပစ္စည်းလောကမှာလည်း ပြောင်မြောက်နေမယ်လို့ မမျှော်လင့်ထားဘူး "

လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ကို လှမ်းကြည့်လိုက်သည်။

" ကြောက်နေတာလား "

လက်အောက်ငယ်သား၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။

" ကျွန်တော် ...... အဲ့လိုဆိုလိုတာမဟုတ်ပါဘူး။ ပြောချင်တာက ...... "

လူလတ်ပိုင်းအရွယ်အမျိုးသားက ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

လက်အောက်ငယ်သားနောက်တစ်ဦးသည် အနက်ရောင်လေကာအင်္ကျီကို ချက်ချင်း သူ့ပခုံးပေါ်တင်ပေးလိုက်သည်။

" ငါတော့ ဘာမှ မဟုတ်ဘူးထင်တယ်။ ငါ့ရဲ့ အဖိုးတန်နာရီဝက်ကို ဘာမှမဟုတ်တာအတွက် ဖြုန်းတီးလိုက်ရတာဘဲ "

ထိုလူကပြောနေရင်း တောင်ပိုင်းကွမ်တုန်းလိုင်စင်နံပါတ်ပြားပါသည့် Lincolnကား ဆီသို့ လျှောက်သွားသည်။

မှားသည်ဟုပြောသော လက်အောက်ငယ်သားကအမြန်အနောက်ကလိုက်ကာ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားသည်။

" ဟုတ်တယ်၊ ဟုတ်တယ်။ ဒီကလေးက သာမန်ပါဘဲ။ တစ်ချက် ထိုးနှက်တာကိုတောင် မခံနိုင်လောက်ဘူး "

လူလတ်ပိုင်းအရွယ်အမျိုးသားက ကားပေါ်မှာ ခြေတစ်ချောင်းချိတ်ထိုင်လိုက်သည်။

" သူက တစ်ချက်တည်း ထိုးနှက်တာကိုတောင် မခံနိုင်ဘူးဆိုရင် မင်း သွားပြီးတော့ ရှင်းထုတ်ပစ်လိုက် "

လက်အောက်ငယ်သား အံ့အားသင့်သွားသည်။

" ကျွန်တော် ..... "

လူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ကို အေးအေးဆေးဆေး ကြည့်နေသည်။

" ငါ့မှာ တစ်ချို့အရာတွေကို ပြောပိုင်ခွင့်ရှိပေမယ့် မင်းကတော့ မရဘူး။ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ကတိမတည်နိုင်တဲ့သူတွေကို ငါမုန်းတယ် "

သူ့မျက်နှာမှာ ဒေါသအရိပ်အယောင် မတွေ့ရပေမယ့် လက်အောက်ငယ်သားက ထိတ်လန့်နေဆဲဖြစ်သည်။

ထိုအမျိုးသားက စီးကရက်ကိုင်ထားတဲ့ သူ့လက်ကို မြှောက်လိုက်သည်။

လက်အောက်ငယ်သားက သူ့လက်ကို အမြန်ဖြန့်ဆန့်လိုက်သည်။

ထို့နောက် စီးကရက်လိပ်ကို သူ့လက်ဖဝါးပေါ် ဖိလိုက်သည်။

စီးကရက်လိပ်က သူ့လက်ကို မီးလောင်သွားပြီး စူးရှတဲ့ဝေဒနာကို ခံစားလိုက်ရသည်။

သို့သော် လက်အောက်ငယ်သားက အံကြိတ်ကာ စကားတစ်ခွန်းမှ မပြောပေ။

စီးကရက်မီး မငြိမ်းမချင်းဖိထားသည်။

ထိုလူလတ်ပိုင်းအရွယ်အမျိုးသားက သူ့ပုခုံးကို ပုတ်လိုက်သည်။

" ထပ်မလုပ်နဲ့ "

ထိုသို့ပြောပြီးတာနဲ့ ကားပေါ်တက်သွားပြီး ကားတံခါးပိတ်သွားသည်။

ထို Lincolnကားသည် အနက်ရောင် ကိုယ်ရံတော် အနည်းငယ်၏အကာအကွယ်အောက်တွင် ဖြည်းဖြည်းချင်းမောင်းထွက်သွားတော့သည်။

လက်အောက်ငယ်သား၏နောက်ကျောတွင် ချွေးအေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ့လက်ဖဝါးကို ဖွင့်ပြီး စစ်ဆေးကြည့်တဲ့အခါ အနက်ရောင်အနာကြီးရှိနေတော့သည်။

ဒါပေမယ့် သူ မညည်းညူရဲပေ။

ဒီလူ ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ သူကောင်းကောင်းသိသည်။

ဒီနေ့လို အပြစ်ဒဏ်က အလွန်ပေါ့ပါးနေတာဟုပြောရမှာဖြစ်သည်။

ကြီးမားတဲ့ဘေးဒုက္ခမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ကံကောင်းသည်ဟု ခံစားရစေသည်။

....................

ယဲ့ဖန်သည် လုရှောင်ရ၏ Lamborghini ကား ခရီးသည်တင်ထိုင်ခုံဘက်တွင် ထိုင်ကာ ခေါင်းကိုလှည့်ပြီး ပြတင်းပေါက်ဘက်ကိုလှမ်းကြည့်နေသည်။

ထိုအချိန်တွင် တောင်ပိုင်းကွမ်တုန်းလိုင်စင်နံပါတ်ပြားပါသော Lincoln ကားသည် သူတို့ကားဘေးမှ ဖြတ်သွားခဲ့သည်။

နောက်တန်းတွင်ထိုင်နေတဲ့လူတစ်ယောက်ကလည်း လှမ်းကြည့်နေသည်။

သူတို့အကြည့်တွေက ခဏတာဆုံသွားခဲ့ရသည်။

ခဏတာမျှသာဖြစ်သော်လည်း ထိုအကြည့်က ယဲ့ဖန်၏အမူအရာပြောင်းလဲသွားစေသည်။

ထိုလူ၏အကြည့်က ကြောက်စရာကောင်းလွန်းသည်။

လူတစ်ယောက်ရဲ့ ဝိညာဉ်ကိုမျိုချနိုင်တဲ့ တွင်းနက်တစ်ခုလိုပင်ဖြစ်သည်။

နဖူးပေါ်မှ ချွေးသီးများတွင် ထွက်လာရသည်။

သူ လှမ်းကြည့်လိုက်တော့ ...... ကားနောက်ကျောကိုသာ မြင်နိုင်ရတော့သည်။

" ဘာကြည့်နေတာလဲ "

ထိုအချိန်တွင် ကားမောင်းနေတဲ့ လုရှောင်ရက ရုတ်တရက် မေးလိုက်သည်။

" ဘာမှမဟုတ်ပါဘူး "

ထိုမှသာ ယဲ့ဖန်က သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။

ထိုလူ၏မျက်လုံးထဲတွင် ရန်လိုမုန်းတီးမှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သို့သော် ယဲ့ဖန်က အဲ့တာကို သိပ်ဂရုမစိုက်ပေ။

ဒီနေ့ သူ့ပုံစံကိုမြင်ပြီး အရမ်းမနာလိုမုန်းတီးသွားတာ ဖြစ်ကောင်းဖြစ်နိုင်မလား။

သူက ထိုအတွေးများကို ဖယ်ချလိုက်ပြီး လုရှောင်ရကို လှည့်ကြည့်လိုက်သည်။

" အာ၊ မင်းရဲ့ကတိကို ဖြည့်ဆည်းပေးဖို့ အချိန်တန်ပြီမဟုတ်လား "

" ကတိလား။ ဘာကတိလဲ "

လုရှောင်ရ စိတ်ရှုပ်သွားသည်။

" မင်းဘဲ မနေ့က ကိုယ့်ကိုဖုန်းဆက်ပြီး မင်းပြိုင်ပွဲမှာ ကိုယ်ကူညီနိုင်သရွေ့ ဖုလီကော်ပိုရေးရှင်းအကြောင်း သတင်းတစ်ခု ပြောပြလိမ့်မယ်လို့လေ။ မေ့သွားပြီလား "

ယဲ့ဖန်သည် သူမက မေ့လျော့နေသည်ကို မြင်လိုက်ရပြီး သူမကို သတိပေးလိုက်တော့သည်။

" အိုး၊ ဟုတ်တယ်။ တကယ်တော့ ရှင် ကျွန်မကိုမကူညီရင်တောင် ရှင့်ကိုပြောပြရမယ်လို့ ကျွန်မခံစားရတယ် "

လုရှောင်ရက နောက်ဆုံးသတိရသွားတော့သည်။

" ဖုလီကော်ပိုရေးရှင်းက ရှင့်ကို အခု စုံစမ်းစစ်ဆေးနေတယ်။ တစ်စုံတစ်ယောက်က ကျွန်မအဖေဆီကိုတောင် ချဉ်းကပ်ပြီး ရှင်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ စုဆောင်းဖို့ ကျွန်မအဖေကို အကူအညီတောင်းခဲ့ပေမယ့် အဖေက သူတို့ကို ငြင်းလိုက်တာ "

ယဲ့ဖန်က ချက်ချင်းပြုံးလိုက်သည်။

" သူတို့က ဒီလိုလုပ်ဖို့ ကိုယ်မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ဒီလောက်မြန်မယ်လို့ မထင်ထားဘူး "

လုရှောင်ရက သူ့ကို စိုးရိမ်တကြီးကြည့်သည်။

" ရှင် ဖုလီကော်ပိုရေးရှင်းကို ဘယ်လို စော်ကားမိထားတာလဲ။ ဒီ ဖုလီကော်ပိုရေးရှင်းက အရမ်းကို အစွမ်းထက်တယ်လို့ အဖေဆီကကြားထားတယ်။ ရှင် သတိထားရမယ် "

ယဲ့ဖန်က ခေါင်းလှည့်ပြီး သူမကိုကြည့်လိုက်သည်။

" မင်း ကိုယ့်ကို ဘာလို့အရမ်းစိတ်ပူနေတာလဲ "

လုရှောင်ရ၏အမူအရာက အနည်းငယ် သဘာဝမကျပေ။

" ဘာလို့လဲဆိုတော့ ...... ကျွန်မတို့က သူငယ်ချင်းကောင်းတွေလေ။ ရှင့်ရဲ့သူငယ်ချင်းကောင်းတွေ အန္တရာယ်ကြုံလာရင် သူတို့ကို သတိမပေးသင့်ဘူးလား "

ယဲ့ဖန်က သူမကို စိုက်ကြည့်နေသည်။

" ကိုယ်ထင်တာသာ မမှားရင် မင်းအဖေက မင်းကို ကိုယ်နဲ့ဝေးဝေးနေဖို့ သတိပေးထားတယ်မဟုတ်လား "

" ရှင် ဘယ်လိုလုပ်ပြီးသိတာလဲ ..... "

သူမ စကားတစ်ဝက်မှာ တစ်ခုခုမှားနေပြီဆိုတာ ရုတ်တရက် သဘောပေါက်သွားသည်။

သူမ ကမန်းကတန်း ငြင်းလိုက်သည်။

" ဘယ်ကသာ၊ ကျွန်မအဖေက တစ်ခါမှ အဲ့လိုမပြောဖူးဘူး "

ယဲ့ဖန်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွား

သည်။

" ဖုလီကော်ပိုရေးရှင်းနဲ့ ကိုယ် ပြဿနာတက်နေတာ မင်းအဖေသိတယ်။ သေချာပေါက် ကိုယ်နဲ့ ခပ်ဝေးဝေးနေခိုင်းလိမ့်မယ်။ ဒါပေမယ့် မင်းက ကိုယ်နဲ့ခွဲနေဖို့ သည်းမခံနိုင်ဘူး။ အဲ့တာကြောင့် မင်း ကိုယ့်ကိုတွေ့ဖို့ အကြောင်းပြချက်ရှာပြီး ကျုံးလင်းအယ်နဲ့ တမင်တကာ ရန်ဖြစ်ခဲ့တာပဲမဟုတ်လား "

ကျွီ .........

လုရှောင်ရ၏လက်တွေ တုန်သွားကာ လမ်းဘေးရှိ ဈေးဆိုင်တစ်ခုသို့ ကားနဲ့တိုက်မိလုနီးပါး ဖြစ်သွားသည်။

ယဲ့ဖန်၏ မျက်လုံးနှင့် လက်က လျင်မြန်စွာ ရွေ့သွားပြီး ဦးတည်ရာကို ထိန်းချုပ်ရန် သူ့လက်ကို ချက်ချင်းဆန့်လိုက်သည်။

တိုက်ဆိုင်စွာပင် သူမ၏ပျော့ပျောင်းသောလက်ပေါ်သို့ သူ့လက်က အုပ်မိုးမိသွားသည်။

လုရှောင်ရ၏ လှပသော မျက်နှာလေးက သူမ၏ နားရွက်အထိ တစ်မျက်နှာလုံးနီရဲသွားတော့သည်။

အပိုင်း ( ၃၁၀ )

မင်းရဲ့အခြေခံစည်းကဘာလဲ။

" ဘာလို့ လက်တွေတုန်နေတာလဲ "

" ကျွန်မ အေးနေလို့ပါ "

" ဒါဆို မင်းမျက်နှာက ဘာလို့နီနေတာလဲ "

" ကျွန်မ ပူလို့ "

" အေးတာလား ပူတာလား "

" ကျွန်မ ........ "

လုရှောင်ရသည် သူ့လက်ကို အမြန်ရုတ်လိုက်ပြီး ယဲ့ဖန်ကို စိုက်ကြည့်လိုက်သည်။

" ဘာလို့ ဂရုစိုက်နေတာလဲ။ ဆင်းတော့ "

သူမ စကားပြောနေရင်း ခရီးသည်ထိုင်ခုံတံခါးကို အမြန်တွန်းဖွင့်လိုက်သည်။

" ဒီနေ့ မင်းကို ကိုယ်အများကြီးကူညီခဲ့တယ်လေ။ မင်းက ကိုယ့်ကိုပြန်လိုက်မပို့တော့ဘူးလား "

ယဲ့ဖန် အနည်းငယ်မကျေမနပ်ဖြစ်သွားသည်။

" ရှင် ကျွန်မကို ကူညီခဲ့ပေမယ့် ကျွန်မကလည်း ရှင့်ကို ဖုလီကော်ပိုရေးရှင်းအကြောင်း ပြောပြခဲ့တယ်လေ။ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်ကြား ဘာတစ်ခုမှ အကြွေးမရှိဘူး။ ဆင်းလိုက် "

လုရှောင်ရက အခြားဘာမှမပြောဘဲ ကားထဲက အမြန်တွန်းထုတ်လိုက်သည်။

ထိုမှသာ သူမ သက်ပြင်းရှည်ကြီးချနိုင်ခဲ့သည်။

အခုချိန်ထိ သူမ နှလုံးသားက တုန်လှုပ်နေဆဲဖြစ်သည်။

ခုနက ယဲ့ဖန် သူမလက်ကို ဆုပ်ကိုင်လိုက်တဲ့အခါတွင် သူမ၏သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရသည်။

မီးလောင်တော့မည့်အတိုင်းပင်ဖြစ်သည်။

ထိုခံစားချက်က ...... ဆန်းကြယ်လွန်းလှသည်။

ထိုအချိန်တွင် ယဲ့ဖန်အသံက နားထဲတွင် ထပ်၍ ထွက်ပေါ်လာသည်။

" မင်းသတိရနေတုန်းလား။ မင်း ကိုယ့်ကိုမခွဲနိုင်ရင် ခဏလောက် ထပ်နေပေးမယ်လေ "

သူမ လှည့်ကြည့်လိုက်သည်။

ယဲ့ဖန်သည် ကားပြတင်းပေါက်ကို မှီပြီး နတ်ဆိုးဆန်တဲ့အပြုံးဖြင့် သူမကို ကြည့်နေသည်ကို သူမတွေ့လိုက်ရသည်။

လုရှောင်ရထိတ်လန့်သွားသည်။

" ဘာလို့ပြန်လာတာလဲ "

ယဲ့ဖန်က တခစ်ခစ်ရယ်ရင်း ပြောသည်။

" ကိုယ့်ပန်းချီကားကို ပြန်ယူဖို့ လာတာပါ။ မင်းဘာသာမင်း ဆက်ပျော်နေလို့ရတယ် "

သူစကားပြောရင်းဖြင့် ထိုင်ခုံပေါ်မှ ပန်းချီကားကိုယူကာ လှည့်ထွက်ခဲ့သည်။

လုရှောင်ရသည် ယဲ့ဖန်၏ကျောကိုကြည့်ပြီး ရုတ်တရက် အနည်းငယ်ရူးသွားသလို ခံစားလိုက်ရသည်။

သူမ ဘာကြောင့် ဒီလောက်ထူးဆန်းတဲ့ခံစားချက်မျိုးကို ခံစားနေရတာလဲ။

သူမ သူ့ကို တကယ်ဘဲ စိတ်ဝင်စားနေတာလား။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မဖြစ်နိုင်ဘူး။

...............

ယဲ့ဖန်သည် ကျုံးထျန်းကန်သာယာစံအိမ်သို့ပြန်လာပြီးတဲ့နောက် 'ကောအမျိုးသမီးနွေဦးခရီး ပန်းချီကား' ကို လေ့လာနေခဲ့သည်။

ဒီပန်းချီကားဟာ တရုတ်ပြည်အနုပညာလောကကြားမှာ ဂန္တဝင်လက်ရာမြောက်တယ်လို့ ယူဆလို့ရသည်။

ဆုန်းမင်းဆက်၏ နိုင်ငံတော်ဘဏ္ဍာဖြစ်သည်။

ဒီပန်းချီအစစ်အမှန် ပေါ်လာတယ်ဆိုတဲ့ သတင်းတွေ ပြန့်နှံ့သွားခဲ့ရင် ဘယ်လိုမျိုးတုန်လှုပ်စရာတွေ ဖြစ်လာမလဲ။

စိတ်ကူးတောင် မယဉ်ရဲပေ။

သူ စိတ်နှစ်မြုပ်ပြီးလေ့လာနေချိန်မှာပဲ ချန်းရွှမ်ဆီက ရုတ်တရက် ဖုန်းဝင်လာခဲ့သည်။

သူ မဆိုင်းမတွ ဖုန်းဖြေလိုက်သည်။

" ဟယ်လို၊ ယဲ့ဖန် ရှင် ကျွန်မရည်းစားဖြစ်ပေးနိုင်မလား "

ဖုန်းဝင်ပြီးတာနဲ့ ချန်းရွှမ်ဘက်က အကြောင်းပြချက်မရှိဘဲ အခုလိုပြောလာခဲ့သည်။

" ဒါ ...... ဒါကြီးက နည်းနည်းတော့ ရုတ်တရက်မဆန်လွန်းဘူးလား။ ကျွန်တော် စိတ်ပိုင်းဆိုင်ရာ လုံးဝ မပြင်ဆင်ထားရသေးဘူး "

ယဲ့ဖန် အံ့အားသင့်သွားပေမဲ့ မတတ်နိုင်ဘဲ စနောက်နေမိသည်။

" တောင်းပန်ပါတယ်။ ကျွန်မပြောချင်တာ ရှင် ကျွန်မရည်းစားလို ဟန်ဆောင်လို့ရမလား "

ချန်းရွှမ်က သူနားလည်မှုလွဲနေတာကို သိလိုက်ပြီး အမြန်ရှင်းပြလိုက်သည်။

" ဟန်ဆောင်ရမှာလား။ ပျင်းစရာကြီး မဟုတ်ဘူးလား "

" ကျွန်မ ရှင့်ကို နောက်နေတာမဟုတ်ဘူး။ ကျွန်မကိုကူညီပေးလို့ရမလား "

" ဘာဖြစ်သွားတာလဲ အတိအကျပြောပြပါဦး "

" မကြာသေးခင်က တစ်ယောက်ယောက်က ကျွန်မကို လိုက်နေတာ ..... "

" မင်းကိုလိုက်နေတာလား။ တစ်ခုခုခိုးထားတာလား "

" ကျွန်မ … ဆိုလိုတာက သူက ကျွန်မကို လိုက်ပိုးပန်းနေတာပါ။ ကျွန်မ သူ့ကို အကြိမ်ကြိမ် ငြင်းခဲ့ပြီးပေမယ့် သူက လက်လျှော့ဖို့ ငြင်းဆန်နေဆဲဘဲ "

" အဲ့တော့ "

" ဒီနေ့ ကျွန်မအမေမွေးနေ့ဆိုတာ သူ ဘယ်လိုသိသွားမှန်းမသိပေမဲ့ သူက ကျုံးဟိုင်တိုက်ကွန်းကလပ်မှာ ကျွန်မအမေအတွက် မွေးနေ့ပါတီကို အတင်းကျင်းပချင်နေတာ။ ကျွန်မအမေကလည်း တကယ်ကြီး သဘောတူလိုက်တယ် ...... "

" ဒါက နည်းနည်းတော့ ခက်တယ်။ မင်းအမေက သဘောတူပြီးမှတော့ ကိုယ်ကဝင်စွက်ဖက်ရင် ပြဿနာရှာရာရောက်မှာ မဟုတ်ဘူးလား"

" ကျေးဇူးပြုပြီး ဒီကိစ္စကိုကျော်ဖြတ်ဖို့ ရှင် ကူညီနိုင်သရွေ့ ရှင်တောင်းဆိုသမျှ ဘာမဆိုကို ကျွန်မ သဘောတူပေးနိုင်တယ် "

" ဘယ်အခြေအနေမဆိုလား "

ယဲ့ဖန်သည် ထိုစကားကိုကြားပြီး ချက်ချင်း လေးလေးနက်နက် တွေးတောလိုက်သည်။

" ဒါပေမဲ့ အဓိကအချက်ကတော့ ကိုယ်ကျင့်တရားဆိုင်ရာအခြေခံကိုတော့ မချိုးဖောက်ဘူးရဘူး "

ချန်းရွှမ်သည် အလွန်တင်းကြပ်သော မိန်းမတစ်ဦးဖြစ်သည်။ သူမက နောက်ထပ်အခြေအနေတစ်ခုကို အမြန်ထပ်ဖြည့်ပြောလိုက်သည်။

" ဒါဆို မင်းရဲ့ကိုယ်ကျင့်တရားရဲ့ အခြေခံအချက်က ဘာလဲ။ နမ်းတာလား "

" မရဘူး "

" လက်ကိုင်တာရော "

" မရဘူး "

" ဒါဆို မင်း တခြားတစ်ယောက်နဲ့ညှိလိုက်ရင် ပိုကောင်းမယ် "

ယဲ့ဖန်သည် ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားရသည်။

" ယဲ့ဖန်၊ ကျွန်မ တောင်းပန်ပါတယ်။ ရှင် မကူညီရင် ကျွန်မ မှာရွေးချယ်စရာမရှိတော့ဘူး ..... "

ချန်းရွှမ်က ငိုရှိုက်တဲ့လေသံလေးနဲ့ ပြောလိုက်သည်။

" မငိုပါနဲ့။ ကိုယ် မင်းကို မကူညီမှာဘူးလို့ မပြောခဲ့ပါဘူး "

ယဲ့ဖန် ခေါင်းကိုက်ရတော့သည်။

မိန်းမတွေ ငိုတာကို သူ အကြောက်ဆုံးဖြစ်သည်။

အထူးသဖြင့် မိန်းမလှလေးတွေပေါ့။

သူ့ကို အပြစ်ရှိသလိုခံစားရစေသည်။

" ကျေးဇူးတင်ပါတယ်။ ရှင် ကျွန်မကို ဒုက္ခထဲမှာ ထားမသွားဘူးဆိုတာ ကျွန်မသိတယ် "

ချန်းရွှမ်သည် ဝမ်းနည်းခြင်းမှ ပျော်ရွှင်ခြင်းသို့ ချက်ချင်းပြောင်းသွားသည်။ သူမ၏စိတ်ခံစားမှုများသည် အလွန်လျင်မြန်စွာပြောင်းလဲသွားသောကြောင့် ယဲ့ဖန်မှာ ပြောစရာစကားပင်ပျောက်သွားရပြီး မျက်လုံးဝေ့လိုက်သည်။

" မင်းအမေမှာ ဝါသနာတစ်ခုခုရှိလားဆိုတာ ကိုယ့်ကို အရင်ပြောဦး "

ချန်းရွှမ် အံ့အားသင့်သွားသည်။

" ဘာလို့ ဒီလိုမေးတာလဲ "

ယဲ့ဖန်က အနည်းငယ် စိတ်မရှည်တော့ပေ။

" ဟုတ်တယ်လေ၊ သူမ အကြိုက်တွေကို ဖြည့်ဆည်းပေးဖို့ပေါ့။ မင်းက သူဌေးဖြစ်နေတာတောင် ဒီလိုကိစ္စတွေကို နည်းနည်းလေးတောင် နားမလည်ဘူးလား "

ချန်းရွှမ်က စကားပြန်မပြောခင် ခဏလောက် ငြိမ်သွားသည်။

" ကျွန်မအမေက များသောအားဖြင့် စီးပွားရေးကိစ္စတွေနဲ့ အရမ်းအလုပ်များပြီး အားလပ်ချိန်သိပ်မရှိတတ်ဘူး။ ဝါသနာအရပြောရရင် ဝိုင်ဖြူသောက်ရတာ ကြိုက်တယ်။ သူက ဝိုင်ဖြူ စုဆောင်းရတာ ကြိုက်တယ် ...... "

ယဲ့ဖန်က ဂရုတစိုက် နားထောင်ပြီး ခေါင်းငြိမ့်လိုက်သည်။

" ကောင်းပြီ၊ ကိုယ် နားလည်ပြီ။ ညက ကလပ်အ၀င်ဝမှာဘဲ ဆုံကြရအောင် "

"ကောင်းပြီ ဒီညတွေ့မယ် "

ဖုန်းချပြီးနောက် ယဲ့ဖန် ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရသည်။

အရက်သောက်တတ်တဲ့ အလေ့အထ သူ့မှာ မရှိတော့ ဝိုင်ဖြူပုလင်းရဖို့ သူ့အတွက် နည်းနည်းခက်ခဲလေသည်။

သူ ခဏလောက် ပြင်းပြင်းထန်ထန် တွေးလိုက်သည်။

နောက်ဆုံးတွင်တော့ ထန်းဂူဈေးဝယ်စင်တာ၏ CEO ဖြစ်သူ ကွမ်းကျန်ရှန်းကို ဖုန်းဆက်ခေါ်ဆိုခဲ့သည်။

" ကွမ်းလူကြီး၊ ခင်ဗျားမှာ ကောင်းတဲ့ဝိုင်ဖြူ ရှိလား "

" ဝိုင်ဖြူလား။ ယဲ့လူကြီးမင်း ဝိုင်ဖြူသောက်ချင်လို့လား။ ကုန်တိုက်ထဲမှာ တန်ဖိုးကြီးဝိုင်ဖြူတွေ အများကြီးရှိပါတယ်။ ဘူးနည်းနည်း ပို့ပေးဖို့ တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်မယ် "

" အဲ့တာ ကျွန်တော့်အတွက်မဟုတ်ပါဘူး။ ဒီည သူငယ်ချင်းတစ်ယောက်ရဲ့ အမေမွေးနေ့ရှိတယ်။ ဝိုင်ဖြူကောင်းကောင်းတစ်ပုလင်း ပေးချင်ပေမယ့် ဝိုင်ဖြူအကြောင်း သိပ်မသိဘူး။ အဲ့တာကြောင့် ခင်ဗျားကို အကူအညီတောင်းတာပါ "

" သူငယ်ချင်းလား။ ယောက်ျားလေးလား မိန်းကလေးလား "

" အဲ့တာ အရေးကြီးလား "

" ဟုတ်ကဲ့၊ အဲ့တာ အရေးကြီးပါတယ်။ ဝိုင်ဖြူပေးတဲ့အခါ သတိထားရမယ့်အချက်တွေ အများကြီးရှိပါတယ်။ ဥပမာ ....... "

" အဲ့တာတွေ ပြောမပြပါနဲ့တော့။ မိန်းကလေးပါ။ ဒီကောင်မလေးကိုလည်း ခင်ဗျားသိတယ်။ သူမက လင်းယွမ်အိမ်ခြံမြေက ချန်းရွှမ်ပါ "

" အိုး၊ မင်းတို့နှစ်ယောက် ....... "

" အထင်လွဲမနေပါနဲ့။ သူနဲ့ကျွန်တော်က ထင်တဲ့ ဆက်ဆံရေးမျိုးမဟုတ်တာ သေချာတယ်။ ငါတို့ ..... "

" မရှင်းပြနဲ့၊ ကျွန်တော် နားလည်ပါတယ်။ ဒီလိုကိစ္စကို ကျွန်တော်နဲ့လွှဲထားခဲ့ပါ။ ကျေနပ်စေရမယ်လို့အာမခံပါတယ် "

" ည ၇ နာရီမှာ ကလပ်အပေါက်ဝကနေ စောင့်နေပါ့မယ်။ နောက်မကျပါနဲ့ "

" စိတ်မပူပါနဲ့၊ ယဲ့လူကြီးမင်း ..... "

ဖုန်းချပြီးတဲ့နောက် နာရီကြည့်လိုက်တဲ့အခါ အချိန်က ညနေ ၃ နာရီပဲ ရှိသေးသည်။

စောနေသေးတာကြောင့် သူ့ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး ပန်းချီကားကိုသာ ဆက်လေ့လာနေခဲ့သည်။

အပိုင်း ( ၃၁၁ )

စိတ်ရှုပ်စရာကောင်းလိုက်တာ ~~ ဖြည်းဖြည်းပါဆို

အဲ့ဒီည ၆း၃၀ လောက်တွင် ယဲ့ဖန်သည် Ferrari Enzoကို မောင်းနှင်ပြီး ကျုံးဟိုင်တိုက်ကွန်းကလပ်သို့ ရောက်ရှိလာခဲ့သည်။

ကားရပ်နားရန်နေရာတွင် အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ကွမ်းကျန်ရှန်းရောက်လာသည်။

ကွမ်းကျန်ရှန်း ဘာတွေတွေးနေတယ်ဆိုတာ ဘယ်သူမှမသိပေ။

ရောက်လာပြီးတဲ့နောက် ကားပေါ်ကနေဆင်းပြီး တိတ်တဆိတ် လျှောက်လာခဲ့သည်။

သူ့အင်္ကျီထဲတွင် ဝှက်ထားသည့်အရာတစ်ခုခုရှိနေပုံရပြီး သူ့ပုံစံကအပြစ်ရှိနေပုံရသည်။

အဲ့တာကိုမြင်တော့ ယဲ့ဖန်ဆွံ့အသွားရသည်။

ထန်းဂူဈေးဝယ်စင်တာ၏ CEO သည် ဒီလောက်ထိတ်လန့်ဖွယ်ကောင်းမယ်ဆိုတာ ဘယ်သူကထင်မှာလဲ။

ကွမ်းကျန်ရှန်းက ကားတံခါးကိုဖွင့်ပြီး ခရီးသည်ထိုင်ခုံဘက်တွင် အမြန်ဝင်ထိုင်လိုက်သည်။

" ယဲ့လူကြီးမင်း၊ ကျွန်တော် ယူလာပါပြီ "

စကားပြောရင်း သူ့ရင်ဘက်ထဲက ဝိုင်ဘူးကို ထုတ်လိုက်သည်။

ယဲ့ဖန်ကြည့်လိုက်တော့ 'မောက်ထိုက်' ဟူသော စကားလုံးနှစ်လုံးကို ဘူးပေါ်တွင် ရေးထားသည်ကိုတွေ့လိုက်ရသည်။

သူ မတတ်နိုင်ဘဲ မျက်လုံးကို ဝေ့သည်။

" ဒါက မောက်ထိုက်တစ်ပုလင်းပဲ မဟုတ်လား။ ဘာလို့ သူခိုးလို ပြုမူနေရတာလဲ။ မသိရင် ဒါက လျှို့ဝှက်ကိုယ်စားလှယ်တွေ အချိန်းအချက်လုပ်တာလို့ ထင်နိုင်တယ် "

ကွမ်းကျန်ရှန်းထိတ်လန့်သွားသည်။

" ဒါက ရိုးရိုးမောက်ထိုက်ပုလင်းမဟုတ်ပါဘူး။ ဒါက အကန့်သတ်ထုတ်လိမိတက်ပုလင်းပါ။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရနိုင်ဘူး "

ယဲ့ဖန်သည် ပုလင်းကိုယူ၍ တစ်ချက်ကြည့်လိုက်သည်။

" ဒါက Limited Edition ဆိုရင်တောင် ဒီလောက် လျှို့ဝှက်နေဖို့ မလိုဘူး မဟုတ်လား "

ကွမ်းကျန်ရှန်းသည် ခြောက်ကပ်စွာဖြင့် ချောင်းဆိုးကာလည်ချောင်းရှင်းလိုက်သည်။

" ဒီဝိုင်ပုလင်းကို ခိုးလာတာပါ "

ယဲ့ဖန်၏လက်များတုန်သွားကာ ပုလင်းက မြေပြင်ပေါ်သို့ ကျမတတ်ပင်ဖြစ်သွားသည်။

" ခိုးတာလား။ ကျွန်တော် မယူနိုင်ဘူး။ ဝိုင်တစ်ပုလင်းကြောင့်နဲ့ ခင်ဗျားနဲ့အတူ ထောင်ထဲမသွားချင်ပါဘူး "

" အထင်မှားနေပြီ "

ကွမ်းကျန်ရှန်းက အမြန်ရှင်းပြသည်။

" ဒီဝိုင်ကို အဖေ့ဆီက ခိုးခဲ့တာပါ "

ယဲ့ဖန်က အံသြသွားရသည်။

" ခင်ဗျားအဖေဆီက ခိုးလာတာလား "

ကွမ်းကျန်ရှန်းက နေရခက်စွာ သူ့ခေါင်းကို ကုတ်လိုက်သည်။

" လူကြီးမင်းက ဝိုင်ကို အမြန်တောင်းတဲ့အတွက် ကျွန်တော့်မှာ ရွေးချယ်စရာသိပ်မရှိဘူး။ ကျွန်တော့်အဖေက စပျစ်ဝိုင်ကို စုဆောင်းရတာ ကြိုက်လို့ ဝိုင်အခန်းထဲကို သွားပြီး ပုလင်းတစ်လုံးလောက် ခိုးလာခဲ့တာပါ။ ဒါက ကျွန်တော့်အဖေရဲ့ ရတနာပဲ။ သူကသောက်ဖို့ကို အမြဲတွန့်ဆုတ်နေခဲ့တာ "

ယဲ့ဖန်က ချီတုံချတုံဖြစ်သွားသည်။

" ဒါက သိပ်မကောင်းဘူး မဟုတ်လား။ ဆရာကြီးကို ထပ်ပြီး ဒေါသမထွက်ပါစေနဲ့။ ဒီလိုဖြစ်သွားရင် ကျွန်တော်ဒုက္ခရောက်လိမ့်မယ် "

ကွမ်းကျန်ရှန်းသည် သူ့လက်ကို အမြန်ဝှေ့ယမ်းပြလိုက်သည်။

" စိတ်မပူပါနဲ့ ကျွန်တော့်အိမ်ကအဘိုးကြီးက ကျန်းမာရေးကောင်းပါတယ်။ ကျွန်တော့်ထက်တောင် အသက်ပိုရှည်ရှည်နေနိုင်လောက်တယ် "

ထို့နောက် သူက လက်ပတ်နာရီပေါ်မှအချိန်ကိုကြည့်လိုက်သည်။

" အရေးကြီးတဲ့ ဖောက်သည်နဲ့ တွေ့ရဦးမှာမလို့ ကျန်တာ ဘာမှမရှိရင် အရင်သွားနှင့်ပါတော့မယ် "

ယဲ့ဖန်က သူ့ပုခုံးကို ပုတ်လိုက်သည်။

" ကျေးဇူးပါပဲ။ နောက်ကျအားရင် တစ်ခုခုလိုက်ကျွေးပါ့မယ် "

ဒီနေ့ အဖြစ်အပျက်တွေပြီးရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပိုနီးစပ်လာနိုင်တယ်ဆိုတာကို ကွမ်းကျန်ရှန်း သိနေခဲ့သည်။

တောက်ပတဲ့အနာဂတ်ရှိတဲ့ ဒီလူငယ်လေးနဲ့ နီးနီးကပ်ကပ်ဖြစ်ဖို့ဆိုရင် Limited Editionမောက်ထိုက်ပုလင်းတစ်ရာပေးဆပ်ရရင်တောင်မှ တန်ဖိုးရှိသည်။

" လူကြီးမင်းက ယဉ်ကျေးလွန်းနေပါပြီ။ ဒါဆို ကျွန်တော့်ကိုအရင်ဆုံး ခွင့်ပြုပါဦး "

ထို့နောက် သူ ကားထဲမှ ထွက်လာခဲ့သည်။

သူထွက်သွားပြီးနောက် ယဲ့ဖန်လည်း ကားပေါ်မှဆင်းရန် ပြင်ဆင်နေချိန်တွင် အဝါရောင် Maserati MC20 သည် ကားပါကင်သို့ ရုတ်တရက် မောင်းနှင်လာပြီး သူ့ကားရပ်မည့်နေရာဆီသို့ ဦးတည်သွားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် အသက်နှစ်ဆယ်ကျော်ခန့်ရှိ အမျိုးသားတစ်ဦးက ကားခေါင်းခန်းမှ ထွက်လာခဲ့သည်။

ထိုလူက အရမ်းကိုချောသည်။

ဂုဏ်မောက်တတ်တဲ့ ယဲ့ဖန်ပင်လျှင် ရှုံးနိမ့်ကြောင်း ဝန်ခံရသည်။

သို့သော် ထိုလူ၏မျက်နှာပေါ်တွင် ကောက်ကျစ်သောအပြုံးတစ်ခုရှိနေပြီး ရွံစရာကောင်းတဲ့ခံစားချက်မျိုးကို ပေးသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ရုံးအ၀တ်အစားဝတ်ထားတဲ့အမျိုးသမီးတစ်ဦးသည် ခရီးသည်ထိုင်ခုံမှ ဆင်းလာကာ ရှုပ်ပွနေသောအဝတ်အစားတွေကို ပြန်သပ်ရပ်အောင်လုပ်နေသည်။

ထိုလူက ချက်ချင်းပင် သူမ၏တင်ပါးဆီသို့ လှမ်းထိလိုက်သည်။

" ဘယ်လိုတောင် အပျက်ဆန်လိုက်လဲ။ မင်းက ကားထဲမှာတောင် အရမ်းမိုက်တယ် "

ထိုအမျိုးသမီးက သူ့လက်ကို ပုတ်လိုက်ပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။

" စိတ်ညစ်စရာကောင်းလိုက်တာ ~~ ဖြည်းဖြည်းပါဆို နင့်ကိုဘယ်သူမှမတွေ့စေနဲ့ဦး "

ထိုယောက်ျားက ဂရုမစိုက်ပေ။ သူက သူမလက်ကိုဆွဲပြီး ဆော့ကစားနေသည်။

" သူတို့မြင်ရင်ရော ဘာဖြစ်လဲ။ မင်းက ဘာကိုကြောက်နေတာလဲ "

ထိုအမျိုးသမီးက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။

" ငါက နင့်အဖေရဲ့ မိန်းမ။ နင့်အဖေကို တစ်ယောက်ယောက်က ဓာတ်ပုံရိုက်ပြီး နင့်အဖေကိုပြောပြမှာကို မကြောက်ဘူးလား "

ထိုလူက မထီမဲ့မြင် ပြုံးလိုက်သည်။

" ငါ့ဥစ္စာက ငါ့ဥစ္စာ။ သူသေရင် သူ့မှာရှိတဲ့အရာအားလုံးက ငါ့ဥစ္စာပဲ "

အမျိုးသမီးက ခပ်ဖျော့ဖျော့ဟွန်းခနဲလုပ်လိုက်သည်။

" ဒါဆို ငါတို့က သူသေပြီးတဲ့အထိ စောင့်ရမှာ မဟုတ်လား။ သူက အခုထိ အသက်ရှင်နေပြီးတော့ ကျန်းမာနေသေးတယ်လေ။ အဲ့တာကို နင်က အရမ်းမိုက်မဲရဲသေးတယ်လား "

ထိုလူက သူမကို ကားရှေ့ခေါင်းပေါ်မှာ ဖိလိုက်သည်။

" ပြဿနာက အဲ့ဒီဖားအိုကြီးက မင်းကို ကျေနပ်အောင်လုပ်ပေးနိုင်ပါ့မလား။ အပြင်က တောရိုင်းတွေနဲ့ ပေါင်းတာထက် မင်းရဲ့မြေသြဇာကောင်းတဲ့ အရည်လေးကို ကိုယ့်အတွက် ထားရတာ ပိုကောင်းတယ် မဟုတ်လား "

ထိုအမျိုးသမီးက သူ့ကို တွန်းဖယ်လိုက်သည်။

" သူက ငါ့ကို ကျေနပ်အောင် မလုပ်ပေးနိုင်ရင် နင်ကရော လုပ်နိုင်ပါ့မလား "

ထိုလူက သူမကို ငုံ့ကြည့်လိုက်ပြီး ဒေါသထွက်သွားသည်။

" ဒီနေ့မှ သင်ခန်းစာမပေးရရင် မင်းအစ်ကိုကွန်းက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး "

စကားပြောနေရင်းဖြင့် ထိုအမျိုးသမီးကို ကားပေါ်ဆွဲတင်ဖို့ လုပ်နေသည်။

ထိုအမျိုးသမီးက သူ့လက်ကို ဆတ်ခနဲခါထုတ်ပစ်လိုက်သည်။

" နင်ရူးနေလား။ အချိန်နီးနေပြီ။ နင့်ယောက္ခမကို သွား မတွေ့တော့ဘူးလား "

ထိုလူက မထီမဲ့မြင် ပြုံးလိုက်သည်။

" ဘာယောက္ခမလဲ။ အဲ့ဒီမြေကွက်အတွက်သာ မဟုတ်ရင် သူတို့အဆင့်က လူတွေက ငါ့ရဲ့ အာရုံစိုက်မှုနဲ့တောင် မထိုက်တန်ဘူး "

ထိုသို့ပြောလိုက်ပေမယ့်လည်း သူက ဆက်ပြီး တွယ်ကပ်မနေဘဲ လက်ကိုလွှတ်ပေးလိုက်သည်။

ထိုအမျိုးသမီးက အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာ လှောင်ပြောင်သည့်အမူအရာ ပေါ်လာသည်။

" တကယ်လား။ ဥက္ကဌချန်းက အရမ်းလှတယ်လို့ ကြားထားတယ်။ နင်က လုံးဝစိတ်မဝင်စားဘူးလား "

ထိုလူက ချက်ချင်း ပါးလျတဲ့အပြုံးကို ပြုံးလိုက်သည်။

" စိတ်မပူပါနဲ့။ ငါတကယ် သူမကိုရခဲ့ရင်တောင် မင်းကို မစွန့်လွှတ်ပါဘူး "

" ပြီးတော့ အထဲရောက်ရင် ကိုယ့်အတွက် ကောင်းတဲ့စကားလေး နည်းနည်းပြောဖို့ မမေ့နဲ့ဦး။ အဲ့တာဆို မင်းအတွက်ရမယ့်အကျိုးတွေကိုလည်း မမေ့ဘဲနေမယ် "

ထိုအမျိုးသမီးက သူ့ကို စိုက်ကြည့်လိုက်သည်။

" နင်က မိန်းမတွေနဲ့တွေ့ရင်ကို မေ့နေတဲ့ယောက်ျားဘဲ။ မျှော်လင့်ထားသလိုပဲ ယောက်ျားတိုင်းက မကောင်းဘူး "

ထို့နောက် သူမက ကလပ်ထဲသို့ လျှောက်သွားသည်။

သူ့မျက်နှာပေါ်တွင် ကောက်ကျစ်တဲ့အပြုံး ထပ်ပေါ်လာပြန်သည်။

ထို့နောက် သူက ကားထဲမှ သေတ္တာကြီးတစ်ခုကိုထုတ်ကာ အမြန်လိုက်သွားခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးကို ယဲ့ဖန်က မြင်လိုက်ရသည်။

သူ မတတ်နိုင်ဘဲ ခေါင်းယမ်းကာ ပြုံးနေလိုက်သည်။

တကယ့်ကို အချစ်ဒရမ်မာဇာတ်လမ်းလေးဘဲ။

မနေ့ညက သူစားခဲ့တဲ့အစာတွေတောင် ပြန်အန်ထွက်လောက်သည်။

သို့သော် သူတို့နှစ်ဦး၏စကားဝိုင်းတွင် 'ဥက္ကဌချန်း'၊ 'မိန်းမလှ'၊ 'ယောက္ခမ' နှင့် 'ထိုမြေကွက်' ကဲ့သို့သော အဓိကသော့ချက်စကားလုံးအချို့ကို သိခဲ့ရသည်။

ယဲ့ဖန် သတိထားလိုက်မိသည်။

ဒီလူက ချန်းရွှမ်ကိုလိုက်နေတဲ့သူဖြစ်နိုင်မလား။

အဲ့တာကိုတွေးပြီး ကားမှတ်တမ်းတင်အသံဖမ်းစက်ကို ချက်ချင်းကြည့်လိုက်သည်။

သူ့ကားကို မပိတ်ရသေးသောကြောင့် စက်ကလည်း လည်ပတ်နေသေးသည်။

မြင်ကွင်းတစ်ခုလုံးကို လုံးဝ အသေအချာမှတ်တမ်းတင်ထားလေသည်။

အဲ့တာကိုမြင်တော့ ယဲ့ဖန်က ပြုံးပြီး ကားဘလက်ဘောက်စ်ရဲ့ မန်မိုရီကတ်ကို ထုတ်လိုက်တယ်။

ထို့နောက် ကားတံခါးကိုတွန်းဖွင့်ပြီး ထွက်လာခဲ့သည်။

အပိုင်း ( ၃၁၂ )

ဘယ်လိုအရည်မျိုးလဲသိလား

ကားပေါ်မှဆင်းပြီးနောက် ယဲ့ဖန်သည် ကလပ်အဝင်ပေါက်တွင် စောင့်နေခဲ့သည်။ မကြာခင်မှာပဲ ချန်းရွှမ်ရောက်လာခဲ့သည်။

သူမသည် ဝိုင်အနီဂါဝန်ကိုဝတ်ထားသည်။

ဒီလိုညနေခင်းဂါဝန်ဝတ်စုံကို ဒီဇိုင်နာပညာရှင်တစ်ယောက်က လုပ်ထားမှန်း ထင်ရှားသည်။

သူမရဲ့ ပိန်ပိန်သွယ်သွယ်အသွင်အပြင်ကို ပေါ်လွင်စေရုံသာမက သူမကို အလွန်ပြီးပြည့်စုံတဲ့အသွင်လည်း ဖြစ်စေသည်။ မြင့်မြတ်တဲ့ခံစားမှုကိုလည်း ပြသနေသည်။

ချန်းရွှမ်အပြင် အသက်ငါးဆယ်ကျော်အမျိုးသမီးတစ်ဦးက ချန်းရွှမ်နဲ့အတူ ကားထဲမှတစ်ပြိုင်တည်းဆင်းလာခဲ့သည်။

ထိုအမျိုးသမီးသည် ချောမောပြေပြစ်ပြီး သူမရုပ်ရည်က ချန်းရွှမ်နှင့် ၇၀% ဆင်တူသည်။

အသက်ကြီးနေပေမယ့် သူမမျက်နှာက နုပျိုနေဆဲဖြစ်သည်။

ငယ်စဉ်တုန်းက ရှားပါးတဲ့အလှလေးတစ်ဦးဖြစ်မယ်မှန်း မြင်နိုင်သည်။

သူမ၏လှုပ်ရှားမှုတိုင်းက သန်မာရင့်ကျက်သော အမျိုးသမီးတစ်ဦး၏တန်ခိုးဩဇာကို ထင်ရှားစေသည်။

ချန်းရွှမ်သည် ယဲ့ဖန်ကိုမြင်သောအခါ သူမက ချက်ချင်းပြေးသွားခဲ့သည်။

ယဲ့ဖန်၏လက်ကို သဘာဝကျကျချိတ်ထားလိုက်သည်။

" ရှောင်ဖန်၊ ရှင် မင်းက ဘာလို့ဒီလောက်စောရောက်နေတာလဲ "

သူမ၏အပြုအမူကြောင့် ထိုအမျိုးသမီးက ဘယ်သူလဲဆိုတာကို ယဲ့ဖန် အကြမ်းဖျင်းခန့်မှန်းလိုက်နိုင်သည်။ ချက်ချင်းဆိုသလိုပဲ သူ့တာဝန်ကို ထမ်းဆောင်လိုက်သည်။

ရှန်းပိုင်ထျန်း၊ ရှုမန်နှင့် ကျိုးရှုယောင်းတို့အတွက်လည်း ချစ်သူတွေအဖြစ် သရုပ်ဆောင်ရန် ကူညီပေးခဲ့ပြီးဖြစ်တာကြောင့် ဒီလို ဇာတ်ရုပ်မျိုးနဲ့ ရင်းနှီးပြီးသားဖြစ်သည်။

သူက ချက်ချင်းဘဲ ချန်းရွှမ်၏ နှာခေါင်းကို ချစ်စရာကောင်းစွာပွတ်သပ်လိုက်သည်။

" ကိုယ်တို့ ချိန်းတွေ့တိုင်း ဘယ်တုန်းက စောစော မရောက်ဖူးလို့လဲ "

ချန်းရွှမ်၏ခန္ဓာကိုယ် အနည်းငယ်တောင့်တင်းသွားသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။

သူမအမေရှေ့မှာ ဒီလောက်ရင်းနှီးပြဖို့ သူမမျှော်လင့်ထားခဲ့မှန်း ထင်ရှားသည်။

ကံကောင်းစွာနဲ့ပဲ ချန်းရွှမ်က မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်ခဲ့သည်။ ခဏတာ တင်းမာနေပြီးတဲ့နောက် သူမသည် ရှက်တဲ့အမူအရာလေးကို လုပ်လိုက်သည်။

အမှန်တော့ သူမဟာ တကယ့်ကို ရှက်နေတာဖြစ်ပြီး ဟန်ဆောင်နေတာမဟုတ်ပေ။

သူတို့နှစ်ယောက်ကို တွေ့လိုက်တဲ့အခါ ထိုအမျိုးသမီး၏မျက်နှာက ချက်ချင်းမည်းမှောင်သွားတော့သည်။

" ရွှမ်ရွှမ်၊ နင် ဘယ်လိုလုပ်ပြီး လူကြားထဲမှာ ယောက်ျားတစ်ယောက်နဲ့ပွတ်ကာသီကာလုပ်နေရတာလဲ "

သူမအမေရဲ့ ဆူပူကြိမ်းမောင်းတာကိုကြားတော့ ချန်းရွှမ်ကပြောသည်။

" အမေ၊ ရှောင်ဖန်က ကျွန်မချစ်သူပါ။ သူ့ကို လက်ဆွဲတာ ဘာဖြစ်လဲ "

သူမက အဲ့လိုပြောလိုက်ပေမဲ့လည်း ယဲ့ဖန်ရဲ့လက်ကို လွှတ်လိုက်သည်။

သူမက သူမအမေကို ကြောက်တာ သိသာသည်။

အမျိုးသမီးက အော်ဆူလိုက်သည်။

" ငါ သဘောမတူဘဲ ဘယ်က ရည်းစားရလာတာလဲ "

ထိုသို့ပြောရင်း ယဲ့ဖန်ကို ရွံရှာစွာ ကြည့်လိုက်သည်။

ထို့နောက် ကလပ်ထဲသို့ အရင်ဝင်သွားခဲ့သည်။

ချန်းရွှမ်က ယဲ့ဖန်ကို တောင်းပန်စွာကြည့်လိုက်သည်။

" ကျွန်မအမေက အရမ်းဒေါသအရမ်းကြီးတတ်တာမလို့ စိတ်မဆိုးပါနဲ့ "

ယဲ့ဖန်က သူမလက်ကို ချက်ချင်းပြန်ကိုင်လိုက်ပြီးပြောသည်။

" စိတ်မပူပါနဲ့ သားမက်တစ်ယောက်အနေနဲ့ ယောက္ခမကို ဘယ်လိုလုပ်ဒေါသထွက်ရမှာလဲ "

ချန်းရွှမ်သည် ရှက်ပြီး သူ့လက်ထဲမှ လွတ်မြောက်ရန် ကြိုးစားရှာသည်။

ဒါပေမယ့် ယဲ့ဖန်ရဲ့ ချုပ်ကိုင်မှုက အရမ်းတင်းကျပ်တာကြောင့် သူမ မလွတ်မြောက်နိုင်ခဲ့ပေ။

ချန်းရွှမ်လည်း မတတ်နိုင်ဘဲ သူ့လက်ကိုတွဲကိုင်ပြီး ယဲ့ဖန်နဲ့အတူ ကလပ်ထဲကို လျှောက်လာလိုက်သည်။

လမ်းတစ်လျှောက်တွင် ချန်းရွှမ်က သူမအမေ၏အခြေအနေကို တိတ်တဆိတ်ပြောပြလာသည်။

ချန်းရွှမ်၏မိခင်မှာ စားသောက်ကုန်ကုမ္ပဏီတစ်ခု၏သူဌေး ဝမ်လင်း ဖြစ်သည်။

ငယ်ငယ်တုန်းကတည်းက သူမ အဖေဖြစ်သူက ကားမတော်တဆမှုမှာ သေဆုံးသွားခဲ့ပြီး အမေကိုသာ အမြဲအားကိုးခဲ့ရသည်။

ထို့ကြောင့် အမေနှင့်သမီးကြားမှာ လေးနက်သောဆက်ဆံရေးရှိသည်။

ချန်းရွှမ်က သူမအမေရဲ့ဆန္ဒကို ဘယ်တုန်းကမှ မလွန်ဆန်ဖူးပေ။

သူမ အမေက ဒီလူနဲ့လက်ထပ်ဖို့ အတင်းအကြပ်တောင်းဆိုရင် ဘယ်လောက်ပဲမလိုလားပါစေ သူမအမေရဲ့ဆန္ဒကို လိုက်နာမှာဖြစ်သည်။

ယဲ့ဖန်သည် သူမရဲ့ 'အကျိုးနည်းသိတတ်တဲ့သမီးအလိမ္မာလေး'ပုံစံကြောင့် ပြောစရာစကားပျောက်ရှသွားသည်။

သို့ပေမဲ့ သူသာအဲ့လိုဖြစ်ခဲ့လျှင် သူလည်း တူညီတဲ့ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိမ့်မည်ဖြစ်သည်။

ကံမကောင်းစွာနဲ့ဘဲ သူ ငယ်ငယ်ကတည်းက အဖေနဲ့အမေ မရှိခဲ့ကြပေ။

သူတို့သုံးယောက်က စားပွဲထိုးရဲ့ လမ်းပြမှုနောက်ကနေလိုက်ပြီး ကြိုတင်မှာထားတဲ့ သီးသန့်ခန်းကို ရောက်လာတဲ့အခါ အထဲမှာ လူနှစ်ယောက် ထိုင်နေပြီးဖြစ်သည်။

အစောက ကားပါကင်မှာ ယဲ့ဖန်တွေ့ခဲ့တဲ့ စုံတွဲဖြစ်သည်။

ယဲ့ဖန်သည် ၇၀% မှ ၈၀%လောက် သေချာနေခဲ့ပေမဲ့ အခု အတည်ပြုပြီးတဲ့အခါ တကယ့်ကိုရွံစရာကောင်းလှသည်။

ဒီလိုစရိုက်ဆိုးနဲ့လူယုတ်မာက ချန်းရွှမ်ကို လိုက်ဖို့ သတ္တိရှိသေးတာလား။

အဲ့တာကိုတွေးရင်း သူ့အိတ်ကပ်ထဲက မန်မိုရီကတ်ကို လှမ်းကိုင်လိုက်မိသည်။

ချန်းရွှမ်က သူ့ကို မိတ်ဆက်မပေးရသေးခင်မှာ အဲဒီလူက ရှေ့ကိုလျှောက်လာပြီး ဝမ်လင်းရဲ့လက်ကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားလိုက်သည်။

" မင်္ဂလာပါ အန်တီ။ ကျွန်တော့်နာမည်က ဖန်းရှောင်ကွန်းပါ။ ကျွန်တော်က အန်တီ့ကို ဖိတ်ခဲ့တဲ့သူပါ "

ဝမ်လင်းက သူ့လက်ကို ညင်သာစွာ ခါလိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။

" မင်္ဂလာပါ ဖန်းလူကြီးမင်း "

ဖန်းရှောင်ကွန်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" အန်တီ ကျွန်တော်က ဒီနှစ်မှ အသက် ၂၇ နှစ်ပဲ ရှိပါသေးတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လူကြီးမင်းလို့ မခေါ်ပါနဲ့။ ရှောင်ကွန်းလို့ပဲ ခေါ်ပါ "

သူက စကားပြောနေရင်း ချန်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

ချန်းရွှမ်နှင့် ယဲ့ဖန်သည် အလွန်ရင်းနှီးသောပုံစံဖြင့် လက်ဆွဲထားသည်ကိုမြင်သောအခါ ဖန်းရှောင်ကွန်း၏အမူအရာက ပြောင်းလဲသွားသည်။

ဝမ်လင်းလှည့်ကြည့်လိုက်ပြီး ချန်းရွှမ်ကို စိုက်ကြည့်လိုက်သည်။

" ရှောင်ရွှမ်၊ အပြုအမူထိန်းစမ်း "

ချန်းရွှမ်သည် သူမ၏နှုတ်ခမ်းကို စူလိုက်ပြီး ယဲ့ဖန်၏လက်ကို လွှတ်တော့မည့်အချိန်မှာဘဲ ယဲ့ဖန်၏လက်တွင် ဒဏ်ရာများစွာရှိနေသည် သူမ ရုတ်တရက် သတိပြုမိလိုက်သည်။

သူမ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

" ရှင့်လက်က ဘာဖြစ်သွားတာလဲ "

ထိုစိတ်ပူတဲ့အမူအရာက အတုအယောင်မဟုတ်ပေ။ တကယ့်စိုးရိမ်မှုဖြစ်သည်။

ယဲ့ဖန်က ဘာမှမဖြစ်သလို ပြုံးပြလိုက်သည်။

" ကောင်းပါတယ်။ ဒါဟာ မတော်တဆပါပဲ "

ချန်းရွှမ်စိတ်ပူလွန်းလို့ မျက်ရည်တွေပါ ကျလာတော့သည်။

" ဒါဆို စောစောက ပြောသင့်တယ်တာပေါ့။ ရှင် ဒဏ်ရာတွေရနေမှန်းသိရင် ရှင်ကိုလာခွင့်မပေးပါဘူး။ သွားရအောင် ဆေးခန်းလိုက်ပို့ပေးမယ် "

အဲ့လိုပြောရင်း ယဲ့ဖန်ကို ဆွဲထုတ်လိုက်သည်။

ယဲ့ဖန်က သူမကို အလျင်အမြန်လှမ်းဆွဲတားလိုက်သည်။

" မနေ့ညက ဆေးရုံကို IV ဆေးချိတ်ဖို့သွားခဲ့ပါတယ်။ ဆေးချိတ်တာက ဘယ်လိုဆေးရည်လဲ မင်း သိလား "

ချန်းရွှမ်က သူ့ကို ကြည့်နေသည်။

" ဘယ်ဆေးရည်တွေလဲ "

" မင်းကိုအလွမ်းပြေစေတဲ့ဆေးရည်တွေ "

ယဲ့ဖန်က သူမကို ချစ်သက်ဝင်စွာ ကြည့်နေသည်။

ချန်းရွှမ် ချက်ချင်းကြက်သီးထသွားရသည်။

ဒီအချစ်စကားတွေက တကယ်ကို အော်ဂလီဆန်စရာကောင်းလွန်းသည်။

သို့သော် ယဲ့ဖန်ဆီမှ ထိုစကားကိုကြားသောအခါ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့လိုက်သည်။

ဝမ်လင်းနှင့် ဖန်းရှောင်ကွန်းတို့ အံ့သြသွားကြရသည်။

ဒီလူနှစ်ယောက်က သူတို့ရှေ့မှာ ချစ်ခြင်းမေတ္တာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြနေကြတာလား။

" ရွှမ်ရွှမ် .......... "

ဝမ်လင်းသည် ဒေါသတကြီးဖြစ်နေသည်။

ဖန်းရှောင်ကွန်းက သူမကို အမြန်တားလိုက်သည်။

" အန်တီ စိတ်မဆိုးပါနဲ့။ ရွှမ်ရွှမ်က ကျွန်တော့်ကို သဝန်တိုဒေါသဖြစ်အောင် ကြိုးစားနေတာပါ။ ကျွန်တော်နားလည်ပါတယ် "

စကားစမြည်ပြောရင်း သူတို့သုံးယောက်ကို ထိုင်ဖို့ ညွှန်ပြလိုက်သည်။

ဝမ်လင်းသည် ဖန်းရှောင်ကွန်းအား သဘောကျစွာ ကြည့်လိုက်သည်။

" ရှောင်ကွန်းက အရမ်းဉာဏ်ကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ခဲ့ရှင်းကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်လာနိုင်တာ အံ့သြစရာမရှိတော့ပါဘူး "

ခဲ့ရှင်းကုမ္ပဏီသည် အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သည်။

သူမ ဒီကိုမလာခင်မှာ ထိုကုမ္ပဏီရဲ့တန်ဖိုးဟာ ၄ ဘီလီယံကျော်အထိ ရှိတယ်ဆိုတာကို သူမ သိခဲ့ရသည်။

ကျုံးဟိုင်တွင် ထိုပမာဏလောက်ကို အလတ်စားကုမ္ပဏီတစ်ခုအဖြစ် သတ်မှတ်သည်။

သူမ၏ စားသောက်ကုန်ကုမ္ပဏီထက် နိမ့်ကျနေသည်တော့ မဟုတ်ပေ။

ဖန်းရှောင်ကွန်းက ကျိုးနွံစွာ ပြုံးလိုက်သည်။

" အန်တီက ကျွန်တော့်ကို မြှောက်ပင့်နေပြန်ပါပြီ။ ကျွန်တော့်မှာ ချို့ယွင်းချက်တွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်အမှားတစ်ခုခုလုပ်မိရင် အန်တီက အချိန်မီပြင်ပေးရမယ်ဗျာ "

ဝမ်လင်းသည် သူ့ရဲ့နှိမ့်ချသော သဘောထားကို အလွန်သဘောကျနေသည်။

ထိုအချိန်မှာပဲ ရုံးဝတ်စုံနဲ့အမျိုးသမီးက စပြီး ဝင်ပြောလာသည်။

" ကျွန်မတို့ရဲ့ ဒုဥက္ကဋ္ဌဖန်းက တကယ်ကို ထူးချွန်တာပါ။ အမေရိကန်ပြည်ထောင်စုက ဝေးလ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးတော့ မနှစ်ကမှ တရုတ်နိုင်ငံသို့ ပြန်ရောက်လာတာနဲ့ ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးတိုးခံထားရတာလေ။ ဒီလိုအသက်အရွယ်တွေထဲမှာ သူ့ထက် ပိုထူးချွန်တဲ့သူကို ရှာဖို့ခက်မယ်လို့ ပြောလို့ရတယ် "

ယဲ့ဖန်က သူတို့နဲ့ ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။

သူ့မျက်လုံးထောင့်ကနေ မြင်နေရသည်။

ထိုအမျိုးသမီးက စကားပြောနေရင်း ဖန်းရှောင်ကွန်းရဲ့ခြေထောက်တွေကို ခြေဗလာဖြင့်ပွတ်သပ်နေသည်။

သူ ပိုးပန်းနေတဲ့ မိန်းကလေးနဲ့ သူမအမေ ရှေ့မှာတောင် တိတ်တိတ်လေးမဖွယ်မရာလုပ်နေရဲသည်။

ဒီကောင်က တကယ့်ကို လူယုတ်မာတစ်ယောက်ဘဲ။

All Chapters