← Chapters

အပိုင်း ၃၂၅-၃၂၈

Vol. 17 Ch. 325-328

အပိုင်း ၃၂၅-၃၂၈

Vol. 17 Ch. 325-328

အပိုင်း ( ၃၂၅ )

ပါးရိုက်တာနဲ့ ဖြေရှင်းလို့မရတာ မရှိဘူး

ချန်းရွှမ်သည် ထိုညစ်ညမ်းသောစကားများကို ကြားလိုက်ရသောအခါ သူမလည်း ဒေါသတကြီး ဖြစ်သွားရသည်။

ဖန်းရှောင်ကွန်းသည် မာနကြီးပြီး ချမ်းသာသော ဒုတိယမျိုးဆက်တစ်ယောက်ဟုသာ သူမ ထင်ခဲ့မိသည်။

သူ့ရဲ့တွယ်ကပ်တဲ့နည်းလမ်းက အရမ်းစက်ဆုပ်ရွံရှာဖွယ်ကောင်းပေမဲ့ သူ့စရိုက်က အရမ်းဆိုးနေမှာ မဟုတ်ပါဘူးဟု တွေးပေးခဲ့သည်။

သို့သော် သူမသည် အလွန်နုံအခဲ့ကြောင်းကို အခုမှ သဘောပေါက်သွားခဲ့ရသည်။

ဒီလူရဲ့ စရိုက်လက္ခဏာက အလွန်ဒေါသထွက်စရာကောင်းလှသည်

အတွင်းရေးမှူးလုသည် သူ့အဖေ၏အမျိုးသမီးဖြစ်ကြောင်းကို သူသိလေသည်။

ဒါတောင် တစ်ဖက်အမျိုးသမီးနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေးမျိုးကို တကယ်ဘဲလုပ်ခဲ့သည်။

သူက တိရစ္ဆာန်ထက်ပင် ဆိုးသည်ဟု ပြောလျှင် ချဲ့ကားခြင်းမဟုတ်ပေ။

သို့သော် ချန်းရွှမ် မထင်မှတ်ထားသည့်အရာမှာ ဒါက အမြည်းလောက်ဘဲရှိသေးတာဖြစ်သည်။

ကားအသံဖမ်းစက်မှ ရိုက်ကူးထားသော ဗီဒီယိုနှင့် စကားပြောဆိုမှုတွေ ပို၍ပင်ထိတ်လန့်စရာကောင်းသော အကြောင်းအရာများဆက်ရှိနေခဲ့သည်။

" နင်ရူးနေလား။ အချိန်နီးပြီလေ။ နင့်ယောက္ခမကို သွားမတွေ့ဘူးလား "

" ဘာယောက္ခမလဲ။ အဲဒီမြေကွက်အတွက်သာ မဟုတ်ရင် သူတို့အဆင့်ကလူတွေက ငါ့ရဲ့ အာရုံစိုက်မှုနဲ့တောင် မထိုက်တန်ဘူး "

" တကယ်လား။ ဥက္ကဌချန်းရွှမ်က အရမ်းလှတယ်လို့ ကြားတယ်။ လုံးဝသွေးဆောင်ခံနေရတာမဟုတ်ဘူးလား "

" စိတ်မပူပါနဲ့။ ကိုယ် တကယ် သူမကို ရခဲ့ရင်တောင် မင်းကို မစွန့်လွှတ်ပါဘူး။ ဒီနေ့အတွက် စကားလုံးကောင်းကောင်းလေးတွေ ပြောပေးပါဦး။ မင်းရဲ့ အကျိုးကျေးဇူးတွေကို မမေ့ပါဘူး ........ "

ချန်းရွှမ်၏ လောကကြီးအပေါ်အမြင် ကွဲအက်သွားရသည်။

ဝမ်လင်းသည် ထိုစကားပြောသံကိုကြားသောအခါ သူမ၏မျက်နှာသည် ဒေါသကြောင့်ဖြူဖျော့သွားခဲ့ရသည်။

သူမသည် စီးပွားရေးလောကတွင် ဆယ်စုနှစ်များစွာ ရပ်တည်ခဲ့ပြီး စီးပွားရေးလောက၏လှည့်စားမှုကို ကြုံခဲ့သလို သုံးလည်းသုံးခဲ့သည်။ သူမသည် လူ့သဘာဝ၏ယုတ်ညံ့မှုကိုလည်း သိသည်။

သို့သော် အခုတစ်ကြိမ်ကတော့ သူမ၏အမြင်ကို ပြန်လည်ဆန်းသစ်စေခဲ့သည်။

ဖန်းရှောင်ကွန်းသည် ငယ်ပေမယ့် သူ့နှလုံးသားက အရမ်းရက်စက်ကောက်ကျစ်သည်။

သူ့ပန်းတိုင်ရောက်ဖို့ ဘာမဆိုလုပ်ရဲသည်။

ယဲ့ဖန်သာ ဒီဗီဒီယိုကို မထုတ်ပေးခဲ့လျှင် သူမသည် အမှောင်ဖုံးပြီး ဖန်းရှောင်ကွန်းကို အဘက်ဘက်မှ ပြီးပြည့်စုံသော အမျိုးသားတစ်ဦးအဖြစ် ဆက်မြင်နေမှာဖြစ်သည်။

သူမသမီးလေးကိုတောင် သူ့လက်ထဲကို .........

ဝမ်လင်းက နောက်ဆက်တွဲအကျိုးဆက်တွေကို မတွေးရဲတော့ပေ။

ချန်းရွှမ်က ရယ်မောလိုက်သည်။

" ဒါဆို ရှင် ကျွန်မကို တွယ်ကပ်နေတာက လောင်ချန်းခရိုင်က အဲ့ဒီမြေကွက်ကြောင့်လား "

ဖန်းရှောင်ကွန်းသည့် သူ့သရုပ်ဖျက်မှုကို ဖော်ထုတ်ခံရသဖြင့် အလုံးစုံသရုပ်မှန်ချပြရန် ဆုံးဖြတ်ခဲ့သည်။

သူ့စိတ်အမှန်ကို ချက်ချင်းဖော်ပြလိုက်သည်။

" ဟုတ်တယ်၊ ငါ အဲ့ဒီမြေကွက်အတွက် လုပ်ခဲ့တာ။ အဲ့တာဆို ငါ မင်းလို လှပတဲ့ CEO နဲ့ ကစားနိုင်မယ့်အပြင် မြေလည်းရမှာဆိုတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဘဲ "

ချန်းရွှမ်၏မျက်နှာသည် သူ့အရှက်မရှိမှုကြောင့် ဒေါသထွက်ကာဖြူဖျော့သွားခဲ့ရသည်။

" ရှင်က တကယ်ကို အရှက်မဲ့တာပဲ "

" ချန်းရွှမ်၊ မင်းအတွက် ပိုကောင်းတဲ့အရာကို မင်းသိရင် လေလံဆွဲတာကို ချက်ချင်းရပ်လိုက်တာ ပိုကောင်းလိမ့်မယ်။ မင်းက ငါတို့ချင်းဒါးကော်ပိုရေးရှင်းရဲ့ရန်သူဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူး "

ဖန်းရှောင်ကွန်းက မဲ့ပြုံးပြုံးပြီးပြောခဲ့သည်။

" မင်း ငါတို့ ဖန်းမိသားစုနဲ့ လက်ထပ်ချင်ရင်တော့ မဖြစ်နိုင်ဘူး။ မင်းက နာခံတတ်ပြီးတော့ ငါအပြင်မှာ မိန်းမဘယ်လောက်ရှိရှိ ဂရုမစိုက်သရွေ့ မင်းကို နေရာတစ်ခုတော့ပေးနိုင်ပါတယ် "

ချန်းရွှမ် အလွန်ဒေါသထွက်ကာ တုန်ပါတုန်နေသည်။

" ဖန်းရှောင်ကွန်း၊ လေလံဆွဲတာကို ကျွန်မ ရုတ်သိမ်းမှာမဟုတ်ဘူးလို့ သေချာပြောလိုက်မယ်။ လင်းယွမ်အိမ်ခြံမြေက ရှင်တို့ရဲ့ ချင်းဒါးကော်ပိုရေးရှင်းကို သေတဲ့အထိ တိုက်ခိုက်သွားပြမယ် "

ဖန်းရှောင်ကွန်း၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားတော့သည်။

" မင်းက အရှက်မဲ့တာပဲ၊ ခွေးမ။ ငါက မင်းကို မျက်နှာပေးနေပေမယ့် မင်းက မလိုချင်ဘူးဆိုတော့လည်း ငါ မင်းကို သေအောင် ဘယ်လို ကစားမယ်ဆိုတာ စောင့်ကြည့်လိုက် ........ "

သူ့စကားမပြီးခင်မှာ အနက်ရောင်အရိပ်တစ်ခုက သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာသည်။

တစ်စက္ကန့်အတွင်းမှာဘဲ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာသည်။

သူ့ပါးစပ်ကို ပိတ်ရိုက်ခံလိုက်ရသည်။

သူသည် ရှေ့သွားနှစ်ချောင်းနှင့်အတူ ပါးစပ်မှ သွေးတစ်ပွက်ထွက်လာသည်။

ဖန်းရှောင်ကွန်းသည် သူ့ပါးစပ်ကို အမြန်ဖုံးလိုက်ပေမဲ့ သူ့လက်ချောင်းများကြားမှ သွေးတွေက ဆက်စီးကျလာသည်။

မော့ကြည့်လိုက်တော့ ယဲ့ဖန်က လှောင်ပြောင်ရယ်မောနေတာကို တွေ့လိုက်ရသည်။

" မင်းမှာက ဈေးပေါတဲ့ပါးစပ်ရှိတယ်။ ငါ့မှာကတော့ ဈေးပေါတဲ့လက်ရှိတယ်။ မင်းက ပါးစပ်နဲ့လေပစ်ရတာကို ကြိုက်ပေမယ့် ငါကတော့ ရန်ဖြစ်ရတာကို ပိုကြိုက်တယ် "

ဖန်းရှောင်ကွန်းက သူ့ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။

" ခွေးမသားလေး၊ မင်း ငါ့တို့ဖန်းမိသားစုကို ရန်သူအဖြစ် သတ်မှတ်ရဲတာလား။ ငါ မင်းကို ဘယ်လိုသတ်မယ်ဆိုတာ ကြည့်ထား ....... "

သူ့စကားမပြီးခင်မှာဘဲ ယဲ့ဖန်က သူ့ကို ထပ်ပြီး ပါးရိုက်လိုက်သည်။

ဖြောင်း

ဒီတစ်ခါမှာ အသံက ပိုလို့တောင် ကျယ်လာသည်။

ဖန်းရှောင်ကွန်း၏ပါးစပ်သည် ယောင်ကိုင်းနေပြီး ဝက်အူချောင်းငုံထားပုံရနေသည်။

ယဲ့ဖန်က ပြုံးလိုက်သည်။

" ပါးရိုက်တာနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ အရာဆိုတာ မရှိဘူး။ တစ်ချက်မရရင်၊ နှစ်ချက်ပေါ့။ မယုံရင် ဆက်ပြောလေ "

ဖန်းရှောင်ကွန်းသည် ချက်ချင်းပါးစပ်ပိတ်လိုက်သည်။

ပညာရှိသောသူသည် ရန်ဖြစ်သောအခါ နိုင်ချေကိုတွက်ဆတတ်ရသည်။ ထိုနိယာမကို သူနားလည်သည်။

ယဲ့ဖန်က သူ့ကိုလှည့်ကြည့်ဖို့ စိတ်မ၀င်စားပေ။ သူက ယင်ကောင်ကို ခါလိုက်သလိုမျိုး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" မင်းမှာ ပြောစရာမရှိလို့ ထွက်သွားလိုက်တော့ "

ဖန်းရှောင်ကွန်းက သူ့ကို စိုက်ကြည့်နေသည်။

" ငါ မင်းကို အလွှတ်မပေးဘူး "

ယဲ့ဖန်က ပေါ့ပေါ့ပါးပါးရယ်ပြီး သူ့လက်ကို မြှောက်လိုက်သည်။

ဖန်းရှောင်ကွန်းသည် သေအောင် ကြောက်လန့်ပြီး ထိတ်လန့်စွာ ထွက်ပြေးသွားခဲ့သည်။

အတွင်းရေးမှူးလုကိုတောင် ခေါ်ဖို့ သတိမရတော့ပေ။

ယဲ့ဖန်က သူ့ခေါင်းကိုကုတ်ဖို့ လက်ကို မြှောက်လိုက်သည်။

" ခေါင်းကုတ်မလို့ကို အရမ်းကြောက်ဖို့ လိုလို့လား "

ထိုအချိန်တွင် အတွင်းရေးမှူးလုက လမ်းလျှောက်လာပြီး ယဲ့ဖန်ကို အသနားခံသည်။

" ယဲ့ ..... ယဲ့လူကြီးမင်း၊ ဒီဗီဒီယိုကို ဖျက်လို့ရမလား "

ဒီဗီဒီယိုကို ဖန်းဝမ်းညန်ဆီ ပို့ပေးလိုက်လျှင် .......

ဖန်းဝမ်းညန်ကတော့ သေချာပေါက် သူ့သားကို ဘာမှလုပ်မှာမဟုတ်ပေ။

သို့ပေမဲ့ အကျိုးဆက်များကိုတော့ သူမ ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

ယဲ့ဖန်က လှောင်ရယ်လိုက်သည်။

" အဲ့တာကတော့ ငါ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်တယ်။ ငါ စိတ်ကောင်းနေရင်တော့ ဖျက်ပစ်နိုင်ပေမဲ့ စိတ်ရှုပ်ရင်တော့ အွန်လိုင်းမှာတင်လိုက်နိုင်တယ် "

အတွင်းရေးမှူးလုက ရှေ့ကို အမြန်ရောက်လာသည်။

သူမက ယဲ့ဖန်၏လက်မောင်းကို ပွတ်သပ်ကာ ဆွဲဆောင်မှုရှိသောအသံဖြင့်ပြောသည်။

" ဒါဆို ...... ရှင့်ကို စိတ်ကျေနပ်အောင် ကျွန်မဘယ်လိုလုပ်ပေးရမလဲ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လုပ်ကြည့်ဖို့ ဆန္ဒရှိပါတယ် "

အမှန်တိုင်းပြောရလျှင် အတွင်းရေးမှူးလုသည် ရုပ်ရည်ချောမောပြီး ကိုယ်လုံးကိုယ်ပေါက်ကောင်းသူဖြစ်သည်။

ပို၍ရှားပါးသည်မှာ သူမ၏ခန္ဓာကိုယ်မှ ဆွဲဆောင်မှုရှိသောကိုယ်ရောင်ဝါဖြစ်သည်။

တစ်ချက်ကြည့်လိုက်ရုံနဲ့ ယောက်ျားတစ်ယောက်ကိုသွေးဆူသွားစေနိုင်ပါသည်

မဟုတ်ရင် ဖန်းသားအဖက ဒီလောက် ညှို့ယူခံရမှာ မဟုတ်ပေ။

ဝမ်လင်းနဲ့ သူမသမီးရှေ့မှာ မဟုတ်ရင်တောင်မှ ယဲ့ဖန် သူမကို တကယ်ပဲ ပြတ်ပြတ်သားသား ငြင်းမှာဖြစ်သည်။

ဒီအမျိုးသမီးက သူ့ကို ဘယ်လိုလူစားမျိုးထင်နေတာလဲ။

ပျားရည်လိုချိုတဲ့ထောင်ချောက်လေးကိုအသုံးပြုပြီး သူ့ကို ကျရှုံးစေနိုင်မယ်လို့ သူမ ထင်နေတာလား။

ဒါက စိတ်ကူးယဉ်ဆန်တဲ့ အတွေးတစ်ခုပင်ဖြစ်သည်။

ယဲ့ဖန်က အဲ့လောက်တဏှာထတဲ့သူမလို့လား။

သေချာပေါက်မဟုတ်ဘူးပေါ့။

ဟုတ်တယ်!

အပိုင်း ( ၃၂၆ )

ကျွန်တော့်မှာလည်း သိက္ခာဆိုတာရှိတယ်

အတွင်းရေးမှူးလု၏လက်ကို ခါလိုက်ပြီးတဲ့နောက် ယဲ့ဖန်က ဘာမှပြန်မပြောပေ။

အတွင်းရေးမှူးလုသည် ထိုပုံစံကိုမြင်လိုက်သောအခါ သိသိသာသာပင် ထိတ်လန့်သွားရသည်။

ထို့နောက် သူမက မှိုင်တွေစွာဖြင့် အဝေးကို လျှောက်ထွက်သွားသည်။

သူမ အဝေးကို လျှောက်သွားပြီးနောက် ဝမ်လင်းက တောင်းပန်သည့်အမူအရာဖြင့် ယဲ့ဖန်ဆီကို လမ်းလျှောက်လာသည်။

" ယဲ့ဖန်၊ အခုဖြစ်ပျက်ခဲ့တာတွေအတွက် တကယ်ကို တောင်းပန်ပါတယ်။ ဖန်းရှောင်ကွန်းက တကယ်ဘဲ လူယုတ်မာတစ်ယောက်ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး "

ယဲ့ဖန်က သူ့လက်ကို ရက်ရက်ရောရော ဝှေ့ယမ်းပြလိုက်သည်။

" အန်တီ၊ သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး။ ကျွန်တော်က ဒါတွေအားလုံးကို ရွှမ်ရွှမ်အတွက်ဘဲ လုပ်ခဲ့တာပါ "

ဝမ်လင်းက သူ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။

" ရွှမ်ရွှမ်ရဲ့အမြင်က ငါ့ထက်ကောင်းပါတယ်။ မင်းက တကယ့်ကိုထူးချွန်တဲ့သူတစ်ယောက်ပါ။ ရွှမ်ရွှမ်ကို မင်းလက်ထဲအပ်လိုက်ရမှာမလို့ အရမ်းစိတ်သက်သာရာရသွားတယ်။ ဒါဆို မင်းတို့ရဲ့အိမ်ထောင်ရေးအကြောင်းကို ပြောကြရအောင် "

ထိုစကားကိုကြားတော့ ယဲ့ဖန် အံ့သြသွားရသည်။

သူက ချန်းရွှမ်ရဲ့အခြေအနေကို အနှောင့်အယှက်ပေးဖို့ သူက ဒီနေရာမှာ ရောက်နေခဲ့တာလေ။ သူမက ဘာလို့ အိမ်ထောင်ရေးအကြောင်း ပြောနေရတာလဲ။

သူက သူမလက်ထဲမှာ ချေမွခံရတော့မှာလား။

ဒါကို တွေးပြီး ချက်ချင်းခေါင်းခါလိုက်သည်။

" မလိုပါဘူး "

ဝမ်လင်း အံ့အားသင့်သွားသည်။

" ဘာကိုဆိုလိုတာလဲ "

ယဲ့ဖန်လှည့်ပြီး ချန်းရွှမ်ကို ကြည့်လိုက်သည်။

" ကျွန်တော် ရွှမ်ရွှမ်ကို အရမ်းချစ်ပြီး သူမနဲ့ အသက်ကြီးချင်ပေမယ့် ကျွန်တော့်မှာလည်း ဂုဏ်သိက္ခာရှိပါတယ်။ ကုန်ပစ္စည်းတစ်ခုလို ဝိုင်းထောက်ခံရတာက ကျွန်တော့်အတွက်တော့ အရှက်ကွဲစရာပါဘဲ "

ချန်းရွှမ် ဘယ်လောက် ဉာဏ်ကောင်းမလဲ။

ယဲ့ဖန်၏အကြည့်ကို မြင်လိုက်ရတဲ့အခါ သူမ ချက်ချင်းသဘောပေါက်သွားသည်။

သူက 'မင်းနဲ့ကိုယ် တစ်ညလုံး သရုပ်ဆောင်ပေးပြီးပြီ၊ အခု ကိုယ်နဲ့ ပူးပေါင်းဖို့ မင်းအလှည့်ရောက်ပြီ' လို့ပြောနေပုံရသည်။

ကူကယ်ရာမဲ့စွာဖြင့် သူမလည်း မျက်ရည်ကျမတတ်ပုံစံဖြစ်အောင် ဟန်ဆောင်လိုက်တော့သည်။

" ယဲ့ဖန်၊ ကျွန်မ တောင်းပန်ပါတယ် ......... "

ယဲ့ဖန်က သူမကို ပြတ်ပြတ်သားသားတားလိုက်သည်။

" မင်း တောင်းပန်စရာမလိုပါဘူး။ အဲ့တာက မင်းအပြစ်မဟုတ်ဘူး။ အတူတူရှိဖို့ ကံမပါခဲ့ဘူးလို့ဘဲပြောကြတာပေါ့။ နောင်ဆို ညီအစ်မတစ်ယောက်လို ဆက်ဆံမယ်။ မင်း ကိုယ့်ကို ထပ်မနှောင့်ယှက်တော့ဘူးလို့ ကိုယ်မျှော်လင့်တယ် "

ထိုစကားကိုပြောပြီးနောက် သူက ပြတ်ပြတ်သားသား ထွက်လာခဲ့သည်။

ချန်းရွှမ်က သူ့နောက်ကို အမြန်လိုက်လာသည်။

" ယဲ့ဖန်၊ ကျွန်မတောင်းပန်ပါတယ်။ ကျွန်မကို မထားခဲ့ပါနဲ့ ...... "

" မင်းက မိန်းကလေးကောင်းတစ်ယောက်ပါ။ ကိုယ်က မင်းနဲ့မထိုက်တန်ဘူး။ ကိုယ့်ကိုမေ့လိုက်ပါ "

ယဲ့ဖန်သည် ထိုစကားကိုပြောပြီးတဲ့နောက် ခိုင်မာသောခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။

သူထွက်သွားပြီးတဲ့နောက် သူမကို လျှို့ဝှက်စွာ မျက်စိမှိတ်ပြဖို့လည်း မမေ့ခဲ့ပေ။

ချန်းရွှမ်ကလည်း သူ့ကို ပြန်မှိတ်ပြကာ တုန့်ပြန်ခဲ့သည်။

ဝမ်လင်းသည် လုံးဝအံ့သြသွားရသည်။

အခုနကထိ ဖန်းရှောင်ကွန်းနှင့် ယဲ့ဖန်တို့က သူမသမီးအတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

အခုတော့ သူတို့ တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်သွားပြီဖြစ်သည်။

ဖန်းရှောင်ကွန်းကတော့ ယုတ်မာတဲ့သူဖြစ်တာကြောင့် နှမြောဖို့မထိုက်တန်ပေ။

သို့ပေမဲ့ ယဲ့ဖန်နောက်ဆုတ်သွားခြင်းကတော့ သူမ မမျှော်လင့်ထားသည့်အရာဖြစ်သည်။

ဒါပေမယ့် သေသေချာချာ တွေးကြည့်လျှင် ယဲ့ဖန်၏စကားများက ကျိုးကြောင်းဆီလျော်သည်။

ဒီည အစမှအဆုံးထိ ယဲ့ဖန်ကို သူမနှင့် ဖန်းရှောင်ကွန်းတို့က တောက်လျှောက် လျစ်လျူရှုခြင်း၊ လှောင်ပြောင်ခြင်း၊ မထီမဲ့မြင်ပြုခြင်း စသည့်တို့ဖြင့် သူ့ကို ကုန်ပစ္စည်းတစ်ခုအဖြစ်နဲ့တောင် ဆက်ဆံခဲ့သည်။

ဒါက ဝင်ငွေ ဘီလီယံဆယ်ချီရှိတဲ့ အသက် ၂၀ အရွယ်အမျိုးသားတစ်ယောက်အတွက် ကြီးမားတဲ့ အရှက်ရမှုတစ်ခုဖြစ်သည်။

ဒါက ဝမ်လင်းကို ချက်ချင်းနောင်တရစေသည်။

သူမသည် သမီးဖြစ်သူ ချန်းရွှမ်ကို ရှက်ရွံ့သော မျက်နှာဖြင့် ကြည့်လိုက်သည်။

" ရွှမ်ရွှမ်၊ အမေ တောင်းပန်ပါတယ်။ အားလုံးက အမေ့အမှားပါ။ အမေ့ရဲ့ မလိုအပ်တဲ့လုပ်ရပ်တွေကြောင့် သမီးနဲ့ ယဲ့ဖန်က ဒီလိုမျိုးအဆုံးသတ်ခဲ့ရတယ် ....... "

ချန်းရွှမ်၏မျက်နှာတွင် စိတ်ပျက်အားငယ်နေမှုအပြည့်ဖြစ်နေသည်။

" အမေ၊ နောင်အနာဂတ်မှာ သမီးရဲ့ကိစ္စတွေကို မစွက်ဖက်ဖို့ မျှော်လင့်ပါတယ် "

" သမီးက ကလေးမဟုတ်တော့ဘူး။ သမီးကိစ္စတွေကို ကိုယ့်ဘာသာကိုင်တွယ်နိုင်ပါတယ် "

ဝမ်လင်းက အမြန်ခေါင်းငြိမ့်လိုက်သည်။

" အမေက အဲ့တာကို ဂရုမစိုက်တော့ဘူး။ သမီးဘာသာဘဲဆုံးဖြတ်တော့ "

ချန်းရွှမ် ဘာမှ မပြောဘဲ စိတ်ပျက်လက်ပျက်ဖြင့်ထွက်သွားသည်။

သူမအမေကို ကျောပေးလိုက်တာနဲ့ သူမ မပြုံးဘဲ မနေနိုင်ပေ။

ဒီနေ့ညပြီးတာနဲ့ သူမအမေက သူမဆက်ဆံရေးတွေကို အနှောင့်အယှက်ပေးမှာ မဟုတ်တော့ပေ။

ဒီနေ့အတွက်တာဝန်က အောင်မြင်စွာပြီးမြောက်သွားခဲ့ပြီဖြစ်သည်။

.............

ယဲ့ဖန်သည် Ferrari Enzo ကိုစီးကာ ကျုံးထျန်းကန်သာယာစံအိမ်သို့ မောင်းနှင်နေခဲ့သည်။

လမ်းတစ်ဝက်တွင် ချန်းရွှမ်ဆီမှ စာတစ်စောင်ရောက်လာသည်။

[ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနေ့သင်ခန်းစာပြီးရင်တော့ ကျွန်မအမေက ကျွန်မကိစ္စတွေမှာ ဝင်စွက်ဖက်မှာ မဟုတ်တော့ဘူး ]

[ ရပါတယ်။ အသေးအဖွဲပါဘဲ။ ကျေးဇူးလက်ဆောင်အဖြစ် မနက်ဖြန်ထမင်းလိုက်ကျွေးပေးပါ ]

[ မနက်ဖြန်တော့ မရလောက်ဘူး။ မနက်ဖြန် စည်ပင်ရုံးကို သွားရမှာ ]

[ ချင်းဒါးကော်ပိုရေးရှင်းက လေလံဆွဲထားတဲ့ မြေကွက်ကြောင့်လား ]

[ ဟုတ်တယ်၊ အဲ့ဒီမြေကွက်က လင်းယွမ်အိမ်ခြံမြေအတွက် အရမ်းအရေးကြီးတယ်။ ရလိုက်သရွေ့ ကျွန်မတို့ရဲ့ကုမ္ပဏီအင်အားက အများကြီးတိုးတက်လာမှာ ]

[ ဒါဆို မင်းအောင်မြင်ပါစေလို့ ဆုတောင်းပေးတယ် ]

[ ဒီလိုဆိုရင်ရော … မနက်ဖြန် ရှင် ကျွန်မနဲ့လိုက်ခဲ့လေ ]

[ ဘာလို့ သွားရမှာလဲ ]

[ ရှင်က ကုမ္ပဏီရဲ့သူဌေးကြီးလေ။ ကုမ္ပဏီကိုလည်း ပံ့ပိုးပေးသင့်တယ်။ ရှင် အမြဲတမ်း လက်လွှဲထားလို့မရဘူးလေ ]

[ မင်းပြောတာ အဓိပ္ပာယ်ရှိတယ် ]

[ မနက်ဖြန်တွေ့မယ် ]

[ ကောင်းပါပြီ ]

ဝမ်လင်း၏ ဝမ်းနည်းဖွယ်အမူအရာကို တွေးလိုက်မိသောအခါ သူ စိတ်သက်သာရာရသွားသည်။

ထိုအမျိုးသမီးက သူ့ကို တစ်ညလုံး ဆရာလုပ်နေတာကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရသည်။

ချန်းရွှမ်အတွက်သာမဟုတ်ရင် သူ တံခါးကိုဆောင့်ပိတ်ပြီး ထွက်သွားခဲ့တာ ကြာလောက်ပြီဖြစ်သည်။

အခုတော့ သူမကို ပြစ်ဒဏ်အနည်းငယ်သာ ပေးလိုက်နိုင်သည်။

ဝမ်လင်းသည် သူမသမီး၏ပျော်ရွှင်မှုကို ကိုယ်တိုင် ဖျက်ဆီးပစ်မိလိုက်တယ်ဆိုပြီး အချိန်အတော်ကြာ ခံစားနေရလိမ့်မည်ဟု ခန့်မှန်းရသည်။

သမီးအပေါ် အပြစ်မကင်းစိတ်တွေနဲ့ ပြည့်နှက်နေလိမ့်မည်။

သူမသည် ချန်းရွှမ်ဆက်ဆံရေးတွေတွင်ဝင်ရောက်စွက်ဖက်တော့မည်မဟုတ်ပေ။

တွေးကြည့်ရုံကပင် သူ့ကို ရယ်မောစေသည်။

ရုတ်တရက် စနစ်၏သတိပေးချက်အသံက သူ့နားထဲမှာ ထွက်ပေါ်လာသည်။

[ ကံကြမ္မာညွှန်ကြားရေးစနစ်အသစ်တစ်ခုကို ရှာဖွေတွေ့ရှိထားပါသည်။ ကျေးဇူးပြုပြီး လက်ရှိလမ်းအတိုင်း မီတာ ၅၀ အကွာထိ တန်းတန်းသွားပြီး ဘယ်ဘက်ကို ကွေ့ပါ ...... ]

အပိုင်း ( ၃၂၇ )

အင်တာနက်ဆယ်လီကောင်မလေးက ဖော်ထုတ်လိုက်သော စကားပြောခန်း

[ ရှေ့လမ်းဆုံမှာ ညာဘက်ကို ကွေ့ပါ ...... ]

ယဲ့ဖန်သည် စနစ်ညွှန်ကြားချက်နောက်ကိုလိုက်ပြီး ၁၀မိနစ်ကြာမောင်းခဲ့သည်။

မကြာခင်မှာဘဲ အိမ်ရာအဆောက်အဦးတစ်ခုဆီကိုရောက်လာသည်။

ထိုအချိန်တွင် လူအများကြီးက လှေကားကနေ အပေါ်ကိုမော့ကြည့်နေကြူည်။

ယဲ့ဖန်က သူတို့အကြည့်ရှိရာကို လှမ်းကြည့်လိုက်သည်။

ခြောက်ထပ်ရှိခေါင်မိုးအစွန်းတွင် အသက် ၂၀ ဆယ်ကျော် လူငယ်တစ်ဦးရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူက အချိန်မရွေးခုန်ချသွားတော့မည့်အရိပ်အယောင်က သူ့မျက်နှာပေါ်တွင် ပြတ်ပြတ်သားသားပေါ်နေသည်။

သူ့နောက်တွင် သူ့ကို နားချရန် ကြိုးစားနေသော လူလတ်ပိုင်းစုံတွဲတစ်တွဲရှိနေသည်။

ယဲ့ဖန် ကားတံခါးကို တွန်းဖွင့်ပြီး ထွက်လာသည်။

လူစုလူဝေးကြီး၏ ဆွေးနွေးနေသံကို ကြားလိုက်ရသည်။

" ဒီကလေးက တကယ်ရူးတာဘဲ။ အင်တာနက်ဆယ်လီကောင်မလေးတစ်ယောက်အတွက်နဲ့ သူက တကယ်ပဲ သေတော့မလို့လား "

" အဓိကကတော့ သူက အဲ့ဒီကောင်မလေးကိုလိုက်နေတာ သုံးနှစ်ကျော်တောင်ကြာပြီလေ။ အဲ့ကောင်မလေးအတွက် သန်းချီပိုက်ဆံအကုန်အကျခံခဲ့ပေမဲ့ သူမ လက်ကိုတောင် မထိခဲ့ရဘူးတဲ့လေ "

" အဲ့ထိက အဆင်ပြေသေးတယ်။ ဒါပေမယ့် အဲ့ဒီအင်တာနက်ဆယ်လီက သူတို့ရဲ့ စကားပြောထားတဲ့ chat history ကို အွန်လိုင်းမှာတင်ခဲ့တာကြောင့်လေ။ အခုတော့ အင်တာနက်တစ်ခုလုံးက သူ့ရဲ့ ခြေထောက်ကိုတောင်ကုန်းလျက်မယ့်အပြုအမူတွေကို လှောင်ရယ်နေကြပါပြီ။ သူ့ပုံရိပ်က သေသွားပြီ "

" ဟုတ်တယ်၊ ငါသာဆိုရင်လည်း ဘယ်သူ့ကိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး "

" ဒါနဲ့ဘဲ သေရမယ်လို့ မဆိုလိုဘူးလေ။ အခုခေတ်လူငယ်တွေက အရမ်းနုနယ်တာဘဲ "

" .......... "

ယဲ့ဖန်က ထိုလူတွေပြောနေကြတာကိုနားထောင်ပြီး ဖြစ်စဉ်ကို အကြမ်းဖျင်းသိသွားခဲ့သည်။

ဒီတစ်ယောက်က အင်တာနက်ဆယ်လီတစ်ယောက်ကို ဇွတ်ကပ်ပြီးတော့ chat အတင်ခံလိုက်ရတာကြောင့် ဘာမှသေချာမတွေးနိုင်တော့ဘဲ တိုက်ပေါ်က ခုန်ချသတ်သေမလို့ဖြစ်နိုင်သည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းခါပြီး ပြုံးလိုက်သည်။

ဒီဘက်ခေတ်လူငယ်တွေက တကယ်နုနယ်တာဘဲ။

သူက ဒီနှစ်မှ ၂၀ဘဲရှိသေးတာကို မေ့သွားခဲ့သည်။

ဒါပေမဲ့လည်း သူ ကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေက အရမ်းများတာကြောင့် လူငယ်ဘဝမရှိတော့ဘူးဟု ထင်ယောင်ထင်မှားဖြစ်နေတာဖြစ်နိုင်သည်။

ဒီလိုကလေးဆန်တဲ့အပြုအမူတွေက တကယ်ဘဲ ရယ်ချင်စရာကောင်းလှသည်။

ထိုသို့တွေးလိုက်ပေမဲ့ ဒါက စနစ်ကပေးတဲ့တာဝန်ဖြစ်တာကြောင့် သူပြီးအောင်လုပ်ရမည်ဖြစ်သည်။

စနစ်က သူ့ကို ဒီလောက်ရက်စက်တာကြီးပေးဖို့ ဘယ်သူကပြောလိုက်လို့လဲ။

ထိုအတွေးကြောင့် ယဲ့ဖန်က အိမ်ရာအဆောက်အဦးထဲကို အမြန်ပြေးဝင်သွားခဲ့သည်။

အဆောက်အဦးက ၆ထပ်ရှိပြီး ဓာတ်လှေကားမရှိတာကြောင့် သူ ရိုးရိုးလှေကားကနေသာ တက်ခဲ့ရသည်။

ကံကောင်းစွာနဲ့ သူ့သက်လုံကကောင်းတာကြောင့် လေးထပ်ရောက်တဲ့အထိ မျက်နှာလည်းမနီသလို နှလုံးခုန်လည်းမမြန်ပေ။ သူ့ပုံစံက ဘာမှမဖြစ်ခဲ့သလိုပင်ဖြစ်နေသည်။

သူသည် ခေါင်မိုးပေါ်ကို ဆက်တက်တော့မည့်အချိန်မှာဘဲ အောက်ဘက်ရှိ လူအုပ်ကြီးထံမှ ကျယ်လောင်သော အာမေဋိတ်သံကို ကြားလိုက်ရသည်။

" လူငယ်လေး၊ မခုန်ပါနဲ့။ မင်းမိဘတွေအကြောင်း စဉ်းစားကြည့်ပါဦး။ မင်းသေရင် သူတို့ ဘာဖြစ်ကြမလဲ "

" မြန်မြန် ..... တားကြပါဦး။ သူခုန်တော့မယ် "

" အား ...... မကြည့်ရဲတော့ဘူး "

ယဲ့ဖန်က အပေါ်တက်ဖို့ အချိန်မရှိတော့ပေ။

သူက တံခါးတစ်ခုကို တွန်းဖွင့်ပြီး အထဲကို ပြေးဝင်လိုက်သည်။

မိသားစုတစ်ခု၏ လသာဆောင်ကိုမှီပြီး ပတ်ကြည့်နေသည်။

ယဲ့ဖန်ဝင်လာတာကိုမြင်တော့ ပိုင်ရှင်က အနည်းငယ် ထိတ်လန့်သွားသည်။

" မင်း ...... တခြားတစ်ယောက်ရဲ့အိမ်ထဲကို ဘာလို့ဝင်လာတာလဲ "

ယဲ့ဖန်က သူ့ကို လျစ်လျူရှုလိုက်သည်။

ဝရန်တာသို့ လျှောက်သွားပြီး မော့ကြည့်ရန် ခေါင်းထုတ်လိုက်သည်။

ထိုအချိန်တွင် ခုန်ချတော့မည့်အမျိုးသား၏ ခြေထောက်တစ်ဖက်က လေထဲတွင် ရှိနေပြီဖြစ်သည်။

အခြေအနေက အလွန်စိုးရိမ်ရသည်။

တစ်ချိန်တည်းမှာပင် ခေါင်မိုးပေါ်တက်မှ

သက်လတ်ပိုင်းအမျိုးသမီးက သူမနှလုံးကွဲမတတ် အော်ငိုနေသည်။

" ရှောင်ယွမ်၊ မခုန်နဲ့။ ခုန်ချလိုက်ရင် အမေအသက်မရှင်တော့ဘူး။ သားရှေ့မှာ အမေ ဒူးထောက်တောင်းပန်ပါတယ် ...... "

သူမက ပြောသည့်အတိုင်း မြေပြင်ပေါ်တွင် အမှန်တကယ် ဒူးထောက်လိုက်သည်။

သူမဘေးက လူလတ်ပိုင်းအရွယ်အမျိုးသားက နားချသည်။

" ရှောင်ယွမ်၊ အရင်ဆင်းခဲ့ပါ။ တစ်ခုခုရှိရင် အဖေတို့ ဖြည်းဖြည်းချင်း ဆွေးနွေးလို့ရတယ်လေ "

သို့ပေမဲ့ သူတို့နှစ်ယောက်သား သူ့ကို ဘယ်လိုဘဲဆွဲဆောင်ဖို့ကြိုးစားနေပါစေ ထိုလူငယ်လေးရဲ့ အကြည့်တွေက ပြတ်သားနေသည်။

" ဖေဖေ မေမေ ရှက်လိုက်တာ။ အခု ကျွန်တော့်ကို တစ်ကမ္ဘာလုံးက ဝိုင်းဟားနေကြမှာ။ အသက်ရှင်ဖို့ မျက်နှာမပြရဲတော့ပါဘူး။ ကိုယ့်ဘာသာကိုယ်ဂရုစိုက်ကြပါ။ ကျွန်တော်အရင်ထွက်တော့မယ် ...... "

ထိုစကားကို ပြောပြီးနောက် ခုန်ချလိုက်သည်။

" အား ........ "

အမျိုးသမီးက မျက်လုံးအမှောင်ကျပြီး မူးလဲသွားတော့သည်။

ထိုလူက သူ့သားရဲ့လက်ကို ဆုပ်ကိုင်ဖို့ ကြိုးစားရန် ရှေ့ကို ပြေးသွားသည်။

သို့သော် သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။

" ရှောင်ယွမ် ......... "

ထိုလူ၏ မျက်လုံးက ထွက်ကျမတတ်ဖြစ်နေပြီး သူက သူ့သားနဲ့အတူ လိုက်ခုန်ဆင်းနိုင်ရန်ပင် ဆန္ဒရှိနေပုံရသည်။

ပွဲကြည့်နေကြသူတွေတောင် စူးခနဲအော်ကြသည်။

" ဘုရားရေ၊ သူတကယ် ခုန်သွားတာ "

" သနားစရာကလေး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရတယ် "

" သူ့မိဘတွေကတော့ သနားစရာဘဲ။ ကျန်နေတဲ့ဘဝကို ဘယ်လိုနေထိုင်ကြမလဲ "

" အင်း…သနားစရာပဲ..... "

လူတော်တော်များများက မျက်စိမှိတ်ပြီး ပြန်ဖွင့်မကြည့်ရဲကြပေ။

အိမ်ခေါင်မိုးပေါ်မှ ကျန်ခဲ့တဲ့ အမျိုးသားကလည်း စိတ်ထဲမှာ သေဆုံးသွားပြီဖြစ်သည်။

သူ့မှာ အသက်ရှင်ချင်စိတ်တောင် မရှိတော့ပေ။

သူလည်း သူ့သားနှင့်အတူ လိုက်သေချင်သည်။

ဒါပေမယ့် ထိုအချိန်တွင် အံ့ဩစရာတစ်ခု ဖြစ်သွားသည်။

စတုတ္ထထပ်ရှိ ဝရံတာမှ လက်တစ်ဖက်က ရုတ်တရက် ထွက်လာသည်။

ထိုလက်က သူ့သားဖြစ်သူ၏လက်ကို လှမ်းဆွဲလိုက်သည်။

သူ့သားကိုဖမ်းမိသွားခဲ့သည်။

ဒါပေမယ့် ပေါင် ၁၀၀ ကျော် အလေးချိန်ရှိတဲ့ လူတစ်ယောက်က အပေါ်ကနေ ခုန်ချခဲ့မယ်ဆိုရင် အရှိန်ဘယ်လောက်များမလဲ။

အချိန်မီ လက်လှမ်းဆွဲလိုက်သောလူငယ်လေးကို သားဖြစ်သူက ဆွဲမိနေကာ လသာဆောင်မှ ပြုတ်ကျမတတ်ဖြစ်သွားသည်။

ကံကောင်းထောက်မစွာဖြင့် လူငယ်၏ အခြားလက်တစ်ဖက်က လသာဆောင်ရှိလက်ရန်းကို အချိန်မီ ဖမ်းဆွဲနိုင်ခဲ့သဖြင့် ပြုတ်ကျမည့်အန္တရာယ်မှ ရှောင်ရှားနိုင်ခဲ့သည်။

သူတို့နှစ်ဦးသည် အလွန်အန္တရာယ်များသော အခြေအနေဖြင့် လသာဆောင်တွင် တန်းလန်းဖြစ်နေသည်။

အဲ့တာကိုမြင်တော့ အဖေဖြစ်သူက စတုတ္ထထပ်ကို အမြန်ပြေးသွားသည်။

စတုတ္ထထပ်သို့ ပြေးသွားရတဲ့အတွက် ပြင်းထန်စွာ မောဟိုက်လာသည်။ ထိုအိမ်ထဲက မိသားစုကလည်း သူတို့ကို ဆွဲတင်ဖို့ ကူညီပေးနေကြသည်။

ထိုလူက အမြန်ပြေးသွားကာ ကူညီဆွဲတင်သည်။

သူသည် သူတို့နှစ်ယောက်ကို အမြန်ဆွဲတင်လိုက်နိုင်သည်။

သားဖြစ်သူ၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေသည်။

ထိုလူက သူ့သားကို အမြန်ပွေ့ဖက်လိုက်သည်။

" ရှောင်ယွမ် ငါ့သားရယ် မင်း ဖေဖေ့ကို သေအောင်ခြောက်နေတာလား "

ထိုအခါမှ လူငယ်လေးက အသိစိတ်ပြန်ဝင်လာသည်။ ချက်ချင်း သူ့အဖေကို ပွေ့ဖက်ကာ ရှိုက်ကြီးတငင်ငိုသည်။

ဒီအချိန်တွင် မေ့လဲသွားတဲ့မိခင်ကလည်း နိုးလာပြီး အထဲကို ပြေးဝင်လာသည်။

မိသားစုသုံးယောက်သား အချင်းချင်း ပွေ့ဖက်ကာ ငိုနေကြသည်။

" ဖေဖေ၊ မေမေ၊ ခုန်ချလိုက်တဲ့အချိန်မှာ အရမ်းကြောက်သွားတာ။ သေချာပေါက် သေပြီထင်ပြီး အမေတို့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ ....... "

လူငယ်သည် ထိတ်လန့်သွားသည်မှာ သိသာသည်။

လူလတ်ပိုင်းအရွယ်အမျိုးသားက ပထမဆုံး တုံ့ပြန်နိုင်ခဲ့သည်။ သူက အမြန်လှည့်ပြီး ယဲ့ဖန်ကို ကြည့်လိုက်သည်။

" ညီလေး၊ ဒီအတွက် ငါမင်းကို တကယ်ကျေးဇူးတင်ပါတယ်။ မင်းမှမဟုတ်ရင် ငါတို့မိသားစု ပျက်တော့မှာပါ ...... "

ထိုသို့ပြောရင်း သူက ယဲ့ဖန်ရှေ့တွင် ဒူးထောက်ချလိုက်သည်။

ဘေးကအမျိုးသမီးသည်လည်း ဒူးထောက်ကာ သူ့ကို ကျေးဇူးတင်နေခဲ့သည်။

ယဲ့ဖန်က သူတို့နှစ်ယောက်ကို အမြန်ထစေလိုက်သည်။

" ဒီလိုမလုပ်ပါနဲ့၊ ဒါက ကျွန်တော့်အတွက် ဘာမှမဟုတ်ပါဘူး "

သူ အဲ့လိုပြောလိုက်ပေမဲ့ ဘယ်လောက်အန္တရာယ်များလဲဆိုတာ လူတိုင်းမြင်နိုင်လေသည်။

သူသာ ဝရန်တာတန်းကို အချိန်မီ လှမ်းမကိုင်နိုင်လိုက်ပါက သူ့ကိုပါဆွဲချခံရပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားမှာဖြစ်သည်။

ထိုသက်လတ်ပိုင်းယောက်ျားက လိပ်စာကတ်တစ်ခုကို အမြန်ထုတ်လိုက်သည်။

" ဒီကညီလေးကို ဒီ့ထက်ပိုကျေးဇူးတင်ချင်တာပါ။ ငါ့နာမည်က ဟွမ်းယန်ရှန်းပါ။ ပြီးတော့ ငါက စည်ပင်ဌာနမှာ အလုပ်လုပ်ပါတယ်။ အကယ်၍ အနာဂတ်မှာ ငါ့အကူအညီတစ်ခုခုလိုရင်ပြောပါ။ အကောင်းဆုံးကူညီပေးပါ့မယ် "

ယဲ့ဖန်နာမည်လိပ်စာကတ်ကိုယူပြီး ကြည့်လိုက်သည်။

ဟွမ်းယန်ရှန်း။

စည်ပင်ဌာနတာဝန်ရှိဒါရိုက်တာ။

ဒါက တကယ့်ခေါင်းဆောင်ကြီးဘဲ။

အပိုင်း ( ၃၂၈ )

ကားပြောင်းပြန်မောင်းခြင်း

ယဲ့ဖန်က နာမည်ကတ်ကို သိမ်းထားလိုက်ပြီး ဟွမ်းယန်ရှန်းရဲ့သားကို လှည့်ကြည့်လိုက်သည်။

ထိုလူငယ်က အဆင့်မြင့်အရာရှိကြီး၏သားဟု ယူဆနိုင်သည်။

ယုတ္တိဆန်ဆန်ပြောရမည်ဆိုလျှင် သူ့ဘက်ကတောင် စလိုက်ဖို့ မလိုအပ်ပေ။ သူ့ရင်ခွင်ထဲကို ဝင်လာချင်သည့် မိန်းကလေးတွေ အများကြီးရှိလောက်မည်။

ဒီလူက အင်တာနက်ဆယ်လီကောင်မလေးတစ်ယောက်အတွက်နဲ့ ဖိနပ်ကုန်းလျက်တဲ့သူမျိုးဖြစ်လာလိမ့်မည်လို့ သူ မထင်ထားပေ။

ဖိနပ်ကုန်းလျက်သူတွေက အဆင့်အတန်းနဲ့မဆိုင်ဘူးထင်သည်။

ထို့နောက် ဟွမ်းမိသားစုက ယဲ့ဖန်ကို ကျေးဇူးတင်စကား ထပ်တလဲလဲပြောနေကြသည်။

သူတို့ပုံစံက ဟွမ်းရှောင်ယွမ်ကိုပင် ချက်ချင်း ဒူးထောက်စေကာ ယဲ့ဖန်အား သူ့ဒုတိယအသက်သခင်ဖခင်အဖြစ် အသိအမှတ်ပြုစေလိုနေပုံတောင်ရသည်။

ယဲ့ဖန်က သူ့တာဝန်ပြီးသွား၍ သူတို့နဲ့ ဆက်ပြီးရောထွေးမနေချင်တော့ပေ။

ချက်ချင်း သူတို့ကိုနှုတ်ဆက်ကာ ထွက်သွားခဲ့သည်။

အပြင်မှ လူအုပ်ကြီးက သူ့ကို လှမ်းမြင်လိုက်တာနဲ့

သူရဲကောင်းတစ်ယောက်ကို မြင်လိုက်ရသလိုပင် ချက်ချင်း လက်ခုပ်သြဘာပေးကြသည်။

ယဲ့ဖန်သည် အရေးကြီးသောအခိုက်အတန့်တွင် ရှေ့တက်ကာ လူ့အသက်ကို ကယ်တင်နိုင်ခဲ့သည်။

မိသားစုတစ်စုကို ကယ်တင်ခဲ့သည်ဟုတောင် ပြောလို့ရသည်။

သူက 'သူရဲကောင်း' ဟူသော စကားလုံးနှင့် ထိုက်တန်သည်။

သူ့ကို အင်တာဗျူးဖို့ ပြေးလာတဲ့ သတင်းထောက်တချို့တောင် ရှိနေသေးသည်။

အဲ့တာကိုမြင်တော့ ယဲ့ဖန်က ကားကို အမြန်မောင်းထွက်သွားသည်။

လူတိုင်း ချီးကျူးတာကိုခံရတဲ့ သူရဲကောင်း မဖြစ်ချင်ပေ။

နောက်ဆုံးတော့ လူတွေက နာမည်ကြီးတာကို ကြောက်ကြပြီး ဝက်တွေက သန်မာမှာကို ကြောက်ကြသည်။

သရုပ်မှန်ကို ဖုံးကွယ်ထိန်းသိမ်းထားနိုင်မှသာလျှင် အသက်ရှည်ရှည်နေနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် စနစ်သတိပေးချက်က သူ့နားထဲတွင် ထွက်ပေါ်လာပြန်သည်။

[ ကံကြမ္မာတာဝန်လမ်းညွှန်မှုပြီးမြောက်သွားသည့်အတွက် လက်ခံသူကို ဂုဏ်ပြုပါသည်။ ဆုကြေးမှာ နတ်ဘုရားအဆင့်ယာဉ်မောင်းကျွမ်းကျင်မှု – Mount Haruna Driving Skill ဖြစ်ပါသည် ]

ထို့နောက် ယဲ့ဖန်သည် သူ့မသိစိတ်ထဲမှ ထူးဆန်းသောခံစားချက်ကို ခံစားလိုက်ရသည်။

နောက်မှာတော့ အတော်လေးအဆင်ပြေနေပြီဖြစ်တဲ့ ကားက သူ့လက်ရောခြေရောနဲ့ပါ တစ်သားတည်းကျသွားပုံရသည်။

ခံစားချက်က ကွဲပြားလေသည်။

ယဲ့ဖန်သည် ပြောင်းလဲမှုတွေကို ခံစားနေချိန်မှာဘဲ ပြုပြင်မွမ်းမံထားသော ကားအချို့က ရုတ်တရက် သူ့ဘေးမှ အရှိန်ပြင်းစွာ ဖြတ်သွားခဲ့သည်။

ထိုကားများ၏အင်ဂျင်တွေကို ပြုပြင်မွမ်းမံထားပြီး ဆူညံသံတွေက အတော်လေးကိုပြင်းသည်။

ကားထဲကလူတစ်ယောက်က ယဲ့ဖန်ကို သူတို့ ကျော်သွားတဲ့အခါ လက်ခလယ်ကိုထောင်ပြလိုက်သည်။

ဒီလိုကားကောင်းကြီးကို လိပ်လိုမောင်းနေတဲ့အတွက် ကားမောင်းသူကို မထီမဲ့မြင်ပြုသွားသည်မှာ ထင်ရှားပါသည်။

ယဲ့ဖန်၏နှုတ်ခမ်းက လှပသောအပြုံးတစ်ခုအဖြစ် အပေါ်သို့ကွေးတက်သွားသည်။

သူက လီဗာပေါ် သို့ ခြေထောက်တင်လိုက်သည်။

" နတ်ဘုရားချန်း၊ အခုကျော်လာတဲ့ Ferrari Enzo ကို တွေ့လိုက်တယ်မလား။ ကားက အရမ်းမိုက်ပြီးတောက်ပြောင်နေတာဘဲ "

" ကားက မဆိုးပါဘူး။ ဒါပေမယ့် ယာဉ်မောင်းက အရမ်းဆိုးတယ်။ ဒီလောက်ကောင်းတဲ့ကားအတွက် ဖြုန်းတီးရာရောက်တယ် "

" ဟုတ်တယ်၊ ဒီလိုကားမျိုးက အဲ့လိုလူရဲ့လက်ထဲမှာဆို အလဟဿဖြစ်မှာဘဲ "

" အနီရောင်မြင်းက နတ်ဘုရားရဲ့လက်ထဲမှာတော့ ထာဝရရှင်သန်နိုင်ပေမဲ့ လယ်သမားလက်ထဲမှာတော့ တစ်သက်လုံး ရထားလုံးဘဲဆွဲရမှာလေ "

" ဟူး၊ ငါ့မှာ ဒီလောက်ကောင်းတဲ့ ကားသာရှိရင် Crab Bay ကိုသွားပြီး ကားပြိုင်မောင်းမယ် "

" မင်းရဲ့ အရည်အချင်းနဲ့ Crab Bay ကို သွားရဲသေးတာလား။ ကားက နှစ်ကွေ့လောက်ကွေ့ပြီးတာနဲ့ တစ်စစီဖြစ်ကုန်မယ်လို့ထင်တယ် "

" မကြာသေးခင်က Crab Bay မှာ အမျိုးသမီးပြိုင်ကားနတ်ဘုရားမတစ်ယောက်ရှိနေတယ်လို့ ကြားထားတယ်။ သူမက လှပရုံတင်မကဘူး ကားမောင်းလည်းစောက်ရမ်းကျွမ်းတာ။ နတ်ဘုရားကြီးမူတောင်မှ သူမဆီမှာ ကားတစ်စီးရှုံးလိုက်ရတယ်ပြောတယ် "

" ဟ၊ သူမရဲ့ အရည်အချင်းက အဲ့လောက်တောင်လား။ Crab Bay မှာ သုံးနှစ်လောက် ရှုံးပွဲမရှိခဲ့တဲ့နတ်ဘုရားမူက တကယ်ပဲ မိန်းမတစ်ယောက်ကို ရှုံးသွားခဲ့တာလား "

" အဲ့ဒီမိန်းမကို လျှော့မတွက်နဲ့။ Crab Bay လို ပြေးလမ်းကြောင်းတစ်ခုလုံးကိုပြီးဖို့ ၁၃မိနစ်ဘဲကြာတယ်လို့ ကြားထားတယ် "

" ဟျောင့်ရေ၊ စကေးက စောက်ရမ်းကြမ်းတာပေါ့။အရင်စံချိန်ကတောင် ၂၄ မိနစ် မဟုတ်လား။ ဆယ်မိနစ်တောင် လျော့သွားတာလား "

" သူမရဲ့ အရည်အချင်းတွေက ဘယ်လောက်တောင်အံ့သြစရာကောင်းလဲဆိုတာ ငါ့မျက်စိနဲ့ တပ်အပ်မြင်ချင်တယ် "

" အတူတူသွားရအောင် ...... "

သူတို့က အချင်းချင်းကားထဲကနေလှမ်းပြီး ဝေါ်ကီတော်ကီနဲ့ စကားပြောနေကြစဉ်မှာဘဲ ရုတ်တရက် သူတို့မျက်လုံးရှေ့တွင် အနီရောင်'လျှပ်စီးကြောင်း'တစ်ခု ပေါ်လာသည်။

" ဟ ဘာကြီးလဲ။ လန့်သွားတာဘဲ "

" ငါထင်တာတော့ ..... အဲ့တာ ကားမဟုတ်လား "

" မင်း လာနောက်နေတာလား။ ကားတစ်စီးဆိုရင် အနည်းဆုံး တစ်နာရီ ကီလို ၂၀၀ နှုန်းနဲ့မောင်းနေတာ ဟုတ်တယ်လား။ ဒါကမြို့ထဲမှာလေ "

" ဟုတ်တယ်။ ငါတို့ ကီလို၁၂၀နှုန်းနဲ့ မောင်းနေတာတောင် နည်းနည်း အန္တရာယ်များတယ်လို့ ခံစားနေရတာကို။ မြို့ထဲမှာ ကီလို ၂၀၀ ကျော်နှုန်းကို ဘယ်သူက မောင်းရဲတာလဲ "

" လိုက်ကြည့်ရအောင် "

" ကောင်းပြီ "

သူတို့ ချက်ချင်း အရှိန်တင်လိုက်ပြီး ကျည်ဆန်လို အမြန်မောင်းလိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် ညနက်နေပြီဖြစ်သောကြောင့် လမ်းပေါ်တွင် ကားအနည်းငယ်သာ ရှိနေခဲ့သည်။

ငါးမိနစ်ပြည့်အောင် လိုက်လာခဲ့ပြီးတဲ့နောက် အဝေးတစ်နေရာမှာ အနီရောင် Ferrari Enzo တစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။

ကားခေါင်းက သူတို့ဘက်ကို မျက်နှာမူထားသည်။

" ငါ့အထင် ...... အဲ့တာက ငါတို့တွေ့ခဲ့တဲ့ Ferrari Enzo လား "

" ငါတို့ အဲ့တာကို အခုလေးတင် ကျော်တက်လာခဲ့တာလေ။ ဘယ်တုန်းက ရှေ့ကို ပြန်ရောက်သွားတာလဲ "

" ငါတို့မျက်စိရှေ့မှာ ဖြတ်ခနဲပြေးသွားတဲ့ကားက ဒီကားလား "

" ဟ သူ့စကေးက အရမ်းကြောက်ဖို့ကောင်းတယ် မဟုတ်ဘူးလား "

" သူ့ကို လယ်သမားလို့ပြောတာ ဘယ်ကောင်လဲ "

အားလုံးရဲ့ကားက Ferrari Enzo နဲ့ နီးလာချိန်မှာဘဲ သူတို့ ကားထဲမှ ဒရိုင်ဘာကို တွေ့လိုက်ရသည်။

သူ့ကြည့်ရတာ အသက်မကြီးသေးဘူး၊ အသက်နှစ်ဆယ်ဝန်းကျင်ဘဲ။

သူ့ကြည့်ရတာ တော်တော်ချောတယ်။

ဒီမှာ ကားရပ်ထားပြီး ဘာလုပ်နေလဲလို့ တွေးနေကြချိန်မှာဘဲ .......

ယဲ့ဖန်က ကားထဲကနေ လက်ခလယ်နှစ်ချောင်းကို ဖြည်းဖြည်းချင်း မြှောက်ပြလိုက်သည်။

" ဟ၊ ဘာလဲ။ သူက ငါတို့ကို ရန်စနေတာလား "

" ဒီကလေးက မာနကြီးလွန်းတယ်။ ငါတို့ သူ့ကို သင်ခန်းစာမပေးရင် မဖြစ်တော့ဘူး "

" ချီးဘဲ "

" မင်းကိုယ်မင်း ပြိုင်ကားနတ်ဘုရားလို့ ထင်နေတာလား။ ဒီနေ့တော့ အဘိုးက ကားပြိုင်ပွဲဆိုတာ ဘာလဲဆိုတာကို သိအောင် သင်ပေးရမှာပေါ့ "

အားလုံးက ချက်ချင်းအော်ဟစ်ကြသည်။

သူတို့က တစ်ဖက်သူကို သင်ခန်းစာပေးတော့မယ့်အချိန်မှဘဲ သူတို့နောက်တွေ့လိုက်ရသည့်မြင်ကွင်းက တစ်သက် မမေ့နိုင်မယ့်မြင်ကွင်းတစ်ခုဖြစ်သည်။

Ferrari Enzo၏အင်ဂျင်သံက ထွက်လာသည်။

ထို့နောက် အနက်ရောင် မီးခိုးငွေ့များ ထွက်လာပြီး

ဆူညံသံတစ်ခုထွက်ပေါ်လာသည်။

Ferrari Enzo သည် လေးတံမှ လွတ်သွားသော မြှားတစ်စင်းကဲ့သို့ အရှိန်က ပိုပိုမြန်လာပြီး ခဏအကြာတွင် ညဘက်အမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

ဝေါ်ကီတော်ကီသည် အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့သည်။

Ferrari Enzo ပျောက်ကွယ်သွားသည့် ဦးတည်ရာကို ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်နေသည့် လူတိုင်းက သရဲတစ္ဆေမြင်လိုက်ရသလိုဖြစ်နေကြသည်။

" ညီအစ်ကိုတို့၊ ငါ ထင်ယောင်ထင်မှားဖြစ်နေတာလား။ သူ ...... ကားကို နောက်ပြန်မောင်းသွားတာ ဟုတ်တယ်မလား "

" နောက်ပြန်မောင်းသွားတာ။ မင်း မြင်တာမမှားဘူး။ အရှိန်က ကီလို၁၀၀ ကျော်မယ်ထင်တယ် "

" ကားကို နောက်ပြန်မောင်းတဲ့အပြင် ...... ကီ .... ကီလို ၁၀၀ ကျော်နှုန်းနဲ့လား။ ဒီလိုနည်းပညာမျိုးကို တစ်ခါမှမမြင်ဖူးဘူး "

" ငါ သူ့အကြောင်းကို တစ်ခါမှ မကြားဖူးဘူး။ ဒီတစ်ယောက်ရဲ့ အရည်အချင်းက ပြင်းထန်လွန်းလို့ ဒေါသတောင်ထွက်မိတယ် "

" ခေါင်းတောင်ကျိန်းပြီး ကြက်သီးတွေပါထတယ်။ သူက တကယ်ကိုနတ်ဘုရားအဆင့်ဘဲ "

" သေးထွက်ကျမတတ်ဘဲ။ ကံကောင်းလို့ ငါ သေးခဏခဏမပေါက်တတ်တာ။ မဟုတ်ရင် ထွက်ကျလောက်ပြီ "

" မင်းတို့ပြောကြည့် ...... သူ့အရည်အချင်းနဲ့ Crab Bay က နတ်ဘုရားမကြား ဘယ်သူက ပိုကောင်းမယ်ထက်လဲ "

" အဲ့ဒီမိန်းမက ပုံမှန်လူတွေထက်သာလွန်လို့ နတ်ဘုရားမဆိုရင် သူကတော့ တကယ်နတ်ဆိုးဘဲ "

" သူတို့နှစ်ယောက် ပြိုင်ရင် အရမ်းစိတ်လှုပ်ရှားစရာကောင်းလိမ့်မယ် "

" တကယ်လို့ အဲ့ဒီလိုပြိုင်ဆိုင်မှုမျိုးရှိလာရင် ကောင်းကင်က ဓားမိုးတွေ ရွာနေရင်တောင်မှ သေချာကြည့်ရမယ် ...... "

" အဲ့လိုနေ့ကို ငါမျှော်လင့်မိတယ် "

" ........... "

All Chapters