အပိုင်း ၃၁၇-၃၂၀
Vol. 16 Ch. 316-320
အပိုင်း ( ၃၁၇ )
ခင်ဗျားလုပ်တာဘဲ၊ ကျွန်တော့်ကို အပြစ်မတင်နဲ့
ဖန်းရှောင်ကွန်းနှင့် အတွင်းရေးမှူးလုတို့က မောက်ထိုက်ပုလင်းကို မြင်လိုက်သောအခါ ချက်ချင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
မောက်ထိုက်အထူး ပုလင်းလေးလုံးကို သူတို့ထုတ်မပေးခင် ယဲ့ဖန်က သူမကို ပေးလိုက်သည်ဆိုလျှင် လက်ခံနိုင်သေးသည်။
သို့သော် ယွမ် ၈၀၀,၀၀၀ တန် အထူးမောက်ထိုက်ပုလင်းတွေကို ပေးပြီးတဲ့နောက် သာမန်မောက်ထိုက်ပုလင်းကို ပေးလိုက်သောအခါတွင်တော့ အရှက်တကွဲ ဖြစ်သွားနိုင်သည်။
" ဒုဥက္ကဌဖန်းက ဝိုင်ဖြူတွေအကြောင်း သိပ်မသိပါဘူး။ ဒီ မောက်ထိုက်ဝိုင်က ဘယ်လောက်ကျမလဲ "
အတွင်းရေးမှူးလုက တမင်တကာ မေးခဲ့သည်။
" အိုက်ယား၊ မသိပါဘူး။ ဒါပေမယ့် မောက်ထိုက်ဈေးတွေက တက်နေတာ။ သာမာန် မောက်ထိုက် တစ်ပုလင်းကိုတောင် ၄၀၀၀ ကနေ ၅၀၀၀ လောက်အထိ တက်လာတယ် "
ဖန်းရှောင်ကွန်းကလည်း ရယ်မောကာ သရော်လှောင်ပြောင်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
" အိုး၊ ယဲ့လူကြီးမင်းက သိပ်ရက်ရောတာဘဲ။ သူက သာမန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဘဲဖြစ်ပေမဲ့ ယွမ် ၄၀၀၀၊ ၅၀၀၀ တန် မွေးနေ့လက်ဆောင်ကို ပေးတာဆိုတော့ တကယ်ကိုရှားတာဘဲ "
အတွင်းရေးမှူးလုက ဆက်ပြီး ထေ့ငေါ့နေခဲ့သည်။
" ဟုတ်တယ်နော်။ ယွမ် ၄၊၅ထောင်ဆိုတာ လအတော်ကြာ နေထိုင်စရိတ်ဖြစ်နိုင်တယ် မဟုတ်လား။ မင်းက တကယ်ကို အများကြီးကြိုးစားခဲ့တာဘဲ "
ဖန်းရှောင်ကွန်းက ခေါင်းငြိမ့်သဘောတူလိုက်သည်။
နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ပဲ့တင်သံထပ်အောင်ပြောနေကြတယ်။ သူတို့က ယဲ့ဖန်ကို အပေါ်ယံတွင် ချီးမွမ်းနေကြသော်လည်း တမင်တကာလှောင်ပြောင်သရော်မှုနေသည်ကို လူတိုင်းကြားနိုင်သည်။
ချန်းရွှမ် ဒေါသထွက်သွားသည်။
" ၄၊၅ထောင် ဆိုရင်ရောဘာဖြစ်လဲ။ ဒါက စေတနာဘဲလေ။ စျေးနှုန်းနဲ့ ဘာလို့တိုင်းတာရမှာလဲ "
ဖန်းရှောင်ကွန်း နှုတ်ခမ်းက ရွဲ့စောင်းသော အပြုံးပြုံးကာ ကွေးတက်သွားသည်။
" မင်းလို ကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဌကို ဆွဲဆောင်ဖို့အတွက် ၄၊ ၅ထောင်ဘဲ အကုန်အကျခံတာက ဒီဘက်ခေတ်မှာဈေးအမြင့်ဆုံးဖြစ်မယ်ထင်တယ် "
ဝမ်လင်းသည် သူ့သတိပေးချက်ကို ကြားလိုက်သောအခါ တုန်လှုပ်သွားသည်။
ဒီယဲ့ဖန်က သူတို့ရဲ့ မိသားစုပိုင်ဆိုင်မှုနောက်ခံမျိုးနဲ့ တကယ်ဖြစ်နိုင်ပါ့မလား။
သူမက စားသောက်ကုန်ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ပြီး အနည်းဆုံး ၁ ဘီလီယံတန်ဖိုးရှိသည်။
သမီးဖြစ်သူ တည်ထောင်ထားတဲ့ လင်းယွမ်အိမ်ခြံမြေက ပိုလို့တောင် နာမည်ကြီးသေးသည်။ တန်ဖိုးက အနည်းဆုံး ဘီလီယံအနည်းငယ်ချီဖြစ်သည်။
သားမိနှစ်ယောက်၏ ကိုယ်ရေးကိုယ်တာပိုင်ဆိုင်မှုကလည်း အနည်းဆုံး ၂ ဘီလီယံမှ ၃ ဘီလီယံအထိ ပေါင်းနိုင်သည်။
ဒီလောက်ကြီးမားသောဥစ္စာပစ္စည်းတွေကို လူဘယ်နှစ်ယောက်က စိုက်ကြည့်နေလဲဆိုတာကို ဘယ်သူသိနိုင်မှာလဲ။
သာမာန်မိသားစုက မွေးဖွားလာခဲ့တဲ့ ယဲ့ဖန်လိုတစ်စုံတစ်ယောက်က သူဘာတွေစီစဉ်နေတယ်ဆိုတာ ဘယ်သူသိမှာလဲ။
တန်းတူညီတဲ့အဆင့်အတန်းရှိသူကို ရှာဖွေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
အဲ့တာက ပိုလုံခြုံသည်။
ဖန်းရှောင်ကွန်းက ပိုကောင်းမွန်သည်။
အဲ့တာကိုတွေးပြီး သူမသမီးနဲ့ ယဲ့ဖန်တို့လမ်းခွဲစေရန် ပိုစိတ်ပိုင်းဖြတ်ခဲ့သည်။
" ယဲ့ဖန်၊ မင်း ဒီဝိုင်ပုလင်းကို ပြန်ယူသင့်ပြီ ငါ ..... "
ဝမ်လင်းက ယဲ့ဖန်ကို ဝိုင်ပုလင်းပြန်ပေးဖို့ပြင်ဆင်ရင်း ပြောလိုက်စဉ်မှာဘဲ ဝိုင်ပုလင်း၏ထောင့်တွင် ရေးထားတဲ့ 'အသက် 80 အရွယ် ဝိုင်' ဆိုတဲ့ စကားလုံးကို ရုတ်တရက် မြင်လိုက်ရသည်။
သူမ၏မျက်အိမ်ကို ချက်ချင်း ကျဉ်းမြောင်းလိုက်သည်။
သူမ အမြန်ပြန်ယူကာ သေသေချာချာကြည့်လိုက်သည်။
အဲ့တာက အမှန်ဖြစ်သည်။
ဒါက အမှန်ဘဲ နှစ် ၈၀ သက်တမ်းရှိ ဝိုင်ဖြစ်နေသည်။
" ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ နှစ် ၈၀ သက်တမ်းရှိ ဘယ်လိုလုပ်ဖြစ်နေရတာလဲ "
ဖန်းရှောင်ကွန်းက သူမရဲ့ထူးဆန်းတဲ့အမူအရာကို သတိပြုမိပြီး မေးလိုက်သည်။
" အန်တီ ဘာဖြစ်လို့လဲ "
ဝမ်လင်းက သူ့ကို လျစ်လျူရှုပြီး ယဲ့ဖန်ကိုကြည့်ကာ မေးလိုက်သည်။
" ဒီဝိုင်ကို မင်းဘယ်ကရခဲ့တာလဲ "
ယဲ့ဖန်က ထိုနေရာမှာဘဲ ငြိမ်သက်စွာ ထိုင်နေသည်။
" မိတ်ဆွေတစ်ယောက်က ပေးလိုက်တာ ...... "
" မဟုတ်တာ မပြောနဲ့ ...... "
ဝမ်လင်းက သူ့ကို ပြီးအောင်ပြောတာပင်စောင့်ဘဲ ချက်ချင်း ဖြတ်ပြောလိုက်သည်။
" ဒီလောက်စျေးကြီးတဲ့ ဝိုင်ကို ဘယ်မိတ်ဆွေက ပေးမှာလဲ "
ဘေးမှာရပ်နေတဲ့ ချန်းရွှမ်လည်း ထိတ်လန့်သွားသည်။
သူမအမေက ဒီလောက်တင်းကျပ်တာကို တစ်ခါမှ မမြင်ဖူးပေ။
" အမေ ဘာဖြစ်နေတာလဲ " ဟု အမြန်မေးလိုက်သည်။
ဝမ်လင်းသည် ဝိုင်ဘူးပေါ်က စကားလုံးတွေကို လက်ညှိုးထိုးပြပြီး သူမလက်တွေက တုန်နေသည်။
" ဒါက နှစ် ၈၀ သက်တမ်းရှိ ဝိုင် "
ချန်းရွှမ်စိတ်ရှုပ်သွားသည်။
" နှစ် ၈၀ သက်တမ်းရှိဝိုင်က ဘာဖြစ်လို့လဲ "
ဝမ်လင်းသည် အလွန်လေးနက်သော အမူအရာဖြင့် သူမကို လှည့်ကြည့်လိုက်သည်။
" မောက်ထိုက်သက်တမ်းရင့်ဝိုင်တွေကို နှစ် ၃၀၊ နှစ် ၅၀၊ နှစ် ၈၀ ဆိုပြီး ခွဲခြားထားတာ။ ဒီနှစ် ၈၀ သက်တမ်းရှိဝိုင်ကို ၁၉၁၅ခုနှစ်တုန်းက Panama International Exhibition မှာ ရွှေတံဆိပ်ရခဲ့တဲ့ ဝိုင်တွေကို အခြေခံပြီးလုပ်ထားတာ။ အဲ့တာတွေအားလုံးနီးပါးက ထိပ်တန်းစုဆောင်းသူတွေရဲ့ လက်ထဲမှာဘဲရှိတာ။ ဒီပုလင်းက သူ့လက်ထဲမှာ ဘယ်လိုလုပ်ရှိနေရတာလဲ "
ချန်းရွှမ်သည် သူမအမေ၏ ရှင်းပြချက်ကို ကြားပြီးတဲ့အခါ ဘာပြောရမယ်မှန်းမသိဖြစ်သွားသည်။
" ဒါဆို ဒီဝိုင်က ....... အရမ်းစျေးကြီးတယ်မဟုတ်လား "
" နှစ် ၈၀ သက်တမ်းရှိမောက်ထိုင်ဝိုင်ကို စုဆောင်းနိုင်တဲ့ စုဆောင်းသူက သေချာပေါက်သာမန်လူတော့ မဟုတ်ဘူး။ ဒီဝိုင်ကို ထုတ်ရောင်းဖို့လည်း လုပ်မှာမဟုတ်ဘူး။ တကယ်လို့ ......... "
ဝမ်လင်းက ယဲ့ဖန်ကို လေးနက်စွာ စိုက်ကြည့်နေသည်။
" ငါပြောချင်တာက ဒီ နှစ် ၈၀ သက်တမ်း ဝိုင်ကို တကယ်ရောင်းတဲ့သူရှိရင် တစ်ပုလင်းကို ယွမ် ၅၀၀,၀၀၀ ပေးဝယ်ဖို့ဆန္ဒရှိတယ်။ မင်းမှာရှိသလောက်ငါဝယ်မယ် "
သူမပြောပြီးတာနဲ့ ယဲ့ဖန်ကလွဲပြီး ကျန်တဲ့သုံးယောက်က အံ့သြသွားကြသည်။
သူမက ဖန်းရှောင်ကွန်းဆီမှဝယ်ခဲ့သော အထူးပြည်တွင်းထုတ်မောက်ထိုင် တစ်လုံးလျှင် ယွမ် ၂၀၀,၀၀၀ စျေးနှုန်းဖြင့်ဝယ်ခဲ့သည် အလွန်တုန်လှုပ်သွားစရာကောင်းလေသည်။
ယဲ့ဖန်ဆီမှလက်ဆောင်က ယွမ် ၅၀၀,၀၀၀ တန်သည်ဟု သူတို့ မထင်ထားခဲ့ပေ။
ဒါက ထိတ်လန့်စရာပါပဲ။
ဖန်းရှောင်ကွန်းလည်း ယဲ့ဖန်ကို ကြောင်အစွာနဲ့ ကြည့်နေသည်။
ဒီလူငယ်က လူတိုင်းက မှင်သက်စေမယ့်ကိစ္စလုပ်နိုင်မည်ဟု ထင်မထားပေ။
သူက အခုမှ ဆင်းရဲတဲ့တက္ကသိုလ်ကျောင်းသားတစ်ယောက်လို ဟန်ဆောင်နေတာလား။
သူက တကယ်ဘဲ ယွမ် ၅၀၀,၀၀၀ တန်တဲ့ လက်ဆောင်ကို ပေးခဲ့သည်။
စုစုပေါင်းတန်ဖိုးက သူ့ရဲ့လေးပုလင်းစာတန်ဖိုးကို မမီသော်လည်း ဝမ်လင်း၏တုန့်ပြန်မှုအရ ဒီမောက်ထိုက်ပုလင်း၏ အကျိုးသက်ရောက်မှုက သူပေးခဲ့သောပုလင်းလေးလုံးထက်ပင် များစွာကြီးမားသည်ကို တွေ့မြင်နိုင်သည်။
ဖန်းရှောင်ကွန်းသည် မနာလိုဖြစ်ပြီး တန်ပြန်အစီအမံကို အမြန်စဉ်းစားနေလိုက်သည်။
ချန်းရွှမ်လည်း ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
ဖန်းရှောင်ကွန်းက ဒီမောက်ထိုက်ပုလင်းဟာ ယွမ် ၄၊ ၅ထောင်သာ တန်သည်ဟု ပြောတဲ့အခါတုန်းက သူမက ယဲ့ဖန်ကို အပြစ်တင်နေခဲ့တာဖြစ်သည်။
အနည်းဆုံး ယွမ်သောင်းချီတန်တဲ့ ပုလင်းတစ်လုံး ပေးသင့်သည်။
ဒီကိစ္စပြီးသွားရင်တော့ သူမက ငွေကို သေချာပြန်ပေးပါဘဲဖြစ်သည်။
ဒါပေမယ့် ယွမ် ၄ ၊ ၅ထောင်သာတန်တဲ့ ဝိုင်တစ်ပုလင်းကိုသာ ပေးလိုက်ရင်တော့ မျက်နှာပျက်ရနိုင်သည်။
အဲ့ဒီအချိန်မှာဘဲ သူမအမေရှင်းပြတဲ့ ဝိုင်ပုလင်းရဲ့ ဇစ်မြစ်ကို သူမကြားလိုက်ရသည်။
ထိုအချိန်မှသာ သူမက ယဲ့ဖန်ကို မှားစွပ်စွဲနေမိကြောင်း သိလိုက်ရသည်။
သူမကို ကူညီဖို့ အရင်းအနှီးအများကြီးထည့်ထားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ယဲ့ဖန်အတွက်လည်း အံ့သြနေရသည်။
ကွမ်းကျန်ရှန်းက သူ့အဖေရဲ့ ဝိုင်အရက်ခန်းထဲကနေ ဒီဝိုင်ကို ခိုးယူလာကြောင်းသာ ပြောပြခဲ့တာဖြစ်သည်။
အလွန်အဖိုးတန်သည်ဟု ဆိုပေမဲ့ သူ့အမြင်အရတော့ ယွမ် ၁သိန်းမှ ၈သောင်းကြား တန်ကြေးရှိသည်ဟုသာထင်ခဲ့သည်။
ယွမ် ၅သိန်းထက် ပိုတန်ဖိုးရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဝိုင်ဖြူတစ်ပုလင်းအတွက် ယွမ် ၅သိန်းတဲ့လား။
တုန်လှုပ်စရာကောင်းလွန်းသည်။
အဖေကြီးကွမ်းက သူ့အဖိုးတန် ဝိုင်ဖြူကို ခိုးယူသွားကြောင်းကို သိသွားပါက ဥက္ကဌကွမ်း၏ဖင်ကို ကန်တော့မည့်အရေးကို စိုးရိမ်နေမိတော့သည်။
ကွမ်းကျန်းရှန်း၊ ကွမ်းကျန်ရှန်း
ဒါခင်ဗျားလုပ်တာဘဲ။
ကျွန်တော့်ကို အပြစ်တင်လို့ မရဘူး။
အပိုင်း ( ၃၁၈ )
နှစ်၈၀သက်တမ်းရှိတဲ့ ရွှေရောင်အမျှင်
" အန်တီ၊ ဒီဝိုင်ကို လက်မခံသင့်ဘူး။ ဒီဝိုင်ပုလင်းက ဘယ်ကလာမှန်း ဘယ်သူသိမှာလဲ။ ခိုးလာတာဆိုရင် ဘယ်လိုလုပ်မလဲ "
ဖန်းရှောင်ကွန်းက သူမကို ရုတ်တရက် သတိပေးလိုက်သည်။
ဝမ်လင်းသည် ဒီဝိုင်ပုလင်းကို တကယ်ဘဲ လက်ခံလိုက်ပါက ယဲ့ဖန်အပေါ်ထားသည့် သူမ၏အမြင်က ပြောင်းလဲသွားလိမ့်မည်။ ဒါက မကောင်းပေ။
ဝမ်လင်းလည်း ထိုကိစ္စကို စိုးရိမ်နေသည်။
ယဲ့ဖန်သည် သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးသာဖြစ်ပြီး သူ့မိသားစုနောက်ခံက ပျမ်းမျှသာဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကို ဒီလောက်စျေးကြီးတဲ့ဝိုင်ဖြူကို ဘာလို့ ပေးမှာလဲ။
" ယဲ့ဖန်၊ ရိုးရိုးသားသားပြောပါ။ ဒီဝိုင်ကို ဘယ်ကရလာတာလဲ "
သူမက ပူလောင်သောအကြည့်ဖြင့် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။
သူမ၏အတွေ့အကြုံအရ ဘယ်လိုခံစားချက်မှ သူမရဲ့မျက်လုံးတွေကနေ မလွတ်မြောက်နိုင်ပေ။
" အန်တီ၊ ဒီဝိုင်က ကျွန်တော့်မိတ်ဆွေကောင်းတစ်ယောက်ဆီကပါ။ စိတ်မပူပါနဲ့၊ လက်ခံလိုက်ပါ "
ယဲ့ဖန်က သူ့ကို သူခိုးတစ်ယောက်လို ကြည့်ခံနေရချိန်မှာ ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။
" ဘယ်က သူငယ်ချင်းလဲ "
ဝမ်လင်းက လက်မလျှော့သေးပေ။
နှစ်၈၀သက်တမ်းရှိဝိုင်ဖြူကို စုဆောင်းနိုင်သော မိသားစုသည် ချမ်းသာပြီး အင်အားရှိလိမ့်မည်။
ယဲ့ဖန်သည် သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးမျှသာဖြစ်သည်။
တစ်ဖက်သူက သူ့ကို ဘာလို့ ဒီလောက်အဖိုးမဖြတ်နိုင်တဲ့ ဝိုင်ဖြူပုလင်းကို ပေးခဲ့တာလဲ။
သူမမှာ မေးခွန်းများစွာရှိနေသည်။
သူမလည်း မတတ်နိုင်ဘဲ သံသယဖြစ်မိသည်။
" ဒါကို ကျုံးဟိုင်မြို့ခွဲထန်းဂူဈေးဝယ်စင်တာရဲ့ ဥက္ကဌကွမ်းကျန်ရှန်းက ကျွန်တော့်ကို ပေးခဲ့တာပါ "
ဒီဝိုင်ရဲ့ဇာစ်မြစ်ကို မရှင်းပြလျှင် တစ်ဖက်လူက စိတ်မချမ်းမသာဖြစ်မှာကို ယဲ့ဖန်သိသည်။ အဲ့တာကြောင့် ကွမ်းကျန်ရှန်းကို ဆွဲထည့်လိုက်ရသည်။
" မင်း ဥက္ကဌကွမ်းကို သိတာလား "
အဲ့တာကို ဝမ်လင်းကြားတော့ သူမ အနည်းငယ်အံ့သြသွားရသည်။
သူမ၏စားသောက်ကုန်ကုမ္ပဏီသည် ထန်းဂူဈေးဝယ်စင်တာနှင့် လက်တွဲခဲ့သည်။
အဲ့တာကြောင့် သူမ ကွမ်းကျန်ရှန်းကို သိသည်။
သူက အလွန်လိမ္မာပါးနပ်သူဖြစ်ကြောင်း သူမသိသည်။
သူ့ဆီက တစ်ယွမ်လေးရဖို့ကတောင် ကောင်းကင်ပေါ်သို့တက်ရတာထက်ခက်သည်။
အဲ့လိုလူက ဒီလိုတန်ဖိုးကြီးဝိုင်ဖြူတစ်ပုလင်းကို ဘာလို့ ယဲ့ဖန်ကို ပေးရတာလဲ။
" ငါ့မှာ ဥက္ကဌဖုန်းနံပါတ်ရှိတယ်။ မင်းပြောတာမှန်လား မမှန်လားဆိုတာ ဖုန်းဆက်လိုက်တာနဲ့ ငါသိရလိမ့်မယ် "
ဝမ်လင်း စကားပြောနေရင်း အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။
" အန်တီ့အပေါ်မှာဘဲ မူတည်ပါတယ်။ ဆက်မရရင် ကျွန်တော့်ဖုန်းကို သုံးလို့ ရပါတယ် "
" ငါက ဘာလို့ ဆက်မရရမှာလဲ။ ငါ သူ့ကို လူချင်းတွေ့ချင်ရင်တောင် မျက်နှာချင်းဆိုင် မေးလို့ရတယ် "
ယဲ့ဖန်လည်း အနည်းငယ်ဒေါသထွက်နေပြီဖြစ်သည်။ လက်ဆောင်ပေးခဲ့တာ အဲ့လောက်မှားနေလို့လား။ သူခိုးတစ်ယောက်လို မေးခွန်းထုတ်ခံနေရသည်။
သူ့စိတ်က ဘယ်လောက်ပဲ ကောင်းနေပါစေ ဒေါသနည်းနည်းတော့ ရှိနေသည်။
ဝမ်လင်းက အပိုပြောနေတာဖြစ်သည်။
ကွမ်းကျန်ရှန်းနှင့် သူမရဲ့ဆက်ဆံရေးက သိပ်ပြီးတော့ မနီးစပ်ပေ။
ဖုန်းဆက်လျှင်တောင် မကိုင်တာဖြစ်နိုင်သည်။
သူမက ယဲ့ဖန်ကို စမ်းသပ်ချင်တာဖြစ်သည်။
ဒေါသဖြစ်တာကိုမြင်လိုက်တော့ စိတ်သက်သာရာရသွားသည်။
တစ်ဖက်က သူမကို စစ်ဆေးဖို့ လုပ်တာကို မကြောက်ပေ။
သူ အမှန်အတိုင်းပြောနေတာဖြစ်ရမည်။
" ရှောင်ယဲ့၊ စိတ်ဆိုးမနေနဲ့။ ငါက နည်းနည်းသတိထားနေတာပါ။ ဒါဆို ငါ လက်ခံလိုက်ရမလား "
ဝမ်လင်းက ချက်ချင်း သူမဖုန်းကိုသိမ်းလိုက်ပြီး ယဲ့ဖန်ကို တောင်းပန်လိုက်သည်။
ထို့နောက် ဘူးကို စိတ်မရှည်စွာဖွင့်ကာ ပုလင်းကို ထုတ်ယူလိုက်သည်။
အညိုရောင်ပုလင်းတစ်လုံးဖြစ်နေခဲ့သည်။
ဒီဇိုင်းက ရိုးရှင်းပြီး ခေတ်ဆန်သည်။
ဝမ်လင်းက သူမလက်ထဲတွင် ပုလင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး တော်တော်နဲ့မချနိုင်ခဲ့ပေ။
အချိန်အတော်ကြာ ကြည့်ပြီးနောက် ဘူးထဲသို့ ပြန်ထည့်တော့မည့်အချိန်မှာဘဲ ဖန်းရှောင်ကွန်းကပြောသည်။
" အန်တီ၊ သေချာကြည့်ရမယ်။ မောက်ထိုင်ဝိုင်အတုတွေက အများကြီးရှိတယ်လို့ ကြားတယ်။ လှည့်စားမခံပါနဲ့ "
ဝမ်လင်းက သူ့သတိပေးချက်ကို ကြားပြီးနောက် ဂရုတစိုက် သေချာစစ်ဆေးတော့သည်။
" အာ "
ထိုအခိုက်အတန့်မှာ သူမ အသံပြုလိုက်သည်။
ဖန်းရှောင်ကွန်း ရုတ်တရက် စိတ်ထဲပျော်သွားသည်။
" အန်တီ၊ ဝိုင်က တစ်ခုခုမှားနေလို့လား။ ကျွန်တော်သိနှင့်နေတယ်။ သူက ဆင်းရဲတဲ့ ကျောင်းသားလေ။ တစ်စုံတစ်ယောက်က သူ့ကို ဘာလို့ ဒီလောက်စျေးကြီးတဲ့ ဝိုင်ဖြူကို ပေးရမှာလဲ "
ဝမ်လင်းက ခေါင်းခါလိုက်သည်။
" ပြဿနာရှိမရှိ မသိပေမယ့် ပုလင်းအဖုံးမှာ ရွှေရောင်မျဉ်းလိုလေး ရှိနေတယ်။ ငါသိသလောက်တော့ သက်တမ်း နှစ်၈၀ ရှိတဲ့ ဝိုင်ပုလင်းရဲ့အဖုံးက ဒီလိုမဟုတ်ပါဘူး "
" အန်တီက တော်တော် ပညာကြွယ်ဝတာဘဲ "
ဖန်းရှောင်ကွန်းက သေချာပေါက် ပြောသည်။
" ဒီပုလင်းအဖုံးက အရင်ကမြင်ဖူးတဲ့ပုံစံတွေနဲ့ မတူတဲ့အတွက် အတုဖြစ်ရမယ် "
အဲ့လိုပြောရင်း သူက ယဲ့ဖန်ဘက်ကိုလှည့်လိုက်သည်။
" ကောင်းပြီ၊ မင်း တကယ်ဘဲ အန်တီကို လှည့်စားဖို့ ဝိုင်ပုလင်းအတုကို သုံးခဲ့တာလား "
ယဲ့ဖန်က သူ့ကို စိုက်ကြည့်နေသည်။
" မင်းကြည့်ရတာ ငတုံးတစ်ယောက်လိုဘဲ "
ဖန်းရှောင်ကွန်းဒေါသထွက်သွားသည်။
" မင်း ငါ့ကို ဘာပြောလိုက်တယ် "
ယဲ့ဖန်က သူ့စကားကို ချက်ချင်းပြောင်းလိုက်တယ်သည်။
" တောင်းပန်ပါတယ် ငါမှားသွားတာ။ မင်းက အရူးပဲ "
ဖန်းရှောင်ကွန်းက သူ့ကို အပြေးအလွှား တိုက်ခိုက်ရန်ပြင်တော့သည်။
သို့သော် အတွင်းရေးမှူးလုက သူ့ကို တားလိုက်သည်။
" ဒုဥက္ကဌဖန်း၊ ရှင် သူ့ကို အနိုင်ယူလို့ မရဘူး "
" အိုး ....... "
ဖန်းရှောင်ကွန်းက နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။
တစ်ဖက်သူက သူ့ဆရာကိုတောင် ကျိုးအောင်ထိ ရိုက်နှက်ခဲ့သူဖြစ်သည်။
အခု ပြဿနာရှာလျှင် သူသာထိခိုက်မည်ဖြစ်သည်။
အဲ့တာကိုတွေးပြီး နာခံစွာ ပြန်ထိုင်လိုက်သည်။
ဝမ်လင်းသည် သူတို့ရဲ့ အငြင်းပွားမှုကို လျစ်လျူရှုခဲ့သည်။
အဲ့ဒီအစား ဖုန်းကိုထုတ်ပြီး မောက်ထိုက်ပုလင်းကို ဓာတ်ပုံရိုက်လိုက်သည်။
အထူးသဖြင့် ပုလင်းအဖုံး။
သူမက နောက်ထပ် အနီးကပ်ပုံအချို့ကို ရိုက်ခဲ့သည်။
ထို့နောက် 'ဝိုင်မြည်းစမ်းသည့်အုပ်စု' ဟုခေါ်သော WeChat အဖွဲ့ထဲ ပို့ခဲ့သည်။
ထိုအဖွဲ့သည် သူမ၏ ဝါသနာကို မျှဝေပေးသော အရက်သောက်ဖော်များနှင့် ပြည့်နေသည်။
သူတို့တွင် အတွေ့အကြုံရှိပြီး အသိပညာရှိသူများနှင့်ပြည့်နေသည်။
[ အားလုံးပဲ၊ ငါ့ကို တစ်ချက်လောက်ကြည့်ပေးပါဦး။ ဒီပုလင်းက နှစ် ၈၀ ဝိုင်အစစ်လား ]
စာပို့ပြီးတာနဲ့ မူလက အသံတိတ်နေခဲ့တဲ့ WeChat အဖွဲ့က ချက်ချင်း အသက်ဝင်လာတော့သည်။
[ ဘုရားရေ၊ ဒါက နှစ် ၈၀ ဝိုင်လား။ မင်းတကယ်အသက်ရှည်ရှည်နေခဲ့တာဘဲ ]
[ နှစ် ၈၀ ဝိုင်က ဒဏ္ဍာရီတစ်ခုဘဲလို့ ကျွန်တော်အမြဲတမ်းထင်ခဲ့တာ။ အသက်ရှင်တုန်း တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး ]
[ ညီမလေးဝမ်၊ မင်း ဒီဝိုင်ကို ရောင်းချင်လား။ ၅သိန်း ပေးဝယ်ချင်ပါတယ် ]
[ ၅သိန်းလား။ လွန်ခဲ့တဲ့ နှစ်ရက်ကတောင် တစ်ယောက်ယောက်က တစ်ဘူးကို ၆သိန်းနဲ့ ဝယ်တယ်လို့ ကြားထားတယ် ]
[ ဒါဆို ၆သိန်းခွဲ ပေးမယ်။ အဲ့တာအတွက် ငါနဲ့ မတိုက်ခိုက်ကြပါနဲ့ ]
[ ကျွန်မ ၇သိန်း နဲ့ ကမ်းလှမ်းတယ် ]
အဖွဲ့ဝင်တွေ ရှုပ်နေကြချိန်မှာဘဲ ရုတ်တရက် တစ်စုံတစ်ယောက်က စာတစ်စောင် ပို့လိုက်သည်။
[ သေချာကြည့်။ ပုလင်းအဖုံးမှာ ရွှေရောင်မျဉ်းတချို့ရှိနေတယ်။ ဒါက သာမန် နှစ် ၈၀ ဝိုင်မဟုတ်ဘူး ]
ထိုလူ၏အမည်မှာ ဝိုင်ထာဝရရှင်သန်သူ ဖြစ်ပြီး သူက ဒီ WeChat အဖွဲ့ရဲ့ ပိုင်ရှင်ဖြစ်သည်။
သူက ပရော်ဖက်ရှင်နယ်စပျစ်ဝိုင်ပညာရှင်တစ်ဦးဖြစ်သည်။
တရုတ်ပြည်က ဝိုင်ဖြူတွေအားလုံးနီးပါးကို မြည်းစမ်းဖူးသည်။
သူ့စကားက အမြဲတမ်း ခိုင်လုံသည်။
[ ဝိုင်ထာဝရရှင်သန်သူ၊ ဒီရွှေလိုင်းတွေက ဘာကိုကိုယ်စားပြုတာလဲ ]
လူတော်တော်များများက ချက်ချင်းမေးကြသည်။
ဒါကလည်း ဝမ်လင်း မေးချင်ခဲ့တာဖြစ်သည်။
ထိုအချိန်တွင် ယန်ကျင်းမြို့တွင် အဆင့်မြင့်ညစာစားပွဲတစ်ခုမှ အနည်းငယ်မူးနေသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက WeChat အဖွဲ့ထဲမှ မေးခွန်းများကို တွေ့လိုက်ရသည်။
ထို့နောက် စာအနည်းငယ်ရိုက်ပြီး ပို့ခဲ့သည်။
[ အဲ့ဒီတုန်းက နှစ် ၈၀ ဝိုင်ကို ပုလင်းတစ်သောင်းအောက်ပဲ ထုတ်လုပ်ခဲ့တာဖြစ်လို့ အရမ်းတန်ဖိုးရှိတယ် ]
[ ပထမပုလင်း ၁,၀၀၀ မှာတော့ အားလုံးကို အဖုံးမှာရွှေချည်နဲ့ အမှတ်အသားပြုလုပ်ထားပြီးတော့ ဝိုင်ရဲ့အရည်အသွေးကလည်း အကောင်းဆုံးဘဲ ]
[ ဒါပေမဲ့ အသုံးပြုရတဲ့ပစ္စည်းတွေ အရမ်းရှုပ်ပြီးတော့ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကလည်း ခက်ခဲလွန်းတာမလို့ အဆုံးမှာ ထုတ်လုပ်မှုနည်းလမ်းကို ပြောင်းလဲခဲ့တာ ]
[ အဲ့တာကြောင့် ရွှေရောင်ပုလင်းအဖုံးပါတဲ့ ဒီ နှစ်၈၀ ဝိုင်ပုလင်းက စုစုပေါင်း ပုလင်း ၁၀၀၀ ဘဲရှိတယ်။ အဲ့တာကြောင့် ပိုတန်ဖိုးရှိတယ် ]
ဒီစာတွေကို အဖွဲ့ဆီ ပို့တဲ့အခါ ဝိုင်မြည်းစမ်းအဖွဲ့ ကချက်ချင်း ပေါက်ကွဲသွားတော့သည်။
အပိုင်း ( ၃၁၉ )
၄.၅သန်းလား၊ ဒီဝိုင်ကို လိုချင်ပါတယ်
[ အို ဘုရားရေ၊ အသိဉာဏ်တွေပွင့်သွားသလိုဘဲ။ ဒီဝိုင်မှာ နောက်ခံရှိတာဘဲ ]
[ ပုလင်းတစ်ထောင်ပဲလား။ ဒါက သိပ်တန်ဖိုးကြီးတာမဟုတ်ဘူးလား။ ဒီဝိုင်ဖြူကို စုဆောင်းနိုင်တဲ့သူ ဘယ်သူမဆို စုဆောင်းသူအကြီးစားဖြစ်ရမယ် ]
[ ညီမလေးဝမ်၊ မင်း ဒီဝိုင်ကို ဘယ်ကရတာလဲ။ တစ်ဖက်သူမှာ အပိုရှိသေးလား။ ငါလည်း တစ်ပ
ပုလင်းလိုချင်တယ် ]
[ ဟုတ်တယ်၊ ငါလည်း တစ်ပုလင်း သိမ်းထားချင်တယ်။ တစ်ဖက်သူမှာရှိသေးလားလို့ ကူမေးပေးပါဦး ]
ဝမ်လင်းသည် ထိုစာများကို လျစ်လျူရှုပြီး ဝိုင်ထာဝရရှင်သန်သူဆီ အမည်တပ်မေးလိုက်သည်။
[ ဝိုင်ထာဝရရှင်သန်သူ၊ ဒါဆို ဈေးနှုန်းလေး ခန့်မှန်းပေးပါဦး ]
ဝိုင်ထာဝရရှင်သန်သူသည် နောက်ထပ်စာမပို့မီ ခဏတာ ငြိမ်သက်နေခဲ့သည်။
[ ရောင်းချင်ရင် ၁.၅သန်းနဲ့ ဝယ်ချင်ပါတယ် ]
သူ့စကားက လေးလံသောဗုံးတစ်လုံးနှင့် တူသည်။
[ ဘုရားရေ၊ ငါတော့ နောက်တစ်ပုလင်းယူနိုင်တော့မယ်ထင်ထားပေမယ့် ငါအရမ်းတွေးမိသွားတဲ့ပုံပဲ ]
[ ၁.၅သန်းလား။ ဒီဈေးက အရမ်းကြောက်စရာကောင်းတယ် မဟုတ်ဘူးလား ]
[ ဒီဝိုင်လေးသောက်နိုင်ရင် နေရာမှာဘဲ သေသွားရင်တောင် ကျေနပ်မိမှာပါ ]
[ အစ်မဝမ်က အရမ်းတော်တယ်။ သူမက ဒီလိုဝိုင်မျိုးကိုတောင် ရနိုင်တယ်။ ငါတကယ်ကို သဘောကျတယ် ]
[ အစ်မဝမ်၊ ရှင်က အနာဂတ်မှာ ကျွန်မရဲ့ နတ်သမီးလေးဖြစ်လာလိမ့်မယ် ]
ဝမ်လင်းသည် လျင်မြန်စွာရွေ့လျားနေသော WeChat အဖွဲ့မှ စာများကို စိုက်ကြည့်နေသည်။
သူမစိတ်တွေ လွတ်သွားတော့သည်။
ရွှေမျှင်အဖုံးပါတဲ့ နှစ် ၈၀ ဝိုင်ပုလင်းက အမှန်တကယ်ဘဲ ၁.၅ သန်း တန်ကြေးရှိနေတာလား။
ဒါက ချဲ့ကားလွန်းတာ မဟုတ်ဘူးလား။
သူမ ခေါင်းကိုမော့ကာ ယဲ့ဖန်ကို ကြည့်လိုက်သည်။
မွေးနေ့လက်ဆောင်အဖြစ် ယွမ် ၁.၅ သန်းတန် ဝိုင်ဖြူတစ်ပုလင်း ပေးခဲ့တာလား။
သူမမေးတော့မည့်အချိန်တွင် ဝိုင်ထာဝရရှင်သန်သူက WeChat အဖွဲ့ထဲတွင် နောက်ထပ်စာတစ်စောင် ပို့ခဲ့သည်။
[ ခဏစောင့်၊ ငါ အနီးကပ်တစ်ချက်ကြည့်ဦးမယ် ]
ဝမ်လင်းသည် ထိုစာကိုမြင်ပြီးတဲ့အခါ ချက်ချင်းတုန်လှုပ်သွားခဲ့သည်။
ဝိုင်မှာ တစ်ခုခုမှားနေတာလား။
.................
တစ်ချိန်တည်းမှာဘဲ ယန်ကျင်းရှိ အဆင့်မြင့်ပွဲတစ်ခု၌ ဝိုင်ထာဝရရှင်သန်သူက ဓာတ်ပုံများကို ချဲ့ပြီး ဂရုတစိုက် စစ်ဆေးနေခဲ့သည်။
ထို့နောက် အထိတ်တလန့်အမူအရာ ပေါ်လာခဲသြည်။
" ချီး၊ ဒါက တကယ်ဘဲ ၀၀၀၀၁ လား "
စိတ်လှုပ်ရှားလွန်းလို့ ထိုင်ခုံပေါ်ကနေတောင် ပြုတ်ကျသွားရသည်။
သူ့ဘေးနားက လူအနည်းငယ်က ထိတ်လန့်တုန်လှုပ်သွားပြီး သူ့ကို အမြန်ထူပေးလိုက်ကြသည်။
" ဟူလူအိုကြီး၊ မင်းအဆင်ပြေရဲ့လား "
" ပုံမှန်ဆိုရင် မင်းအများကြီးသောက်နိုင်ပါတယ်။ ဒီနေ့ကျ ပုလင်းတစ်ဝက်ပဲ သောက်ရသေးတာတောင် မူးနေပြီလား "
" မင်းကို အရင်ပြန်ပို့ဖို့ ယာဉ်မောင်းစီစဉ်ပေးရမလား "
" မင်းဘာတွေ့လိုက်လို့လဲ။ သရဲတစ္ဆမြေင်လိုက်ရသလိုဘဲ "
'ဝိုင်ထာဝရရှင်သန်သူ' က သူတို့ကို ကြောင်အအဖြင့် ကြည့်နေသည်။
" ငါ ဘာမြင်ခဲ့လဲဆိုတာကို တွေးကြည့်ပါလား "
အရက်မူးနေသော လူတစ်စုက တစ်ယောက်ပြီးတစ်ယောက် စကားပြောလာကြသည်။
" မင်းမြင်တာကို ငါတို့က ဘယ်လို ခန့်မှန်းရမှာလဲ "
" သူ အလှလေးကို မြင်လိုက်ရလို့များလား။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ မင်းမမြင်ဘူးတဲ့ အလှတရားမျိုးဆိုတာရော ရှိသေးရဲ့လား "
" သူ လီပိုင်ကိုတွေ့လိုက်တာထင်တယ်။ သူက မြင်းခန္ဓာကိုယ်နဲ့ ပိန်ပိန်ပါးပါးဝမ်းဗိုက်ရှိပြီး ရွှေဒင်္ဂါးပြားတစ်ထောင်ကို သားမွေးကုတ်အင်္ကျီလို ဝတ်ထားတာလေ။ ငါသွားပြီး ဝိုင်ကောင်းကောင်းနဲ့ လဲလိုက်မယ်။ မင်းတို့ရဲ့ စိုးရိမ်မှုတွေကို ငါက ထာဝရမျှဝေပေးမယ်လေ "
" ငါ့တို့ကို စောင့်ရအောင်လုပ်မနေပါနဲ့။ မြန်မြန်ပြော၊ မင်းဘာတွေ့တာလဲ "
ဝိုင်ထာဝရရှင်သန်သူသည် သူ့စိတ်လှုပ်ရှားမှုကို ထိန်းထားလိုက်သည်။
" နှစ် ၈၀ သက်တမ်း မောက်ထိုက်ပုလင်းကို တွေ့လိုက်တာ " ဟု တုန်လှုပ်သောအသံဖြင့် ပြောသည်။
အဲ့တာကြားတော့ အားလုံးက ချက်ချင်းလန့်သွားကြတော့သည်။
" ဘာ။ နှစ် ၈၀ သက်တမ်း မောက်ထိုက်ပုလင်းလား။ ဘယ်မှာလဲ "
" အိုက်ယား၊ နှစ် ၈၀ သက်တမ်း မောက်ထိုက်ကို သောက်ခဲ့တာက လွန်ခဲ့တဲ့ အနှစ် ၂၀ ကဘဲ။ မှတ်မိနေတုန်းဘဲ အရသာလေးကို "
" အဲ့ဒီဝိုင်က အရမ်းရှားနေပြီ။ နှစ် ၃၀သက်တမ်း ပုလင်းတစ်လုံးကိုတောင် စုဆောင်းဖို့ ယွမ် ၂သိန်း ကျော် သုံးခဲ့ရတယ် "
" ဟူလူအိုကြီး၊ မြန်မြန် ဒီဝိုင်ကိုဝယ်လိုက်။ ဘယ်လောက်ပဲကုန်ကုန် "
'ဝိုင်ထာဝရရှင်သန်သူ' က စကားဖြတ်ပြောရန် နှောသူ့လက်ကို အမြန်ဆန့်လိုက်သည်။
" ငါ့ကို အရင်အဆုံးထိပြောပါရစေဦး။ ဒီဝိုင်က သက်တမ်း နှစ် ၈၀ ရှိရုံတင်မကဘဲ ရွှေရောင်ပုလင်းအဖုံးပါပါတယ် "
အားလုံးက သူ့စကားကိုကြားတော့ ပေါက်ကွဲသွားပြန်သည်။
" ဟူလူအိုကြီး၊ မင်း မူးနေတာလား။ အမြင်မှားနေတာလား။ ရွှေရောင်ပုလင်းအဖုံးကို မြင်ဖူးလို့လား "
" ဟုတ်တယ်၊ ဒီဝိုင်က ဒဏ္ဍာရီထဲမှာပဲရှိတာ။ လက်တွေ့မှာ လူတော်တော်များများ မမြင်ဖူးကြဘူး "
" ဟုတ်တယ်၊ ဒီဝိုင်ပုလင်းက ပုလင်း၁၀၀၀အောက် အရေအတွက်ဘဲရှိတယ်လို့ ပြောကြတယ်။ ဆယ်စုနှစ်တွေကြာပြီးတော့ ပုလင်းအများကြီးကျန်တော့မှာမဟုတ်ဘူး "
" ရွှေရောင်အဖုံးနဲ့ နှစ် ၈၀ သက်တမ်း မောက်ထိုက် ဝိုင်ပုလင်းကိုကိုင်ထားတဲ့သူတိုင်းက သေချာပေါက် ချမ်းသာလိမ့်မယ် "
ဝိုင်ထာဝရရှင်သန်သူသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်နေသည်။
" ဒီဝိုင်ပုလင်းရဲ့ အမှတ်စဉ်နံပါတ်က ၀၀၀၀၁ လို့ပြောရင် ယုံမှာလား "
ထိုစကားကို ပြောပြီးတာနဲ့ နေရာမှာရှိတဲ့သူတိုင်းက လဲကျမတတ်တွေဖြစ်ကုန်တော့သည်။
သူတို့အားလုံးသည် မယုံကြည်နိုင်ဖြစ်နေခဲ့ကြသည်။
" ဟူ၊ ဟူလူအိုကြီး၊ မင်း ၀၀၀၀၁ဆိုတာ သေချာလား။ အမှန်ဆိုရင် ဒီဝိုင်က ဈေးအရမ်းကြီးမှာ သေချာတယ် "
" ဟုတ်တယ်၊ ၀၀၀၀၁ကိုမှ ရွှေချည်ပုလင်းအဖုံးပါတဲ့ နှစ် ၈၀ သက်တမ်း မောက်ထိုက်ပုလင်းက စုဆောင်းလို့တောင်ရသေးရဲ့လား "
" ၀၀၀၀၁ ကို ထုတ်လုပ်မှုက အကြီးအကျယ်အောင်မြင်ပေမဲ့ ချက်ချင်းပျောက်ကွယ်သွားတာလေ။ မင်းဘယ်လိုလုပ်မြင်ဖူးတာလဲ "
" မင်း မူးလို့ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား။ ၀၀၀၀၁ ဆိုတာ သေချာလား "
လူတိုင်းသည် သူတို့၏သံသယများကို ဖော်ပြနေကြသည်။
ဝိုင်ထာဝရရှင်သန်သူက ဓာတ်ပုံတွေကို ချက်ချင်းထုတ်ပြီး သူတို့ကို ပြသခဲ့သည်။
ဓာတ်ပုံကို သူတို့မျက်လုံးနဲ့ မြင်လိုက်ရတော့ ချက်ချင်း မတည်မငြိမ်ဖြစ်လာကြတော့သည်။
" ဟူးလူကြီး ....... ငါ ..... ငါ အဲ့တာအတွက် ၂ သန်း ပေးဝယ်ဖို့ ဆန္ဒရှိတယ် "
" အိပ်မက်မက်နေတာလား၊ ဒါက နံပါတ် ၀၀၀၀၁လေ မင်းက ၂ သန်းပဲ ပေးနေတာလား။ ငါက ၂.၅သန်း ပေးမယ် "
" မင်းတို့နှစ်ယောက်က တကယ်ကို မိုက်မဲတာပဲ။ ဒီလိုစုဆောင်းရေးရတနာကို ၂ သန်းကျော်နဲ့ ဝယ်ချင်နေတာလား။ ငါ ၃ သန်း ပေးမယ် "
" ၃.၅ သန်း ....... "
နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ဈေးကို ၄.၅သန်းထိ ပေးလေသည်။
တခြားသူတွေက မလိုလားပေမယ့် ဈေးထပ်မတင်ကြတော့ပေ။
၀၀၀၀၁ ရွှေပုလင်းအဖုံးနဲ့ နှစ် ၈၀ သက်တမ်း မောက်ထိုက်ဝိုင်ပုလင်းသည် အလွန်တန်ဖိုးရှိသော်လည်း ........ ဘာပဲဖြစ်ဖြစ် ဒါဟာ ဝိုင်တစ်ပုလင်းသာဖြစ်သည်။
၄.၅သန်းဆိုတဲ့ဈေးနှုန်းဟာ မထင်မှတ်ထားလောက်အောင် မြင့်မားတဲ့ ဈေးဖြစ်နေပြီဖြစ်သည်။
ဝိုင်ထာဝရရှင်သန်သူသည် ထိုစာကို WeChat အဖွဲ့ထဲ ချက်ချင်းပို့ခဲ့သည်။
[ @ဝမ်လင်း၊ ဒီဝိုင်ပုလင်းက ၀၀၀၀၁ အမှတ်စဉ်ထုတ်ကုန်ဖြစ်ပြီးတော့ နှစ် ၈၀ သက်တမ်းရှိ ရွှေမျှင်အဖုံးနဲ့ မောက်ထိုက်ဝိုင်ပုလင်းဖြစ်တာကြောင့် စုဆောင်းရေးတန်ဖိုးက အရမ်းမြင့်ပါတယ်။ ၄.၅သန်းနဲ့ ဝယ်ချင်တဲ့ ငါ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ မင်းသဘောတူသရွေ့ ငါတို့ ချက်ချင်းငွေလွှဲပေးနိုင်ပါတယ် ]
အဖွဲ့သည် ဝိုင်ပုလင်းအကြောင်း ဆွေးနွေးဆဲဖြစ်ပြီး အချို့လူများက ဝိုင်၏စစ်မှန်မှုကိုပင် မေးခွန်းထုတ်ကြသည်။
ထိုစာကိုမြင်ပြီးနောက်မှာတော့ WeChat အဖွဲ့ထဲတွင် ထပ်မံကြီးမားတဲ့ရိုက်ချက်ဖြင့်ပေါက်ကွဲသွားပြန်သည်။
[ ဘယ်လိုတောင် ၄.၅ သန်းတဲ့လား။ ငါတို့ကိုနောက်နေတာလား ]
[ ၀၀၀၀၀၁လား။ အိုဘုရား၊ အဲ့တာက တကယ်ကို စုဆောင်းရေးရတနာဘဲ ]
[ ပိုက်ဆံရှိရင် ၅သန်းနဲ့ဝယ်လိုက်မယ်။ ပြဿနာက ငါ့မှာ ပိုက်ဆံမရှိတာဘဲ ]
[ ဝိုင်တစ်ပုလင်းကို ၄.၅ သန်းနဲ့ ဝယ်ချင်တာလား။ ဒါက တကယ်ကိုကြောက်စရာကောင်းတာဘဲ ]
[ ........ ]
ထိုအချိန်တွင် 'ဝိုင်ထာဝရရှင်သန်သူ'၏စာကို မြင်ပြီးသော ဝမ်လင်းသည်လည်း တုန်လှုပ်ချောက်ချားသွားသည်။
သက်တမ်း နှစ် ၈၀ ရှိပြီး ရွှေမျှင်အဖုံးပါကာ ၀၀၀၀၁ အမှတ်စဉ်ဖြစ်နေသေးသည်။
သူမရင်ထဲမှာ ဗလောင်ဆူနေတော့သည်။
အပိုင်း ( ၃၂၀ )
သရုပ်မှန်ကို မဖော်ချင်ပါဘူး
ဝမ်လင်းဟာ စီးပွားရေးလောကထဲမှာ အချိန်အတော်ကြာအောင်နေခဲ့တာကြောင့် သူမရဲ့ နှလုံးသားက အတော်လေးသန်မာနေပြီဖြစ်ပေမဲ့
အခုအချိန်မှာတော့ သူမ အနည်းငယ်အံ့သြနေသေးသည်။
သူမ အတော်လေးထိတ်လန့်သွားသော်လည်း အမြန် သတိပြန်ကပ်လာသည်။
အဖွဲ့ထဲတွင် သူမက 'ဝိုင်ထာဝရရှင်သန်သူ' ကို အမြန်ပြန်ပြောလိုက်သည်။
[ တောင်းပန်ပါတယ်၊ အဖွဲ့ခေါင်းဆောင်။ ဒီဝိုင်ကို ကျွန်မ မရောင်းနိုင်ပါဘူး ]
ထို့နောက် သူမက ရှုပ်ထွေးသောအကြည့်ဖြင့် ယဲ့ဖန်ကိုကြည့်လိုက်သည်။
ယဲ့ဖန်ကို သူမကြည့်လိုက်တော့ ဝမ်လင်းက ဘာပြန်ပြောရမယ်မှန်းမသိပေ။ သူမ သူ့ကို ကြည့်ဘဲကြည့်နေလိုက်သည်။
အဲ့တာကိုမြင်တော့ ဖန်းရှောင်ကွန်းက ပြောသည်။
" အန်တီ၊ ဒီဝိုင်ပုလင်းက တကယ်အတုဆိုရင် မျက်နှာသာပေးစရာ မလိုဘူး။ ရွှမ်ရွှမ်ကို သူ့ရဲ့ ပင်ကိုယ်အရောင်အသွေးတွေ ပြဖို့ အချိန်ကောင်းပဲ "
ဝမ်လင်းက သူ့ကို မော့ကြည့်လိုက်သည်။
အကြောင်းပြချက်တစ်ချို့ကြောင့် သူမသည် သူ့ကို မျက်စိကျစရာကောင်းသည်ဟုထင်ခဲ့ပေမဲ့ ဒီအခိုက်အတန့်မှာတော့ အနည်းငယ်စိတ်ရှုပ်စရာဟု မြင်နေမိသည်။
သူမ၏လေသံက ချက်ချင်း အေးစက်သွားသည်။
" ဒီဝိုင်က အတုလို့ ဘယ်သူပြောလဲ "
ဖန်းရှောင်ကွန်းသည် အရမ်းအံ့သြသွားသည်။
" အတုမဟုတ်ဘူးလား။ ဒီဝိုင်က တကယ်ဘဲ ၅သိန်း တန်တာလား "
ဝမ်လင်းက ခေါင်းခါလိုက်သည်။
" ၅သိန်းတန် မဟုတ်ဘူး "
ဖန်းရှောင်ကွန်းသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
" ကျွန်တော်သိနေတယ်။ ဒီဝိုင်က ယွမ် ၅သိန်းတန် ဘယ်လိုလုပ်ဖြစ်မှာလဲ ...... "
" ဒီဝိုင်ပုလင်းက ၄.၅ သန်း တန်တယ် "
ဝမ်လင်းက သူပြောတာကို ပြီးအောင်မစောင့်ဘဲ စျေးနှုန်းအမှန်ကို ပြောလိုက်တော့သည်။
ဖူး .......
ရေသောက်ရင်းပြောနေတဲ့ ဖန်းရှောင်ကွန်းသည် သီးသွားရသည်။
" အဟွတ်၊ အဟွတ်၊ အဟွတ်၊ ...... ဘယ်လောက် ..... ဘယ် ..... ဘယ်လောက်လဲ၊ ၄.၅သန်းလား။ အန်တီ သေချာလား "
ဘေးမှာရပ်နေတဲ့ ချန်းရွှမ်ကတောင် မယုံကြည်နိုင်ဖြစ်သွားသည်။
" မေမေ၊ အဲ့တာကို ဘယ်သူ့ဆီက ကြားတာလဲ။ ဒီဝိုင်ပုလင်းက ၄.၅ သန်းတန်တယ်လား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ "
တစ်ချိန်တည်းမှာပင် သူမက ယဲ့ဖန်ဘက်ကို ကြည့်ကာ အဖြေရှာရန် ကြိုးစားသည်။
သူမကို မပြောနှင့် ယဲ့ဖန်ကိုယ်တိုင်ပင် အံ့သြသွားရသည်။
ယွမ် ၅သိန်း တန်တယ်လို့ ပြောတာမဟုတ်ဘူးလား။
ဘယ်လိုလုပ် ၄.၅ သန်း ဖြစ်လာတာလဲ။
အမှန်သာဖြစ်ခဲ့ရင် ကွမ်းကျန်ရှန်းလုပ်ထားတဲ့ပြဿနာက ဘယ်လောက်တောင်ကြီးလိုက်သလဲ။
သူ့အဖေကတော့ သွေးတက်နေလောက်ပြီမလား။
ဝမ်လင်းက ယဲ့ဖန်ကို စိတ်ရှုပ်ထွေးတဲ့အမူအရာဖြင့်ကြည့်လိုက်သည်။
" ဝိုင်အတည်ပြုပေးတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ သူပြောပုံအရ ဒီပုလင်းက နှစ် ၈၀ သက်တမ်းရှိပြီး ရွှေမျှင်အဖုံးပါတဲ့အပြင် အမှတ်စဉ် ၀၀၀၀၁ ထုတ်လို့လည်းပြောတယ်။ အဲ့တာက စုဆောင်းရေးအဆင့်မြင့်ရတနာတဲ့။ ဝိုင်မြည်စမ်းတဲ့အဖွဲ့ထဲက မိတ်ဆွေတစ်ယောက်က ၄.၅သန်းနဲ့ ဝယ်လိုတယ်လို့ပြောတယ်။ တကယ်လို့ မင်းသာရောင်းချင်ရင် ကူရောင်းပေးလို့ရတယ်။ အနည်းဆုံးတော့ မင်း ပိုက်ဆံရမှာပေါ့ "
ယဲ့ဖန်၏အမူအရာအရ သူက ဒီဝိုင်တန်ဖိုးအမှန်ကို မသိမှန်း သူမမြင်လိုက်ရသည်။
အဲ့တာကြောင့် သူမက သူ့ကို ကူရောင်းပေးချင်သည်။
ယဲ့ဖန်မိသားစုအခြေအနေအရ ၄သန်းဆိုတာ အတော်များတဲ့ပမာဏဖြစ်သည်။
သူက သေချာပေါက်သဘောတူမှာဖြစ်ငည်။
ထင်မထားစွာနဲ့ ယဲ့ဖန်က ချက်ချင်းခေါင်းခါလိုက်သည်။
" ဒီဝိုင်က အန်တီ့ကိုပေးထားပြီးသားပါ။ ဘယ်လောက်ဘဲတန်တန် ကျွန်တော်နဲ့ မဆိုင်ပါဘူး။ အန်တီရောင်းတာ မရောင်းတာ ကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ် "
ဝမ်လင်းက သူ့ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။ သူက ဒီလောက်ရက်ရောမယ်လို့ သူမ ထင်မထားပေ။
သူက ဈေးအမှန်ကိုသိပြီးတာတောင် ပြန်မယူဘူးလား။
သူမ သူ့ကို မှားအကဲဖြတ်မိတာလား။
ဘေးက ဖန်းရှောင်ကွန်းက ဝမ်လင်း၏ယဲ့ဖန်အပေါ်ပြောင်းလဲလာတဲ့သဘောထားကိုမြင်ပြီး စိတ်ရှုပ်လာရသည်။
သူ့ဝိုင်၄ပုလင်းက ၈သိန်းမက ကုန်ခဲ့ပေမဲ့ ယဲ့ဖန်ရဲ့ဝိုင်ပုလင်းက ၄.၅သန်းတောင် တန်ကြေးရှိနေသည်။
သူ ချက်ချင်း စိတ်ခြောက်ခြားလာရသည်။
ဒီတစ်ယောက်က ငမွဲမဟုတ်ဘူးလား။
ဒီလောက်ဈေးကြီးတဲ့လက်ဆောင်ကို ဘယ်ကနေရလာတာလဲ။
ချန်းရွှမ်က ယဲ့ဖန်၏လက်ကို စိတ်လှုပ်ရှားစွာကိုင်လိုက်သည်။
" ယဲ့ဖန်၊ ကျေးဇူးတင်ပါတယ် "
သူမ ဒီအတွက် မမျှော်လင့်ထားပေ။
သူမကို ကူညီပေးဖို့ ယဲ့ဖန်က ပိုက်ဆံအများကြီးသုံးထားလေသည်။
သူမ အရမ်းကို ရင်ထဲထိသွားရသည်။
တစ်ချိန်တည်းမှာဘဲ သူက သူမကို တကယ်ကြိုက်နေတာလားလို့ တွေးမိသည်။
မဟုတ်ရင် သူမ အမေကို ဘာလို့ အဲ့လောက်ဈေးကြီးတဲ့လက်ဆောင်ပေးမှာလဲ။
ယဲ့ဖန်က တကယ်ဘဲ ထပြောချင်နေသည်။
အလှလေး၊ မင်း အထင်မှားနေပြီ။
ဒါ ကိုယ့် ရည်ရွယ်ချက်မဟုတ်ဘူး။
ဒါပေမဲ့လည်း ဒါက လှပတဲ့အထင်မှားခြင်းဖြစ်သည်။
ဘာလို့ အဲ့လိုပြောရမှာလဲ။
မီးစင်ကြည့်ကရုံသာတတ်နိုင်တော့သည်။
ဝမ်လင်းက အံ့ဩနေတဲ့အကြည့်ကိုပြန်ရုတ်လိုက်ပြီး နှစ် ၈၀ ဝိုင်ပုလင်းကို ဘူးထဲပြန်ထည့်လိုက်သည်။
သူမက ယဲ့ဖန်ရှေ့ကို ပြန်တွန်းပေးလိုက်သည်။
" မင်းလက်ဆောင်က ဈေးကြီးလွန်းတယ်။ လက်မခံဝံ့ဘူး "
ယဲ့ဖန်က ခါးသက်သက်ပြုံးလိုက်သည်။
" ကျွန်တော်က မသောက်တတ်ဘူး။ ကျွန်တော့်ကိုပြန်ပေးလည်း ဘယ်လိုထားရမလဲမသိဘူးဂ"
ဝမ်လင်းရဲ့သဘောထားကလည်း အရမ်းခိုင်မာသည်။
" အဲ့တာဆို ဥက္ကဌကွမ်းကိုပြန်ပေးလိုက်ပါ။ ဒီဝိုင်က ဈေးကြီးလွန်းတယ်။ သူက အကြောင်းမရှိဘဲ မင်းကို မပေးဘူး။ ဂရုစိုက်သင့်တယ် "
သူမစကားတွေက ဂရုစိုက်ပေးမှုကို သက်ရောက်သွားမှန်း သတိမထားမိလိုက်ပေ။
ယဲ့ဖန်အပေါ်အမြင်ပြောင်းသွားပြီဖြစ်မှန်းသိသာသည်။
ယဲ့ဖန်က ဘူးကိုကြည့်လိုက်သည်။
" အန်တီကဖွင့်လိုက်မှတော့ ဥက္ကဌကွမ်းကို ဘယ်လိုပြန်ပေးရမှာလဲ "
ဝမ်လင်းပြောစရာစကားပျောက်သွားသည်။
သူမဖွင့်လိုက်တုန်းက ဈေးကြီးမှန်းမသိခဲ့ပေ။
ဒါပေမဲ့ ယဲ့ဖန်ပြောတာ အဓိပ္ပာယ်ရှိသည်။
ဘူးကဖွင့်ပြီးမှတော့ ဘယ်လိုပြန်ပေးရမှာလဲ။
" ဒီလိုဆိုရင်ရော၊ ငါ ၄.၅သန်းနဲ့ဝယ်မယ်။ အဆင်ပြေလား။ ဒါပေမဲ့အခုကတ်ထဲမှာ ပိုက်ဆံအလုံအလောက်မရှိသေးလို့ နောက် ၂ရက်အတွင်းမှာပေးမယ် "
ယဲ့ဖန်က သူမဆိုလိုရင်းကို နားလည်တာကြောင့် ခေါင်းငြိမ့်လိုက်သည်။
" ကောင်းပြီ၊ ရွှမ်ရွှမ်ကို လွှဲခိုင်းလိုက်ပါ "
ဝမ်လင်းကလည်း ကျေနပ်စွာသဘောတူလိုက်သည်။
ဒီကိစ္စပြီးတဲ့နောက် ယဲ့ဖန်အပေါ်သူမအမြင်က ပိုကောင်းလာသည်။
သူက ဒီလောက်ဈေးကြီးတဲ့လက်ဆောင်ပေးပေမဲ့ မြှောက်ပင့်တဲ့စကားတစ်ခွန်းမှမပြောပေ။
သူမက ဝိုင်ထာဝရရှင်သန်သူနဲ့သာ မသိခဲ့ပါက ဒီဝိုင်ရဲ့ဈေးအမှန်ကိုသိရမှာတောင်မဟုတ်ပေ။
သူ့ရဲ့တည်ငြိမ်တဲ့သဘောထားက ဖန်းရှောင်ကွန်းနဲ့လုံးဝကို ဆန့်ကျင်ဘက်ဖြစ်သည်။
ဖန်းရှောင်ကွန်းကတော့ သူမအတွက် ဒီဝိုင်ကိုပေးဖို့ ဘယ်လောက်ပေးဆပ်ခဲ့ရကြောင်းတွေလည်းပြောလေသည်။
အဲ့တုန်းက ဝမ်လင်း ထိုစကားတွေကိုကြားတဲ့အခါ ပြဿနာရှိသည်ဟု မထင်ခဲ့ပေ။ ဖန်းရှောင်ကွန်းက အလွန်စဉ်းစားပေးတတ်သည်ဟုသာ သူမထင်ခဲ့သည်။
အခုတော့ အဲ့လိုချဲ့ကားပြောခြင်းက ယဲ့ဖန်နှင့် နှိုင်းယှဥ်ကြည့်လျှင် ကွာခြားချက်မှာ သိသာလွန်းလှသည်။
ဖန်းရှောင်ကွန်းသည် ဝမ်လင်း၏စိတ်နှလုံးသားထဲတွင် သူ့ပုံရိပ်ပျက်သွားသည်ကို သိပြီး ချက်ချင်းအလွန်စိုးရိမ်လာတော့သည်။
အတွင်းရေးမှူးလုက ထပ်ပြောပြန်သည်။
" အန်တီ၊ စိတ်မရှိပါနဲ့။ ကျွန်မတို့ဒုဥက္ကဌဖန်းက ပုံမှန်ဆို ဝိုင်နီကိုဘဲ သောက်လေ့ရှိတာမလို့ ဝိုင်ဖြူအကြောင်း သိပ်မသိပါဘူး။ ဒီမောက်ထိုက်ဝိုင်က အကောင်းဆုံးဆိုတာကို သူသိခဲ့ရင် ဘာပဲဖြစ်ဖြစ် မရရအောင် ရှာပေးခဲ့မှာပါ "
ဖန်းရှောင်ကွန်းက တုံ့ပြန်လိုက်သည်။
" ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော်သာသိရင် အန်တီ့အတွက် ဘယ်လောက်ပဲ ကုန်ကျပါစေ ရအောင် ကူညီပေးမှာပါ "
ဝမ်လင်း ပြုံးလိုက်သည်။
" ငွေကုန်ရုံနဲ့ ဒီလိုမျိုး မောက်ထိုက်မျိုးကို မရနိုင်ဘူး "
" ဒါက ကျွန်တော်တို့ လုံလောက်အောင် မသုံးစွဲခဲ့ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ " ဟု ဖန်းရှောင်ကွန်းက သူရဲကောင်းဆန်စွာ ပြောလိုက်သည်။
" အန်တီသာ ကြိုက်သရွေ့ ၅သန်းမရရင် ၁၀သန်းနဲ့ဝယ်မယ်။ ၁၀ သန်းနဲ့မှ မရရင် သန်း ၅၀ ထိပေါ့။ ပိုက်ဆံနဲ့ မဝယ်နိုင်ဘူးလို့ ကျွန်တော်မယုံဘူး "
အဲ့တာကို ဝမ်လင်းကြားတော့ သူမ အနည်းငယ် အံ့သြသွားရသည်။
တစ်ဖက်သားရဲ့လေသံအရ သူက အလတ်စား ကုမ္ပဏီတစ်ခုရဲ့ဒုတိယဥက္ကဋ္ဌနဲ့ မတူဘဲ အလွန်ချမ်းသာတဲ့ဒုတိယမျိုးဆက် အမွေဆက်ခံသူနှင့် ပိုတူလေသည်။
အတွင်းရေးမှူးလုက သူမရဲ့ စိတ်ရှုပ်ထွေးမှုကို မြင်ပြီး ချက်ချင်း ရှင်းပြဖို့ အခွင့်အရေးကို ယူလိုက်သည်။
" အန်တီနဲ့ အလှလေးချန်းတို့က ဒါကို အရမ်းစဉ်းစားမိမှာစိုးလို့ ပထမကတော့ ကျွန်မတို့ရဲ့ ဒုဥက္ကဌဖန်းရဲ့ အထောက်အထားကို ထုတ်မပြချင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုတွေဖြစ်လာမှတော့ ပြောလိုက်ပါ့မယ် "
ဝမ်လင်းနှင့် ချန်းရွှမ်တို့သည် ထိုစကားကိုကြားသောအခါ အနည်းငယ်အံ့သြသွားကြသည်။
သူမ ဘာကို ဆိုလိုတာလဲ။
သူ့သရုပ်မှန်ကို ထုတ်ဖော်မပြောချင်တာဆိုတာက ဘာကို ဆိုလိုတာလဲ။
သူက ခဲ့ရှင်းကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ မဟုတ်ဘူးလား။
တခြားဘာဖြစ်နိုင်သေးလို့လဲ။
ထိုအချိန်တွင် အတွင်းရေးမှူးလုက ပြောသည်။
" ကျွန်မတို့ရဲ့ဒုဥက္ကဌဖန်းက တကယ်တော့ ချင်းဒါးကော်ပိုရေးရှင်းရဲ့ဥက္ကဌ ဖန်းဝမ်းညန်ရဲ့သားပါ။ သူက ချင်းဒါးကော်ပိုရေးရှင်းရဲ့ အမွေဆက်ခံသူလည်း ဖြစ်ပါတယ် "
ဒါကို သူမပြောပြီးတာနဲ့ ဝမ်လင်းနှင့် ချန်းရွှမ်တို့သည် တစ်ပြိုင်တည်း အံ့သြသွားကြရသည်။
ချင်းဒါးကော်ပိုရေးရှင်းရဲ့ အမွေဆက်ခံသူလား။