အပိုင်း ၃၂၁-၃၂၄
Vol. 17 Ch. 321-324
အပိုင်း ( ၃၂၁ )
မင်း အတွေးလွန်နေတာ မဟုတ်ဘူးလား
ကျုံးဟိုင်မြို့တွင် ချင်းဒါးကော်ပိုရေးရှင်း၏အနေအထားသည် တရုတ်ပြည်ရှိထိပ်တန်းစီးပွားရေးလုပ်ငန်းစုကြီးအဆင့်အတန်းတွင်ရှိသည်။
ထိုကော်ပိုရေးရှင်း၏စက်မှုလုပ်ငန်းများတွင် အိမ်ခြံမြေ၊ အင်တာနက်၊ ကား၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု၊ ပင်စင်နှင့် အခြားလုပ်ငန်းအားလုံးနီးပါးကို လွှမ်းခြုံထားသည်။
ဥက္ကဌဖန်းဝမ်းညန်၏ ကိုယ်ရေးကိုယ်တာပိုင်ဆိုင်မှုပမာဏသည် ဘီလီယံ ဆယ်ဂဏန်းချီသည်အထိ မြင့်မားသည်။ ဟူရန်လူချမ်းသာစာရင်းမှာလည်း သူက တတိယအဆင့်မှာ ရှိနေသည်။
ထို့ကြောင့် ဝမ်လင်းသည် ဖန်းရှောင်ကွန်းသည် ချင်းဒါးကော်ပိုရေးရှင်းဥက္ကဌ၏သားဖြစ်ပြီး တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်လာကြောင်းကို ကြားသိလိုက်ရသောအခါတွင် သူမသည် အရမ်းကို ထိတ်လန့်အံ့ဩသွားရသည်။
သူမလိုမိသားစုနှင့် ဖန်းမိသားစုကြားက ချမ်းသာတဲ့ ပမာဏကွာခြားချက်က သာမန်မိသားစုကမွေးလာတဲ့ယဲ့ဖန်နှင့် သူမတို့မိသားစုကြား ကွာခြားချက်လိုပင်ဖြစ်သည်။
မျှော်ကြည့်ရုံသာတက်နိုင်ပြီး လက်လှမ်း၍မရနိုင်သော တည်ရှိမှုမျိုးဖြစ်သည်။
ဒါပေမယ့် အခုအချိန်မှာတော့ ဖန်းဝမ်းညန်ရဲ့သားက သူမသမီးလေးကို သူ့ဘက်က စတင်ပိုးပန်းနေသည်ဆိုတာက မယုံကြည်နိုင်စရာကောင်းသည်ဟု သူမ ခံစားရသည်။
ချန်းရွှမ်ကတော့ ပုံမှန်ဘဲဖြစ်သည်။
ဖန်းရှောင်ကွန်း၏သရုပ်မှန်ကို ကြားလိုက်ရချိန်တွင် မသိထား၍ အနည်းငယ် အံ့ဩသွားပြီးတဲ့နောက် ချက်ချင်း ပုံမှန်ပြန်ဖြစ်သွားသည်။
ဖန်းရှောင်ကွန်းက ဖန်းဝမ်းညန်၏ သားဖြစ်ရုံမကလို့ သူက ချင်းဒါးကော်ပိုရေးရှင်း၏ အမွေဆက်ခံသူ ဖြစ်နေလျှင်တောင် သူမနှင့် ဘာဆိုင်လို့လဲ။
သူမသည်လည်း လင်းယွမ်အိမ်ခြံမြေကို တည်ထောင်ခဲ့တာဖြစ်သည်။
သူမသည် ကောင်းမွန်သောဘဝတစ်ခုမှာ နေထိုင်နိုင်ရန် သူမ၏ကိုယ်ပိုင်အရည်အချင်းတွေကိုအသုံးချနိုင်ခဲ့သည်။
သူမက ဘာလို့ ချင်းဒါးကော်ပိုရေးရှင်းကို တွယ်ကပ်နေရမှာလဲ။
သို့သော် ဝမ်လင်းကတော့ ထိုသို့မထင်ခဲ့ပေ။
သူမသည် ချင်းဒါးကော်ပိုရေးရှင်းနှင့် နီးစပ်နိုင်လျှင် အလွန်ကောင်းမည်ဟုသာတွေးနေသည်။
သူမနှင့် သူ့သမီး၏ကုမ္ပဏီတွေအတွက် အကာအကွယ်ရမည်သာမက ကျုံးဟိုင်မြို့တွင်လည်း သူမတို့၏အဆက်အသွယ်ကွန်ယက်တွေက ပိုတိုးလာမည်ဖြစ်သည်။
သူမသမီး၏ အနာဂတ်သားသမီးတွေကလည်း စိတ်ကူးပင်မယဉ်နိုင်လောက်အောင် ကောင်းတဲ့အကျိုးကျေးဇူးတွေကို ရရှိမည်ဖြစ်သည်။
ဘယ်လိုပဲကြည့်ကြည့် ဒါဟာအကျိုးရှိပြီး အန္တရာယ်လည်းကင်းသည်။
ဖန်းရှောင်ကွန်းအပေါ် သူမ၏ငြိုငြင်နေမှုက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
ယဲ့ဖန်အပေါ်ဖြစ်တည်လာတဲ့ အနည်းငယ်အကောင်းမြင်စိတ်ကလည်း ပျောက်ကွယ်သွားရတော့သည်။
ဖန်းမိသားစုလို ဒိတ်ဒိတ်ကြဲသူဌေးကြီးတစ်ယောက်ရှေ့မှာ ရွှေမျှင်အဖုံးပါတဲ့ မောက်ထိုက်ဝိုင်တစ်ပုလင်းက ဘာအဓိပ္ပာယ်မှမရှိပေ။
အဲ့တာကိုတွေးပြီး သူမက ဖန်းရှောင်ကွန်းကို ချက်ချင်း စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
" ရှောင်ကွန်း၊ မင်း ရွှမ်ရွှမ်ကိုလိုက်နေတာ မင်းမိသားစုကသိလား။ သူတို့ကရော ဘယ်လိုသဘောရလဲ "
ဖန်းရှောင်ကွန်းက ချန်းရွှမ်ကို သဘောကျစွာကြည့်လိုက်သည်။
" အန်တီ စိတ်မပူပါနဲ့။ ကျွန်တော့်မိဘတွေက အရမ်းပွင့်လင်းပါတယ်။ ကျွန်တော် နှစ်သက်သရွေ့သူတို့ကအစွမ်းကုန်ပံ့ပိုးပေးမှာပါ။ အန်တီသာ သဘောတူမယ်ဆိုရင် ကျွန်တော်က ရွှမ်ရွှမ်ကို ကျွန်တော့်မိဘတွေဆီ အချိန်မရွေး ခေါ်သွားတွေ့ပေးနိုင်ပါတယ် "
ဝမ်လင်းသည် ချက်ချင်း ဝမ်းသာသွားတော့သည်။
" အဲ့တာကောင်းတယ်။ ပြန်သွားပြီး မင်းမိဘတွေနဲ့ ဆွေးနွေးကြည့်လိုက်ပေါ့။ သူတို့အတွက်လည်း အဆင်ပြေတယ်ဆိုရင် ငါတို့မိသားစုတွေအတူတူ အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးဖို့ ထမင်းစားချိန်းလို့ရတယ် "
ချန်းရွှမ်က ထိတ်လန့်တုန်လှုပ်သွားသည်။
" အမေ၊ ဘာတွေပြောနေတာလဲ "
သူမ၏မိခင်သည် သူမ၏သဘောဆန္ဒမပါဘဲ ဖန်းရှောင်ကွန်းနှင့် လက်ထပ်ပေးရန် တကယ်ကြီးဆုံးဖြတ်လိုက်သည်။
ဒါက ရယ်စရာ ကောင်းလွန်းတယ်မဟုတ်လား။
ဝမ်လင်း၏မျက်နှာပေါ်တွင် ပြတ်သားတဲ့အမူအရာရှိနေသည်။
" ညှိနှိုင်းပြီးနေပြီး။ အဓိပ္ပာယ်မဲ့တဲ့စကားတွေ ရပ်လိုက်တော့ "
ချန်းရွှမ်ဒေါသအရမ်းထွက်နေပြီး စကားပြန်မပြောနိုင်တော့ပေ။
သူမအနားရှိ ဖန်းရှောင်ကွန်းက အလွန်ပျော်ရွှင်နေတဲ့ပုံဖြစ်နေသည်။
" အန်တီ စိတ်မပူပါနဲ့။ ရွှမ်ရွှမ်ကို ကျွန်တော့်လက်ထဲအပ်ဖို့ ဆုံးဖြတ်လိုက်တာက အန်တီ့အတွက်အရမ်းကိုပညာသားပါတဲ့ ရွေးချယ်မှုတစ်ခုပါ။ ကျွန်တော်က ရွှမ်ရွှမ်ကို ကောင်းကောင်း ဆက်ဆံပေးမှာပါ "
ချန်းရွှမ်၏ လှပသောမျက်နှာလေးက ချက်ချင်း အေးစက်သွားတော့သည်။
" ကျွန်မကို ရွှမ်ရွှမ်လို့ မခေါ်လို့ရမလား "
ဖန်းရှောင်ကွန်းက လှောင်ပြုံးပြလိုက်သည်။
" ဒါဆို ကိုယ် မင်းကို ဘယ်လိုခေါ်ရမှာလဲ။ ရွှမ်အယ်လေးလို့လား။ ရှောင်ရွှမ်လား။ ရှောင်ရွှမ်ရွှမ်လေးလို့လား ဘယ်လိုခေါ်စေချင်လဲ "
ချန်းရွှမ် ဒေါသအရမ်းထွက်ပြီး မျက်နှာဖြူဖျော့သွားတော့သည်။
သူမ ပေါက်ကွဲထွက်တော့မည်ဖြစ်သည်။
ဝမ်လင်းက တားလိုက်သည်။
" ကောင်းပြီ၊ ငြင်းခုံနေတာတွေ ရပ်လိုက်တော့။ အပြင်လူတွေရှေ့မှာ အရယ်ခံရမှာကို မကြောက်ဘူးလား "
သူမ၏စကားတွေက တစ်စုံတစ်ရာကို အရိပ်အမြွက်ပြနေဟန်ပါသည်။
တစ်နည်းဆိုရလျှင် သူတို့က နှစ်မိသားစုတွေဖြစ်သည်ဟု သူမက ဆိုလိုနေပုံရသည်။
ထို'အပြင်လူ'ဆိုတာက ဘယ်သူလဲဆိုတာ သိသာပါသည်။
ဖန်းရှောင်ကွန်းက ခေါင်းတသွင်သွင်ငြိမ့်ပြီး ထောက်ခံသည်။
" အန်တီပြောတာ မှန်တယ်။ အပြင်လူတွေကို လှောင်ပြောင်ရယ်မောခွင့် မပြုသင့်ဘူး "
ချန်းရွှမ်သည် သူမအမေ၏စကားကြောင့် အတော်လေးစိတ်မချမ်းမသာဖြစ်သွားသည်။
" အမေ၊ ယဲ့ဖန်က အပြင်လူမဟုတ်ဘူး။ သူက သမီးချစ်သူကောင်လေးပါ "
ဝမ်လင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
" လူငယ်တွေဘဲ၊ ကောင်လေးရှိတာ ဘာအရေးလဲ။ ဒါကို ရှောင်ကွန်းက စိတ်ထဲထားမယ်မထင်ဘူး၊ ဟုတ်တယ်မလား "
ဖန်းရှောင်ကွန်းက ချက်ချင်း ရေလိုက်ငါးလိုက်ပြောသည်။
" အန်တီပြောတာမှန်တယ်။ ကိုယ်က ရွှမ်ရွှမ်ကို ကြိုက်တယ်။ အဲ့ကြောင့် အတိတ်ကို အတိတ်မှာဘဲ ထားခဲ့ပေးနိုင်ပါတယ် "
ချန်းရွှမ်ဒေါသထွက်လွန်းလို့ ငိုချမတတ်ဖြစ်နေတော့သည်။
" အမေ၊ သမီး အမေ့ရဲ့အစီအစဉ်တွေကို အမြဲနားထောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ သမီးရဲ့ ကိုယ်ပိုင်ရွေးချယ်မှုကို ဦးစားပေးလို့ရမလား "
ဝမ်လင်း၏မျက်နှာအမူအရာက လုံးဝပြတ်သားနေသည်။
" အမေက ဒါမျိုးတွေကို အရင်ကကြုံဖူးပြီးသား။ နင့်အတွက် အမေရွေးပေးတာက အကောင်းဆုံးရွေးချယ်မှုပဲ "
ထိုသို့ပြောရင်း ယဲ့ဖန်ဘက်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ဖန်၊ မင်းရဲ့အခြေအနေနဲ့ အရည်အချင်းအရ မင်းက ရွှမ်ရွှမ်နဲ့ မထိုက်တန်ဘူး။ မင်းက သူမကိုပျော်ရွှင်မှုမပေးနိုင်ဘူးဆိုတာကို မင်းနားလည်ထားရမယ်။ မင်း သူမကိုတကယ်ချစ်တယ်ဆိုရင် သူမနဲ့ လမ်းခွဲလိုက် "
ယဲ့ဖန်က ဝမ်လင်းကို တည်ငြိမ်စွာကြည့်နေသည်။
" အန်တီ၊ လူတစ်ယောက်ကို မြင်ရုံနဲ့ အကဲဖြတ်လို့မရဘူး။ ပိုက်ဆံရှိတိုင်း လူကောင်းဖြစ်လား။ ငွေက ရွှမ်ရွှမ်ပျော်ရွှင်မှုကို သေချာပေါက်ပေးနိုင်ပါ့မလား "
သူက စကားပြောနေရင်း သူ့အိတ်ကပ်ထဲက မန်မိုရီကတ်ကို ထိနေလိုက်သည်။
ဝမ်လင်းသည် ထိုစကားကိုကြားသောအခါ သူမက ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြလိုက်သည်။
" ငွေက ရွှမ်ရွှမ်အတွက်ပျော်ရွှင်မှုကို မပေးနိုင်ကောင်းမပေးနိုင်ပေမယ့် ပိုက်ဆံမရှိရင်ရော ပျော်နိုင်ပါ့မလား။ ငါက စီးပွားရေးလောကထဲကို နှစ်အတော်ကြာကျင်လည်ခဲ့ပြီးတော့ မရေမတွက်နိုင်တဲ့လူတွေကို တွေ့ခဲ့ရတယ်။ ငါ့ဆုံးဖြတ်ချက်မမှားဘူးလို့ ငါယုံတယ်။ ရှောင်ကွန်းက ရွှမ်ရွှမ်အတွက် အသင့်တော်ဆုံးရွေးချယ်မှုဘဲ "
ဖန်းရှောင်ကွန်းကလည်း ယဲ့ဖန်ကို လှောင်ပြောင်ဖို့ အခွင့်အရေးယူလိုက်သည်။
" တချို့လူတွေက တကယ်ကို အရှက်မဲ့တယ်။ ဒီလောက် အများကြီး ပြောပြနေပြီးတာတောင် သူတို့က လက်လွှတ်ဖို့ ငြင်းဆန်နေတုန်းပဲ "
ဝမ်လင်းနှင့် အတွင်းရေးမှူးလုတို့သည် ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေကြသည်။
သူ့ကို မောင်းထုတ်ဖို့ ရည်ရွယ်နေမှန်း သိသာသည်။
ယဲ့ဖန်သည် သူ့လက်ကို အိတ်ကပ်ထဲသို့ တိတ်တဆိတ်ထည့်လိုက်ပြီး မန်မိုရီကတ်ကို ထုတ်ပြတော့မယ့်အချိန်မှာ တံခါးခေါက်သံ နှစ်ချက်ကို ကြားလိုက်ရသည်။
ထို့နောက် လူလတ်ပိုင်းနှစ်ဦးက တံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်။
ယဲ့ဖန်သည် ထိုလူနှစ်ယောက်ကို မြင်သောအခါ အနည်းငယ်အံ့သြသွားသည်။
တစ်ယောက်က ကျုံးဟိုင်တိုက်ကွန်းကလပ်၏ဥက္ကဌ ဝမ်ထင်းကွမ်းဖြစ်ပြီး ယဲ့ဖန်က စီမံခန့်ခွဲမှုတွင် မပါနိုင်ဝင်သောကြောင့် သူက ကလပ်၏လက်ရှိဥက္ကဌအဖြစ် ဆက်လက်ဆောင်ရွက်နေတာဖြစ်သည်။
ကျန်တစ်ဦးကတော့ ဟူရန်လူချမ်းသာစာရင်း၏ကျုံးဟိုင်ဌာနခွဲမှ တာဝန်ရှိအကြီးအကဲ ကုန်းရှန်းဟုန် ဖြစ်သည်။
သူတို့နှစ်ယောက်က မနေ့ကပင် ကျန်းကျိုးဒီဇိုင်းကုမ္ပဏီမှာ တွေ့ဆုံခဲ့ကြသည်။ ဒီလောက် မကြာခင်မှာဘဲ ပြန်တွေ့လိမ့်မည်ဟု မမျှော်လင့်ထားပေ။
ယဲ့ဖန်က နှုတ်ဆက်စကား မပြောနိုင်ခင်မှာဘဲ သူ့ဘေးမှာထိုင်နေတဲ့ ဖန်းရှောင်ကွန်းက ချက်ချင်းထရပ်လိုက်သည်။
" ဥက္ကဌဝမ်နဲ့ ကုန်းလူကြီးမင်း၊ ခင်ဗျားတို့က ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်တော်က မိတ်ဆွေတစ်ယောက်နဲ့ စကားစမြည်ပြောရုံတင်ပါ။ ဘာလို့လာနှုတ်ဆက်ကြတာလဲ "
ယဲ့ဖန်ကို နှုတ်ဆက်ကြမည့်ဆဲဆဲ ဝမ်ထင်းကွမ်းနှင့် ကုန်းရှန်းဟုန်တို့ အံ့ဩသွားကြရသည်။
ဒီကောင် ဘာလဲ။
ဘာအကြောင်းနဲ့ ငါတို့က မင်းကို လာ နှုတ်ဆက်ရမှာလဲ။
မင်း အတွေးလွန်နေတာ မဟုတ်ဘူးလား။
အပိုင်း ( ၃၂၂ )
ဒါက သိပ္ပံနည်းမကျဘူး
ဝမ်ထင်းကွမ်းနှင့် ကုန်းရှန်းဟုန်တို့သည် ယဲ့ဖန်ကိုနှုတ်ဆက်ဖို့အတွက် ဒီကိုရောက်လာကြပေမဲ့ တစ်ဖက်ကဖန်းရှောင်ကွန်းမှ စပြီး သူတို့ကို နှုတ်ဆက်နေတာကြောင့် သူ့ကို လျစ်လျူရှုထားလို့မရပေ။
အဲ့တာကြောင့် သူတို့လည်း မတတ်နိုင်ဘဲ ပြန်ခေါင်းငြိမ့်ပြလိုက်သည်။
ဒါပေမဲ့ ဖန်းရှောင်ကွန်းက သူ့ကိုယ်သူ အထင်တွေကြီးနေပြီး ဝမ်လင်းကိုပင် မိတ်ဆက်ပေးရန် လှည့်ကြည့်လိုက်သည်။
" အန်တီ မိတ်ဆက်ပေးပါရစေ။ ဒါက ကျုံးဟိုင်တိုက်ကွန်းကလပ်ရဲ့ ဥက္ကဌဝမ်ထင်းကွမ်းပါ။ ဒီဘက်ကတော့ ဟူရန်လူချမ်းသာစာရင်းရဲ့တာဝန်ခံ ကုန်းရှန်းဟုန်လူကြီးမင်းပါ "
ဝမ်လင်းလည်း အမြန်ထရပ်ပြီး ဝမ်လူကြီးမင်းနှင့် ကုန်းလူကြီးမင်းတို့ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။
သူမသည် စီးပွားရေးလောကတွင် နှစ်အတော်ကြာနေလာခဲ့သောကြောင့် သူတို့နှစ်ဦး၏နာမည်ကို ကြားဖူးသည်။
ဝမ်ထင်းကွမ်းသည် ပိုင်ဆိုင်မှု ယွမ်ဘီလီယံအနည်းငယ်သာ ရှိသော်လည်း သာမန် သန်းကြွယ်အဆင့်တွင်သာ ရှိနေသေးသည်။
ကျုံးဟိုင်၏ အချမ်းသာဆုံးလူစာရင်းတွင် သူ မပါဝင်ပေ။
သို့သော်လည်း ကျုံးဟိုင်တိုက်ကွန်းကလပ်၏ အကူအညီဖြင့် သူ့မှာ မရေမတွက်နိုင်သော အဆက်အသွယ်တွေရှိပြီး ကျုံးဟိုင်၏ စီးပွားရေးလောကတွင် ကြီးမားသော သြဇာလွှမ်းမိုးမှုရှိသည်ဟု ဆိုရပေမည်။
ကုန်းရှန်းဟုန်တွင် ပိုလို့တောင်များသေးသည်
ဝမ်ထင်းကွမ်းလောက် ပိုင်ဆိုင်မှုမများပေမဲ့ ဟူရန်လူချမ်းသာစာရင်းကို တာဝန်ယူထားရသူ တစ်ယောက်အနေဖြင့် သူမှာ ပိုကောင်းတဲ့ အချိတ်အဆက်တွေ အများကြီးရှိလေသည်။
ဒီလူနှစ်ဦးမှတစ်ဆင့် ရရှိနိုင်သည့် ချိတ်ဆက်မှုများနှင့် အရင်းအမြစ်များကို လုံးဝ စိတ်ကူးယဉ်လို့တောင် မရနိုင်ပေ။
ဖန်းရှောင်ကွန်းက ဒီလိုအကောင်ကြီးကြီးနှစ်ယောက်လုံးကို သိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ဒီကတစ်ဆင့် ဖန်းရှောင်ကွန်းက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို သိသာစေပါသည်။
ထို့ကြောင့် သူမက ဖန်းရှောင်ကွန်းကို မိသားစုအဖြစ်အသိအမှတ်ပြုနိုင်ရန် ပို၍ပင်စိတ်အားထက်သန်လာခဲ့သည်။
ဒီလိုသမက်တစ်ယောက်သာရှိလျှင် သူမက ကျုံးဟိုင်မြို့မှာ သူမ လုပ်ချင်သမျှကို လုပ်နိုင်မည်ဖြစ်သည်။
သူမ တိတ်တဆိတ်တွက်ချက်နေချိန်မှာဘဲ ဝမ်ထင်းကွမ်းနှင့် ကုန်းရှန်းဟုန်တို့က ဖန်းရှောင်ကွန်းကို ကျော်ဖြတ်သွားသည်။
ထို့နောက် သူတို့က ယဲ့ဖန်ဆီသို့ တည့်တည့်လျှောက်သွားကြသည်။
" မင်္ဂလာပါ ယဲ့လူကြီးမင်း "
သူတို့ နှစ်ယောက်ရဲ့လုပ်ရပ်တွေကို မြင်တဲ့အခါ ချန်းရွှမ်က ဝမ်ထင်းကွမ်းကို ယဲ့ဖန်၏အဖိုးမွေးနေ့ပွဲမှာ မြင်ဖူးထားသောကြောင့် သူမအတွက် မထူးဆန်းပေ။
သို့ပေမဲ့ ဝမ်လင်း၊ ဖန်းရှောင်ကွန်းနှင့် အတွင်းရေးမှူးလုတို့ အားလုံးကတော့ အံ့အားသင့်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ။
ဖန်းရှောင်ကွန်းကိုတွေ့ဖို့ သူတို့က ဒီမှာရှိနေတာမဟုတ်ဘူးလား။
ဘာလို့ ယဲ့ဖန်ကို နှုတ်ဆက်ရတာလဲ။
ထို့အပြင် သူတို့၏သဘောထားသည် ခေါင်းဆောင်တစ်ယောက်နှင့်တွေ့ဆုံရသလိုမျိုး ရိုသေလွန်းနေသည်။
ယဲ့ဖန်သည် သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးမျှသာဖြစ်သည်။
စီးပွားရေးလောက၏ အကောင်ကြီးနှစ်ယောက်က ဘာလို့ သူ့ကို လေးစားနေကြတာလဲ။
မရေမတွက်နိုင်သော မေးခွန်းများက သူတို့၏ စိတ်ထဲတွင် ပြည့်နှက်လာတော့သည်။
" ယဲ့လူကြီးမင်း၊ ဒီကို လာမယ်ဆိုတာ ဘာလို့ကြိုမပြောတာလဲ။ ဘာလို့ ဒီလိုသီးသန့်ခန်းမှာ နေနေရတာလဲ။ ကျွန်တော် VIP အခန်းကို ချက်ချင်းဖယ်ခိုင်းလိုက်ပါ့မယ် "
ဝမ်ထင်းကွမ်းသည် ယဲ့ဖန်ကို အရှက်ရစွာ ကြည့်နေသည်။
သူ့စကားကြောင့် ဝမ်လင်းနှင့်အခြားလူများကို ပို၍ပင်တုန်လှုပ်စေခဲ့သည်။
ကလပ်၏ VIP အခန်းတွေကို လူတိုင်းအတွက် မဖွင့်ကြောင်းကို သူတို့ကြားသိဖူးသည်။
အလွန်မွန်မြတ်သောအဆင့်အတန်းရှိသည့် ဧည့်သည်များသာ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်။
ဖန်းရှောင်ကွန်းကဲ့သို့သော အလွန်ချမ်းသာသည့် ဒုတိယမျိုးဆက် အမွေဆက်ခံသူပင်လျှင် ဝင်ရောက်ရန် အရည်အချင်းမပြည့်မီပေ။
ပြီးတော့ ဝမ်ထင်းကွမ်းကိုယ်တိုင်က ယဲ့ဖန်ကို VIPခန်းသို့သွားရန် ဖိတ်ခေါ်နေသည်။
သူ ယဲ့ဖန်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာကို မြင်နိုင်သည်။
ဒီ ယဲ့ဖန်ရဲ့ ထူးခြားချက်က ဘာလဲ။ သူ့အတွက် ဘာက အရေးပါနေတာလဲ။
ပြီးတော့ သူတို့က ထန်းဂူဈေးဝယ်စင်တာ ဥက္ကဌဖြစ်တဲ့ ကွမ်းကျန်ရှန်းဆီမှရခဲ့တဲ့ ၄သန်းကျော်တန် မောက်ထိုက်ဝိုင်ပုလင်းအကြောင်းကိုလည်း တွေးနေကြသည်။
အဲ့အချက်တွေအရ ဒီလူငယ်ဟာ မြင်ရသလောက် မရိုးရှင်းဘူးဆိုတာကို သက်သေပြဖို့ လုံလောက်နေသည်။
ဝမ်ထင်းကွမ်း၏ ကြင်နာသောဖိတ်ခေါ်မှုကို ယဲ့ဖန်က ပေါ့ပေါ့ပါးပါးသာ လက်ကိုဝှေ့ယမ်းလိုက်ပြီး ငြင်းလိုက်သည်။
" မလိုပါဘူး၊ ကျွန်တော်တို့က ပေါ့ပေါ့ပါးပါး လာစားရုံတင်ပါ။ ကြီးကြီးကျယ်ကျယ်လုပ်စရာ မလိုပါဘူး "
ကုန်းရှန်းဟုန်လည်း စကားပြောရန် အခွင့်အရေးရခဲ့သည်။
" ယဲ့လူကြီးမင်း၊ အခက်အခဲ တစ်ခုခု ကြုံရင် လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။ ဒီလူအိုကြီး ကုန်းရှန်းဟုန်က တာဝန်ကို ရှောင်လွှဲမှာမဟုတ်ပါဘူး "
သူစကားပြောနေရင်း ဖန်းရှောင်ကွန်းကို တစ်ချက်ကြည့်လိုက်သည်။
သူ့ရဲ့ဉာဏ်ပညာအရ ဖန်းရှောင်ကွန်းနှင့် ယဲ့ဖန်တို့သည် ကောင်းမွန်သောဆက်ဆံရေးမရှိဘူးဆိုတာကို သူပြောနိုင်သည်။ အဲ့တာကြောင့် အခုလိုပြောခဲ့တာဖြစ်သည်။
ဖန်းရှောင်ကွန်းသည် ကုန်းရှန်းဟုန်စကားက သူ့ဆီ ကိုဦးတည်နေကြောင်း သိလိုက်ရတော့ ပိုလို့တောင် အံ့သြသွားရသည်။
ကုန်းရှန်းဟုန်သည် ဖန်းမိသားစု၏ခွန်အားနှင့် ပတ်သက်၍ သေချာရှင်းရှင်းလင်းလင်းသိသူဖြစ်သည်။
ကျုံးဟိုင်မြို့ရှိ ထိပ်တန်းမိသားစုများထဲမှတစ်ခုဖြစ်သော ဖန်းမိသားစုသည် အလွန်အစွမ်းထက်ကာအင်အားကြီးသည်။
ဒီလိုအခြေအနေမျိုးမှာတောင် သူက တကယ်ပဲ ယဲ့ဖန်ဘက်ကရပ်တည်ပြီး သူ့ကိုပြန်လှန်ဖို့ သတ္တိရှိနေတာလား။
ဘာအကြောင်းကြောင့်လဲ။
အဲ့ကိုတွေးပြီး သူ့စိတ်ထဲမှာ ဒေါသတွေကို မနည်းမျိုသိပ်ထားလိုက်ရသည်။
" ကုန်းလူကြီးမင်းက ကျွန်တော့်ကို ပြောနေတာလား။ ခင်ဗျားက ဖန်းမိသားစုနဲ့ စစ်ကြေညာချင်နေတာလား "
ကုန်းရှန်းဟုန်က သူ့ကို တည်ငြိမ်စွာကြည့်နေသည်။
" ဘယ်သူကိုမှ စစ်မကြေညာချင်ပေမယ့် မင်းက အဲ့ဒီလို တွေးနေတယ်ဆိုရင်တော့ ငါလည်း တတ်နိုင်မှာ မဟုတ်ဘူး။ ငါ ကုန်းရှန်းဟုန်က အားနည်းနိုင်ပေမယ့် ယဲ့လူကြီးမင်းရဲ့ ရန်သူက ဘယ်သူဘဲဖြစ်နေပါစေ ငါက ယဲ့လူကြီးမင်းကနေဘဲ အားပေးဖို့ ဆန္ဒရှိတယ် "
ဖန်းရှောင်ကွန်းသည် ထိုစကားကိုကြားသောအခါ ပို၍ပင်တုန်လှုပ်သွားသည်။
ကုန်းရှန်းဟုန်၏စကားများက ဘာကိုမှဖုံးကွယ်ထားခြင်းမရှိတော့ပေ။
သူက ယဲ့ဖန်အတွက်သာဆိုရင် ဖန်းမိသားစုကိုပင် တိုက်ခိုက်လိုကြောင်း ပွင့်ပွင့်လင်းလင်းကြေညာခဲ့သည်။
ထိုပုံစံက ယဲ့ဖန်၏သရုပ်မှန်ကို ပို၍ပင် သိချင်လာစေသည်။
" ယဲ့ဖန်က သာမန်မိသားစုကကြီးပြင်းလာတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ဘဲမဟုတ်လား။ ကျွန်တော်သာ သူ့ကို ချေမှုန်းချင်တယ်ဆို ပုရွတ်ဆိတ်တစ်ကောင်ကိုသတ်ရတာထက်တောင် လွယ်ဦးမယ်။ ဘာလို့ ကုန်းလူကြီးမင်းက အဲ့လိုလူအတွက် ဖန်းမိသားစုကို ရန်သူအဖြစ်သတ်မှတ်ချင်နေရတာလဲ "
ထိုစကားကိုကြားတဲ့အခါ ကုန်းရှန်းဟုန် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
" ဖန်းသခင်လေးက တကယ်ကို ကလေးဆန်ပြီး ချစ်စရာကောင်းတာဘဲ။ မင်းအဖေ ဖန်းဝမ်းညန်တောင် ယဲ့လူကြီးမင်းကို ပုရွက်ဆိတ်လို သဘောထားလို့မရနိုင်လောက်ဘူး။ ဘာလို့ အဲ့လောက် လေကြီးနေရတာလဲ "
ဖန်းရှောင်ကွန်းက တည်ငြိမ်စွာထိုင်နေတဲ့ ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။
" အို၊ သူ့မှာ ဖုံးကွယ်ထားတဲ့သရုပ်မှန်ရှိနေလို့လား "
ကုန်းရှန်းဟုန်က အခန်းထဲကလူတိုင်းကို ကြည့်လိုက်သည်။
" ကျုံးဟိုင် ဟူရန်လူချမ်းသာစာရင်းကို အခုဘဲစစ်ပြီးခဲ့တာပါ။ ယဲ့လူကြီးမင်းရဲ့ပိုင်ဆိုင်မှုက ၅ ယောက်မြောက်အဆင့်ဝင်ပါတယ် "
သူ့စကားတွေက ဗုံးကြဲချလိုက်သလိုဖြစ်သွားသည်။
လူတိုင်းက ကြောင်အသွားသည်။
ယဲ့ဖန်က ကျုံးဟိုင်မှာ အချမ်းသာဆုံးငါးယောက်အဆင့်ရှိတာလား။
ဝမ်လင်း၊ ဖန်းရှောင်ကွန်း၊ အတွင်းရေးမှူးလုနှင့် ချန်းရွှမ်တောင်မှ ယဲ့ဖန်ကို တအံ့တဩကြည့်နေသည်။
ယဲ့ဖန်က လင်းယွမ်၏သူဌေးကြီးဖြစ်ပြီး ဒီလိုအံ့ဩစရာကိစ္စတွေကို ချန်းရွှမ်ကြုံခဲ့ဖူးတာကြောင့် ယဲ့ဖန်မှာ အနေအထားတစ်ခုရှိမှန်း သူမသိသည်။
ဒါပေမဲ့ ဒီလောက်အင်အားကြီးမယ်လို့တော့ ထင်မထားပေ။
သူက ဟူရန်လူချမ်းသာစာရင်းမှာ ငါးယောက်မြောက်လား။
ထိုစာရင်းထဲကလူတွေဟာ စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာကျင်လည်ပြီးမှ ထိပ်ဆုံးရောက်လာတဲ့မြေခွေးအိုကြီးတွေဖြစ်သည်။
ယဲ့ဖန်က အခုမှ ဘယ်နှစ်နှစ်မလို့လဲ။
၂၀ ဘဲရှိသေးတာမလား။
အဲ့တာဆို အချမ်းသာဆုံး ငါးယောက်မြောက်ဆိုတော့ ယုံချင်စရာတောင် မကောင်းပေ။
ဖန်းရှောင်ကွန်းက ပိုလို့တောင်ထိတ်လန့်နေသည်။
သူ့အဖေ ဖန်းဝမ်းညန်က တတိယမြောက်ဖြစ်ပြီး ယဲ့ဖန်ထက်တော့ ၂ဆင့်မြင့်လေသည်။
သို့ပေမဲ့ သူတို့မိသားစုပိုင်ဆိုင်မှုတွေက နှစ်ပေါင်းများစွာစုဆောင်းခဲ့ကြရတာဖြစ်ပေမဲ့ ယဲ့ဖန်ကတော့ သူကိုယ်တိုင် ၅ဆင့်မြောက်ကို ရောက်လာတာဖြစ်သည်။
သူက သူ့အဖေထက်တောင် စွမ်းရည်မြင့်နေသေးသည်။
ဒါကြီးက ရယ်စရာမကောင်းဘူး။
အသက် ၂၀ အရွယ်နဲ့ ဟူရန်လူချမ်းသာစာရင်းထဲမှာ ၅ယောက်မြောက်ဆိုတာက ဖြစ်နိုင်လို့လား။
ဒါက သိပ္ပံနည်းလမ်းရောကျရဲ့လား။
သူက တခြားသူတွေလို အခက်အခဲတွေမကြုံခဲ့ဘူးလား။
ဒါကြီးက အဓိပ္ပာယ်မရှိပေ။
လုံးဝဆက်စပ်တွေးလို့တောင်မရချေ။
အပိုင်း ( ၃၂၃ )
ရှင့် ကိုယ်ပိုင်ဘဝက တကယ်ကို ရှုပ်ပွေနေတာဘဲ
ဝမ်လင်း၏စိတ်တွေ ဂယောင်ခြောက်ခြားဖြစ်နေတော့သည်။
ဟူရန်လူချမ်းသာစာရင်းသို့ဝင်နိုင်ရန် ဘယ်လောက်ခက်ခဲသည်ဆိုတာကို သူမကောင်းကောင်းသိသည်။
ကောင်းကင်ဘုံကို တက်ရသလောက်ပင် ခက်သည်။
သူမက စီးပွားရေးကို အလွန်စိတ်ပါဝင်စားပြီး အလုပ်ကြိုးစားသူဖြစ်သည်ဟု သူမယုံကြည်သည်။
အများသောအားဖြင့် သူမမှာ အနားယူဖို့ အချိန်တောင်မရှိပေ။
ဒါတောင်မှ ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက်မှ သူမမှာ အသားတင်ပိုင်ဆိုင်မှုဘီလီယံအနည်းငယ်သာရှိလာခဲ့သည်။
ထိပ်တန်းငါးယောက်ကို မပြောနှင့် ထိပ်တန်း ၁၀၀ ထဲတောင် မဝင်နိုင်သေးပေ။
ယဲ့ဖန်ကတော့ ဒီနှစ်မှ ပထမနှစ်တက္ကသိုလ်ကျောင်းသားဖြစ်သည်။
ဒါပေမဲ့ သူက ဟူရန်လူချမ်းသာစာရင်းတွင် ၅ယောက်မြောက်အဆင့်ရှိနေပြီဖြစ်သည်။
သူက စီးပွားရေးလောကတွင် လူတိုင်းမော့ကြည့်ရသည့် အကောင်ကြီးတစ်ယောက်ဖြစ်လာခဲ့သည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ဒီစကားတွေက ကုန်းရှန်းဟုန်ရဲ့ပါးစပ်က ထွက်လာခဲ့တာသာ မဟုတ်ရင် တစ်ဖက်လူက ရူးနေပြီး အဓိပ္ပါယ်မဲ့ လျှောက်ပြောနေသည်ဟု သူမ သေချာပေါက် တွေးမိမှာဖြစ်သည်။
ဒါပေမယ့် ကုန်းရှန်းဟုန်က ဘယ်သူမလို့လဲ။
ကျုံးဟိုင်မြို့ ဟူရန်လူချမ်းသာစာရင်း၏ တာဝန်ခံဖြစ်သည်။
ကျုံးဟိုင်မှ လူချမ်းသာတွေရဲ့ စည်းစိမ်ကြွယ်ဝမှုကို သူ့ထက်ပိုသိတဲ့သူမရှိပေ။
သေချာပေါက် မတွေးဘဲနဲ့ လျှောက်ပြောတာ မဖြစ်နိုင်ချေ။
ဒါပေမယ့် သူပြောခဲ့တာတွေက အမှန်ဆိုရင်တောင် မယုံနိုင်စရာကောင်းနေဆဲဖြစ်သည်။
ယဲ့ဖန်သည် သာမန်မိသားစုမှဆင်းသက်လာသူဖြစ်ပြီး အသက် ၂၀ သာရှိသေးကာ တက္ကသိုလ်ပထမနှစ်ကျောင်းသားတစ်ယောက်ဖြစ်သည်။
ဟူရန်လူချမ်းသာစာရင်းမှ ထိပ်ဆုံးငါးယောက်မြောက်သူဌေးကြီးဆိုတာကို ထည့်မပြောနှင့် ဘယ်လိုဘဲကြည့်ကြည့် ထိုဂုဏ်ပုဒ်တွေက သာမန်ချမ်းသာမှုနဲ့တောင် ဘာမှမဆိုင်ချေ။
ဒါက အံ့ဖွယ်တစ်ခုဖြစ်သည်။
ဝမ်ထင်းကွမ်းနှင့် ကုန်းရှန်းဟုန်တို့သည်လည်း ယဲ့ဖန်ကို စိတ်လှုပ်ရှားမှုဖြင့် ကြည့်နေကြသည်။
တစ်ဖက်သူသည် သူတို့၏ သားသမီးများနှင့် အသက်အရွယ်တူနီးပါးဖြစ်သည်။
သို့သော် သူရထားသော အောင်မြင်မှုများက သူတို့လို လူအိုကြီးများကပင် မျှော်ကြည့်ရသောအရာတွေဖြစ်သည်။
အဲ့တာကို တွေးကြည့်တဲ့အခါ နည်းနည်းရှက်စရာကောင်းသည်ဟုပင် ခံစားရသည်။
သို့သော် ဒီလိုအဆင့်ရှိတဲ့ပါရမီမျိုးကို သာမန်အသိဉာဏ်ဖြင့် တိုင်းတာ၍မရပါ။
သူက ပါရမီရှင်တစ်ဦးဘဲ မဟုတ်လား။
ချန်းရွှမ်သည်လည်း သူမ၏ဝှက်ဖဲကို ထုတ်ပြလိုက်တော့သည်။
" အမေ၊ အမေ့ကို မပြောရသေးတာရှိတယ်။ တကယ်တော့ ယဲ့ဖန်က အခုလင်းယွမ်အိမ်ခြံမြေအကျိုးဆောင်၏ အဓိကရှယ်ယာရှင်ပါ။ သူက ရှယ်ယာ ၆၀% ပိုင်တယ် "
ဝမ်လင်း၏မျက်လုံးများ ပြူးကျယ်သွားရသည်။
ဘာ။
ယဲ့ဖန်က တကယ်ဘဲ လင်းယွမ်အိမ်ခြံမြေရဲ့ အကြီးဆုံး အစုရှယ်ယာရှင်ဖြစ်နေခဲ့တာလား။
ဒါဆို သူက သူမသမီးရဲ့ သူဌေးဖြစ်နေတာလား။
ဒါက .......
" ကျွန်တော့်ကလပ်ကလည်း ယဲ့လူကြီးမင်းရဲ့စီမံခန့်ခွဲမှုအောက်မှာ ရှိနေပါတယ် "
ဝမ်ထင်းကွမ်းကလည်း ဝင်ပြောသည်။
ချန်းရွှမ်က ဆက်ပြောသည်။
" ကျုံးဟိုင်ထန်းဂူဈေးဝယ်စင်တာကလည်း ယဲ့ဖန်ရဲ့ပိုင်ဆိုင်မှုပါဘဲ "
" ကျန်းကျိုးဒီဇိုင်းကုမ္ပဏီအတွက်လည်း အလားတူပါပဲ " ဟု ကုန်းရှန်းဟုန်က ဆိုသည်။
" ယွမ်းဖန်ဝမ်းချန်အိမ်ခြံမြေကုမ္ပဏီရောပါ "
" ငွေရောင်ဉာဏ်ပညာအဆောက်အဦးလည်းပါပါတယ် "
" ကျုံးဟိုင်ရေပူစမ်းအပန်းဖြေစခန်းရော ....... "
သုံးယောက်သား တစ်ယောက်ပြီး တစ်ယောက် လုပ်ငန်းတွေကို ဆက်တိုက်ရွတ်နေတာက နားထောင်လို့တောင်ကောင်းနေသည်။
ဝမ်လင်းသည် နားထောင်လေလေ သူမပါးစပ်က ပိုကျယ်လာလေလေဖြစ်သည်။
အဆုံးမှာတော့ သူမ ထိုင်ခုံပေါ်သို့ လဲကျသွားတော့သည်။
ယဲ့ဖန်၏ လုပ်ငန်းများက ဟိုတယ်၊ အိမ်ခြံမြေ၊ ဖျော်ဖြေရေး၊ ခရီးသွားလုပ်ငန်း၊ စျေးဝယ်၊ ကြော်ငြာနှင့် အခြားစက်မှုလုပ်ငန်းအများအပြားအထိ ပျံ့နှံ့နေမည်ဟု သူမ မထင်ထားခဲ့ပေ။
သူက ကြီးမားသောစီးပွားရေးအင်ပါယာကြီးကို ပုံဖော်ဖန်တီးနေပြီးဖြစ်သည်။
စီးပွားရေးလောကမှ အလွန်အင်အားကြီးမားတဲ့ သူဌေးကြီးတစ်ဦးအဖြစ် တဖြည်းဖြည်း မြင့်တက်လာခဲ့လေသည်။
ပြီးတော့ အဲ့ဒီလူက တကယ်ဘဲ သူမသမီးရဲ့ ရည်းစားလား။
သူမစိတ်တွေ ရှုပ်ထွေးနေသည်။
ယဲ့ဖန်သည် ကုန်းရှန်းဟုန်နှင့် ဝမ်ထင်းကွမ်းတို့ကို မကျေမနပ် စိုက်ကြည့်နေသည်။
" ကျွန်တော့်ရဲ့ဘဏ္ဍာရေးအခြေအနေကို မထုတ်ဖော်ချင်ဘူးလို့ ပြောထားပြီးသားကို ခင်ဗျားတို့က လျစ်လျူရှုနေတာလား "
ကုန်းရှန်းဟုန်က အမြန်ပြုံးကာ တောင်းပန်လိုက်သည်။
" ဒီတစ်ခါတော့ ကျွန်တော် မှားသွားပါတယ်။ ယဲ့လူကြီးမင်း ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ နောက်တစ်ခါ ပိုသတိထားပါ့မယ် "
ဝမ်ထင်းကွမ်းလည်း ခေါင်းကုတ်လိုက်သည်။
" ကျွန်တော်လည်း မတတ်နိုင်ဘဲ ပြောမိတာပါ "
ယဲ့ဖန်က သူတို့ကို လက်ယမ်းပြလိုက်သည်။
" ထွက်သွား၊ ထွက်သွား၊ ခင်ဗျားတို့ကို မတွေ့ချင်တော့ဘူး "
ကုန်းရှန်းဟုန်နှင့် ဝမ်ထင်းကွမ်းတို့က တခြားဘာမှ မပြောဘဲ စိတ်ပျက်လက်ပျက်ဖြင့် ချက်ချင်း ထွက်သွားခဲ့ကြသည်။
ထိုအချိန်တွင် သီးသန့်ခန်းထဲမှာ တိတ်ဆိတ်နေခဲ့သည်။
အားလုံးက ယဲ့ဖန်ကို ဘီလူးတစ်ကောင်လို စိုက်ကြည့်နေသည်။
ယဲ့ဖန်က ခြောက်ကပ်စွာ ချောင်းဟန့်လိုက်သည်။
" ဘာလို့ ကျွန်တော့်ကို အဲ့လိုကြည့်နေတာလဲ "
ဖန်းရှောင်ကွန်းက အရင်ဆုံး အသိပြန်ကပ်လာပြီး သူ့ကို ကဲ့ရဲ့လိုက်သည်။
" ဒါက လူချမ်းသာစာရင်းမှာ ပဉ္စမနေရာပဲ ရှိသေးတာမဟုတ်လား။ ဘာတွေမာန်တက်စရာရှိလဲ။ မင်း ငါ့အဖေကိုကျော်နိုင်မှ မာနကြီးလည်း နောက်မကျသေးပါဘူး "
သူ အဲ့လိုပြောလိုက်တဲ့အခါ သူ့အရှိန်အဝါက အနည်းငယ်လျော့ကျသွားသည်။
သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် သူ ယဲ့ဖန်ကို မနှိုင်းယှဉ်နိုင်မှန်း ရှင်းပါသည်။
အဲ့တာကြောင့် သူ့အဖေကိုပဲ စွဲထည့်လိုက်ရသည်။
တွေးကြည့်ရုံနဲ့ ရှက်စရာကောင်းလှသည်။
နောက်ဆုံးတော့ သူ့အဖေက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သူ့အဖေဖြစ်နေတုန်းပဲဖြစ်ကာ။ ကိုယ်တိုင်နှင့် မိသားစုအားကိုးတဲ့ကြားတွင် ကြီးမားတဲ့ကွာခြားချက်ကြီးတစ်ခုရှိနေသည်။
ဝမ်လင်းသည် ချက်ချင်း အကျပ်ရိုက်သွားရသည်။
တစ်ဖက်တွင် ဖန်းမိသားစုကဲ့သို့ မိသားစုကြီးတစ်ခုရှိနေပြီး တစ်ဖက်တွင် စီးပွားရေး သူဌေးကြီးအသစ် ယဲ့ဖန်ရှိနေသည်။
အခြေခံအုတ်မြစ်အရတော့ ဖန်းမိသားစုက အနည်းငယ်ပိုသာသည်။
ဒါပေမယ့် ယဲ့ဖန်ကတော့ အစကနေစပြီး သူ့အင်ပါယာကို သူ့အစွမ်းနဲ့သူ တည်ဆောက်ခဲ့တာဖြစ်သည်။
ယဲ့ဖန်၏တစ်ဦးချင်းခွန်အားက ပိုမိုအားကောင်းနေသည်။
'ပိုင်းမုန့်' အကြီးကြီးနှစ်လုံး ကောင်းကင်ကနေ ပြုတ်ကျလာသလိုခံစားရသည်။
ဘယ်ဟာကို စားရမယ်မှန်းမသိတော့ပေ။
သူမမှာ သမီးနှစ်ယောက်သာရှိလျှင် ဒီလောက် သဘောထားကွဲစရာ လိုမည်မဟုတ်ပါ။
ဖန်းရှောင်ကွန်းသည် သူမ အတွေးတွေ စတင်ယိမ်းယိုင်နေသည်ကို မြင်လိုက်ရပြီး အလွန်အမင်းစိုးရိမ်နေတော့သည်။
ဒီတစ်ခါ သူ ချန်းရွှမ်ကို အရူးအမူးလိုက်ပိုးနေရတဲ့ အကြောင်းရင်းက ငှက်နှစ်ကောင်ကို ကျောက်ခဲတစ်လုံးနဲ့ သတ်ပစ်ဖို့ဖြစ်သည်။
တစ်ဖက်မှာ သူ တကယ်ဘဲ ချန်းရွှမ်၏အလှတရားမှာ နစ်မြောခဲ့ရသည်။
တစ်ဖက်တွင်လည်း ချင်းဒါးကော်ပိုရေးရှင်းနှင့် လင်းယွမ်အိမ်ခြံမြေတို့က မြေကွက်တစ်ခုအတွက် အပြိုင်အဆိုင်ဖြစ်နေသောကြောင့် ဖြစ်သည်။
ဆင်ခြင်သုံးသပ်ပြီးပြောရလျှင်တော့ လင်းယွမ်အိမ်ခြံမြေလို့ ကုမ္ပဏီအသစ်လေးက ချင်းဒါးကော်ပိုရေးရှင်းကဲ့သို့သော ကုမ္ပဏီကြီးအတွက် ခြိမ်းခြောက်မှုအရာ မမြောက်ပေမဲ့ လင်းယွမ်အိမ်ခြံမြေဘက်မှတင်သွင်းလာသည့် အဆိုပြုချက်က အလွန်ဆန်းသစ်လေသည်။
မြို့ခေါင်းဆောင်တချို့က ထိုအစီအစဉ်ကို အလွန်အလေးထားနေကြသည်ဟု ဆိုကြသည်။
ထိုအကြောင်းက ချင်းဒါးကော်ပိုရေးရှင်းကို ဖိအားတွေ အများကြီးပေးခဲ့သည်။
ငွေကြေးရင်းမြစ်များနှင့် ပတ်သက်လျှင် ချင်းဒါးကော်ပိုရေးရှင်းဘက်က လင်းယွမ်အိမ်ခြံမြေကို စက္ကန့်ပိုင်းအတွင်း ချေမှုန်းနိုင်သည်။
သို့ပေမဲ့ လေလံဆွဲမှုအစီအစဉ်ပိုင်းမှာတော့ အနည်းငယ်နိမ့်ကျနေသည်။
ဒီမြေကွက်ကို ဘယ်သူက အနိုင်ရမလဲဆိုတဲ့ လွန်ဆွဲမှုတွေ အများကြီးရှိနေဆဲဖြစ်သည်။
သူသာ ချန်းရွှမ်ကို အောင်မြင်စွာဆွဲဆောင်နိုင်ပြီး သူမနဲ့တောင် စေ့စပ်နိုင်ခဲ့ရင် သူတို့မိသားစုတွေဖြစ်လာမှာဖြစ်တဲ့အတွက် အားကောင်းတဲ့ပြိုင်ဘက်ကို အလွယ်တကူ ဖယ်ရှားနိုင်မှာဖြစ်သည်။
နှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်သည်။
အားလုံးက သူ့အစီအစဉ်နဲ့သူ အဆင်ပြေနေခါမှ ယဲ့ဖန်က ရုတ်တရက်ပေါ်လာပြီး အခြေအနေကို အနှောင့်အယှက်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယခု ဝမ်လင်းသည်လည်း အကျပ်ရိုက်နေသည်။
သူသာ အခြေအနေတွေကို အလှည့်အပြောင်းမလုပ်နိုင်ပါက သူ စိတ်ကူးယဉ်ထားတာတွေအကုန် ပျောက်ကွယ်သွားလိမ့်မည်။
သို့သော်လည်း သူ အခုအချိန်တွင် ဘာဖြေရှင်းချက်ကိုမျှ စဉ်းစားမရပေ။
စိုးရိမ်စိတ်တွေနဲ့ ပူလောင်နေစဉ်မှာဘဲ အတွင်းရေးမှူးလုက ရုတ်တရက် ထပြောပြန်သည်။
" ယဲ့ဖန်၊ ဟုတ်လား။ ကျွန်မ ရှင့်နောက်ကြောင်းကိုစစ်ကြည့်တော့ ရှင့် ကိုယ်ရေးကိုယ်တာဘဝက တကယ်ကို ရှုပ်ထွေးနေတာဘဲ "
သူမက စကားပြောနေရင်းနဲ့ ဖုန်းကို ဝှေ့ယမ်းလိုက်သည်။
လူတိုင်း၏အာရုံစူးစိုက်မှုက သူမဆီကို ရောက်သွားခဲ့သည်။
ယဲ့ဖန်က မျက်မှောင်ကြုတ်လိုက်သည်။
" မင်းဘာကိုဆိုလိုတာလဲ "
" ကျွန်မ ရထားတဲ့ အချက်အလက်တွေအရ ရှင့်ပတ်ဝန်းကျင်မှာ မိန်းမတွေ အများကြီးရှိနေပြီးတော့ သူတို့နဲ့ ဆက်ဆံရေးကလည်း မကင်းဘူး။ မကြာသေးခင်ကဘဲ မိန်းကလေးနှစ်ယောက်လုံးကို တစ်ပြိုင်တည်း ကျောင်းဝင်းထဲမှာခေါ်လာလို့ အကြီးအကျယ်ဂယက်ထသွားသေးတယ်၊ မဟုတ်လား "
အတွင်းရေးမှူးလုက စကားပြောလေလေ၊ သူမက ပိုပျော်လာလေလေဖြစ်သည်။
" ဒါကို ကောင်းကောင်းပြောရမယ်ဆိုရင် ရှင့်ကို ပလေးဘွိုင်းလို့ ခေါ်ရမလား။ တကယ်တော့ တည့်ပြောရရင် ဒါကို အရှက်မရှိဘဲ စက်ဆုပ်ဖွယ်ကောင်းတယ်လို့ ခေါ်ရမယ် "
သူမစကားကြားတော့ ဝမ်လင်းက ယဲ့ဖန်ကို မျက်နှာထားတင်းတင်းနဲ့ လှည့်ကြည့်လိုက်သည်။
" သူမပြောတာ အမှန်ဘဲလား "
အပိုင်း ( ၃၂၄ )
ဘယ်လောက်တောင် ရယ်စရာကောင်းလဲ
ယဲ့ဖန်သည် ထိုအတွင်းရေးမှူးလုကို ကြည့်နေရုံမှတပါး မတတ်နိုင်ပေ။
ဒီအမျိုးသမီးက တကယ်ကို မလွယ်ဘူးဘဲ
သူမက သူ့အပေါ်ညစ်တီးညစ်ပတ်အကွက်ကို ထုတ်သုံးနိုင်ဖို့ အချိန်တောင်သိပ်မလိုလိုက်ပေ။
သူမ လက်ဖဝါးထဲမှာ ဖန်းမိသားစုက သားအဖနှစ်ယောက်လုံးနဲ့ ကစားနိုင်တာ အံ့သြစရာမရှိတော့ချေ။
ဝမ်လင်း၏အမေးကို ကြားလိုက်တဲ့အခါ ယဲ့ဖန်သည် မတတ်နိုင်ဘဲ ခေါင်းသာငြိမ့်ပြလိုက်ရသည်။
" အမှန်ပါဘဲ။ ကျွန်တော့်မှာ မိန်းကလေးသူငယ်ချင်းတွေ အများကြီးရှိတယ်ဆိုပေမယ့် ကျွန်တော်နဲ့ သူတို့ကြားမှာ ဘာမှမရှိဘူးဆိုတာ အာမခံနိုင်တယ်။ ဘာမှ ညစ်ပတ်တာမျိုး မရှိဘူး "
အတွင်းရေးမှူးလုက ချက်ချင်း လှောင်ပြောင်ရယ်လိုက်သည်။
" ငါတို့ကို သုံးနှစ်သားတွေလို့ ရှင် ထင်နေတာလား။ ရှင့်ပတ်ဝန်းကျင်မှာ ဒီလောက်လှတဲ့မိန်းကလေးတွေ အများကြီးရှိနေတာတောင် ရှင်က တကယ်ပဲ အေးအေးဆေးဆေးနေနိုင်တာလား။ ရှင့်ကိုယ်ရှင် တဏှာကင်းတဲ့အရိယာသူတော်စင်ထင်နေတာလား "
ယဲ့ဖန်သည် စကားမပြောနိုင်ဖြစ်သွားရသည်။
သူနဲ့ ထိုမိန်းကလေးတွေကြားက ဆက်ဆံရေးကို အံ့ကြိတ်ပြီး သေသွားတဲ့အထိ ရှင်းပြရင်တောင် ကိစ္စက ရှင်းမှာ မဟုတ်ပေ။
သူ့ဘောင်းဘီကို နေရာတင် ချွတ်ပြပြီး သူ့အပြစ်ကို သက်သေပြရမှာတော့ မဟုတ်ဘူးမလား။
ထိုစကားကိုကြားတော့ ဝမ်လင်းက ချက်ချင်းစိတ်ပျက်သွားသည်။
သူမက ယဲ့ဖန်ဆီသို့ တိတ်တဆိတ် စိတ်ယိုင်နေပြီဖြစ်သည်။
ဘယ်လိုဘဲဖြစ်ဖြစ် ယဲ့ဖန်က ဒီလိုကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးကို အစကနေတည်ဆောက်နိုင်ခဲ့တဲ့သူဖြစ်တာကြောင့် သူ့အနာဂတ်က အကန့်အသတ်မရှိခဲ့ပေ။
ဒုတိယမျိုးဆက် ဖန်းရှောင်ကွန်းထက် ပိုထက်မြက်ကြောင်း ထင်ရှားလေသည်။
ဒါပေမယ့် အခုအချိန်မှာတော့ တစ်ဖက်သားရဲ့ ကိုယ်ရေးကိုယ်တာဘဝက ဖရိုဖရဲဖြစ်နေကြောင်း သူမ ကြားလိုက်ရသည်။
သူ့အပေါ်အကောင်းမြင်နေသည့် ဝမ်လင်း၏ခံယူချက်က ပျောက်ကွယ်သွားပြန်သည်။
သူဘယ်လောက်ပဲထူးချွန်နေပါစေ သူ့ကိုယ်ပိုင်ဘဝမှာ မတော်တရော်တွေဖြစ်ခဲ့လျှင် သူနဲ့လက်ထပ်ထားတဲ့ သူမသမီးရဲ့ပျော်ရွှင်မှုက ပျက်ပြားသွားလိမ့်မည်။
ဒါကိုတွေးပြီး ဝမ်လင်းက ချက်ချင်း စိတ်ပိုင်းဖြတ်ကာ ဖန်းရှောင်ကွန်းကို လှည့်ကြည့်လိုက်သည်။
" ရှောင်ကွန်း၊ မင်းကဘဲ ရွှမ်ရွှမ်အတွက် ပိုပြီးသင့်တော်ပုံရတယ်။ ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ စရိုက်က အမြဲတမ်း ပထမပဲ။ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝနေပါစေ အကျင့်စာရိတ္တက ယိုယွင်းနေတယ်ဆိုရင် အဲ့ဒီသူက အညစ်အကြေးပဲ ဖြစ်နေလိမ့်မယ် "
သူမ၏ နောက်ဆုံးစကားများက ယဲ့ဖန်ကိုရည်ညွှန်းနေသည်မှာ ထင်ရှားသည်။
ဖန်းရှောင်ကွန်းသည် အလွန်ဝမ်းသာသွားသည်။
သူသည် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပေမဲ့ အခြေအနေတွေက ပြန်လှည့်လာမည်ဟု မမျှော်လင့်ထားပေ။
" အန်တီ စိတ်မပူပါနဲ့။ ကျွန်တော်က အမြဲတမ်း ပွင့်လင်းပြီး အထက်တန်းဆန်တဲ့သူတစ်ယောက်ပါ။ တစ်စုံတစ်ယောက်လို မိန်းမတွေနဲ့ မရှုပ်ပါဘူး။ ကျွန်တော် ရွှမ်ရွှမ်ကို သေချာပေါက် ကောင်းကောင်းဆက်ဆံမှာပါ။ ဒီဘဝမှာ သူမတစ်ယောက်တည်းကိုဘဲ ကောင်းကောင်း ဆက်ဆံပါ့မယ် "
ချန်းရွှမ်သည် ချက်ချင်း စိတ်ပူလာသည်။
" အမေ၊ ယဲ့ဖန်က အဲ့လိုလူမဟုတ်ဘူး။ ဇာတ်လမ်းရဲ့တစ်ဖက်ခြမ်းကိုဘဲ နားထောင်လို့မရဘူးလေ "
ဝမ်လင်းက သူမကို တင်းမာစွာ စိုက်ကြည့်လိုက်သည်။
" ငါစားခဲ့တဲ့ဆားက နင်စားခဲ့တဲ့ထမင်းထက် ပိုများတယ်။ နင့်ထက် လူတစ်ယောက်ရဲ့စရိုက်ကို ငါက ပိုသိတယ် "
ထိုသို့ပြောရင်း ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
" ယဲ့ဖန်၊ မင်းက အရမ်းထူးချွန်တာကို ငါဝန်ခံပါတယ်။ မင်းက ငါမြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးလူငယ်လို့တောင် ပြောလို့ရတယ်။ အနာဂတ်မှာ မင်းက ကြီးမားတဲ့အောင်မြင်မှုတွေကို ရမှာသေချာတယ်။ ဒါပေမယ့် မင်းက ရွှမ်ရွှမ်အတွက် မသင့်တော်ဘူး။ မင်းတို့ ချက်ချင်း အဆက်ဖြတ်ကြပါ "
ယဲ့ဖန်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
" ကျွန်တော် ထွက်သွားပေးလို့ရပေမယ့် မသွားခင် အန်တီ့ကိုလက်ဆောင်တစ်ခုပေးခဲ့ချင်တယ် "
ဖန်းရှောင်ကွန်းသည် နောက်ထပ်ဒုက္ခမရောက်ချင်တာကြောင့် အမြန်မောင်းထုတ်လိုက်သည်။
" မင်းက တကယ်ကို အရေထူတာဘဲ။ ထွက်သွားဖို့ပြောနေတာကို မကြားဖူးလား "
ယဲ့ဖန်က သူ့ကို လျစ်လျူရှုလိုက်သည်။
အဲ့ဒီအစား အိတ်ကပ်ထဲကမန်မိုရီကတ်ကို ထုတ်ပြီး သူ့ဖုန်းထဲကို ထည့်လိုက်သည်။
ထို့နောက် ကားထဲကကင်မရာမှဖမ်းယူရိုက်ကူးထားသော ဗီဒီယိုကို ပြန်လည်ထည့်သွင်းလိုက်သည်။
ထို့နောက် ဖုန်းကို ဝမ်လင်း၏အရှေ့မှာ ချပေးလိုက်သည်။
" အန်တီက လူတွေကို ကြည့်တတ်တဲ့မျက်စိကောင်းရှိတယ်လို့ ပြောတယ်မဟုတ်လား။ အန်တီ သဘောကျတဲ့သူက ဘယ်လောက်တောင်မြင့်မြတ်တယ်ဆိုတာ ကြည့်လိုက်ရအောင် "
ဝမ်လင်းက သူဘာတွေလုပ်နေလဲမသိပေ။
သို့သော်လည်း သူမက ယဲ့ဖန်ပြသည်ကို လေးလေးနက်နက် ကြည့်နေသေးသည်။
အဲ့ဒီနောက် ဗီဒီယိုထဲမှာ အဝါရောင် Maserati ကားထဲက လူတစ်ယောက် ထွက်လာတာကိုမြင်လိုက်ရသည်။
ဗီဒီယိုသည် အလွန်ရှင်းလင်းပြတ်သားနေသည်။
ထိုလူက ဖန်းရှောင်ကွန်းမှန်း တစ်ချက်ကြည့်လိုက်တာနဲ့သိနိုင်သည်။
ထိုဗီဒီယိုကိုမြင်တဲ့အခါ ဖန်းရှောင်ကွန်း၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
ကားရပ်နားရန်နေရာတွင် အတွင်းရေးမှူးလုနှင့် သူ၏လုပ်ရပ်များကို ယဲ့ဖန်မှတ်တမ်းတင်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ ချက်ချင်း လုယူတော့မည့်အချိန်မှာဘဲ ယဲ့ဖန်က သူ့ရှေ့တွင် ဓားတစ်ချောင်းကိုကိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပစ်လိုက်သည်။
ဒေါက်
ဓားက ဖန်းရှောင်ကွန်းရှေ့မှာ ကျသွားခဲ့သည်။
အကယ်၍ သူ့လက်သည် ရှေ့သို့ နောက်ထပ်စင်တီမီတာအနည်းငယ်ရှေ့ရောက်နေပါက သူ့လက်ကိုဓားဖြင့် စားပွဲပေါ်မှာ သံရိုက်ခံရသလို စိုက်သွားမှာဖြစ်သည်။
ဖန်းရှောင်ကွန်းသည် အလွန်ကြောက်လန့်သွားပြီး သူ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။
ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်နေသည်။
" မင်း စောစောက အရမ်းပွင့်လင်းတယ်လို့ပြောခဲ့တာမဟုတ်ဘူးလား။ ဒီလိုဆိုရင် ဘာကိုကြောက်နေတာလဲ "
ဖန်းရှောင်ကွန်းသာမက ဘေးမှာရပ်နေတဲ့ အတွင်းရေးမှူးလုတောင် ကြောက်လန့်နေခဲ့သည်။
ယဲ့ဖန်ရှေ့တွင် သူမ အလျင်စလိုမလုပ်ရဲပေ။
ဝမ်လင်းသည် သူတို့၏အမူအရာတွေကိုမြင်ပြီး ဗီဒီယို၏အကြောင်းအရာကို ပို၍ပင်သိချင်တော့လာသည်။
သူမ ဆက်ကြည့်နေသည်။
ထိုအချိန်တွင် အတွင်းရေးမှူးလုသည် ခရီးသည်ထိုင်ခုံမှ ဆင်းလာသည်။
တစ်ချိန်တည်းမှာဘဲ သူမက ရှုပ်ပွနေသော အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်နေသည်။
သူမသည်လည်း အရင်က အဲ့လိုအခြေအနေကြုံခဲ့ဖူးသူဖြစ်သည်။ ကားထဲမှာ ဘာဖြစ်သွားလဲဆိုတာကို သူမ ဘယ်လိုလုပ် မသိဘဲနေမှာလဲ။
အမည်မဖော်လိုသော ဒေါသတစ်ခုက ချက်ချင်း သူမနှလုံးသားထဲတွင် တိုးဝင်လာသည်။
သူမသည် ဖန်းရှောင်ကွန်းနှင့် အတွင်းရေးမှူးလုတို့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
သူတို့နှစ်ဦးကြားတွင် တစ်ခုခုဖြစ်ခဲ့ပြီဟု သိလိုက်ရသည်။
ဖန်းရှောင်ကွန်းသည် မရှုပ်ပွေပါဘူးဟု သူမကို ကတိပေးခဲ့လေသည်။
အခုတော့ အဲ့တာက ဟာသတစ်ခုလိုဖြစ်နေတော့သည်။
ဗီဒီယိုကို ဖွင့်နေဆဲဖြစ်သည်။
ဆက်ကြားလိုက်ရတဲ့ သူတို့နှစ်ဦးကြားက စကားတွေက သူမဒေါသကို ပေါက်ကွဲစေခဲ့သည်။
" ဘယ်လိုတောင်အပျက်ဆန်လိုက်လဲ။ မင်းက ကားထဲမှာတောင် အရမ်းမိုက်တယ် "
" စိတ်ရှုပ်လိုက်တာ ~~~ အရမ်းဘဲ ရှင့်ကိုဘယ်သူမှမတွေ့စေနဲ့ "
" ဒါဆို သူတို့မြင်ရင်ရော ဘာလုပ်မှာလဲ။ ဘာကြောက်စရာရှိလဲ "
" ငါက နင့်အဖေရဲ့ မိန်းမ။ တစ်ယောက်ယောက်က ငါတို့ကို ဓာတ်ပုံရိုက်ပြီး နင့်အဖေဆီ ပို့ပေးမှာကို မကြောက်ဘူးလား "
" အဖေ့ဥစ္စာက ကိုယ့်ဥစ္စာဘဲ။ သူသေရင် သူ့မှာရှိတဲ့အရာအားလုံးဟာ ကိုယ့်ဥစ္စာပဲ "
" ဒါဆို ငါတို့က သူ့ကို သေတဲ့အထိ စောင့်ရမယ်လို့ ဆိုလိုတာလား။ အခု သူ အသက်ရှင်နေပြီး ကျန်းမာနေသေးတယ်လေ။ နင်က အဲ့တာတောင် မိုက်မဲဖို့ သတ္တိရှိသေးလား "
" ပြဿနာက မင်း ဒီဖားအိုကြီးက မင်းကို ကျေနပ်အောင်လုပ်နိုင်ပါ့မလား။ အပြင်မှာ တောရိုင်းတွေနဲ့ ပေါင်းတာထက် မင်းရဲ့ မြေသြဇာကောင်းတဲ့အရည်တွေကို ကိုယ့်အတွက် ထားရတာ ပိုကောင်းတယ် မဟုတ်လား "
" သူက ငါ့ကိုကျေနပ်အောင်မလုပ်ပေးရင် နင်ကရော လုပ်နိုင်ပါ့မလား "
" ဒီနေ့ မင်းကို သင်ခန်းစာပေးထားတာ မလုံလောက်သေးပုံဘဲ။ မင်းရဲ့အစ်ကိုကွန်းက ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းမသိဘူးလား ...... "
သူတို့နှစ်ယောက်ကြားက ရိုင်းစိုင်းတဲ့စကားတွေကို နားထောင်ရင်း ဝမ်လင်းနှင့် ချန်းရွှမ်တို့သည် ရှက်ရွံ့ဒေါသဖြစ်ခဲ့ကြသည်။
သူတို့စကားဝိုင်းမှ အတွင်းရေးမှူးလုသည် ဖန်းရှောင်ကွန်းနှင့် ဆက်ဆံရေးရှိရုံသာမက သူ့အဖေ ဖန်းဝမ်းညန်နှင့်လည်း ဆက်ဆံရေးရှိကြောင်း သူတို့သိနိုင်သည်။
တကယ်ဘဲ သားအဖနှစ်ယောက်လုံးနဲ့ ........ အဲ့တာကို တွေးကြည့်ရုံနဲ့ သူတို့ ရွံရှာသွားရသည်။
ထိုသို့သောလူကို လူဟုပင် မဖော်ပြနိုင်ပေ။
သူက သားရဲတိရစ္ဆာန်တွေထက်ပင် ဆိုးရွားလေသည်။
အထူးသဖြင့် ဝမ်လင်းသည် သူမ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုလှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။
ထိုသို့သော သားရဲကြီးက သူမသမက် ဖြစ်လာလုနီးပါးဖြစ်ခဲ့သည်
သူမသမီးနဲ့သာ တကယ်လက်ထပ်ဖြစ်ခဲ့လျှင်
သူမသမီးရဲ့ဘဝ တကယ် ပျက်စီးသွားလိမ့်မည်ဖြစ်သည်။
ရယ်စရာကောင်းတာက သူမက ထိုကဲ့သို့အကျင့်စာရိတ္တပျက်ပြားနေသူကို သူမသမီးရဲ့အပ်နှင်းထိုက်သူဟုသာ ချီးကျူးခဲ့မိသည်။
ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်တဲ့ပြက်လုံးလဲ။